အပိုင်း ၉၈
Viewers 17k

Chapter 98


ရှီးပေါ်လိုင် ယွမ်ရှင်းကျဲ၏နောက်တွင်လှည့်ပတ်နေချိန် သူယွမ်ရှင်းကျဲနှင့်တိုက်ရိုက်ရင်ဆိုင်ချင်သော်လည်း သူ၏ပစ်မှတ်မှာ ပစ်ပြီးချိန်တွင်ပျောက်ဆုံးသွားသည်အား ရှာတွေ့သွားရသည်။


ယွမ်ရှင်းကျဲ၏ ကွေးဆန့်နိုင်စွမ်းမှာ လူတိုင်းအား တစ်ဖန်ပြန်၍အံ့ဩသွား‌စေပြန်သည်။


ရှီးပေါ်လိုင်ထံမှ‌ ချောင်းတိုက်ခြင်းအား လွတ်မြောက်ပြီးနောက် ယွမ်ရှင်းကျဲ အလျင်အမြန် သူ့ထံမှ ခွာလိုက်သည်။ သူ၏ဦးနှောက်မှာ လျင်လျင်မြန်မြန် ပြေးလွှားနေပြီး နောက်ထပ်ခြေလှမ်းအား စဉ်းစားနေသည်။


အန်နာထုတ်ပယ်ခံရပြီးနောက် သူမ၏အလင်းချိန်မှာ ၇မိနစ်နှင့်စက္ကန့်၃၀ဖြစ်၏။


ကာလက်၏ထုတ်ပယ်ခံရချိန်မှာလည်း သိပ်မကြာလိုက်ချေ။ ၎င်းမှာ ၈မိနစ်နှင့်၂၅စက္ကန့်မျှသာဖြစ်သည်။


တကယ်တမ်းတွင် သူတို့နှစ်ဦးအတူတူလဲကျသွားပြီး ထုတ်ပယ်ခံရချိန်မှာ တူညီနေသော်လည်း ရှင်းဟိုင်တက္ကသိုလ်မှာ သူတို့၏အလင်းများအား စောစီးစွာ ထွန်းလင်းခဲ့သဖြင့် သူတို့တွင်ရှင်းလင်းသော အားသာချက် ရှိနေသေးသည်။


ဂျက်ကော့ကိုအားပေးကြသည့် ပရိတ်သတ်များမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြသော်လည်း ရှီးပေါ်လိုင်နှင့် ဒိန်းတို့ အနိုင်ရနိုင်မည်ဟု အခိုင်အမာ ယုံကြည်နေဆဲပင်ဖြစ်သည်။


အဆုံးသတ်၌ ရှီးပေါ်လိုင်နှင့် ဒိန်းတို့သည် ချီယုနှင့် ယွမ်ရှင်းကျဲတို့ထက် သန်မာနေကြသည်။


မတူညီသည့်အချက်မှာ ရှင်းဟိုင်ကျောင်းမှ အဖွဲ့ဝင်များ၏ မျက်နှာများသည် အေးချမ်းနေသည်။


ပို၍သန်မာသော ကာလက် မတော်တဆ ထုတ်ပယ်ခံလိုက်ရပြီးနောက် ကျန်ရှိနေသော ချီယုနှင့်ယွမ်ရှင်းကျဲတို့၏ပူးပေါင်းမှုသည် အနည်းငယ်အားနည်းနေပုံပေါ်လေသည်။


ချီယု စိတ်ပျံ့လွင့်နေပုံရ၏။


" ချီယု အဲ့ကလေးက ဒီနေ့ဘာတွေဖြစ်နေတာလဲ…" ရစ်ချက် မျက်မှောင်ကြုတ်လျက် အနည်းငယ်မကျေမနပ်ဖြင့် " သူကဆွဲချနေတာပဲ…"


နည်းပြတစ်ဦးအနေဖြင့် သူသည် " ဆွဲချနေသည် " ဟူသော စကားများကိုသုံးခဲသဖြင့် ယခုအချိန် တွင် သူမည်မျှ ဒေါသထွက်နေပြီဖြစ်သည်ကို ပြသနေခဲ့သည်။


