131 01
အပိုင်း(၁၃၁)
ရသစုံရှိုးစတားသည် ချက်ချင်းလိုလို သဘောကျသွားပြီး အော်ရယ်လိုက်သည်။ အခြားသော ဧည့်သည်များသည်လည်း မှင်သက်နေရာမှ တစ်ယောက်ပြီး တစ်ယောက် အသိဝင်လျက် အော်ရယ်ကြသည်။ သူတို့သည်လည်း ရယ်လွန်းသဖြင့် သူတို့၏ ပုံပန်းသွင်ပြင်မှတဆင့် ပျော်ရွှင်မှုကို ခံစားမိလိုက်သည်။
ရသစုံရှိုးစတားက လက်ကိုပင်မြှောက်ပြီး ရယ်လွန်းသောကြောင့် ထွက်လာသည့် မျက်ရည်များကိုပင် သုတ်ရသည်။
“ဘုရားရေ ဒါက ရသစုံနတ်ဘုရားရဲ့ ဆင်းသက်လာပုံပဲ။ မမျှော်လင့်ထားပဲ ရှင်းရှင်းက ဒီလောက်ငယ်ငယ်လေးနဲ့ ဟာသလုပ်တဲ့ ပါရမီမျိုးတောင် ပါလာတာပဲ”
အဓိကဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများသည်လည်း ဧည့်သည်များ၏ နောက်ပြန်လှည့်ကြည့်သော အမူအယာမျိုးများကြောင့် လိုက်ပါကြည့်ရှုကြရင်း ကြားထဲညှက်နေသော လုရှင်းရှင်းကို သတိထားမိသွားကြသည်။
[??? ဒါက လူရွှင်တော်လား။ ငါ အရယ်တောင် မရပ်နိုင်တော့ဘူး ဟား ဟား။ ဘာလို့ သူက ဒီလောက်ထိ ရယ်စရာ ကောင်းရတာလဲ]
[ဟား ထွီ သူနဲ့ယန်ကောက အချင်းချင်း ချစ်နေကြတာလား။ လုရှင်းရှင်း အမည်ရတဲ့သူက ယန်ကောအပေါ် ထူးခြားတဲ့ ခံစားချက်တွေ ရှိတယ်လို့ ခံစားမိနေတာလဲ။ သူက ယန်ကောကို ရိုက်ချင်တယ်။ ဒါပေမဲ့ ကြောက်နေတယ်ဆိုတဲ့ ပုံစံမျိုး။ ဒါပေမဲ့ ယန်ကောနဲ့ မျက်နှာချင်းဆိုင်နေတဲ့အချိန်မှာ သူက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စနေသလိုမျိုး လုရှင်းရှင်းကို စနှောက်နေသလိုပဲ။ သူ့ရဲ့ကြီးတဲ့လက်နဲ့ ကလေးရဲ့ခေါင်းကို အုပ်ပြီး ထိုကလေးက ခပ်တိုတို လက်ကလေးတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားနေတာကို တားထားသလိုမျိုးပေါ့]
[ငါ အရင်က ပြောဖူးသလိုပဲ။ အရမ်းကို စည်ကားသက်ဝင်တဲ့ မြင်ကွင်းပေါ့။ ဘယ်လိုပဲ ကြည့်ကြည့် တအားရယ်ရတယ် ဟား ဟား ဟား။ ဒီလူက ဘယ်လိုများ ထိုင်ခုံကြားထဲမှာ ညှပ်နေတာလဲ။ တအားရယ်ရတာပဲ]
