127 01
အပိုင်း(၁၂၇)
“နိုးလာပြီလား နိုးရင်လည်း ထတော့လေ။ မြေပြင်မှာ လဲနေရတာ အရမ်းကို သက်တောင့်သက်သာ ရှိနေလို့လား”
ရုတ်တရက် သူ၏ခေါင်းအထက်မှ သံလိုက်လို ဆွဲဆောင်မှုရှိသော စနှောက်သည့် အမျိုးသားတစ်ယောက်၏ အသံက ထွက်လာသည်။
လုရှင်းရှင်းက စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် မျက်လုံးကို အုပ်တင်ထားသော လက်ကို ဖယ်ချလိုက်သောအခါ သူ၏ဘေးဘက်ရှိ ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ့ ထိုင်နေသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုအမျိုးသား ရိုးရှင်းသော အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားသည်။ သူ၏ရှည်လျားသော ခြေထောက်က ချိတ်ထားသည်။ အပေါ်ခြေထောက်ကမူ အနည်းငယ် မြောက်နေသည်။ သူသည် သူ၏ ပြီးပြည့်စုံသော မေးစေ့ကို လက်ဖဝါးဖြင့် အသာထောက်ထားရင်း ပျင်းတိပျင်းရွဲစွာ ထိန်းမှီလျက် အောက်ဘက်သို့ ငုံ့ကြည့်နေခြင်း ဖြစ်သည်။
ဒါက မောက်မာထောင်လွှားမှု အပြည့်ရှိပြီး အရိုင်းဆန်မှု ပြည့်နှက်နေတဲ့ လူအများက အသိအမှတ်ပြုပြီး ချောမောလွန်းပါတယ်ဆိုတဲ့ ရသစုံရှိုးထဲက သူတွေ့ထားတဲ့ ယန်ရှစ်ရွှမ်းမှ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။
လုရှင်းရှင်းက မျက်လုံးထောင့်များ တင်းကြပ်သွားသလို ခံစားလိုက်ရ၏။ သူ၏မျက်နှာတွင် အံ့အားသင့်မှုနှင့် ဒေါသများက ပြည့်နှက်လာသည်။
ယန်ရှစ်ရွှမ်းက မျက်ခုံး ပင့်လိုက်၏။
“ငါ မင်းကို ပြန်ဆွဲခေါ်လာဖို့ တော်တော်လေးကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာ။ ငါ မျက်လုံးဖြူ ဝံပုလွေကိုများ ဆွဲခေါ်လာမိတာလား။ မင်းရဲ့မျက်နှာထားက ဘာလဲ။ ငါက မင်းကို ကယ်တာ အမှားလုပ်မိတာလို့ ထင်တာပေါ့။ ဒါဆိုရင် အဲဒီနေရာကို ပြန်ဆွဲခေါ်ပြီး ပစ်ချလိုက်ရမလား”
ထိုသို့ပြောပြီးနောက် ယန်ရှစ်ရွှမ်းက ဆိုဖာပေါ် မတ်တပ်ထရပ်ကာ အမှန်တကယ်ပင် လုရှင်းရှင်းကို ခေါ်သွားချင်သလို ပြုမူနေသည်။
“နေပါဦး”
လုရှင်းရှင်းသည်လည်း ခုခံရန် အသင့်ပြင်လိုက်ပြီး ယန်ရှစ်ရွှမ်းကို လက်ညိုးထိုးကာ မေးသည်။
“မင်းက ရှိုးမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေတာလဲ”
လုရှင်းရှင်းက ဘေးဘီကို ကြည့်လိုက်သောအခါ သူသည် ယခုလေးတင် သရဲနှင့် တွေ့ခဲ့သည့် အိမ်သို့ ရောက်နေကြောင်း တွေ့လိုက်သည်။ ထို့ကြောင့် ပို၍ပင် သတိကပ်သွားပြီး လက်ကို မြေပြင်ပေါ်တင်လျက် ထရပ်ရန် ကြိုးစားသည်။
