အပိုင်း ၉၄
Viewers 17k

Chapter 94


ရှင်းဟိုင်တက္ကသိုလ်၏ပြင်းထန်သော အခြေအနေနှင့်ယှဉ်လျှင် ဂျက်ကော့ တက္ကသလိုလ်၏အခြေအနေမှာ ပို၍ အေးအေးဆေးဆေးဖြစ်နေသည်။


သူတို့နည်းပြမှာ စကားတစ်ခွန်းသာပြောသွားသည် : 


“ချန်ကျွင်းက လော့ဝမ်ချွမ်းကို သတိထား။ တစ်ခြားသူတွေကတော့ ပုံမှန်ကစားသလိုပဲ ကစားကြ။ ”


ဂျက်ကော့အသင်းမှ လူများမှာ စိတ်လှုပ်ရှားပုံပင်မပေါ်ကြ။ အချို့မှာ ညဘက်ကပွဲသို့ပင် ထွက်သွားကြ၏။မည်သူမှ ရှင်းဟိုင်တက္ကသိုလ်ကို မျက်လုံးထဲပင်မြင်ကြပုံမရပါ။ 


NCLM မှာ အစဉ်အလာအရ အင်ပါယာတစ်ခုလုံးစိတ်ဝင်စားကြသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး လက်မှတ်တန်ဖိုးများမှာ လေထဲတွင်မြောက်နေ၏။ 


နောက်တစ်နေ့မနက်တွင် ကစားပွဲနေရာသို့ ကြည့်ရှူသူအများအပြား လာရောက်ကြသည်။


ကစားကွင်းမှာ အလင်းရောင်ပေါ်မူတည်၍ မိုးလေဝသအခြေအနေများကို တုပနိုင်သော အနုပညာဆန်ဆန် ပန်းကန်လုံးပုံစံဖြစ်၏။


ယနေ့ နေသာနေသည်။ ပွဲရုံ၏အပြင်ဘက်နံရံမှာ နေရောင်ကိုရောင်ပြန်ဟပ်ကာ ကြည်လင်‌နေ၏။ အဝေးမှကြည့်လျှင် သစ်ရွက်ပေါ်မှ တောက်ပနေသောရေစက်‌တစ်စက်ပမာ ဖြစ်နေသည်။


သို့သော် ယွမ်ရှင်းကျဲ၏ ပြိုင်ပွဲမှာ ထိုနေရာတွင် ပြုလုပ်မှာမဟုတ်ပေ။

အုပ်စုလိုက်ပြိုင်ပွဲကျင်းပရမည့်နေရမှာမှာ အလွန်ကျယ်၏။ လမ်းကြောင်း အစအဆုံးမှာ တစ်ဆယ်ကီလိုမီတာခန့်ရှိပြီး ကွင်းလယ်မှ PK နယ်မြေမှာလည်း အလွန်ကျယ်၏။ ထိုနေရာမျိုးကို ပင်မနယ်မြေနှင့် အနည်းငယ်ဝေးသော မြို့ပြင်လိုနေရာမျိုးတွင် တည်ဆောက်ထားသည်။


သို့သော် အုပ်စုလိုက်ပြိုင်ပွဲမျာပင်မ ပင်မပွဲရုံထဲရှိ ၃၆၀ ဒီဂရီ ပတ်ပတ်လည် ဖန်သားပြင်‌ပေါ်မှတစ်ဆင့် ကြည့်ရှူနိုင်သည်။ ထိုနည်းဖြင့် ပင်မပွဲရုံမှကြည့်ရှုသူများလည်း ပြိုင်ပွဲအစအဆုံးကို ကြည့်ရှူနိုင်သည်။

NCLM ကစားပွဲများ၏အစီအစဉ်မှာ ပုံမှန်အားဖြင့် တစ်ကိုယ်တော်ပွဲနှင့် အုပ်စုပွဲတစ်လှည့်စီဖြစ်၏။ တစ်ကိုယ်တော်ပွဲ အနိုင်ရရှိမှုအတွက် တစ်မှတ်ရရှိကာ အုပ်စုလိုက်ပြိုင်ပွဲများအတွက် နှစ်မှတ်ရရှိမည်ဖြစ်သည်။ ပွဲစဉ်ငါးခုလုံးအပြီးတွင် အမှတ်အများဆုံးကျောင်းမှ အနိုင်ရရှိမည်ဖြစ်၏။


