Ch 128
Viewers 6k

128 01

အပိုင်း(၁၂၈)

 

[ကံကြမ္မာကို ဘယ်လိုတွက်ချက်ရမလဲ ဆိုတာကို သိတဲ့လူတစ်ယောက်။ သူက တကယ်ပဲ ယန်ကောကို မတွက်ချက်နိုင်ဘူးလို့ အထင်သေးနေတာလား။ ဒီနှစ်ရက်အတွင်း တွေ့ရတဲ့ ယန်ကောရဲ့တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ပုံထားတဲ့ အိမ်စာဂန္တဝင်စာ အထပ်လိုက်ကို မြင်ရင် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မယ်လို့ ယူဆတယ်။ ဒါက ပုံမှန်အားဖြင့် ငါတို့တိုင်းပြည်က ဒီလိုယဉ်ကျေးမှုတွေကို နှာခေါင်းရှုံ့နေကြလေ။ ဒါပေမဲ့ အခုတော့ စာအုပ်တစ်အုပ် ဝယ်ပြီး ပိတ်ရက်မှာ ဖတ်ဖို့တောင် တွေးတဲ့အထိ အရမ်းကို လေးစားနေပြီ]

 

[ဟား ဟား ငါ ရယ်နေပြီ။ ယန်ကောက အဲဒီသူကို သရဲက သတ်တာကို ရှာတွေ့သွားရင်တောင်မှ အဲ့ဒီလူရဲ့ဝိဉာဉ်ကို ခေါ်ပြီး သူ ပြောတဲ့စကားရဲ့ အကျိုးအပြစ်ကို မေးမြန်းဦးမယ်လို့ ပြောချင်တာ မဟုတ်လား။ ဒါက ငါမြင်ဖူးသမျှထဲမှာ အခက်ခဲဆုံး သက်သေပြနည်းပဲ]

 

[ယန်ကောက မနက်ပိုင်းနဲ့ ညနေပိုင်း လေ့ကျင့်ခန်း လုပ်ချိန်၊ အိမ်စာ လုပ်ချိန်လောက်ပဲ တိုက်ရိုက်ထုတ်လွှင့်တာ ဆိုပေမဲ့လည်း ငါကတော့ အရင်က သိသိသာသာ ခံစားနေရတဲ့ အားအင်ကုန်လွန်းနေတယ်ဆိုတဲ့ ခံစားချက်က ရုတ်တရက် သိသိသာသာ ပျောက်လာသလို ခံစားရတယ်။ တစ်ကိုယ်လုံး နွေးထွေးနေသလိုပဲ။ ယန်ကော သိသိသာသာ ဘာမှမလုပ်ဘူး။ ဒီအတိုင်း ဖုန်းကို ဘေးဘက်ပစ်ထားပြီး သူ လုပ်ချင်တာကို သူလုပ်နေတာ။ ဒါပေမဲ့လည်း ဒါက တော်‌တော်လေး အံ့ဩဖို့ကောင်းတယ်။ သိမ်မွေ့လွန်းတဲ့ လွှမ်းမိုးမှုတစ်ရပ် ရှိနေသလိုပဲ။ ယန်ကော ဒီနေရာမှာ ရှိနေရင် ငါ ဘာကိုမှ မကြောက်တော့ဘူး]

 

[ငါလည်း ယန်ကောက ပရိုဂရမ်ချန်နယ်က တိုက်ရိုက်ထုတ်လွှင့်မှု အခွဲဖန်သားပြင်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်လို့ နည်းနည်းလေး စိုးရိမ်နေခဲ့တာ။ သူက ဗီဒီယိုပလက်ဖောင်းက အကောင့်အသစ်တစ်ခုကို စာရင်း သွင်းလိုက်တယ်။ ပြီးတော့ လွှင့်တဲ့စက်ကလည်း ဖုန်းဖြစ်နေသေးတယ်။ ယန်ကောက တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်မှာ အခြားစကားတွေကို မပြောပေမဲ့လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကျော်ကြားမှုက သိပ်မများဘူး ဖြစ်နေတယ်။ လူတွေအများကြီး မကြည့်ကြဘူးဆိုတော့ ယန်ကော လူတွေအများကြီး လွှဲချော်သွား‌လောက်တယ် မဟုတ်လား။ အသံကို ကြားထားပြီး စုဆောင်းထားတဲ့လူတွေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မကြည့်မိကြရင် ဘယ်လိုလုပ်မလဲ]

