Ch 126
Viewers 6k

126 01

အပိုင်း(၁၂၆)

 

ထိုသူဌေးက စကားမဆုံးသေးခင် ယန်ရှစ်ရွှမ်း ပြတင်းပေါက်ဘောင်ပေါ်သို့ သူ၏အင်အားကို သုံးကာ ခုန်တက်လိုက်ပြီး လျှင်မြန်စွာဖြင့် ခုန်ချသွားပြီ ဖြစ်သည်။ သူ၏ဆံပင်က လေတွင် လွှင့်နေသည်။ ဖန်သားပြင် တဆင့် ကျော်ဖြတ်သွားသည့် ပုံရိပ်ယောင်ကိုသာ လှမ်းမြင်ရလေသည်။ သူသည် လျင်မြန်စွာဖြင့် ပြတင်းပေါက် အပြင်ဘက်မှ ပျောက်ကွယ်သွားသည်။ သူဌေးသည် ကြောက်လွန်းသဖြင့် နှလုံးသားကပင် အခုန် ရပ်တန့်တော့သွားတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် ပြတင်းပေါက်နားသို့ ကြောက်လန့်တကြား အပြေးသွားကာ ပြတင်းပေါက်ကို ကိုင်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းသည် ဒုတိယထပ် မိုးကာဘောင်၏ ကျဉ်းမြောင်းသော နေရာတွင် ခိုင်မြဲစွာ ရပ်နေသည်။ အောက်သို့ ခုန်ဆင်းလိုက်သော အားက သူ၏ကိုယ်ဖျော့ထားမှုကြောင့် အများကြီး လျော့ကျသွားပုံပေါက်သည်။ သူသည် ဦးတည်ရာဘက်ကို အတည်ပြုရန် ရွေးချယ်ပြီး တစ်ဖန်ပြန်လည် ခုန်ချလိုက်ပြန်သည်။ ထိုသို့ဖြင့် ဝုန်းကနဲ ပြုတ်ကျသွားမည့် အခြေအနေမျိုးမှာ ရှောင်ရှားလိုက်နိုင်သည်။ ထို့နောက် လျင်မြန်စွာနှင့် အောက်ဘက်ခြမ်းရှိ အမှိုက်ပုံနားသို့ ဆင်းသက်သွားသည်။

 

လက်ထဲမှ ဖယောင်းတိုင်က အနက်ရောင် မီးခိုးများ ထုတ်လွှင့်ပြီး လောင်ကျွမ်းနေသေးသည်။ အောက်သို့ ခုန်ချသောကြောင့် လေကြမ်းက တိုက်ခတ်လာသည့်တိုင်အောင် မီးက မငြိမ်းသွားချေ။

 

ချိုင့်ဝင်နေသော အမှိုက်ပုံနားရှိ မြေသားရှိရာဘက်သို့ အကြိမ်အနည်းငယ် ကြည့်ပြီးနောက်တွင် ယန်ရှစ်ရွှမ်းဟာ ဖယောင်းတိုင်မှ အနက်ရောင်မီးခိုးများ ညွှန်ပြနေသော ဦးတည်ရာဘက်သို့ ကြည့်လိုက်သည်။

 

သူဌေးသည်လည်း ကြောင်‌တောင်တောင် ဖြစ်ပြီး ထိုပြတင်းပေါက်နား အချိန်အတန်ကြာအောင် နေပြီး အသိပြန်မဝင်နိုင်ချေ။

 

“ပြတင်းပေါက်ကနေ ခုန်ချသွားတာက အကွာအဝေး ပိုတိုမယ်လို့ သူ တွေးမိရုံပါ”

 

ယဲ့လီကလည်း ပြတင်းပေါက်အစွန်းနားသို့ တဖြည်းဖြည်းချင်းစီ လျှောက်လာပြီး မျက်လွှာအသာချလျက် အောက်ဘက်သို့ ငုံ့ကြည့်သည်။ သူ၏ ကျဉ်းမြောင်းသော အနက်ရောင်မျက်ဝန်းတစ်စုံထဲတွင် အပြုံးအပြည့်နှင့် ရှိနေသည်။

 

“တအားချစ်ဖို့ ကောင်းတယ်”

 