လော့ဝမ်ချွမ်း  အနည်းငယ်စိတ်ပူနေပုံဖြင့် နှုတိခမ်းဖိကိုက်ထားမိသည်။


ကွင်းပြင်ထဲတွင် လူများစွာ လျော့နည်းသွားပြီးနောက် ရှီးပေါ်လိုင်နှင့်ဒိန်းတို့သည် သူတို့၏တည်ဆောက်ပုံစံများအား အလျင်အမြန် ပြန်လည်ပြင်ဆင်လိုက်ကြသည်။ ဒိန်း၏မုန်တိုင်းမက်ခါမှာ ခံစစ်မှထိုးစစ်အသွင်ပြောင်းလဲသွားပြီး ရှီးပေါ်လိုင်၏ ချောင်းမြောင်းတိုက်ခိုက်သည့်နှုန်းမှာမူ နှေးကွေးသွားကာ အခွင့်အရေးကိုစောင့်မျှော်နေလေသည်။


ပထမဆုံးအကြည့်တစ်ချက်မှာပင် သူတို့နှစ်ဦး၏အကြိမ်ပေါင်းများစွာပူးပေါင်းထားသလို လိုက်လျောညီထွေဖြစ်နေပြီး  ယွမ်ရှင်းကျဲနှင့်ချီယုမှာမူ တဖြည်းဖြည်းကျဆင်းလာသည်။


၎င်းမှာ ချီယု ယွမ်ရှင်းကျဲနှင့် မပူးပေါင်းခြင်းကြောင့်မဟုတ်ဘဲ အလွန်အမင်းပူးပေါင်းခဲ့ခြင်းကြောင့်ဖြစ်၏။  တစ်ခါတစ်ရံတွင် သူ၏တာဝန်ဖြစ်သော ရှီးပေါ်လိုင်အား ဆွဲထားရန်ကိုမူ မေ့သွားခဲ့သည်။


မည်သို့ပင်ဖြစ်စေ တစ်ဖက်လူတိုက်ခိုက်လာသမျှကို ချီယုဆက်တိုက်တားဆီးနေခဲ့ပြီး ယွမ်ရှင်းကျဲဘက်မှ လုပ်ဆောင်ချက်ကလဲ မဆိုးချေ။ သူ ရှီးပေါ်လိုင်၏မက်ခါကိုပင် ပျက်စီးစေလုမတတ်ဖြစ်စေခဲ့သည်။


ရှီးပေါ်လိုင်သည်လည်း ချီယု၏ယွမ်ရှင်းကျဲအား ကာကွယ်ပေးထားမှူအပေါ် မြင်ခဲ့သောကြောင့် သူနှင့်ဒိန်း တန်ပြန်အစီအမံများအား ချက်ချင်းဆိုသလို ဆွေးနွေးလိုက်ကြသည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် ဒိန်း သူ၏ဒိုင်းကာအား ပြန်ရုတ်လိုက်ကာ အမှုန်အမွှားမုန်တိုင်းအမြောက်ကိုဖွင့်၍ ချီယုနှင့်ယွမ်ရှင်းကျဲထံသို့ပစ်လိုက်လေသည်။


သူတို့ပုံစံယူထားသောနေရာကြောင့် ချီယုနှင့်ယွမ်ရှင်းကျဲတို့သည် တိုက်ခိုက်မှုအားရှောင်တိမ်းရန်အတွက် မတူညီသည့်နေရာနှစ်ခုသို့ ပြေးထွက်လိုက်ရသည်။


ရှီးပေါ်လိုင် သူ့ ၏ တိုက်ခိုက်မှုကိုပင် ဖုံးကွယ်မနေတော့ပဲ ချီယုထံသို့အလျှင်အမြန်ပြေးလာသည်။


သူ၏မောက်‌မာသောသဘောထားကိုမြင်လိုက်ပြီးနောက် ချီယု သူ့အားအလေးအနက်မထားတော့ဘဲ နှာခေါင်းရှုံလိုက်ပြီး တိုက်ခိုက်ရန်အတွက် လျပ်စစ်သံလိုက်ပုဆိန်ကို မြှောက်ကိုင်လိုက်သည်။


တစ်ချိန်တည်းမှာပင် ဒိန်း၏ပစ်မှတ်က ယွမ်ရှင်းကျဲဖြစ်လေရာ နှစ်ဖက်စလုံး ပြင်းထန်သောတိုက်ပွဲတွင် ပိတ်မိနေခဲ့သည်။


ပရိသတ်များက ယခုပင်ထင်မိလိုက်သည်မှာ သူတို့သည် တစ်ဦးချင်းနည်းဖြင့် အနိုင်ရရှိသူကို ဆုံးဖြတ်ကြတော့မည်ဟူ၍ပင်ဖြစ်သည်။


