Chapter 96
ဟဲဟောင်မင် ကွင်းမှထွက်လာပြီးနောက် မျက်လွှာချလျက် စောင့်ဆိုင်းနေရာသို့ရောက်လာသည်။ ထို့နောက် သူ့အသင်းသားများကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
: “တောင်းပန်ပါတယ်...”
“ခုနက ငါပြောသလိုပါပဲ မင်းတုန့်ပြန်နိုင်အောင်ထပ်ပြီးလေ့ကျင့်ဖို့လိုဦးမယ်။ အရိပ်မက်ခါတွေက မင်းရဲ့ အားနည်းချက်ပဲ။”
ရစ်ချက်သက်ပြင်းချကာ ထပ်ပြောလိုက်သည်။
“အက်ရှလေ့ကိုရှုံးထားတာတောင် အမှတ်မရှိသေးတာလား။”
သူ့လေသံထဲတွင် ဒေါသသံပါနေ၏။
အခြေအနေမှာ ရုတ်တရက် တင်းမာသွားသည်။
ဟဲဟောင်မင် ၏မျက်လုံးထဲတွင် အပြစ်ရှိသောခံစားချက်များနှင့်အတူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။
အော်ရီရယ် မှ မတတ်သာတော့ဘဲ ဝင်ပြောလိုက်၏
“ နည်းပြ ကျွန်တော်တို့နိုင်ဖို့အခွင့်အရေးရှိပါသေးတယ်...”
ရစ်ချက် ဟဲဟောင်မင်းကို ဘာမှဆက်မပြောတော့ချေ။
ထိုအချိန်တွင် ဒုတိယပြိုင်ပွဲစတင်ရန် နီးလာလေပြီ။
ရစ်ချက် ဖန်သားပြင်ကိုမော့ကြည့်တာ အလိုလျောက်ပြင် မျက်မှောင်ကြုတ်ထားမိသည်။
ကာလက်နှင့် ချီယု အလွန်ကောင်းအောင် ကစားနိုင်ပြီး ရှီးပေါ်လိုင်ဘက်မှ အမှားများလုပ်မိမှသာ ယခုပွဲတွင် နိုင်နိုင်ချေရှိမည်ဖြစ်၏။
“ယွမ်ရှင်းကျဲ သူတို့ကို အလျော့မပေးရင်ကောင်းမယ်။”
ရစ်ချက် ရေတစ်ငုံသောက်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။
“အိုမီဂါတစ်ယောက်ကို ကျောင်းအသင်းထဲ ထည့်ထားတာနဲ့ ပတ်သက်ပြီး ရှင်းဟိုင်ကလူတွေ နောင်တရသင့်နေပြီ။”
ဂျက်ကော့အသင်းနည်းပြက လှောင်ပြုံးလေးပြုံးကာ ပြောလိုက်သည်။
“ ဒီနေ့ငါတို့က လုံးဝအပြတ်အသတ်နဲ့ကို နိုင်မှာ။”
ချန်ကျွင်းလည်း မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။
“ မပူပါနဲ့။ ရှီးပေါ်လိုင် ငေါင်မနေဘဲ ကွင်းမှာသာ စိတ်အနှောင့်အယှက်ဖြစ်စရာမရှိရင် ဟိုဘက်က သုံးယောက်လုံးက သူတစ်ယောက်တည်းနဲ့ပြိုင်ရင်တောင် သူတို့မနိုင်ပါဘူး။”
အဲ့ဒီကလေးက ပုံမှန်ဆို အရမ်းတုံးပေမယ့် ပြိုင်ပွဲနဲ့ပတ်သက်လာရင်တော့ ဘယ်သူ့ကိုမှ မရှုံးစေရဘူး။”
