Ch 117
Viewers 6k

117 01

အပိုင်း(၁၁၇)

 

ယဲ့လီအတွက် အသက်စွမ်းအားဆိုသည်မှာ ယန်ရှစ်ရွှမ်း ဖြစ်နေသည့်အလား ဖြစ်နေသည်။

 

သူသည် သေဆုံးခြင်းသို့ ဆင်းသက်ပြီး သူ၏စွမ်းအားတိုင်းကို သုံးလျက် ကောင်းကင်နှင့် မြေပြင်၏ ယင်နှင့်ယန်ကို ရှာဖွေနေခဲ့သည်။ သို့သော် ဘယ်သောအခါမှ အံ့အားသင့်ဖွယ် ကောင်းသော မျှော်လင့်ချက် တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။

 

တစ်ဖက်သူ၏ နာမည်က ယန်ရှစ်ရွှမ်း ဖြစ်သည်။

 

တစ်နေ့တာ အတောအတွင်း ဧည့်သည်များက တောင်တန်း၏ထိပ် ကွင်းပြင်ကြီးတွင် စခန်းချရန် ပြင်ဆင်လိုက်ကြပြီး စားသောက်ရန်အတွက် အသားများ ကင်ရန် ပြင်ဆင်ကြသည်။

 

သို့သော် ယခုမူ လူတိုင်းက ကုလားများတွင် ထိုင်ကာ မီးပုံ၏နွေးထွေးမှုကို အရယူနေကြသည်။ လက်ထဲတွင် ပူနွေးသော‌ ရေနွေးကြမ်းများကို ကိုင်ထားကြ၏။

 

သူတို့သည် မရင်းနှီးသော စွမ်းအင်ကြောင့် မဲတူးသွားသော အသားများကို ကိုင်ပြီး အားလုံးက ပျင်းရိလေးတွဲစွာနှင့် ပျော်ရွှင်စွာ စကား‌ပြောနေကြသည်။ သူတို့သည် ရယ်ရယ်မောမော စကားပြောနေကြ၏။ တစ်ခါတစ်ရံတွင် အန်တိုနီကို သူ၏ကုမ္ပဏီက စွန့်ပစ်သွားကြောင်း ကြားရချိန်တွင် အံ့အားသင့်သော အသံက ထွက်လာသေးသည်။

 

သို့ရာတွင် ဒီနေရာတွင် ရှိနေသော လူအများစုထဲတွင် ယန်ရှစ်ရွှမ်းကာ မီးကျွမ်းနေသော အသားကင်ကို မစားရသောသူ ဖြစ်သည်။ ဒါရိုက်တာ၏လက်ထောက်က မည်သို့ဖြစ်နေသည်လည်း မသိ။ သူသည် ကျန်းဝူပင်းကို လစ်လျူရှုနေပြီး ယန်ရှစ်ရွှမ်း၏ ဘေးနားတွင်သာ နေကာ အသားကင်ပေးနေသည်။

 

ယဲ့လီ၏ ဟင်းချက်စွမ်းရည်က ယန်ရှစ်ရွှမ်း စိတ်ကူးယဉ်ထားသမျှကို ကျော်လွန်ပြီး အလွန့်အလွန် ကောင်းမွန်နေသည်။ မူလကမူ သူသည် မီးသွေးတစ်လုံးကို ကိုက်ရမည်ဟု ထင်နေသည်။ မမျှော်လင့်ထားစွာပင် ယဲ့လီက ပေးလာသော အသားကင်က ရှိသမျှမဲတူးနေသော အရာများအတွင်း အကောင်းဆုံးနှင့် အရသာအရှိဆုံး ဖြစ်နေသည်။

 

အခြားသော သူများဟာ လောဘကြီးသော်လည်း ကြည့်ရုံသာ ကြည့်ရဲပြီး တံတွေးသာ ဝါးမြိုရဲသည်။ မည်သူမျှ အရှေ့ထွက်ပြီး မလုရဲချေ။

 

အခြားသော အကြောင်းပြချက် မရှိပါချေ။ ဒီအတိုင်း ဒါရိုက်တာ၏လက်ထောက်၏ အရှိန်အဝါက ပြင်းထန်လွန်းနေသည်။ သူတို့ကသာ ရှေ့ထွက်ပြီး ထိုနှစ်ယောက်အကြားမှ ဆက်ဆံရေးကို ဖျက်ဆီးလိုက်မိသော တစ်စုံတစ်ရာ ဖြစ်လာလောက်သည်ဆိုသည့် ခံစားချက်ကို ရနေကြ၍ ဖြစ်သည်။

 