“ဒီနေရာမှာ သရဲရှိတာ မင်း သိလား။ ဒါတောင်မှ မင်း ဒီနေရာကို လာရဲသေးတာလား။ ဘယ်လောက်တောင် သတ္တိကြီးလိုက်သလဲ”
သို့ရာတွင် သူက ထိုသို့ပြောပြီးပြီးချင်း အင်အားမရှိသောကြောင့် တုန်ယင်နေသော လက်က ခန္ဓာကိုယ်ကို ထပ်မထိန်းထားနိုင်သဖြင့် သူသည် မြေပြင်ပေါ်သို့ ပြန်လဲသွားရသည်။
ယန်ရှစ်ရွှမ်းက အနည်းငယ် အံ့ဩသွားသည်။
“သရဲရှိတဲ့နေရာတွေမှာ ငါ ပေါ်လာတာကို မသင့်လျော်ဘူးလို့ လူအနည်းစုလောက်ကပဲ ထင်တတ်တာ။ မင်းရဲ့ လေသံအရ ရသစုံရှိုးမှာ မင်း မြင်ခဲ့ပြီးသား ထင်တယ်”
“မစိုးရိမ်ပါနဲ့။ အချိန်တစ်ခု ကြာတဲ့အထိ မင်းအနေနဲ့ ဒီသရဲတွေအတွက် စိုးရိမ်စရာ မလိုဘူး။ မင်းကိုယ်တိုင်အတွက်ပဲ စိုးရိမ်သင့်တယ်”
ယန်ရှစ်ရွှမ်းက လက်ချောင်းကို မြှောက်ပြီး လုရှင်းရှင်း၏ လက်မောင်းကို ညွှန်ပြသည်။
“ငါ မင်းကို ကူညီပြီး သွေးတိတ်အောင် လုပ်ပေးထားတယ်။ ပိုးမကူးအောင် တားတဲ့အဆောင်နဲ့ ကုပေးထားတယ်။ အခြားကိစ္စတွေကိုတော့ မင်းဘာသာ လုပ်တတ်တယ် မဟုတ်လား။ ကိုယ့်ဘာသာကိုယ် ပတ်တီး စည်းတတ်လား”
လုရှင်းရှင်းက ထိုစကားကို ကြားသောအခါ ခေါင်းကို အလိုအလျောက် ငုံ့လိုက်သည့် အခိုက်အတန့်တွင် သွေးမထွက်တော့သော ဒဏ်ရာကို တွေ့လိုက်ရသည်။
“မင်း ငါ့ကို ကယ်ခဲ့တာလား”
လုရှင်းရှင်းက မှင်သက်နေသေးသည်။
“နောက်ပြီး မင်းက သွေးလည်းတိတ်အောင် ဂါထာ ရွတ်တတ်သေးတာလား။ ဒါဆိုရင် ရှိုးက ကွန့်မန့်တွေ ပြောသလိုပဲ တကယ်အင်အားကြီးတာပေါ့”
“မင်းက ဆရာသခင်အဆင့်တော့ မရောက်သေးပါဘူးနော် ဟုတ်တယ်မလား။ နောက်တစ်ကြိမ် မင်း မိစ္ဆာဝိဉာဉ်၊ သရဲတွေနဲ့ ရင်ဆိုင်တဲ့အခါ သွေးပူပူနဲ့ ရှေ့မပြေးသွားသင့်ဘူး။ အဲဒီအစား အိမ်ကိုပြန်ပြီး မင်းရဲ့ဆရာကိုပဲ ပြန်တိုင်သင့်တယ်”
လုရှင်းရှင်းက နိုးလာပြီး သူ၏ စကားပြောပုံ၊ အကျိုးအကြောင်း စဉ်းစားပုံဟာ ပုံမှန်ဖြစ်နေကြောင်း မြင်ရချိန်တွင် တစ္ဆေစွမ်းအင် အမြောက်အမြား မကျူးကျော်သွားခဲ့သလို သက်ရောက်မှု အနည်းငယ်လောက် ရှိလောက်မည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းသည် သူ့ကိုအာရုံမစိုက် မနေတော့ဘဲ အကြံဉာဏ်သာ ပေးလိုက်သည်။ ထိုသို့ဖြင့် နောက်လှည့်ပြီး အခြားတစ်ဖက်ခြမ်းသို့ သွား၏။
သူဌေးသည် အိပ်ခန်းအပြင်ဘက်တွင် ဆောင့်ကြောထိုင်ကာ ငိုရင်း မှင်သက်နေသည်။
127 02