မည့်သည့်အခြေအနေပင်ဖြစ်နေပါစေ လိုက်နာရမည့်စည်းကမ်းတစ်ခုရှိသေးသည်။ ပွဲစဉ်ငါးခုလုံးကို ကျိန်းသေပေါက် ပြီးမြောက်ရမည်ဖြစ်၏။

အကြောင်းမှာ NCLM သည် ဗိုလ်လောင်းများအားလုံး၏ ဂုဏ်သရေကို ကိုယ်စားပြုနေသောကြောင့်ဖြစ်သည်။

စစ်တက္ကသိုလ် ၁၆ ခုကို လေးရက်ခွဲကာ ပထမနေ့ မနက်ပိုင်းတွင် ဂျက်ကော့နှင့် ရှင်းဟိုင်က ပထမဆုံးပွဲစဉ်ကို ကစားကြရမည်ဖြစ်သည်။


ပွဲကြည့်ပရိသတ်မှာ ပထမပွဲစဉ်ဖြစ်သည့်အလျောက် အလွန်စိတ်လှုပ်ရှားနေကြ၏။ ကစားသမားများ ဝင်လာသည်နှင့် တစ်ပြိုင်နက် အော်ဟစ်ကာ ကြိုဆိုကြသည်။


သို့သော် အများစုမှာ ဂျက်ကော့ ပရိသတ်များဖြစ်ကြ၏။ ရှင်းဟိုင်တက္ကသိုလ်ကို မည်သူမှ ဂရုမစိုက်ကြပေ။


နှစ်သင်းလုံး ဝင်ရောက်ပြီးသောအခါ အသင်းခေါင်းဆောင်များမှ ပထမအသင်း၏ အဖွဲ့ဝင်များကို အသင်းနယ်မြေသို့ ခေါ်ဆောင်သွားကြသည်။


တစ်ချိန်တည်းမှာပင် ပထမဆုံး တစ်ကိုယ်တော်ပွဲစဉ်မှာလည်း စတင်တော့မည်ဖြစ်၏။


များသောအားဖြင့် ပထမဆုံးတစ်ကိုယ်တော်ပွဲစဉ်မှာ အသန်မာဆုံးသူမဟုတ်ဘဲ အသင်းခေါင်းဆောင်ဖြစ်လေ့ရှိ၏။ အထောက်အပံ့ပေးနိုင်သူများဖြစ်ကြတာ အဓိက ကစားသမားများမဖြစ်ကြသည်က များသည်။


ရှင်းဟိုင်တက္ကသိုလ်မှ အက်စ်အဆင့် အရိပ်မက်ခါကစားသမား အက်ရှလေ ကို လွှတ်လိုက်သည်။ သူ့ပြိုင်ဘက်မှာ အက်စ်အဆင့် မက်ခါကစားသမားဖြစ်ပြီး အယ်လ်ဖာတစ်ယောက်လည်းဖြစ်သူ ကျောက်မို ဖြစ်သည်။


အက်ရှလေက ဒီနေ့ သူမ၏ ရွှေရောင်ဆံပင်ကို အမြင့်စည်းထား၏။


ကျောက်မိုမှာ မောက်မာသောအကျင့်ရှိပြီး သူတို့မတိုက်ကြခင် အက်ရှလေကို ခက်ထန်စွာပြောလိုက်သည် : 


"ဆံပင်ပြင်ဖို့ အချိန်ရှိသေးတာပေါ့။ ဒါပေမယ့် ခဏနေ မင်းရှုံးသွားရင်တော့ ကြည့်မကောင်းလောက်တော့ဘူးနော်။”


ဂျက်ကော့တက္ကသိုလ်မှသူများက ကျောက်မို၏စကားလုံးများကို လိုက်၍ ရယ်မောကြသည်။


“အင်း ဟုတ်တယ်နော်” 


အက်ရှလေ ဆံပင်စည်းထားသည်ကို ဖြည်ချလိုက်သည်။ သူမ၏ ရွှေရောင်ဆံပင်မှာ လေထဲတွင် ကျက်သရေရှိစွာ ပျံ့လွင့်နေ၏။


ခဏအကြာတွင် လှပစွာပြုံးလိုက်ပြီးနောက် “ ရှင့်လို နိုင်နိုင်ရှုံးရှုံးကြည့်မကောင်းတဲ့သူမျိုးကို အားတော့ကျမိသား။ ”


