အပိုင်း ၉၃
Viewers 17k

Chapter 93


လော့၀မ်ချွမ်း ယွမ်ရှင်းကျဲဘေးတွင်ရပ်ကာ လူအုပ်ကြီးဆီမှ အငြင်းပွားသံများကို နားထောင်နေရင်း ယွမ်ရှင်းကျဲ တိတ်တိတ်လေးနောက်ဆုတ်ကာ ထောင့်တစ်ထောင့်တွင်ပုန်းနေသည်ကို သတိထားမိသွား၏။


သူ၏ ဖြစ်တည်မှုကို မှေး‌မှိန်သွားအောင် ကြိုးစားနေသလိုပင်။


လော့၀မ်ချွမ်း၏ အကြည့်များ ယွမ်ရှင်းကျဲအပေါ်တွင် ခဏအကြာ ရောက်နေမိ၏။ သူ့မျက်ဝန်းများထဲတွင် သတိမပြုမိနိုင်သော သံသယများဖြင့်ပြည့်နေသော်လည်း မျက်လုံးများကို အလျင်အမြန်ပင်မှိတ်လိုက်သည်။


ဟိုတယ်တွင် စာရင်းသွင်းပြီးနော် ယွမ်ရှင်းကျဲကို လှည့်ကြည့်ကာ လော့၀မ်ချွမ်း ညှင်သာစွာပြောလိုက်သည် " သွားကြရအောင်။ "


အခြား စစ်တက္ကသိုလ်သုံးခုမှာ ယခုကိစ္စနှင့်ပတ်သက်ပြီး ရန်ပွဲများပင်ဖြစ်လုနီးပါးဖြစ်နေ၏။


ရန်ပွဲမှာတကယ့်ကို ဦးတည်ရာမဲ့ အခြေအမြစ်မရှိသောရန်ပွဲဖြစ်၏။ တစ်ဖက်တွင်လည်း သူတို့၏ “ ငါက အရမ်းအားနည်းတယ်” နှင့်ပတ်သက်၍ သိချင်စိတ်ကိုလည်း နှိုးဆွပေးလိုက်သလိုပင် ဖြစ်သွားသည်။ ထိုတစ်ယောက်ကို တွေ့ပြီးရင်ဆိုင်ရန် မစောင့်နိုင်ဖြစ်နေကြ၏။ 


“ခုနက ငေါင်နေတာ ဘာတွေစဉ်းစားနေတာလဲ။” ယွမ်ရှင်းကျဲ၏အိတ်များကို ကူသယ်ပေးရင်း လော့၀မ်ချွမ်းမေးခွန်းထုတ်လိုက်သည်။


ယွမ်ရှင်းကျဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည် : “ ဒီတိုင်း သူတို့ကစားပွဲအကြောင်း ပြောနေတာနားထောင်ပြီးတော့ အံ့ဩသွားလို့ပါ။ ”


“ငါ အဲ့ဒီ "ငါက အရမ်းအားနည်းတယ်"ဆိုတဲ့သူနဲ့ တိုက်ဖူးတယ်။ သူ့စွမ်းအားက ပုံမှန်ပါပဲ။" လော့၀မ်ချွမ်း မလှုပ်မယှက် လေးနက်စွာပြောလိုက်၏။


“ သူတို့ပြောသလောက်လည်း မဟုတ်ပါဘူး။ နှစ်ချက်လောက်ထိုးလိုက်တာနဲ့ လဲသွားမှာ။ ”


ယွမ်ရှင်းကျဲ ထိုအကြောင်းကိုကြားသောအခါ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။ "ငါ မင်းကို နိုင်တယ်လေ " ဟုပြောထွက်လုနီးနီးမှာတင် စကားလုံးများကို ပြန်မြိုချကာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး 


: “အဟမ်း, ဟုတ်ပါ့။ ဒါပေမယ့် အားလုံးက သူ့ကို ဘယ်တော့မှမရှုံးတဲ့သူဆိုပြီးတော့ ချီးကျူးနေကြတာ။” 


သူ့လေသံတွေ ဂုဏ်ယူနေသောလေသံအနည်းငယ်ပါဝင်နေ၏။ 


လော့ဝမ်ချွမ်း အဓိပ္ပာယ်ရှိသောမျက်လုံးများဖြင့် ယွမ်ရှင်းကျဲကို ကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။


 : “အဲ့ဒါဆို သူအဲ့လောက်တော်နေတာ နည်းလမ်းတစ်ချို့တော့ ရှိရမယ်။”