ယန်ရှစ်ရွှမ်းက တည်ငြိမ်သော အဆောင်ကို ရွတ်ဖတ်ပြီးနောက် ဇနီးဖြစ်သူ ယန်ဟွားဟာ အိပ်ယာထဲတွင် အိပ်မောကျနေပြီ ဖြစ်သည်။ ထိုအချိန်ကာလ အတောအတွင်း သူမသည် ကောင်းကောင်း မအိပ်ခဲ့သလို တစ္ဆေစွမ်းအင်များက ခန္ဓာကိုယ်ထဲ ကျူးကျော် ဝင်ရောက်နေလေရာ သူမ၏ ယန်စွမ်းအင်တိုင်းကို ပျောက်ကွယ် သွားစေသည်။ ထို့ကြောင့် သူမသည် လူသေကောင်အလား အေးစိမ့်လျက် ညိုးနွမ်းနေတတ်သည်။ ယခုအချိန်မှသာ ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားခြင်း ဖြစ်သည်။
ယခုလေးတင် ယန်ရှစ်ရွှမ်းက မိစ္ဆာသရဲက ခွာသွားသည့် အချိန်ကို ယန်ဟွားထံမှ သရဲကို နှင်ရန် ကြိုးစားကြည့်သည်။ သူသည် သူမ အိပ်ပျော်နေချိန်တွင် မိစ္ဆာနှင်လိုက်သည်။ ထို့ကြောင့် အားနည်းသော ခန္ဓာကိုယ်က သည်းမခံနိုင်သည့်တိုင်အောင် ထင်သလောက် နာနေလိမ့်မည် မဟုတ်ချေ။
“ငါ ခင်ဗျားရဲ့အိမ်နံရံမှာ တစ္ဆေအပနှင် အဆောင်လက်ဖွဲ့တွေကို ပြဒါးရိုက်တိုင်သုံးပြီး ရေးဆွဲထားပေးမယ်။ အဲဒီအဆောင်သင်္ကေတတွေ အပေါ်ကို ရေမလောင်းနဲ့။ ဆေးသုတ်တာမျိုး မလုပ်နဲ့။ အဲဒီအဆောင်တွေ ရှိနေသေးသမျှ ယန်သော့က ခင်ဗျားရဲ့ဇနီးနားကို မကပ်နိုင်စေရဘူး”
ယန်ရှစ်ရွှမ်းက သူဌေးရှေ့ဘက်သို့ ဒူးထောက်ချလိုက်ရင်း သူ့ကို တိုက်ရိုက်ကြည့်ကာ ပြောသည်။
“ဒါပေမဲ့ ဒါက လက္ခဏာကို ကုသရုံပဲ တတ်နိုင်တာ။ အမြစ်ကို ပျောက်မသွားနိုင်ဘူး။ ငါတို့အနေနဲ့ ဖြစ်လာတဲ့ အငြိုးတရားကို ရင်ဆိုင်ဖြေရှင်းပြီး ဖြစ်ပျက်စေတဲ့ ကိစ္စကို ကိုင်တွယ်ဖို့ လိုအပ်သေးတယ်။ ဒါကြောင့် ယန်သော့က ခင်ဗျားမိန်းမကို အလုံးစုံ မနှောက်ယှက်ဘဲ တည်ငြိမ်တဲ့ဘဝမှာ ပြန်နေနိုင်လိမ့်မယ်”
“ငါ ခင်ဗျားရဲ့ ရွာကိုသွားပြီး တစ်ချက် ကြည့်ပါဦးမယ်။ ယန်သော့ရဲ့ အရိုးကို အဲဒီမှာ မြှပ်ထားတယ် ဆိုကတည်းက ဖြေရှင်းချက် အဲဒီမှာ ရှိနေမှာပဲ”
သူဌေး၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။ သူသည် ခေါင်းဆောင်နှင့် ယန်ရှစ်ရွှမ်းကို ကျေးဇူးတင်နေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယန် ကျေးဇူးတင်ပါတယ်”
သို့သော် ရုတ်တရက် သူဌေးက ယန်ရှစ်ရွှမ်း၏ အနောက်ဘက်သို့ ကြည့်ပြီး တောင့်ခဲသွားကာ မျက်လုံးက ပြူးသွားသည်။
ယန်ရှစ်ရွှမ်းသည်လည်း တစ်စုံတစ်ရာဟာ မှားယွင်းကြောင်း သတိထားမိလိုက်ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက် သိပ်မဝေးသော နေရာတွင် စိမ်းဖြူရောင် အမျိုးသမီးတစ်ယောက်၏ မျက်နှာကြီးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးက ဖန်အနား မျက်နှာအတင်းကပ်လျက် မုန်းတီးမှုအပြည့်ဖြင့် အတွင်းဘက်သို့ လှမ်းကြည့်နေခြင်း ဖြစ်သည်။ သို့ရာတွင် အိမ်၏အဖြူရောင်နံရံတိုင်းတွင် တောက်ပနီရဲသော ဂါထာများက ပြည့်နှက်နေသည်။
ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းများက ကော့တက်ကာ ပြုံးလိုက်သည်။
“ယန်သော့ ငါ မင်းကို လာရှာမယ်”
၉၉ရက်တာ နှလုံးခုန်သံ ခရီးသွားခြင်း၏ ဒုတိယပိုင်းကို ထုတ်လွှင့်ပြသပြီးချိန် ကတည်းက ထိုပရိုဂရမ်က ယခင် အနှောက်အယှက်များမှ ခုန်ထွက်ပြီး သာမာန်ဆိုသော အနေအထားမှ ခုန်ထွက်ကာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းနှင့် ဗီဒီယိုပလက်ဖောင်းပေါ်မှ အများအကြိုက်ဆုံး ရှိုးတစ်ခု ဖြစ်လာသည်။
သို့သော် ပရိုဂရမ်၏ တတိယပိုင်းက မထုတ်လွှင့်ခင်ကတည်းက ဗီဒီယိုပလက်ဖောင်းများ၏ အဓိက စာမျက်နှာ အများစုတွင် ခိုင်မြဲစွာ နေရာယူထားပြီး ကြေငြာမှုများ၊ ဟန်ချက်ကို ထိန်းရင်း တည်ဆောက်မှုများ ရှိလာသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကလည်း ထိုရှိုး၏ ကြည့်ရှုသူများ အချင်းချင်း ဆွေးနွေးရန်၊ ပြောဆိုဆက်သွယ်မှု ပြုနိုင်ရန် app၏ အဓိကနေရာတွင် နေရာတစ်ခုကိုပင် တရားဝင် ဖွင့်ပေးသေးသည်။ မည်သို့ပင်ဆိုစေ ထိုရှိုးဟာ နှစ်ပိုင်းတည်းနှင့် ကြည့်ရှုသူ သန်းပေါင်းများစွာ ရရှိခဲ့ခြင်း ဖြစ်လေသည်။
ပရိုဂရမ်အသင်း၏ ချဉ်းကပ်ပုံက ဘုန်းကြီး ဆန်လွန်းသည့်အပြင် မြောက်မြားလှစွာသော အရာရှိများကလည်း ပရိုဂရမ်နှင့် ပတ်သက်ပြီး လျို့ဝှက်စွာ ကာကွယ်ပေးနေသောကြောင့် မည်သူကမှ မထိနိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုရှိုးသည် သူတို့၏ cashကောင်းကြီး ဖြစ်နေသည်။
ထရန့်ဖစ်က ဘုရင်ပဲ။
သို့ရာတွင် ပရိုဂရမ်ကမူ တိတ်ဆိတ်နေသည်။
ကျန်းဝူပင်းကမူ ဒါရိုက်တာအသစ်တစ်ယောက် ဖြစ်သည်။ ရသစုံရှိုးများတွင် အတွေ့အကြုံ မရှိသလို ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှ မည်သည့်အတွေ့အကြုံမှလည်း မရှိချေ။ ထိုသို့ဖြင့် ဒါရိုက်တာအသင်းဟာ ကြာလာသည်နှင့်အမျှ ဘုန်းကြီးဆန်သထက် ဆန်လာသည်။ ထို့နောက် အလုံးစုံ အက်ကွဲသွား၏။ သူတို့သည် အော်ဖစ်ရှယ် ဆိုရှယ်အကောင့်ကို သုံးပြီး မည့်သို့ မားကပ်တင်းဆင်းသင့်ကြောင်း၊ ပရိုမုဒ်လုပ်သင့်ကြောင်းကိုလည်း မသိဘဲ ပရိုဂရမ်အသင်းမှ ဧည့်သည်များ ပို့စ်တင်လျက် စီးပွားရေး စလုပ်မည့်အချိန်ကို စောင့်နေသေးလေသည်။
ပရိုဂရမ်မှ ဧည့်သည်များတွင် အကျော်ကြားဆုံး ဖြစ်သည့် ယန်ရှစ်ရွှမ်းဆိုလျှင် ပိုးကောင်တစ်ကောင်လိုမျိုး အော်သံ နှစ်ချက်တည်းနှင့် ရှိုးမှကြုံတွေ့သမျှ အရာအားလုံးကို ဖြေရှင်းနိုင်သည့် မှင်သက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးကို ထုတ်ပြထားလေရာ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ လောကအမြင်ကို ကွဲပျက်သွားစေခဲ့သည်။