ဂျက်ကော့ စစ်တက္ကသိုလ်မှ ကျောင်းသားများ ဆက်မရယ်နိုင်တော့ချေ။


နှစ်ဖက်ကျောင်းမှ ဆက်ဆံရေးမှာ ယမန်နေ့က ပထမဆုံးတွေ့ဆုံမှုထက် အခြေအနေပိုဆိုးနေသည်။


ထိုအခြေအနေကို မြင်ရသောပရိသတ်မှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။


“ရှင်းဟိုင်တက္ကသိုလ်က သူက ဂျက်ကော့ကို ပြန်လှောင်နေတာလား။ အတင့်ရဲလိုက်တာ။”


“ခဏနေရင် ရှုံးတော့မှာကို။ ဟားဟားဟားဟား…”


“ချ, ချ”


ရှင်းဟိုင်တက္ကသိုလ်ကို အားပေးသူများလည်းရှိနေ၏။ ထို ရှင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားအုပ်စုလေးမှာ ကြယ်မြို့တော်မှ ပြိုင်ပွဲကြည့်ရန် လာခဲ့ကြသောသူများဖြစ်သည်။


[ အုပ်စုပွဲစဉ် ပထမအချီ ရှင်းဟိုင်တက္ကသိုလ်နှင့် ဂျက်ကော့ ပထမစစ်တက္ကသိုလ်၏ ပထမဆုံး တစ်ကိုယ်တော်ပွဲစဉ်ကို သုံးမိနစ်အကြာတွင် စတင်ပါတော့မယ်]


ပွဲကြေညာသူ၏ အသံမှာ ကျောင်းတွင်းမက်ခါပြိုင်ပွဲကျင်းပစဉ်က အသုံးပြုခဲ့သော အသံထက်ပို၍ အေးစက်သော အသံဖြစ်သောကြောင့် ရှင်းဟိုင်တက္ကသိုလ်မှ အသင်းဝင်များ ပို၍စိတ်လှုပ်ရှားနေကြသည်။


သူတို့၏ ပထမဆုံးပွဲစဉ်ဖြစ်ကာ ဘာဖြစ်လာမည်ဆိုတာကို ကြိုသိနေကြပုံပေါ်သည်။


မကြာခင် ပြိုင်ပွဲစ‌တင်လေသည်။

အက်ရှလေက အရိပ်မက်ခါတစ်ခုကိုမောင်းနှင်ကာ အလျင်အမြန်ပင် ပုန်းကွယ်သည့်အခြေအနေကို ဝင်ရောက်‌လိုက်သည်။ မက်ခါသေးသေးလေးမှာ ကွင်းပေါ်မှ အလျင်အမြန်ပျောက်ကွယ်သွား၏။


ကျောက်မို၏ ကြယ်တံခွန်မက်ခါမှာ လေလမ်းကြောင်းကို လေ့လာနေပြီး အခွင့်အရေးကိုစောင့်နေသည်။ မကြာမကြာ အလင်းကြာပွတ်ကို လေထဲသို့မြှောက်ကာ အခြေအနေကိုစမ်းသပ်နေသည်။


ထိုအချိန်တွင် အက်ရှလေ၏ အရိပ်မက်ခါမှာ သူ့အနောက်မှ ပေါ်လာပြီး သူ့ခေါင်းနောက်မှ ပြင်းထန်စွာရိုက်ချလိုက်၏။


ကျောက်မို အလျင်အမြန်ရှောင်လိုက်သော်လည်း တစ်ချက်တော့ ခံလိုက်ရသည့်အတွက် နာကျင်မှုဒဏ်ကြောင့်ညည်းညူနေသည်။


အလျင်အမြန်ပင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှာကာ အက်ရှလေကို အလင်းဓားဖြင့် တိုက်ခိုက်လိုက်‌သောကြောင့် သူမ၏မက်ခါ ညာဘက်လက်မှာ ပြတ်လုနီးပါးဖြစ်သွားသည်။


သူတို့နှစ်ဦး၏ PK မှာ ပြင်းထန်‌သောအခြေအနေသို့ရောက်ရှိလာသည်။


ကြယ်တံခွန်မက်ခါ မှာအလွန်မြန်ပြီး အရိပ်မက်ခါမှာလည်း အရှုံးပေးမည့်အခြေအနေမရှိချေ။ သူတို့နှစ်ဦး အပြင်းအထန်တိုက်နေကြတုန်း အပြင်ဘက်တွင် ပရိတ်သတ်ကအော်ဟစ်အားပေးနေကြသည်။


