အပိုင်း ၉၅
Viewers 17k

Chapter 95


မကြာခင် ပြိုင်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်ကာ ရှင်းဟိုင်တက္ကသိုလ်ဘက်က စည်းချက်မိလာသည်။


သို့သော် ယွမ်ရှင်းကျဲနှင့် အခြားသူများ စိတ်လျော့ကာသက်ပြင်းချလိုက်ချိန်တွင် ဂျက်ကော့မှ သုံးယောက်က ရုတ်တရက်အုပ်စုပုံစံပြောင်းကာ အသက်ကိုရင်း၍ခယ့်လိုင်ကို တိုက်ခိုက်လိုက်သည်။


ခါတိုင်းလိုပင် အိုးရွေ့က ခယ့်လိုင်ကို ကူညီရန်သွားသော်လည်း ဓားကိုကာပေးနေစဉ်ထိခိုက်မိကာ မြေပြင်ပေါ်သို့ကျသွားပြီး တိုက်ခိုက်စွမ်းရည်များ ဆုံးရှုံးသွား၏။


အုပ်စုလိုက်ကစားပွဲတွင် သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုမှာ မက်ခါမြေကြီးပေါ်သို့ကျသွားလျှင် ပြိုင်ပွဲမှ ချက်ချင်းထွက်ရမည်ဖြစ်သည်။


မြေကြီးထဲမှ နွယ်ပင်များထွက်လာကာ အိုးရွေ့၏မက်ခါနှင့်အတူ သူမကိုပါကွင်းထဲမှ ဆွဲခေါ်သွားပြီးဖယ်ရှားလိုက်၏။


အိုးရွေ့ ကွင်းထဲမှထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှင်းဟိုင်တက္ကသိုလ်ကို ကိုယ်စားပြုသောအလင်းတန်းတစ်ခု ပျောက်ကွယ်သွားတော့သည်။


ဂျက်ကော့မှ ကျောင်းသားများမှာ စိတ်လှုပ်ရှားမှုများအပြည့်ပါဝင်နေသော ဩဘာသံများဖြင့် အော်ဟစ်အားပေးကြသည်။


“အကုန်ထုတ်ပစ်။ အကုန်ထုတ်ပစ်။ အပြာရောင်မီးတွေ အကုန်ပိတ်ပစ်။”


ထိုစကားလုံးများမှာ ဂျက်ကော့ကျောင်း၏အားပေးသော ပင်တိုင်အော်ဟစ်သံများဖြစ်လာသည်။


အိုးရွေ့ အထုတ်ခံလိုက်ရပြီးနောက် ခယ့်လိုင်နှင့် ဆားတိုမှာ အကောင်းဆုံးပူး‌ပေါင်းဆောင်ရွက်နေသော်လည်း အခြေအနေမှာ ခက်ခဲလွန်းလှသည်။


နောက်ဆုံးတွင် ပြိုင်ဘက်အသင်းမှ ကြယ်နှစ်စင်မက်ခါကို ခယ့်လိုင် ထုတ်ပစ်နိုင်ခဲ့ပြီး သူနှင့် ဆားတိုအန်းမှာ ရှေ့ဆင့်နောက်ဆငိ့ ရှုံးနိမ့်သွားခဲ့သည်။


ဂျက်ကော့၏ အလင်းတန်းများမှာ သိသိသာသာပင် ရှင်းဟိုင်ထက် အသာစီးရနေ၏။


အုပ်စုလိုက်ပြိုင်ပွဲ ပြီးဆုံးခါနီးလာလေလေ နှစ်သင်းမှအလင်းတန်းကွာခြားချက်မှာ သိသာလာလေလေဖြစ်သည်။


ယခု‌တစ်ခေါက်တွင်တော့ ကျောက်မိုရှုံးနိမ့်ခဲ့သောကြောင့် မပျော်ရွှင်ခဲ့သောဂျက်‌ ကော့အသင်းအဖွဲ့ဝင်များမှာ ပြုံးရယ်လျက်ရှိကြ၏။