ရသစုံရှိုးစတားဆိုလျှင် အနည်းငယ် ခံစားသွားရသည်။ သူသည် ရသစုံရှိုးပေါင်းများစွာ ဝင်ပါခဲ့ဖူးသည်။ သို့သော် ဒီပရိုဂရမ်ဂရုမျိုးနှင့်တူသည် ရသစုံရှိုးကို မကြည့်ခဲ့‌ဖူးချေ။ ဒီလိုအခြေအနေမျိုးတွင် အစစ်အမှန်ဆန်လွန်ပြီး လှပလွန်းသော ရှုခင်းကြီးကလည်း ရှိနေသည်။ သူတို့သည် ဒီနေရာတွင် ကင်မရာ၏အရှေ့တွင် ထိုင်ပြီး အေးအေးဆေးဆေး ရှိနေကြသည်။ ကြည့်ရှုသူများက လေထုအခြေအနေကို တက်တက်ကြွကြွ ဖြစ်အောင် မလှုံ့ဆော်ခိုင်းသလို ဖျော်ဖြေသူများကလည်း အားလုံး၏ ခံစားချက်များကို လှုံ့ဆော်ရန်အတွက် ဂိမ်းများ၊ အဆင့်တက်သော ပွဲစဉ်များကဲ့သို့သော အင်အားသုံးရမည့် အရာမျိုးကိုလည်း မလုပ်ကြပါချေ။ ဒီအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ထိုင်လျက် တောင်၏အလှတရားကို ခံစားရရုံဖြင့် အားလုံးက‌ ကျေနပ်နေကြသည်။ ကြည့်ရှုသူများကလည်း လက်ခံကြသည်။

 

တောင်၏လေပြေက ညင်သာစွာ တိုက်ခတ်လာသောအခါ အရွက်များ၊ အပင်များ၏ မွှေးရနံ့ကို သယ်ဆောင်လာသည်။

 

ပရိုဂရမ် အသင်းထဲမှ လူတိုင်းက တိတ်တဆိတ် မော့ကြည့်လိုက်ကြသည်။ ထိုသို့ဖြင့် မှောင်သထက်မှောင်လာသော ကောင်းကင်တွင် တိုးသထက် တိုးလာသည့် ကြယ်စင်များကို မြင်လိုက်ကြရသည်။

 

ထိုကြယ်များသည် မှိတ်တုတ်မှိတ်တုတ် လင်းတတ်သည်။ သူတို့၏ တောက်ပမှုက လောကမှ အဖိုးတန်ဆုံးသော ကျောက်မြတ်ရတနာထက်ပင် သာလွန်လောက်နေ၏။ တောက်ပလွန်းသဖြင့် အသက်ရှူကိုပင် ထိန်းထားမိခြင်း ဖြစ်လေသည်။ သူတို့ကသာ အသက်ပြင်းပြင်း ရှူလိုက်သော် ထိုအလှတရားကို ဖျက်ဆီးပစ်မည့် အခြေအနေကို စိုးရိမ်သွားကြသည်။

 

သူတို့သည်လည်း ယဲ့လန်တောင်ထိပ်ဟာ ကြယ်ကောင်းကင်ကြောင့် နာမည်ကျော်ကြောင်း သိထားကြသည့်တိုင်အောင် ယခုလိုမျိုး ကြယ်စင်များကို တိုက်ရိုက်မြင်လိုက်ပြီးချိန်တွင် ဧည့်သည်များနှင့် ကြည့်ရှုသူများအားလုံးက အံ့အားတကြီး ဖြစ်သွားကြသည်။

 

ဒါက ဖော်ပြရန် ခက်ခဲလွန်းသော အလှတရားမျိုး ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကိုယ်တိုင်က အသက်စွမ်းအားနဲ့ ထုတ်လွှတ်ပေးထားသလို ကြည့်ကောင်းနေခြင်း ဖြစ်သည်။

117 02

လွန်ခဲ့သော နှစ်သန်းရာပေါင်းများစွာက သေဆုံးခဲ့ပြီးသော အသက်စွမ်းအားက ပြန်လည် ရောက်ရှိလာခဲ့သလိုမျိုး တောက်ပလွန်းသော အလင်းတန်းမျိုးအောက်တွင် မျိုးဆက်အဆက်ဆက် အမှတ်ရနေလောက်မည့် လှပလွန်းသော ကြယ်စင်ကောင်းကင်ကြီးက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

 

“ဒီကြယ်တွေက ဘာလဲဆိုတာကို သိလား”

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် ထပြောသည်။ သို့သော် သူ၏မေးခွန်းက ယဲ့လီထံသို့သာ ဦးတည်သည်။

 

ယဲ့လီ၏ အဖြေကို မစောင့်ပဲ သူက ပြောလိုက်သည်။

 

“ဒါက အသက်စွမ်းအားပဲ။ တောင်နတ်ဘုရားက ယဲ့လန်တောင်ထိပ်ကို ပေးခဲ့တဲ့ နောက်ဆုံးသော ညင်သာမှုနဲ့ မျှော်လင့်ချက်လည်း ဖြစ်တယ်”

 