ယွမ်ရှင်းကျဲ ခဏအကြာမှင်သက်သွားမိသည်။ စိတ်ထဲတွင်ဘဝင်မကျစွာ တုံ့ပြန်လိုက်သည်။ 


 “မက်ခါကို ကောင်းကောင်းမောင်းနိုင်ဖို့ အဲ့ဒါတွေ လိုလို့လား။ ”


လော့ဝမ်ချွမ်း စက္ကန့်အနည်းငယ်အကြာ ယွမ်ကျင်းရှဲကို စိုက်ကြည့်နေမိသည်။


ယွမ်ရှင်းကျဲ သူ့တင်ဆက်မှု ထင်ပေါ်သွားမည်ကို ခံစားမိကာ ပြောလိုက်သည် ။


 “ ငါဆိုလိုတာက သူ့လိုကစားသမားက အပြင်မှာလည်း အက်စ်သုံးလုံးအဆင့်လောက်ဖြစ်နေမှာလေ။ ”


ခဏအကြာတွင် ယွမ်ကျင်းရှဲ သူပြောလိုက်သည်များကို ယုံမယုံမသေချာသောကြောင့် ‌ထပ်ပြောလိုက်သည် : “ပြီးတော့ သူက အရမ်းသန်မာတောင့်တင်းတဲ့ အယ်လ်ဖာ ဖြစ်ရမယ်။ ”


“သန်မာတောင့်တင်းတဲ့ အယ်လ်ဖာ…” လော့ဝမ်ချွမ်း သူ့ကို ပြန်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။


 “ နာမည်ပြောင်ကို ‘ငါက အရမ်းအားနည်းတယ်’ လို့ပေးပြီးတော့လား။”


ထိုအချိန်တွင် ဓာတ်လှေကားထဲသို့ အားလုံးဝင်လာကြသည်။ လော့ဝမ်ချွမ်းပြောသည်များကို ရှင်းဟိုင်ကျောင်းမှ လူများလည်း ကြားလိုက်ကြသည်။


ယွမ်ရှင်းကျဲ ကိုယ့်ဘာသာပင် တွေးလိုက်မိသည်။ ငါက ယောက်ျားလေးတစ်ယောက်ပဲကို အဲ့ဒါက မေးစရာတောင် လိုသေးလို့လား။ 


“ အဲ့ဒါကတော့ ပြောရတာခက်သွားပြီ။ တစ်ချို့ အယ်လ်ဖာတွေက အဲ့လိုပဲ။ ” 


ထိုစဉ် ဘေးမှ အော်ရီရယ်က ဖြတ်ပြောလိုက်သည်။


 “ နာမည်က ချစ်ဖို့ကောင်းလေ ပိုပြီးတော့ကြမ်းလေပဲ။ ”


“ဟုတ်တယ် ,” ခယ့်လိုင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။


“ ပြီးတော့ “ငါက အရမ်းအားနည်းတယ်” ရဲ့ မကောင်းတဲ့ပုံစံအရဆို အိုမီဂါ , ဘီတာလောက်တော့ မဖြစ်နိုင်ဘူး။ ”


လော့ဝမ်ချွမ်းဆက်မပြောတော့ဘဲ နှုတ်ခမ်းများကိုတင်းတင်းကြပ်ကြပ်စေ့ထားလိုက်သည်။ မျက်လုံးများမှာတော့ ယွမ်ရှင်းကျဲကို ခဏအကြာစိုက်ကြည့်နေပြီး‌နောက် အကြည့်များကိုလွှဲလိုက်သည်။


ယွမ်ရှင်းကျဲ စိတ်သက်သာရာရသည့်အနေဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


မနက်ဖြန်ကစားပွဲရှိသောကြောင့် ရစ်ချက်နှင့် ကျန်နည်းပြများမှ အဖွဲ့ဝင်များကို လူစုခိုင်းလိုက်သည်။ 


ကစားသမားများ အစီအစဉ်ကို တင်ပြပြီးပြီဖြစ်၏။ အထိအခိုက်တစ်စုံတစ်ရာကြုံခဲ့သည်ရှိသော် လူစားထိုးရန်လိုအပ်သည့်အချိန်မှလွဲ၍ ကစားသမားအစီအစဉ်ကို မပြောင်းရပါ။


လွန်ခဲ့သော နာရီဝက်က NCLM ပွဲစီစဉ်ရေးကော်မတီမှ ကစားသမားများ၏ ပွဲစဉ်များကို နည်းပြများထံပေးပို့လိုက်ပြီ ဖြစ်သည်။