“ဟုတ်တယ် ငါတို့က ရှင်းဟိုင်ကို အမှုန့်ကြိတ်ပစ်ရမှာ။”


“သူတို့က အဆင့်မှီတာတောင်မကြာသေးဘူး။ ငါတို့က နိုင်ချင်ရုံတင်မဟုတ်ဘူး။ ကျိန်းသေပေါက် နိုင်ကိုနိုင်ရမယ်။”


“ဟုတ်တယ်။ သူတို့ကို ငါတို့ဂျက်‌ကော့က အမှုန့်ကြိတ်ပစ်တာကို မြင်ချင်တယ်။ ကြိုးစားထား။ ”


ဂျက်ကော့ဘက်မှ စိတ်ဓာတ်အလွန်ပြင်းပြနေကြသည်။ ရှင်းဟိုင်ဘက်တွင်မူ အခြေအနေသိပ်မ ​ေကာင်းသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြ၏။


ရစ်ချက် စတင်ကစားတော့မည့် ဟဲဟောင်မင်ကိုကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည် : 


“အရမ်းစိတ်မလှုပ်ရှားနဲ့ သေချာကစား။" 


သို့သော်သူ၏စကားလုံးများထဲတွင် မျှော်လင့်ချက်အပြည့်‌ပါဝင်နေသည်။


ဟဲဟောင်မင်၏ အင်အားမှာ အက်စ်ပလက်စ်ဖြစ်ပြီး ယွမ်ရှင်းရှဲ နောက်ဆုံးအကြိမ် သူ၏မက်ခါမှ အပြစ်အနာအဆာများကို ထောက်ပြပြီးနောက် သူ့မက်ခါအကာအကွယ်ကို ပြင်ဆင်ခြင်းများ လုပ်ထားခြင်းရှိမရှိကိုလည်း ယွမ်းရှင်ကျဲ မသိပါ။


ဟဲဟောင်မင် စောင့်ဆိုင်းသည့်နေရာမှထွက်ခွာသွားပြီးနောက် ဒိုင်လူကြီးအဖွဲ့က ယွမ်ရှင်းကျဲ ၊ ချီယုနှင့် ကာလက်ကို အုပ်စုနယ်မြေသို့သွား၍ပြင်ဆင်ရန်ပြောသည်။


“မသွားခင် သတိပေးစရာလေးရှိသေးတယ်” 


ရစ်ချက် မတ်တပ်ထရပ်၍ သူတို့သုံးယောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


“ဂျက်ကော့ကလူတွေက အုပ်စုလိုက်ဝိုင်းပြီးတော့ တစ်ယောက်တည်းကို ဝိုင်းလုပ်ရတာကိုကြိုက်တယ်။ အခု စည်းချက်လွတ်သွားတာနဲ့ မင်းတို့ ခုနက အိုးရွေ့လို သူတို့ထောင်ချောက်ထဲရောက်သွားတော့မှာ။ သူသာ ခယ့်လိုင်ကိုကယ်ဖို့မကြိုးစားခဲ့ရင် သူရှောင်လိုက်နိုင်တယ်။”


ယွမ်ရှင်းကျဲနှင့် ကာလက်က ခေါင်းညိတ်လိုက်ပြီး ချီယုကတော့ တစ်ခုခုကို အလေးအနက်စဉ်းစားနေသည့်ပုံစံပြနေသည်။ 


ယွမ်ရှင်းကျဲ မတ်တပ်ထရပ်လိုက်ပြီးနောက် လော့ဝမ်ချွမ်းလည်း လိုက်ထရပ်လိုက်သည်။


ယွမ်းရှင်ကျဲကို ကြည့်လိုက်ပြီး‌နောက် နူးညံသော်ငြားလည်း ပြတ်သားနေ‌သော လေသံဖြင့်ပြောလိုက်သည်။


“မင်း နိုင်မှာ။”


ယွမ်ရှင်းကျဲ ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်အထိ ပြုံးလိုက်သည်။ 