 

“မစိုးရိမ်နဲ့ မိစ္ဆာဝိဉာဉ်ကို မောင်းနှင်ဖို့ လိုအပ်တဲ့သူတွေသာမှန်ရင် တစ်စုံတစ်ရာရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း အခြားနည်းလမ်းမျိုးနဲ့ မိစ္ဆာဝိဉာဉ်တွေကို နှိမ်နင်းပြီးသွားလို့ ကြည့်ဖို့မလိုအပ်တာ ဖြစ်လိမ့်မယ်”

 

ဒီနေ့ လေ့ကျင့်ခန်း ပြီးသွားပြီးနောက် ယန်ရှစ်ရွှမ်းက ပြောင်းပြန်ရပ်နေသော အနေအထားမျိုးမှ သပ်ရပ်စွာ ပြန်ဆင်းချလိုက်သည်။ သူ၏သွယ်လျသော ခြေ‌ထောက်က မြေပြင်ပေါ်သို့ ပြန်နင်းချ လိုက်သည်။ နဖူးမှ ချွေးများက နားထင်ကို တောက်လျောက် ဖြတ်ဆင်းသွားသည်။ အနက်ရောင်ကိုယ်ကြပ် ဆွယ်တာပေါ်သို့ လျှောဝင်သွားကာ သူ၏အသားရောင်ကို နေရောင်တွင် တောက်ပလာသည်။ ထိုသို့ဖြင့် ပျားရည်ပင် သုတ်ထားသလိုမျိုး ဆွဲဆောင်မှုပြင်းကာ လှပလာစေလေသည်။

 

ထိုမြင်ကွင်းက ကြည့်ရှုသူ ပေါင်းများစွာကို မှင်သက်သွားစေခဲ့သည်။ သူတို့သည် ဖန်သားပြင်ကို မှင်သက်စွာ ကြည့်နေကြပြီး ပြောလက်စအရာကိုပင် မေ့သွားကြသည်။

 

အချို့သူများက အချိန်အတန်ကြာမှသာ အသိပြန်ဝင်ကြပြီး ရူးသွပ်စွာဖြင့် စခရင်ရှုများ ရိုက်ယူကြသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ ကွန့်မန့်မှ မေးခွန်းကို မြင်သောအခါ တည်ငြိမ်စွာ ပြန်ဖြေသည်။

 

“ကောင်းကင်နဲ့ မြေပြင်မှာ ကိုယ်ပိုင်တွက်ချက်မှု၊ လမ်းညွှန်မှုတွေ ရှိတယ်။ ကံကြမ္မာပါတဲ့သူက သေချာပေါက် မြင်လိမ့်မယ်။ မမြင်တဲ့သူကိုတောင် မလိုလို့ပေါ့”

 

သူသည် သိသာစွာပင် ဗီဒီယိုပလက်ဖောင်းသို့ ကလစ်နှိပ်ဝင်ပြီး ဖန်များက တွက်ချက်ပေးထားသည့် ပရိုဂရမ်၏ စွမ်းအင်ဖြင့် လှုပ်ရှားမှုများကို ကြည့်ချင်ခဲ့သည်။ သို့သော် မတော်တဆ ယန်ရှစ်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်မိသွား၏။ ယန်ရှစ်ရွှမ်း၏ စကားကို ကြားပြီးပြီးချင်း ငိုလုနီးပါး ဖြစ်သွားသည်။ ထိုလူသည် တုန်ခါနေသော လက်များကို သုံးပြီး ကွန့်မန့် ပို့လိုက်သည်။

 

[ .. ဟုတ်တယ် ဟုတ်တယ် ငါလည်း မိစ္ဆာ ဝင်ပူးခံရရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့် ဟိုင်ရွန်ဘုရားကျောင်းက ဆရာသခင်တစ်ယောက်ကိုတောင် ငါ့ကို စောင့်ကြည့်ပေးဖို့ တောင်းဆိုထားသေးတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ ငါ ဗီဒီယို ပလက်ဖောင်းကို ဖွင့်ပြီးပြီးချင်း ယန်ကောရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ရောက်လာတာပဲ။ ဒါက ကံကြမ္မာထင်တယ်။ ငါက လိုအပ်တဲ့သူပေါ့]

 

