Ch 121
Viewers 6k

121 01

အပိုင်း(၁၂၁)

 

ယဲ့လီ၏ လည်ဇလုပ်က မြင့်တက်ပြီးနောက် ကျသွားသည်။ ဘေးဘက်သို့ ချထားသော ရှည်လျားသည့် လက်ချောင်းများက သတိလက်လွတ် ကွေးတက်သွားသည်။

 

သူသည် တစ်စုံတစ်ရာကို ထိတွေ့ချင်သလို ထင်ရသည်။

 

“ခင်ဗျား ဘာလို့ အလုပ်ခွင် မဝင်တဲ့သူတွေတောင် မထသေးတဲ့ အစောပိုင်းကာလကြီးမှာ ငါ့ရဲ့အိမ်နားကို ဘာလို့ ရောက်လာသလဲ ဆိုတာကို အရင်ဆုံး ရှင်းပြသင့်တယ် မထင်ဘူးလား”

 

ယန်ရှစ်ရွှမ်းက လက်တစ်ဖက်နှင့် တံခါးကို ကိုင်ထားပြီး မှင်သက်ကာ တိတ်ဆိတ်နေသော ယဲ့လီကို ကြည့်လျက် နူတ်ခမ်းများက တွန့်ရယ်သွားသည်။

 

သူ ဘယ်လိုကြည့်ကြည့် ဒီကောင်က ကို့ရိုကားယား နိုင်နေတယ်။

 

ဘာလို့ ဒီလူက သူ့ရဲ့မျက်နှာကိုပဲ ကြည့်နေတယ်လို့ ခံစားနေရတာလဲ။

 

သူ မျက်နှာသစ်တုန်းက အမြှပ်က မပြောင်သေးလို့လား။

 

ယန်ရှစ်ရွှမ်းက သူ၏လက်ကို သံသယအပြည့်နှင့် မြှောက်လိုက်ပြီး ပါးကို ထိတွေ့ကြည့်သည်။ သို့သော် အေးစက်ကာ ချောမွေ့သည့် အထိအတွေ့ကိုသာ ခံစားရသည်။

 

ယဲ့လီက ရုတ်တရက် ယန်ရှစ်ရွှမ်း၏အသံကြောင့် အသိဝင်သွားပြီး နူတ်ခမ်းတွင် အပြုံးက ထွက်ပေါ်လာပြန်သည်။

 

“အသေးစိတ် အကြောင်းအရာကိုတော့ မင်း နောက်မှမေးပါလား။ အရင်ဆုံး ငါ့ကို အရင် မကယ်တင်ချင်ဘူးလား ယန်_ _ _ရှစ်ရွှမ်း”

 

ယန်ရှစ်ရွှမ်းသည် ယဲ့လီအား ဆွံ့အစွာ ကြည့်လိုက်သည်။ မျက်လုံးက အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ပြီး ရှင်းလင်းစွာ ပြောပြနေသည်။

 

ခင်ဗျားက ဒီလောက် လူကောင်ကြီးနေတာ။ ဘေးဘက်က အန်တီကြီးတွေက ခင်ဗျားကို ဘာလုပ်မှာကို ကြောက်နေတာလဲ။ ငါ့ကို လာမနောက်စမ်းပါနဲ့။

 

ယဲ့လီက အပြစ်ကင်းစင်စွာ ပြန်ကြည့်သည်။

 

ငါနဲ့ တိုက်ခိုက်ချင်တာများ ဖြစ်နေမလား။ ဒါပေမဲ့ မင်းက အမှန်တကယ် ရက်စက်ပြီး ငါ့ကို ထွက်မကယ်ဘူးဆိုရင် ငါကတော့ သူတို့နဲ့ တိုက်ခိုက် ဖြစ်လောက်တယ်။

 

ယန်ရှစ်ရွှမ်း “ကျွတ်စ်”

 

သူ ဒီလူကို ဘာတွေများ အကြွေးတင်နေတာလဲ။

 

နှစ်ယောက်ကြားမှ ရင်းနှီးကျွမ်းဝင်သလို စကားပြောခန်းက အ‌တော်ကြီးမားသည့် အာရုံကို ဆွဲဆောင်လိုက်သည်။ လူနှစ်ယောက်သည် အလွန်နီးကပ်ပုံပေါ်နေ၏။ ထို့အပြင် သာမာန်မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များကြားမှ အလှမ်းကွာဝေးပြီး ယဉ်ကျေးစွာ သုံးနူန်းသော ဟန်ပန်မျိုးနှင့် မတူညီပါချေ။  ယန်ရှစ်ရွှမ်း၏ လေသံက မကောင်းသော်လည်း ရိုးရှင်းစွာပင် ရင်းနှီးမှုကို ဖော်ပြနေသေးသည်။ မိတ်ဆွေများကြားတွင်သာရှိသော ရင်းနှီးမှုဖြစ်ပြီး သူတို့သည် စစနှောက်နှောက် ရှိနေပုံ ပေါ်နေလေသည်။