“ဟုတ်တယ်။ မင်းရောဘဲ။ ”


ဘေးကကြည့်နေသော ချီယုမှာ လက်သီးကို တင်းကြပ်စွာ ဆုပ်ထား၏။


ခါးသီးစွာ စဉ်းစားလိုက်သည်က ဒီနေ့ကစားပွဲတွင် ယွမ်ရှင်းကျဲကို သေချာပေါက် သူကာကွယ်နိုင်ရမည်ဖြစ်ပြီး သူသာလျှင် ယွမ်ရှင်းကျဲကို ဂရုအစိုက်ဆုံး အယ်လ်ဖာတစ်ယောက်ဖြစ်သည်ဆိုတာကို ယွမ်ရှင်းကျဲ သိစေရမည်။


ထိုအခိုက်အတန့်တွင် ရစ်ချက်ပြောသည်ကို ချီယု လုံးဝ မေ့သွားလေပြီ။


လက်ရှိတွင် ရှင်းဟိုင်တက္ကသိုလ်မှ ပထမဆုံးတစ်ကိုယ်တော်ပွဲစဉ်ကို အနိုင်ရရှိထားပြီး ဂျက်ကော့တက္ကသိုလ်ဘက်မှ ပထမဆုံးအုပ်စုလိုက်ပြိုင်ပွဲကို အနိုင်ရရှိထားကာ လောလောဆယ်ရလဒ်မှာ ၁:၂ ဖြစ်နေ၏။ 


ဟောင်မင် ကွင်းပေါ်သို့မသွားခင် ယွမ်ရှင်းကျဲကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများမှာ ရှုပ်‌ထွေးသောခံစားချက်အချို့ပါဝင်နေသည်။ 

ဟိုအရင်က စုကျီနန်အတွက်ကြောင့် ယွမ်ရှင်းကျဲကို တစ်သက်တာရန်သူကဲ့သို့သဘောထားကာ ကွင်းထဲတွင် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော်ယွမ်ရှင်းကျဲက သူနှင့် သူ့အဖွဲ့သားများဘက်မှ ရပ်တည်ကာ သူ့မက်ခါ၏ အပြစ်အနာအဆာများကို ပြောပြပေးခဲ့သည်။ 


ထိုကိစ္စမှာ ဟဲဟောင်မင်၏ စိတ်ထဲတွင် စူးနစ်နေသော ဆူးညှောင့်တစ်ခုပမာ ဖြစ်နေသည်။ 


ဟဲဟောင်မင်နှင့် ပြိုင်ရမည့်ကစားသမားမှာ လျောင်ကျားရန် ဖြစ်သည်။ သူ့စွမ်းအားမှာ အက်စ်အဆင့်ဖြစ်ပြီး အရိပ်မက်ခါအသုံးပြုသူဖြစ်သည်။ 


အပြန်အလှန် မိတ်ဆက်ကြပြီးနောက် အနည်းငယ်စိတ်လှုပ်ရှားနေသော ဟောင်မင်နှင့်ယှဉ်လျှင် လျောင်ကျားရန်မှာ အလွန်တည်ငြိမ်နေပြီး နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သည်အထိပြုံးပြကာ မေးလိုက်သည်။ 


 “ငါကြားတာ မင်း ကျောင်းတွင်းပြိုင်ပွဲမှာ အိုမီဂါတစ်ယောက်ကို ရှုံးသွားတယ်ဆို။" 


“ဟုတ်တယ်လေ။ အဲ့ဒီတော့ ဘာဖြစ်လဲ။”


 ဟဲဟောင်မင် လျောင်ကျားရန်ကို အထူးတလည်မရှိသော အသံဖြင့်တုန့်ပြန်လိုက်သည်။


 “မက်ခါပြိုင်ပွဲဆိုတာက အင်အားချင်းယှဉ်ရတဲ့ပြိုင်ပွဲပဲ။ အဲ့ဒါတွေနဲ့ ဘာဆိုင်လို့လဲ။” 


“ဒါပေမယ့် ငါကြားလိုက်တာ အဲ့ဒီ အိုမီဂါက အဲ့တုန်းက ဘီအဆင့်ပဲ ရှိသေးတာဆို။” 


လျောင်ကျားရန်၏ အသံမှာ ပျော့ပျောင်းသောလည်း ခနဲ့သံပါနေ၏။


 “ဟဲဟောင်မင် မင်းရဲ့ အက်စ်အဆင့်က အလကားပဲထင်တယ်...” 


