အပိုင်း ၉၇
Viewers 17k

Chapter 97


ယွမ်ရှင်းကျဲ၏ ကွင်းလယ်မှတင်ဆက်မှုမှာ သူမျှော်လင့်ထားသည်ထက် အများကြီးသာလွန်နေသည်။ 


သုံးယောက်ပူးပေါင်းဆောင်ရွက်မှုကောင်းသောကြောင့် မဟုတ်ဘဲ ယွမ်ရှင်းကျဲ တစ်ဦးတည်းက ၈၀%လောက်အရင်ဦးအောင် မိုင်ကုန်တင်ကာ မောင်းနိုင်ခဲ့သောကြောင့်ဖြစ်၏။ 


စိတ်သက်သာရာရသွားသည့်အတွက် လော့ဝမ်းချွမ် အနည်းငယ်ပြုံးလိုက်မိသည်။ 


ဂျက်ကော့ပထမစစ်တက္ကသိုလ်မှ ကျောင်းသားများကတော့ မျက်နှာသိပ်မကောင်းကြ။ ရှီးပေါ်လိုင်ကို သူတို့၏ မက်ခါဆရာတစ်ဆူအဖြစ် သတ်မှတ်ထားကြပြီး ရှင်းဟိုင်ကို ရှုံးရန်မဖြစ်နိုင်ဟု ကြိုတွက်ထားကြ‌သောကြောင့်ဖြစ်မည်။ သတ်မှတ်ထားသည့်အချိန်ထက်စော၍ ကွင်းလယ်သို့ရောက်လာလိမ့်မည်ဟု မထင်တားကြ။ 

ဂျက်ကော့တက္ကသိုလ်မှကျောင်းသားများ စိတ်ထဲဘဝင်မကျဖြစ်နေမည်မှာ သဘာဝကျလေ၏။ 


“ရှီးပေါ်လိုင်က ဘာဖြစ်တာလဲ။ တမင်အကြောပေးနေတာလား။” 


ချန်ကျွင်းမျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးစွာပြောလိုက်၏။ 


“ပုံမှန်ဆို ဒီကောင်က အရမ်းအနိုင်ယူချင်စိတ် ရှိတာပါ... “ 


အခြားသော အသင်းသားများမှာ ရှီးပေါ်လိုင်က ရှင်းဟိုင်တက္ကသိုလ်ကို မျက်လုံးထဲမထည့်ခဲ့သောကြောင့် သူတို့ဘက်မှအခွင့်သာသွားသည်ဟု ထင်နေကြ၏။ 


“ဘာပဲဖြစ်ဖြစ်။ဆယ့်နှစ်မိနစ်ပဲရှိသေးတာပဲ။”


 နည်းပြက ဖြည်းညှင်းစွာပြောလိုက်၏။ 


“ရှင်းဟိုင်က ငါတို့ထင်ထားတာထက် ပိုပြီးတော့အားကောင်းနေတာပဲ။ ဒါပေမယ့် PK မှာတော့ ငါတို့ဘက်က သာပါတယ်။” 


ဂျက်ကော့အသင်းဝင်များမှာ ယခုပြိုင်ပွဲကို အနိုင်ရမည်ဟု တစ်ထစ်ချယုံကြည်နေကြသည်။ 

ရှီးပေါ်လိုင်မှာလည်း အကြောပေးရန် ဒီနေ့အဖို့အစီအစဉ်မရှိချေ။ ဒီနေ့သည် သူ့အတွက် NCLM တွင်ပထမဆုံး ပြိုင်ဖူးသောနေ့ဖြစ်ကာ ယခုပြိုင်ပွဲကို ထူးထူးချွန်ချွန်အောင်မြင်ရမည်ဟု ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ 


ထို့ကြောင့် အလင်းရောင်သုံးခု ဖြာထွက်နေရာဆီသို့ အရှိန်မြှင့်တင်ကာ မောင်းသွားလိုက်သည်။ ကျန်အသင်းဝင်နှစ်ယောက်မှာ အနည်းငယ်အံ့ဩသွားပြီး အလျင်အမြန်နောက်ကလိုက်သွားကြသည်။ 


