Ch 124
Viewers 6k

124 01

အပိုင်း (၁၂၄)

 

“ငါလည်း ယန်သော့ကို ကတိပေးလိုက်တာပေါ့။ အဲ့ဒီညက ငါက ဟွားအာကို ခေါ်ပြီး အမှောင်ထုရဲ့ အကာအကွယ်ကို ယူလို့ ထွက်ခွာလာခဲ့တယ်။ ငါ ရွာကနေ ငါတို့ လူတွေနေတဲ့ နေရာဆီ ရောက်ဖို့ မြောက်ပိုင်း တောက်လျှောက် ထွက်ပြေးလာခဲ့တာ။ ငါ ပင်းဟိုင်မြို့ မရောက်မချင်း တောက်လျှောက် မရပ်ရဲခဲ့ဘူး။ မြို့ကြီးကို ရောက်တော့မှ ဒီမြို့မှာတော့ ငါတို့ကို ဖမ်းမဲ့ ကလန်အဖွဲ့ဝင်တွေ ရောက်လာရင်တောင်မှ ရဲခေါ်လို့ ရသေးတယ်လို့ စဉ်းစားခဲ့တာ။ နောက်ပြီး ငါ ယန်သော့ကို ပေးခဲ့တဲ့ကတိကို မမေ့ပါဘူး။ ဟွားအာကို အခြေချပြီးတဲ့နောက်မှာ ငါ ရွာကို တစ်ယောက်တည်း ပြန်သွားခဲ့တယ်။ ငါ ယန်သော့ကို တစ်ခါတည်း ခေါ်သွားခဲ့ဖို့ပေါ့။ ဒီလို ဆုံးဖြတ်ပြီး ငါ ပြန်သွားခဲ့တာပါ။ ဒါပေမဲ့ _ _ _”

 

ခေါင်းဆောင်၏ အမူရာက ဝမ်းနည်းသွားပုံ ပေါ်သည်။ သူ၏ မျက်လုံးထဲမှ ကြောက်လန့်မှုနှင့် မုန်းတီးမှုများက ဇနီးနှင့် ညီမဖြစ်သူထံ ချိန်ရွယ်ထားခြင်း မဟုတ်လေဘဲ ထိုအချိန်က မြင်ခဲ့ရသည့် မြင်ကွင်းများနှင့် ရွာမှ လူများကို ရည်ရွယ်ချင်း ဖြစ်လောက်သည်။

 

“ယန်သော့က သေနေပြီ”

 

ထိုသူဌေးက ခပ်တိုးတိုး ပြောသည်။

 

“အဲဒီ ညီမလေးက အရွယ်တောင် ရောက်သေးတာ မဟုတ်ဘူး။ ဆယ့်လေးနှစ်ပဲ ရှိသေးတာ။ ဒါပေမဲ့ သေသွားပြီ”

 

ထိုအချိန်က ယန်ကွမ်းဟာ ရွာသို့ အပြေးသွားခဲ့သည်။ သူသည် ရွာဟာ လူသူပြတ်လပ်သလို အယူသီးစိတ် များလွန်းသော ဓလေ့ထုံးတမ်းမျိုး ရှိကြောင်း နားလည်သည့်အတွက် ရွာအတွင်းသို့ တိုက်ရိုက် မဝင်သွားခဲ့ချေ။

 

ထို့အစား ရွာထဲမှ အိုဟောင်းနေသော ထင်းတဲအတွင်းတွင် ဝင်ပုန်းလျက် သူ၏ ငယ်သူငယ်ချင်းနှင့် ညအချိန် ခိုးတွေ့ခဲ့သည်။ ဒီနည်းအားဖြင့် သူက ဟွားအာနှင့် ထွက်သွားခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များကို သိလိုခဲ့သည်။

 

သို့ရာတွင် သူ၏ မိတ်ဆွေက သူကို ဒေါသတကြီး လက်သီးနဲ့ထိုးပြီး သူက ယန်ဟွားနဲ့ မိသားစုကို ဒုက္ခပေးခဲ့ကြောင်း ပြောလေသောကြောင့် ယန်ကွမ်းက အံ့ဩသွားသည်။ ထို့နောက် သူ၏ သူငယ်ချင်းဖြစ်သူထံမှတစ်ဆင့် သူ ယန်ဟွားနှင့် ထွက်ပြေးခဲ့သည့် ညတွင် ထိုတောင်ပေါ်မှ ရွာက အခြေနေကို ခပ်မြန်မြန် သိသွားကြောင်း သိလိုက်သည်။