ဒါပေမဲ့ သူ့မှာ ဆိုရှယ်မီဒီယာအကောင့်တောင် မရှိဘူး။
127 03
ထို့ကြောင့် ဆိုရှယ်မီဒီယာအကောင့်များကို တာဝန်ယူထားရသည့် customer services နှင့် ဟော့လိုင်းများမှ တာဝန်ခံများဟာ ထိုအချိန်ကာလ အတောအတွင်း ယန်ရှစ်ရွှမ်းနှင့် ပတ်သက်ပြီး သူ၏ ဆိုရှယ်မီဒီယာအကောင့်ကို လာရောက်မေးမြန်းမှုများကို ဆက်တိုက်ဆိုသလို ကြုံဆုံ ဖြေရှင်းနေရလေသည်။
ဘာလို့ ယန်ရှစ်ရွှမ်းမှာ ဆိုရှယ်မီဒီယာအကောင့်တောင် မရှိတာလဲ_ _ _စသဖြင့် တို့ကို ဖြေဆိုနေရ၏။
ထို့ကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှ အော်ဖစ်ရှယ် ပလက်ဖောင်းသည်လည်း ကြာလာသည်နှင့်အမျှ စိုးရိမ်စိတ် အလွန်များလာသည်။ မည်သို့ပင်ဆိုစေ ယန်ရှစ်ရွှမ်းက ဆိုရှယ်မီဒီယာအကောင့်ကို မဖွင့်သောအခါ fan management မှ မလုပ်နိုင်ချေ။ ထရပ်ဖစ်၏ လှည့်ပတ်မှုများကိုလည်း မကိုင်တွယ်နိုင်ချေ။ ထို့အပြင် အုတ်ဂျုံတံဆိပ် ရထားသော လူအရေအတွက်ဟာ ၁၀သန်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဒါဟာ အစစ်အမှန် အရေအတွက် ဖြစ်ပြီး ပရိုမုဒ်လုပ်ထားခြင်း၊ မားကဒ်တင်း ဆင်းထားခြင်းတို့ကြောင့် ရောက်ရှိလာခြင်းလည်း မဟုတ်ချေ။ ယခုအချိန်မှ စတင်လေပြီး အတွေ့အကြုံရှိ အော်ဖစ်ရှယ်များဟာ ယန်ရှစ်ရွှမ်း၏ commercial valueက မည်မျှ မြင့်လာနိုင်ကြောင်းကို နားလည်နေကြသည်။ ယန်ရှစ်ရွှမ်းကသာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းသို့ တရားဝင်မည်ဆိုလျှင် သူတို့အတွက် အကျိုးအမြတ် အများကြီး ရနိုင်၏။ ဆိုးရွားသော ထိခိုက်နစ်နာမှုများပင် မရှိလာနိုင်ချေ။
သို့ရာတွင် ဖိတ်ကြားလွှာ တစ်စောင်ပြီးတစ်စောင်အား ယန်ရှစ်ရွှမ်း၏ ပရိုဂရမ်အသင်း၏ မေးလ်ဘောက်ထဲသို့ ထပ်ခါတလဲလဲ ပို့နေခဲ့ပါသော်လည်း အကြောင်းပြန်စာများ ရောက်ရှိ မလာခဲ့ချေ။
ကြည့်ရတာ တတိယပိုင်း ထုတ်လွှင့်တဲ့အခါ အော်ဖစ်ရှယ် ဆိုရှယ်ပလက်ဖောင်းကတော့ ဒုက္ခရောက်တော့မယ် ထင်တယ်။
အော်ဖစ်ရှယ် .. သူက ထရပ်ဖစ် မလိုချင်ဘူး။ ငါတို့ကတော့ လိုချင်တယ်လေ။