 

“ဟင် နင်က လတ်စသတ်တော့ ဆရာသခင်ယန်ရဲ့ မိတ်ဆွေလား။ နင် ငါ့ကို ဘာလို့ စောစောမပြောတာလဲ”

 

ဘေးအိမ်မှာ ခေါင်းဆောင်အဒေါ်ကြီးက ရုတ်တရက် အသိဝင်သွားသလို ဖြစ်သွားလေပြီး ချက်ချင်းလိုလို ယဲ့လီကို အထွန့်တက်သည်။

 

“နင်သာ ငါ့ကို ဆရာသခင်ယန်ကို လာတွေ့တာလို့ စောစောပြောလိုက်မယ်ဆိုရင် ငါ ဒီလောက် အချိန်ကုန် ခံနေမှာတောင် မဟုတ်ဘူး။ ဒီလိုဆိုရင် ငါ အရွက်ဈေးကို သွားပြီး အသားဝယ်ဖို့ နောက်ကျတော့မယ်”

 

သူသည် ပုံမှန်အားဖြင့် ယဲ့လီကို အာရုံမစိုက်ချင်ပေ။ အထူးသဖြင့် ယခုလိုမျိုး ရှိုးတွင်လည်း မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ၏အောက်တွင်လည်း မဟုတ်သော အခြေအနေမျိုးတွင် ဖြစ်သည်။ သိသာစွာပင် သူသည် ယဲ့လီ၏ သေရေရှင်ရေးကို ဂရုမစိုက်လိုပေ။

 

သို့သော် ယန်ရှစ်ရွှမ်းသည် ယဲ့လီက သူ့ကို သယ်ဆောင်လာပေးသည့် မနာခံလိုသလို အန္တရာယ် ပေးစွမ်းနိုင်သလို အာရုံခံနိုင်စွမ်းအားကို မှတ်မိနေသေးသည်။ ထို့ကြောင့် ယဲ့လီ၏ ကာရိုက်တာကို အစစ်အမှန် နားမလည်သေးခင် အခြားသူများ လုံခြုံရေးနှင့် အလောင်းအစား မလုပ်ဝံ့ပါချေ။

 

အထူးသဖြင့် ထိုအဒေါ်ကြီးများနှင့် ဘေးကပ်ရပ် နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးချိန်တွင် ယန်ရှစ်ရွှမ်းသည် ထိုဘေးအိမ်မှာ အဒေါ်ကြီးများဟာ တစ်ချက်ကြည့်ရုံဖြင့် စကားပြော ကောင်းသော လူမဟုတ်ကြောင်း ပေါ်ပေါက်နေသော်လည်း ယခုလိုမျိုး မိတ်ဆွေအများကြီးကို ခေါ်ထုတ် နိုင်ခဲ့သည့်တိုင်အောင် ဒီအတိုင်း အသက်အရွယ်ကြီးရင့်လာ၍ စကားများတတ်သော အလေ့အကျင့်ရှိရုံသာ ဖြစ်ကြောင်း နားလည်နေသည်။

 

တစ်ဖက်လူကသာ အမှန်တကယ် စိတ်လွတ်သွားခဲ့သော်_ _ _

 

“ဟုတ်သားပဲ ဒေါ်လေးချန်း အသား သွားဝယ်မလို့လား”

 

ယန်ရှစ်ရွှမ်းက ဘေးအိမ်မှ အဒေါ်ကြီးကို အေးစက်သောလေသံဖြင့် မေးလိုက်သည်။

 

“အခုမှ မသွားရင် အဒေါ့်ရဲ့မြေးက လိုချင်တဲ့နံရိုးက ကုန်သွားတော့မယ်”

 

“ဆရာသခင်ယန်က ဒါကိုလည်း သိပြန်တာပဲလား”

 