သို့သော် ဘာကြောင့်ရယ်မသိ ဘေးဘက်တွင် ရပ်နေသောသူဟာ ပြုံးရယ်နေသည်ဟု ခံစားလိုက်ရသည့်တိုင်အောင် သူဌေးကိုယ်တိုင်ကမူ တုန်ယင်နေသေးသည်။ သူသည်လည်း ဘေးဘက်မှလူက ထုတ်လွှင့်နေသော အရှိန်အဝါက သူ့ကို အလွန်လေးလံလာစေသည်မှာ အသက်ရှူရ ခက်လာပြီး မရှူနိုင်သည်အထိ ဖြစ်လာစေသည်။

 

သူဌေးက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ထောင့်တစ်နေရာတွင် ပုန်းလိုက်သည်။ ထိုအခါမှသာ သူသည် စိတ်အေးသွားသလိုမျိူး ကောင်းကောင်း အသက်ပြန်ရှူနိုင်သွားသည်။

 

ဒီလူကြီးမင်းက လူကြီးမင်းယန်ရဲ့ လုပ်ဖော်ကိုင်ဖက်များလား။ သူက လူကြီးမင်းယန်လိုမျိုး အံ့အားကြီးလွန်းတဲ့ပုံပဲ။

 

သူဌေးက ယဲ့လီ၏ကျောအား ကြောက်လန့်မှုအပြည့်နှင့် ကြည့်ရင်း တွေးလိုက်သည်။ သို့သော် ထိုဆရာသခင်နှစ်ယောက်ဟာ အင်အားကြီးလွန်းကြောင်း တွေးမိသော် ပို၍ပင် စိတ်အေးသွားသည်။ ကြည့်ရသည်မှာ သူ၏ဟွားအာကို သေချာပေါက် ရှာတွေ့လိမ့်မည်။ ထို့ကြောင့် စိုးရိမ်ရန် မလိုအပ်လောက်ချေ။ယန်ရှစ်ရွှမ်း၏ ပုံရိပ်က သူတို့၏ မြင်နိုင်သော ဝန်းကျင်အတောအတွင်းမှ ပျောက်ကွယ်သွားပြီး သိပ်မဝေးသော နေရာရှိ ပိတ်ကာနေသော အဆောက်အဦးဘက်သို့ ရောက်သွားသည်။ ယဲ့လီက ခေါင်းကိုအသာ လှည့်လိုက်ပြီးနောက် သိပ်မဝေးသော နေရာသို့ ဆုတ်သွားသည့် သူဌေးကို လှမ်းကြည့်လိုက်သည်။

 

ယဲ့လီ၏ နှာခေါင်းထဲမှ အေးစက်သော နှာခေါင်းရှုံ့သံက ထွက်လာသည်။ သူ၏လေးနက်ပြီး သံလိုက်လို ဆွဲဆောင်မှုပြင်းသော အသံက အေးစက်လွန်းသဖြင့် စိတ်ဝိဉာဉ်ကို နှင်းကိုက်သလိုမျိုး တုန်ယင်လာစေလောက်သည်။

 

“မင်းမှာ ဘာအကျိုးအပြစ် သက်ရောက်မှုမှ မရှိဘူး။ ယန်ကွမ်း”

 

သူက ထိုသို့ မေးလိုက်သည်။ သူဌေး၏ ကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး မျက်လုံးကပင် မှေးကျင်းသွားသည်။ ထို့နောက် ယဲ့လီအား ကြောက်လန့်မှု အပြည့်ဖြင့် ကြည့်သည်။

 

“မင်း မင်း ဘာသိထားလို့လဲ”

 

.....

 

ဖ‌ယောင်းတိုင်၏ မီးခိုးနောက်သို့ လိုက်သွားသည့် ယန်ရှစ်ရွှမ်းက လမ်းကြားအနည်းငယ်ကို ပတ်ပြီးနောက်တွင် သိပ်မကြာခင် ဖယောင်းတိုင်က သူ့ကို ညွှန်ပြနေသည့် မြို့ဟောင်း၏ အစွန်ဆုံး အကျဆုံးသော နေရာသို့ ရောက်သွားသည်။

 

သို့သော် သူတွေ့လိုက်ရသည်မှာ ယန်ဟွားမဟုတ်ဘဲ နောက်ထပ်လူငယ်တစ်ယောက် ဖြစ်သည်။

 

