125 01
အပိုင်း(၁၂၅)
ထိုလျှောက်လမ်းတွင် ပစ္စည်းများက ပုံနေသလို နံရံတွင် ကပ်ထားသော သတင်းစာစက္ကူများကလည်း တစ်ဝက်ခန့်က ပြုတ်ကျနေသည်။ ထို့ကြောင့် မှေးမှိန်သော အလင်းရောင်အောက်တွင် အမှောင်ထဲတွင် တစ္ဆေများ ရပ်နေသလိုမျိုး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲသည်။
“ယန်သော့ ငါ့ကို အပြစ်တင်မယ်ဆိုတာကို ငါသိပါတယ်။ ငါ့ကို အပြစ်လည်း တင်သင့်ပါတယ်။ နောက်ပိုင်း ငါ ရွာကိုပြန်ပြီး သူမကို မခေါ်ထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့အစ်မ ဟွားအာကတော့ ဒီကိစ္စကို မသိဘူးလေ။ သူမက အပြစ်ကင်းတယ်။ ဒါကြောင့် ဒီလိုမဖြစ်သင့်ဘူး။ ဟွားအာက ဒီအချိန်ကာလအတောအတွင်း တစ်နေ့လုံး မအိပ်နိုင်ခဲ့ဘူး။ အမြဲတမ်း အိပ်ပျော်သွားရင် ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေကြောင့် လန့်လန့်နိုးလာတာ။ ယန်သော့က ဟွားအာရဲ့ ခန္ဓာကိုယ်ကို ယူထားပြီး စားလည်း မစားဘူး။ ငါ အိမ်မှာ မရှိတဲ့အချိန်မှာ ဖယောင်းတိုင်တွေနဲ့ ညစ်ပတ်တဲ့အရာတွေကိုပဲ သွားသွားစားနေတာ။ ဒါက သူမရဲ့ ကျန်းမာရေး အခြေအနေကို ဆိုးသထက် ဆိုးလာစေလိမ့်မယ်”
သူသည် လမ်းလျှောက်နေကြ ဖြစ်သောကြောင့် သူဌေးအနေနှင့် လျှောက်လမ်း၏ အမှောင်ထုကို သတိပင် မထားမိချေ။ ဒီအတိုင်း ဇနီးဖြစ်သူကို စိုးရိမ်ကြောင်းသာ ဆက်ပြောနေသည်။
တံခါးဝသို့ ရောက်သွားသောအခါ ယန်ရှစ်ရွှမ်းသည် အိမ်၏ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်သည်။
သံမဏိဂိတ်တံခါး အပြင်ဘက်တွင် အနီရောင် နွေဦးပွဲတော် အဆောင်လေးများကို ချိတ်ထားသေးသည်။ ထိုစာရွက်များက အချိန်ကြာလုပြီဖြစ်သောကြောင့် ဖြူနေလေပြီ။ ထို့ကြောင့် အပေါ်တွင် ရေးထားသော အနက်ရောင် စာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ နွေဦးပွဲတော် အဆောင်စာရွက်များက ထင်ထားသလိုမျိုး ပွဲတော် ဆန်မနေချေ။ ထို့အစား ဈာပနအခမ်းအနားပွဲတွင် ချိတ်ဆွဲထားသော အဆောင်စာရွက်များအလား ဖြစ်နေသည်။ ပတ်ဝန်းကျင်နံရံများဟာ အိုဟောင်းလွန်းပြီး မူလအရောင်ကိုပင် မမြင်နိုင်လောက်အောင် ညစ်ညမ်းနေသည်။ ထို့အပြင် အပေါ်တွင် စွန်းထင်းနေသော အနက်ရောင်အစင်းကြောင်းအရာများကို တွေ့ရသည်။ ထိုအရာများသည် ရေညှိတက်ထားခြင်း ဖြစ်လောက်၏။ သို့သော် အနေအထားအရ အအေးဒဏ်ကြောင့်ပဲ မဲတူးနေသော အလောင်းကောင်၏ အေးစက်သော အသားအရေပေါ်မှ ထောင်တက်နေသော သွေးကြောများအလားပင် ထင်ရသေးသည်။