ရှီးပေါ်လိုင် ချို့ယွင်းချက်တစ်ခုကိုထုတ်ဖော်ပြသလာသဖြင့် ချီယုအလျင်အမြန်တုံ့ပြန်လိုက်ကာ သူအားအမြန်ခုတ်ပိုင်းလိုက်သည်။


သို့သော်လည်း တိုက်ခိုက်မှုက ကျရှုံးသွားရသည်။


မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီးပေါ်လိုင်၏အရိပ်မက်ခါမှာ ပျောက်ကွယ်သွားပြီး လေစီးကြောင်းများ ရွေ့လျားသွားပြီးနောက် နောက်တစ်စက္ကန့်အတွင်း ပျောက်ဆုံးသွားခဲ့သည်။


" ရှင်းကျဲ သတိထား… သူကမင်းဆီကိုလာနေပြီ…"

ချီယု အလျက်အမြန် အော်ဟစ်သတိပေးလိုက်သည်။


တစ်ခြားဘက်၌ ဒိန်း၏မုန်တိုင်းမက်ခါမှာ ဒိုင်းကာအား အချိန်အတန်ကြာ မဖွင့်သေးဘဲ ယွမ်ရှင်းကျဲအတွက် အခွင့်အရေးများကို တမင်တကာပင်ဖန်တီးပေးနေခဲ့သည်။


အသံမှာ လျော့နည်းသွားသည်ဆိုလျှင်ပင် ချီယု၏အော်သံကြောင့် ယွမ်ရှင်းကျဲ၏နားများ ထုံကျဉ်သွားရသည်။


သူမျက်မှောင်ကြုတ်ကာ မက်ခါတစ်ခုလုံးတွင် ချိူ့ယွင်းချက်များထွက်ပေါ်နေသော ဒိန်းအားကြည့်လိုက်လေသည်။ 


ယခုအချိန်မှာ ဒိန်းအားရင်ဆိုင်ရန် အသင့်တော်ဆုံးအချိန်ဖြစ်ပေမည်။


ယွမ်ရှင်းကျဲ သူ၏နားများ ထပ်မံထုံကျဉ်သွားသည်ဟု ခံစားလိုက်ရသည်။


အကယ်‌၍ အသင်းဖော်များအကြား ဆက်သွယ်မှုကို ဖြတ်တောက်လို့မရသည့် စည်းမျဉ်းသာမရှိနေခဲ့ပါက သူအချိန်အတော်ကြာထဲက ချီယုကို ပိတ်ဆို့ထားမည်ဖြစ်သည်။


ဒိန်း၏လုပ်ရပ်မှာ ချီယု၏ကာကွယ်မှုအောက်မှ သူ့အားမျှားထုတ်သည်ဆိုသည်ကို ယွမ်ရှင်းကျဲသိသည်။


သို့သော်လည်း ယခုအချိန်တွင် သူမည်သည့်အရာမျှ မပြုလုပ်ခဲ့ပါက ရလဒ်မှာ ပို၍ဆိုးနိုင်ပေမည်။


ယွမ်ရှင်းကျဲ ချက်ချင်းဆိုသလို ထိုနေရာတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။

98.2


မကြာမီ ချီယု၏ရှော့ရနေသော အကြည့်အောက်မှာပင် ယွမ်ရှင်းကျဲ၏မက်ခါမှ ချွန်ထက်နေသော အလင်းဓားနှစ်ချောင်းထွက်ပေါ်လာပြီး ဒိန်းအားခုတ်ချလိုက်၏။


ရှီးပေါ်လိုင် သူ၏နှုတ်ခမ်းတွန့် ကွေးလျက် ရေရွတ်လိုက်သည်။


" တကယ်ရူးမိုက်တာပဲ…"


ထိုအချိန်တွင် ယွမ်ရှင်းကျဲ၏မက်ခါသည် သူ့ဘာသူ ရှီးပေါ်လိုင်၏တိုက်ခိုက်မှုတွင် ထုတ်ဖော်မိခဲ့သဖြင့် ချီယုအမြန်ပြေးသွားလိုက်သော်လည်း အနည်းငယ်နောက်ကျနေဆဲပင်ဖြစ်၏။