ယဲ့လန်တောင်ထိပ်မှ မတော်တဆမှုပြီး ၁၀နှစ်မြောက်သွားချိန်တွင် မူလက အန္တရာယ်က ရုတ်တရက် မိုးထဲတွင် ပိတ်လှောင်ခံထားရသည်။ သို့သော် ယဲ့လန်တောင်ထိပ်ကမူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ပြန်လည်ဖွင့်လှစ်ပြီးနောက် အင်တာနက် celebrities များကပင် လှပလွန်းသော ညကောင်းကင်နှင့် ကြယ်စင်များကြောင့် ရောက်လာကြ‌သေ၏။ ဒီနေရာဟာ ဓာတ်ပုံရိုက်လိုသူပေါင်းများစွာကို စိတ်အားထက်သန်စွာ ဆွဲဆောင်ခဲ့သည်။ ခရီးသွားများကလည်း ကြယ်စင်များကို ရှုစားရန် ရောက်လာကြသည်။

 

သို့သော် ယဲ့လန်တောင်ထိပ်မှ ကြယ်ကောင်းကင်ဟာ မည်သည့်အတွက်ကြောင့် ထိုမျှလှနေရကြောင်း မည်သူကမှ မတွေးမိလောက်ချေ။

 

ထိုကြယ်များသည် တောက်ပလောက်အောင် လှသည်။ အကြောင်းမူကား တောင်နတ်ဘုရားက သေသွားသောကြောင့် ကောင်းကင်နှင့် မြေပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး မြေဆီလွှာများကို အာဟာရပေးလျက် တောင်တန်းနှင့် မြစ်ပြင်ကို အားဖြည့်ပေးခဲ့သောကြောင့် ဖြစ်ကြောင်း မသိလောက်ချေ။

 

သူမ၏ ကျန်ရစ်သော စွမ်းအားတိုင်းကို ကြယ်စင်များအသွင်ပြောင်းပြီး ကောင်းကင်တွင် စောင့်ကြပ်လျက် သူမ၏မျက်ခုံးကို ငုံ့ပြီး တောင်တန်းနှင့် မြစ်ပြင်များ၊ နွံ့အိုင်များကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ တောင်နတ်ဘုရားဟာ မည်သူကိုမှ မမုန်းတီးခဲ့ပါချေ။

 

ဒီအတိုင်း သက်ပြင်းအသာ သာ ချပြီး တီးတိုးရေရွတ်လျက် သူမချစ်ရသော တောင်တန်း၊ မြစ်ပြင်နှင့် ကလေးငယ်များ၊ သူတို့ဝိဉာဉ်များကို စောင့်ရှောက်ကာကွယ်ပေးနေခဲ့သည်။ သေဆုံးသော နယ်မြေအတွက် အသက်စွမ်းအားများကို ကုန်ဆုံးသွားမည့် အခြေအနေမျိုးကို မမြင်ချင်ခဲ့ပေ။

 

တောင်တန်းနှင့် မြစ်ပြင်များဟာ တိတ်ဆိတ်နေသည်။ မြေကမ္ဘာက ချိုလာသည်။

 

သို့သော် တောင်တန်းအတွင်းသို့ လတ်ဆတ်သော လေ‌အေးက ဖြတ်တိုက်သွားချိန်တွင် မြေကမ္ဘာပေါ်မှ ကောက်ပဲသီးနှံများက ပေါက်ဖွားလာသည်။ သေးငယ်သော တိရိစ္ဆာန်လေးများက ဖြတ်ပြေးသွားချိန်တွင် အောက်ဘက်တွင် တောင်နတ်ဘုရား ချန်ထားရစ်ခဲ့သည့် အသက်စွမ်းအင်များကို ခံစားမိနိုင်သည်။

 

မကြောက်နဲ့။

 

တောင်တန်းမြေပြင်တွေက မင်းကို အဖော်ပြုပေးနေမယ်။ ကြယ်စင်တွေက ရောင်ပြန်ဟပ်ပေးနေမယ်။

 

မင်းတို့ ဘယ်တော့မှ လမ်းမပျောက်ပါဘူး။ ဝံပုလွေရိုင်းတောင်ထိပ်သည် တစ်ဖန်ထပ်ပြီး ငြိမ်းချမ်းကာ အသက်စွမ်းအား ပြည့်သွားပြန်သည်။

 

ယန်ရှစ်ရွှမ်းက ခေါင်းကိုမော့လျက် ကောင်းကင်မှ ကြယ်စင်များကို ကြည့်သည်။ သူ၏လည်ဇလုပ်က လှုပ်သွားပြီး သူ၏လည်တိုင်တွင် ရှိသမျှ သွေးကြောများက လှပစွာ ပေါက်ကွဲသွားသည်။

 

ယဲ့လီက တိတ်တဆိတ် ခေါင်းလှည့်လျက် ယန်ရှစ်ရွှမ်းကို ကြည့်သည်။

 