ဘေးအိမ်မှ အဒေါ်ကြီးက အနည်းငယ် အံ့ဩသွားပြီး သူမသည် ယဲ့လီကို ဆက်ပြီး အထွန့်တက်ချင်သော်လည်း ယန်ရှစ်ရွှမ်း ပြောသလိုမျိုး ဝက်နံရိုး ကုန်သွားမည့် အခြေအနေကို စိုးရိမ်မိလေသည်။ ထို့ကြောင့် ကို့ရိုကားယား ပြုံးရင်း ခပ်မြန်မြန် ထွက်သွားသည်။ ထိုသို့ဖြင့် ယဲ့လီကို ဝိုင်းထား‌သော လူအုပ်က လူစုကွဲသွား၏။

 

“သူက ဆရာသခင်ယန်ရဲ့ မိတ်ဆွေမှန်း ငါ မသိလို့ပါ။ သူက ဒီအတိုင်း ငါ့ရဲ့အိမ်ကို လာငှားဖို့ တောကြိုအုံကျားက တက်လာတဲ့ သူဆင်းရဲတစ်ယောက်လို့ ထင်နေတာလေ။ သူ့မှာ ပိုက်ဆံတောင် မထုတ်နိုင် ဟား ဟား ဟား ဒါက နားလည်မှု လွဲတာဆိုရင်တော့ ထားလိုက်ပါတော့။ ဆရာသခင်ယန် နောက်မှ ပြောကြမယ်နော်။ အခုတော့ မနှောက်ယှက်တော့ဘူး”

121 02

ဘေးအိမ်မှ အဒေါ်ကြီး၏ ဇာတ်ကြောင်းပြန်ပြောဟန် ဟန်အမူအယာများကို ကြည့်ရုံနှင့် ယန်ရှစ်ရွှမ်းဟာ အဖြစ်အပျက်ကို နားလည်လိုက်သည်။

 

လတ်စသတ်တော့ ယဲ့လီက မနက်စောစော ဒီနေရာကိုလာပြီး ယန်ရှစ်ရွှမ်းရဲ့ ခြံဝန်းအပြင်ဘက်မှာ စောင့်နေခဲ့တာ ဖြစ်လောက်မယ်။ မည်သို့ပင်ဆိုစေ မြို့ဟောင်းမှ အိမ်ငှားခဟာ အလွန်ဈေးပေါသောကြောင့် လူငယ်များဟာ မကြာခဏဆိုသလို အိမ်လာငှားတတ်သည်။ ထို့ကြောင့် ဘေးအိမ်မှ အဒေါ်ကြီးကလည်း မနက်စောစော အပြင်ထွက်ရင်း ဈေးသွားဟန် ပြင်နေရာမှ ရုတ်တရက် အိမ်‌ဘေးနားတွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်သဖြင့် အိမ်လာငှားသောသူဟု ထင်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ယဲ့လီဟာ ပိုက်ဆံမရှိ‌သော ပုံစံမျိုး ဝတ်စားထားလေရာ ဘေးအိမ်မှ အဒေါ်ကြီး၏ စိတ်အားထက်သန်မှုများ ကုန်လွန်သွားလေပြီး ချက်ချင်းလိုလို စိတ်ပျက် သွားရသည်။

 

ထို့အပြင် ယဲ့လီဟာ ဧည့်သည်များကဲ့သို့ စကားတစ်ခွန်းပင် မဆိုချေ။ ဘေးအိမ်မှ အဒေါ်ကြီးကို ကြည့်ပင်မကြည့်ချေ။ ထိုအခြေအနေက သူ့အား ဒေါသထွက်လာသလို သူ့အား အပြစ်မကင်းစိတ်ကိုလည်း ခံစားလာမိစေသည်။ ယဲ့လီဟာ သူမ ဈေးမြင့်ကာ ပြောထားသော အခြေအနေကို သိနေသည်လောဟု တွေးမိသွားသည်။ ထိုအတွက်ကြောင့် သူမဟာ ဒေါသထွက်လာပြီးနောက်တွင် ဘေးအိမ်မှ အဒေါ်ကြီးက မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရင်း စားသောက်စရာ ပစ္စည်းများ သွားဝယ်ရန် အပြင်ထွက်လာသော မိတ်ဆွေများကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ပို၍ပင် မနာလို ဖြစ်လောက်သော နည်းဟန်မျိုးနှင့် ပြောကာ ယဲ့လီတွင် ပိုက်ဆံမရှိဘဲ အိမ်လာငှားကြောင်း ဆိုလိုက်သဖြင့် ထိုအဒေါ်ကြီးများက ယဲ့လီကို ဝိုင်းကာ ကိုင်တွယ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

 

