129 01
အပိုင်း(၁၂၉)
ထိုသို့ပြောပြီးနောက် လုရှင်းရှင်းသည် တစ်ဖက်သို့ ချာကနဲလှည့်ကာ ခပ်မြန်မြန် ထွက်ခွာသွားလေသည်။
သို့ပါသော်လည်း ထွက်သွားသောသူ၏ နောက်ပိုင်းကျောပြင်က မည်သို့ပင်ကြည့်ကြည့် အနည်းငယ် အလျင်လိုသလို ပေါက်နေသည်။ မသိလျှင် သူသည် ထွက်ပြေးသွားပုံသွားသည့်အလား ဖြစ်နေ၏။
လုရှင်းရှင်း၏ ကျောပြင်ကို စိုက်ကြည့်နေသည့် ယဲ့လီ၏ မျက်လုံးက ရုတ်တရက် မဲမှောင်သွားသည် _ _ _ ။
မင်းက ဘယ်သူနဲ့ အချိန်အကြာကြီး ရှိနေချင်တာလဲ။
အနာဂတ်က ဘယ်လောက်တောင် ရှည်လျားလိုက်သလဲ။
သူ ရှာတွေ့ထားတဲ့ ရတနာရဲ့အလင်းက တောက်ပလွန်းလို့ အခြားတစ်ယောက်ကိုလည်း သဘောကျ သွားစေတာလား။ သူ့ဆီကနေ သူ့ရဲ့လူသား အပနှင်ဆရာကို ခေါ်သွားချင်နေတာလား။
အဝေးသို့ ရောက်သွားပြီဖြစ်သည့် လုရှင်းရှင်းဟာ ရုတ်တရက် သူ၏ဘယ်ခြေကို ညာခြေဖြင့် ခလုတ်တိုက်မိသွားပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားသည်။ သို့သော် ခပ်မြန်မြန် ထပြီး ထွက်ပြေးပြန်သည်။
သို့သော် ထိုအချိန်တွင် လုရှင်းရှင်း၏ ပုခုံးများက အောက်သို့ ကုန်းကျနေသည်မှာ အဝေးမှပင် လှမ်းမြင်နိုင်သည်။ မသိလျှင် သူသည် ကြမ်းတမ်းသော စကားလုံးများ ပြောလိုက်သောကြောင့် အသရေ ညိုးနွမ်းသွားပြီး သေမိန့် အပေးခံရသဖြင့် ပြင်းထန်သော အလေးချိန်ဖြင့် ထိုးနှက်ခံထားရသူအလား ထင်ရသေးသည်။
လုရှင်းရှင်းက သီးမတတ် ဖြစ်သွားသေးသည်_ _ _။ ငါ ဒီအတိုင်း ရထားကို ညလုံးပေါက် စီးပြီး မြို့က လူနေမှုဘဝပုံစံကိုပဲ သွားနေချင်တော့တယ်။
ယန်ရှစ်ရွှမ်း “???”
သူက ယဲ့လီအား ဘေးဘက်သို့ ရှင်းပြန်ရန် ခက်ခဲသော ပုံစံမျိုးဖြင့် လှည့်ကြည့်ရင်း မေးလိုက်သည်။
“သူက ဒီနေရာကို ဘာလာ လုပ်တာလဲ။ ငါ့ကို လာပြီး ယှဉ်ပြိုင်တာလား။ ဒါမှမဟုတ် သူ့ရဲ့ဆရာက စုန့်တောင်ချန်းဆိုပြီး ငါ့ကို လာကြွားသွားတာလား”
ယဲ့လီက လုရှင်းရှင်း၏ ထွက်သွားသော ပုံရိပ်အား မထူးခြားသလို ကြည့်ရင်း ပြောလိုက်သည်။
“ဘယ်လို သိမှာလဲ။ သူက ရူးတာလဲ ဖြစ်နိုင်တာပဲ”
ယန်ရှစ်ရွှမ်း၏ ပါဆင်နယ် တိုက်ရိုက်ထုတ်လွှင့်မှု အကောင့်ဟာ အပိတ်ခံရပြီး ပြန်လည်ပွင့်သွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသူများဟာ အများကြီး နာခံယဉ်ကျေးသွားကြပြီး တစ္ဆေသရဲ၊ နတ်များနှင့် ပတ်သက်သည့် မေးခွန်းအား မမေးမြန်းတော့ချေ။ ယန်ရှစ်ရွှမ်းက တုန့်ဆိုင်းမနေဘဲ ပြောလိုသမျှကို ထုတ်ပြောသော မြင်ကွင်းကို မြင်ရချိန်တွင်ပင် သူတို့ဟာ အထိတ်တလန့် ဖြစ်သွားကြပြီး ကွန့်မန့်များကို ခပ်မြန်မြန် ဖယ်ရှားလျက် ရီဗျူးလုပ်သူများ ထိုအခန်းကို မမြင်အောင် ကာထားပေးလိုကြသည်။