 

ဒေါသထွက်သွားသော ကလန်ခေါင်းဆောင်က ထိုအခြေနေဟာ နယ်မြေနတ်ဘုရားကို မရိုမသေပြုခြင်းဟု ယူဆလိုက်ကြသည်။ လူတစ်ယောက်တည်းဖြင့် နယ်မြေ ငြိမ်းချမ်းအောင် စတေးနိုင်မည့် အခြေအနေက ဒေါသကြောင်း ပိုဆွပေးသလို ဖြစ်သွားသည့်အတွက် စ‌တေးခံ ပိုလိုလာသည်ဟု ဆိုလေသည်။

 

ထို့အတွက်ကြောင့် ခေါင်းဆောင်၏ အမိန့်အောက်တွင် ယန်ဟွား၏ အဘွား၊ အမေနှင့် ညီမဖြစ်သည့် ကျန်သော အမျိုးသမီးသုံးယောက်လုံးကို အလားတူ ဒေါသထွက်နေကြသည့် ရွာသားများက ဘိုးဘေးခန်းမထဲသို့ အတင်းခေါ်ကာ ဆွဲသွင်းသွားခဲ့သည်။

 

သူတို့၏ အပြစ်များကို ဘိုးဘေးများနှင့် နယ်မြေနတ်ဘုရားထံ ပြောဆိုတောင်းပန်ပြီးနောက် ဒေါသကို ပြေလျော့စေရန် အလို့ငှာ ထိုအမျိုးသမီး သုံးယောက်ကို ချို့ယွင်းချက် မရှိ အခေါင်းအတွင်းသို့ ထည့်လျက် နယ်မြေနတ်ဘုရားအတွက် စတေးခံအဖြစ် သတ်မှတ်ပြီး ဘိုးဘေးခန်းမ၏ မြေဆီလွှာအောက်တွင် အရှင်လတ်လတ် မြှုပ်ခဲ့သည်။

 

မိတ်ဆွေဖြစ်သူ ပြန်ပြောပြသည့် ပုံပြင်ကို ပြန်နားထောင်ပြီးနောက် ယန်ကွမ်းဟာ ယန်ဟွား၏ ရွာအတွင်းသို့ အပြေးဝင်သွားခဲ့သည်။ ည၏ အမှောင်ကို အရယူပြီး သူတို့၏ အိမ်သို့ ဝင်သွားခဲ့သည်။ သို့ရာတွင် အိမ်ဟာ ရှင်းလင်း တိတ်ဆိတ်နေသည်။

 

အတိတ်တွင် သူက လာသောအချိန်တိုင်းလိုလို ယန်ဟွား၏ အဘွားက သူ့ကို အပြုံးနှင့် စနောက်တတ်သည့် ထိုအိမ်ကြီးဟာ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။ ယခု ယန်ဟွား၏ အမေအပိုင် ပစ္စည်းများကိုလည်း ခြံဝန်းထဲသို့ လွှတ်ပစ်ခံထားရ၏။ မီးလောင်တစ်ဝက် ကျန်တစ်ဝက် အကြွင်းကျန် အချို့ကိုသာ မြင်ရသည်။ အနံ့ကလည်း အလွန်ဆိုးရွားလွန်းသည်။

 

သူက ခေါ်ထုတ်သွားပါမည်ဟု ကတိပေးထားခဲ့သည့် မိန်းမငယ်လေးကမူ သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။

 

ရှင်းလင်းသော အိမ်ထဲတွင် လူတစ်ယောက်၏ ဟောက်သံကိုသာ ကြားရ၏။ ထိုအသံက ညအချိန်တွင် ကျယ်လောင်လွန်းလေရာ ယန်ကွမ်းက သူ၏ နှလုံးသားဟာ အလွန်လေးလံလာသလို ခံစားလိုက်ရသည်။

 