ယဲ့လီက ယန်ရှစ်ရွှမ်း နိုးလာသည်အထိ စိတ်ရှည်စွာ စောင့်ပြီးမှသာ ယန်ရှစ်ရွှမ်း၏ နာမည်ကို ခေါ်ခဲ့ခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်း ..ငါ တကယ်ကို နောက်လှည့်ပြိး အထဲပြန်ဝင်လို့ ဆက်အိပ်ချင်ပါတယ်။ ငါ မကြားသလို ဟန်ဆောင်ခဲ့သင့်တာ။

 

“အားလုံးပဲ မနက်စောစော လေ့ကျင့်ခန်း သွားလုပ်မှာ မဟုတ်ဘူးလား။ နောက်ပြီး  ဟင်းချက်စရာတွေ ဝယ်စရာ ရှိသေးတယ် မဟုတ်လား”

 

ယန်ရှစ်ရွှမ်း၏ ခံစားချက်မဲ့သော မျက်လုံးက သူ၏ ဘေးဘက်တွင် မှင်သေသေ စိုက်ကြည့်နေသော ကျန်ရစ်သည့် အဒေါ်ကြီးများကို တစ်ချက် ကြည့်လိုက်သည်။ ထိုတစ်ချက် ကြည့်ရုံနှင့်တင် ထိုအဒေါ်ကြီးများက တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ထားသလို ခက်ထန် ကြမ်းတမ်းသော ဟန်အမူအယာမှတဆင့် အပြစ်မကင်းသလို ဖြစ်ကာ အလျင်အမြန် လုစူကွဲသွားသည်။

 

ထိုသို့ဖြင့် အဝိုင်းခံထားရသော အနေအထားမျိုးမှ ကယ်တင် ခံလိုက်ရသည့် ယဲ့လီဟာ ပြုံးရင်း ယန်ရှစ်ရွှမ်း၏ အနားသို့ ခြေတံရှည်ကြီးများနှင့် လျှောက်လာသည်။

 

“ဒေါ်လေးချန်း”

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် လှည့်ထွက်ပြီး အဝေးသို့ လျှောက်သွားသည့် ဘေးအိမ်မှ အဒေါ်ကြီးကို လှမ်းခေါ်လိုက်ပြီး သူသည် သတိပေးသလို ပုံစံမျိုးဖြင့် သာမာန်ကာလျှံကာ ပြောလိုက်၏။

 

“အပိုင်းအစတိုလေးတွေ ကောက်ပြီး ပြန်ရောင်းတာက ပြဿနာ မရှိဘူး။ ဒါပေမဲ့ ဒါက တကယ်ပဲ အပိုင်းအစလား တစ်ခြားသူတွေ လိုအပ်တဲ့အရာလား ဆိုတာကို ကြည့်ရမယ်။ အခြားလူတွေရဲ့ ပစ္စည်းတွေကို ယူမိရင် ကံကြွေး တင်သွားတတ်တယ်။ ဒီတော့ အခြားသူတွေကို ပြန်ပေးဆပ်ရမယ် ဆိုတာကို သတိရပါ”

 

ဘေးအိမ်မှ အဒေါ်ကြီးက ကြောက်လန့်သွားသည်။

 

“ဆရာသခင်က ဒါကို ဘယ်လိုသိနေတာလဲ။ ဆရာသခင်ယန် ဆရာသခင်ယန် အခုတလော အိမ်မှာ မရှိဘူး မဟုတ်လား”

 

ယန်ရှစ်ရွှမ်းက မူလကမူ ဒီအတိုင်း ဘေးကပ်ရပ် နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် သတိပေးရုံသာ ဖြစ်သည်။ ဆက်လက်ပြီး စကားပြောရန်လည်း မပြင်ဆင်ထားပါချေ။ တစ်ဖက်သူက သူနှင့်လည်း အဆက်အသွယ် မရှိချေ။ ထို့ကြောင့် အများကြီး ပြောလွန်းလျှင် သူကိုယ်တိုင်အတွက်သာ ဆိုးကျိုးဖြစ်လာနိုင်သည်။

 

ထို့ကြောင့် ထိုဘေးအိမ်မှ အဒေါ်ကြီးကို လစ်လျူရှုထားလိုက်ပြီး တံခါးကို ပိတ်ရန် ပြင်ဆင်လိုက်သည်။

 