ယန်ရှစ်ရွှမ်းကမူ ကြည့်ရှုသူများ၏ အော်ငြီးသံများကို ဂရုမစိုက်ပါချေ။ သူသည် သူ့အား ဆိုရှယ်မီဒီယာအကောင့် ဖွင့်ခိုင်းသည့် ကွန့်မန့်တိုင်းကို မမြင်ကွယ်ရာ ပြုခိုင်းထားသလို တစ်နေ့တာ၏ အိမ်စာလုပ်ခြင်း၊ ကျမ်းစာပိုဒ် ရွတ်ဖတ်ခြင်းတို့ ပြီးဆုံးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို တုန့်ဆိုင်းမနေဘဲ ပိတ်တတ်သေးသည်။
မည်သို့ပင်ဆိုစေ သူ၏မူလ ရည်ရွယ်ချက်က စိတ်လွှတ်သွားသော ကြည့်ရှုသူများအား မိစ္ဆာဝိဉာဉ် ကူနှင်ပေးရုံသာ ဖြစ်သည်။ ဆူဒရာရွတ်ဖတ်ခြင်းကတင် သူ၏ပန်းတိုင် ဖြစ်မြောက်သွားပြီ ဖြစ်လေရာ ဆက်လက်ပြီး တိုက်ရိုက်ထုတ်လွှင့်ရန် မလိုအပ်ပါချေ။
ပရိတ်သတ်များ .. အခြားသူတွေရဲ့ကောတွေက ပြင်းပြင်းထန်ထန် ကြိုးစားပြီး အလုပ်လုပ်ပြီး ပရိတ်သတ်တွေကို ချစ်ကြောင်း ဖော်ပြကြတယ်။ ငါ့ရဲ့ယန်ကောကတေ့ အလုပ်ဆင်းဖို့ပဲ ကြိုးစားနေတယ်။ ဘယ်သူကမှ င့ါကို လာမတားနဲ့ဆိုပြီး အသဲအသန် ထွက်ပြေးဖို့ ကြိုးစားနေတယ်။ အား ဒါက တကယ်ပဲ တာအိုအိုင်ဒေါလ်လား။
သို့သော် ကံကောင်းသည်မှာ ပရိတ်သတ်များသည် အကြာကြီး ဝမ်းမနည်းရချေ။ အကြောင်းမူကား တတိယပိုင်းကို ထုတ်လွှင့်ရန် နီးကပ်လာသောကြောင့် ဖြစ်သည်။
ထိုအချိန်ကာလ အတောအတွင်း အမျိုးမျိုးသော အေဂျင်စီများနှင့် အမြောက်အမြား တိုက်ခိုက်ပြီးနောက်တွင် ကျန်းဝူပင်းဟာ နောက်ဆုံးတွင် တတိယပိုင်း ထုတ်လွှင့်မည့် သတ်မှတ်ရက်မတိုင်မှီ ဧည့်သည်စာရင်းကို အတည်ပြုနိုင်သွားသည်။
သို့ရာတွင် မြောက်မြားလှစွာသော အေဂျင်စီများ၏ မျှော်လင့်ထားသမျှ၊ မမျှော်လင့်ထားသမျှ အခြေအနေ အမျိုးမျိုးအောက်တွင် ဖြစ်ပေါ်လာခဲ့သည်လည်း ဖြစ်သည်။ ယခင်တစ်ခေါက် အပိုင်းတွင် ဒဏ်ရာ ရသွားသောကြောင့် ရသစုံရှိုးတွင် မပါဝင်နိုင်ခဲ့သော မင်းသမီးရုန့်ရုန့်နှင့် နောက်ဆုံးနေရာမှ ဖယ်ထုတ်ခံခဲ့ရသော အန်တိုနီမှ လွဲ၍ မည်သည့်ကမျှ စိတ်လိုလက်ရ နူတ်ထွက်သွားခဲ့ခြင်း မရှိကြချေ။
129 02
အန္တရာယ်များသော ကိစ္စများ ပါဝင်လာနိုင်သည်ဆိုသော သတိပေးစာအပြင် တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်ခင်ကတည်းက အမျိုးမျိုးသော စာချုပ်များကို လက်မှတ် ရေးထိုးထားရသည့်တိုင်အောင် ဧည့်သည်တိုင်းဟာ ထိုရှိုးပရိုဂရမ်ကြီးသည် အမျိုးမျိုးသော အန္တရာယ်များကို ကြုံတွေ့ရပြီး ထိခိုက်ဒဏ်ရာ ရသည်အထိ ကိုယ်တိုင်ကိုယ်ကျ ခံစားရနိုင်ကြောင်း သိသည့်တိုင်အောင် မည်သူကမှ နူတ်ထွက်လိုစိတ် မရှိကြချေ။ ထိုဧည့်သည်များသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ပြီးခဲ့ပြီ ဖြစ်သည်။ သူတို့သည်လည်း ကျော်ကြားရသည့် ခံစားချက်ကို သိကြ၏။ ထို့အပြင် လစ်လျူရှုခံရခြင်း၊ အထင်သေးခံရခြင်း၏ အထီးကျန်ဆန်မှုကိုလည်း ကောင်းကောင်း နားလည်နေကြသည်။ ထို့ကြောင့် ကံကောင်းပြီး သူတို့အား ကျော်ကြားမည့် အခွင့်အရေးကြီးကို ဖမ်းဆုပ်မိချိန်တွင် မည်သူကမှ နောက်ပြန် မကြည့်လိုကြတော့ချေ။ ထို့ကြောင့် ရက်အနည်းငယ်အတွင်း ယခင်က နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားသည်ထက် အဆပေါင်းများစွာ သာလွန်သည့် ဖန်အရေအတွက်ကို ရပြီးခဲ့ပြီးနောက်တွင် အလားတူသော အမျိုးမျိုးသော ဆက်ဆံရေးကောင်းများကို ရရှိသည့်အပြင် အလုပ်ကမ်းလှမ်းမှုများကို ကြုံတွေ့ရပြီးချိန်တွင် ဒီရှိုးဟာ သူတို့အတွက် ကမ်းလှမ်းချက်ပေါင်းများစွာ ပေးနိုင်ကြောင်း နားလည်သွားကြသည်။
ထိုအရာအားလုံးကို ဒီရှိုးက ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးအောက်တွင် သူတို့ဟာ မည်သို့သော အခြေအနေမျိုးနှင့်မှ သူတို့၏ ဧည့်သည်နေရာကို လက်မလျော့လိုကြချေ။
သို့ရာတွင် ယန်ရှစ်ရွှမ်းကို အံ့အားသင့်စေသည်မှာ ယခင်တစ်ခေါက်က ကျန်းဝူပင်း၏ဆက်ဆံရေးကို သုံးပြီး သူပါသမျှ ဒီရှိုးအပိတ်မခံရစေဟု ကတိပေးပြီး ဝင်လာခဲ့သော သခင်လေးစုန့်ချီက ဆက်နေခြင်း ဖြစ်သည်။
“မင်း အရင်တစ်ခေါက်က သေအောင် ကြောက်နေခဲ့တာပါ။ ဒါကို ဘာလို့ ဒီတစ်ကြိမ် ထပ်လာသေးပြန်တာလဲ”
စုစည်းသောနေရာ ရောက်သွားပြီးနောက် ယန်ရှစ်ရွှမ်းက လျှောက်လာနေသော စုန့်ချီကို အချိန်အတန်ကြာအောင် ကြည့်ပြီး တစ်ဖက်သူ၏ လက်နှင့်ခြေထောက်များက မသက်မသာ ဖြစ်လောက်အောင် ကြာညောင်းမှသာ တစ်ဖက်သူက ကမ်းပေးသော ရေဘူးကို လှမ်းယူလျက် ပျင်းရိလေးတွဲစွာ ပြုံးရင်း မေးလိုက်သည်။
“သရဲကို တွေ့ချင်တာ မဟုတ်လား။ အရင်တစ်ခေါက်မှာကတည်းက ပန်းတိုင်က အောင်မြင်သွားပြီလေ။ ဒါကို ဘာလို့ ဒီနေရာမှာ ရှိနေသေးတာလဲ”
“အရင်တစ်ခေါက်မှာ ငါ ပထမဦးဆုံးအကြိမ် သရဲတွေ့လိုက်ရတယ်။ အဲဒီအချိန်က ငါ အတွေ့အကြုံမရှိလို့ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါ ကောင်းကောင်း လုပ်ဆောင်နိုင်မှာ”
စုန့်ချီက ခေါင်းကိုမော့ပြီး မာနကြီးသည့် သခင်လေးပုံစံအဖြစ် ယန်ရှစ်ရွှမ်း၏အရှေ့တွင် ထုတ်ပြသည်။ သူသည် ယန်ရှစ်ရွှမ်းကို ရင်ဆိုင်ရချိန်တွင် အထိတ်တလန့် ဖြစ်သလို ခံစားရသည့် ခံစားချက်ကို ခပ်မြန်မြန် ထိန်းသိမ်းလိုက်ပြီး ယုံကြည်မှု ပိုရှိသည့် ပုံစံမျိုးကို ထုတ်ပြချင်နေလေသည်။