ထိုလူငယ်သည် လှပပြီး ဖက်ရှင်ကျသော suit အပြည့် ဝတ်ထားသည်။ ထိုလူငယ်၏ ဆံပင်က သပ်သပ်ရပ်ရပ်နှင့် ဖြီးသင်ထားပြီး သူ့အား ကြည့်ကောင်းပြီးသား မျက်နှာကို ပို၍ကြည့်ကောင်း ချောမောသွားစေသည်။ သူသည် လမ်းပေါ်တွင် လျှောက်သွားလျှင်ပင် စတားတစ်‌ယောက်ဟု သတ်မှတ်၍ ရလောက်၏။ သူသည် ခမ်းနားထည်ဝါပြီး လူစည်ကားသော နေရာမျိုးတွင်သာ ပေါ်ထွက်လာသင့်သည်ဟု ယူဆလောက်မည့် အရှိန်အဝါမျိုးနှင့် ဖြစ်သည်။

126 02

သို့သော် ထိုအချိန်တွင် သူသည် အရှက်ရဖွယ်ပုံစံမျိုးနှင့် လမ်းဘေးတွင် လဲနေသည်။ သူ၏လှပသော အဝတ်အစားများက ရေညှိများ၊ ရွံ့များ ပေကျံနေသလို အဝတ်၏ တံတောင်ကလည်း ဆုတ်ပြဲနေသေးသည်။ သွေးများကလည်း အတွင်းမှ စိမ့်ထွက်နေသေး၏။ ထိုသွေးက အဝတ်မှတဆင့် နံရံကို စွန်းထင်းပေကျံနေသည်။ ထို့အပြင် အဖြူရောင် အနားစများတွင်လည်း ပြာအနည်းငယ်က စွန်းထင်း နေသေးသည်။

 

ထိုလူကသာ ယန်သော့နှင့် အိမ်အတွင်း တိုက်ခိုက်ခဲ့သောလူ ဖြစ်လောက်သည်။

 

ယန်ရှစ်ရွှမ်းက ဘေးပတ်လည်ကို ကြည့်သော်လည်း ပုံမှန်မဟုတ်သည့် အရာကို ရှာမတွေ့ချေ။ ဖယောင်းတိုင် လမ်းညွှန်မှုအတိုင်း သူရှာနေသော ယန်သော့ကို ပြန်မတွေ့ရချေ။

 

ဖယောင်းတိုင်က အနက်ရောင်မီးခိုးကို လွှတ်ထုတ်သည်မှာ ဘာသာ၏ အမိန့်အတိုင်း လုပ်ဆောင်မှုကို ဖော်ပြပြီးသွားသည့်အလားပင် ဖြစ်နေသည်။

 

မကြာခဏဆိုသလို ဖြတ်သွားဖြတ်လာများက လမ်းဘေးနားတွင် လူတစ်ယောက် တိုက်ခိုက်ပြီး သတိလစ်ကာ လဲနေသည်ဟု ထင်သဖြင့် ခပ်ဝေးဝေးသာ နေကြသည်။ သူတို့သည်လည်း ဒုက္ခမရောက်ချင်ကြပေ။

 

ယန်ရှစ်ရွှမ်းက ကူကယ်ရာမဲ့စွာ မျက်ခုံးပင့်လိုက်သည်။ သူသည် ဖယောင်းတိုင်ကို မှုတ်လိုက်ပြီး အောက်ဘက်မှလူကို ငုံ့ကြည့်လိုက်သည်။

 

“ငါ မင်းကို ဒီနေရာမှာ ထားခဲ့ချင်ပေမယ့်လည်း ကြည့်ရတာ ငါကပဲ မင်းကို ကယ်နိုင်မယ် ထင်တယ်”

 

ထိုလူငယ်၏မျက်နှာက ဖျော့တော့နေပြီး နူတ်ခမ်းများက မဲပြာနေသည်။ သူသည် မြေပြင်တွင် သတိလစ်လျက် လဲနေလေပြီး ယန်ရှစ်ရွှမ်းကို ပြန်မဖြေချေ။

 

“ကျွတ်စ်”

 