“လူကြီးမင်းယန် ခဏနေရင် မကြောက်သွားနဲ့နော်”
သူဌေးက တစ်ခဏခန့် တုန့်ဆိုင်းနေပြီးနောက် တံခါးကို တွန်းဖွင့်လိုက်သည်။
“ယန်သော့က ဖယောင်းတိုင်တွေနဲ့ ညစ်ပတ်တဲ့အရာတွေကို သွားစားနေမှာကို စိုးရိမ်လို့ ဒါမှမဟုတ် ထွက်ပြေးသွားတာမျိုး စိုးရိမ်လို့ ငါ ရွေးချယ်စရာမရှိပဲ အိပ်ယာထဲမှာ စောင်နဲ့ ပတ်ချည်ထားခဲ့ရတယ်”
သံမဏိတံခါး၏ အနောက်ဘက်တွင် ရှုပ်ထွေးသောအိမ်က လူအများ၏ အရှေ့တွင် ပေါ်ထွက်လာပြီ ဖြစ်သည်။
အိမ်ဟာ မူလက သပ်သပ်ရပ်ရပ် ရှိနေလောက်ကြောင်း ရှင်းလင်းဖော်ပြနေသည်။ သို့သော် ယခုမူ ပန်းအိုးများကလည်း လေသာဆောင်ပေါ်မှ ပြုတ်ကျနေပြီး ကုတင်ပေါ်သို့ ရောက်ကာ မြေဆီလွှာများက ပြန့်ကြဲလျက် ရှိနေသည်မှာ တစ်စုံတစ်ရာက ထိုမြေဆီလွှာများကို တစ်နေရာရာသို့ ကောက်ပစ်ရန် ကြိုးစားခဲ့ပုံပေါ်သည်။ ပရိဘောဂများနှင့် မြေပြင်၏ အနေအထားက ညစ်ပတ်နေသည်။
လိုက်ကာကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး မနက်ခင်း နေအလင်းရောင်တိုင်းကို ပိတ်ဆို့ထားသည်။ အခန်းက ညအလား မှောင်နေသည်။ ဆိုဖာပေါ်တွင် ထားသင့်သည့် သိုးမွှေးထိုးထားသော အရာများကလည်း ဆုတ်ဖြဲခံထားရပုံ ရပြီး ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသေးပြန်၏။ အချို့သော ပရိဘောဂအချို့က ရိုက်ခွဲခံထားရသလိုမျိုး ဗီရိုပေါ်မှ ပြုတ်ကျလျက် ကြမ်းပြင်တွင် လိမ့်နေသည်။ ကြမ်းပြင်ပေါ်တွင် ပရိဘောဂများနှင့် ပစ္စည်းများက ရှုပ်ထွေးလျက် ရှိနေလေသည်မှာ ပြင်းထန်လွန်းသည့် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲထားသည်အလား ထင်ရသည်။
သူဌေးကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ သူ၏မျက်နှာအမူအယာက ပြောင်းလဲသွားပြီး အခန်းထဲသို့ ဝင်ပြေးသည်။
“ဟွားအာ ဟွားအာ”
သို့ရာတွင် အိပ်ခန်းက ရှင်းလင်းနေပြီး မည်သူကမှ ရှိမနေခဲ့ချေ။
သူဌေးထွက်မသွားခင်က အိပ်ယာပေါ်တွင် ကြိုးချည်ခံထားရသည့် ဇနီးဖြစ်သူက ပျောက်သွားသည်။ ရှုပ်ထွေးသော အိပ်ယာနှင့် ပေါက်ပြဲနေခဲ့သည့် စောင်က လူတစ်ယောက် ထိုနေရာတွင် လှဲခဲ့ဖူးကြောင်း သက်သေပြနေသည်။
