118 01
အပိုင်း (၁၁၈)
သူက ဖြောင့်မတ်မှန်ကန်စွာပြောနိုင်သည်။
“ခင်ဗျား ဆိုရိုးစကားတစ်ခု မကြားဖူးဘူးလား။ ဈေးအပေါဆုံးက ဈေးအကြီးဆုံးအရာတဲ့…။ ခင်ဗျား ပိုက်ဆံ မလိုချင်ရင် ခင်ဗျားမှာ တခြားရည်ရွယ်ချက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ယန်ရှစ်ရွှမ်းသည် သူ၏အခွဲဖန်သားပြင်အား သူ့အား အပြုံးနှင့်အတူ ကြည့်နေသည့် ယဲ့လီထံ ချိန်ရင်း ပျင်းရိလေးတွဲသော လေသံမျိုးနှင့် ပြောလိုက်သည်။
“မင်းတို့ မြင်ကြလား။ မင်းတို့ရဲ့ဘဝမှာ ပိုက်ဆံ မလိုချင်ဘူးဆိုပြီး အနားကိုကပ်လာတဲ့လူရှိရင် ဒါက အမှိုက်ပဲ။ လိမ်ညာနေတာ။ မင်းတို့ရဲ့ပိုက်ဆံကို ပိုများတဲ့ ပမာဏမျိုးနဲ့ လိုချင်တာမျိုး ဖြစ်ရင်ဖြစ် အဲဒီလိုမှ မဟုတ်ရင်လည်း မင်းကို လိမ်လည် လှည့်စားချင်နေတာပဲ။ ဒီလိုလူမျိုးတွေကို သတိထားပြီး ရှောင်ကျဉ်ရမယ်။ ဒီလိုလူမျိုးတွေနဲ့ ဝေးဝေးနေရမယ်”
ယဲ့လီက မျက်ခုံး ပင့်လာသည်။ ယဲ့ရှစ်ရွှမ်းရဲ့ အကင်းပါးမှုကြောင့် သူသည်ပင် အံ့ဩသွားရသည်။ သူသည် အမှန်ပင် ယန်ရှစ်ရွှမ်းကို လှည့်ဖျား လိုခဲ့၏။ သို့သော် ယန်ရှစ်ရွှမ်း၏ ပိုက်ဆံကိုလိုချင်ခဲ့သည် မဟုတ်လေဘဲ သူ၏လူ ဖြစ်ချင်၍ ဖြစ်သည်။
သူက ယန်ရှစ်ရွှမ်းအား ဒီလောကအတွင်းရှိ ကိုယ်ပိုင်အလင်းရောင်ကို ဖြန့်ဝေနေခြင်းအား မြင်ချင်ရုံသာမကသေးလိုဘဲ ယန်ရှစ်ရွှမ်းအား ဖုန်းတုသို့ လိမ်ခေါ်သွားချင်နေသေးသည်။ ထိုရတနာသည် အဖိုးတန်လွန်းသဖြင့် မပိုင်ခင်ကတည်းက ပျောက်ဆုံးမည့် အနေအထားကို စိုးရွံ့နေရခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဝှက်ထားချင်သည်။ သူ၏ရတနာသိုက်အတွင်းသို့ ထည့်ကာ မည်သူကမျှ လာရောက် ခိုးယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုနိုင်ရန် သိုဝှက်ထားလိုခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကျန်ရှိသူများ.. “???”