သို့ရာတွင် ယဲ့လီက မျက်လုံးလျှင်မြန်၏။ ထို့ကြောင့် လျှင်မြန်စွာဖြင့် ယန်ရှစ်ရွှမ်းက တံခါးပိတ်ရန် ပြင်ဆင်သည့် စက္ကန့်အနည်းအတွင်း အခွင့်ကောင်းယူပြီး တံခါးကြားကို ဟလျက် ခြံဝန်းထဲသို့ ဝင်လိုက်သည်။

 

ယန်ရှစ်ရွှမ်း “ခင်ဗျားက ဘာလို့ မဖိတ်ဘဲ ဝင်လာတာလဲ”

 

ယဲ့လီက တစ်ဖက်လှည့်ပြီး ခြံဝန်းထဲကို ကြည့်သည်။ သူဟာ သဘာဝကျသော အမူအယာနှင့် ကြည့်ရှုပြီးနောက် သူ၏မျက်ဝန်းက အလိုအလျောက်ပင် ယန်ရှစ်ရွှမ်းထံ ကျရောက်လာသည်။

 

“ငါ ဒီနေရာကို အိမ်လာငှားတာ မဟုတ်ပေမဲ့လည်း သူတို့ပြောတဲ့ စကားက ဖြစ်နိုင်တယ်။  ငါ့မှာ နေစရာ မရှိဘူး”

 

စိတ်ရှည်ရှည် နားထောင်ပေးနေသော ယန်ရှစ်ရွှမ်းကလည်း ယဲ့လီက စကားကို တစ်ဝက်တစ်ပျက် ရပ်နေကြောင်း သိလိုက်သဖြင့် သံသယအပြည့်နှင့် မေးလိုက်သည်။

121 03

“အဲဒီတော့”

 

ဒါက သူနဲ့ ဘာဆိုင်လို့လဲ။

 

ဒါက သူ့ကို လာမေးစရာလား။ နှစ်သိမ့် ပေးစေချင်လို့လား။

 

“ဒီတော့ ငါက မင်းဆီ ပိုက်ဆံ လာချေးတာ။ တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ဘေးနားမှာ အိမ်ငှားနေတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ခံစားလိုက်ရတယ်”

 

ယဲ့လီက ပြုံးပြီး ပြောသည်။

 

“မင်း လက်ထောက် ငှားချင်တယ်လို့ မပြောထားဘူးလား။ ငါကတော့ လက်ထောက်နေရာကို လျှောက်သင့်တယ်လို့ ထင်တယ်။ ငါ့ရဲ့အိမ်လခကို ပေးလို့ရရင် အဆင်ပြေတာပဲ”

 

ယန်ရှစ်ရွှမ်းက လက်တစ်ဖက် မြှောက်လျက် တံခါးဘက်သို့ ခံစားချက်မဲ့စွာ ညွှန်ပြသည်။

 

“တံခါးက အဲဒီမှာ ကိုယ့်ဘာသာကိုယ် သွား”

 

“ပိုက်ဆံချေးမယ် ဟုတ်လား။ ငါကိုယ်တိုင်တောင် တအားဆင်းရဲနေတာ။ ခင်ဗျား ဘာတွေ လာတွေးနေတာလဲ”

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် လှောင်သည်။

 

“ခင်ဗျား ကျန်းဝူပင်းဆီသွားပြီး ပိုက်ဆံ မချေးသင့်ဘူးလား။ ငါက ဒီရှိုးက ရသမျှ ငါ့ရဲ့ပိုက်ဆံတိုင်းကို လှူဒါန်းပြီးကာစပဲ။ မင်းက ငါနဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာများ ရှိနေတာလား”

 

ယဲ့လန်တောင်ထိပ်မှ ပြန်လာပြီးချိန်တွင် ယန်ရှစ်ရွှမ်းသည် ကျန်းဝူပင်းက သူ့ကိုပေးသမျှ ပိုက်ဆံတိုင်းကို အစိုးရထံ ယဲ့လန်တောင်ထိပ်၏ ဇီဝဗေဒ ပြန်လည်တည်ဆောက်ရေး အကြံအစည် နာမည်အောက်တွင် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

ထိုကိစ္စကို ယန်ရှစ်ရွှမ်း၏ ပရိတ်သတ်ငယ်လေးအဖြစ် ပြောင်းလဲသွားသော အန်းနန်ယွမ်က ကြားသောအခါ သူသည်လည်း သူ၏ရသည့် ဆုလဘ်တိုင်းကို အစိုးရထံ လှူဒါန်းလိုက်သည်။ အခြားသော ဧည့်သည်များကလည်း အလားတူပင် လုပ်ကြ၏။ ထိုသို့ဖြင့် အနည်းနှင့်အများ လိုက်လံလှူဒါန်းကြလေသည်။