ယန်ရှစ်ရွှမ်းသည် ရှင်းလင်းစွာပင် ရေနွေးကြမ်းပူ တစ်ခွက် သောက်လိုက်ရုံဖြင့် သူ၏မောပန်းနွမ်းနယ်မှုများ ပြေလျော့သွားပြီး နွေးထွေးမှုကို ခံစားလိုက်ရသည်။ သို့သော် သူက မူးရစ်နေသလိုမျိုး ပါးပြင်က နီးစွေးတက်လာသည်။ ထိုအနီက သူ၏မျက်ဝန်းအဆုံးသတ်နားတွင် ဖြန့်သွား၏။ သူ၏မျက်လုံးထဲတွင် ရေငွေ့များ ရိုက်လာသလို အရည်လဲ့လာသည်။ သူ၏ချောမောကာ လူသားဆန်မှုနှင့် ကဲလွန်းနေသော ရုပ်ရည်ကပင် အမျိုးမျိုးသော လိင်အမျိုးအစားတိုင်းကို ဆွဲဆောင်နိုင်သည်။

 

ယဲ့လီ၏ မူလက ချွန်ထက်သော မျက်ခုံးများကပင် လှုပ်ခတ်သွားရသည်။

 

မြင့်မားသော တောင်တန်းကြီးပေါ်တွင် ရှိသည့် နှစ်တစ်ထောင်ကျော် သက်တမ်းရှိသော နှင်းက နွေဦးလေပြေက သယ်ဆောင်လာသည့် နွေးထွေးမှုကြောင့် အရည်ပျော်သွားသည်။ ခဲနေသော ရေခဲက ကွဲအက်သံ ပြုလာ၏။ နက်ရှိုင်းလွန်းသော ရေခဲအောက်ခြေမှ တဆင့် ကြည်လင်သော စမ်းရေများက ဖြတ်တိုက်စီးသွားချိန်တွင် တောင်တန်း၊စမ်းချောင်းများ တောက်လျောက် စီးဝင်သွားစေသည်။ လမ်းတောက်လျောက်တွင်ရှိသမျှ မူလက အေးစက်မှုများက စမ်းရေအဖြစ် ပြောင်းလဲသွားသည်။

 

ဘယ်လို မြေဆီလွှာမျိုးက ယန်ရှစ်ရွှမ်းလို လူမျိုးကို မွှေးထုတ်ပေးနိုင်တာလဲ။

117 03

သူက အရင်ဘိုးဘေးတွေက ချန်ထားရစ်ခဲ့တဲ့ စည်းမျဉ်းတွေကိုလည်း မဆက်ခံဘူး။ ကောင်းကင်နဲ့မြေပြင်က ချက်အပိုင်းအစလို ချထားပေးတဲ့ စည်းမျဉ်းတွေကိုလည်း မနာခံဘူး။ ယန်ရှစ်ရွှမ်းတွင် ကိုယ်ပိုင်ထင်မြင်ချက်များ ရှိသည်။ သူသည် အမှားအမှန်ကို ခွဲခြားနိုင်သည်။ အကောင်းအဆိုး၊ ဆိုးယုတ်သူ၊ ကောင်းမွန်သူများကို ခွဲခြားနိုင်၏။ အကျိုးအပြစ်နှင့် သက်ရောက်မှုတိုင်းကို နားလည်သည်။

 

သူသည် သူ၏နှလုံးသားထဲမှ အသံကိုသာ နားထောင်သည်။ ဆိုးယုတ်သူများကို သတ်နိုင်သည်။ လူသားပင်ဖြစ်စေ၊ နတ်ဘုရားပင် ဖြစ်စေ၊ သရဲပင် ဖြစ်စေ ဂရုမစိုက်ချေ။ သူသည် ကောင်းမွန်မှုများ ပြုသောသူတိုင်းကို ကာကွယ်ပေးသေး၏။ ထိုလူများက မတရားခံရလျှင် သို့မဟုတ် ဆိုးယုတ်သော အရာများ၏ နှောက်ယှက်ခံရလျှင် ကာကွယ်ပေးသေးသည်။

 

ယန်ရှစ်ရွှမ်းသည် မည်သူ့ကိုမှ ဘက်မလိုက်သလို သရဲနှင့် နတ်ဆိုပြီး ခွဲခြားဘက်လိုက်ခြင်းလည်း မရှိချေ။ ကောင်းကင်ပင်ဖြစ်စေ၊ မြေပြင်ပင် ဖြစ်စေ၊ ခွန်အားနှင့်ပင် ဖြစ်စေ အလဲမထိုးနိုင်လျှင် သူက အရာအားလုံးကို သူ၏ကျောရိုးတစ်ခုတည်းဖြင့် ခြေမွနိုင်ပုံ ပေါ်‌နေ၏။ သူ၏မယိမ်းယိုင်သော သံမဏိလို ကျော်ကြားမှုက သူ့အား ကောင်းကင်နှင့် မြေပြင်ကို အံတုလျက် ခိုင်မြဲစွာ ရပ်နိုင်စေသည်။