ဟိုတယ်မှစီစဉ်ပေးထားသော အစည်းအဝေးခန်းမတွင်ဖြစ်၏။ ရစ်ချက်မှ စတင်‌ပြောလိုက်သည်။


 " မနက်ဖြန်ကတော့ သေချာပေါက် ပြင်းထန်တဲ့ပွဲဖြစ်မှာပဲ။ အားလုံး ပေါ့ပေါ့လျော့လျော့မနေဘဲ ပြင်ဆင်ထားကြပါ။ အထူးသဖြင့် ပြိုင်ပွဲဝင်အသင်း ..." 


သူ့အကြည့်များကို ယွမ်ရှင်းကျဲနှင့် ကျန်အဖွဲ့ဝင်များဆီသို့ လွှဲလိုက်သည်။


အဖွဲ့လိုက်ပွဲစဉ်များမှာ မိနစ်ငါးဆယ်ကြာမြင့်ပြီး တစ်ကိုယ်တော် ပွဲစဉ်များမှာ မိနစ်သုံးဆယ်ဖြစ်သည်။ သို့ဖြစ်၍ အဖွဲ့လိုက်ပွဲစဉ်များမှာ အင်အားပိုလိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို စစ်ဆေးသည့် စစ်ဆေးမှုတစ်ခုလည်းဖြစ်နေပြန်သည်။


ပြီးခဲ့သောအချိန်အတောအတွင်း ယွမ်ရှင်းကျဲအတွက် ရစ်ချက် စီစဉ်ပေးခဲ့သော လေ့ကျင့်မှုများအနက် ၈၀ ရာခိုင်နှုန်းမှာ ခန္ဓာကိုယ်ကြံခိုင်ရန် လေ့ကျင့်မှုများဖြစ်သည့်အလျောက် အတော်လေးသန်မာလာခဲ့သည်။


အချိန်ခဏအတွင်းတွင် ယွမ်ရှင်းကျဲ၏ သန်မာမှုစွမ်းအားမှာ အေအဆင့်သို့ တိုးပေးခြင်းခံရနိုင်ချေရှိသည်။ 


“အဖွဲ့လိုက်‌ကတော့ နိုင်ရင် နှစ်မှတ်ရတယ်။ တစ်ကိုယ်တော်ကတော့ တစ်မှတ်ပဲ။ အဲ့ဒီတော့ အဖွဲ့လိုက်မှာ ရှူံးသွားရင်တော်တော်လေးအထိနာမယ်။”


ရစ်ချက်က ဆက်ပြောလိုက်သည်။


 “တစ်ကိုယ်တော်ပွဲနဲ့ပတ်သတ်ပြီးကတော့ ပြောစရာသိပ်မရှိပါဘူး။ တစ်ယောက်ချင်းစီရဲ့ အရည်အချင်းနဲ့ ဘယ်လိုကစားမယ်ဆိုတာပေါ်ပဲမူတည်တယ်။ ဒါပေမယ့် အဖွဲ့လိုက်‌ကစားပွဲတွေကကျတော့ အခြေအနေအများကြီးပေါ်မူတည်တယ်။ အရင်ကပြောခဲ့သလိုပေါ့ အစကတည်းက အလင်းကို ယူနိုင်လိုက်ရမယ်…”


"အဖွဲ့လိုက်ကစားပွဲတွေရဲ့စည်းမျဉ်းတွေ ပိုပြီးတော့ရှုပ်ထွေးတယ်။ “အလင်းရောင်ကို ယူခြင်း” အပါအဝင်ပေါ့။"


" ကစားပွဲအစမှာ တစ်ပြိုင်နက် နှစ်သင်းလုံးကို ကွင်းရဲ့တစ်ဖက်တစ်ချက်စီကနေ လွှတ်ပေးလိုက်မယ်။ ကြားထဲမှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ ကွင်းရဲ့အလယ်ခေါင်မှာ ဆုံကြမယ်ပေါ့။ "

93.2


ကစားသမားတစ်ယောက် ကွင်းလယ်သို့ရောက်သောအခါ ထိုကစားသမားအတွက် “ပွဲစဉ် မီး” တစ်ခုလင်းလာလိမ့်မည်။ အသင်းတစ်သင်းစီ၏အရောင်များမှာတော့ မတူကြဘဲ ပုံမှန်အားဖြင့်ကျောင်းတံဆိပ်ကိုလိုက်၍ အရောင်များသတ်မှတ်လေ့ရှိသည်။ 