နောက်ထပ် မိနစ်ဝက်ခန့်အကြာတွင် ဂျက်ကော့အသင်း ကွင်းလယ်သို့ရောက်ရှိလာပြီး အဝါရောင်အလင်းတန်ူများလည်း ဖြာထွက်လာကြ၏။ 

ပရိသတ်ဆီမှ ဩဘာပေးသံများလည်း ထွက်ပေါ်လာသည်။ 


ကျယ်ဝန်းသော ပွဲရုံအတွင်းမှ ပဲ့တင်သံများနှင့်အတူ အသံတစ်ခုထွက်ပေါ်လာ၏။ :


 [ နှစ်သင်းလုံး ကွင်းလယ်သို့ရောက်ရှိလာပါပြီ။ ]

 

ထိုအသံပြီးဆုံးသွားလျှင် နှစ်ဖက်အသင်း စတင်တိုက်ခိုက်ရမည်ဖြစ်၏။ 


သူတို့မီးများလင်းသွားပြီးနောက် ရှီးပေါ်လိုင်နှင့်ဘအသင်းသားများ ပြိုင်ဘက်၏အ‌ခြေအနေကို စတင်လေ့လာကြ၏။ 

အင်ဂျင်သံများမှာ ပြိုင်ပွဲမစခင် သားရဲတစ်ကောင်၏ ကြုံးဝါးသံနှင့်ပင် ဆင်တူနေ၏။ 


“ကာလက် ခဏလောက် ကျင်းရှဲကို ကာကွယ်ဖို့အာရုံစိုက်ပေးပါ။” 


ချီယု လေးလေးနက်နက်ပြောလိုက်သည်။


 “သူ့ကို ဝိုင်းလာကြလိမ့်မယ် ထင်တယ်။ “ 


ကာလက် အေးတိအေးစက်ပင်ပြန်ပြောလိုက်၏။


 “ငါ့ကို ဘာလုပ်ရမယ်ဆိုတာ မပြောပါနဲ့။” 


ကာလက်၏ ဆန့်ကျင်မှုကိုမြင်လိုက်ရသော ချီယု တိတ်တခိုးလေးပျော်ရွှင်သွား၏။ ယခုအတိုင်းဆိုလျှင် ယွမ်ရှင်းကျဲကိုကာကွယ်ရမည့်သူမှာ သူသာလျှင်ဖြစ်လာတော့မည် မဟုတ်ပါလား။ 

ရုတ်တရက် ဂျက်ကော့ဘက်မှ အမြှောက်အသေးစားလေးများကို ယွမ်ရှင်းကျဲနှင့်အသင်းသားများထံ ပစ်လွှတ်လိုက်၏။ ပြိုင်ပွဲ တရားဝင်စတင်လေပြီ။ 


ယွမ်ရှင်းကျဲ၏ မက်ခါသားရဲမှာ ပစ်လွှတ်လိုက်သော အမြှောက်ကိုရှောင်ရင်း ပြိုင်ဘက်ဆီသို့ အမြှောက်တစ်ခု တန်ပြန်ပစ်လွှတ်လိုက်သည်။ 

မကြာခင် ဂျက်ကော့အသင်းမှ မုန်တိုင်းမက်ခါက်ုမောင်းနှင်သော ဒိန်းက ကွင်းလယ်သို့သွားကာ ဒိုင်းကာကိုဖွင့်၍ ယွမ်ရှင်းကျဲ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်သည်။ 


ရှင်းဟိုင်ဘက်မှ ဖွဲ့စည်းထားသော ပုံစံ ပျက်ပြယ်သွား၏။ 


ကာလက် ဒိန်း၏ဟာကွက်ကိုရှာရန်အခွင်အရေးစောင့်နေပြီး မုန်တိုင်းမက်ခါဘေးမှဖြတ်ကာ ဂျက်ကော့အသင်းမှ အန်နာကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ 


အန်နာမှာ ကြယ်တံခွန်မက်ခါ အသုံးပြုသူဖြစ်၏။ ဒိန်းနောက်တွင်ကွယ်၍ ယွမ်ရှင်းကျဲ၏ မက်ခါသားရဲကို တိုက်ရိုက်ပစ်ရန်ချိန်နေသောအချိန်တွင် သူ့လက်မောင်းမှာ ဓားချိန်းကြိုးဖြင့်တွယ်ငြိသွား၏။ 