မိတ်ဆွေပြောသော တည်နေရာအတိုင်း ယန်ကွမ်းက ဘိုးဘေးခန်းမထံသို့ သွားခဲ့သည်။ သူသည် အံ့အားသင့်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုကို မစောင့်နိုင်သလိုမျိုး သူ၏ လက်ဗလာကို သုံးပြီး မိတ်ဆွေဖြစ်သူ ပြောခဲ့သည့် နေရာတွင် ဆက်တိုက် တူးထုတ်ကာ ယန်ဟွား၏ မိသားစုကို ကယ်တင်နိုင်ရန် မျှော်လင့်ခဲ့သည်။

 

သို့ရာတွင် အသစ်စက်စက် ပြောင်းလဲထားသော မြေဆီလွှာက သူ၏ ခြေထောက်အောက်တွင် ခိုင်မြဲမှုပင် မရှိသေးသဖြင့် ယန်ကွမ်းက အလွယ်တကူ တူးဆွခွင့် ရလိုက်သည်။ အောက်ဘက်တွင် ပေါ်လာသည်မှာ သံဖြင့်ရိုက်ကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော အခေါင်းသုံးခေါင်း ဖြစ်သည်။ အတွင်းမှ အသံကိုပင် မကြားရချေ။

124 02

တိတ်တဆိတ် ငိုနေသည့် ယန်ကွမ်းက သူ၏ဘေးမှ လယ်ယာသုံး ကိရိယာများနှင့် အခေါင်းကို ဆက်တိုက် ထုရိုက်ခဲ့သည်။ သို့ရာတွင် အားနည်းသော လရောင်၏ အကူညီအောက်တွင် အခေါင်းအတွင်းတွင် လှဲနေသည့် ယန်သော့၏ အလောင်းကို မြင်လိုက်ရသည်။

 

သူမသည် ခမ်းနားထည်ဝါလွန်းသော အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခေါင်းတွင်လည်း လှပသော ကျောက်မြတ်ရတနာများကို စီခြယ်ထားသည်။ သူမသည် နယ်မြေနတ်ဘုရားထံသို့ သတို့သမီးအဖြစ် ဆက်သခံရသလိုမျိုး ဝတ်ဆင်ထားသည်။

 

သို့ရာတွင် အရာအားလုံးဟာ ကြည့်ကောင်းလွန်းသော်လည်း ထိုသတို့သမီးကမူ သေသွားရသည်။

 

ခေါင်းဘီး၏ ဘေးဘက်ခြမ်းက မီးလောင်ကျွမ်းနေသလို ရတနာများကလည်း ရှုပ်ပွနေသည်။ အဝတ်စားကလည်း သွေးစက်များ စွန်းထင်းနေပြီး ရှုပ်ထွေးနေ၏။

 

အခေါင်းအတွင်းဘက်တွင် လက်သည်းများ၏ ကုတ်ခြစ်ရာများ ပြည့်နှက်နေသည်။ ယန်သော့၏ လက်ဆယ်ချောင်းလုံးက စုတ်ပြတ်သက်နေပြီး သွေးအလိမ်းလိမ်း ဖြစ်နေကာ အရိုးကိုပင် မြင်နိုင်သည်။

 

ယန်ကွမ်းက အခေါင်းကို ဖွင့်နေခဲ့ချိန်တွင် ယန်သော့ဟာ ထရန် ကြိုးစားနေသည့် အနေထားမျိုး၌ ရှိနေခဲ့သည်။ သူမသည် အခေါင်းကို ဖွင့်ပြီး ထွက်ချင်ခဲ့ပုံ ရသည်။

 

သို့ရာတွင် သူမ၏ ပြူးကျယ်နေသော မျက်လုံးက အသက်မဲ့နေခဲ့ပြီ ဖြစ်ပြီး ယခင်က လှပပြီး အသက်စွမ်းအား အပြည့်ရှိခဲ့သော မျက်လုံးက တိမ်များ ထူထပ်လျက် မှေးမှိန်သောပုလဲလုံးအသွင် ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့သော် ထိုအတွင်းထဲတွင် အငြိုးတရားများက ကျန်ရစ်နေသည်။

 

ယန်ကွမ်းဟာ မနေနိုင်ဘဲ ငိုမိသည်။ သူသည် မူလကမူ ယန်သော့၏ အလောင်းကို သယ်သွားချင်ခဲ့၏။ သို့သော် သူက သူမကို အရှင်လတ်လတ် မသယ်ထုတ်သွားနိုင်လျှင်ပင် သူမ သဘောမကျသော နေရာမျိုးတွင် ဆက်မထားချင်ခဲ့ပေ။