အချိန်အနည်းငယ်ကြာလာသောအခါ ယွမ်ရှင်းကျဲပင် ရင်တုန်စွာဖြင့် အသက်ရှုဖို့မေ့နေသည်။


ကစားပွဲစတင်ပြီး ဆယ့်သုံးမိနစ်အကြာတွင် အက်ရှလေမှာ မိုင်းအသေးလေးများကိုချထားပြီး လျှပ်စစ်သံလိုက်လှိုင်းများကို ကွန်ယက်ပမာ ကွင်းထဲတွင်ဖြန့်ထားပြီးဖြစ်သည်။


နောက်ဆုံးတွင် ဆက်တိုက်ရှောင်နေသည့်ကြားမှ ကျောက်မို၏ မက်ခါဦးခေါင်းမှာ အက်ရှလေ၏တိုက်ရိုက်တိုက်ကွက်ကို ခံလိုက်ရပြီး ရုန်းကန်နေရသည်။ ထို့နောက် ခြေထောက်များကို အောက်မှ ဖယ်ရှားခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

94.2


ကျောက်မို၏ မက်ခါ ကျောပြင်တွင် မိုင်းအသေးစားလေးများတစ်ခုပြီးတစ်ခု ဆက်၍ပေါက်ကွဲသွားသည်။ မသေစေ‌နိုင်လောက်သော်လည်း ထိခိုက်မှုနှာ အတော်လေးများသည့်တွက် အော်ဟစ်ကာ လူးလှိမ့်နေသည်။

နောက်ဆုံးတွင် အက်ရှလေ ပထမဆုံးကစားပွဲကို အောင်မြင်စွာ အနိုင်ရရှိသွားသည်။ 


“တကယ့်ကို အစ်မအက်ရှလေကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ” 


အော်ရီရယ် ရင်ဘက်ပေါ်လက်လေးတင်ကာ မျက်ရည်လေဝဲရင်းပြောလိုက်သည်။


 “မြေပြင်ပေါ်ကို မိုင်းတွင်ပစ်ပြီး ချတဲ့ပုံစံက တော်တော်ဆိုးတာပဲ…”


ရှုံးနိမ့်သွားသောကျောက်မိုကို အက်ရှလေကြည့်လိုက်ရင်း ပြောလိုက်သည် : “နင့်စွမ်းအားက သိပ်မကောင်းပေမယ့် မြေကြီးပေါ်လှဲရင်းအော်နေတာလေးက တကယ်ကြည့်ကောင်းတယ်။”


ထို့နောက် ကျောက်မို၏ နောင်တမျက်လုံးများနှင့် ပရိသတ်များထံမှ အော်သစ်အားပေးများ‌အောက်တွင် စင်ပေါ်မှထွက်ခွာလိုက်သည်။


“ပထမပွဲစဉ်ကို ရှင်းဟိုင်တက္ကသိုလ်က အနိုင်ရရှိပြီးတော့ တစ်မှတ်ရရှိသွားပါပြီ။”


ဒိုင်လူကြီး အဖွဲ့မှ ရှင်းဟိုင်တက္ကသိုလ်၏ အနိုင်ရရှိမှုကို ကြေညာလိုက်ပြီးနောက် ဖန်သားပြင်ပေါ်မှ ရလဒ်မှာလည်း ၁-၀ သို့ပြောင်းလဲသွားသည်။


ဂျက်ကော့စစ်တက္ကသလိုလ်မှကျောင်းသားများ အလွန်ပင်မျက်နှာမသာမယာဖြစ်လာကြသည်။


သူတို့ အထင်သေးခဲ့သော အားနည်းသောကျောင်းမှ ပထမပွဲစဉ်ကို အနိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားကြ။


ရစ်ချက်ကလည်း ချီးကျူးလိုက်သည် : “ အက်ရှလေက ပြီးခဲ့တဲ့နှစ်တွေမှာ တကယ်သန်မာလာတာ။ သူက အပြင်ဘက်မှာ မောက်မာတယ်ထင်ရပေမယ့် တကယ်တော့သူက စိတ်အရမ်းငြိမ်ပြီးတော့ နာမည်ကြီးသင့်သလောက် မကြီးတဲ့ အက်စ်အဆင့် ကစားသမားတစ်ယောက်‌လေ...”