အလွန်ပြင်းထန်သော အားတစ်ခုဖြင့် အန်နာ၏မက်ခါကို ဖျက်ဆီးရန်ကြိုးစားနေစဉ်‌တွင် ကံကောင်းစွာဖြင့် ရှီးပေါ်လိုင်၏ အရိပ်မက်ခါက သူမကို ကယ်တင်လိုက်နိုင်လေသည်။ 


ကာလက် အန္တရာယ်အလွန်များသော ရန်သူ့နယ်မြေထဲသို့တော်တော်လေး ရောက်သွားပြီး ပြိုင်ဘက်သုံးယောက်ဝိုင်းခံရမည့် အနေအထားသို့ရောက်နေ၏။ 

ဂျက်ကော့ကလည်း ထိုသို့လုပ်ရန်ကြံစည်နေကြသည်။ 


သို့‌သော် ရှီးပေါ်လိုင် ဘာမှမလုပ်လိုက်နိုင်ခင်မှာတင် ယွမ်ရှင်းကျဲ၏ မက်ခါသားရဲကြီးက လေထဲမှပျံဝဲလာကာ ပြိုင်ဘက်သုံးယောက်ဆီသို့ အငွေ့ဗုံးများ ပစ်လွှတ်လိုက်၏။ 


ကာလက် အလျင်အမြန်ပင် ထိုနေရာမှ ထွက်လာခဲ့သည်။ 

ပူးပေါင်းဆောင်ရွက်မှုက အလွန်အားကောင်းနေသောကြောင့် အက်စ်အဆင့်ရှီးပေါ်လိုင်ပင် အချိန်မမှီလိုက်ပေ။ 


ကြောင်ကြီးက ကာလက်ကို တုန့်ပြန်နေသယောင်ရှိသည်။ ယင်း၏ပျော့ပြောင်းမှုနှင့် ရွေ့လျားနိုင်စွမ်းတို့က ပရိသတ်ကို အံ့အားသင့်သွားစေ၏။ 


“ဝါး...တကယ်မြန်တာပဲ။ သားရဲက အဲ့လောက်မြန်မြန်ရွေ့နိုင်တာလား။” 


“ အထဲမှာ တစ်ယောက်ယောက်များ ဝင်နေတာလား။ ဘာလို့ ဒီလောက်တောင်ဉာဏ်ကောင်းရတာလဲ...” 


“ တကယ့်ကို ကြယ်နှစ်စင်မက်ခါ ပြိုင်ပွဲတွေက ဒီလိုကစားကြတာလား...” 


ကြောင်ရုပ်ဆိုး၏ မှော်ပညာကိုမြင်နေကျဖြစ်သော ရှင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများမှာ ဂျက်ကော့ဘက်မှ တအံတဩချီးကျူးသံများကို ကြားရသောအခါ ဂုဏ်ယူနေမိသည်။ 


ယွမ်ရှင်းကျဲကဲ့သို့ သန်မာသော ကြယ်နှစ်ထပ် မက်ခါကစားသမားမှာ ကြယ်အစုအဝေးတစ်ခုလုံးတွင်ပင် အလွန်ရှားပါးသည်မဟုတ်ပါလား။ 


နောက်ဆုတ်လိုက်ရသော်လည်း ကာလက် တိုက်ခိုက်ရန် လက်မလျှော့သေးချေ။ 


အန်နာ့ဆီသို့ ချိန်းကြိုးကိုပစ်လွှတ်ရန် အခွင့်အရေးကို ဆက်တိုက်ရှာနေရင်းမှာပင် မီးခိုးငွေ့များ မရှိသကဲ့သို့ပင် အန်နာ၏ အမြှောက်မှ ယွမ်ရှင်းကျဲနှင့် ချီယုဆီသို့ ပစ်လွှတ်လိုက်လေသည်။ 