[အာ… နေရောင်က တအားတောက်ပ လွန်းနေတာပဲလား။ ဘာလို့ ဒါရိုက်တာလက်ထောက်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာလဲ]
[ဒါက ဒါရိုက်တာရဲ့ လက်ထောက်လား။ ရှိုးအသင်းက အရမ်းကို တအားတော်လွန်းလို့ လက်ထောက် ခန့်ပေးထားတယ် ထင်နေတာ။ ဒါက အရမ်းရှက်ဖို့ကောင်းတာပဲ။ ဒါပေမဲ့ ဒါရိုက်တာရဲ့လက်ထောက်ဆိုရင် ဘာလို့ဒါရိုက်တာရဲ့ အနားမှာ မရှိတာလဲ]
[ငါ ဒီမေးခွန်းကိုသိတယ်။ မင်းတို့သာ အခွင့်အရေးအရယူပြီး ယန်ကောရဲ့အနားကို ကပ်နိုင်မယ်ဆိုရင် လုပ်ကြမှာပဲမလား]
[ဒါလည်း ဟုတ်တာပဲ။ အပေါ်က ကျဲကျဲတွေရဲ့ ဥပမာပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ငါသာ ဒါရိုက်တာရဲ့ လက်ထောက်ဆိုရင်လည်း ယန်ကောအနားကိုပဲ နေ့တိုင်း ကပ်နေမှာပါ]
[ငါဘာလို့ ဒီဒါရိုက်တာရဲ့လက်ထောက် စကားပြောပုံက တအားကို ကြောင်တောင်တောင် နိုင်တယ်လို့ ခံစားနေမိတာလဲ။ နင်တို့သာဆိုရင် ပိုက်ဆံ မလိုချင်ဘူးလို့ ပြောလာတဲ့အခါ အမှိုက်ကောင်က လိမ်လည် လှည့်ဖျားချင်လို့ ဟန်ဆောင်နေတာမှန်း တူနေလောက်ပေမဲ့ ဘာလို့သူပြောတဲ့အခါကျတော့ အချစ်ကို ဝန်ခံသလို ဖြစ်နေတာလဲ။ ဒီနှစ်ယောက်ကြားမှာ မထုတ်ဖော်ပြသထားတဲ့ ပုံပြင်များရှိနေတာလား]
[??? အုတ်ဂျုံတွေက ဒေါသထွက်နေပြီ။ ယန်ကောက လူတိုင်း အပိုင်နော်။ လာခိုးဖို့ မစဉ်းစားနဲ့။ ယန်ကောက ပွဲဦးတောင်မထွက်ရသေးဘူး]
[ အာ နင်တို့တွေ အတွေးလွန်နေကြတာ ထင်တယ်။ ဒီတိုင်း ဆက်ဆံရေးကောင်းတဲ့ ညီအစ်ကိုနှစ်ယောက် နေမှာပါ။ မနောက်ကြနဲ့]
တောင်ဘုရားကျောင်းမှ ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်ကို subscribe လုပ်ထားသောသူများဟာ သဘာဝရှုခင်းများကို သူနှင့်အတူ ငြိမ်းအေးသာသာ ခံစားနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် တဖန် သူဟာ ယဲ့လန်တောင်ထိပ် တောက်လျှောက်နေ့တိုင်းလိုလို အပင်များ စိုက်ပြီးချိန်တွင် နေရောင်အောက်တွင် ပျင်းရိလေးတွဲစွာ လဲလျက် နေပူစာလှုံမှုအား ကြည့်နေဖြစ်သလို တစ်ခါတရံတွင် မည်သည့်အရာ စားမည်၊ မည်သို့လုပ်မည် စသဖြင့် အကြောင်းအရာများကို ပြောပြခြင်းအားလည်း နားထောင်ဖြစ်သည်။
ရှိုးပွဲတွင် ဘုန်းကြီးအဆန်ဆုံးသော ကျောင်းကျန်းကပင် ကြည့်ရှုသူများ၏ တောင်းဆိုမှုများကို အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးစေသည်။ သူကပင် ဖန်များနှင့် အဆက်အသွယ် လုပ်လာ၏။ သိုသော် ယန်ရှစ်ရွှမ်းကမူ သတိပင် မထားမိသလိုမျိုး ဖြစ်နေခဲ့သည်။