ထို့အပြင် အကြောင်းကြောင်းကြောင့် ကစားသမားများအထုတ်ခံရလျှင် ထိုကစားသမားအတွက် ပွဲစဉ်မီးမှာ ပြန်လည်ပိတ်သွားမည်ဖြစ်၏။


အဆုံးသတ်တွင် ကွင်းပေါ်ရှိကစားသမားများအားလုံး၏ ကိုယ်ပိုင်မီးများ လင်းနေသောကြာချိန်ကို ပေါင်းလိုက်ကာ အများဆုံးရှိနေသော အသင်းက အနိုင်ရရှိမည်ဖြစ်သည်။ 


ထို့ကြောင့် အသင်းလိုက်ကစားပွဲကို အပိုင်းနှစ်ပိုင်း ပိုင်းထားကြသည် : “အမြန်ကစားခြင်း” နှင့် “PK” ဟူ၍ဖြစ်ပြီး ပွဲစဉ်တစ်လျှောက်ကြုံတွေ့နိုင်သော အခြေအနေများအပေါ်မူတည်၍ ဖန်တီးထားခြင်းဖြစ်သည်။ နှစ်ပိုင်းလုံးမှာ အလွန်အရေးကြီး၏။ 


ကွင်းလယ်ကို မြန်မြန်ရောက်လေလေ အကျိုးထူးလေလေဖြစ်သည်။


ထို့အပြင် “အလင်းရောင်ကို ယူခြင်း” မှာ ကစားသမားများအားလုံး ပြိုင်ဘက်များထက် ကွင်းလယ်သို့ အမြန်ရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုလုပ်ရပ်မှတစ်ဆင့် တစ်ဆက်တည်းရောက်လာမည့် PK အပိုင်းအတွက် ဖိအားကိုလည်း လျှော့ချနိုင်မည့်အပြင် နှေးကွေးလာ‌သော အဖွဲ့ဝင်များအတွက်လည်း ပင်ပန်းမှုကို လျှော့ချပေးနိုင်လိမ့်မည် ဖြစ်သည်။


“ PK ပိုင်း အတွက်အဖွဲ့ကတော့, ငါတို့မှာ အားသာချက်သိပ်မရှိဘူး။ ” 


ရစ်ချက်က ပွဲစဉ်စာရင်းများကို ပြလိုက်သည်။ 


“ခယ့်လိုင်ရဲ့ အသင်းက ဂျက်ကော့ရဲ့ ရွှေတံဆိပ်ပေါင်းချုပ်အဖွဲ့နဲ့ ပြိုင်ရမှာ ; သူတို့ကအမြဲတမ်း အလင်းယူတာ မြန်ပြီးတော့ အသင်းကလည်း ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်။ ကာလက်ရဲ့ အသင်းကတော့ ဂျက်ကော့ရဲ့ အသင်းအသစ်နဲ့ ဒါပေမယ့် မင်းတို့သုံးယောက်ကလည်း သိပ်ပြီးတော့ အားမကောင်းကြသေးတော့…”


ယွမ်ရှင်းကျဲ အုပ်စုဇယားကိုတစ်ချက်ကြည့်လိုက်သည်။ မက်ခါကြယ်တွင် "ရေခဲခြစ်စားကြပါဦး" ဟုသော အမည်နှင့် အရိပ်မက်ခါစစ်သည်ကို အသုံးပြုတတ်သော တက်သစ်စလူတော်လေးဖြစ်သည့် ဂျက်ကော့မှ ရှီးပေါ်လိုင် အုပ်စုလိုက်ပြိုင်ပွဲတွင် အမှန်တကယ်ပါဝင်လာသည်ကိုမြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩ‌သွားမိသည်။


ဒီလို ဂုဏ်ဆာနေတဲ့ ‌နွားပေါက်လေးက တစ်ကိုယ်တော် PK ကိုမသွားသင့်သည် မဟုတ်ပါလား။ 


“ပြီးတော့ ခန့်မှန်းချက်မှာ မှားသွားတာ တစ်ခုရှိသေးတယ်။ ငါတို့ ရှီးပေါ်လိုင်ကို အုပ်စုလိုက်ပြိုင်ပွဲမှာ ပါမယ်မထင်ထားခဲ့ဘူး။ ”


 ရစ်ချက်၏ လေသံမှာ ပို၍ပင်လေးနက်လာသည်။ မလွှဲရှောင်နိုင်ဘဲ ယွန်းရှင်းကျဲကို လှမ်းကြည့်လိုက်သည်။