အဲဒီကောင်ယဲ့လီကို ခေါ်လာခိုင်းရမှာ။ သူ့ကို အလုပ်ကြမ်း လုပ်ခိုင်းလို့ ရတယ်။

 

သူသည်လည်း သူနှင့်ပက်သက်မှု အနည်းငယ်မှ မရှိသည့် လူတစ်ယောက်ကို မသယ်သွားချင်ပေ။

 

ယန်ရှစ်ရွှမ်းက သက်ပြင်းချပြီး ငုံံ့ကိုင်းကာ ထိုလူ၏ အင်္ကျီကော်လံကို ကောက်ကိုင်လျက် မနက်စာဆိုင်ပိုင်ရှင်ရှိရာ အိမ်ဘက်သို့ တရွတ်တိုက် ဆွဲလာလိုက်သည်။

 

ဒီလိုဆိုရင် အင်အားကုန် သက်သာတယ်။

 

ယန်ရှစ်ရွှမ်းသည် ခံစားချက်မဲ့သော မျက်နှာဖြင့် တွေးလိုက်သည်။ သူ၏သွယ်လျသော လက်ချောင်းဖြင့် လျှင်မြန်စွာ တွက်ချက်ပြီး မကြာခဏဆိုသလို သူ၏ပေါင်ပေါ်တွင် ခြားနားသော အရှည်မျိုးနှင့် အစင်းကြောင်းရာကို ဆက်တိုက်ဆွဲနေလိုက်သည်။ ထိုသို့ဖြင့် ယန်သော့‌ရှိသော နေရာကို တွက်ချက်လိုက်သည်။

 

ထိုခြောက်ထောင့်ပုံစံခွက်အရ ယန်သော့ ပျောက်နေကြောင်း ဖော်ပြသည်။ သို့သော် ယန်သော့နှင့် နီးစပ်လွန်းသော လူတစ်ယောက်ကမူ အိမ်သို့ ပြန်သွားသည်။ ယန်ရှစ်ရွှမ်း၏ ခြေလှမ်းများက ရပ်တန့်သွားသည်။

 

နီးစပ်လွန်းသော သူ။ ယန်သော့ရဲ့အစ်မ ယန်ဟွားပေါ့။

 

မနက်စာဆိုင်ပိုင်ရှင်က အိမ်သို့ပြန်သွားသောအခါ ယန်သော့က ယန်ဟွား၏ကိုယ်ကို ထိန်းချုပ်ပြီး အပြင်ဘက်သို့ ရောက်နေသည်။ သို့သော် သူမ၏ မိသားစုရေးအကြောင်း တွေးနေသော ယန်ဟွားကမူ ထိုအခြေအနေကို သိပုံရပြီး ခင်ပွန်းဖြစ်သူ၏ စိုးရိမ်မှုနှင့် ပူပန်သောကများကို နားလည်သဖြင့် အိမ်သို့ပြန်သွားခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် ယန်သော့၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး အိမ်သို့ ပြန်သွားခြင်း ဖြစ်လောက်သည်။ ယန်ရှစ်ရွှမ်းက သတိလစ်နေသော သေမျိုးကို မနက်စာဆိုင် အိမ်ပိုင်ရှင်၏ အိမ်အောက်ထပ်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်လာချိန်တွင် အဝေးတစ်နေရာ၏ အဆောက်အဦး တံခါးဝနားတွင် ပက်လက်လဲကျနေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

 

မူလက လှပသော ယန်ဟွားသည် မနက်စာဆိုင်ပိုင်ရှင် ပြောသလိုမျိုး သူမ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ခြောက်ကပ်လွန်းသောကြောင့် ပုံပန်းသွင်ပြင်ပင် ပျောက်လောက်အောင် ပိန်ကပ်နေသည်။ အဝေးမှကြည့်သော် ယန်ဟွား၏ ပိန်ကပ်နေသာ ခန္ဓာကိုယ်အရ အရိပ်၏ အမှောင်ထုထဲတွင် လဲနေသာ အရိုးခြောက်တစ်စုအလား ထင်ရစေသည်။ အဆောက်အဦး၏ တံခါးထောင့် ကွယ်နေသော အမှောင်ထု‌အောက်တွင်ပင် သူသည် တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

 