 

ရလဒ်အနေဖြင့် ယန်ရှစ်ရွှမ်း၏ စုဆောင်းမှုက သုညသို့ ရောက်သွားသည်။ ရှိုးတွင် နှစ်ပိုင်းဝင်ပါပြီးနောက် အနည်းငယ် ဖောင်းသယောင်ယောင် ဖြစ်လာသည့် သူ၏အိတ်ကပင် ဗလာပြန်ဖြစ်သွားသည်။

 

ထိုအတွက်ကြောင့်လည်း ယန်ရှစ်ရွှမ်းဟာ နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ ဆင်းရဲနေရခြင်း ဖြစ်သည်။

 

ဖုန်းရွှေ ဖတ်ပေးတဲ့၊ ကံကြမ္မာ ဟောပေးတဲ့ ဆရာသခင်တွေ အများကြီး ရှိသည်။ ထိုလူများသည် ဒီအတိုင်း ရပ်နေရုံနှင့် လူအများက တောင်းပန်၍ ပိုက်ဆံတွေ လာပေးကြပေလိမ့်မည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ သူ၏ဆရာ လီချမ်းရွန် ထွက်သွားပြီးနောက်တွင် ဘယ်သောအခါမှ ဖုန်းရွှေ မဖတ်ပေးတော့သလို ကံကြမ္မာလည်း မဟောပေးချေ။ သူသည် အပနှင်ကာ သရဲသာ ဖမ်းပေးသည်။ သူ၏အရှေ့သို့ လူပေါင်းများစွာ လာရောက်ကာ အရေးကြုံနေသော အခြေအနေမျိုးနှင့် တောင်းပန်မည်ဆိုလျှင် သူ၏အခြေအနေမှ အကျိုးအပြစ် သက်ရောက်မှုအတိုင်း ဝန်ဆောင်ခကို တောင်းခံသည်။ ဘယ်သောအခါမှ အပိုမယူတတ်ချေ။

 

ထို့အပြင် ဧည့်သည်များက ယန်ရှစ်ရွှမ်းကို ပေးသော ပိုက်ဆံများကို ယန်ရှစ်ရွှမ်းက အနည်းနှင့် အများဆိုသလို အကူအညီလိုသော သူများကို ပြန်လည် ပေးလိုက်သည်ချည်းသာ ဖြစ်သည်။ ထို့ကြောင့် နည်းပေါင်းများစွာ ကြာခဲ့သည်အထိ ယန်ရှစ်ရွှမ်းသည် တစ်ပြားမှ မစုမိချေ။ နေထိုင်ရုံသာ လောက်လေသည်။ သို့သော် သူသည် ပိုက်ဆံကို ထိုမျှထိလည်း တန်ဖိုးမထားပါပေ။

 

ရှင်းလင်းစွာပင် ယန်ရှစ်ရွှမ်းက ယဲ့လီကို ငြင်းလိုက်သည် ဖြစ်သည့်တိုင်အောင် ယဲ့လီက ရှုပ်ထွေးသွားခြင်း မရှိချေ။ ထို့အစား သူသည် အခြေအနေကို မျှော်လင့်ထားပြီးသလိုမျိုး သူ၏ခြေတံရှည်များကို သုံးကာ အိမ်ထဲသို့ ဝင်သွားသည်။ ထို့နောက် တံခါးကို မှီရင်း လက်ကို မြှောက်လျက် လွတ်နေသည်မှာ ကြာလောက်ပြီဖြစ်သည့် အခန်းတံခါးကို ညွှန်ပြရင်း ယန်ရှစ်ရွှမ်းကို ပြုံးပြကာ မေးသည်။

 

“ဒီလိုဆိုမှတော့ ငါ ဒီမှာ ရက်အနည်းငယ်လောက် နေရင် ဘယ်လိုလဲ”

 

ယန်ရှစ်ရွှမ်းက ဒေါသတကြီး ရယ်သည်။ တစ်ဖက်သူဟာ အရှက်မဲ့လွန်း၏။

 

“ခင်ဗျားက ငါ့ကို တကယ်ယဉ်ကျေးမနေဘူးဘဲ။ ငါတို့ အချင်းချင်း ရင်းနှီးကြလို့လား။ ငါက ခင်ဗျားကို ပိုက်ဆံ ချေးရလောက်အောင်၊ အိမ်ထဲ ခေါ်သွင်း ရလောက်အောင် ဘယ်လောက်များ ပတ်သက်မှု ရှိနေလို့လဲ။ နောက်ပြီး ခင်ဗျားက ဒါရိုက်တာရဲ့လက်ထောက် မဟုတ်လား။ ကျန်းဝူပင်းကို သွားရှာလေ”