ယန်ရှစ်ရွှမ်း၏ အယုံသွင်းမှုကို ခံရပြီးသား ဖြစ်သည့် ဘဲငန်းကောကမူ တိုက်ရိုက်ထုတ်လွှင့်မှုကို တခဏခန့် ကြည့်ရင်း သူ၏ယခင်က စိုးရိမ်သောကများနှင့် ကြောက်လန့်မှုများက ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူ ချက်ချင်းဆိုသလို တိုက်ရိုက် ထုတ်လွှင့်မှုလင့်အား ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ဝေမျှလိုက်သည်။

128 02

@ဒီနေ့လည်း ဖန်ငယ်လေး လုပ်ခဲ့တဲ့ ကောကော.. ရှိုးပွဲက မထုတ်လွှင့်သေးလို့ ယန်ကောကို မတွေ့ရမချင်း စိုးရိမ်နေတဲ့ အုတ်ဂျုံတွေများ ရှိသလား။ ရှိုးပွဲအတွင်းမှာ လှုံ့ဆော်သံကို ကြားလိုက်ပြီး ဆုတောင်းမှု ပြုခဲ့လို့ စိုးရိမ်နေတဲ့ သူတွေများ ရှိလား။ ဒါဆိုရင် ငါ မင်းကို သတင်းကောင်း ပြောရမယ်။ ယန်ကောက တိုက်ရိုက်ထုတ်လွှင့်မှု စနေပြီ။(တိုက်ရိုက်ထုတ်လွှင့်မှု လိပ်စာက အောက်ဘက်မှာ ပါတယ်)ထိုကောကော၏ အကောင့်က အစောပိုင်းကာလတွင် အုတ်ဂျုံများအတွက် စုစည်းရာ နေရာတစ်ခု ဖြစ်နေခဲ့ပြီးနောက်တွင် ကောကော၏ ပရိတ်သတ်များက ထိုးတက်သွားခဲ့သည်။ ထို့ကြောင့် အုတ်ဂျုံအများစုက ထိုလူအား သတင်းများကို ချက်ချင်းသိရရန် အလို့ငှာ ဖော်လိုးထားခဲ့သည်။ ရလဒ်အနေဖြင့် ထိုဘဲငန်းကောသည် အခြားသော အလားတူ Vအကြီး အကောင့်များနည်းတူ ဖန်အမြင့်ဆုံး ဖြစ်လုနီးပါး ဖြစ်နေသည်။ သူ၏မီဒီယာအတွင်းမှ အဆင့်အတန်းနှင့် ကွန်မာရှယ်ပရိုက်စ်ကလည်း အများကြီး မြင့်တက်သွားခဲ့သည်။

 

ဘဲငန်းကော ကိုယ်တိုင်ကပင် ယန်ရှစ်ရွှမ်း၏ ရည်ညွှန်းလိုစိတ်ကို အနည်းနှင့်အများ ခံစားရသည်။ သူသည် သဲထဲနှစ်မြှပ်လုနီးပါး ဖြစ်နေသော အုတ်ဂျုံများကို ကိုင်တွယ် ကူညီပေးနေခြင်း ဖြစ်သည်။

 

ဘဲငန်းကောက တင်လိုက်သည့် ပို့စ်မှ သတင်းကို ရလိုက်ပြီးနောက် အုတ်ဂျုံများဟာ ယန်ရှစ်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာကြသည်။

 

ထိုသတင်းဟာ အလုံးအရင်းနှင့် ပျံ့သွားပြီးနောက်တွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသီးသီးမှ ဆွေးနွေးခန်းများ အတွင်းသို့ ပျံ့နှံ့သွားကာ ပရိုဂရမ်  အများစုမှ ကြည့်ရှုသူများက သတင်းကို သိသွားသည်။ ပို၍မြောက်မြားသော လူများက ယန်ရှစ်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်သွားသည်။

 

[ဒီတော့ အရင်က အသံကြားခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပဲ မဟုတ်ဘူးလား။ အဲဒါကြောင့်သာ မဟုတ်ရင် ယန်ကောက ဘယ်လိုများ တိုက်ရိုက်ထုတ်လွှင့်မှာလဲ။ ဝူး ဝူး ယန်ကော ယန်ကော လေ့ကျင့်ခန်း လုပ်ပြီးကာစ ထင်တယ်။ ဘုရားရေ အရမ်းချောတာပဲ။ အရင်က ယန်ကောက ရှိုးမှာဆိုရင် တအား အင်အားကြီးတာ။ ဒီလိုနေ့စဉ် လေ့ကျင့်ခန်းတွေ လုပ်ပြီး ရလာခဲ့တာ ထင်တယ်။ ကောင်း‌ပြီ ကောင်းပြီ။ ငါ ပိုပြီး သိပ္ပံနည်းကျကျ တွေးနိုင်သွားပြီ]