 

သို့ရာတွင် ယန်ကွမ်း၏ အခေါင်းကို ထုရိုက်သော အသံက ရွာကို အထိတ်တလန့် ဖြစ်သွားစေခဲ့လေရာ သူတို့က သူ၏နောက်သို့ လိုက်ဖမ်းကြလေသည်။

 

စိတ်ပျက်အားငယ်စွာ ယန်ကွမ်းဟာ သူကိုယ်တိုင်သာ လွတ်အောင် ပြေးသွားရသည်။

 

“ငါ ပြန်လာပြီးတဲ့နောက်မှာ ဟွားအာကိုလည်း ညီမဖြစ်သူ၏ အခြေနေကို မသိစေချင်ခဲ့ဘူး။ ဒါပေမဲ့ ဟွားအာက ညီမဖြစ်သူက လာပြီးနှုတ်ဆက်တယ်လို့ အိပ်မက် မက်တယ်တဲ့။ ဒါကြောင့် ငါ ရွေးချယ်စရာမရှိပဲ ရွာက ဆိုးရွားလွန်းတဲ့ အခြေနေကို ပြောပြလိုက်ရတယ်။ ဒါပေမဲ့ သူရဲ့ ညီမဖြစ်သူကိုတော့ ကျန်းမာ‌ရေးမကောင်းလို့ သေသွားတယ်လို့ပဲ ပြောလိုက်ရတာပေါ့”

 

သူဌေးက သူ၏ ခေါင်းကို နာကျင်စွာ အုပ်ထားပြီး ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“ဟွားအာလည်း ရွာရဲ့ ဓလေ့ထုံးတမ်းကို သိတယ်။ ဒါကြောင့် ရွာကို ပြန်ပြီး ညီမဖြစ်သူရဲ့ အုတ်ဂူကို မြင်ချင်တဲ့အကြောင်း ဘယ်တော့မှ မပြောတော့ဘူး။ ငါကလည်း လိမ်ထားတာ။ သူရဲ့ ညီမ ဘယ်လောက် ဆိုးဆိုးရွားရွား သေသွားသလဲ ဆိုတာကို မသိစေချင်ဘူးလေ။ ဒီအတိုင်း သူရဲ့ညီမလေးက အိပ်နေရင်းနဲ့ လှလှပပလေး သေသွားတယ်လို့ပဲ တွေးစေချင်ခဲ့တာ။ အဲဒီရွာကလူတွေက တကယ်ကို သားရဲကောင်တွေ လူအကျင့်စရိုက်ကို မသိတဲ့ သားရဲကောင်တွေပဲ”

 

“လူကြီးမင်းယန် ငါ့ကို ပြောပါဦး။ ငါ အခု ယန်သော့နဲ့ ပေးထားတဲ့ ကတိကို ဘယ်လိုများ တည်အောင် ဖြည့်ဆည်း ပေးရမှာလဲ။ ငါ သူမကို ရွာထဲက ထုတ်လို့ မရနိုင်ဘူးလေ”

 

သူ‌ဌေးက အော်ငိုသည်။

 

ယန်ရှစ်ရွှမ်းက တိတ်တဆိတ် နားထောင်နေပြီးနောက် အကြံတစ်ခု ရလာသည်။

 

“ခင်ဗျားရဲ့ အိမ်ကိုသွားပြီး ခင်ဗျားရဲ့ ဇနီးဘာလုပ်နေတာလဲ ဆိုတာကို သွားကြည့်ရအောင်။ အဲဒီနောက် ငါ ကူညီပေးနိုင်လောက်တယ်။ နောက်ပြီး ခင်ဗျားရဲ့ တောင်းဆိုမှုကို လက်ခံတယ်”

 

“ခင်ဗျားရဲ့ ဇနီးရဲ့ ရွာက နာမည်ဘာလဲ”

 

“ဝမ်ကျစ်ရွာ။ ငါတို့ရွာက တောင်ရဲ့ အခြားတစ်ဖက်ခြမ်းမှာ ကျားချွမ်ရွာလို့ ခေါ်တယ်”

 