“လူကြီးမင်းယန် ငါ ဘယ်လိုလုပ်ရမလဲ”
သူဌေးက စိုးရိမ်စိတ်များသွားပြီး ငိုသည်။
တစ်အိမ်လုံးကို ဇနီးဖြစ်သူ၏ နာမည် ခေါ်ကာ ရှာပြီးသည့်တိုင်အောင် သူမကို မရှာနိုင်လေရာ သူဌေးဟာ ယန်ရှစ်ရွှမ်းကိုသာ အကူအညီ လာတောင်းသည်။
125 02
“ဒါက တော်တော်ဆိုးတာပဲ။ ဟွားအာက ဟွားအာက ငါ မရှိတုန်း တစ်ယောက်တည်း ထွက်ပြေးသွားတာ ဖြစ်မယ်။ ဘယ်လို လုပ်ကြမလဲ။ ဟွားအာကို အချိန်မှီ မရှာနိုင်ရင် ဟွားအာက စားလို့ မရတာကို အစာအိမ်ထဲ ထိုးထည့်ပြီး စားလိမ့်မယ်။ နောက်ပြီး လမ်းပေါ်ကို ထွက်ပြေးလို့ ကားတိုက်သွားရင် အခြေအနေ ပိုဆိုးတော့မှာပဲ”
သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ အနည်းငယ်ပင် မထိတ်လန့်သွားချေ။ အစကအဆုံးထိ သူသည် အိမ်ထဲသို့ စဝင်ကာစက ပြသသည့် အံ့အားသင့်မှုအနည်းငယ်မှ လွဲ၍ အမူအယာ ပြောင်းလဲသွားခြင်းပင် မရှိချေ။ ထို့နောက် ဟန်အမူအယာကို ပြန်ထိန်းလိုက်ပြီးမှ သူဌေးက ပတ်ရှာနေချိန်တွင် အိမ်ကို တည်ငြိမ်စွာ လိုက်ကြည့်နေခြင်း ဖြစ်သည်။ အိမ်ထဲတွင် တိုက်ခိုက်ထားသည့် လက္ခဏာများ ရှိနေသည်။
သူသည် ဆောင့်ကြောင့်ထိုင်ပြီး လက်ဆန့်ထုတ်ကာ မြေပြင်ပေါ်သို့ လိမ့်ကျနေသည့် ဗီရိုလေးကို အသာအယာ ကောက်မလိုက်သည်။ ထိုဗီရိုအတွင်းရှိနေရာက ပေါ်လာ၏။ ပန်းအိုးထဲမှ တစ်စစီ ပြန့်ကျဲနေခဲ့သော မြေဆီလွှာများအပြင် ဂရုတစိုက်ကြည့်လိုက်ပါက မီးခိုးရောင် ပြာအချို့ကို မြင်နိုင်သည်။ တစ်စုံတစ်ယောက်သည် အဝါရောင်စာရွက်ကို မီးရှို့ထားသော လက္ခဏာဖြစ်သည်။
ယန်ရှစ်ရွှမ်းက ထိုပြာအနည်းငယ်ကို ယူပြီး သွယ်လျသော လက်ချောင်းဖြင့် တို့ကာ လက်ချောင်းထိပ်လေးဖြင့် အသာအယာ ပွတ်သပ်ကြည့်လိုက်သည်။ ထိုသို့ဖြင့် ထိုပြာဟာ အဆောင်လက်ဖွဲ့တစ်ခုကို မီးရှို့ပြီးနောက် ကျန်ခဲ့သည့် ပြာဖြစ်သည်။
သို့သော် သူဌေးပြောသော စကားအရ ဇနီးဖြစ်သူ ယန်ဟွားကို ညီမဖြစ်သူ ယန်သော့သရဲက ဝင်ပူးနေသည်။ တစ်ဖက်သူသည် လွန်ခဲ့သော ၁၀နှစ်ခန့်က နယ်မှာ သေဆုံးခဲ့သူ ဖြစ်လေရာ သူက အလျင်လက်ဦးမှုယူပြီး အဆောင်လက်ဖွဲ့ကို အလိုလို မီးရှို့လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော အရာမျိုးက ဧည့်ခန်း၏ အလယ်နေရာကျကျတွင် ပေါ်လာကတည်းက ဝင်လာသော တစ်စုံတစ်ယောက်က