သူမ၏မျက်လုံးများက တင်းတင်းကြပ်ကြပ် ပိတ်နေလေပြီး မျက်လုံးအိမ်က ချိုင့်ဝင်ကာ မဲနက်နေသည်။ နူတ်ခမ်းက ပြာလိုက်မဲလိုက် ဖြစ်နေကာ သွေးမဲ့နေ၏။ သူမ၏ မျက်နှာက မဲတူးနေသည်။ အနီးကပ်သာ မကြည့်လျှင် သူမ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေကြောင်း မမြင်ရပါက ထိုသူအား အသေကောင်ကဲ့သို့ ခံစားမိစေလောက်သည်။

 

“ယန်ကွမ်း”

126 03

ယန်ရှစ်ရွှမ်းက အနားသို့ ချဉ်းကပ်သွားပြီး ယန်ဟွားအား အလျင်စလို နိူးခြင်း မပြုခဲ့ချေ။ ထို့အစား မီတာအနည်းငယ်အကွာတွင် ရပ်တန့်လျက် မနက်စာဆိုင်ပိုင်ရှင်၏ နာမည်ကို လှမ်းခေါ်လိုက်သည်။

 

သူ၏ဒန်တျန်ထဲသို့ သူ၏စွမ်းအင်များကို လိမ့်ဝင်သွားစေလျက် သူ၏ကြားခံနယ်အတွင်းမှ စွမ်းအားများကို ထည့်သွင်းပြီးနောက်တွင် သူ၏အသံဟာ အောက်ထပ်မှ တဆင့် အပေါ်သို့ တက်လျက် လေးထပ်မြောက် အခန်းထဲမှ မနက်စာဆိုင်ပိုင်ရှင်၏ နားထဲသို့ ကွက်တိရောက်သွားသည်။

 

“ခင်ဗျားရဲ့ဇနီးက အောက်မှာရောက်နေတယ်။ လာပြီးခေါ်လှည့်”

 

သိပ်မကြာခင် သံမဏိတံခါးက ဝုန်းကနဲ ပွင့်သွားပြီး လျင်မြန်စွာ ဆင်းလာသည့် ခြေလှမ်းသံများကို ကြားရသည်။

 

မနက်စာဆိုင်ပိုင်ရှင်က အောက်သို့ ခပ်မြန်မြန် ဆင်းလာသည်။ ဇနီးဖြစ်သူက မြေပြင်တွင် လဲနေကြောင်း မြင်သောအခါ သူသည် အံ့ဩသွားသည်။ တစ်ချိန်တည်းတွင်ပင် စိုးရိမ်မိသွား၏။ သူက မျက်ရည်အပြည့်နှင့် အော်၏။

 

“ဟွားအာ ဟွားအာ ဘာဖြစ်တာလဲ”

 

“ခင်ဗျား သူ့ကို ပွေ့ပြီး အိပ်ခန်းထဲသို့ အမြန်ခေါ်သွားလိုက်ပါ။ ပြီးရင် ငါ တက်လာမယ်”

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်သော လေသံနှင့် ပြောသည်။

 

“သူမက လုံးဝကို အားကုန်နေလောက်တယ်။ သရဲ ဝင်ပူးခံထားရတာကြောင့် သူမရဲ့ ယင်ချီက ယန်ချီနဲ့ ယှဉ်ရင် တအားကို သိပ်သည်းနေလိမ့်မယ်။ ယန်ချီကတော့ တအား အားနည်းနေလောက်တယ်။ ဒါကြောင့် ယန်ချီ ပြင်းထန်လွန်းတဲ့သူတွေက အနားကပ်ရင် ထိခိုက်ဖို့ လွယ်တယ်”

 

“ဆက်ပြီး ငိုမနေနဲ့။ ခင်ဗျားမိန်းမက ဒီအတိုင်း ပစ်ထားရင် သိပ်မကြာခင် ခဲသွားမှ တစ်ခုခု ဖြစ်လာလိမ့်မယ်”

 

ယန်ရှစ်ရွှမ်း၏ တည်ငြိမ်သော လေသံက မနက်စာဆိုင်ပိုင်ရှင်အား နှစ်သိမ့်မှု ပေးရုံသာ ပေးနိုင်သည်။ သူသည် မျက်ရည်များကိုသုတ်ပြီး ဇနီးဖြစ်သူကို အပေါ်ဘက်သို့ ပြန်ပွေ့သွားသည်။