မနက်စာဆိုင် ပိုင်ရှင်က ယန်ရှစ်ရွှမ်းကို အကူအညီ တောင်းခံပြီးနောက် သူဌေးက မနက်စာစားပြီး တံခါးကို တုန်ယင်သော လက်ဖြင့် ခပ်မြန်မြန် ပိတ်လိုက်သည်။ သူသည် သန့်ရှင်းရေးလုပ်ရန် အချိန်မရှိတော့ပေ။ ယန်ရှစ်ရွှမ်းကို အိမ်သို့ခေါ်သွားရန်ပင် မစောင့်နိုင်တော့ချေ။

 

သူဌေးက ဇနီးဖြစ်သူနှင့်အတူ ဒီရွာမှ ထွက်ပြေးလာခဲ့သည့်အပြင် သူကိုယ်တိုင် မျက်လုံးဖြင့် ဇနီးဖြစ်သူ မိသားစုမှ အမျိုးသမီးများ ခံစားလိုက်ရသည့် ရက်စက်မှုကို တွေ့မြင်ခဲ့လေရာ နှစ်ပေါင်းများစွာ ကြာသည်ထိ ပြန်မသွား ဖြစ်တော့ချေ။ အိမ်ထောင်စု စာရင်းအတွက်ကမူ သူ ယခုထိပင် မလုပ်ရသေးချေ။ ထိုကြောင့် မြို့ဟောင်း၏ ချောင်ကျသော အပိုင်းတွင်သာ နေနိုင်လေသည်။ ထို့အပြင် အိမ်ငှားနေခြင်းလည်း ဖြစ်သည်။ ယန်ရှစ်ရွှမ်းနှင့် ယဲ့လီတို့က မှေးမှိန်သော လမ်းမီးရောင်အောက်တွင် နောက်မှ လိုက်သွားသည်။ မကြာခဏဆိုသလို လမ်းဘေးသို့ လှည့်ပြီး ဖြတ်ဖြတ်စီးသွားသည့် စက်ဘီးများကိုလည်း ရှောင်ရသေးသည်။ သူတို့သည်လည်း အလွန်နိမ့်လွန်းသော အမိုးအစွယ်များက သူတို့၏ ရှည်လျားလွန်းသော အရပ်များနှင့် မအပ်စပ်သောကြောင့် ငုတ်ကိုင်းကာ သွားရသည်။

124 03

ယဲ့လီကမူ ယခုလို ဝန်းကျင်မျိုး သူတစ်ကြိမ်မှ မရောက်ဖူးချေ။ သူသည် အရပ်ရှည်ပြီး သွယ်လျသည်။ သို့သော် ကျဉ်းမြောင်းသော လမ်းကို ဖြတ်သောအခါ သူ၏ လက်နှင့် ခြေထောက်များကို ကွေးထားရသည့်အတွက် မသက်မသာ ဖြစ်သလို ခံစားရစေသည်။ ဘေးဘက်မှ ယန်ရှစ်ရွှမ်းကို ရယ်မိစေလေသည်။

 

“ခင်ဗျားအနေနဲ့ ဒီလိုနေရာမျိုးကို လာတာ ပထမဆုံးလား”

 

ယန်ရှစ်ရွှမ်းက သူ၏ မြန်သော လက်များဖြင့် ယဲ့လီကို ဘေးဘက်သို့ ခပ်မြန်မြန်ဆွဲပြီး နံရံဘက်သို့ ကျောကပ်ခိုင်းလိုက်သည်။ ဒီနည်းအားဖြင့် တစ်ဖက်မှ ဆိုင်ကယ်ကို အသားကုန် မောင်းလာသော ဆံပင်ဝါနှင့် လမ်းသရဲကောင်များကို ရှောင်ရှားပြီးရာ လုံလောက်သည်။ မတော်တဆ ကားဖြင့် ခြစ်မိမည့် အနေထားမျိုးမှလည်း ကာကွယ်လိုက်နိုင်သည်။

 

ထိုလမ်းသရဲကောင်လေးက ယဲ့လီကို ဘေးတစ်စောင်း လှမ်းကြည့်သွားလေပြီး ညစ်ညမ်းသော စကားကို ခပ်တိုးတိုး ပြောသွားသည်။

 