[ရှင်းရှင်းရေ ရှင်းရှင်း ဘာလုပ်နေတာလဲ။ ရှင်းရှင်းက လူငယ်မျိုးဆက်အတွက် ဦးဆောင်နေတဲ့ လွပ်လပ်တဲ့ ဂီတပညာရှင်တစ်ယောက်နော်။ ရှင်းရှင်း အမြဲတမ်း ဘယ်လောက် လန်းနေသလဲ ဆိုတာကို မေ့သွားတာလား။ ဂီတပြုလုပ်တဲ့ စွမ်းရည်မှာဆိုရင် ဘယ်သူကမှတောင် မယှဉ်နိုင်ဘူးဆိုပြီး အထင်သေးမှုအပြည့်နဲ့ ပြောခဲ့သေးတာလေ။ ဒါတွေကို မေ့သွားပြီလား။ အရင်က လွပ်လပ်တဲ့ ဂီတပညာရှင် ပြိုင်ပွဲမှာတောင် ပြိုင်ဘက်တွေ စိတ်လွတ်သွားတဲ့အထိ ခပ်ကြမ်းကြမ်း ပြောဆိုခဲ့သေးတာ မဟုတ်လား။ ရှင်းရှင်း ဒါတွေကို မေ့သွားပြီလား။ မဟုတ်သေးဘူး။ ဒီထိုင်ခုံကြားကနေ ယက်ကန် ယက်ကန် လုပ်နေတာက ငါ ငါ့ရဲ့ရှင်းရှင်းလို့ လက်မခံနိုင်ဘူး ဝူး ဝူး ဝူး။ အရမ်းချောမောခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းတဲ့ရှင်းရှင်းက ဘယ်ရောက်သွားတာလဲ။ ဒီအရူးက ဘယ်သူလဲ]
[ချက်အလက်တွေအရ ယန်ကောရဲ့အရှေ့မှာ လူအနည်းစုလောက်ပဲ ကြွားဝါပြရဲတာကို သက်သေပြနေပြီ။ ကြည့်ရတာ သူက ယန်ကောကို ကြမ်းတမ်းတဲ့ စကားလုံး ပြောချင်တဲ့ပုံပဲ။ ဒါပေမဲ့ ယန်ကောက အပြောင်းအလဲတိုင်းကို အပြောင်းအလဲမရှိ လက်ခံတုန့်ပြန်နိုင်နေတယ်။ ဒါက ဝါဂွမ်းကို လက်သီးနဲ့ ထိုးရသလိုမျိုးပေါ့။ ဘယ်လောက် ဆိုးရွားလိုက်သလဲ]
[ဟင် ငါ ဒီကောင့်ကို သိပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပရိုဂရမ်ကြည့်နေရင်း ငါ အသံတွေ ကြားရတယ်လို့ ပြောတယ် မဟုတ်လား။ အဲဒီအချိန်က အဆက်အသွယ်ကတဆင့် ဟိုင်ရွန်ဘုရားက ဆရာသခင်တစ်ယောက်ကို ပို့ဖို့ တောင်းဆိုလိုက်တာ။ ငါ့ရဲ့မိသားစုက ရှာဖွေပေးခဲ့တာက သူလေ။ သူက တအားကို အင်အားကြီးတာ။ ငါ့ရဲ့မိသားစုက အကြီးအကဲတွေ အားလုံးက သူ့ကို တကယ်လုပ်နိုင်စွမ်းရည် ရှိတဲ့သူလို့ ယုံကြည်ထားခဲ့တာ။ ဘာလို့ သူက ရှိုးမှာ လာပါတာလဲ။ နောက်ပြီး လွပ်လပ်တဲ့ ဂီတပညာရှင် ဟုတ်လား။ ငါ စိတ်ရှုပ်နေပြီ]
[ငါလည်း တူတူပဲ။ ငါလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါ့ကို ကူညီဖို့ ဆရာသခင်တစ်ယောက်ကို သွားပြီးတောင်းဆိုခဲ့တာ။ ဒါပေမဲ့ ဖုန်းက တဆင့်ပါပဲ။ ပြောတဲ့အသံအတိုင်းဆိုရင် ဒီလုရှင်းရှင်းနဲ့ အသံတူတယ်]