သူသည် ရိုးရှင်းစွာပင် အသားမာတက်နေသလိုမျိုး ဖြစ်နေခဲ့သည်။ သူသည် ရှိုးပွဲစတင်သည်အထိ ဖုန်းကို မကိုင်ပါချေ။ ညဆယ်နာရီမတိုင်ခင်အထိ သူ၏ဖန်သားပြင်အခွဲကို ပိတ်ကာ ရွက်ဖျင်တဲထဲသို့ ဝင်သွားတတ်သေးသည်။ ထို့နောက် စတင်ကာ အိပ်စက်တတ်၏။ ထို့ကြောင့် အချက်ပေး နာရီထက်ပင် ပို၍တိကျသေးသည်။ ထိုအချိန်တွေအား ကြည့်ရှုသူပေါင်းများစွာအား သူ၏အိပ်စက်နေသော မျက်နှာလေးအား မြင်ချင်စိတ်ကို သည်းမခံနိုင်အောင် ခံစားမိစေပြီး ယားယံလာစေသည်။
118 02
သို့ရာတွင် ကြည့်ရှုသူများနှင့် အုတ်ဂျုံများက မည်မျှပင် ငြီးငြူအော်ဟစ်နေစေကာမူ ယန်ရှစ်ရွှမ်းကမူ မတုန်လှုပ်သွားချေ။
ကျန်းဝူပင်း၏ တောင်းဆိုမှုများထဲတွင် ထိုသို့ ဖန်များနှင့် ပေါ်တင်ပြောဆို ဆက်ဆံပါမည်ဆိုသော အချက်မျိုး ပါဝင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ရှိုးက အပိတ်မခံရသမျှ သူ ဘာလုပ်လုပ် အရေးမကြီးချေ။ ပို၍ဆိုးသည်မှာ ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နိုင်နေသေးသည်။ နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ခွင့်ပြုမိန့် ပိတ်သွားမည့် အခြေအနေကို စိုးရိမ်နေခဲ့ရ၏။ အုတ်ဂျုံများက ခပ်ကျဲကျဲ အော်ဟစ်သည့်တိုင်အောင် ကျင့်သားရလာကြသည်။
မည်သို့ပင်ဆိုစေ ဖန်များနှင့်ပြောဆိုဆက်ဆံမှု အပြုမူဆုံး အန်းနန်ယွမ်ကပင် ပရိသတ် သန်းနှစ်ဆယ်သာရှိသော အနေအထားမျိုးမှာ သန်းခြောက်ဆယ်အထိ မြင့်တက်လာသည်။ ထို့ကြောင့် ထိပ်တန်းအဆင့် အိုင်ဒေါများအကြားတွင် ခိုင်မြဲစွာ ရပ်တည်နိုင်လာသည်။ ယခင်က ရှိုးအတွင်းမှာ ထင်းထွက်နေခြင်း မရှိသော တတိယတန်းစား အမျိုးသားစတားတစ်ယောက်ကပင် ဖန်တစ်သန်းကျော် ပိုင်ဆိုင်လာသည်။
ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းသည် ထောက်တိုင်အလား တည်ငြိမ်နေခဲ့ပြီး ဆိုရှယ်မီဒီယာအကောင့်ကို မဖွင့်သေးချေ။
အုတ်ဂျုံများက စိုးရိမ်စိတ်များပြီး နေ့တိုင်းတိုင်းလိုလို ယန်ရှစ်ရွှမ်းအား ကောမန့်ပေးကာ ပြောဆိုကြ သည်။ ယန်ရှစ်ရွှမ်းက ရှိုး၏ကောမန့်များကို စီမံခန့်ခွဲသည့် အချိန်တိုင်းလိုလို ဆိုရှယ်မီဒီယာကို ဖွင့်ခိုင်းသည့် ကောမန့်များကို ဖယ်ရှား ပစ်လေ့ရှိသည်။ အရာအားလုံးကို ယန်ရှစ်ရွှမ်းက ငြင်းပယ်၏။
“မင်းတို့ ဘာလို့ ဒါကိုပဲ လုပ်ခိုင်းနေတာလဲ။ မင်းတို့ဖုန်းကို အကြည့်လျှော့ပြီး စာများများ ဖတ်သင့်တယ်။ တစ်ချိန်လုံး ဖုန်းကို ကိုင်ထားပြီး ပေါက်ကရတွေကိုပဲ လိုက်ကြည့်နေကြတယ်။ ဒီမျက်လုံးက ခံနိုင်မှာတဲ့လား”
ယန်ရှစ်ရွှမ်းက လှောင်သည်။
“မင်းတို့ အရင်က ကိစ္စတွေကို ဘယ်လိုများ မှားယွင်းပြီး မြင်ကြသလဲဆိုတာကို တွေးကြဦး။ ရောင်ပြန်ဟပ်လာတဲ့ အလင်းကတောင် မင်းတို့ကို လှည့်စားနိုင်တယ်။ သရဲကိုမြင်ရတယ်လို့ ယုံကြည်နေသေးရင် မျက်လုံးကို လေ့ကျင့်ခန်း များများလုပ်လိုက်။ ကန်းမကန်းလည်း စစ်ကြည့်ဦး”