 

[ဒီခြံဝန်းငယ်လေးက တအားတိတ်ဆိတ်တာပဲ။ အပင်စိမ်းလေးတွေ အပြည့်နဲ့ အရမ်းမျက်စိပသာဒ ဖြစ်စေတယ်။ ဒါက ယန်ကောရဲ့အိမ်လား]

 

[နေပါဦး ကင်မရာက ဘေးဘက်မှာ ပစ်ထားခံရတာ ထင်တယ်။ ဒါပေမယ့်  ဘာလို့ ငါ လူတစ်ယောက်ကို မြင်လိုက်ရတာ ထင်တယ်။ အဲဒီတစ်ယောက်က ရှိုးမှာ တွေ့လိုက်တဲ့ ဒါရိုက်တာရဲ့လက်ထောက်နဲ့ တူသလိုပဲ။ ငါပဲ မှားတာလား]

 

[ယန်ကော ကျေးဇူးပြုပြီး ကင်မရာကို မလှုပ်စေပါနဲ့။ ကြည့်ရတာ ဖုန်းနဲ့ လွှင့်နေတာ ထင်တယ်။ တည်ငြိမ်တဲ့ထောက်တိုင်တွေ မရှိဘူးလား။ ငါ ကင်မရာကို ကြည့်ပြီး အန်ချင်လာပြီ]

 

[ရှိုးက ယန်ကောက တအား ရယ်ရတာပဲ။ သူက လူတွေကို သိပ္ပံနည်းပညာကို ယုံကြည်ဖို့ လုပ်နေတာ။ ဒီနေရာကို ပြောင်းပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်တော့ ဘာမဆို ပြောနိုင်သွားပြီလို့ ယုံတယ်ပေါ့လေ။ အပြင်လူတွေလို့လည်း မဆက်ဆံတော့ဘူး ထင်တယ်]

 

ယန်ရှစ်ရွှမ်းက ကော့မန့်ကို တစ်ချက်ကြည့်ပြီး ခပ်မိုက်မိုက် ပြောသည်။

 

“ဘာလို့လဲ ဆိုတော့ ပရိုဂရမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ခွင့်မိန့်ကသာ ပိတ်သွားခဲ့ရင် ကျန်းဝူပင်းက ငိုလိမ့်မယ်။ င့ါရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းပိတ်သွားရင်တော့ ငါ ဂရုမစိုက်ဘူး”

 

[!!!!]

 

[သေစမ်း ငါ ဒါကို မေ့နေတာ။ အား... ကျေးဇူးပြုပြီး အဘန်းမခံရပါစေနဲ့။ ငါက သိပ္ပံပညာကို ယုံကြည်ပါတယ်။ သိပ္ပံကို ယုံကြည်တာ မကောင်းဘူးလား။ ဒါပေမဲ့ နောက်ကျသွားပြီ ထင်တယ်]

 

အကြောင်းမူကား လူအမြောက်အမြား ဝင်လာခဲ့ပြီး ယန်ရှစ်ရွှမ်း၏ အသစ်ဖွင့်ထားသော အကောင့်က သည်းခံနိုင်သော အခြေအနေကို ကျော်လွန်သွား‌သောကြောင့် ထို့အပြင် ယခင်အကြောင်းအရာများတွင်လည်း ပုံမှန်မဟုတ်သော အချက်အလက်များ ပါဝင်နေလေရာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အော်ဟစ်နေသော ကွန့်မန့်များအကြား အပိတ်ခံလိုက်ရသည်။ ထိုသို့ဖြင့် စခရင်တစ်ခုလုံးက မဲနက်သွားလေသည်။

 

ယန်ရှစ်ရွှမ်းက မထူးခြားနားသလိုမျိုး ပုခုံးတွန့်ရင်း တစ်ဖက်သို့လှည့်ကာ သူ၏ ချွေးစိုနေပြီ ဖြစ်သည့် အဝတ်ကို ချွတ်လျက် ရေချိုးရန် ပြင်ဆင်သည်။ သူ၏စိုနေသော ဆံပင်ကို တစ်ချက်သုတ်နေရင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ဘက်စတေ့ထဲသို့ ဝင်လိုက်သောအခါ လူသတ်သည်ဆိုသော စာကို တွေ့လိုက်ရ၏။