“မင်း အရင်တစ်ခေါက်က မင်းလည်း ငါ့ကို လိမ်ခဲ့တာပဲလေ။ သရဲက မရှိဘူးလို့ ငါ့ကိုပြန်ပြီး လိမ်ညာသေးတယ်”
“ဘာပဲဖြစ်ဖြစ် ငါက ရှိုးကို ရောက်နေပြီးသား။ ဒီတော့ ငါ့ကို မောင်းထုတ်ဖို့ မတွေးနဲ့”
ထိုသို့ပြောပြီးနောက် စုန့်ချီက ဘေးဘက်ခြမ်းတွင် ရပ်ထားသည့် အဆင့်မြင့် ခရီးသွား မီနီဘတ်စ်လေးပေါ်သို့ အသဲအသန် တက်သွားပြီး လိုက်ကာကိုပင် ချကာ ပုန်းကွယ်နေလိုက်သည်။ သူသည် လိုက်ကာအဟကြားမှ ဂရုတစိုက် ချောင်းကြည့်လိုက်ပြီး သူ၏ယန်ရှစ်ရွှမ်းထံ ကြည့်နေသော အကြည့်ကပင် ရှာဖွေတွေ့ရှိခံနေရသည်ဟု ခံစားလိုက်ရပြန်သည်။
“ယန်ကော စုန့်ချီနဲ့ ဘာဖြစ်တာလဲ”
အခြားတစ်ဖက်ခြမ်းတွင် ပရိုဂရမ်၏ အခြေအနေအား ဧည့်သည်အသစ်များကို ရှင်းပြပေးနေသည့် ကျန်းဝူပင်းက ရုတ်တရက် အဝေးမှ သူတို့နှစ်ယောက်၏ စကားပြောခန်းကို လှမ်းမြင်လိုက်သည်။ စုန့်ချီကိုလည်း လှမ်းတွေ့လိုက်၏။ ထို့ကြောင့် စုန့်ချီဟာ ယန်ရှစ်ရွှမ်းကို ဒေါသထွက်အောင် တစ်စုံတစ်ရာ ပြောလောက်သည်ဟု ခံစားမိပြီး ခပ်မြန်မြန် အပြေးလာခြင်း ဖြစ်သည်။
“ဘာမှမဟုတ်ပါဘူး။ မင်းလောက် ရူးတဲ့ကလေးတစ်ယောက်ပါပဲ”
ယန်ရှစ်ရွှမ်းက လက်ထဲမှ ရေဘူးကို အသာလှုပ်ခါလိုက်သည်။ ထိုရေဘူးသည် စုန့်ချီ၏ ထိတ်လန့်တကြား ဆုပ်ကိုင်ထားမှုကြောင့် နွေးထွေးနေသေးသည်။ သူသည်လည်း သဘောကျသွားသည်။ ထိုသို့ဖြင့် သူ၏နူတ်ခမ်းတွင် အပြုံးက ပေါ်ထွက်လာသည်။ ထို့နောက် ခေါင်းကို အသာစောင်းလိုက်ပြီး ကျန်းဝူပင်း လျှောက်လာသော နေရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အရပ်ရှည်ရှည်နှင့် လူငယ်နှစ်ယောက်က ရပ်နေသည်။
“အဲဒီက ဒီတစ်ခေါက်ရဲ့ ဧည့်သည်အသစ်တွေလား”
ကျန်းဝူပင်းက ခေါင်းညိတ်ပြသည်။
129 03
“အာဏာပိုင်တွေနဲ့ ဟိုင်ရွန်ဂူဘုရားကျောင်းက ဆရာသခင်စုန့်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ပရိုဂရမ်ကို ဆက်လက်ထုတ်လွှင့်ခွင့် ပေးတာက ပိုကောင်းမယ်လို့ သူတို့က ယူဆတယ်လေ။ တာအိုဆရာသခင်စုန့်ကလည်း ပရိုဂရမ်အသင်းက ဘာလို့ အမြဲတမ်း အဲဒီလိုအခြေအနေနဲ့ ကြုံတွေ့နေရမှန်း နားမလည်ဘူးဆိုပြီး ငါ့ကို တစ်ကိုယ်လုံး စစ်ဆေးကြည့်သေးတယ်။ နောက်ပြီး အန္တရာယ်များတဲ့နေရာကို မသွားခင် ဘယ်လိုအရာမျိုးကိုမှ မပြောင်းလဲတာ ကောင်းမယ်လို့ ပြောတယ်။ ဒီလိုဆိုရင် စစ်ဆေးမှုတွေကို ထိခိုက်မှု မရှိနိုင်တော့ဘူးတဲ့။ ယန်ကောက တိုးဂိုက်နေရာမှာပဲ။ နောက်ပြီး ဧည့်သည်နှစ်ယောက်ထဲမှာ ဟိုင်ရွန်ဂူဘုရားက ဧည့်သည်တစ်ယောက်လည်း ပါတယ်။ ဒါရိုက်တာစုန့်ကတော့ ဒီလိုထည့်ပေးလိုက်တာက အာဏာပိုင်ဘက်က လူတွေကို စိတ်အေးစေနိုင်မယ်လို့ ပြောတယ်။ တကယ်လို့ အန္တရာယ် တစ်ခုခု တွေ့ရင်လည်း သူက ယန်ကောကို ကူညီနိုင်မယ်လို့ ပြောတယ်။ ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီတာအိုဆရာပညာရှင်က ဆရာသခင်စုန့်ရဲ့ တပည့် ဖြစ်နေတယ်။ ဒါပေမဲ့ သူက ဘုန်းတော်ကြီးအဖြစ်ကို ခံယူထားတာ မဟုတ်ဘူး။ ဖျော်ဖြေရေး အသိုင်းအဝိုင်းနဲ့လည်း အတွေ့အကြုံရှိတယ်ဆိုတော့ တော်တော်လေး သင့်တော်တယ်”
ယန်ရှစ်ရွှမ်းနှင့် ကျန်းဝူပင်းတို့၏ အကြည့်ကို အာရုံခံမိသလို နောက်ကျောပေးထားသော လူနှစ်ယောက်က ခေါင်းလှည့်လာကြသည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ညင်သာစွာ ပြုံးပြပြီး ယန်ရှစ်ရွှမ်းကို အလွန်ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။ သူသည် အတန်အသင့် ကျော်ကြားလောက်သည်။ ယန်ရှစ်ရွှမ်းကဲ့သို့ ဖျော်ဖြေရေးအသိုင်းအဝိုင်း မသိသော သူကပင် သူ၏ထူးချွန်ပြောင်မြောက်သည့် မှတ်ဉာဏ်ကို သုံးပြီး တစ်ဖက်သူအား ဒီလူ့နှင့် စီးပွားရေးလမ်းများအတွင်း ဖြတ်သန်းချိန်က မြင်ခဲ့ရသည့် ပိုစတာများထဲမှ တစ်ခုတွင် ထိုလူငယ်ပါကြောင်း မှတ်မိလိုက်သည်။ အခြားတစ်ယောက်ကမူ အံ့အားသင့်စရာကောင်းလောက်အောင် ယခင် တွေ့ဖူးသော လုရှင်းရှင်း ဖြစ်နေသည်။
ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လုရှင်းရှင်းသည် သိသာစွာပင် အထူးတလည် ဝတ်စားပြင်ဆင် လာပြန်သည်။ သူသည် အနည်းငယ် ပိုကြီးပြီး ဖက်ရှင်ကျသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံသည် သူ၏ခန္ဓာကိုယ်နှင့် အလွန်ကောင်းမွန်စွာ လိုက်ဖက်လွန်းနေသည်။ သူသည် သူ၏အောက်ဖစ်အတွက် အင်အားအများကြီး စိုက်ထုတ်ထားရုံသာ မကသေးလေဘဲ သူ၏ဆံပင်ကိုလည်း အထူးတလည် ပုံစံချထားသေးသည်။
ထိုအဆင့်ပြင်ဆင်မှုအရ နိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်မည့် သရုပ်ဆောင် တစ်ယောက်ယောက်လိုလို၊ စစ်ပွဲနယ်မြေသို့ သွားမည့် စစ်သူတော် တစ်ယောက်လိုလို ထင်ရစေသည်။ သူတို့သည် သူတို့၏ဝတ်စုံထဲသို့ သူတို့၏ အင်အားကို ထုတ်ဖော်ပြသရန် ဝတ်စုံထဲသို့ အားစိုက်ထုတ်မှုများ ထည့်ထားတတ်သည်။ လူတစ်ယောက်၏ ကိုယ့်ကိုယ်ကို ယုံကြည်ပေးမှုအား မြှင့်တင်ပေးနိုင်သော ဝတ်စုံဆိုသည့်အလား ဖြစ်သည်။
လုရှင်းရှင်းက အားနည်းသည့် လက္ခဏာ မပြဘဲ ရင်ကို ကော့လိုက်ရင်း ဟွန့်ကနဲ လေကို မှုတ်ထုတ်လိုက်သည်။ ယန်ရှစ်ရွှမ်းက မျက်လုံးတစ်ချက် ပင့်လိုက်၏။ သူ၏မျက်လုံးထဲတွင် စိတ်ဝင်စားမှုများက ပေါ်ထွက်လာသေးသည်။