နည်းပြ ကာ့တ်က ပြောလိုက်၏။
“သူ့ကို အပြင်လူတွေကတော့ ထင်ရာစိုင်းနေတဲ့ နွားပေါက်လေးလို့ထင်ကြမှာဆိုပေမယ့် အားလုံးသိတဲ့အတိုင်း သူကအသင်းလိုက်ရော တစ်ကိုယ်တော်ရောမှာ အရမ်းကောင်းကောင်းဆော့နိုင်တဲ့ ပြိုင်စံရှားတစ်ယောက်လေ။”
ပြိုင်ပွဲကိုကြည့်နေသော ချီယုနှင့် ကာလက်မှာ ယခုပွဲသည် ဂျက်ကော့အတွက် အနိုင်မှတ်ဖြစ်သည်ကို သိရှိသွားပြီးနောက် မျက်နှာအမူအရာများမှာ တင်းမာသွားကြသည်။
ယွမ်ရှင်းကျဲကတော့ ဂရုစိုက်ပုံမပေါ်။ သူ့အတွေးထဲတွင် ယခုပွဲသည် သူ့အတွက် ပထမဆုံးအုပ်စုလိုက်ပြိုင်ပွဲဖြစ်၏။ သူနိ့င်သည်ဖြစ်စေ ရှူံးသည်ဖြစ်စေ အလွန်အဖိုးတန်သော အခွင့်အရေးတစ်ခုသာဖြစ်သည်။
အတိတ်ဘဝက သူ မက်ခါပင်အသုံးမပြုနိုင်ခဲ့သောကြောင့် အသင်းဝင်များနှင့်အတူ မက်ခါအသုံးပြုရသော ခံစားချက်ကိုသာ ခံစားဖူးချင်နေမိသည်။
ယခု အသင်းသားများကို သိပ်ဘဝင်မကျသော်ငြားလည်း သူ့ပုံစံမှာ အလေးအနက်ဖြစ်နေ၏။
တစ်ကိုယ်တော်ပြိုင်ပွဲပြီးပြီးချင်းပင် သူတို့သုံးယောက်ကို ပြိုင်ပွဲလမ်းကြောင်းရှေ့သို့လာရန် စုခိုင်းလိုက်၏။
ငါးကီလိုမီတာ လမ်းကြောင်းမှာ သိပ်မရှည်သော်လည်း အတားအဆီးများအလွန်များ၏။
မြူများ ၊ စက်လုပ်သားရဲများ ၊ ကြယ်သားရဲများ ၊ ထောင်ချောက်များ ၊ လျှပ်စစ်သံလိုက် အနှောင့်အယှက်များ ...
ကြယ်ပြိုင်ပွဲများတွင် မြင်ခဲ့ဖူးသမျှ လက်နက်များအားလုံးကိုပင် ယခုနေရာတွင် မြင်နေရသည်ဟုပြောနိုင်သည်။
ရှင်းဟိုင်တက္ကသိုလ်၏ မက်ခါလူရွေးပွဲပြိုင်ပွဲတွင် ပြိုင်ခဲ့စဉ်က ယွမ်ရှင်းကျဲနှင့် သူ့အသင်းသားများမှာ စုပေါင်းကစားမှုကိုမှီခိုကာ အနိုင်ရယူခဲ့သည်။ ထိုအချိန်က ယခုလောက်မလုပ်နိုင်သေး၍ ဖြစ်နိုင်ချေရှိသော နည်းလမ်းများကိုသာ အသုံးပြု၍ အနိုင်ယူခဲ့ရသည်။
သို့သော် ကစားပွဲစတင်သင့် အသံကိုကြားသည်နှင့် တစ်ပြိုင်နက် “ယွမ်ရှင်းကျဲ၏အကြည့်များမှာ ရုတ်ချည်းပင် စူးရှသွားပြီး မရပ်တန့်နိုင်သော အရှိန်ဖြင့် တာထွက်ခဲ့၏။
“ အလင်းကို အရယူဖို့ဆိုရင် တစ်စက္ကန့်လေးတောင် နောက်ကျလို့မဖြစ်ဘူး။”