 “ရှီးပေါ်လိုင်က တကယ်တော်တာ။ ငယ်ငယ်လေးနဲ့ အက်စ်ပလပ်စ် ရောက်နေပြီ...မင်းတို့သူ့ကိုတော့ အစွမ်းကုန်သုံးမှရမယ်။”


ရစ်ချက်၏အမြင်တွင် ချီယု,ကာလက်နှင့် ကျန်အသင်းဝင်တစ်ယောက်နှင့်သာ ကစားလျှင် ကစားပွဲမှာ အရမ်းမခက်ခဲသယောင်ထင်နေပုံရသည်။ မည်မျှပင် သန်မာသည်ဆိုစေကာမူ သုံးယောက်တစ်ယောက်တော့ လုပ်နိုင်မည်မထင်။ 


ယွမ်ရှင်းကျဲအတွက် ဝန်ပိသွားနိုင်သည်…


ရစ်ချက်က ယခုအသင်းအတွက်လည်း အရမ်းကြီးမျှော်လင့်ထားပုံမရ။ စကားအနည်းငယ်ပြောပြီးနောက် အခြားအဖွဲ့များကို စတင်ညွှန်ကြားပေးနေတော့၏။


“…ဟွန့်” ​​ကာလက် သည်းမခံနိုင်တော့ဘဲ လက်သီးဆုပ်ထားမိလျက်သားဖြစ်နေသည်။ သူ့မျက်လုံးများမှာ မကျေနပ်မှု မပျော်ရွှင်မှုများနှင့် ပြည့်လျှံနေသည်။


 “တက်သစ်စလူတော်လေး ဟုတ်လား။ သူက ဘယ်လောက်အားကောင်းနိုင်မှာမို့လို့လဲ။ မနက်ဖြန်မက်ခါရောက်မှ အဲ့လောက်တောင်ပဲ‌လားဆိုတာ ကြည့်ရဦးမှာပေါ့။ ”


ကာလက်မှာ ဒေါသကြီးတတ်ပြီး သူ့အကျင့်မှာ အလွယ်တကူပင် စိတ်အနှောင့်အယှက်ဖြစ်တတ်သောပုံစံရှိသည်။ ရစ်ချက်၏အပြုအမူနှင့်ပတ်သက်၍ ခါတိုင်းလိုပင် မကျေမနပ်ဖြစ်နေသည်။


သို့သော် ဆွေးနွေးပွဲပြီးသည့်တိုင် ဖြစ်လာနိုင်သည့်အခြေအနေများကိုဆွေးနွေးရန် ယွမ်ရှင်းကျဲ , ချီယုတို့နှင့်အတူ နေခဲ့သည်။


“ရှီးပေါ်လိုင်နဲ့တော့ တစ်ခါမှမကြုံဖူးပေမယ့် သူ့အဖွဲ့ထဲက လူနှစ်ယောက်ကိုတော့ သိတယ်။”


 ချီယုက အုပ်စုဇယားကိုကြည့်ရင်း ‌ဖြည်းညှင်းစွာပြောလိုက်သည်။ “


မနက်ဖြန် ရှီးပေါ်လိုင်နဲ့ရင်ဆိုင်ဖို့က ကာလက်ရဲ့တာဝန်ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကျန်တဲ့နှစ်ယောက်ကတော့ ငါပေါ့။ ရှင်းကျဲ, မင်းက ငါ့နားမှာပဲနေပြီး ငါ့ကို‌ကူညီပေးပါ။ ”


မျက်လုံးများကိုပင့်တင်ပြီး ယွမ်ရှင်းကျဲကို လှမ်းကြည့်လိုက်သည်။ သူ့လေသံမှာ မာနအပြည့်ဖြင့် မောက်မာနေပြီး “ငါက သေချာပေါက် မင်းကို ကာကွယ်ပါ့မယ်…” ဟုထပ်ဖြည့်ပြောလိုက်၏။


“မင်းတစ်ယောက်တည်း နှစ်ယောက်ယူမယ် ဟုတ်လား။” ကာလက် ကြားဖြတ်ပြောလိုက်၏။ “မင်းကိုယ်မင်း လော့ဝမ်ချွမ်း‌ ထင်နေတာလား။ ”


ထိုနာမည်ကို ကြားလိုက်သည်နှင့် ချီယု၏မျက်နှာထားမှာ ရုတ်ချည်းပြောင်းလဲသွားသည် 


 “မင်းဘာကို ဆိုလိုချင်တာလဲ။ ”