ဟဲဟောင်မင် ဖြတ်ပြောလိုက်သည် 


 “အလကား ဟုတ်လားမဟုတ်လား ခဏနေရင် သိရတော့မှာပါ။” 


“မပူပါနဲ့ ဆယ့်ငါးမိနစ်လောက်ဆိုရပြီ” 


လျောင်ကျားရန်က ဂုဏ်ယူစွာပြုံးရင်းပြောလိုက်သည်။


 “သေချာပေါက် နောက်လာမယ့် အုပ်စုလိုက်ပွဲကလည်း ငါတို့နိုင်မှာလေ။ ဘယ်သူကများ အိုမီဂါတစ်ယောက်ကို ကျောင်းအသင်းထဲ ထည့်ထားရတာလဲ။” 


“ဘာလို့စကားတွေ များနေတာလဲ။” 


ဟဲဟောင်မင်က လှမ်းပြောလိုက်သည်။ 


“ကိုယ့်အတွက်ကိုယ်သာ စိတ်ပူစမ်းပါ။” 


ထို့နောက် နှစ်ဘက်လုံးမှ မက်ခါများ ဝင်လာကြသည်။ 


[ ဒုတိယမြောက် တစ်ကိုယ်တော်ပြိုင်ပွဲကို သုံးမိနစ်အတွင်း စတင်ပါတော့မယ်။ ] 


မကြာခင် ပြိုင်ပွဲစတင်လေပြီ။ 


ဟဲဟောင်မင်၏စွမ်းအားမှာ လျောင်ကျားရန်ထက်သာလွန်ကာ ပြိုင်ပွဲအစမှာပင် အသာစီးရနေ၏။ 


လျောင်ကျားယန် ဘယ်လိုပင်တိုက်တိုက် ဟဲဟောင်မင်က အလွယ်တကူပင် ကာလိုက်နိုင်သည်။ အက်စ်အဆင့် မုန်တိုင်းမက်ခါ၏ ပြီးပြည့်စုံသော ခုခံနိုင်စွမ်းကို ‌ထုတ်ပြနေသယောင်ပင်။

95.2


ဟဲဟောင်မင် လျောင်ကျားရန်၏ အဝေးပစ် လျှပ်စစ်သံလိုက်နှောင့်ယှက်မှုကို ကာနိုင်လိုက်သောအခါ ပြန်လည်တိုက်ခိုက်ရန် သူ၏ လျှပ်စစ်သံလိုက်ပုဆိန်ကို ထုတ်လိုက်ပြီး ရုတ်ချည်းအတွင်းမှာပင် ပြိုင်ပွဲမှာပြင်းထန်လာသည်။ 

လျောင်ကျားရန်မှာ အရှုံး‌မပေးလျှင် မဖြစ်သောအခြေအနေသို့ရောက်ရှိလာသည်။ 


ရှင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများ ဟောင်မင်နိုင်တော့မည်ဟု ထင်နေသောအချိန်မှာပင် အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြန်သည်။ 

ဟဲဟောင်မင် လျောင်ကျားရန်၏ အငွေ့ဗုံးမိသွားပြီး အရိပ်မက်ခါနှင့်အတူ မြူများကြားထဲသို့ ရောက်သွားကာ အသာစီးရနေသည့်အခြေအနေမှ အသာစီးခံလိုက်ရသည့်အခြေအနေသို့ရောက်သွားသည်။ 