လူများကို အပနှင်ရန် ကူညီပေးရာတွင် လမ်းပေါ်တွင် ဖြတ်သွားနေကြ ဖြစ်သောကြောင့် ယန်ရှစ်ရွှမ်းသည်လည်း ဒီလိုအခြေနေမျိုးကို တွေ့ကြုံခဲ့ပြီးသား ဖြစ်သည်။ နယ်မြေ အရပ်ရပ်မှ ကောင်းမွန်သူ၊ ဆိုးယုတ်သူတိုင်းကို မြင်ပြီးသားဖြစ်လေရာ ထိုလမ်းသရဲလောက်ကို ဂရုမစိုက်နေပါချေ။

 

ယဲ့လီကမူ မျက်တောင်တစ်ချက် ဝင့်လျက် ထိုလမ်းသရဲ ထွက်သွားသော ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းက သူ့ကို ကိုင်ထားသည့် လက်ကို ပြန်ကြည့်လိုက်သည်။

 

“မင်းကြောင့် ငါ ပထမဆုံးတွေ အများကြီးကို တွေ့ကြုံရလိုက်တယ်”

 

ယဲ့လီက လက်ကိုမြောက်လျက် ယန်ရှစ်ရွှမ်း ပုခုံးပေါ်သို့ ကျနေသည့် နံရံပေါ်မှ ဖုန်များကို အသာခါပေးလိုက်ရင်း မျက်လုံးထဲမှ အပြုံးနှင့်ပြောသည်။

 

“မင်းတော့ ဒီလိုဝန်းကျင်မျိုးနဲ့ ပက်သက်ပြီး တော်တော်လေးကို သက်တောင့်သက်သာ ရှိနေတဲ့ ပုံစံပဲ။ ဒီနေရာကို မကြာခဏ လာဖြစ်တာလား။ မနက်စာဆိုင်က ပြောတဲ့လူအတိုင်းဆိုရင် မင်းက သူ့ရဲ့အိမ်ကိုသွားပြီး အပနှင်ပေးဖူးတယ်ဆို”

 

“ခင်ဗျား မြင်တဲ့အတိုင်းပဲ”

 

ယန်ရှစ်ရွှမ်းက ဂရုမစိုက်သလို ပုခုံးတွန့်လိုက်ပြီး ယဲ့လီ၏ ပုခုံးပေါ်မှ လက်ကိုခါသည်။ သူသည် အခြားသောသူများက သူနှင့်အလွန်နီးကပ်နေသည့် အခြေနေမျိုးကို သဘော မကျပေ။

 

“ခင်ဗျားအရင်က ဝံပလွေရိုင်းတောင်ထိပ်မှာ မြင်ခဲ့တယ် မဟုတ်ဘူးလား”

 

“လူချမ်းသာတွေကို ကံကြမ္မာ ဟောပေးတာ။ သူတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲပေးတာတွေ သူတို့ရဲ့ ကြွယ်ဝမှုအတွက်ကြောင့်နဲ့ ဘိုးဘေးဂူ ရွှေ့ပေးတာတွေအစား ငါကတော့ အမှန်တကယ် လိုအပ်တဲ့နေရာတွေကိုပဲ ကူညီပြီး အပနှင်တာ၊ သရဲဖမ်းတာတို့ကို လုပ်ပေးတယ်”

 

ယန်ရှစ်ရွှမ်းအသံက ပေါ့ပါးသည်။ သူသည် သူ၏ ကိစ္စများကို လုပ်ပုံနှင့် နှစ်ပေါင်းများစွာ အတွေ့ကြုံကြောင့် ကျင့်သားရနေခဲ့ခြင်း ဖြစ်လောက်သည်။

 

“သူတို့က လက်လှမ်းမမှီနိုင်တဲ့ နယ်ပယ်အလွန်မှာ ကြုံတွေ့စရာ အများကြီး ရှိလာမှာပဲ။ အဲဒီအခါ ဒါတွေကို ဘယ်လိုဖြေရှင်းရမယ်။ ဘယ်သူ့ကို အကူအညီ တောင်းမလဲ ဆိုတာကိုလည်း မသိကြဘဲ ဒုက္ခရောက်နေကြတယ်။ အချိန်ကြာလာတဲ့ခါ သူတို့ကို သတ်ဖြတ်နိုင်တဲ့ ဆိုးယုတ်တဲ့ မိစ္ဆာဝိဉာဉ်မျိုးကို ရင်ဆိုင်နိုင်သေးတယ်။ အဲဒီအခါ အခြေအနေက အလျင်လိုနေပြီ”