 

“မီးမွှေးထားသော သူများကို သေလွန်ပြီးသူများ ကိုယ်တိုင်ကိုယ်ကျ အိမ်တံခါးဝသို့ လာ‌ရောက်ရှာဖွေပေလိမ့်မည်”

 

ထိုသူသည် ကွန့်မန့်များကို ပြင်းပြင်းထန်ထန် မန့်သွားခဲ့သဖြင့် သူသည် တစ်ဖက်သူ၏ အိုင်ဒီနံပါတ်နှင့် ကွန့်မန့်ပို့ခဲ့သော အချိန်မှတဆင့် တစ်ချက် ကြည့်လိုက်သည်။

 

ဒဏ်ရာ ရထားတယ်၊ ထောင်ထဲ ဝင်ရမယ်၊ သွေးတွေလည်း မြင်ရတယ်_ _ _ ။

 

ယန်ရှစ်ရွှမ်း၏ ဆံပင်ကို သုတ်နေသော လက်က ပြေလျော့သွားပြီး အမူအယာက တည်ငြိမ်လာသည်။

 

ဒီလူက တကယ်ကို လူသတ်ထားတာပဲ။

128 03

သူနှင့် ပက်သက်ပြီး အကျိုးအပြစ် မရှိသော ယခုလို မြင်ခဲ့ပြီးသည့် ယန်ရှစ်ရွှမ်းက တစ်ဖက်သူ နေခဲ့သော မြို့နှင့် ထိုလူ ရှိနေလောက်သော မြို့နှင့် နေရာ အကြမ်းဖျဉ်းကိုပင် တွက်ချက်နိုင်သည်။ ထို့အပြင် ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို တွက်ချက်မှုနှင့်အတူ ယခင်က သဘာဝလွန် ဖြစ်ရပ်များကို ကိုင်တွယ်သည့် စီမံခန့်ခွဲသူနှင့် အပ်ထားခဲ့သော ဆိုရှယ်မီဒီယာအကောင့်ထံသို့ တိုက်ရိုက် ပို့လိုက်သည်။ ထိုအကောင့်ကို တာဝန်ယူသော သူအား အခြေအနေကိုလည်း ရှင်းပြလိုက်လေသည်။

 

တစ်ဖက်မှ တာဝန်ခံ ပုဂ္ဂိုလ်ကလည်း ယန်ရှစ်ရွှမ်းကို ခပ်မြန်မြန် ပြန်ဖြေပြီး အခြေအနေကို အတည်ပြုရန် ပြည်နယ်ဌာနကို ဆက်သွယ်ပါမည်ဟု ပြောသည်။

 

“ငါက မင်းကို အရွယ်ရောက်ပြီးသား လူတစ်ယောက်လို့ ထင်နေတာ။ ဆောင်းတွင်းက ဒီ‌လောက် အေးနေတာ။ ဆံပင်ကို မြန်မြန် မသုတ်ရင် ဖျားသွားမှာပေ့ါ။  မင်းက ဘာပဲသန်မာသန်မာ သေမျိုးလူသားရဲ့ ခန္ဓာကိုယ်က ဖျော့တော့ အားနည်းတယ်။ ရောဂါတွေက ဝင်လွယ်တယ်။ မင်းက တောင်နတ်ဘုရားကို သတ်ဖြတ်နိုင်တယ် ဆိုရင်တောင်မှပဲ ရောဂါက မင်းကို သတ်နိုင်သေးတယ်”

 

ရုတ်တရက် အေးစက်သော လက်ဖဝါးတစ်ဖက်က ယန်ရှစ်ရွှမ်းလက်ထဲမှာ တဘက်ကို ယူသွားသည်။ ယန်ရှစ်ရွှမ်းက မတုန့်ပြန်လိုက်နိုင်ချေ။ သူသည် တံဘက်ဖြင့် ဆံပင်ကို ဖြစ်သလိုသာ သုတ်ပြီး ရေစက်လက် အနေအထားမျိုးနှင့် နေနေကြဖြစ်သည်။

 

“ဒီလောက်နှစ်တွေ အများကြီး နေပြီးပြီ။ မင်း ဘယ်လိုများ ရှင်သန်ခဲ့တာလဲ ယန်ရှစ်ရွှမ်း”

 