သယ်ယူလာသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ပို၍ဆိုးသည်မှာ အိမ်တွင် တိုက်ခိုက်ထားသော လက္ခဏာများအပြင် မြေပြင်မှ ခြေရာများအရ အိမ်တွင် လူနှစ်ယောက် ရှိနေပုံပေါ်သည်။ တစ်ယောက်ချင်းစီတိုင်း တစ်ယောက်ကို တစ်ယောက် ညှာတာမှု မရှိဘဲ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြလောက်၏။
တစ်ယောက်ကမူ အရပ်ရှည်ရှည်နှင့် အမျိုးသား ဖြစ်နိုင်သည်။ သူ၏လှုပ်ရှားမှုအရ ထိုသူသည် ငယ်ရွယ်လောက်ပြီး အဆင်အခြင် မဲ့လောက်သည်။
သူသည် သူနှင့်အတူ အဆောင်လက်ဖွဲ့ကို သယ်လာသည်။ ထို့ကြောင့် ဒီအသိုင်းအဝိုင်းထဲမှ ဖြစ်နိုင်သည်။ သို့သော် သရဲနှင်ရာတွင် အတွေ့အကြုံ မရှိလောက်ချေ။ ထိုအတွက်ကြောင့် ခိုင်မြဲစွာ မရပ်နိုင်ဘဲ ဆိုဖာပေါ်နှင့် စားပွဲပေါ်သို့ ထပ်ခါတလဲလဲ ပြုတ်ကျပြီး ပစ္စည်းများကို ကွဲကြေစေခဲ့ရင်း ကိုယ့်ကိုယ်ကို ဒဏ်ရာ ရစေခဲ့လောက်သည်။ သူသည် ကော်ဖီစားပွဲပေါ်ရှိ ဖန်သားစပေါ်သို့ ပြုတ်ကျခဲ့လောက်၏။ အကြောင်းမူကား ထိုနေရာတွင် စိုနေသော သွေးများက စွန်းထင်း နေသေးသည်။ ဒဏ်ရာရပြီးနောက် ထိုအမျိုးသားဟာ အိမ်ထဲတွင် တခဏခန့် ရုန်းကန်လောက်သည်။ ထို့နောက် အိမ်ထဲတွင် နေရာအနှံ့ သွေးစက်များ ပြန့်သွားသည်။
တခြားတစ်ယောက်ကမူ ယန်သော့က ခန္ဓာကိုယ် ဝင်ပူးထားသည်ဆိုသော သူဌေး၏ ဇနီး ဖြစ်လောက်သည်။
သူဌေး၏ ဇာတ်ကြောင်း ပြန်ပြောပြမှုနှင့် အတိတ်တွင် မြင်ခဲ့ရသော အနေအထားများမှတဆင့် ယန်ရှစ်ရွှမ်းသည်လည်း ယန်ဟွားသည် သူ ခက်ခက်ခဲခဲ စိုက်ထုတ်ထားရသော ထိုပျော်ရွှင်မှုကို အလွန်တန်ဖိုးထားကြောင်း သိနိုင်သည်။ ထိုသို့ဖြင့် အိမ်အတွင်းတွင် ရှိသော ပရိဘောဂများနှင့် အိမ်ထောင်မှု ပစ္စည်းများအရ အိမ်ထောင်ရှင်မဟာ ဒီမိသားစုကို မည်မျှတန်ဖိုးထားပြီး ဂရုစိုက်သေးကြောင်း သိသာစေသေးပြန်သည်။ ယန်ဟွားကသာ ဒီအတိုင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေရိုးမှန်လျှင် အိမ်တွင် ဆင်ခြင်မဲ့စွာ တိုက်ခိုက်ပြီး မူလက နွေးထွေးသော အိမ်ကို ရှုပ်ထွေးအောင် လုပ်လိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းက အိမ်တွင်ကျနေသော သွေးစက်များအလိုက် လိုက်ကြည့်ရင်း တွေးတောနေသည်။ ပရိဘောဂ တစ်ခုချင်းစီတိုင်းက ပြိုကျပြီး မြေပြင်ပေါ်တွင် ရှုပ်ပွနေသည်။ သူသည် ထိုနှစ်ယောက်ကြားတွင် ဖြစ်ပျက်ခဲ့လောက်မည့် မြင်ကွင်းကို စိတ်ထဲတွင် ပြန်တွေးနေလောက်ပြီး တဖြည်းဖြည်းချင်း ဘောင်ကို ချုံ့သထက် ချုံ့ကာ ယန်သောက လွဲပြီး ရှိနေလောက်မည့် လူ၏နောက်ခံကို တွေးတောကြည့်နေသည်။