 

သူတို့ရဲ့ နေထိုင်မှု ဘဝပုံစံကို ပိုကောင်းတဲ့အခြေနေရောက်အောင် ကံကြမ္မာကို ပြောင်းလဲချင်တဲ့ ဖုန်းရွှေကြည့်ချင်တဲ့ လူချမ်းသာတွေအတွက်ကတော့ အဲဒီလို မဟုတ်ဘူး။ သာမန်လူတွေအတွက်ကတော့ ထူးခြားတယ်။ ဒါကြောင့် သူတို့က ရုတ်တရက် ဖျားနာလို့ ဆရာဝန်သွားပြခိုင်းမဲ့အစား၊ လမ်းပေါ်မှာ ရှိနေမဲ့ အယောင်ဆောင်တွေဆီကနေ မရှိမဲ့ ရှိမဲ့ စုထားတဲ့ ပိုက်ဆံတွေကို လိမ်ညာ ခံခိုင်းမဲ့အစား အချိန်မှီ ကူညီလိုက်တာက ပိုကောင်းတယ်။ အချိန်ကိုက် မကူညီနိုင်တာမျိုးကတော့ တော်တော်ရှားပါတယ်။ နောက်ပြီး ငါက အဲ့ဒီနေရာတွေကို အလိုအလျောက် လမ်းလျှောက်ရင်း ဝင်ရောက် သွားမိသွားတာက များတယ်။ သူတို့က ငါ့ကို လိုအပ်ရင် ကောင်းကင်နဲ့ မြေပြင်လမ်းပြမှုနဲ့ ငါက သူတို့ကို ကူညီဖို့ အလိုအလျောက် တွေ့ဆုံတာပေါ့”

 

ယန်ရှစ်ရွှမ်းက ခေါင်းကို အသာလှည့်ပြီး ပေါ့ပါးစွာ ပြုံးသည်။

 

“ခင်ဗျား ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့လား”

 

“ခင်ဗျား င့ါကို လေ့လာစောင့်ကြည့်နေတာ ငါ သိပါတယ်။ ဘာများ တွေ့ချင်လို့လဲ”

 

“ငါက ဘာကိုပဲ ဘယ်လို တွေးထားတွေးထား ဘာကမှ မင်းဆီက ငါကိုယ်တိုင် မြင်ပြီး ခံစားရတဲ့ အံ့အားသင့်မှုကို မယှဉ်နိုင်ပါဘူး”

 

ယဲ့လီက သူ၏ မျက်ခုံးများကို အသာပြန်ချလိုက်သည်။ သူ၏ လေးနက်ပြီး ခမ်းနားထည်ဝါကာ ဆွဲဆောင်မှုပြင်းသော အသံမျိုးက ပြောပြရန် ခက်ခဲသည့် ညင်သာမှုမျိုးနှင့် ရောယှက်နေသည်။

 

“ဒီမေးခွန်းနဲ့ ပက်သက်ပြီး အမှန်တရားကို ငါပြောမိတဲ့အခါ ငါ့ကို လိမ်နေတယ်လို့ ထင်ကြမှာကို စိုးရိမ်မိတယ်။ ငါက ဒီအတိုင်း မင်းကိုပဲ ကြည့်ချင်တာ”

124 04

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။

 

“ဒါဆိုရင် မနက်စောစော ငါ့ရဲ့အိမ်ကို လာရတဲ့ အကြောင်းပြချက်က ဒါပေါ့။ ပြောပါဦး ငါ့ရဲ့ အိမ်လိပ်စာကို ဘယ်လို သိတာလဲ”

 

သို့သော် ယဲ့လီက ယန်ရှစ်ရွှမ်း၏ အဖြေကို အရယူပြီး ပြန်ပြောသည်။

 

“ငါ မင်းကို လိုလို့ တစ်နေရာက လမ်းညွှန်မှုအတိုင်း မင်းကို လာရှာတာပေါ့”

 

“နားလည်ပြီ”

 

ယန်ရှစ်ရွှမ်းက မခံစားသွားရဘဲ အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည်။

 

“ဒါဆိုရင် ကျန်းဝူပင်းဆီက မေးထားခဲ့တာ ဖြစ်မယ်။ အဲဒီအရူးကတော့လေ။ ငါ သိပါတယ် သူက ဒီလို လှည့်ကွက်တွေနဲ့ နှိုက်ထုတ်လို့ရတယ်”