 

“ဟင့်အင်း ငါ ကြောက်တယ်”

 

ယဲ့လီက မျက်နှာထား ပြောင်းလဲခြင်းပင် မရှိဘဲ ခပ်တည်တည် ပြောသည်။

 

“ဟိုင်ရွန်ဘုရားကျောင်းက လူတွေပြောတဲ့အတိုင်းဆိုရင် ဒါရိုက်တာက သရဲတွေကို ဆွဲဆောင်နိုင်တယ်တဲ့။ ငါ ဒါရိုက်တာရဲ့နောက်ကို လိုက်ရင် ငါ့ပါ ဒုက္ခရောက်သွားမှာကို ကြောက်တယ်။ ဒါကြောင့် မင်းရဲ့နောက်ကို လိုက်မှ လုံခြုံမှာ”

 

ယန်ရှစ်ရွှမ်း “_ _ _”

 

“နောက်တစ်ခါ ခင်ဗျား လိမ်ချင်ရင် ဒါမှမဟုတ် ကြောက်ချင်ယောင် ဆောင်ချင်ရင် နည်းနည်းပိုပြီး အယုံသွင်းနိုင်ဖို့ ကြိုးစားစမ်းပါ။ ခင်ဗျား ဒီလိုပြောနေတဲ့အချိန်မှာ ခင်ဗျားမျက်နှာမှာ သရဲ မကြောက်ဘူး။ ဘာခံစားချက်မှ မရှိဘူးဆိုတဲ့ ပုံစံမျိုးကို ချိတ်ဆွဲရေးထားတယ် မဟုတ်ဘူးလား။ ကျေးဇူးပါပဲ”

121 04

ယဲ့လီက ယန်ရှစ်ရွှမ်းက ဖော်ထုတ် လိုက်သောကြောင့် ထိတ်လန့်သွားခြင်းလည်း မရှိချေ။ ထို့အစား သဘာဝကျသော မျက်နှာထားမျိုးနှင့် ပြောသည်။

 

“အနည်းဆုံး ငါတို့က အတူတူပူးပေါင်းပြီး လုပ်နိုင်တယ်လေ။ ယန်ရှစ်ရွှမ်း မင်း ငါ့ကို လမ်းပေါ်မှာ နေတာမျိုးကို ကြည့်ရက်လို့လား။ ငါ့မှာ သွားစရာ နေရာလည်း မရှိဘူး။ ငါက မင်းရဲ့အိမ်ရှေ့မှာ ဆောင့်ကြောင့်ထိုင်စောင့်ရုံပဲ တတ်နိုင်မှာ။ ဒီလိုနဲ့ ဘေးအိမ်တွေကို အနှောက်အယှက် မဖြစ်စေဖို့ မျှော်လင့်ရတာပဲ။ သူတို့က ညအချိန်တွေ ငါ့ကြောင့် လန့်သွားခဲ့မယ်ဆိုရင်တော့ ငါကတော့ အပြစ်ကင်းတယ်လို့ ပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါ့မှာ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတစ်ယောက်တည်း ရှိတာ။ သူက ငါ့ကို ဝင်ခွင့် မပြုဘူးလေ”

 

ယန်ရှစ်ရွှမ်းက ဒေါသထွက်လွန်းသဖြင့် အော်ရယ် လိုက်ချင်သွားသည်။

 

“ခင်ဗျားရဲ့မျက်နှာက သံမဏိမြို့ရိုးနဲ့ပဲ လုပ်ထားတာလား။ ငါတို့ဘယ်အချိန်က မိတ်ဆွေ ဖြစ်သွားတာလဲ။ ဘာလို့ ငါတောင် မသိရတာလဲ”

 

“ငါတို့ အရင်ဝံပုလွေရိုင်းတောင်ထိပ်မှာ အတူစခန်းချနေတဲ့ အချိန်ကလေ။ ငါက ချက်တာ တော်တယ်လို့ မထင်ဘူးလား”

 

ယဲ့လီက ယန်ရှစ်ရွှမ်းနှင့် ဆက်လက်ပြီး မငြင်းခုံနေဘဲ သူ၏ဆံပင်ကို ချောမွေ့အောင် တစ်ချက်သပ်ရင်း ရှေ့သို့ တစ်လှမ်း တိုးလာသည်။

 