သွေးစက်များဟာ နောက်ဆုံးတွင် ပြတင်းပေါက်နားတွင် ပျောက်သွားသည်။ ယန်ရှစ်ရွှမ်းက ခေါင်းကိုမော့လျက် ပြတင်းပေါက်နားကို ကြည့်ကာ တစ်ဝက်ခန့် ဖွင့်ထားသည့် လေဝင်နေသော ပြတင်းပေါက်ကို ကြည့်လိုက်သည်။
“ခေါင်းဆောင် ခင်ဗျား ဒီမနက် မသွားခင်က ပြတင်းပေါက် ဖွင့်သွားတာလား”
ကာလက ဆောင်းဦးအစောပိုင်း ဖြစ်သည်။ ရာသီဥတုဟာ သိပ်မအေးသေးသော်လည်း ညခင်းလေပြေကမူ သိသာစွာပင် ချမ်းစိမ့်နေပေလိမ့်မည်။ သူဌေးသည် မနက်စာဆိုင်ကို အလွန်စောစွာ ဖွင့်ရသည်။ သူသည် ထိုအချိန်က အိမ်တွင် ထွက်သွားခဲ့ရခြင်း ဖြစ်၏။ အိမ်တွင် ကျန်းမာရေးမကောင်းသော သူသာရှိလျှင် မည်သို့သော အနေအထားမျိုးနှင့်မှ ပြတင်းပေါက်ကို ဖွင့်လိမ့်မည် မဟုတ်ပေ။
125 03
သေချာပေါက်ပင် ဇနီးဖြစ်သူကို စိုးရိမ်နေသော သူဌေးက ယန်ရှစ်ရွှမ်း၏ စကားကို ကြားသောအခါ စိတ်ရှုပ်ထွေးသွားသည်။ ပွင့်နေသော တံခါးကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။
“ငါ မဖွင့်ခဲ့ပါဘူး”
ချက်ချင်းဆိုသလိုပင် သူဌေးက တစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်နှာအမူအယာက ပျက်သွားသည်။
“မဟုတ်တာ ဟွားအာက ပြတင်းပေါက်ပေါ်ကနေ ခုန်ချသွားတာလား”
“မစိုးရိမ်ပါနဲ့။ ခင်ဗျားရဲ့ ဇနီးခန္ဓာကိုယ်ကို အခု ထိန်းချုပ်နေတဲ့သူက အခုဇနီးရဲ့ ညီမလေ။ သူက သေပြီးတာ ၁၀နှစ်ကျော် ကြာပေမဲ့ အင်အား ရှိပါသေးတယ်။ ဒီတော့ တောင်ပိုင်းရွာကနေ ပင်းဟိုင်မြို့ထိ လာနိုင်သေးပုံထောက်ရင် ခင်ဗျားဇနီးရဲ့ညီမက အားမနည်းဘူးဆိုတာကို ပြသနေတယ်။ သူက ဒီမှာ ရှိနေမှ ခင်ဗျားဇနီးက တိုက်ပေါ်က ခုန်ချသွားရင်တောင် ဘာမှမဖြစ်လောက်ဘူး။ အသေးစား ဒဏ်ရာတွေက ရှောင်ရှားလို့ မရနိုင်ပေမဲ့လည်း ကျန်တာတော့ စိုးရိမ်စရာ မရှိပါဘူး”
ယန်ရှစ်ရွှမ်းက ပြတင်းပေါက်ပေါ်မှ ငုံ့ကြည့်လိုက်သောအခါ လေးလံသော တစ်စုံတစ်ရာဖြင့် တိုက်မိသောကြောင့် ချိုင့်ဝင်သွားသည့် အမှိုက်ပုံကြီးကို မြင်လိုက်ရသည်။