ကြိုးမဲ့ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ယွမ်ရှင်းကျဲ၏ အသံမှာ ကာလက်နှင့် ချီယုတို့ဆီသို့ရောက်လာခဲ့၏။
သူ့အသံမှာ အေးစက်၍ ချွင်းချက်မရှိဖြစ်နေသောကြောင့် နှစ်ယောက်သား ခဏလောက်မှင်သက်သွားမိသည်။
ပြီးမှ နှစ်ယောက်လုံး တစ်ချိန်တည်း တုန့်ပြန်လိုက်၏။ : “သိပါပြီ။” ထို့နောက် သူတို့လည်း ယွမ်ရှင်းကျဲနှင့်အတူ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။
ယွမ်ရှင်းကျဲ၏ မက်ခါသားရဲမှာ လမ်းကြောင်းတစ်လျှောက်ရှိ ထောင်ချောက်များကို ကြိုတင်ထောက်လှမ်းကာ ကင်းထောက်မက်ခါအနေဖြင့်ကောင်းစွာ လုပ်ဆောင်နိုင်၏။
သာမန်လူများ၏ ကင်းထောက်မက်ခါမှာ ထောက်လှမ်းပြီးလျှင်နောက်ဆုတ်သွားကြမည်ဖြစ်သော်လည်း ယွမ်ရှင်းကျဲ၏ မက်ခါမှာ စမ်းသပ်ရုံတင်မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်ခြင်းပါ လုပ်နိုင်၏။
“ရှင်းကျဲ သတိထား။ ရှေ့မှာ ကြယ်သားရဲ အုပ်စုလိုက်ကြီးရှိတယ်။”
ချီယုက ပူပန်စွာပြောလိုက်၏။
“မင်းရဲ့ ကင်းထောင်မက်ခါကို အမြန်ပြန်ခေါ်လိုက်။”
ယွမ်ရှင်းကျဲ ဘာမှပြန်မပြောချေ။
96.2
ခဏအကြာတွင်
“ အုံး ” ဆိုသောအသံနှင့်အတူ မက်ခါသားရဲကြီး ထွက်ပေါ်လာ၏။ အမြှောက်ကိုထုတ်ကာ သေးငယ်သော ကြယ်သားရဲအချို့ကိုသတ်ပစ်လိုက်ကာ အသင်းသားများ၏လမ်းကို ဖွင့်ပေးလိုက်သည်။
ချီယုနှင့် ကာလက် : “...”
သူတို့ကြားမှ လေထုမှာ တိတ်ဆိတ်မှုဖြင့် ဖုံးလွှမ်းသွား၏။
ကာလက် သူ့ထက်ရဲရင့်သော ကြောင်ရုပ်ဆိုးကြီးကိုကြည့်လိုက်သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက် မနေနိုင်တော့ဘဲ မေးလိုက်မိသာည်။ :
“ အမြှောက်ကြီးကတော့... မများဘူးလား။ အေအဆင့် ကြယ်တံခွန်မက်ခါနဲ့တောင် ယှဉ်လို့ရနေပြီထင်တယ်။”
မမြင်ရတာကြာပြီဖြစ်သော ယွမ်ရှင်းကျဲ၏ ကြောင်ရုပ်ဆိုးကြီးက သူ့ကို နောက်တစ်ကြိမ် အံ့အားသင့်စေခဲ့ပြန်သည်။
“ အရမ်းတော့ မကောင်းပါဘူး။ “
ယွမ်ကျင်းကျဲ မထူးခြားသော လေသံဖြင့်ဖြေလိုက်၏။
“ မင်းနဲ့တစ်ယောက်ချင်းပြိုင်ဆိုမယ် နိုင်နိုင်ချေက သိပ်မမြင့်လောက်ဘူး။ “
ကာလက် : “...”