[မဟုတ်သေးပါဘူး။ လူတွေကို သိပ္ပံနည်းပညာကို ယုံကြည်ပြီး ရှင်သန်ဖို့ အကြောင်းကြားနေတဲ့ ငါ့လိုလူမျိုးအတွက် လောကအမြင်က အချိန်မရွေး ပြိုကျနေတဲ့ အန္တရာယ်မျိုးကို ရင်ဆိုင်နေရပြီ။ ဘယ်လိုကြောင့်များ ဒီလိုလူမျိုးက နှစ်ယောက် ရှိနိုင်ရမှာလဲ။ ရှိုးပွဲမှာပါတဲ့ ဧည့်သည်တွေအားလုံးက ဆရာသခင်တွေကြီးပဲ။ ပထမက ယန်ကော နောက်တော့ လုရှင်းရှင်းတဲ့လား။ ဘုရားရေ ဒီရှိုးက ဒီလောက်ထိ အဆိပ်ပြင်းတာလား။ ဆရာသခင်တွေက တစ်ယောက်ဝယ် တစ်ယောက် အလကားလား]
131 02
[အပေါ်က တစ်ယောက် ငါ မင်းကို အချက်တစ်ချက် ပိုပြောရဦးမယ်။ ဟိုင်ရွန်ဘုရားကျောင်းကို သိလား။ တရုတ်ပြည်ရဲ့ တာအိုဘုရားကျောင်း အနည်းငယ်တည်းမှာမှ ဗဟိုပြင်ကျယ် တစ်ခုလုံးမှာ အကြီးမားဆုံး ဘုရားကျောင်း ဖြစ်တဲ့အပြင် တောင်ပိုင်းနယ်မြေ တစ်ခုလုံးမှာပါ အကြီးမားဆုံးပဲ။ နောက်ပြီး ပင်းဟိုင်မြို့က အရာရှိတွေက ပူးပေါင်းထားတဲ့ ဘုရားကျောင်းလဲ ဖြစ်တယ်။ အဲဒီက ဆရာသခင်နှစ်ပါးဆိုရင် အစစ်အမှန် ဆရာသခင်ကြီးတွေ ဖြစ်နေရုံသာ မကသေးဘဲ ဟိုင်ရွန်ဘုရားကျောင်းနဲ့ ဆက်စပ်နေသေးတာ။ အထူးသဖြင့် လူကြီးမင်းယန်ရှစ်ရွှမ်းပေါ့။ သူက ဟိုင်ရွန်ဘုရားကျောင်းထဲမှာတောင် အဆင့်အရမ်းမြင့်တာ။ လူချမ်းသာ စီးပွားရေး သမားတွေနဲ့ အနုပညာရှင်တွေက ဟိုင်ရွန်ဘုရားကျောင်းက တာအိုဘုန်းတော်ကြီးတွေကို ဖိတ်ခေါ်ရင်တောင်မှ သူတို့ရဲ့ပိုက်ဆံကို သုံးပြီး ပင့်ဖိတ်လို့ မရနိုင်ဘူး။ နောက်ပြီး အဲဒီလို ဘုန်းတော်ကြီးတွေက လူကြီးမင်းယန်ရှစ်ရွှမ်းရဲ့အရှေ့မှာ ရိုသေမှုအပြည့်နဲ့ ဂါဝရပြုနေကြတာ။ ဆိုတော့ သူတို့ကိုယ်သူတို့ ယန်ရှစ်ရွှမ်းရဲ့ ဂျူနီယာညီလေး၊ တူတော်တွေလို့တောင် ပြောကြသေးတာ။ အချို့ ဟိုင်ရွန်ဘုရားကျောင်းက ဘုန်းတော်ကြီးအချို့ဆိုရင် ယန်ရှစ်ရွှမ်းရဲ့ မြစ်၊တူ ရာထူးရှိတယ်]
[အာ ယန်ကောက ဒီလောက်ငယ်တာ။ အသက်နှစ်ဆယ်ပဲ ရှိသေးတဲ့ပုံပါ။ ဘယ်လိုလုပ် ဒီလောက်ထိ ဝါစဉ် ကြီးနေတာလဲ။ မင်း ငါတို့ကို လာလိမ်နေတာလား]