ယန်ရှစ်ရွှမ်းက သူဌေး၏ဇနီးဖြစ်သူ ယန်ဟွားနှင့် ဆုံဖူးသည်။ သူမသည် ပိန်ပိန်သွယ်သွယ်လေး ဖြစ်ပြီး သူဌေးဖြစ်သူ ပြောပုံအရ ယန်ဟွားဟာ ယခုတလော စားချင်စိတ် ပျက်နေသောကြောင့် ပို၍ပင် ပိန်သွားသည်ဟု ဆိုသည်။ ယန်ဟွား၏ အလေးချိန်နှင့်ဆို ထိုမျှအထိ ချိုင့်မကြီးသင့်ပေ။ ဆိုလိုသည်မှာ နောက်ထပ် တစ်ယောက် ရှိခဲ့ပုံရသည်။
ပို၍ဆိုးသည်မှာ ထိုလူသည် ပြတင်းပေါက်မှ အရင်ခုန်ချသွားခဲ့ပြီး ယန်သော့ကသာ နောက်မှ လိုက်သွားခြင်း ဖြစ်ခဲ့လောက်သည်။
ဆိုတော့ မူလက အပနှင်ဖို့လာတဲ့ အပနှင်ဆရာက သရဲလိုက်တာ ခံပြီး ထွက်ပြေး သွားရတယ်ပေါ့။
ထိုသို့သာဆိုလျှင် ယန်သော့၏အင်အားကို အထင်သေး၍ မရတော့ချေ။
လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က သက်ရှိစတေးခံအဖြစ် အရှင်လတ်လတ် အမြှပ်ခံရပြီး သေသွားခဲ့ရသော အတွေ့အကြုံက ယန်သော့အား မုန်းတီးမှုအလွန်များပြား သွားစေခဲ့လောက်သည်။ ထို့ကြောင့် သူမသည် အလွန်အင်အား ကြီးနေလောက်လေပြီ။
ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်ပြီး တွေးလိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ပြီး အိပ်ခန်းဘက်သို့ ပြန်ဝင်သွားသည်။
“သူဌေး ခင်ဗျား အခုလေးတင် ပြောသွားတယ်။ ဟိုင်ရွန်ဂူဘုရားကျောင်းက အဆောင်လက်ဖွဲ့ ယူထားတယ်ဆိုပဲ။ ဘယ်မှာ ချိတ်ထားတာလဲ ပြပါဦး”
သူသည် ဇနီးဖြစ်သူ၏ နေရာကို ပိုပြီး စိုးရိမ်နေသော်လည်း ယန်ရှစ်ရွှမ်း၏ အသံကို ကြားသောအခါ ယန်ရှစ်ရွှမ်းကို နှစ်ပေါင်းများစွာ ယုံကြည်မှုများကြောင့် အလိုအလျောက်ပင် အိပ်ယာဘေးသို့ သွားပြီး အိပ်ယာဘေးနားတွင် လျို့ဝှက်စွာ ကပ်ထားသည့် အဆောင်လက်ဖွဲ့လေးကို ထုတ်ကာ ယန်ရှစ်ရွှမ်းကို ပြသည်။
“လူကြီးမင်းယန် ဒါပါ”
သူဌေးယန်၏ လက်က ရုတ်တရက် ရပ်သွားသည်။ သူ၏အဆောင်လက်ဖွဲ့ကို ပြနေသော လက်ချောင်းကပင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး မျက်လုံးကလည်း ပြူးသွားသည်။
၁၀ရက်ကျော်လုံးလုံး အပြောင်းအလဲမရှိပဲ ဒီအတိုင်းချိတ်ထားသော အဝါရောင် အဆောင်လက်ဖွဲ့က ထိတွေ့လိုက်ရုံနှင့်် ယခုအခါ လက်တစ်ဆုပ်စာသော ပြာများကို ထုတ်ပေးလာသည်။
သရဲနှင်သော အဆောင်လက်ဖွဲ့တစ်ခုက အမှန်တကယ် သရဲနှင့် တွေ့ဆုံပေးနေ၍ နှင်လိုက်သောကြောင့်သာ မဟုတ်လျှင် သက်ရောက်မှုပြပြီး လောင်ကျွမ်းသွားလိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းကလည်း ပြာကို မြင်သည်။