ရှီးပေါ်လိုင်၏ အရိပ်မက်ခါထွက်ပေါ်လာခဲ့သည်။


သူ၏အရိပ်သံကြိုးကိုထုတ်ကာ ယွမ်ရှင်းကျဲမက်ခါ၏အချိတ်အဆက်နေရာသို့ ချည်နှောင်ရန် အသင့်ဖြစ်နေပေပြီ။


‌ထို့ကြောင့် ခဏအကြာတွင် အရိပ်သံကြိုးမှာ ယွမ်ရှင်းကျဲ၏ရှေ့သို့ရောက်ရှိလာခဲ့သည်။


ကွင်းပြင်၏အပြင်မှ ပရိသတ်များ ဆူညံသွားကြသည်။


ကျောင်းနှစ်ကျောင်းစလုံးမှ အဖွဲ့ဝင်များမှာမူ သူတို့၏မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကြလေသည်။


အော်ရီရယ် သူ့ဘေးရှိ ဟဲဟောင်မင်၏လက်မောင်းအား ထိတ်လန့်တကြား ဆုပ်ကိုင်လိုက်မိသည်။


လော့ဝမ်ချွမ်းမှာမူ တံတွေးပင်မမြိုချနိုင်တော့ပေ။


ယွမ်ရှင်းကျဲ၏ ဒိန်းအပေါ်တိုက်ခိုက်နေခြင်းမှာမူ ရှီးပေါ်လိုင်အား မမြင်သကဲ့သို့ပင် မရပ်တန့်သွားပေ။


" ရှင်းကျဲ…"


ချီယု၏နှလုံးခုန်သံမှာ ရပ်တန့်သွားတော့မည့်ပုံပင်။ သူအံတင်းတင်းကြိတ်ကာ သူ့မက်ခါ၏အမြန်နှုန်းကို အဆုံးစွန်ထိမြှင့်တင်လိုက်သည်။


" ဒီနားကိုမလာနဲ့…" ယွမ်ရှင်းကျဲ အေးစက်စွာပြောလိုက်သည်။


ရှီးပေါ်လိုင်၏ထိုတိုက်ခိုက်မှုမှာ သူ ယူဆထားသည့်အတွင်း၌သာရှိနေသေးသည်။


သူ၏မက်ခါသားရဲမှာ ထိုတိုက်ခိုက်မှုအား တားဆီးရန် အသင့်ဖြစ်နေလေပြီ။


သူ၏တွက်ကိန်းအရဆိုလျှင် ချီယု၏မုန်တိုင်းမက်ခါတွင် သတ်မှတ်ထားသော အမြန်နှုန်းရှိနေသည့်အပြင် သုံးဦးဆော့ကစားရသော ကွင်းပြင်မှာ တစ်ဦးချင်းပွဲစဉ်နေရာထက် ပို၍ကျယ်ပြန့်သောကြောင့် ချီယု အချိန်အတွင်းရောက်ရန်မှာ မဖြစ်နိုင်ချေ။


ထိုအချိန်၌ ချီယု၏မျက်လုံးထဲတွင် ယွမ်ရှင်းကျဲသည်သာရှိနေခဲ့သည်။


သူ၏အကြိုက်ဆုံးအိုမီဂါလေးအား သူကာကွယ်ရပေမည်။


" ဘရမျးးးး "


ချီယု သူ၏သွားများကိုကြိတ်ကာ ရှီးပေါ်လိုင်၏သံကြိုးများ ယွမ်ရှင်းကျဲ၏မက်ခါထံမရောက်ရှိခင် သူရောက်သွားပြီး ယွမ်ရှင်းကျဲအားတိုက်ခိုက်လာသည်ကာလိုက်လေသည်။


ရှီးပေါ်လိုင်သာမက ဒိန်းပင် ချီယု၏မက်ခါထိုမျှမြန်နေမည်ကို ထင်မထားခဲ့ကြချေ။


သူ၏အစီအစဉ်ပျက်ဆီးသွားသည်ကို မြင်လိုက်ရပြီး ရှီးပေါ်လိုင်မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ချေ။ အမည်မသိသော မီးနှင်းဆီတစ်ပွင့် သူ၏နှလုံးသားထဲတွင်ဖြစ်ပေါ်လာခဲ့သည်။


၎င်းမှာ ချီယုမက်ခါ၏အချိတ်အဆက်နေရာအား သူ၏အရိပ်သံကြိုးများရစ်ပတ်သွားစေသည်။ သူ၏အားအကုန်သုံးလိုက်ကာ ကြီးမားလှသောမက်ခါကိုမြေပြင်ပေါ်သို့ ရိုက်မိသွားစေရန် ဆွဲချလိုက်သည်။