ငါတောင်မှ မင်းရဲ့အလင်းတွေကို မလုံလောက်သေးဘူး။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်သည်။ သူသည် ယဲ့လီ၏ ရုတ်တရက်ဆန်သလို တိတ်တဆိတ် ဆန်တဲ့ ချဉ်းကပ်မှုကို ကျင့်သား မရသေးချေ။ ထို့အပြင် တစ်ဖက်သူ၏ ထိတွေ့မှုကို သဘောမကျပေ။ထို့ကြောင့် လှည့်ကာ ရှောင်ရန် ပြင်ဆင်လိုက်သည်။

 

နူးညံ့သော တဘက်က ဆံပင်ကို အသာ ပွတ်သုတ်လာသောအခါ ရေစိုနေသော ဆံပင်က အနည်းငယ် ဖွာသွားသည်။ ထိုသို့ဖြင့် ကပိုကရိုကျလာသည့် ယန်ရှစ်ရွှမ်း၏ ကျဉ်းမြောင်းသည့် အပေါ်ကော့တက်နေသည့် မျက်လုံးကို ဖုံးအုပ်ပေးလိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ထက်ရှမှုများက နူးညံ့နေသေးပြီး သူ့အား အနည်းငယ် ဆွဲဆောင်မှုပြင်းသော အလှတရားကို ဖော်ထုတ်ပြသစေပြန်သည်။

 

ယဲ့လီ၏ မျက်လုံးက အံ့အားသင့်မှုဖြင့် လင်းလက်သွား၏။ သူသည် အလိုအ‌လျောက် အသက်ရှူ အောင့်ထားလိုက်၏။ တံဘက်ကို လှမ်းယူရန် လေထဲ ချထားသော လက်ကပင် တွဲလောင်း ဖြစ်သွားပြီး ပြန်ယူရန် မေ့သွားသည်။

 

သူက ယန်ရှစ်ရွှမ်း၏ မျက်လုံးထဲမှ သတိကပ်မှုကို သတိမထားမိသည့်အလျောက် ခပ်မြန်မြန် အသိဝင်သွားပြီး တည်ငြိမ်စွာ ပြောသည်။

 

“မင်း မနေ့က မနက်စာဆိုင်ပိုင်ရှင်အိမ်ကနေ ကောက်ခဲ့တဲ့ အဲဒီလူက ဒီနေ့လည်း ရောက်လာပြန်တယ်။ သူက အိမ်ပြင်ဘက်မှာ ဆောင့်ကြောင့် ထိုင်စောင့်နေတယ်။ သူ့ကို‌ မောင်းထုတ်ပေးဖို့ လိုလား”

 

စိတ်ရှုပ်ထွေးစရာ ကောင်းသော ထိုတာအိုဘုန်းတော်ကြီးကို မနေ့ကတည်းက မောင်းထုတ်ခဲ့ပြီးသား ဖြစ်သည်။ ဒီနေ့တွင်လည်း အိမ်ရှေ့တွင် ခွင့်ပြုချက်မရှိဘဲ ပေါ်လာကာ သူနှင့်ယန်ရှစ်ရွှမ်း၏ နှစ်ဦးတည်း အတူရှိမည့်အချိန်ကို နှောက်ယှက်နေသည်။ သူသည် မူလကမူ ထိုကိစ္စကို သူ့ဘာသာသူ ကိုင်တွယ်ချင်ခဲ့သည်။ သို့သော် ယန်ရှစ်ရွှမ်းက သူ့ကို သတိကပ်နေသော အနေအထားကို တွေးမိသွားပြီးချိန်တွင် တုန့်ဆိုင်းသွားရသည်။

 

ယန်ရှစ်ရွှမ်းက သူ့ကို မယုံသေးချေ။ ထို့အပြင် သူသည် အာရုံခံနိုင်စွမ်းအား ကောင်းသလို လုံလောက်သော အင်အားလည်း ရှိ၏။ ထိုအတွက်ကြောင့် သူကိုယ်တိုင် ကိုင်တွယ်နိုင်သည့်တိုင်‌အောင် ယန်ရှစ်ရွှမ်းက သဲလွန်စများကို သတိထားမိသွားခြင်း ရှိမရှိကို မသေချာသေးပေ။

 

ယန်ရှစ်ရွှမ်းက သူဖုံးကွယ်ထားသည့် အချက်ကို ရှာတွေ့သွားသည်နှင့် ယန်ရှစ်ရွှမ်း၏ ယုံကြည်မှုကို ရရန်  ပို၍ ခက်ခဲသွားလောက်သည်။

 