အက်ရှလေ အသင်းဝင်များနွေးထွေးစွာ ကြိုဆိုနေသော စောင့်ဆိုင်းနယ်မြေသို့ ပြန်လည်ရောက်ရှိလာ၏။


သူမ၏ ရင်ဘက်ကိုဖိရင်း ပြောလိုက်သည် :


 “ ငါ ကြောက်တာ သေတော့မယ်။ အဲ့ဒီ‌ကောင်‌ကြောင့် ငါ့ ညာလက် ပြတ်‌တော့မလို့လေ။ ကြည့်ပါဦး။ လက်တွေတုန်နေတာ။ ငါ့ဆံပင်တွေလည်း ရှုပ်ပွနေပြီ။


အခြားသူများ အားလုံး : ” …”


ဒီမိန်းကလေးမှာ “ ခွေးအိုကြီးလို တည်ငြိမ်နေသော်လည်း အမှန်မှာ တုန်လှုပ်နေမြဲပင် ဖြစ်သည်။” ဆိုသော စကား၏ ဥပမာပင်ဖြစ်သည်။


ပထမဆုံး တစ်ကိုယ်တော်ပွဲပြီးဆုံးသည့်နောက် ပထမဆုံး အုပ်စုပွဲစဉ်ဖြစ်၏။


ပွဲရုံထဲမှ ဖန်သားပြင်မှာ ယခင်ကထက် ကြီးလာပြီး အုပ်စုလိုက်ကစားကြမည့်နေရာမှ အခြေအနေကို စတင်ထုတ်လွှင့်နေတော့၏။


ခယ့်လိုင်နှင့် အခြားသူများလည်း ဤနေရာမှ အခြေအနေကို ကြားသိကြပြီးဖြစ်မည်။ မျက်နှာအမူအရာများမှာ ပျော်ရွှင်နေကြကာ ယခုကစားပွဲအတွက် ယုံကြည်မှုအပြည့်ရှိနေသည်။ 


[…ပထမဆုံး အုပ်စုပွဲစဉ်ကို ငါးမိနစ်အတွင်း စတင်ပါတော့မည်။]


ရှီးပေါ်လိုင် စိတ်ပူပန်စွာဖြင့် ချန်ကျွင်းကိုမေးလိုက်သည် : 


“ခေါင်းဆောင် ကျွန်တော်တို့ အုပ်စုလိုက်ပြိုင်ပွဲကိုတော့ မရှုံးလောက်ပါဘူးနော်...”


“ ဘယ်လိုလုပ်ရှူံးမှာလဲ “ 


ချန်ကျွင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။


 “ ဒီနေ့ ငါတို့အတွက်ပန်းတိုင်က ဒီ အုပ်စုလိုက်ပွဲစဉ်နှစ်ခုပဲ။ ရှင်းဟိုင်တက္ကသိုလ်ကတော့ တစ်ခုပဲနိုင်ပြီးတာနဲ့ ပျော်နေကြပြီ... စောင့်ကြည့်ရမှာပေါ့။ “ 


ဂျက်ကော့အသင်းဝင်များမှာ ခေါင်းဆောင်၏စကားကိုကြားရပြီးနောက် စိတ်သက်သာရာရသွားကြသည်။


အုပ်စုလိုက်ပြိုင်ပွဲ စတင်လေပြီ။


ခယ့်လိုင် ၊ ဆာတိုးအန်းနှင့် အိုးရွေ့တို့၏ အဆင့်များမှာ အက်စ်၊ အေပလက်စ် နှင့် အေပလက်စ်တို့ အသီးသီးဖြစ်ကြ၏။ ပြိုင်ဘက်အသင်းမှလူများမှာ အက်စ်၊ အက်စ်နှင့် အေပလက်စ်တို့ ဖြစ်သောကြောင့် သိပ်တော့ မကွာခြားလှချေ။


ပူးပေါင်ဆောင်ရွက်ခြင်းဖြင့် ကြည့်လျှင် ဂျက်ကော့ဘက်မှ ရှေးဟောင်းပုံစံပေါင်းစပ်မှုကိုသုံးထားသော်လည်း ခယ့်လိုင်နှင့် အခြားသူများ၏ နားလည်နိုင်စွမ်းမှာ အလွန်အားကောင်း၏။


ပြိုင်ပွဲမစခင် နှစ်ဘက်လုံးမှ ပြိုင်ပွဲလမ်းကြောင်းပေါ်တွင် ပုံမှန်အရှိန်နှုန်းကို ထိန်းထားကြသည်။


အားလုံးက ဖန်သားပြင်ကို ကြည့်ကာဘယ်ဘက်က ကွင်းလယ်သို့အရင်ရောက်မည်ကို ခန့်မှန်းနေကြသည်။