“တကယ်ကိုပဲ_ _ _”
သူက တွေးလိုက်သည်။
ကြည့်ရတာ ယန်သော့က သူအစ်မယန်ဟွားရဲ့ကိုယ်ကို အပြီးတိုင် မချုပ်ကိုင်နိုင်သေးဘူး ထင်တယ်။ ဒါကြောင့် သရဲစွမ်းအင် အနည်းငယ် ယိုဖိတ်သွားခဲ့လို့ ဖြတ်သန်းသွားတဲ့ အပနှင်ဆရာရဲ့ အာရုံကို ဆွဲဆောင်သွားတာ။ ဒါကြောင့် သူက အပေါ်ကို တက်လာပြီး အပနှင်ဖို့ ကြိုးစားတယ်။ ဒါကြောင့် မမျှော်လင့်ထားဘဲ ယန်သော့ရဲ့စွမ်းအားက အရမ်းပြင်းထန်လွန်းလို့ သူတောင်မှ လာလမ်းအတိုင်း ထွက်ပြေးသွားရတယ်။
အိမ်တွင်ကျန်ရစ်ခဲ့သည့် သဲလွန်စမှတဆင့် ယခင် အဖြစ်အပျက်ကို အကြမ်းဖျင်း ပြန်တွေးနိုင်သောကြောင့် ယန်ရှစ်ရွှမ်းက သူဌေးကို မေးလိုက်သည်။
“ခင်ဗျားဇနီးက ဖယောင်းတွေ စားတယ်လို့ ခင်ဗျားပြောတယ် မဟုတ်လား။ အဲဒီဖယောင်းတိုင်တွေ အိမ်မှာရှိလား ငါ့ကို ပြပါဦး”
125 04
“ရှိတယ် ရှိတယ် ဘေးအိမ်က အဖွားကြီးက မသေခင်က ဖယောင်းတိုင်အများကြီး ဝယ်ထားတာလေ။ သူက ငါ့ကို နည်းနည်း ပေးသွားခဲ့တာ။ အိမ်မှာ မီးပျက်သွားတဲ့အခါ သုံးဖို့ သိမ်းထားပါတဲ့လေ”
သူဌေးက တစ်ဝက်ခန့် ကျန်ခဲ့သေးသည့် ဖယောင်းတိုင်ထုပ်ကို ထုတ်လာပြီး ယန်ရှစ်ရွှမ်းကို ပြသည်။
“ဒါက လူကြီးမင်းယန် လိုချင်တာများလား။ အိမ်မှာ သုံးပြီးသမျှ ဖယောင်းတိုင်တွေက ဈာပနအခမ်းအနားတွေမှာ သုံးတဲ့ အဖြူတွေလိုပဲ”
ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်ပြီး သူဌေးကို အံ့အားတကြီး ကြည့်သည်။ သို့သော် မည်သို့မှ ပြန်လည်ငြင်းခုံခြင်း မပြုလေဘဲ ဖယောင်းတိုင်ကို လှမ်းယူလိုက်သည်။
“ဒီဖယောင်းတိုင်းကို ဈာပန အခမ်းအနားမှာ သေလွန်ပြီးသူတွေကို နှစ်သိမ့်ပေးဖို့အတွက် သုံးတယ်ဆိုတာကို သိနေကတည်းက ဘာလို့ အိမ်မှာ သိမ်းထားတာလဲ။ ရွာက ကြီးမားတဲ့ စတေးမှုကြီးကို ခင်ဗျား မမြင်ခဲ့ရင်လည်း ခင်ဗျား ထားပါတော့။ မြင်ခဲ့ပြီးတာတောင် ခင်ဗျားဇနီးရဲ့ မိသားစုက ဆိုးဆိုးရွားရွား သေသွားတာကို သိပြီးတာတောင် ဒါကို ပြန်ယူလာရဲသေးတယ်ပေါ့”
ယန်ရှစ်ရွှမ်း၏ မေးခွန်းစကားကို ကြားပြီးနောက် သူဌေးက ရုတ်တရက် နားလည်သွားသလိုမျိုး နောင်တရသွားသည်။