“နောက်ပြီး ပရိသတ်တွေကို စီမံခန့်ခွဲတယ် ဆိုတာမျိုးတောင် ရှိနေသေးတယ် ဟုတ်လား။ နာမည်တောင် ရှိနေသေးတယ် ဟမ့် ငါကတော့ မင်းတို့ကန်းနေပြီလို့ ထင်တယ်”
ယန်ရှစ်ရွှမ်းက ပလက်ဖောင်းဆီသို့ တက်လာပြီး သူ့အတွက်ချစ်ကြောင်း ဖော်ပြနေသည့် ကောမန့်များကို မြင်သောအခါ သာမန်ကာလျှံကာ ပြောလိုက်သည်။
“ငါ့ကို မကြိုက်နဲ့။ ဒါက မင်းတို့ရဲ့စိတ်ထဲက ကိုယ့်ကိုယ်ကို လှည့်စားပြီးဖြစ်လာတဲ့ ထင်ယောင်ထင်မှားဆန်တဲ့ ခံစားချက်တစ်မျိုးပဲ။ မင်းတို့ရဲ့စိတ်ထဲမှာ ငါက ဘယ်လိုပုံစံမျိုးရှိနေနေ တကယ်တော့ ငါက အမှန်တကယ် တည်ရှိနေတာ မဟုတ်ဘူး။ နောက်ဆုံး အနှစ်ချုပ်လိုက်ရင် မင်းတို့စိတ်ကူးယဉ် ပုံဖော်ထားပြီး လိုချင်တဲ့လူမျိုးကို ကြိုက်နေတာပဲ။ အဲဒါ ငါမဟုတ်ဘူး”
“ဆိုတော့ပြောရမယ်ဆိုရင် ဒီလိုချစ်ကြောင်း ဖော်ထုတ်ပြကြတော့ရော ဘာများအသုံးဝင်လို့လဲ” ယန်ရှစ်ရွှမ်းက လက်ကို ဖြန့်လိုက်သည်။
“ငါ အန်းနန်ယွမ်ကို သွားမေးသေးတယ်။ သူက ပြောတယ်။ ငါ ဆိုရှယ်မီဒီယာအကောင့်ကို ဖွင့်လိုက်တဲ့အခါ ဆယ်ဖီတွေ တင်ရတယ်။ ငါ့ရဲ့ စိတ်အခြေအနေကိုလည်း ဖော်ပြရတယ်။ နောက်ပြီး စီးပွားရေးလုပ်သလိုမျိုး မင်းတို့စိတ်ထဲက ငါ့ကိုယ်ကို ပုံဖော်ထုဆစ် ပေးနေရတယ်တဲ့။ ငါကတော့ ဒါမျိုးမလိုဘူးလေ”
“မင်းတို့ ချစ်ချစ် မင်းတို့ ကြိုက်ကြိုက် မင်းတို့စိ တ်ဆန္ဒရှိပြီး ငါ ဘာလုပ်တာ ဘယ်လိုပြောတာမျိုးကို မြင်ချင်ချင် ငါ့အတွက် အသုံးမှ မဝင်တာ။ ဒီတော့ မင်းတို့ ကိုယ့်အချိန်ကိုယ်သုံးပြီး ကိုယ့်ခံစားချက် ကိုယ်ထိန်းလို့ အနားက လူတွေကိုပဲ ပိုချစ်ပေးသင့်တယ်”
ယန်ရှစ်ရွှမ်းက ကြောင်ကြီးတစ်ကောင်ကဲ့သို့ ပျင်းရိလေးတွဲစွာနှင့် နေရောင်အောက်တွင် လဲနေခြင်း ဖြစ်သည်။ ပေါ့ပါးမှု အပြည့်ရှိနေသော သူ၏ဟန်အမူအရာများဟာ သူ၏လှုပ်ရှားမှုတိုင်းကို အကြည့်မလွှဲနိုင်အောင် ဖြစ်သွားစေသည်။
“နောက်ပြီး အယူမသီးနဲ့။ ငါ့ကို ယုံကြည်နေတာက မင်းတို့ကို ပျော်ရွှင်မှု မပေးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးကို အခွင့်အရေးအရယူပြီး အနားမှာ ရှိနေသေးတဲ့သူတွေ မင်းတို့ကို ချစ်တဲ့သူတွေနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်သင့်တယ်။ ဒီလိုမှပဲ မင်းတို့ကို အစစ်အမှန်ပျော်ရွှင်မှုကို ဖန်တီးယူဆောင်ပေးနိုင်မှာ”
ပရိသတ်များက ကင်မရာအောက်တွင် တည်တည်ငြမ်ငြိမ် စကားပြောနေသော အမျိုးသားကို မှင်သက်ကြောင်အစွာ ကြည့်နေကြသည်။ သူ၏ ကျော့ရှင်းကြည့်ကောင်းလွန်းသော ကြွက်သားများဟာ ပြေလျော့မှုအပြည့်နှင့် ပျင်းရိလေးတွဲနေသည့်တိုင်အောင် ဆွဲဆောင်မှုတစ်မျိုးက ရှိနေသေးသည်။ လူအများသည်လည်း ထိုအင်အားက သယ်ဆောင်လာသော အန္တရာယ်အပြည့် ပေးနိုင်သည့် ပေါက်ကွဲမတတ် ပြင်းထန်သည့် စွမ်းအားတစ်မျိုးကို နားလည်နေကြသည့်တိုင်အောင် သတိလက်လွတ် ရှေ့တိုး ပစ်ဝင်ချင်မိကြသေးသည်။