ယဲ့လီကလည်း ပုံမှန်ဆိုလျှင် ကိစ္စများကို လျင်လျင်မြန်မြန် သပ်သပ်ရပ်ရပ် ဖြေရှင်းနေကြ ဖြစ်သော်လည်း ရှားရှားပါးပါး တုန့်ဆိုင်းသွားရသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းနှင့် ဆုံတွေ့ပြီးချိန်ကတည်းက ကိစ္စအများစုသည် ယန်ရှစ်ရွှမ်းဟာ လွှမ်းမိုးနိုင်စွမ်းရည် ရှိလာကြောင်း သတိထားမိသည်။ သူသည်လည်း မသက်မသာပင် မဖြစ်လေဘဲ မွေ့ပျော်လာတတ်သည်။ ယန်ရှစ်ရွှမ်းက ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။

 

“ကျန်းဝူပင်းက ခင်ဗျားကို ငါ့ရဲ့အိမ်လိပ်စာကို ပြောပြီး ငါ့ကို စောင့်ကြည့်ဖို့၊ ရှိုးပွဲမတိုင်ခင် ထွက်မပြေးသွားအောင် တားဖို့ လွှတ်ထားတယ်လို့တောင် သံသယ ဝင်လာပြီ”

 

ယဲ့လီက ပြုံးသည်။

 

“ဘယ်လို ဖြစ်ရမှာလဲ။ ကျန်းဝူပင်းက ငါ့ကို အမိန့်မပေးနိုင်ပါဘူး။ မင်းပဲ ငါ့ကို လွှမ်းမိုးနိုင်တယ်”

 

ယန်ရှစ်ရွှမ်းက သူ၏သေးငယ်သော ခြံတံခါးလေး၏ တံခါးကို ဖွင့်လိုက်သောအခါ အိမ်ရှေ့တွင် သနားစရာကောင်းလောက်အောင် ဆောင့်ကြောင့် ထိုင်စောင့်နေသည့် ကောင်လေးကို မြင်လိုက်ရသည်။

128 04

အပေါ်အောက် ကိုက်ညီသည့် ဝတ်စုံမျိုးကို စတိုင်ကျကျ ဝတ်ဆင်ထားသည့် ဖက်ရှင်ကျနေသည့် လုရှင်းရှင်းက သူ၏ရှည်လျားသော ခြေထောက်များနှင့်အတူ ဂိတ်အောက်တွင် ဆောင့်ကြောင့်လေး ထိုင်နေသည်။ ခြံဝန်းမှ လေထဲမှ မွှေးပျံ့နေသည့် စားစရာများက ဖြာထွက်နေသောအခါ သူ၏လက်ထဲမှ ပေါင်မုန့်ကိုသာ သနားစဖွယ် ကြိတ်ဝါးနေပြီး ဖုန်းကို ဖွင့်ပြီး တစ်စုံတစ်ယောက်ကို စာပို့နေသည်။

 

လုရှင်းရှင်းက တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်မှ စကားပြောသံကို နားထောင်နေခြင်း ဖြစ်သည်။

 

ထိုသို့ဖြင့် မိုလ်ဘိုင်းဖုန်းထံမှ လာသော ရင်းနှီးကျွမ်းဝင်သော အသံက သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။

 

“ဒါရိုက်တာစုန့်လား”

 

ဆရာဖြစ်သူ၏ အဆူခံနေရသောကြောင့် ပတ်ဝန်းကျင်ကို အာရုံမစိုက်မိသည့် လုရှင်းရှင်းသည် ရုတ်တရက် နောက်သို့ လှည့်လိုက်ပြီးနောက် အသံလာရာ ရန်သူဘက်သို့ သတိကပ်ကာ ကြည့်သည်။

 

ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် ဆရာဖြစ်သူက သူ့ကို ထပ်ဆူလိမ့်မည် မဟုတ်ချေ။

 

“မင်းရဲ့ဆရာက ဆရာသခင်စုန့်လား”

 

ယန်ရှစ်ရွှမ်းကပင် လုရှင်းရှင်း၏ မျက်နှာပေါ်မှ မျက်နှာထားကို ကြည့်လိုက်ပြီး ခေါင်းညိတ် မိသွားသည်။

 

“ဆိုတော့ မင်းက ငါ့ရဲ့အိမ်ရှေ့မှာ ဘာလို့လာပြီး ဆောင့်ကြောင့် ထိုင်စောင့်နေတာလဲ။ မင်းက ငါနဲ့လာပြီး တိုက်ခိုက်ချင်တာလား”