“ဒီဖယောင်းတိုင်တွေက နောက်တစ်ခေါက် သုံးလို့ရတယ်လို့ ငါ ထင်လို့ မလွှတ်ပစ်ရက်ဘဲ သိမ်းထားသေးတာပါ။ ကြည့်ရတာ ငါမှားသွားတာပဲ။ ဒါဆိုရင် ဒါကြောင့် ယန်ဟွားဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး”
ယန်ရှစ်ရွှမ်းက သူဌေးကို နှစ်သိမ့်ပေးလိုက်သည်။ သူသည် ဖယောင်းတစ်တိုင်ကို လက်ဖြင့်ကိုင်ပြီး အခြားသော လက်တစ်ဖက်ဖြင့် ဂါထာစာရွက်ကို ဖိညစ်လိုက်သည်။ သူသည် မိုးကြိုးငါးသွယ် မန်ထြွာကို တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဖယောင်းတိုင်က အလိုလိုမီးတောက်လာပြီးနောက်တွင် အနက်ရောင်မီးခိုးများက ထွက်လာသည်။
“ငါ ခင်ဗျားကို ကူညီပြီး ခင်ဗျားဇနီးရှိတဲ့ နေရာကို ရှာပေးမယ်။ မစိုးရိမ်နဲ့”
အနက်ရောင်မီးခိုးက ဦးတည်ရာဘက်အတိုင်း လွှင့်ပြယ်သွားခြင်း မဟုတ်လေဘဲ ဦးတည်ရာဘက်တစ်ခုသို့သာ ညွှန်ပြနေသည်။ တည်ငြိမ်စွာ လောင်ကျွမ်းသွားပြီးသည့် တိုင်အောင် မပျောက်ကွယ်သွားချေ။ ထို့အစား ယန်ရှစ်ရွှမ်းက သူ၏ခန္ဓာကိုယ်ကို မီးခိုးသွားရာဘက်သို့ လှည့်လိုက်ပြီး ဦးတည်ရာဘက်ကို ချိန်ညှိသည်။ ဦးတည်ရာဘက်ကို ကြည့်ပြီးနောက် မီးခိုးများက ထူလာသည် သို့မဟုတ် ပါးလျသွားခြင်းဆိုလျှင် သူ သွားရမည့် ဦးတည်ရာဘက်ကို သေချာစွာ သိရမည်။
ထိုသို့သော မြင်ကွင်းမျိုးကို ဘယ်သောအခါမှ မမြင်ဖူးသည့် သူဌေးကမူ အံ့ဩသွားသည်။ တစ်ခဏခန့် ကြာသည်အထိ သူသည် ဆွံ့အသွားပြီး စကားမဆိုနိုင်တော့ချေ။ ဖယောင်းတိုင်မှတဆင့် ယန်ရှစ်ရွှမ်းက ဦးတည်ရာ ရှာနေခြင်းအား မှင်သက်စွာသာ စိုက်ကြည့်နေမိသည်။
ယန်ရှစ်ရွှမ်းက တစ်ဝက်ခန့် ဖွင့်ထားသော ပြတင်းပေါက်ကို အပြည့်အဝ ဖွင့်လိုက်ပြီးနောက် လက်ထဲတွင် ဖယောင်းတိုင်ကိုင်လျက် ခြေတံရှည်ကို မြှောက်ကာ ပြတင်းပေါက် ဘောင်ပေါ်သို့ တက်သည်။ ထို့နောက် အနည်းငယ် ငုံံ့ကိုင်းပြီးနောက် နောက်ဘက်မှ တိတ်တဆိတ် လိုက်လာသော ယဲ့လီကို ကြည့်သည်။
“ခင်ဗျား ဒီမှာနေပြီး ငါ ပြန်လာတာကို စောင့်သင့်တယ်”
ယဲ့လီက ခေါင်းညိတ်သည်။ သူသည် မေးခွန်းမထုတ်သလို တားလည်းမတားချေ။ ထို့အစား တည်ငြိမ်စွာသာ ပြောသည်။
“ကောင်းပြီ”
အခြားတစ်ဖက်ခြမ်းတွင် သူဌေးကမူ ရုတ်တရက် အသိပြန်ဝင်သွားပြီးနောက် ယန်ရှစ်ရွှမ်းကို ထိတ်လန့်တကြား ကြည့်သည်။
“လူကြီးမင်းယန် မင်း ခုန်ချမလို့တော့ မဟုတ်ပါဘူးနော်။ ဒါက လေးထပ်လေ သေစမ်း”
******