118 03
အုတ်ဂျုံအများစုက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာ စတားနောက် လိုက်လာခဲ့ပြီးနောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် သူတို့အား မကြိုက်ရန် ဖန်မလိုကြောင်း ပြောသောသူမျိုး၊ အတတ်နိုင်ဆုံး ဖြောင်းဖြပြီး အနားရှိလူများကိုသာ ချစ်ကြရန်၊ သူ့အား သဘောမကျရန် ပြောလာသောသူမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်သည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ ထိုသို့ပြောသောအခါ လေးနက်တည်ကြည် လွန်းနေလေရာ ကြည့်ရှုသူများအနေဖြင့် သူ ပြောသောစကားကို အလိုလျောက် နားထောင်မိစေသည်။ သူ ပြောသောစကားဟာ ဖြစ်ထိုက်သည်ဟုလည်း ခံစားလာရ၏။
[ဒါက ချဲ့ကားလွန်းတာ မဟုတ်လား။ သူ့ကို ပိုပြီးသဘောကျလာဖို့၊ သူ့ကိုပိုပြီးချစ်လာဖို့ ပြောတဲ့ အနုပညာရှင်တွေကိုပဲ မြင်ဖူးပါသေးတယ်။ အချို့သူတွေဆိုရင် သူတို့ကို သဘောကျလာဖို့ ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့တောင် ပြောနေကြတာ။ ဒါပေမဲ့ ယန်ကောကပဲ ဖန်တွေကို ငြင်းဆန်နေတယ်။ ဖန်တွေကို သူ့ကို သဘောမကျလာအောင် ပြောနေတယ်။ အနားကလူတွေကို ချစ်ခိုင်းနေတယ် ဒါက ဟုတ်ရဲ့လား]
[ဒါပေမဲ့ ယန်ကောပြောတာလည်း ဟုတ်သလိုပဲ။ သူက ငါတို့ကို အနားက လူတွေကိုပဲ ချစ်ခိုင်းတယ်။ ဒီလိုချစ်မှ ငါတို့ကို ပျော်ရွှင်မှုတွေ ယူဆောင်ကျဉ်းပေးနိုင်မှာတဲ့။ အဲဒီလို ပြောတဲ့အချိန်မှာ သူ့ရဲ့အမူအရာက စတားတစ်ယောက်ဆိုတာထက် မိတ်ဆွေကောင်းတစ်ယောက် နှစ်အနည်းငယ် အသက်ပိုကြီးတဲ့ အစ်ကိုကြီးတစ်ယောက်က ဖြောင့်ဖြပေးနေသလိုမျိုးပဲ။ သူက သူ့ရဲ့ ဘဝအတွေ့အကြုံတွေကိုယူပြီး ရိုးသားစွာနဲ့ အကြံပေးနေတာ ဒီလိုမှ ကောင်းမွန်တဲ့ဘဝကို နေထိုင်နိုင်မယ်လို့ပေါ့]
[ငါ့ရဲ့နှာခေါင်းတောင် ကျိန်းလာတယ်။ ငါ့ရဲ့မျက်လုံးလည်း အလားတူပဲ။ ဘယ်လိုကြောင့် ဒီလောက်ကောင်းတဲ့ လူမျိုးက ရှိနေတာလဲ။ ငါအုတ်ဂျုံဖြစ်ပြီး ယန်ကောကို ကြိုက်ရတာ နောင်တတော့ မရဘူး။ ဒီတိုင်း ယန်ကော ပြောသွားသလိုပဲ။ သူ ပြောသွားတဲ့ စကားတွေကြောင့် သူက ငါသဘောကျတာကို ခံယူဖို့ပိုပြီးတော့ ထိုက်တန်လာပြီ]
[ငါ ပထမဦးဆုံးအကြိမ်အဖြစ် ဖြောင့်မတ်မှန်ကန်တဲ့ ပိုင်ရှင်ဆီကနေ နှုတ်ထွက်ဖို့ သတိပေးတာကို ခံရတာပဲ။ ဒါပေမဲ့ ငါ ဒေါသမထွက်မိတဲ့အပြင် အရမ်းတောင် ခံစားသွားရတယ်။ ဒီလိုလူမျိုးက ဘာလို့ဒီလောက်ထိ သောက်ကျိုးနည်း ဆွဲဆောင်မှုရှိနေရတာလဲ။ သူက နတ်ဘုရားတွေကို သတ်နိုင်တယ်၊ ဝိညာဉ်တွေကို နှင်နိုင်တယ်။ သူ့ရဲ့ဆွဲဆောင်မှုတွေက ကောင်းကင်ထိတောင် ရူးသွပ်မတတ် ထိုးတက် သွားနိုင်သေးတယ်။ သူက တစ်ကိုယ်လုံး မြေဆီလွှာတွေဖုံးအောင်းလို့ ညစ်ပတ် ပေရေရတဲ့အထိ သစ်ပင်တွေကို ကုန်းစိုက်နိုင်တယ်။ သူ့မှာ ဒီလောက်ထိ အရိုင်းဆန်တဲ့ ဘက်ခြမ်းရှိနေတယ် နောက်ပြီး တစ်ချိန်တည်းမှာပဲ မိတ်ဆွေတွေကို ပိုသဘောကျဖို့ ဖြောင်းဖြတဲ့ ကောင်းမွန်တဲ့ စိတ်နှလုံးသားကလည်း ရှိနေသေးတယ်။ ဒီအမျိုးသားက တအား ညင်သာလွန်းတယ်]