 

သူ၏စွမ်းအားများကို အယူသွားခံရနိုင်လျှင်ပင် သူသည် တစ်ခဏခန့်ကြာအောင်ပင် မထိတ်လန့်သွားခဲ့ပေ။ ထို့အစား လူသားတစ်ယောက်၏ မြင့်မြတ်သော မာန်မာနနှင့် အရှိန်အဝါကို ကိုင်စွဲထားသော သူဟာ မှင်သက်ဖွယ်ကော င်းလောက်အောင် တောက်ပလွန်းလေရာ ယဲ့လီကိုယ်တိုင်ပင် အချိန်အတန်ကြာသည်အထိ မမေ့နိုင်အောင် ဖြစ်စေလေသည်။

 

သို့ရာတွင် ထိုမျှအထိ မာနကြီးလွန်းသော ယန်ရှစ်ရွှမ်းဟာ ကောင်းကင်းနှင့် မြေပြင်၏ တစ္ဆေသရဲများ၊ နတ်များကို ဒေါသထွက်အောင် လုပ်ရဲသလို ဆူပူရဲသည်။ မိစ္ဆာသရဲကိုပင် သူ၏လူသားအင်အားမျိုးဖြင့် နေရာတွင်ပင် သတ်နိုင်၏။ မိစ္ဆာသရဲကိုပင် သူ၏ သေမျိုးတစ်‌ယောက်ဆိုသော အဆင့်အတန်းကို နတ်တစ်ပါး၏ အဆင့်အတန်းလောက် အသုံးပြုပြီး ခြေမွသွားခဲ့၏။ ထိုကဲ့သို့ သူ၏အဖိုးတန်လွန်းသော လက်များဖြင့် အဆောင်များကိုပင် လေထဲတွင် ခမ်းနားထည်ဝါစွာ ပေါ်အောင် ဆွဲနိုင်ခဲ့သည်။ ထိုလက်ကိုပင် သုံးကာ မြေဆီလွှာကို ကိုင်ပြီး အပင်များကို စိုက်သည်။ ထိုသို့ဖြင့် မြေကမ္ဘာကြီးပေါ် အသက်စွမ်းအားများ ပြန်ပေးပြန်သည်။

 

လောက၏ ကျယ်ပြောမှုကို သတိထားမိပြီးသား ဖြစ်သည့်တိုင်အောင် စိမ်းလန်းသော အလှတရားနှင့် အသက်စွမ်းအင်များကို ပေါ်ပေါက်အောင် ဖန်တီးပေးသည်။

 

ယဲ့လီသည် မျက်လွှာ အသာချလိုက်သည်။ သို့သော် ထိုမျက်လုံးက ယန်ရှစ်ရွှမ်း၏ ချောမောကာ နီရဲနေသော မျက်နှာကို ဆက်၍ စိုက်ကြည့်နေသေးပြီး လည်ဇလုပ်ကလည်း အပေါ်အောက် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။

 

သူသည် မနေနိုင်ဘဲ တွေးမိသွား၏။

 

ယန်ရှစ်ရွှမ်းသည် ယဲ့လန်တောင်ထိပ် တောက်လျောက် ပန်းမျိုးစေ့များ ကျဲသွားခဲ့သော အမူအယာကို ပြန်မှတ်မိသွားသည်။ ထိုအချိန်က သူသည် လေးနက်တည်ကြည် လွန်းနေခဲ့၏။ ဒါဟာ သူသည် လောကတွင် မြင်ဖူးသည့် အလှတရား ဖြစ်နေသေးပြန်သည်။

 

ယန်ရှစ်ရွှမ်း၏ အေးစက်မှုနှင့် ထူးမခြားနားမှု၊ ထီမထင်မှုများက တစ္ဆေသရဲပေါင်းများစွာ၊ နတ်ပေါင်းများစွာကိုပင် လှုံ့ဆော်နိုင်လောက်သည့် ငြင်သာမှုမျိုး ရှိနေသေးပြန်သည်။

 

နွေဦးလေပြေက မိုးအဖြစ် ပြောင်းလဲသွားချိန်တွင် ဓားရာပေါင်းများစွာက လက်ချောင်းများကို ရစ်ပတ်လိုက်သည်။ ထိုအခိုက်အတံ့တွင် ယဲ့လီဟာ ယန်ရှစ်ရွှမ်းတွင် သူရှာသမျှ၊ နှစ်‌ထောင်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့သမျှ အရာအားလုံး ရှိနေကြောင်း တွေ့လိုက်ရသည်။

 