[မှန်လောက်တယ်။ ဟိုင်ရွန်ဘုရားကျောင်းက ဝါစဉ်ကို အရမ်းအလေးထားတာ မဟုတ်လား။ နောက်ပြီး သူတို့က ဆုတောင်းပေးတယ်၊ ကံကြမ္မာဟောပေးတယ်၊ နမိတ်ဖတ်ပေးနိုင်တယ်။ ပင်းဟိုင်မြို့ကိုလာတဲ့ နိုင်ငံခြားသားတွေတောင် ဟိုင်ရွန်ဘုရားကျောင်းကို သွားပြီး မဲနှိုက်ကြသေးတယ်။ ငါတို့လွန်ခဲ့တဲ့ နှစ်ရက်လောက်က သွားခဲ့သေးတယ်။ ငါတို့ မတော်တဆ ယန်ကောနဲ့ တွေ့ခဲ့တယ်လေ။ အစကတော့ ငါ အမြင်မှားတာလို့ ထင်တာ။ ဒါပေမဲ့ မဲနှိုက်တဲ့ အခန်းကို စောင့်ကြပ်ပေးနေတဲ့ တာအိုဘုန်းတော်ကြီးက ရုတ်တရက် ချက်ချင်းထရပ်ပြီး ယန်ကောကို ဂါဝရပြုတာလေ။ နောက်ပြီး ဦးလေးဆရာသခင် လာပြီး စမ်းကြည့်ပါဦးလားလို့တောင် ပြောသေးတယ်။ အဲဒီနောက် ယန်ကောက ငြိမ်ပြီး သူ ကံကြမ္မာ မဟောဘူး၊ နောက်ပြီး ကံကြမ္မာတွေကိုလည်း မနှောက်ယှက်ဘူး၊ မစွက်ဖက်ဘူးလို့ ပြောသွားတာ။ ဘုရားရေ ဒါက တကယ့်ကို ယန်ကော ဖြစ်နေတာ။ ယန်ကောကပဲ ဒီလောက်လန်းတဲ့အကြည့်မျိုးကို ထုတ်ပေးနိုင်တာလေ]
[ငါလည်း အချို့ကျဲကျဲတွေ ရှယ်ထားတာ တွေ့လိုက်ပါသေးတယ်။ ငါတောင် မထိန်းနိုင်တော့ဘူး။ ငါက ပင်းဟိုင်တက္ကသိုလ်ကလေ။ နောက်ပြီး ငါကိုယ်တိုင်လည်း ဟိုင်ရွန်ဘုရားကျောင်းကို ငါ့ရဲ့ဆရာ၊ အတန်းဖော်တွေနဲ့အတူ သွားပြီး ဆိုရှယ်ပရိုက်တစ် ဆာဖေးကို သွားကောက်တာ။ ဒါပေမဲ့ မတော်တဆ ယန်ကောကို တွေ့လိုက်ရတယ်။ ပိုဆိုးတာက ငါတို့ကို လက်ခံကြိုဆိုပြီး နူတ်ဆက်တဲ့ အဲဒီဟိုင်ရွန်ဘုရားကျောင်းက ဘုန်းတော်ကြီးက ‘ဂျူနီယာညီလေးယန် ငါ ခဏနေမှ ပြန်လာမယ်’ဆိုပြီး ပြောသွားတာ။ ဒါက ဘယ်လောက်တောင် ပြောဖို့ ခက်လိုက်သလဲ။ ဒါက တကယ်ပဲ ယန်ကော ဖြစ်နေတာ။ ငါ စိတ်လှူပ်ရှားမှုအပြည့်နဲ့ အော်ဟစ်လိုက်တော့ ယန်ကောကို ငါ့ကို လစ်လျူရှုလိုက်ပြီး စာပဲ သေချာသင်ဖို့၊ စတားနောက်ကို မလိုက်ဖို့ ပြောသွားတယ်။ အထူးသဖြင့် သူ့ကို သဘောမကျနဲ့တဲ့။ ဝူး ဝူး ဝူး။ ငါ ရှိုးကို ကြည့်တဲ့အချိန်မှာ ယန်ကောက အရမ်းကို ကြမ်းတမ်းပြီး အရမ်းကိုလန်းတဲ့ ကောင်လေးတစ်ယောက်လို့ တွေးနေခဲ့တာ။ မမျှော်လင့်ထားပဲ အစစ်အမှန်ဘဝက ယန်ကောက တအားကို ညင်သာသိမ်မွေ့တာပဲ။ ငါ တအားကို သဘောကျတယ်။ ယန်ကောက ငါ့ရဲ့အိုင်ဒေါလ်ပဲ]