ဆိုတော့ ဟိုင်ရွန်ဘုရားကျောင်းထဲက ပရိုဂရမ်အသင်းထဲကို ထည့်မယ်ဆိုတဲ့ သူတစ်ယောက်က လုရှင်းရှင်းလား။
ဒီအပိုင်းအတွက် ဧည့်သည်၈ယောက်လုံးက ရောက်ပြီဖြစ်ပြီး ဧည့်သည်များက စောစောလာကြသည်။ သူတို့က ယခင်အပိုင်းများတွင် ခက်ခဲကြမ်းတမ်းမှုများကို အတူမျှဝေခဲ့ပြီးလေရာ ဧည့်သည်ဟောင်းများဟာ ရှိုးတွင် ပါဝင်သည့် ပုံမှန်လုပ်ဖော်ကိုင်ဖက်များထက် အများကြီး ရင်းနှီးကျွမ်းဝင်နေကြသည်။ သူတို့သည် အချင်းချင်း စနှောက်ရင်း ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြသည်။ ထို့အပြင် သူတို့ ဒီတစ်ကြိမ်သွားမည့် ယာတောအိမ်နှင့် ဦးတည်ရာရွာအကြောင်း ပြောနေကြသေးသည်။
“ကျားကျစ်ဖန်းရွာ ဟုတ်လား။ ငါကတောင်ပိုင်းက လာတယ်ဆိုပေမဲ့လည်း ဒီရွာအကြောင်း မကြားဖူးသလိုပဲ။ ငါတို့ရဲ့တိုင်းပြည်က ကျယ်ပြောပြီး သယံဇာတတွေက ပေါကြွယ်ဝတယ်လေ”
တတိယတန်းအဆင့် အမျိုးသားစတားက သက်ပြင်းချပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင် အရှေ့ မှ လူတိုင်းနှင့်အတူ နှောက်ပြနေသည်။
“ဒါပေမဲ့ ငါတို့ရွာတွေရဲ့ နာမည်ပေးတဲ့ ပုံစံက သိပ်ပြီးတော့ ထူးခြားတာ မဟုတ်ဘူး။ အများစုက အတိတ်က နာမည်ကိုပဲ ဆက်ပြီး ခံယူချင်ကြတာ။ ဥပမာအားဖြင့် ကုန်းကျူဖန်းရွာ၊ နမ်ရှန်းဖန်းရွာလိုပေါ့။ ဘာလို့လဲဆိုတော့ အရင်က အဲဒီမှာ မင်းသမီးတစ်ပါးက မြှပ်နှံခဲ့ဖူးလို့ ကြီးမားတဲ့အုတ်ဂူနေရာကနေ ဖြစ်တည်လာတာ ဆိုပြီး ရွာရဲ့နာမည်ကို မှည့်ခေါ်ကြတာပဲ”
“အာ”
ပိုင်ရွှမ်းကပင် အံ့ဩသွားပြီး အနည်းငယ် တုန်ယင်သွားသည်။
“အုတ်ဂူကြီးရဲ့အပေါ်မှာ ရွာတည်ဆောက်တာက တအားမခက်ခဲဘူးလား။ အိမ်မဆောက်ခင် အုတ်ဂူတွေကို သန့်ရှင်းပြီး အရိုးတွေကို ဖယ်ရှားရဦးမှာ မဟုတ်လား။ တော်တော်လေးကို အားစိုက်ထုတ်ဖို့ ကြီးမားမှာပဲ”
တတိယတန်းစား မေးလ်စတားက သဘောကျသွားသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ အတိတ်က ငါတို့က ဒီအတိုင်း တွင်းတွေထဲကို အခေါင်းဖြည့်ပြီး မြေပြန်အုပ်လို့ အပေါ်မှာ တက်နေကြတာပဲ။ အရိုးတွေက အောက်မှာ ဆွေးနေလိမ့်မယ်။ ကောက်ပဲသီးနှံတွေက ပိုပြီးတော့တောင် ဖြစ်ထွန်းဦးမယ် မဟုတ်လား”
129 04
ရှိုး၏ နှစ်ပိုင်းလုံးတွင် အန္တရာယ်များကို တွေ့ကြုံခဲ့ပြီးနောက်တွင် အထူးသဖြင့် ယခင်က လူသေခဲ့ဖူးသော တောင်စံအိမ်တွင် သရဲဝင်ပူးခံရသော အတွေ့အကြုံရှိဖူးသည့် ပိုင်ရွှမ်းဟာ လူသေဖူးသောနေရာဆိုသည့် စကားကို ကြားရုံနှင့် အနည်းငယ် ကြောက်လာတတ်သည်။ ရုတ်တရက် သူမ၏မျက်နှာတွင် ကြောက်လန့်သော အမူအယာက ထွက်လာသည်။