[ငါ တအားခံစားသွားရပြီ ဆိုပေမဲ့လည်း ငါ သေချာ တွေးကြည့်လိုက်တော့ မျက်ရည်တွေက ကျလာတယ်။ ယန်ကောကို ဆိုရှယ်မီဒီယာ ဖွင့်ခိုင်းနေတဲ့အကြောင်း အားလုံး မှတ်မိကြသေးရဲ့လား။ ဘာလို့ ငါတို့ကို ရုတ်တရတ် ငြင်းလိုက်တာလဲ]
[ဟုတ်သားပဲ အပေါ်ကကျဲ သတိမပေးရင် ငါတောင်မှ ယန်ကောကြောင့် အရူး လုပ်ခံရတော့မလို့။ ဘာလို့ သူက ငါတို့ကို လမ်းကြောင်း ပြောင်းလိုက်တယ်လို့ ခံစားလိုက်ရတာလဲ။ စားပွဲကို ဒေါသတကြီး ပစ်ရိုက်လိုက်ပြီ]
ကောမန့်ဧရိယာထဲမှ ရုတ်တရက် အားနည်းသွားသော မှတ်ချက်များကို မြင်သောအခါ ယန်ရှစ်ရွှမ်းက ခံစားချက်မဲ့စွာ ပြောသည်။
“အာ..တွေ့သွားပြီပဲ”
ကောမန့် […..]
[ချုံချုံ စီးပွားရေး လုပ်ရအောင်။ ကောက ပရိသတ် ဆယ်သန်းကျော် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုတဲ့ ပင်ကိုယ်အသိစိတ်လေးများ မရှိဘူးလား။ ငိုပြီး တောင်းပန်ပါတယ်။ ပရိသတ်တွေက အိမ်ခြေယာမဲ့ဖြစ်နေလို့ နားခိုဖို့ ဆိုရှယ်မီဒီယာအကောင့်လေးတော့ ဖွင့်ပေးကြပါ။ ကျန်တဲ့လှုပ်ရှားမှုတွေ အားလုံးကို ပရိသတ်တွေကိုယ်တိုင် ကိုယ့်ဘာသာကိုယ် လုပ်ပါ့မယ်]
[အရမ်းတော်လိုက်တဲ့ အန်းနန်ယွမ်။ ယန်ကောက သူ့စကားကို နားထောင်လို့ ဒီလိုဖြစ်သွားတာ။ ယန်ကော..ယန်ကောက ဘာမှလုပ်ဖို့ မလိုဘူးနော်။ အေးအေးဆေးဆေး ဒီဆိုရှယ်မီဒီယာ အကောင့်လေး ဖွင့်ပေးရုံပဲ။ တကယ်ပါ ဒီတိုင်းအကောင့်လေးပဲ ဖွင့်ပါ။ ဆယ်ဖီလေးတော့ တစ်နေ့တစ်ပုံ တင်ပေးရင် ပိုကောင်းတာပေါ့။ ကျန်တာ ဘာမှ လုပ်စရာမလိုပါဘူး။ ငါတို့ဘာသာ ငါတို့လုပ်ပါ့မယ်]
[အောက်စီဂျင်ကို အသားကုန် ရှူရှိုက်နေရပြီး အုတ်ဂျုံအစာ စားနေလို့ တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုပိုပြီး ထိန်းသိမ်းနိုင်လာတယ်။ ဘာပဲဖြစ်ဖြစ် အုတ်ဂျုံဖြစ်ဖို့ အခြေအနေတွေထဲက တစ်ခုက စီမံခန့်ခွဲနိုင်တဲ့ ကောင်းမွန်တဲ့ စွမ်းရည်ရှိရမယ် ဆိုတာလည်း ကိုယ့်ကိုယ်ကို ချော့ရမယ်။ ကိုယ်လုပ်စရာကိစ္စကို ကိုယ့်ဘာသာကိုယ်ရှာရမယ်။ ကိုယ့်အတွက်ကိုယ် ရပ်တည်ရမယ်။ ကိုယ့်ဘာသာကိုယ် sign in လုပ်ပြီး စစ်ဆေးနေရမယ်။ စစ်မှန်တဲ့ပိုင်ရှင်က ဘယ်နေရာကို ရောက်နေတာလဲ။ အိုး_ _ _ စစ်မှန်တဲ့ပိုင်ရှင်က ဆိုရှယ်မီဒီယာအကောင့်တောင် မရှိဘူး။ သူတို့က ငါတို့ကို မချစ်ပါဘူး]
118 04