 

“ခင်ဗျား အဲဒီအရူးကောင်ဆီက ငါ့ရဲ့လိပ်စာကို သိတာပဲဖြစ်မယ်”

 

ယဲ့လီက မငြင်းပေ။

 

“ကျန်းဝူပင်းက တကယ်ကောင်းတဲ့လူပါ”

 

ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။

 

ထိုအခိုက်တန့်တွင် သူတို့ကို လမ်းပြ ခေါ်ဆောင်သွားသော သူဌေးက အိုဟောင်းသော အဆောက်အဦးတစ်ခု၏ ရှေ့တွင်ရပ်ပြီး စိုးရိမ်တကြီး ပြောသည်။

 

“လူကြီးမင်းယန် ဒါပါပဲ။ ငါ့ရဲ့အိမ်က လေးထပ်မြောက်မှာ ဟွားအာက အိမ်မှာလေ။ ငါ တံခါးကို သော့ပိတ် ထားခဲ့တယ်။ မတော်တဆ ထွက်ပြေးသွားခဲ့မှာကို စိုးရိမ်လို့လေ။ ကျေးဇူးပြုပြီး အပေါ်တက်ပြီး ကူညီပေးပါ”

 

ယန်ရှစ်ရွှမ်းက ပြန်ဖြေသည်။ သူက ခြေထောက်ကို အသာမြောက်လိုက်ပြီး လမ်းလယ်မှ အုတ်ကျိုး အုတ်ပဲ့တစ်ခုကို အသာကျော်နင်းကာ သေးငယ်သော အဆောက်အဦးပေါ်သို့ တက်သည်။

 

“အား အား အား ငါ့ရဲ့ ပါးစပ် ငါ့ရဲ့ ပါးစပ် အားးးး”

 

ရုတ်တရက် သိပ်မဝေးသော နေရာမှ အော်သံကို ကြားလိုက်ရသည်။ ယန်ရှစ်ရွှမ်းက တစ်ချက် ကြည့်လိုက်သောအခါ ယခုလေးတင် မော်တော်ဆိုင်ကယ်ကို ဖြတ်စီးသွားသော အဝါရောင်ဆံပင်နှင့် လူရမ်းကားက ဘေးဘက်မှ အမှိုက်ကန်ကို ဝင်တိုက်မိသွားကြောင်း တွေ့လိုက်ရသည်။ သူသည် မည်သည့်နေရာမှ ဒဏ်ရာ မရသွားချေ။ သို့သော် သူ၏ ပါးစပ်ကမူ သွေးများ ပြည့်နှက်နေသည်။ သူ၏ မျက်နှာက နာကျင်မှုဖြင့် ရှုံ့မဲ့နေပြီး လက်များကလည်း ပါးစပ်ကို အုပ်ထားကာ ဆက်တိုက်ဆိုသလို အဖြူ‌ရောင်အရာများကို ထွေးထုတ်နေသည်။

 

သူ၏ ဆိုးရွားလွန်းသော အော်သံနှင့် ပေါင်းစပ်ပြီး သွေးထွက်သွားပုံရသည့် သွေးများက ထွက်လာသည်။

 

ယန်ရှစ်ရွှမ်းက ယဲ့လီကို သံသယဝင်မှု အချို့နှင့် ပြန်ကြည့်လိုက်သည်။ သို့သော် ယဲ့လီကမူ သူအား တည်ငြိမ်စွာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။ တစ်ဖက်သူ၏ အမူအရာထဲတွင် မည်သည့် ခံစားချက်မှ မရှိပါချေ။

 

ယခုလေးတင် တစ်ယောက်ကို ညစ်ညမ်းစွာ ဆဲ၍သွားသော လူရမ်းကားဟာ မျက်နှာကို ဖြတ်ရိုက်ခံရသည်မှာ တိုက်ဆိုင်လွန်းသည်လည်း ဖြစ်နိုင်သည်။ ယန်ရှစ်ရွှမ်းက စိတ်ရှုပ်ထွေးမှု အပြည့်နှင့် အကြည့်ပြန်ရုတ်သွားသည်။ ထို့နောက် သူဌေး၏ နောက်မှ လိုက်သွားလိုက်သည်။

 

******