ထိုတစ်ခဏမှ စတင်ပြီး ယဲ့လီဟာ ယန်ရှစ်ရွှမ်းအပေါ်တွင်သာ မျက်လုံးကပ်ထားချင်တော့သည်။ သူသည် အံ့အားသင့်ဖွယ် ကောင်းလွန်းသော အရာတစ်ခုကိုမှ လက်လွတ်မခံချင်တော့ပေ။

 

သူသည် ကြယ်စင်များကို ကြည့်နေသည်။ တစ္ဆေသရဲနှင့် နတ်များက လူအများကို ပေးစွမ်းသည့် ညင်သာသိမ်မွေ့မှုကို လက်ခံယူနေခဲ့သည်။

 

ယဲ့လီကမူ ယန်ရှစ်ရွှမ်းကို ကြည့်သည်။ သူသည် ဒီအတိုင်း တစ်ဖက်သူက တစ္ဆေသရဲနှင့် နတ်များကိုပင် ပေးစွမ်းနိုင်သည့် အံ့အားသင့်ဖွယ်ကောင်းသော အရာများကို တွေ့ကြုံချင်သည်။ ဘယ်သောအခါမှ လက်မလွတ်လိုပေ။

 

မင်းက ကြယ်စင်တွေထက်တောင် တောက်ပလွန်းတယ်။ ဒါကြောင့် ငါ့ရဲ့လက်မောင်းထဲမှာ တစ်ချိန်လုံး ထွေးပွေ့ထားချင်မိတဲ့အထိပဲ။

 

ယဲ့လန်တောင်ထိပ်သို့ သွားသော လေးရက်တာ ခရီးက အဆုံးသတ်သွားပြီးနောက် အများအမြင်ကို ထိန်းချုပ်လိုက်နိုင်သလို ပရိုဂရမ် ရိုက်ကူးရေးအသင်းက အင်တာနက်ပေါ်မှ လှုံ့ဆော်မှုများကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။

 

ပရိုဂရမ်အသင်းသည် ယဲ့လန်တောင်ထိပ်မှ ကြယ်ကောင်းကင်နှင့် တက်တက်ကြွကြွရှိသော ပေါင်းသင်းဆက်ဆံမှုများကို သုံးပြီး စခန်းချရန် ကောင်းမွန်သော နေရာဖြစ်ကြောင်း ကြေငြာပေးခဲ့သလို ကြည့်ရှုသူများအား ဒီနေရာသို့ လာရဲအောင် ဖြောင်းဖြပေးနိုင်ခဲ့သည်။

117 04

ထိုသို့ဖြင့် ကျော်ကြားပြီးနောက် ချက်ချင်းလိုလို တိတ်ဆိတ်သွားခြင်း မရှိလေဘဲ ဗီဒီယိုပလက်ဖောင်းပေါ်တွင် ဒုတိယ‌မြောက် နာမည်အကြီးဆုံးအဆင့်ကို ခိုင်မြဲစွာ ယူထားနိုင်ခဲ့သည်။ ထိုသို့ဖြင့် ဧည့်သည်များ၏ ဖန်အရေအတွက်က မှင်သက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာနိုင်သလို celebrities အဆင့်သို့ တိုးမြှင့်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီအများစု အမြင်တွင် ဒါဟာရိုးရှင်းစွာပင် ဖော်ပြရန် ခက်ခဲလွန်းသော မှင်သက်ဖွယ်ကောင်းသည့် ဖြစ်ရပ်ကြီး ဖြစ်သွားသည်။

 

ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်းမှ ခွဲခြမ်းစိတ်ဖြာမှုပြုနိုင်သူ အများစုကမူ ဒီပရိုဂရမ်ဟာ ထိပ်တန်းအဆင့် ရှိုးတစ်ခုဖြစ်ရန် အလားအလာကောင်းလွန်းကြောင်း ဖော်ပြနေသည်။ ထိုသို့ဖြင့် ရသစုံရှိုး ခေါင်းစဉ်အောက်တွင်ပင် ယခင်က တစ်ကြိမ်ရရှိခဲ့ဖူးသော ရသစုံရှိုးတစ်ခုနေရာကို အရယူနိုင်သည့် ကမ္ဘာအဆင့် ကျော်ကြားသွားနိုင်ကြောင်း ဖော်ပြနေကြသည်။

 