[အုတ်ဂျုံ hashtagက ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ အကြီးဆုံးနဲ့ ရှာဖွေမှုအများဆုံး active အဖြစ်ဆုံး hashtag ဆိုတာ မသိကြဘူးလား။ ငါ မနေ့က ပန်းရောင်ဆံပင်ကြီးတစ်ခုကို တွေ့လိုက်တယ်။ လူဆယ်တန်းကျော်လောက်က အုတ်ဂျုံဖန်တံဆိပ် ရထားတာလေ။ အကျော်ကြားဆုံး tag ဆိုရင် သန်းသုံးဆယ် ကျော်နေသေးတယ်။ ဒါကြောင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ယှဉ်မယ်ဆိုရင် ပထမတန်းစားအဆင့်ကို ရောက်နေပြီ။ ယန်ကောက ဆိုရှယ်မီဒီယာအကောင့် မရှိတဲ့အပြင် နောက်ခံကုမ္ပဏီမရှိလို့တောင် အုတ်ဂျုံတွေက အိမ်ခြေယာမဲ့ ဖြစ်နေပြီ။ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းနေလို့ လုံလောက်တဲ့ အခြေအနေမျိုးကို မရတာ ဒါတောင်မှ ငါတို့မှာ အနည်းဆုံး သန်းသုံးဆယ် ရှိနေသေးတယ်]
[မင်းတို့တွေ ယန်ကောကို ပွဲဦးထွက်ဖို့ တွေးနေတုန်းပဲလား။ သွားအိပ်လိုက်တော့။ အရာအားလုံးက အိမ်မက်တွေပဲ ဖြစ်နိုင်တယ်။ အခုယန်ကောက အရမ်းကို တာအိုပညာရှင် ဆန်လွန်းနေတယ်လို့ ထင်တယ်။ ယန်ကောက အဲ့ဒီလိုပဲ မဟုတ်ဘူးလား။ သဘောကျကျ မကျကျ သူ့ကို ငါးဖမ်းတာကိုတော့ နှောင့်နှေးအောင် မလုပ်ကြနဲ့။ အခု ငါပြောနေတာ_ _ _ပွဲဦးထွက်ခိုင်းရင်တောင်မှ သူက ပွဲဦးထွက်မှာ မဟုတ်ဘူး။ ဒီတိုင်းဆို ရှယ်မီဒီယာအကောင့်ဖွင့်အောင် နည်းလမ်းရှာကြရအောင်]
ယန်ရှစ်ရွှမ်းက ကောမန့်ထဲမှ အော်သံများကို နားထောင်ပြီး ပထမဦးဆုံးအကြိမ် အန်းနန်ယွမ်ဟာ မည်မျှ ထူးချွန်ကြောင်း သိလာသည်။
“မင်း နေ့တိုင်း ဒီလိုပဲ နေနေတာလား။ မင်းအတွက်တော့ ခက်ခဲတာပဲ”
ယန်ရှစ်ရွှမ်းက ထင်းများနှင့်အတူ ပြန်လာသော အန်းနန်ယွမ်ကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းက စာနာသနားမှု ပြည့်နှက်သွားသည်။ သူသည် ရှားပါးစွာပင် ချီးကျူးလိုက်သည်။
“မင်းတို့ အိုင်ဒေါတွေက တော်တော်လေး ခက်ခဲတာပဲ။ မင်းက တကယ်တော်ပါတယ်”
“ဆိုတော့ ငါ ဘယ်တော့မှ ပွဲဦး မထွက်တော့ဘူး။ ဘယ်တော့မှလည်း ဆိုရှယ်မီဒီယာအကောင့် ဖွင့်မှာ မဟုတ်ဘူး။ ငါ့ရဲ့ အချိန်တွေကို ဒီလိုအရာတွေ ဖတ်ပြီး နေ့တိုင်းဖြုန်းနေစရာလား။ တွေးတောင် မတွေးဘူး”
ဖန်သားပြင်အခွဲ၏အရှေ့တွင် ယန်ရှစ်ရွှမ်းသည် ပရိသတ်များ၏ အကြံပြုချက်အား အေးစက်သော မျက်နှာထားဖြင့် ပယ်ချလိုက်သည်။ ယခုလေးတွင် ကောမန့်များဟာ အန်းနန်ယွမ်ကို ချီးကျူးနေကြသေးသည်။ ထိုသို့ဖြင့် အော်ဟစ်ငိုယိုကြပြီး အန်းနန်ယွမ်အား မည်သည့်အတွက်ကြောင့် ဒီလိုအခြေအနေမျိုးတွင် ပေါ်ထွက်လာပြီး ယန်ကော၏ဆိုရှယ်မီဒီယာဖွင့်မည့် အကြံကို ဖျက်ဆီးလိုက်ကြောင်း ပြောဆို လိုက်ကြသည်။
အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲမှ လူပေါင်းများစွာကပင် အော်ဟစ်၍ အလားတူ ပြောဆိုလာကြသည်။
အန်းနန်ယွမ် “???”