သို့ရာတွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများက အလျင်လက်ဦးမှုယူကာ ရှိုးအတွက် ဆွေးနွေးခန်းများ ဖွင့်ပေးသောကြောင့် လူသစ်တစ်ယောက် ဖြစ်သည့်အတွက် ပွဲဦးထွက်ထားခြင်း မရှိသည့် ယန်ရှစ်ရွှမ်းက ထိုရှိုးတွင် ဝင်ပါသောကြောင့် ယန်ရှစ်ရွှမ်း၏ ပရိတ်သတ်ပေါင်းများစွာက သူတို့အပိုင်နေရာတစ်ခုကို ရှာတွေ့သွားသလိုမျိုး အလိုအလျောက်ပင် ဆွေးနွေးစာမျက်နှာများတွင်သာ နေနေကြလေသည်။ နောက်ပရိုဂရမ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဒီနေရာတွင် ဆောင့်ကြောင့်စောင့်ကြသလို ယန်ရှစ်ရွှမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထိုနေရာတွင်သာ ပြောကြသည်။
ရသစုံရှိုး ဘဲငန်းကော၏ V ရထားသော အကောင့်ကြီး၏ အောက်ဘက်တွင် ထိုင်ကာ ပြောကြသော အစောပိုင်း ပရိတ်သတ်များလည်း ရှိသေးသည်။
ဘဲငန်းကောသည်လည်း ယခုတလော အလေ့အကျင့်အသစ်များ ရလာသည်။
ဥပမာအားဖြင့် သူ၏ဆိုရှယ်မီဒီယာအကောင့် စာမျက်နှာတွင် ယန်ရှစ်ရွှမ်းနှင့် ပတ်သက်သည့် စခရင်ရှုများကို တင်ကာ ယန်ရှစ်ရွှမ်း အမျိုးမျိုးသော ပုံများဖြင့် အလှဆင်ခြင်း၊ ယန်ရှစ်ရွှမ်း၏ ပုံတိုင်းကို သူ၏ပို့စ်တိုင်းတွင် ထည့်သွင်းခြင်းတို့ကို ပြုလုပ်လာတတ်သည်။ ထို့အပြင် သူက အိမ်တွင် တစ်ယောက်တည်း ရှိချိန်ဆိုလျှင်လည်း သူ၏အိမ်တွင် ယန်ရှစ်ရွှမ်း၏ စခရင်ရှုများကို နံရံတွင် ကပ်တတ်သေးသည်။ သူ၏မိုလ်ဘိုင်းဖုန်းမှ စခရင်ဆေ့ဗာကလည်း ယန်ရှစ်ရွှမ်း ဖြစ်လာသည်။
ထို့ကြောင့် အတွင်းပုံပြင်ကို မသိသောသူများသာဆိုလျှင် ဘဲငန်းကောသည် ချောမောလွန်းသော အိုင်ဒေါလ်တစ်ယောက် နောက်ကို လိုက်နေသည့် နှာဘူးစတော့ကာ တစ်ယောက်ဟု ထင်လောက်သည်။
ဘဲငန်းကောသည်လည်း အမှန်တကယ် ကြောက်နေခြင်း ဖြစ်သည်။ သူသည် မူလကမူ သိပ္ပံပညာကိုသာ ယုံကြည်သည်။ သို့သော် ယန်ရှစ်ရွှမ်းကို ထပ်ခါတလဲလဲ တွေ့ပြီးနောက်တွင် သူ၏လောကအမြင်က အက်ကွဲသွားခဲ့သည်။ နောက်ဆုံးတွင်မူ သူသည် အယူသီးသူတစ်ယောက် ဖြစ်လာ၏။ အထူးသဖြင့် ပရိုဂရမ်၏ နောက်ဆုံးအပိုင်းတွင် ယန်ရှစ်ရွှမ်းသည် တောင်ဘုရားကျောင်းတွင် ပြောခဲ့သော စကားကြောင့် ဘဲငန်းကောကိုယ်တိုင်ပင် သူကြားခဲ့သော အရာက ထင်ယောင်ထင်မှား မဟုတ်ကြောင်း သိလာသည်။ ထို့အပြင် ဒါဟာ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုလည်း မဟုတ်ပါပေ။ ယန်ရှစ်ရွှမ်းက နောက်ပိုင်းတွင် ဂိုဏ်းစတားဟု ရှင်းပြခဲ့သော်လည်း ဒါဟာ ဒီအတိုင်းဖြေရှင်းချက်သာ ဖြစ်သည်ဟု နားလည်နေခဲ့သည်။ သူသည် သူ၏နားဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့သည်။ သူ၏အတွေးကို သိနေသလိုမျိုး တစ်ဖက်သူက ဆွဲဆောင်ဖျားယောင်းမှုတွင် သူသည် ပါသွားခဲ့ပြီး တောင်းဆိုမှု ပြုခဲ့သည်။