 

တခဏခန့် စောင့်ပြီးနောက်မှ သံမဏိတံခါးထံမှ လာသည့် ကွဲအက်သံလို အသံမျိုးကို ကြားသောအခါ ယန်ရှစ်ရွှမ်းက ခြေထောက်များကို မြှောက်ပြီး အပေါ်ဘက်သို့ တက်သည်။ သို့သော် တစ်စိမ်းတစ်ယောက်ကိုမူ လက်ဖြင့် တရွတ်တိုက် ဆွဲသွားလေသည်။ 

 

သို့ရာတွင် သူက ထိုအဆောက်အဦး၏ တံခါးကို အကြမ်းဖျင်း ဖြတ်ပြီးရုံသာ ရှိသေးသည်။ ယန်ရှစ်ရွှမ်းက ရုတ်တရက် စူးရှသောအကြည့်က သူ့ထံ‌ရောက်လာကြောင်း ခံစားလိုက်ရ၏။ ထိုအကြည့်သည် တံခါးထောင့် အမှောင်ထု တစ်နေရာမှ လာသည်။

 

အမှောင်ထဲတွင် ဖရိုဖရဲဆံပင်နှင့် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ထားသော ဖြူဖျော့သော အသားအရည်နှင့် မဲနက်နေသော မျက်လုံးပိုင်ရှင် မိန်းမတစ်ယောက် ရှိနေသည်။ သူမ၏ နူတ်ခမ်းများက သွေးအလား နီရဲလွန်းနေသည်။ သူမသည် အမှောင်ထုထဲတွင် ရပ်ထားသည်။ သူမ၏ အနီရောင် အခမ်းအနားဖိနပ်က စကပ်အောက်နားတွင် ရှိနေသည့်တိုင်အောင် ထိုနေရာဟာ ကြမ်းပြင်နှင့် ကွာသောကြောင့် လေပေါ်တွင် မျောလွှင့်နေကြောင်း ဖော်ပြသည်။

 

ထိုအမျိုးသမီးက ဘာမှမပြောဘဲ ယန်ရှစ်ရွှမ်းကိုသာ ကြည့်သည်။ အထူးသဖြင့် မုန်းတီးမှုနှင့် အငြိုးတရားများ သယ်ဆောင်ထားသော အကြည့်မျိုးဖြင့် ကြည့်လာခြင်း ဖြစ်သည်။

 

“ယန်သော့လား”

 

ယန်ရှစ်ရွှမ်းက မသေချာစွာသဖြင့် တည်ငြိမ်စွာ မေးလိုက်သည်။

 

“မင်းက သေပြီးသား။ ဒါကို ဘာလို့ သေမျိုးတွေ အနားမှာ ဝဲနေပြီး မထွက်သွားသေးတာလဲ”

 

အနီရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အဖြူတစ်စွန်းတစ်မှ မရှိသည့် ပိန်းဖိန့်အောင် မဲမှောင်သည့် မျက်လုံးက ယန်ရှစ်ရွှမ်းကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

 

သို့သော် ယန်ရှစ်ရွှမ်းက မျက်တောင် တစ်ချက်ခတ်ပြီး ပြန်ကြည့်သောအခါ  မည်သူမှ မရှိတော့ချေ။ အမှောင်ထုအတွင်းသို့ တောက်ပသော အလင်းရောင် ရှိရာနေရာသို့ ရုတ်တရက် ဝင်လျှောက်လိုက်သောကြောင့် ကျင့်သားမရသေးသော မျက်လုံးကို ကျင့်သားရအောင် လုပ်ပြီးနောက် ထောင့်တစ်နေရာတွင် ရှိနေသည့် အရာကို မြင်လိုက်ရသည်။ ထိုအရာသည် အနီရောင်ပလတ်စတစ် အဝတ်ချိတ်ကြီး ဖြစ်နေသည်။ ထိုအဝတ်ချိတ်ပေါ်တွင် အဝတ်တစ်စကို ချိတ်ဆွဲထားသည်။ ထိုအရာသည် အမျိုးသမီးတစ်ယောက်၏ စကပ်ဖြစ်သည်။

 

မသိလျှင် အရာအားလုံးက ထင်‌ယောင်ထင်မှားအလား ထင်ရသည်။

 