သူ အခုလေးတင် ထင်းလေးတွေ သွားကောက်ပြီး ပြန်လာတာပါ။ ဘာလို့ ရုတ်တရတ်ကြီး သူနဲ့ ပတ်သက်သွားတာလဲ။
သို့ရာတွင် ဖန်များ၏ ကောမန့်များကြောင့် ယန်ရှစ်ရွှမ်းသည် တစ်စုံတစ်ရာကို သိလာ၏။။ ဒီတစ်ကြိမ်နောက်ဆုံးနေရာတွင် ဖယ်ထုတ်ခံရမည့် အခြေအနေကြောင့် မဖြစ်နိုင်ပြန်ချေ။ ယန်ရှစ်ရွှမ်းက တွက်ချက်မှုတချို့ကို လုပ်လိုက်ပြန်၏။ သူ၏လက်ချောင်းများက ကျွမ်းကျင်စွာနှင့် ဂမ္ဘီရတွက်ချက်မှုကို ပြုလုပ်သည်။ ထို့နောက် ခြောက်ထောင့်ပုံစံခွက်ကို ကြည့်ထားပြီး နှုတ်ခမ်းထောင့်စွန်းများက မကျေနပ်မှုအပြည့်နှင့် ညွတ်ကျသွားပြန်သည်။ ခြောက်ထောင့်ပုံစံခွက်က ပြောနေသည်။
စဉ်းတောင် မစဉ်းစားနဲ့။ လက်လျှော့လိုက် မသွားနိုင်ဘူး။
တင်းဟိုင်ရှန်းကျန်းကို သိတယ် မဟုတ်လား။ အဲဒီထဲက အတိုင်းပဲ ဒီမှာပဲနေ။ ထွက်သွားနိုင်မှာ မဟုတ်ဘူး…..
ဟု ပြောနေသည်။
118 05
ယန်ရှစ်ရွှမ်း “ဒီကျန်းဝူပင်းကတော့ သေတော့မှာပဲ”
သူသည် ကျန်းဟူပင်း၏ တောင်းဆိုမှုကို ဘယ်သောအခါကမှ သဘောမတူခဲ့သင့်ပေ။ သူသည် နောက်ဆုံးနေရာမှ ဖယ်ထုတ်ခံရမှသာ ထွက်သွားမည်ဆိုသော စကားမျိုးကို ကတိမခံခဲ့သင့်ပေ။ သို့မဟုတ်လျှင် ပထမပိုင်းကတည်းက ထွက်သွား၍ ရသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်း၏ သုန်မှုန်သောမျက်နှာနှင့် ကံကြမ္မာ တွက်ချက်နေသော အမူအရာကို မြင်ပြီးနောက် ပရိသတ်များက သူ လုပ်နေသောအရာကို ခန့်မှန်းလိုက်နိုင်၏။ ယန်ရှစ်ရွှမ်းဟာ မပျော်မရွှင် ဖြစ်နေသည်။ သို့သော် သူတို့ကမူ ပျော်၏။
“ယန်ကောက မနက်ဖြန် မဲရလဒ်ကို တွက်ချက်နေတာလို့ ငါထင်တယ်။ ယန်ကော သေချာပေါက် သူ နောက်ဆုံးအချိန်ကနေ ဖယ်ထုတ်ခံရခြင်း ရှိမရှိကို တွက်ချက်နေတာဖြစ်မှာ။ သူ့အမူအရာကို ကြည့်ပါလား။ သူအဲဒါကို တွက်ချက်နေတာပဲ ဖြစ်မယ်။ သူ အရင်တုန်းက ငါတို့ကိုတောင် လိမ်ခဲ့သေးတာပဲ။ အခုတော့ ကံကောင်းပြီး ခန့်မှန်းမိသွားပြီ။ သူဟာ တကယ်ပဲ ကံကြမ္မာကို တွက်ချက် နိုင်နေတယ်”
******