ချီယု မြေပြင်ဆွဲအားဆန့်ကျင်ခလုတ်ကို အဆုံးစွန်ထိ ဖွင့်ချလိုက်သော်လည်း ၎င်းမှာ ခြေတစ်လှမ်းနောက်ကျနေဆဲပင်ဖြစ်သည်။


ရှီးပေါ်လိုင်၏အင်အားမှာ အံ့ဖွယ်ကောင်းလှ၏။ ၎င်းမှာ S+ အဆင့်ကစားသမားတစ်ဦး၏ ကြောက်မက်ဖွယ် ခွန်အားကိုထုတ်ဖော်ပြသနေခဲ့သည်။


" သောက်ချီး …"


" ရှီးပေါ်လိုင်ရဲ့ခွန်အားက ကြောက်စရာကြီး…"


" သူတို့ကဘယ်လိုတောင် တိုက်ခိုက်နိုင်သေးတာလဲ…"


ချီယုလှုပ်ရှားမှုက သန်မာပုံရသေထာ်လည်း ထိုအင်အားအပြည့်နှင့် တားဆီးလိုက်မှုသည် အသုံးမဝင်ကြောင်းကို ရှီးပေါ်လိုင်က လူတိုင်းရှေ့တွင်ဖော်ပြခဲ့သည်။


" ဘွန်းးးးးး…"


ချီယု၏မုန်တိုင်းမက်ခါမှာ မြေပြင်ပေါ်သို့လဲကျသွားပြီး မရေတွက်နိုင်သော အရိပ်မိုင်းများကို ပေါက်ကွဲသွားစေသဖြင့် ဖုန်မှုန့်များဖြစ်ပေါ်လာကာ ဒိန်း၏အမြင်ကိုပင် ဖုံးသွားစေခဲ့သည်။

သို့သော် သူစိတ်ပူပန်ခြင်းမရှိပေ။


ထိုမျှ ကြီးမားသော လှုပ်ရှားမှုတွင် ယွမ်ရှင်းကျဲပထမဆုံးလုပ်မည့်တာဝန်မှာ အသင်းဖော်ကိုကယ်တင်ရန်ဖြစ်ပြီး သူ့အားဆက်လက်တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။


…သို့သော်...


" ဘန်းးး ဘန်းးး "


ဖုန်မှုန့်များကြားမှ လူသတ်ငွေ့များ ပြည့်နေသည့် ငွေရောင်အလင်းဓားနှစ်ချောင်း ဖောက်ထွက်လာခဲ့သည်။


ထို့နောက် ဓားနှစ်ချောင်းက ဒိန်း၏လက်မောင်းအား အားပြင်းပြင်းဖြင့် ခုတ်ချလိုက်ပြီး သူ၏လက်ကိုအကြောသေသွားစေခဲ့သည်။


ပြီးနောက် အနက်ရောင်အတိဖြစ်နေသော မက်ခါသည် သူ၏လက်ကိုဆန့်ထုတ်လိုက်ကာ ဒိန်း၏လည်ပင်းအား အားပြင်းပြင်းဖြင့် ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့မှောက်ချလိုက်သည်။


" ဒုန်းး "


ဒိန်း၏မုန်တိုင်းမက်ခါမှာ မြေပြင်ပေါ်သို့လဲကျသွားသည်။


အကယ်၍ ရှီးပေါ်လိုင်၏အရိပ်သံကြိုးများကို အသုံးပြု၍ ချီယု၏မက်ခါကိုထုတ်ပယ်ပစ်လိုက်ခြင်းသည် လူတိုင်းအား ရှော့ရသွားစေခဲ့သည်ဆိုပါက ယခု ယွမ်ရှင်းကျဲ၏အကွက်မှာမူ လူတိုင်းအားတိတ်ဆိတ်သွားစေခဲ့သည်။


မည်သူမျှပင် ဖြစ်ပျက်ခဲ့သည်အား သဘောမပေါက်ခဲ့ကြချေ။


သုံးစက္ကန့်ထက်နည်းသော အချိန်တွင် မုန်တိုင်းမက်ခါနှစ်ခု မြေပြင်ပေါ်သို့လဲကျသွားလေသည်။


xxxxxx