“မင်းက ကြင်နာတတ်ပါတယ် လူကြီးမင်းယန်။ မင်းက ကြင်ကြင်နာနာနဲ့ ငါ့ကို ရက်အနည်းငယ်လောက် ခေါ်ထားပေးမယ်ဆိုရင် ငါက မင်းကို ကူညီပြီး ချက်ပြုတ် ပေးလို့ရတယ်။ ငါက ကျွမ်းကျင်စားဖိုမှူးတွေလောက် မကောင်းပေမဲ့လည်း စားလို့တော့ အဆင်ပြေဦးမှာပါပဲ။ နောက်ပြီး ငါက ငါ့ရဲ့လုပ်အားနဲ့ အိမ်ငှားခကို ပေးမယ်လေ ဘယ်လိုလဲ”

 

ယန်ရှစ်ရွှမ်းက မူလကမူ စကားကို ရုတ်ချည်းရပ်လိုသော်လည်း ထိုစကားကို ကြားပြီချိန်တွင် လည်ချောင်းက တစ်ချက် လှုပ်ခတ်သွားသည်။

 

သူသည် ယဲ့လီကို စိတ်ရှုပ်ထွေးစွာနှင့် အထက်အောင် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး တစ်ဖက်သူသည် မည်သို့ပင် ကြည့်ကြည့် ဟင်းချက်တတ်သည့် စာဖိုမှုးတစ်ယောက်နှင့် တူမနေပါချေ။

 

မဟုတ်သေးဘူး။ ဘယ်လိုကြည့်ကြည့် ဒီလောက က သက်ရှိလူတစ်ယောက်နဲ့ကို မတူနေတာ။

 

သူ၏ကိုယ်တွင် လူသားဆန်သည့် အရိပ်အယောင် တစ်စွန်းတစ်စမှ မရှိပါချေ။ သူသည် မြောက်ပိုင်းဝင်ရိုးစွန်းမှ ပြန်လာသောလူလို အေးစက်နေခဲ့သည်။

 

ချက်တတ်တယ် ဟုတ်လား။

 

သူ့ကို လာလိမ်နေတာလား။

 

ယဲ့လီက သူ့အား သဘာဝကျသော အမူအယာမျိုးဖြင့် ကြည့်ပြီး ပြုံးရင်း အကြံပေးလာသည်။

 

“မင်း သိချင်နေတယ် ဆိုကတည်းက ဘာလို့ မစမ်းကြည့်တာလဲ။ မင်း ဘေးအိမ်က လူအိုကြီးတွေကိုတော့ မခြောက်စေချင်ဘူး မဟုတ်လား”

 

ယန်ရှစ်ရွှမ်းက အပြုံးတုနှင့် ပြောသည်။

 

“ခင်ဗျားက သူတို့ကို သေအောင်ခြောက်လန့်မိမယ်လို့ ဘယ်လိုများ အကျိုးအပြစ်ကို တွက်ချက် လိုက်တာလဲ။ နောက်ပြီး ဒီကိစ္စက ငါနဲ့ပတ်သက်နေတယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကိုသာ အိမ်ထဲ မခေါ်သွင်းရင် အဲဒီလူတွေကို အမှန်တကယ် သွားခြောက်မယ်လို့ ပြောနေတဲ့ ပုံစံပေါက်နေတယ်”

 

ယဲ့လီက ယန်ရှစ်ရွှမ်းဟာ ယိမ်းယိုင်လာကြောင်း မြင်လိုက်ရချိန်တွင် သံမဏိကို ပူတုန်းထုရင်း ပြောလိုက်သည်။

 

“နှစ်ရက်တည်းပါ။ ရှိုးပြန်စပြီး ရိုက်ကူးတဲ့အခါ ငါ ပြန်ထွက်သွားမှာပါ”

 

ယဲ့လီနှင့် အဖက်ဖက်မှ ဆွေးနွေးပြီးနောက် ယန်ရှစ်ရွှမ်းသည်လည်း သူ သေချာ နားမလည်သေးသော လူအား အပြင်ဘက်တွင် ဒီအတိုင်းထားခြင်းက အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အနားတွင် ခေါ်ထားခြင်းက ပို၍လုံခြုံလောက်သည်။

 

သူက မမြင်သေးလျှင်လည်း အဆင်ပြေပြန်သည်။ ယခုလို မြင်ပြီးချိန်တွင်မူ ဒီအတိုင်း လွှတ်ထားမိလျှင်လည်း စိတ်မအေးနိုင်လောက်ချေ။

 

******