 

ဒေါသထွက်နေသာ လုရှင်းရှင်းက ဟုတ်သည်ဟု ပြန်အော်ချင်ခဲ့သည်။ သို့သော် ရုတ်တရက် ယခုလေးတင် ရေချိုးပြီးကာစ ယန်ရှစ်ရွှမ်း ဝတ်ထားသော အိမ်နေရင်း ဝတ်စုံများကြောင့် ပေါ်နေသည့် သန်မာသည့် ကြွက်သားများကို မြင်ပြီးနောက်တွင် မနေ့က တစ္ဆေဝိဉာဉ်က သူ့နောက်သို့ တောက်လျောက် လိုက်ခဲ့သည့်တိုင်အောင် သူ အသားကုန် ထွက်ပြေးခဲ့ရသည့်အပြင် တိုက်ခိုက်ရန် အင်အားပင် မရှိသဖြင့် နေရာတွင်ပင် အသတ်ခံရလုနီးပါး ဖြစ်သွားကြောင်း အခြေအနေကို ပြန်တွေးမိသွားသည်။ တစ်ဖက်သူ၏ အင်အားသည် မိစ္ဆာဝိဉာဉ်ထက် မလျော့နိုင်ပေ။ အထူးသဖြင့် သာလောက်သေးသည်။ ထို့သို့ဆိုလျှင် _ _ _

 

လုရှင်းရှင်းက တုန့်ဆိုင်းသွားသည်။ သူသည် ခန္ဓာကိုယ်ကို ဘောလုံးလေးလို ကွေးလိုက်၏။ သို့သော် ချက်ချင်းဆိုသလို မတ်တပ် ပြန်ထရပ်လိုက်ပြီး သူဟာ ပို၍အင်အားကြီးမားကြောင်း ပြသချင်သေးသည်။ ထိုအမျိုးသား၏ အနောက်ဘက်မှ သရဲတစ်ကောင် လိုက်လာသော ပုံရိပ်တစ်ခုကို တွေ့ပြီး သူ့အား ခပ်ထိုင်းထိုင်း ကြည့်နေသော အကြည့်မျိုးကို မြင်သောအခါ ဘာကြောင့်ရယ်မသိ နောက်ဆုတ်ချင်လာသလိုမျိုး ခံစားစေလိုက်ရသည်။ သူ၏ အလိုအလျောက် ရှင်သန်လိုစိတ်က ရှေ့သို့ ဆက်မတိုးအောင် တားနေသည်။ သူသည် ဒေါသအပြည့် ထွက်နေသည့်တိုင်အောင် နောက်သို့ ဆုတ်လိုက်ရသည်။

 

သူ စတင်ခဲ့သည့် ပထမရက်မှ စတင်ပြီး ဆရာသခင်မာက သူ့အား သူ၏ပင်ကိုယ်အသိစိတ်ကို ယုံကြည်သင့်ကြောင်း သင်ကြားပေးဖူးသည်။ သူ လုပ်သင့်သည်ဟု ထင်သောအရာကိုသာ လုပ်သင့်သည်ဟု ဆိုသည်။  မည်သို့ပင်ဆိုစေ လူအများသည် ၆၄ခုခန့်ရှိသည့် ခြောက်ထောင့်ပုံစံခွက်တိုင်းကို တွက်ချက်နိုင်သည်။ သို့သော် လူအများတွင် ခြောက်ထောင့်ပုံစံခွက် ၆၄ခုရှိသည်။ သို့သော် လူတိုင်းက ခြောက်ထောင့်ပုံစံခွက်ကို မတွက်ချက်နိုင်ချေ။ နတ်ဘုရားများကမူ အရာအာလုံးကို ဖောက်မြင်နိုင်သည်။

 

ထိုအတွက်ကြောင့် ယဲ့လီ၏ တစ်ချက်အကြည့်ဖြင့် နောက်ဆုတ်သွားရသည့် လုရှင်းရှင်းက ယန်ရှစ်ရွှမ်းကို ပြောမည့် ခက်ထန်သော စကားလုံးများကို ထိန်းလိုက်ပြီး လည်တိုင်ကို မော့ကာ ပြောလိုက်သည်။

 

“ပြည်သူတွေက မတိုက်ခိုက်ဘူး။ မင်း စောင့်နေ သိပ်မကြာခင် ငါတို့ တွေ့ရဦးမှာပါ”

 

******