သူသည် လှုံ့ဆောင်မှုကို မလွန်ဆန်နိုင်ဘဲ ဆုတောင်းမိခဲ့သည်။ နောက်ပိုင်းတွင် ယန်ရှစ်ရွှမ်းကလည်း ဆုတောင်းထားသော သူများက ကံဆိုးနိုင်ကြောင်း ပြောသဖြင့် သူ အလွန်ကြောက်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မီဒီယာအသိုင်းအဝိုင်းမှ မိတ်ဆွေများမှတဆင့် ဘဲငန်းကောဟာ ဟိုင်ရွန်ဘုရားကျောင်းမှ ကျောင်သားဟု ယူရသည့် ငယ်ရွယ်သော ဆရာသခင်တစ်ယောက်နှင့် တွေ့သည်။ ထို့နောက် ဆရာသခင်လုအား သူ့အတွက် နမိတ်ဖတ်ခိုင်းခဲ့သည်။ ဆရာသခင်လုကမူ ယန်ရှစ်ရွှမ်း ပြောသောစကားက မှန်ကန်ကြောင်း ပြောသည်။
ယခုတလော သူသည် အမှန်ပင် ညစ်ညမ်းသောအရာများနှင့် တွေ့ကြုံနိုင်ခြေ သာမာန်လူများထက် မြင့်မားနေကြောင်း သိရသည်။
127 04
ထိုစကားကို ကြားသောအခါ ဘဲငန်းကောသည် ကြောက်လွန်းသဖြင့် နေရာတွင်ပင် စိတ်လွတ်မတတ် ဖြစ်ခဲ့ရသည်။
ကံကောင်းသည်မှာ ယန်ရှစ်ရွှမ်းက ရှိုးကို ကြည့်ရှုခဲ့သော လူများ၏ တောင်ဘုရားကျောင်းအတွင်းမှ ဆိုးယုတ်ခဲ့သော အရာကို တွေ့ကြုံခဲ့မှုအား မမေ့ခဲ့ချေ။ ထို့ကြောင့် ရှိုး၏နှစ်ပိုင်း ထွက်ပြီးနောက်တွင် သူသည် ဗီဒီယိုပလက်ဖောင်းတွင် ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။ သူသည် နေ့ရက်တိုင်းလိုလို တိုက်ရိုက်ထုတ်လွှင့် ပေး၏။ သူသည် အိမ်တွင် အိမ်အလုပ်လုပ်ရင်း တာအိုဂန္တဝင် ကျမ်းစာများကို ရွတ်ဖတ်ခြင်းဖြင့် တိုက်ရိုက်ထုတ်လွှင့် ပေးသည်။ ဒီနည်းအားဖြင့်လည်း ထိုလူများအတွက် မိစ္ဆာဝိဉာဉ်များကို မောင်းထုတ်ပေးရာ ရောက်လေသည်။
“အစကတော့ ဒါက စားပွဲပေါ်ကို တင်ထားလို့ မရတဲ့အရာလိုမျိုးပဲ_ _ _ ဖန်သားပြင်ကနေ တဆင့် ရောက်ရှိလာတဲ့အခါ ရေဒီယိုလှိုင်းတွေကိုလည်း ကျော်ဖြတ်ရသေးတယ်။ ဒါကြောင့် စွမ်းအားက အများကြီး ကျန်ရစ်မှာလည်း မဟုတ်ဘူး။ ဒီတော့ အများဆုံးမှ မင်းတို့ထဲက လူအများစုက နည်းနည်းလေး ကံဆိုးလိုက်ရုံပါပဲ။ ပုံမှန်အားဖြင့်တော့ တစ်ယောက်ချင်းစီ အပနှင်ဖို့ မလိုဘူး။ ဒါက တအားများလွန်းတယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ယန်ရှစ်ရွှမ်းက လက်တစ်ဖက်ဖြင့် မြေကြီးကို ထောက်ထားပြီး လေ့ကျင့်ခန်းလုပ်နေခြင်း ဖြစ်သည်။ ကြည့်ရှုသူများကိုလည်း ခပ်အေးအေး ပြောပြနေပေးသည်။
“မင်းတို့ အရမ်းကြီး စိုးရိမ်နေစရာ မလိုဘူး။ ဒီအတိုင်း အိမ်တံခါး လာခေါက်မဲ့ သရဲတွေကို မကြောက်ရွံ့ဖို့ လိုအပ်တာ”
သူ၏နဖူးမှ ချွေးများက သူ၏အရှေ့ဘက် မြေပြင်တွင်ပင် ရေအိုင်ငယ်လေး ဖြစ်နေစေသည်။ လက်တစ်ဖက်တည်း ထောက်လျက် ပြောင်းပြန်ရပ်နေသော ယန်ရှစ်ရွှမ်းဟာ မိုလ်ဘိုင်းဖုန်းပေါ်တွင် ပေါ်နေသော ကွန့်မန့်များကို တစ်ချက်ကြည့်လျက် လှောင်သည်။