ဘေးဘက်မှ ရသစုံရှိုးစတားက ကိစ္စများကို ချောမွေ့အောင် ခပ်မြန်မြန် လာပြောပေးသည်။
“အဲဒီလောက်ထိတော့ မလေးနက်ပါဘူး။ တွေးကြည့်ပါဦး အဲဒီနေရာမှာ နေတဲ့လူတွေက မကြောက်တတ်ဘူးလေနော်။ နောက်ပြီး ရွာရဲ့နာမည်ကိုလည်း ဆက်ခံဖို့ ဆန္ဒရှိတယ်ဆိုတော့ လုံခြုံဘေးကင်းပြီး ဘာမှမဖြစ်ဘူးလို့ ဆိုလိုတာပဲ။ အဲဒီလိုမှမဟုတ်ရင် အဲဒီနေရာက ပြောင်းသွားတာ ကြာလောက်ပြီ”
ပိုင်ရွှမ်းက ထိုအခါမှ စိတ်အေးသွားပြီး ပြန်ရယ်မောနိုင်သည်။ တတိယ မေးလ်စတားက သူ၏ဖုန်းကို ထုတ်ပြီး သွားမည့်နေရာကို မြေပုံဆော့ဝဲလ်မှတဆင့် ရှာဖွေသည်။ သူသည် မူလကမူ ထိုနေရာဟာ မည်မျှဝေးကြောင်းနှင့် သူ့အတွက် အိပ်ချိန်လုံလောက်ခြင်း ရှိမရှိ သိချင်လို၍ ဖြစ်သည်။ သို့သော် ရုတ်တရက် သွားလိုသည့်နေရာကို မြေပုံမှတဆင့် မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။ ထိုနယ်မြေ၏ မြေမျက်နှာသွင်ပြင် ပုံစံက သူ့အား သဘောကျသွားစေသည်။
“ကျားကျစ်ဖုန်းရွာနဲ့ ကျားချွမ်ရွာ။ ဒီနေရာက တော်တော်လေး စိတ်ဝင်စားစရာပဲ။ ဒါက ဘယ်လိုပုံစံလဲ”
မြေပုံပေါ်တွင် မြင်တွေ့ရသော ကြီးမားသော တောင်တန်းကြီးဟာ လဆုတ်ကြီးအလား ဖြစ်နေပြီး ရွာအား တစ်ဖက်တစ်ချက်စီသို့ ရောက်အောင် ခွဲထားသည်။ တောင်တန်းများဖြင့် အဝိုင်းခံထားရသော အတွင်းဘက်ပိုင်းတွင်ရှိသည့် ရွာကမူ ကျားကျစ်ဖန်းရွာ ဖြစ်ပြီး အပြင်ဘက်တွင် တောင်အစွန်းနားကို ဝိုင်းပတ်လျက် တည်ရှိနေသော ရွာက ကျားချွမ်ရွာ ဖြစ်သည်။
ထိုပုံစံက ထိုအမျိုးသား အနုပညာရှင် ယခင်က မြင်ခဲ့ဖူးသည့် ထိုက်ချီ ယင်နှင့်ယန် ပုံစံခွက်နှင့် တူလုနီးပါး ဖြစ်နေသည်။ သို့သော် တောင်၏အရိပ်များဖြင့် ပိတ်ဆို့ခံထားရသောကြောင့် ပုံစံခွက် တစ်ဝက်ဖြစ်သည့် ယင်အမဲဘက်ခြမ်းကသာ ပေါ်သလို ဖြစ်နေသည်။
အမျိုးသား စတားက တကယ် အာရုံမစိုက်လိုက်ချေ။ ဒီအတိုင်း သာမာန်ကာလျှံကာသာ ကြည့်လိုက်ပြီး စိတ်ဝင်စားသွားသောကြောင့် စခရင်ရှုရိုက်ကာ သူ၏ဆိုရှယ်အကောင့်တွင် တင်လိုက်၏။ သူက သူ၏ပရိတ်သတ်များ တိုက်ရိုက်စတင်ထုတ်လွှင့်မည် ဖြစ်ကြောင်း ဖော်ပြထားရုံသာ မကသေးလေဘဲ ဖန်သားပြင်အခွဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လာရောက် စခရိုက်လုပ်ရန် ပြောကြားလိုက်သည်။
ထို့အပြင် ပရိတ်သတ်များနှင့် သဘောတကျ မျှဝေလိုက်၏။ သူသည် မမျှော်လင့်ထားဘဲ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ကြောင်း ပြောပြလိုက်သည်။
ပရိတ်သတ်များသည်လည်း အလားတူပင် ခံစားရသည်။ ဆိုရှယ်ကွန့်မန့်ကဏ္ဍတွင် ဟားဟားဟား ဆိုသော ပျော်ရွှင်သော ကွန့်မန့်များက ပြည့်သွားသည်။