ကြည့်ရှုသူများကမူ ပရိုဂရမ်၏ ဒေတာများကိုလည်း ဂရုမစိုက်ချေ။ သူတို့သည် ခွဲခြမ်းစိတ်ဖြာမှု ပြုသူများနှင့် အချိန်နှင့်တပြေးညီ ဒေတာများကို လိုက်ကြည့်နေသော အေးဂျင့်များကဲ့သို့ viewerအရေအတွက်ကို ဂရုမစိုက်ချေ။ သို့သော် ပရိုဂရမ်၏ subscription အရေအတွက်ဟာ ဂဏန်းတစ်လုံးပြီး တစ်လုံး မြှင့်တက်ကာ အချိန်နှင့်တပြေးညီ ကြည့်ရှုသူများက တိုးတက်လာသလို အာရုံမစိုက်ကြချေ။ မည်သို့ပင်ဆိုစေ ထိုရှိုးသည် ဈေးကွက်ဖောက်ထားသော ရှိုးလည်း မဟုတ်ချေ။ ဒေတာများအားလုံးဟာ အစစ်အမှန်ဆုံးဖြစ်နေသည်။ စစ်မှန်လွန်းသဖြင့် ကြောက်မက်ဖွယ် ကောင်းသော ကွန့်မန့်များကို ကြည့်ရုံဖြင့် သိနိုင်သည်။ ထို့အပြင် ကွန်မာရှယ် ဗဲလူးကလည်း တက်လာသည်။

 

ကြည့်ရှုသူများအတွက် သူတို့သည် ဒီရှိုးဟာ လှုံ့ဆော်မှုပြင်းကာ ဖျော်ဖြေနိုင်လွန်းသည်ဟုသာ ခံစားနေရသည်။

 

ပရိုဂရမ်ကို စခရိုက်လုပ်ထားသော သူများက ကွေ့တောင်နှင့် တောင်ဘုရားကျောင်းမှ အန္တရာယ်များကြောင့် ဖြစ်သည်။ ထို့ကြောင့် တဖြည်းဖြည်းချင်း ဧည့်သည်များအကြားမှ လက်တွေ့ဆန်သည့် ပြောဆိုဆက်သွယ်မှုများ ပျင်းရိလေးတွဲစွာ နေထိုင်မှုများ၊ သဘာဝကျသော ဖြစ်ရပ်များနှင့် လှပလွန်းသော တောင်တန်းမြင်ကွင်းများကို ကြည့်ရှုပြီးနောက် ဆွဲဆောင်ခံရ၍ ဆက်လက်ကြည့်ရှုနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဒီအတိုင်း ထိုင်ပြီး လှပလွန်းသော သဘာဝရှုခင်းများကို ကြည့်လျက် ပရိုဂရမ်က သယ်ဆောင်လာပေးသည့် ငြိမ်းချမ်းလွန်းသည့် အစစ်အမှန်ခံစားချက်ကို ခံစားနေကြသည်။

 

ကြည့်ရှုသူအများစုကမူ ဒီပရိုဂရမ်၏ မိတ်ဆက်က လိမ်ညာထားခြင်း မဟုတ်ကြောင်း၊ အမှန်ပင် စိတ်အေးသက်သာလွန်းသော သဘာဝရသစုံရှိုးဖြစ်ကြောင်း လက်ခံလာသည်။ အချို့သော သူများကမူ သူတို့သည် ထိတ်လန့်သဲဖို ထွက်ပြေးလွတ်မြောက်ရင်း ရသစုံရှိုးကို စခရိုက် လုပ်ထားခဲ့ပါသော်လည်း ရုတ်တရက် ပရိုဂရမ်၏စတိုင်က ပြောင်းလဲသွားသော ကိစ္စနှင့် ပက်သက်ပြီး နောက်ကြသေးသည်။

 

ကျန်းဝူပင်းကမူ ကွန့်မန့်များကို ကြည့်ပြီး အလွန်ခံစားသွားရကာ မျက်ရည်များကပင် ကျလာသေးသည်။

 

နတ်ဘုရားမှသာ သူ့အတွက် မည်မျှခက်ခဲကြောင်း သိလောက်သည်။ အစပိုင်းတွင်မူ သူသည် ဒီအတိုင်း တဖြည်းဖြည်း ပျင်းစရာကောင်းသည့် ရသစုံရှိုးကိုသာ လုပ်လိုခဲ့ခြင်း ဖြစ်သည်။ လူအများ၏ စိတ်နှင့်နှလုံးသားကို ငြိမ်းချမ်းစေသည့် ခရီးသွားရသစုံရှိုးကို ဖန်တီးလိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် နာမည်ကျော် ဒုတိယအဆင့် ဆွဲဆောင်မှုပြင်းထန်သော နေရာများသို့ သွားကာ အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုခဲ့သည်။ ဒီနည်းအားဖြင့် ကြည့်ရှုသူများက ကိုယ်တိုင်ခရီးသွားရန် အချိန်မရှိသည့်အခါ ဒီပရိုဂရမ်ကို ကြည့်ရုံဖြင့် စိတ်အေးလက်သာ အပန်းဖြေ အနားယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း မြှင့်တင်ပေးရာရောက်နေသည်။ ထိုသို့ဖြင့် ကျော်ကြားလာနိုင်၏။

 