တောက်ပ‌သော အမြှောက်ဆံကြီးက မြူများကြားထဲမှ ထိုးထွက်လာကာ ယွန်ရှင်းကျဲကို တိုက်ခိုက်တော့၏။ 


ပြိုင်ပွဲကွင်းပြင်ပတွင်ရှိနေသော အော်ရီရယ် မျက်လုံးပြူးသွား၏။ : 


“မမြင်ရတာတောင် ရှင်းကျဲကို ချိန်နိုင်တာလား။”

 

“အဆင့်မှီတဲ့ ကြယ်တံခွန် မက်ခါကစားသမားက မြူဆိုတာကို မမှုဘူးလေ။”

97.2


ခယ့်လိုင် စောင်းဆိုင်းနယ်မြေသို့ပြန်လာကာ ဖန်သားပြင်ကိုကြည့်ရင်းပြောလိုက်သည်။


 “အန်နာ့သန်မာမှုက အက်စ်အဆင့်။ ပြီးတော့ သူ့အရည်အချင်းကလည်း တကယ့်ကို အဲ့ဒီအဆင့်ပဲ။” 


အားလုံးဖန်သားပြင်ကို ရင်သပ်ရှုမောစွာ ကြည့်နေကြချိန် ချီယု၏ မုန်တိုင်းမက်ခါ ယွမ်ရှင်းကျဲရှေ့သို့ တဟုန်ထိုးသွားနေသည်ကို မြင်လိုက်ကြရ၏။ ဒိုင်းကာများကို ဖြန့်ထားပြီး အန်နာ၏ အမြှောက်ဆံကို ကာပေးလိုက်နိုင်သည်။ 

သူ့လှုပ်ရှားမှုမှာ လျင်မြန်၍ ပြီးပြည့်စုံစွာ ကာကွယ်ပေးလိုက်နိုင်သော်လည်း ရစ်ချက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


“ ဒီလောက်လေးကို ဒိုင်းကာတွေ အဲ့လောက်အများကြီးဖွင့်ဖို့ လိုလို့လား။” 


ချီယု ယွမ်ရှင်းကျဲကို လှမ်းမေးလိုက်၏။ 


“ ဘယ်လိုလဲ။ ငါက အားကိုးရတယ်မလား။” 


သို့သော် ယွမ်ရှင်းကျဲမှာ သူ့နားတွင် မရှိတော့ပဲ ကာလက်ကို ရန်သူသုံးယောက်နှင့်ရင်ဆိုင်ရန် ကူညီနေပြီဖြစ်သည်။ 


ချီယုစိတ်ထဲတွင် ဝမ်းနည်းသွားသည်။ 

ရုတ်တရက် ချီယုနောက်ကို ရှီးပေါ်လိုင် ရောက်လာသည်။ 


ချီယုကို ပစ်ချက်တစ်ခု ထိမှန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်သွား၏။ 

ပရိသတ်ဆီမှ အာမေဋိတ်သံများထွက်ပေါ်လာသည်။ 


ရစ်ချက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အခြားအသင်းသားများမှာလည်း အလွန်စိုးရိမ်လျက်ရှိသည်။ 


ရှီးပေါ်လိုင် သူ၏ တိုက်ခိုက်မှု မအောင်မြင်သည့်အတွက်ကြောင့် ချီယု ချက်ချင်းပြန်မတိုက်နိုင်ရန် ရှောင်ထွက်ကာ ပုန်းနေလိုက်သည်။ 


တစ်ဖက်တွင် ယွမ်ရှင်းကျဲနှင့် ကာလက်မှာ ပြိုင်ဘက်ကို တိုက်ခိုက်နေ၏။ 


ဒိန်း၏ မုန်တိုင်းမက်ခါမှာ ကာကွယ်နိုင်စွမ်းအလွန်ကောင်းသောကြောင့် တိုက်ခိုက်ရန် အလွန်ခက်ခဲနေသည်။ 

ယခုတစ်ခေါက်တွင် ကာလက် ဒိန်းဆီသို့ ချဉ်းကပ်သွားသည်။ ဒိန်းက အခွင့်အရေးကို အမိအရယူကာ ဒိုင်းကာကိုဖယ်၍ လျှပ်စစ်သံလိုက်ပုဆိန်ကို မြှောက်လိုက်ပြီး ကာလက်ကိုရွယ်ကာ ခုတ်လိုက်သည်။ 