ကာလက် သူနှင့် ရန်မဖြစ်ချင်။ ယွမ်ရှင်းကျဲဘက်ကို လှည့်ကြည့်လိုက်ကာ “မနက်ဖြန် ကစားပွဲကျရင် ပြိုင်ဘက်ထက် မင်းကအရင် အလင်းယူနိုင်အောင်လုပ်ရမယ်။ ရှီးပေါ်လိုင်နဲ့ PK ကွင်းထဲမှာ ထိပ်တိုက်တွေ့တာ‌မျိုးတော့ တတ်နိုင်သမျှရှောင်ပါ။ ပြီးတော့ တစ်ခြား‌နှစ်ယောက်ကို အရင်ထွက်ရအောင်လုပ်ကြမယ်။ အဲ့ဒါပြီးမှ ရှီးပေါ်လိုင်နဲ့ရင်ဆိုင်ဖို့ကို အာရုံစိုက်ကြမယ်။ ”


အချုပ်ပြောရသော် ကာလက်၏နည်းလမ်းမှာ ချီယုထက် ပို၍အဓိပ္ပာယ်ရှိကာ ဖြစ်နိုင်ချေရှိသည်။


“အဲ့ဒါဆို PK အစမှာ ခုခံဖို့ အာရုံစိုက်ထားရဦးမှာပေါ့။” 


ယွမ်ရှင်းကျဲ သဘောတူသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။


 “ရှီးပေါ်လိုင်က သူတို့ရဲ့အဓိကအင်အားပဲ။ ဒါပေမယ့် သူ့ညာလက်ရုံးကို ဖြုတ်လိုက်ရင် သူလည်း ငါတို့နဲ့ရင်ဆိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။”


ယွမ်ရှင်းကျဲ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်ကို မြင်လိုက်ရသော ချီယုမှာ သက်ပြင်းတစ်ချက်ချလိုက်ကာ ယွမ်ရှင်းကျဲကို ကြည့်ပြီး တက်ကြွစွာပြောလိုက်၏ : 


“ရှင်းကျဲ , မပူပါနဲ့။ တကယ်လို့ ရှီးပေါ်လိုင် မင်းဆီကိုလာရင် ငါက‌သေချာပေါက် မင်းကို ကာကွယ်မှာပါ...”


“အားလုံးလုပ်ရမှာက ကိုယ့်မီးတွေလင်းနေတာ‌သေ‌ချာအောင် လုပ်ဖို့ပဲ။ ” 


ယွမ်ရှင်းကျဲ ချီယုကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည် : 


“သူငါ့ဆီလာရင် ငါ့ဘာသာပုန်းဖို့ နည်းလမ်းရှိတယ်။ မင်း ကာကွယ်ပေးဖို့ မလိုဘူး။”


ထိုသို့ပြောပြီးနောက် မတ်တပ်ထရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွား၏။ ကာလက်လည်း သူ့နောက်မှ လိုက်ထွက်သွားခဲ့သည်။ 


ချီယု လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ စားပွဲခုံမှ အသံနက်ကြီးထွက်လာသည်အထိ ပြင်းထန်စွာထုလိုက်သည်။


“သောက်တလွဲတွေ…” ချီယုဒေါသကြောင့် နလုံးခုန်သံများမြန်နေ၏။ ပါးများမှာ ဒေါသနှင့် မနာလိုမှုကြောင့် နီရဲလျက်ရှိသည်။


 “ လော့ဝမ်ချွမ်းကာကွယ်ပေးတုန်းကတော့ လက်ခံပြီးတော့ ငါကာကွယ်ပေးမယ်ဆိုတာကျတော့ ဒီလိုအချိုးမျိုးချိုးတယ်ပေ့ါ။ ”


ယခင်အတိုင်းသာဆို ချီယု တစ်ညလုံးအိပ်မရလောက်အောင် ဒေါသထွက်နေမည်ဖြစ်သည်။


သို့သော် ခဏအကြာတွင် ချီယု စိတ်ငြိမ်သွားသည်။ သူ့မျက်လုံးများမှာ အရောင်လက်လျက် အသက်ရှူသံနှင့်အတူ ရေရွတ်လိုက်သည် :


 “ နောက်ကျ ငါတို့လက်ထပ်ကြရင် , မင်းကို ကာကွယ်ပေးဖို့ ငါ့ကိုတောင်းဆိုနေစေရမယ်။”


xxxxxx