သူပြောနေသည်မှာ လူသားစကားများပင် ဟုတ်ပါရဲ့လား။
ထိုအခါမှ ကာလက်သိလိုက်ရသည်က ယွမ်ရှင်းကျဲစိတ်ထဲတွင် သူ့အင်အားမှာ အလွန်နည်းနေသေးသည့်အတွက် ကြောင်ရုပ်ဆိုးနှင့်သာပြိုင်နိုင်သေးသည်ဟု သတ်မှတ်ထားပုံရသည်။
ထိုအချိန်တွင် ရှင်းဟိုင်တက္ကသိုလ်အသင်းတွင် အလွန်ရှားသော အေအဆင့် အိုမီဂါတစ်ယောက်ရှိနေသည်ကို ထုတ်လွှင့်ချက်ကို ကြည့်ရှုနေကြသောသူများသိလိုက်ကြသည်။
သို့သော် သူရဲကောင်းသားရဲသတ်သမားကြီးပေါ်လာသောအခါ ပရိတ်များ အော်ဟစ်ကြ၏။
မည်သို့သော ကင်းထောက်မက်ခါ ဖြစ်ပါသနည်း။ တစ်ကိုယ်တည်းပင် ကြယ်သားရဲအုပ်စုကြီးကို ရှင်းပစ်နိုင်လေသည်။
“ ဘာတွေဖြစ်နေကြတာလဲ။ ရှင်းဟိုင်တက္ကသိုလ်က... ပိုပြီးတော့ မြန်နေသလိုပဲနော်။”
“မဖြစ်နိုင်တာ။ ရှီးပေါ်လိုင်က မက်ခါဆရာကြီးပဲကို... သူအားကုန်ထုတ်မသုံးရသေးလို့နေမှာပါ။”
“ဟုတ်တယ်။ ဂျက်ကော့က ရှင်းဟိုင်ထက်သာတာ အသေအချာဘဲ။ ကွင်းလယ်ကို အရင်ရောက်မှာသေချာတယ်။”
လမ်းကြောင်း၏ အခြားတစ်ဘက်၌ ရှီးပေါ်လိုင်က သူ့အသင်းသားများဖြစ်ကြသော အန်နာနှင့်ဒိန်းကို ဦးဆောင်ကာ အလျင်အမြန်သွားလျက်ရှိသည်။
အန်နာမှာ အဆင့် အက်စ် အယ်လ်ဖာမိန်းကလေးဖြစ်ကာ ဒိန်းမှာ အေပလက်စ်အဆင့် ဘီတာယောက်ျားလေးဖြစ်၏။
သူ့တို့အဆင့်များကို အကြမ်းဖျင်းယှဉ်ကြည့်လျှင် ဂျက်ကော့ပထမစစ်တက္ကသိုလ်မှ ကြီးမားသောအားသာချက်ရှိနေသည်ဖြစ်၏။ ရှင်းဟိုင်တက္ကသိုလ်ဘက်တွင်မူ အက်စ်အဆင့်အသင်းသားပင် မရှိသည့်အပြင် အိုမီဂါပင် ပါနေသေးကြောင့်ပင်ဖြစ်သည်။
ရှီးပေါ်လိုင်၏ အသင်းသားများမှာ ပြိုင်ပွဲနယ်မြေနားသို့ရောက်လာကြ၏။ အလိုလျောက်ပင် နှုတ်ခမ်းထောင့်စွန်းများမြင့်တက်လာသည်အထိ ပြုံးလိုက်မိကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“နောက်ထပ် ဆယ့်နှစ်မိနစ်လောက်ပဲ လိုတော့တယ်...”