သို့သော် ကာလက်၏ အလျင်အမြန်တိုးတက်လာသော အရှိန်နှင့် တုံ့ပြန်အားတို့ကြောင့် ဒိန်း၏တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်ကာ ပစ်မှတ်ကို အန်နာ့ဆီသို့ပြောင်းလိုက်ပြီး မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ 


ဒိန်း၏စိတ်ထဲတွင် တစ်ခုခုမှားနေပြီဟု တွေးလိုက်မိသည်။ သူ ကာလက်ကို ရပ်တန့်ရန်ကြိုးစားနေသော်လည်း ယွမ်ရှင်းကျဲလက်ထဲတွင် သူက ပိတ်မိသွားသည်။ 


ကာလက်၏ ကြယ်တံခွန်မှာ ယခုတစ်ခေါက်တွင် ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေ၏။ 


ရှီးပေါ်လိုင် အန်နာ့ကို ကူရန်သွားစဉ် ဘေးမှလိုက်လာသောချီယုက နောက်ဆုံးတွင် သူ့အလုပ်သူလုပ်ကာ ရှီးပေါ်လိုင်၏ အရိပ်မက်ခါကို ပိတ်ပင်လိုက်ပြီး တိုက်ခိုက်တော့သည်။ 


ရှီးပေါ်လိုင်က ထိပ်တိုက်ရင်ဆိုင်ရန် ရှောင်နေသော်လည်း ချီယုက တောက်လျှောက် ခွေးသရေကဲ့သို့ကပ်ကာ သူ့လမ်းကြောင်းကိုပိတ်ပင်နေသည်။ 


မကြာခင် အန်နာ၏ ကြယ်တံခွန်မက်ခါမှာ ကာလက်၏ချုပ်ခြယ်မှုအောက်သို့ရောက်သွားတော့သည်။ 


လေထဲတွင် မက်ခါအသေးနှင့် မက်ခါအလတ်တို့ အချင်းချင်းတိုက်ခိုက်နေကြပြီး မက်ခါလက်များ အဆွဲခံရသည့်အသံမျိုးထွက်ပေါ်လာသည်။ 

အင်ဂျင်မှ အသံများလည်း ထိုအချိန်တွင် ရုတ်တရက်ကျယ်လောင်လာ၏။ 


အားလုံး၏ မျက်လုံးများမှာ အန်နာ့ လက်မောင်းကို ရစ်ပတ်ထားသော ကာလက်၏ ဓားချိန်းကြိုးပေါ်တွင် ရောက်နေကြသည်။ 


ရုတ်တရက် ကြီးမားသောအလင်းဓားတစ်ချောင်းပေါ်လာပြီး အန်နာ၏ မက်ခါလက်မောင်းကို သေသပ်စွာ ဖယ်ရှားသွားသည်။ 


“လှလိုက်တာ။” 


ယွမ်ရှင်းကျဲက ဒိန်းနှင့်တိုက်ခိုက်နေရင်း ကာလက်ကို ချီးကျူးလိုက်သည်။ 

ကာလက် ချီးကျူးခံရသည်ကို မြင်ရသော ချီယုမှာ မကျေနပ်နှင့် ပြောလိုက်၏။


 “ငါနဲ့သာမပူးပေါင်းရင် သူ အန်နာ့မက်ခါလက်ကို ဘယ်လိုလုပ်ဖြတ်လိုက်နိုင်မှာလဲ...” 