ယန်ရှစ်ရွှမ်းက တစ်ခဏခန့် ရပ်တန့်သွားပြီး သက်ရောက်ခံရခြင်း မရှိဘဲ အပေါ်ဘက်သို့ ဆက်တက်သည်။

 

“အိုဟောင်းနေသော အဆောက်အဦး ဖြစ်သောကြောင့် လမ်းကကျဉ်းပြီး လှေကားများကလည်း မှောင်သည်။ ပြတင်းပေါက်နားတွင် ကပ်ထားသော သတင်းစာများက အချိန်ကြာမြင့် လာသောကြောင့် အဝါရောင်သို့ပင် ပြောင်းလာလေရာ တစ်ဝက်ခန့်ကပင် ပြုတ်ကျနေပြီး လေတိုက်သောအခါ တစွက်စွက်အသံများ ထွက်နေသည်။ အလင်းမရှိသော ထောင့်နေရာနားတွင် မွစာကြဲနေသည့် တံမြက်စည်းများက လူအရိပ်များအလား ဖြစ်နေစေသည်။ မသိလျှင် ထိုအရိပ်များက နံရံများပေါ် တွယ်တက်နေသလိုမျိုး ထင်ရ၏။

 

....

126 04

လုရှင်းရှင်းက နိုးလာသောအခါ သူ၏တစ်ကိုယ်လုံးက ကုန်တင်ကားဖြင့် အကြိတ်ခံရသလို ခံစားနေရသည်။ သူ၏အရိုးများကပင် ကွဲအက်သံများကို ထုတ်နေ၏။ သူ၏ကြွက်သားများက နာကျင်ကြိမ်းကိုက်လွန်းသဖြင့် ရှာလကာရည်နှင့် နှပ်ထားသော ဝက်သားအဖြစ် သုံးပြီး ကြော်မည်ဆိုလျှင်ပင် သူနှင့်တူနေလောက်သည်။

 

သူက နာကျင်စွာ ညည်းညူလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ထထိုင်လိုက်သည်။ ခေါင်းကိုမော့ရင်း မျက်လုံးကို တစ်ချက်အုပ်ကာ သူကြုံတွေ့ခဲ့ရသည့် နာကျင်ဖွယ်ကောင်းသော အဖြစ်အပျက်များကို ပြန်တွေးလိုက်သည်။

 

သူသည် မှတ်မိပါသေးသည်။ သူ၏ဆရာဖြစ်သူထံမှ ဦးလေးလီချန်းရွမ်၏ လုပ်ဆောင်မှုများကို ကြားလိုက်ရသည်။ ထို့အပြင် ထိုဦးလေးဖြစ်သူ၏ တပည့်က မည်မျှတော်ကြောင်းကို အမြဲတစေ ကြားနေခဲ့ရသည်။

 

ထို့ကြောင့် လက်မခံနိုင်ပေ။ သူဟာ သူကိုယ်တိုင်က ထိုတပည့်ကို လိုက်ရှာပြီး မည်သူက ပိုတော်ကြောင်း သိရန် ပြိုင်ချင်ခဲ့သည်။ သူ့ဆရာက ဘာလို့ သူ့ကို နေ့တိုင်းဖမ်းပြီး ဆူနေတာလဲ။ သူ့ရဲ့ဦးလေးရဲ့ တပည့်ကိုတော့ အမြဲတစေ သဘောတကျ လက်ခံနေသေးတယ်။

 

ထို့ကြောင့် ထိုအမျိုးသား ရှိလောက်မည့်နေရာကို အကြမ်းဖျင်း တွက်ချက်ရန် ရုန်းကန်ပြီးနောက် လျို့ဝှက်စွာ ခိုးကာပြေးလာခြင်း ဖြစ်သည်။

 

သို့ရာတွင် မမျှော်လင့်ထားစွာပင် ထိုလူနေသော နေရာက ရှုပ်ထွေးသော အဆောက်အဦးများရှိသည့် မြို့ဟောင်းနေရာ ဖြစ်နေလေပြီး လမ်းများကလည်း ရှုပ်ထွေးကောက်ကွေ့ လွန်းနေသည်။ သူသည် အချိန်အတန်ကြာ ရှုပ်ထွေးသည့်တိုင်အောင် နေရာကို မရှာနိုင်သည်မှာ ဝင်ပေါက်ကို ရှာမတွေ့သည့် ဝင်္ကပါအတွင်းသို့ ရောက်နေသည်အလား ထင်ရသည်။