အက်ရှလေ အသက်ရှုဖို့‌ပင်မေ့ကာ ရေရွတ်နေမိသည်။ 


: “ ဒီကလေး တုန့်ပြန်တဲ့စွမ်းရည်ကတော့ တိုးတက်လာသားပဲ။ ဒါပေမယ့် အဲ့ဒါက သူ့အားနည်းချက်ဖြစ်နေတုန်းပဲ။ “ 


အချိန်တစ်ခုကြာသည့်တိုင် မည်သူက အနိုင်ရမည်မှန်းသေချာမပြောနိုင်ကြပေ။ 


ယွမ်ရှင်းကျဲ စီစဉ်ပေးထားသော လေယာဉ်ကိုစီးကာ အုပ်စုလိုက်ပြိုင်ပွဲရှိရာနေရာသို့ အသင်းဝင်များနှင့်အတူရောက်လာခဲ့သည်။ 


ကွင်းအစနေရာတွင် တစ်ကိုယ်တော်ပြိုင်ပွဲကို ပြပေးထားသော ဖန်သားပြင်တစ်ခုရှိနေသည်။ 

ထိုအချိန်တွင် အရိပ်မက်ခါတစ်ခုနှင့် မုန်တိုင်းမက်ခါတစ်ခု တိုက်ခိုက်နေကြပြီး မည်သူကအနိုင်ရနေသည်ကို ပြောရန်ခက်ခဲလှသည်။ 

ယွမ်ရှင်းကျဲ ဟဲဟောင်မင် သူ့မက်ခါကိုပြင်ဆင်ထားကြောင်းသတိပြုမိသည်။ အနည်းဆုံးတော့ သူ့ဒိုင်းကာ၏လှုပ်ရှားမှုမှာ အရင်ကထက်ပို၍ချောမွေ့နေသည်။ 


သို့‌သော် မုန်တိုင်းမက်ခါမှာ အရိပ်မက်ခါနှင့်ယှဉ်လျှင် အားနည်းနေသေးပြီး ဟဲဟောင်မင်၏တုန့်ပြန်ချက်မှာ မြန်သင့်သလောက်မမြန်ပေ။ လျောင်ကျားယန်မှာလည်း ထိုအချက်ကို ရိပ်မိကာ သူ့ကိုဆက်တိုက်နှောင့်ယှက်နေသည်။ 


သူတို့နှစ်ဦးအချိန်အတော်ကြာ တိုက်ခိုက်ကြ၏။ 

နောက်ဆုံး မိနစ်နှစ်ဆယ်အကြာတွင် လျောင်ကျားရန်က ဟဲဟောင်မင်၏ မက်ခါလက်မောင်းကို ရစ်ပတ်ရန် ချိန်းကြိုးတစ်ခုပစ်ထုတ်လိုက်ကာ အခွင့်အ‌ရေးကို အမိအရယူလိုက်သည်။


 ထို့နောက် လျှပ်စစ်သံလိုက်ထောင်ချောက်ကို အသုံးပြုကာ ‌ဟဲဟောင်မင်၏ လျှပ်စစ်သံလိုက် ပုဆိန်၏စွမ်းအားကို လျှော့ချလိုက်သည်။ 

မျက်စိဖြင့်မမြင်နိုင်သော မြေမြှုပ်မိုင်းများနှင့်အတူ ‌ဟဲဟောင်မင်၏မက်ခါမှာ လှုပ်ရှား၍မရလုနီးပါးဖြစ်သွားသည်။ 


NCLM ဘက်မှ သတ်မှတ်ထားသည်မှာ မက်ခါသည် ဆယ်စက္ကန့်ထက်ပို၍တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားလျှင် မြေပြင်ပေါ်သို့မကျခဲ့လျှင်တောင် ရှုံးသည်ဟု သတ်မှတ်ထား၏။ 


ရေတွက်မှု ပြီးသွားလေပြီ။ ဂျက်ကော့ ပထမစစ်တက္ကသိုလ်မှ နောက်ထပ်တစ်မှတ် ရရှိသွား၏။ 

ဟဲဟောင်မင် အရိပ်မက်ခါမှလွတ်မြောက်ရန် အံကြိတ်ကာရုန်းကန်ခဲ့သော်လည်း ရေတွက်မှုမပြီးခင် လွတ်မြောက်ရန် မအောင်မြင်ခဲ့ပါ။ 