“ဒါပေါ့ ဆိုးယုတ်တဲ့သူတွေကတော့ ရှိတာပဲ။ ဒါကြောင့် မင်းတို့အနေနဲ့ ဆိုးယုတ်တဲ့သူတွေ၊ မကောင်းမှု ပြုလုပ်ထားတဲ့ သူဆိုရင်တော့ အာဏာပိုင်တွေဆီမှာ အမြန်ဆုံး ဝန်ခံလိုက်ပြီး အာဏာပိုင်တွေဆီက အကာအကွယ်ကို တောင်းခံတာ ကောင်းမယ်လို့ ပြောချင်တယ်။ အဲဒီလိုမှမဟုတ်ရင် ကံအရမ်းနိမ့်နေတဲ့အချိန်မှာ ညစ်ညမ်းတဲ့ တစ်စုံတစ်ရာက သတ်လို့ သေသွားလောက်တယ်”
မူလက ယန်ရှစ်ရွှမ်း၏ အင်အားနှင့် နေ့စဉ်လုပ်သော လေ့ကျင့်ခန်းကပင် ထိုမျှ ပြင်းထန်လွန်းသောကြောင့် မှင်သက်နေကြသော ကြည့်ရှုသူများက ရုတ်တရက် !!! များကို ပို့ကြသည်။ သူတို့သည် ယန်ရှစ်ရွှမ်း ပြောသော စကားကြောင့် အံ့ဩသွားကြပုံ ပေါ်သည်။
အချို့သော လူများသည် မသိသော တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိပြီး မတောင်းပန်ဘဲ ထွက်လာခဲ့မိသည့် အခြေအနေက အဆင်ပြေသလော သို့မဟုတ် ငယ်ရွယ်ဘဝက ပစ္စည်းများ ခိုးမိခြင်းက အဆင်ပြေသလောဆိုသည့် အသေးအမွှား ကိစ္စများကို ပြောကာ မေးမြန်းကြသည်။ အချို့သော သူများကမူ အထင်သေးမှုအပြည့်ဖြင့် ပြန်ငြင်းကြသည်။ သူတို့သည် ယန်ရှစ်ရွှမ်းက ခြောက်နေသည်ဟုသာ ထင်နေသည်။ ယန်ရှစ်ရွှမ်းကမူ ကွန့်မန့်ကို ပြန်မငြင်းဘဲ ဒီအတိုင်းသာ ပြောလိုက်သည်။
“မင်းတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်လာတဲ့အခါ ငါ မင်းတို့ကို လာလည်ပေးမှာပါ။ မစိုးရိမ်ပါနဲ့။ မင်းတို့ ဆေးရုံ တက်ပြီးရင်တောင်မှ မင်းတို့ ဘယ်ဆေးရုံက ဘယ်ကုတင်မှာ ရှိနေသလဲ ဆိုတာကို ငါ သိနိုင်တယ်။ တကယ်လို့ သေသွားတယ်ဆိုရင်လည်း မင်းတို့ရဲ့ဝိဉာဉ်ကို ဆင့်ခေါ်ပြီး မေးနိုင်သေးတယ်”
{…..}
ထိုသို့ဖြင့် ကွန့်မန့်များမှ ပြောဆိုမှုများက ရုတ်တရက် သဲလွန်စပင် မရှိဘဲ ပျောက်ကွယ်သွားသည်။ မည်သည့်ကွန့်မန့်က မည်မျှမေးနေစေကာမူ သူ့အား မကောင်းပြောသည့် ကွန့်မန့်များက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုသို့ဖြင့် ကွန့်မန့်များတွင် အံ့အားသင့်သော ကြောက်လန့်သွားသော သင်္ကေတများကသာ ပေါ်လာသည်။
[ဒီလူက တုန့်ပြန်ချက် အရမ်းကြီးတာပဲ။ ကြည့်ရတာ သူ တစ်ခုခု လုပ်ထားလောက်တယ်။ မင်းတို့က အခြားသူတွေကို သတ်ဖြတ်ထားတာကြောင့် ယန်ကောရဲ့ စကားကို မငြင်းနိုင်တာများလား။ ကြည့်ရတာ ဒီလူက ယန်ကောပြောကို မယုံကြည်ဘူး ထင်တယ်။ ဒါဆိုရင် သေလွန်ပြီးမှ ယန်ကောဆီကို သွားပြီး အမေးခံရမှာ မဟုတ်လား]
******