ဧည့်သည်များက သူတို့၏ ခရီးဆောင်အိတ်များအား ကားထဲသို့ တင်ပြီး အရာအားလုံးကို အခြေချပြီးသောအခါ ကျန်းဝူပင်းက တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ဖန်သားပြင်အရှေ့သို့ စိတ်အားထက်သန်စွာနှင့် ဒီပရိုဂရမ်၏ တတိယအပိုင်းဟာ တရားဝင် ထုတ်လွှင့်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
“ဦးတည်ရာဘက်က ကျားကျစ်ဖန်း၊ ချွမ်း ယာတောအိမ်ပါပဲ”
ကျန်းဝူပင်း ယန်ရှစ်ရွှမ်း၏ အင်္ကျီလက်ကို လှမ်းဆွဲပြီး ခါကာ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်၏ အရှေ့တွင် အတတ်နိုင်ဆုံး သူနှင့်ပူးပေါင်း၍ မိတ်ဆက်ပေးရန် ပြောဆိုလိုက်သည်။
မည်သို့ပင်ဆိုစေ ယန်ရှစ်ရွှမ်းသည် တိုးဂိုက်ဖြစ်ပြီး သူသည် ဒါရိုက်တာ ဖြစ်လေသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ အဓိကဖန်သားပြင်ကို ပျင်းရိလေးတွဲစွာ တစ်ချက် ကြည့်လိုက်ပြီး အိုးဟု ပြောပြီး တစ်ဖက်သို့ ပြန်လှည့်သွားကာ ကားထဲသို့ ဝင်သည်။
ယဲ့လီသည်လည်း ကားထဲသို့ ဝင်လိုက်သည်။ ထိုသို့ဖြင့် အဓိက ဖန်သားပြင်၏အရှေ့ ကားရှေ့တွင် ရပ်နေသော ကျန်းဝူပင်းတစ်ယောက်တည်းသာ ကျန်နေလေသည်။
ကျန်းဝူပင်း “???”
“ယန်ကော အိုး နည်းနည်းလေး တက်ကြွပေးပါလား”
ကျန်းဝူပင်း၏ နှလုံးသားအတွင်းတွင် မျက်ရည်များ မည်သို့ဖြိုင်ဖြိုင် ကျနေစေကာမူ သူသည် မျက်နှာတွင်မူ တက်ကြွမှုအပြည့်နှင့် မိတ်ဆက် ပေးလိုက်လေသည်။
“ကျားကျစ်ဖုန်းရွာက ကျောဘက်မှာ လတောင်တန်းရှိပြီး အရှေ့ဘက်မှာ လ ချောင်းငယ်လေး ရှိသည်။ ဒါကြောင့် တောင်တန်းနဲ့ မြစ်ပြင်က ဝိုင်းထားတဲ့ နေရာငယ်လေး တစ်ခုပေါ့။ ဒီနေရာက ဝန်းကျင်အနေအထားမျိုးကြောင့် တအားကို ထူးခြားပြီး အပူချိန်ကလည်း ပတ်ဝန်းကျင်နယ်မြေထက် အများကြီး ပိုအေးတယ်။ အခုက ဆောင်းဦးပိုင်း ဖြစ်နေပြီ။ အဲဒီတောင်တန်းတောက်လျောက် ရှိသမျှ အရွက်တိုင်းက နီနေလောက်ပြီ။ နောက်ပြီး အဲဒီကိုရောက်ရင် ကြည့်ရှုသူတွေကလည်း ဧည့်သည်တွေ နောက်ကိုလိုက်ပြီး ထင်းရှူးသီးကောက်တာတွေ၊ စမ်းချောင်းထဲမှာ ငါးဖမ်းတာတွေကို ခံစားနိုင်တယ်။ အဲဒါတွေ အပြင် တောင်တန်းတောက်လျောက် ပြည့်နှက်နေမဲ့ အနီရောင်သစ်ရွက်တွေရဲ့ အလှတရားကိုလည်း ပျော်မွေ့နိုင်မှာပါ။ အဲဒီလိုနဲ့ အိပ်မက်ဆန်တဲ့ အနီရောင်တိမ်စိုင်တွေ ဝိုင်းနေမဲ့ အလှတရားက အားလုံးကို စိတ်အေးသက်သာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးတစ်ခု ဖြစ်စေမှာ အမှန်ပါပဲ”
******