ဆယ့်ငါးမိနစ်ခန့်အကြာတွင် နှစ်ဖွဲ့လုံးက အနှောင့်အယှက်အပြည့်ရှိနေသော ငါးကီလိုမီတာအမှတ်ကို ဖြတ်ကျော်ကာ တစ်ချိန်တည်းနီးပါးမှာပင် ကွင်းလယ်သို့ရောက်ရှိလာကြသည်။


ရှင်းဟိုင်၏ ကျောင်းတံဆိပ်မှာ အပြာရင့်ရောင်ဖြစ်ပြီး ဂျက်ကော့မှာ အဝါနုရောင်ဖြစ်၏။


စက်ဝိုင်းလမ်းကြောင်းနေရာနားတွင် မီးတိုင်ကြီးခြောက်ခုရှိ၏။ ကစားသမားများ PK နယ်မြေသို့ဝင်လာသောအခါ မီးတိုင်များမှ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်ကြသည်။


အပြာရင့်ရောင်နှင့် အဝါနုရောင် အလင်းတန်းများက နှစ်သင်းလုံးမှ ကျောင်းအမှတ်အသားတံဆိပ်များကို ထင်ရှားစွာ ဖော်ပြလျက်ရှိသည်။


အလင်းတန်းများ ကောင်းကင်ယံသို့ရောက်သွားသောအခါ အပြာရင့်ရောင်နှင့် အဝါနုရောင်အလင်းတန်းများက အချင်းချင်းအားပြိုင်ကာ ပရိတ်သက်မှလည်း ချီးကျူးအားပေးသံများဖြင့် ညံနေသည်။

ထိုသူများအနက် ရှင်းဟိုင်တက္ကသလိုလ်ကျောင်းသားများနှင့် ဂျက်ကော့ပထမစစ်တက္ကသလိုလ်ကျောင်းသားများမှာ အသံအကျယ်ဆုံးဖြစ်နေကြသည်။


“ရှင်းဟိုင် ကြိုးစားထား။”


“လုပ်ထားကွ အပြာရောင်တွေ မမှိန်သွားစေရဘူး။”


“အဝါ‌ရောင်က ကြည့်လို့အကောင်းဆုံးပဲ ရှင်းဟိုင်ကို အမှုန့်ကြိတ်ပစ်။”


“အပြာရောင်တွေက အဆုံးထိ ရှိနေမှာကွ။”


“ဂျက်ကော့ နိုင်ကို နိုင်ရမယ်။”


ယွမ်ရှင်းကျဲ ပရိသတ်လူအုပ်ကြီးကို ငေးကြည့်နေမိသည်။ အားလုံးမှာ တစ်ဆင့်ထုတ်လွှင့်ခြင်းကို ကြည့်နေရသည်ဖြစ်သော်လည်း တိုက်ရိုက်ကြည့်နေသကဲ့သို့ပင် တက်ကြွနေကြသည်။


ကောင်းကင်ယံမှ အလင်းတန်းများမှာ စစ်တက္ကသိုလ်အသီးသီး၏ ဂုဏ်သရေနှင့် အင်အားကို ကိုယ်စားပြုနေသလိုပင်ဖြစ်နေသည်။


ယွမ်ရှင်းကျဲ အသက်ရှုဖို့ပင်မေ့ကာ အုပ်စုပွဲစဉ်ကို အသည်းအသန်မလွတ်တမ်းကြည့်နေမိသည်။


အသင်းထဲမှာ တိုက်ခိုက်စွမ်းရည်အမြင့်ဆုံး ခယ့်လိုင်မှာ အလိုလျောက်ပင် အသင်းသားများက အကာအကွယ်ပေးရသူဖြစ်လာကာ တစ်ဘက်အသင်း၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

အစပိုင်း‌တွင် ဂျက်ကော့ဘက်မှ အသာစီးရနေခဲ့ပြီး အိုးရွေ့၏ အလင်းဓား မက်ခါတွင် ပြစ်ချက်တစ်ခုကိုအပိုင်ဖမ်းနိုင်ခဲ့ကာ အနိုင်ပိုင်းရန်ကြိုးစားခဲ့သော်လည်း ဆာတိုး၏ အရိပ်မက်ခါက အလျင်အမြန် တားဆီးနိုင်ခဲ့သည်။


ခယ့်လိုင်က အခွင့်‌အရေးကို အရယူကာ သူ၏ဥက္ကာပျံမက်ခါမှ သေနတ်များကို အသုံးပြုကာ ပြိုင်ဘက်ကို တိုက်ခိုက်လိုက်သည်။


xxxxxxx