ဆက်တိုက်ပစ်ခက်ပေးနေသော အန်နာ နောက်ဆုံးတွင် ရပ်သွားပြီး အမြှောက်ဆံကို ရပ်ကာ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ကျသွားသည်။ ချက်ချင်းပင် အဝါရောင်အလင်းတန်းတစ်ခုမှာ ပိတ်သွား၏။ 


ရှင်းဟိုင်တက္ကသိုလ်ကျောင်းသားများ ယွမ်ရှင်းကျဲနှင့်အသင်းသားများ အသာစီးရတော့မည်ဟုထင်နေချိန်တွင် သတိတစ်ချက်လွတ်သွားသော ချီယုထံမှ ထွက်ပြေးကာ ကာလက်ဆီသို့တစ်ရှိန်ထိုး ဦးတည်သွားခဲ့သည်။ 


ကာလက် သူ့ပုံစံကို မထိန်းလိုက်နိုင်ခင်မှာပင် အနောက်မှ ရှီးပေါ်လိုင်က အရိပ်ချိန်းကြိုးကိုပစ်ထုတ်လိုက်ပြီး ကာလက်၏ လက်မောင်းကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်သည်။ 


ယွန်ရှင်းကျဲ ထိတ်လန့်သွားပြီး ဒိန်းနှင့်တိုက်ခိုက်နေရင်းနှင့်ပင် ကယ်ဆယ်ရန် မက်ခါသားရဲကို လွှတ်လိုက်သည်။ 


ရှီးပေါ်လိုင်ဆီသို့ အရှိန်လျော့ဗုံးများနှင့် အမြှောက်ဆံများကို ပစ်လွှတ်လိုက်သည်။ 

သို့သော် ရှီးပေါ်လိုင်၏ တုန့်ပြန်နှုန်းမှာ ကြောက်မက်စရာကောင်းလှသည်။ ရှောင်နေရင်းနှင့်ပင် ကာလက်၏မက်ခါကို အလင်းကြာပွတ်ဖြင့်ရစ်ပတ်ကာ မြေကြီးပေါ်သို့ဆွဲချပစ်လိုက်သည်။ 


ကာလက်၏ လက်မောင်းများမှာ ချုပ်မိနေကာ အားကုန်သုံးလျှင်တောင် လွတ်အောင်မရုန်းနိုင်ပေ။ ရှီးပေါ်လိုင်၏ မက်ခါမှ တဖြည်းဖြည်းချင်း ဝေးသထက်ဝေးသွားသည်ကိုသာ ကြည့်နေနိုင်သည်။ ထို့နောက် မြေပြင်ပေါ်သို့ကျသွား၏။ 

မြေပြင်ပေါ်တွင် ရှီးပေါ်လိုင်ချထားသော မိုင်းများလည်း ရှိနေသည်။ 

ထိုမိုင်းများကို သုံးကာ ရှောင်နိုင်မည်ဖြစ်သော်လည်း ကာလက် မြေကြီးပေါ်သို့ရောက်သွားသည်နှင့် အထုတ်ခံမည်ဖြစ်သည်။ 

သို့သော် အန်နာ့အတွက် လက်စားချေရန် ရှီးပေါ်လိုင် မြေကြီးပေါ်သို့ မိုင်းအချို့ပစ်လိုက်သေးသည်။ 


ပေါက်ကွဲမှုကြောင့် ကာလက် လူးလှိမ့်သွားသည်။ နာကျင်မှုကြောင့် နဖူးမှချွေးစီးများပင် ထွက်လာ၏။ 


“အဆင်ပြေရဲ့လား ကာလက်။” 


ယွမ်ရှင်းကျဲ စိုးရိမ်သောအသံဖြင့် မေးလိုက်သည်။ 


“ငါ့ကို အာရုံမစိုက်နဲ့...”


 ကာလက် အံကြိတ်ကာပြောလိုက်သည်။ 


“ ရှင်းကျဲ မင်းအကောင်းဆုံးလုပ်မှရမယ်...”


 စကားမဆုံးခင်မှာပင် သူ့ကို နွယ်ပင်များမှ ကွင်းပြင်သို့ဆွဲထုတ်သွားကြ၏။ 


ချီယုကဖြတ်ပြောပြန်သည်။


 “မပူနဲ့ ငါ ရှင်းကျဲကို ကာကွယ်ပေးမယ်။” 


ယွမ်ရှင်းကျဲ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်သည်။


သူ့နည်းလမ်းကို ပြောင်းရန် ကြိုးစားနေစဉ်မှာပင် 

 ရှီးပေါ်လိုင်၏ မက်ခါက သရဲတစ္ဆေကဲ့သို့  အနောက်ကရောက်လာ၏။ 


xxxxxx