နောက်ဆုံးပြိုင်ခဲ့သောအသင်းမှာ ရှင်းဟိုင်မှသန်မာသော ကျောင်းသားတစ်ဦးဖြစ်သူ ခယ့်လိုင်ဦးဆောင်သည်ဖြစ်သော်ငြား ရောက်ရှိရန် ဆယ့်ငါးမိနစ်ခန့် လိုအပ်ခဲ့သည်။
ထို့ကြောင့် ရှီးပေါ်လိုင်လည်း ယွမ်ရှင်းကျဲတို့အုပ်စုမှာ ဆယ့်ငါးမိနစ်ထက် သို့မဟုတ် မိနစ်နှစ်ဆယ်ထက်ပင်ပို၍ကြာလိမ့်မည်ဟု တွက်ခဲ့မိသည်။
သို့သော် သူ့စကားများမှာ ပြော၍မဆုံးခင် လည်ချောင်းတွင် တစ်သွားခဲ့ပြီး မျက်လုံးများပင် ပြူးသွားခဲ့၏။
ရှီးပေါ်လိုင်၏အသင်းမှာ မီတာတစ်ရာခန့်လိုနေသေးသည့်အချိန်တွင် ကွင်းလယ်၌ ပြိုင်ပွဲမီးသုံးခုမှာ လင်းနေပြီဖြစ်သည်။
ကြယ်တို့၏အလင်းရောင် တလက်လက်တောက်ပနေသော အပြာရောင်အလင်းတန်းများမှာ ကောင်းကင်ယံသို့ ထိုးထွက်နေ၏။
အလင်းရောင်များကြားမှ ရှင်းဟိုင်တက္ကသိုလ်၏ ဂုဏ်သရေကို ကိုယ်စားပြုနေသယောင်ပင်။
ပွဲရုံထဲတွင် ဖန်သားပြင်အနီး၌ အစိမ်းရင့်ရောင်ဆံပင်ကိုပိုင်ဆိုင်ထားသော အယ်လ်ဖာအမျိုးသားတစ်ယောက် ထိုင်ပြီးကြည့်နေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က အာကာသယာဉ်နားတွင် ယွမ်ရှင်းကျဲနှင့် တွေ့ခဲ့ဖူးသော လုပ်အားပေးဖြစ်နေပြီး သူ့နာမည်မှာ မင်ရှောင်ဖြစ်၏။ နိုအာတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်ဖြစ်သည်။
ထိုနေ့က ယွမ်ရှင်းကျဲကို ပြိုင်ပွဲသို့လာကြည့်မည်ဟု မင်ရှောင်ပြောခဲ့သော်လည်း ယွမ်ရှင်းကျဲက ဝတ်ကျေတန်းကျေပြောသည်ဟုသာ မှတ်ယူထားခဲ့သည်။
အခြားသူများနှင့် မတူဘဲ ယွမ်ရှင်းကျဲ၏ တင်ဆက်မှုနှင့်ပတ်သက်၍ မင်ရှောင်က အထူးတလည် အံ့ဩသည့်ပုံစံ မပြခဲ့ပေ။
အားလုံးက မက်ခါသားရဲမှာ အဘယ့်ကြောင့်အလွန်ပျော့ပြောင်းနေရကြောင်းကို ဆွေးနွေးနေကြချိန်တွင် မင်ရှောင် ကိုယ့်ဘာသာစဉ်းစားရင်း ရေရွတ်လိုက်၏။ :
“ယွမ်ရှင်းကျဲက ငါထင်ထားတာထက် သန်မာတာပဲ...”
အလင်းရောင်များ လင်းလက်လာသောအခါ ကွင်းထဲမှ အော်ဟစ်အားပေးသံများ ကျယ်လောင်စွာထွက်ပေါ်လာ၏။
ကစားပွဲသို့လာရောက်ကြည့်ရှုသော ပရိသတ်ထဲတွင် ရှင်းဟိုင်တက္ကသိုလ်ကျောင်းသား သိပ်မရှိသော်ငြားလည်း ယခုမြင်ကွင်းကိုမြင်ရပြီးနောက် သွေးဆူလာကြသည်။
အပြာရောင်အလင်းတန်းသုံးခုနှင့် လိုက်ဖက်ညီနေသော အပြောရောင်ကျောင်းတံဆိပ်ပါသည့် ကျောင်းအလံကို ဝှေ့ယမ်းနေကြသည်။
အသင်းသားသုံးယောက်အတွက် ရှင်းဟိုင်တက္ကသိုလ်မှကျောင်းသားများ လက်ခုပ်ဩဘာမပေးဘဲ မနေနိုင်ကြတော့။
“ရှင်းကျဲက တကယ်သန်မာတာပဲ။ ရှီးပေါ်လိုင်ထက်တောင် ကွင်းလယ်ကို အရင်ရောက်သွားတယ်။”
အော်ရီရယ်က ဖန်သားပြင်ကို ကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ ငါတို့ ဒီပွဲကို သေချာပေါက်နိုင်မှာ။ “
ယခုတစ်ခေါက်တွင်တော့ ရစ်ချက် ဘာမှဝင်မပြောတော့ပေ။
xxxxxxx