 

ထို့ကြောင့် သူသည် မြို့ဟောင်းအတွင်း လမ်းပျောက်သွားသည်။ သူသည် မြေပုံကို ဖွင့်ထားသည့်တိုင်အောင် လမ်းများက သေးငယ်ကာ ရှုပ်ထွေးလွန်းပြီး လမ်းကြောင်းများကလည်း ရှိကာ အချက်ပြစနစ်ကလည်း သိပ်မကောင်းသော အနေအထားမျိုးသို့ ရောက်နေသည့်အလျောက် သူသည်လည်း အဆုံးနေရာများသို့ ရောက်သွားသည်။

 

သို့သော် ထိုအခိုက်အတန့်တွင် သူသည် ရုတ်တရက် သူ၏ဘေးဘက်မှလာသည့် ပြင်းထန်လွန်းသော တစ္ဆေအရှိန်အဝါကို ခံစားမိလိုက်လေရာ ရှေ့သို့အပြေးသွားပြီး တံခါးဘက်မှ ထွက်လာသည့် တစ္ဆေအရှိန်အဝါအပြည့်နှင့် အမျိုးသမီးတစ်ယောက်နှင့် ဆုံသွားသည်။

 

သူသည် ဆရာဖြစ်သူက ပြောထားသည်။ သူဟာ ကျွမ်းကျင်အဆင့် မရောက် သေးသောကြောင့် သရဲများကို ဖမ်းရန်သွားချိန်တွင် သရဲအလိုက်ခံရနိုင်မည်ဆိုသော စကားလုံးများကို အလွန်ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူနှင့်သယ်လာသော အဝါရောင်အဆောင်လက်ဖွဲ့ကို စိတ်အားထက်သန်စွာ ထုတ်လိုက်ပြီး ထိုအမျိုးသမီးထံ ပြေးသွားကာ တိုက်ခိုက်ခဲ့သည်။

 

သို့ရာတွင် ထိုအမျိုးသမီးသည် အလွန်အမင်း အင်အားကြီးမား လွန်းနေခဲ့သည်။ ဆရာ ပေးလိုက်သော အဆောင်များကပင် တောင့်မခံနိုင်ခဲ့ချေ။ သူက ဒဏ်ရာ ရသွားသည်။ ထို့ကြောင့် အရှက်ရသော ပုံစံမျိုးနှင့် ထိုအမျိုးသမီးက သူ့နောက်သို့ လိုက်ခဲ့၏။ သူသည် အဆောက်အဦးပေါ်မှ အလျင်စလို ခုန်ချ ထွက်ပြေးခဲ့ရသည်။ သို့သော် အပစ်ခံရသေး၏။ ထို့နောက် ထိုသရဲမက သူ့နောက်သို့ ဆက်တိုက် ပြေးလိုက်လာလေရာ သူ့ကို ထပ်ခါတလဲလဲ ဒဏ်ရာရအောင် လုပ်သည်။

 

သူသည် သတိမလွတ်ခင် နောက်ဆုံးမြင်ကွင်းကမူ ထိုအမျိုးသမီးသည် ရုတ်တရက် သူ၏အရှေ့တွင် ခက်ထန်သော မျက်နှာဖြင့် ရပ်ကာ သွားကိုဖြဲ၊ လက်သည်းကို ဆန့်ထုတ်၍ နောက်ဘက်သို့ လှမ်းကြည့်နေခြင်း ဖြစ်သည်။

 

ထိုနောက်ပိုင်း သူ့တွင် မည်သည့်မှတ်ဉာဏ်မှ မရှိတော့ချေ။

 

လုရှင်းရှင်းက မျက်နှာကိုအုပ်ပြီး ခါးသီးစွာ ပြုံးသည်။

 

“ဆရာ… ဆရာ ပြောတာကို ငါ တကယ် သဘောတူတယ်။ ငါ သရဲဖမ်းတဲ့နည်းလမ်းက သရဲ လိုက်ဖမ်းတာကို ခံတာထင်တယ်”

 

******