မတတ်နိုင်ဘဲ နောင်တများနှင့် နှလုံးသားကို ဖုံးကွယ်ထားလိုက်ရသည်။ 


ကစားပွဲပြီးသည့်နောက် ချွေးသံတလုံးလုံးဖြင့် လျောင်ကျားရန် မက်ခါထဲမှ ထွက်လာသည်။ ဒီလောက်အကြာကြီးတိုက်ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဟဲဟောင်မင်၏ မက်ခါမှာ ပြုပြင်ပြောင်းလဲထားသည်ကို သူမသိသော်လည်း အရင်ကထက် သိသိသာသာပင်သန်မာနေသည်ကိုတော့ သတိထားမိနေသည်။ 


“မင်း မဆိုးပါဘူး။ သန်မာသားပဲ။


 “ လျောင်ကျားရန် ဟဲဟောင်မင်ကိုကြည့်ကာ သူ၏အမြင်များကို အနည်းငယ်ပြောင်းလဲလိုက်သည်။ 


“ အလကားတော့မဟုတ်ပါဘူး။ ဒါပေမယ့် ငါကတော့ မင်းထက်သန်မာနေတော့ တောင်းပန်ပါတယ်ကွာ။” 


ဟဲဟောင်မင် နှုတ်ခမ်းများကို တင်းကြပ်စွာစေ့ထား၏။ 


လျောင်ကျားရန် ချွေးများသုတ်ကာ ဆက်ပြောလိုက်သည်။ 


" ဒါပေမယ့်အခု မင်းအဖွဲ့ကလူတွေ တော်တော်လေး ဖိအားများနေတော့မှာပဲ...” 


သူတို့နိုင်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် နှုတ်ခမ်းထောင့်စွန်းများမြင့်တက်သည်အထိ ပြုံးလိုက်သည်။ 


ကွင်းထဲမှ ရလဒ်မှာ ဂျက်ကော့၏ရလဒ်ကို ထည့်ပေါင်းပြီး ၁:၃ ဖြစ်သွားသည်။ 


ယခုအခြေအနေအရပြောရလျှင် ဂျက်ကော့ပထမစစ်တက္ကသိုလ်ဘက်မှ တစ်ပွဲထပ်နိုင်လျှင် ပထမအုပ်စုပွဲစဉ်ကို အနိုင်ရမည်ဖြစ်သည်။ 

ပရိသတ်ထဲမှ ဂျက်ကော့ပထမစစ်တက္ကသိုလ်မှ ပရိသတ်များက အလံများဝှေ့ကာ အောင်ပွဲခံကြသည်။ 


“ဂျက်ကော့ နိုင်မှာ။” 


“‌နှစ်ပွဲပဲလိုတော့တယ်။” 


“ငါတို့ပန်းတိုင်က ရှင်းဟိုင်ကို အမှုန့်ကြိတ်ဖို့ပဲ။” 


“ဂျက်ကော့ရဲ့တန်ဖိုးကို မလျှော့ပစ်နဲ့။ ငါတို့ပန်းတိုင်က ရှင်းဟိုင်ကိုနိုင်ဖို့မဟုတ်ဘူး။ ချန်ပီယံဖြစ်ဖို့ပဲ။ 


“ဂျက်ကော့က ထာဝရ ဘုရားသခင်ဘဲ။” 


ရှင်းဟိုင်ကို အားပေးကြသောကျောင်းသားများမှာ အလျှော့မပေးဘဲ ရှင်းဟိုင်ကို အားပေးခဲ့ကြသော်လည်း ယခုပွဲမှာ ဂျက်ကော့အတွက် နိုင်မှတ်ဖြစ်နေ‌သောကြောင့် အသံများတိတ်သွားကြသည်။ 


xxxxxxx