သူသည် ဒီအတိုင်း ဒါရိုက်တာအသစ်တစ်ယောက်သာ ဖြစ်ပြီး ရည်မှန်းချက်လည်း မကြီးပါချေ။ ခရီးသွားရသစုံရှိုးကို လုပ်ခဲ့သည်မှာလည်း ထိုကဲ့သို့သော အမျိုးအစားမျိုး မရှိသေး၍ ဖြစ်သည်။ product လိုအပ်ချက်များ မရှိသည့်အပြင် ရသစုံရှိုး၏ ဝန်းကျင်ကိုလည်း ရယူရန် လွယ်ကူသည်။

 

ဘယ်သူက သိထားမှာလဲ_ _ _

 

ကျန်းဝူပင်းက သီးမတတ်ဖြစ်သွားပြီး ယန်ရှစ်ရွှမ်းကို ပြေးဖက်ကာ ငိုသည်။

 

ကျန်းဝူပင်းက ရုတ်တရက် အပြေးလာပြီး ဖက်လိုက်သောကြောင့် ယန်ရှစ်ရွှမ်းက ရေခွက်ကို ကောင်းကောင်း မထိန်းထားနိုင်လျှင် ယန်ရှစ်ရွှမ်း၏ တစ်ကိုယ်လုံးက စိုမတတ် ဖြစ်သွားသည်။

 

..

 

ဒီအရှုးခွေးကောင် ဘာလို့ရုတ်တရက် ရူးသွားပြန်ပြီလဲ။

 

ဘေးဘက်မှ ယဲ့လီ၏ နဂိုက ပြုံးနေသော မျက်နှာက သုန်မှုန်သွားပြီး ယန်ရှစ်ရွှမ်းကို ဖက်ထားသော ကျန်းဝူပင်းအား အေးစက်သော မျက်လုံးမျိုးဖြင့် ကြည့်လေသည်။

 

ကျန်းဝူပင်းက အအေးဓာတ်ကြောင့် တုန်ယင်သွားပြီး ယန်ရှစ်ရွှမ်းကို ခပ်မြန်မြန် ဖက်လျက် အဝတ်များ သွားယူပေးသည်။

 

“ဆောင်းတွင်း ရောက်ပြီလား။ ဘာလို့ ရုတ်တရက် အေးလာတာလဲ”

 

“ငါတို့က တောင်ပေါ်မှာ နေတယ်။ တောင်ပေါ်မှာ ရောက်နေတယ်။ အမြင့်ပိုင်းမှာ ရပ်နေတာဆိုတော့ လေထန်တာ‌ပေါ့”

117 05

ယန်ရှစ်ရွှမ်းက ခပ်ထူထူ ဂျာကင်ကို ဝတ်ထားပြီး ပျင်းရိလေးတွဲစွာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။ သူ၏ခြေထောက်ကိုလည်း ချိတ်ထားပြီး မျက်လုံးကိုလည်း မှေးကျင်းထားသေးသည်။

 

ကျန်းဝူပင်းက စိတ်ရှုပ်ထွေးစွာ ရေရွတ်ပြီး အဝတ်သွားယူကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက ခေါင်းကို အသာလှည့်လျက် ယဲ့လီကို တစ်ချက်ကြည့်သည်။

 

ယဲ့လီက မျက်နှာအမူအယာပြောင်းလဲခြင်း မရှိဘဲ တစ်ချက်ကြည့်လာသည်။

 

“ဗိုက်ဆာလို့လား”

 

ယန်ရှစ်ရွှမ်းက လျှာကိုက်မတတ် ဖြစ်သွားပြီး သူသည် မကျေမနပ်ဖြစ်သလို ပြောသည်။

 

“ခင်ဗျားရဲ့အမြင်မှာ ငါက အခြေအနေ နှစ်မျိုးပဲ ရှိတာလား။ ဗိုက်ဆာရင်ဆာ၊ မဆာရင် အေးလို့။ အခု ခင်ဗျားက ဒါရိုက်တာလက်ထောက် နေရာကို လျှောက်တာလား။ ငါ့ရဲ့လက်ထောက်နေရာကို လျှောက်တာလား ဆိုတာကို သိချင်နေပြီ”

 

ယဲ့လီ၏ မျက်ဝန်းက တောက်ပသွားသည်။

 

“မင်းက လက်ထောက်လိုလို့လား။ ငါလျှောက်လို့ရလား”

 

ယဲ့လီက အပြုံးတုနှင့် ပြောသည်။

 

“ဆင်းရဲတယ်၊ ပိုက်ဆံမရှိဘူး၊ ငှားလို့မရဘူး”

 

ယဲ့လီက အကြံကောင်းပေးသည်။

 

“မင်းသာဆိုရင် ငါ့ရဲ့တန်ကြေးက တအားနိမ့်တယ်။ အလကားရတယ်”

 

“မလိုပါဘူး”

 

ယန်ရှစ်ရွှမ်းက အကြည့်လွှဲသည်။ သူသည် ပျင်းရိလေးတွဲစွာဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြီး နေပူဆာလှုံသည်။

 

******