[???ဒါက ဘာလဲ။ ကျေးဇူးပြုပြီး ငါ့ကို မလှုံ့ဆော်နေနဲ့နော်။ ငါ ယန်ကောကြောင့် သိပ္ပံနည်းပညာကို ယုံကြည်သွားဖို့ မနည်း ကြိုးစားခဲ့ရတာ။ အခု မင်းတို့က ဒီလိုပြောနေတော့ ငါ ထပ်ပြီး ယမ်းခါသွားပြန်ပြီ။ ဝူး ဝူး ဘယ်လိုဖြစ်ပြီး တာအိုဘုန်းတော်ကြီးတွေက နေ့တိုင်းလိုလို သိပ္ပံနည်းပညာကို ယုံကြည်ဖို့ ဖြောင်းဖြနေသလို နတ်ဘုရားကိုလည်း လျှပ်စစ်ဖစ်ဂါလို့ ပြောလို့ပြော၊ သရဲကိုလည်း ရောင်ပြန်ဟပ်တာလို့ ပြောလို့ပြော လုပ်နေတာ။ တကယ်ကို အကျိုးအကြောင်း မသင့်လိုက်တာ]
[ဖွီး ငါ့အထင် ယန်ကောက ဒီကွန့်မန့်ကိုသာ မြင်ရင် ဒေါသထွက်လောက်တယ်။ ကိုယ့်ပရိတ်သတ်နဲ့ကိုယ် တွေ့ပေမဲ့ ဒီအခွင့်အရေးကို အရယူပြီး စတားနောက် မလိုက်ဖို့ ဖြောင်းဖြသွားသေးတယ်။ ဒီလိုနဲ့နော က်တစ်ကြိမ် အောက်ဆုံးနေရာကနေ ဖယ်ထုတ်ခံရပြီး အိမ်ပြန်ဖို့ စဉ်းစားနေတာ မဟုတ်လား။ ရလဒ်အနေနဲ့ ဒီအကြံကြောင့် ပရိတ်သတ်တွေရဲ့ စိတ်အားထက်သန်မှုက ပိုပြီး မြင့်သွားတယ်။ ကောင်လေးရေ မင်းကတော့ ပုန်ကန်ချင်နေတာပဲ]
[ငါတစ်ယောက်တည်းကပဲ ကားအပြင်ဘက်က ရှုခင်းကို အာရုံစိုက်မိနေတာလား။ ရှုခင်းက တော်တော်လှတယ်နော်။ ငါက မြို့မှာနေပြီး လှပတဲ့ ကျေးရွာတွေ၊တောင်တန်းတွေ၊ မြစ်ပြင်တွေကို မမြင်ဖူးတဲ့သူဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒါကတော့ လှလွန်းတယ်။ တစ်ခုလိုပဲ။ တအားကိုလှတာ။ ဒါက ဘယ်နေရာလဲ။ ငါလည်း သွားချင်တယ်]
131 03
[အိုး ဘုရားရေ ဒါက တကယ်ကို လှတာပဲ။ အပြင်ဘက်က သစ်ရွက်တွေက စိမ်းလန်းပြီး လှလိုက်တာ။ ငါ့ရဲ့မိသားစုတွေလည်း တောင်တန်းတွေမှာ နေတာပါ။ ဒါပေမဲ့ ဒီလောက်လှတဲ့ ရှုခင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ မသိရင် အစစ်အမှန် မဟုတ်သလိုပဲ]
[အရင်တစ်ခေါက်က ယဲ့လန်တောင်ထိပ်မှာ ဧည့်သည်တွေ စခန်းချနေတဲ့ အချိန်က ယဲ့လန့်တောင်ထိပ်က မှန်ဘီလူးတဆင့် မြင်ရတဲ့ မြင်ကွင်းတွေက တအားကို ကျယ်ပြောတဲ့ လောကကြီးကို ခံစားမိစေခဲ့တယ်။ ဒါပေမဲ့ ဒီနေရာက အလှက ခြားနားနေပြန်တယ်။ အရမ်းလှလွန်းလို့ အစစ်အမှန် မဟုတ်နေသလိုမျိုး။ လူတွေကို လူသားလောကမှ တည်ရှိတဲ့ ရှုခင်းတွေ မဟုတ်ဘူးလို့ ခံစားမိစေတဲ့အထိပဲ။ ဘယ်လိုပဲကြည့်ကြည့် အစစ်အမှန် မဟုတ်သလို။ ပုံမှန်မဟုတ်သလိုတဲ့ ခံစားချက်မျိုးကိုလည်း ရတယ်။ အဲဒီအရာက အရာအားလုံးကို နည်းပညာသုံးပြီး ထွင်းထုပုံဖော်ထုဆစ် ထားသလိုမျိုးပဲ။ ကြည့်ရုံပဲ ကြည့်လို့ရတယ်။ ထိလို့မရဘူး။ အိပ်မက်ဆန်တဲ့ အလှတရားမျိုးလိုပဲ]
ဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများကသာ ကားအပြင်ဘက်မှ ရှုခင်းများကြောင့် မှင်သက်နေကြခြင်း မဟုတ်ချေ။ ဧည့်သည်များကမူ မှန်ဘီလူး၏ ခြားနားချက် မရှိဘဲ အပြင်ဘက်မှ ရှုခင်းများကို တိုက်ရိုက်မြင်နိုင်လေသည်။ ယခုလိုမျိုး အိမ်မက်ဆန်လောက်အောင် လှလွန်းသည့် နေရာမျိုးကို မြင်လိုက်ရသောအခါ အားလုံးက မှင်သက်သွားကြသည်။
ယာဉ်တန်းက လေထန်တောင်တက်လမ်းပေါ်သို့ မောင်းနှင်နေပြီးချိန် ဖြစ်သည်။ လမ်းဟာ ကျဉ်းသထက် ကျဉ်းလာပြီး လေက ထန်သထက် ထန်လာသည်။ ယာဉ်တန်းက အသုံးပြုထားသော အဆင့်အတန်းမြင့် ခရီးသွားမီနီဘက်စ်က အလွန်ကျယ်သည်။ ထို့ကြောင့် ယာဉ်မောင်းဟာ အရှိန်ကို နိမ့်ပြီး တဖြည်းဖြည်းချင်းစီ တက်ရသည်။
ထိုနေရာဟာ ယခုလေးတင် သည်းထန်သောမိုး ရွာသွန်းထားသောကြောင့် ဖြစ်လောက်သည်။ တောင်ပေါ်မှ အပင်တိုင်းက စိုစွတ်နေပြီး အလယ်နေရာတွင် မြှပ်နေသည့် ရေချိုးဇလုံကြီးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ ထို့ကြောင့် ရေငွေ့များက လွှင့်ပျယ်သွားခြင်း မရှိသေးလေပဲ တောင်တန်းထဲတွင် စုစည်းပြီးသား ဖြစ်နေလေရာ မြူများကို သိပ်သည်းစွာ ထနေစေလေသည်။
ကားက ဖန်ရှန်းဟိုက်ဝေးပေါ်တွင် မောင်းနှင်ရင်း တဖြည်းဖြည်းချင်းစီ တောင်ကုန်းပေါ် တက်သထက် တက်လာသလိုမျိုး အမြင့်က မြင့်သထက် မြင့်လာသည်။ လမ်းပေါ်သို့ ရောက်နေသော မြူများက ကားဘီးကြားထဲတွင် မြှပ်နေလေရာ ကျယ်ပြောသော တိမ်စိုင်များပေါ် ဖြတ်ကာ မောင်းနှင်ရသလို ခံစားရစေသည်။
ကား၏အခြားတစ်ဖက်ခြမ်းတွင် တောင်နံရံက နီးကပ်စွာ တည်ရှိနေလေသည့်အလျောက် အရပ်မျက်နှာအနှံ့ မျောလွှင့်နေသည့် တိမ်စိုင်များ၊ မြူထုများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်လေသည်မှာ မြူထဲတွင် ပုန်းကွယ်နေသည့် အစိမ်းရောင် သစ်ပင်များကိုပင် ခပ်ရေးရေး မြင်နိုင်နေသေးသည်။ ထို့ကြောင့် အတိတ်ခေတ်ကာလမှ အထူးတလည် တည်ဆောက်ထားသော ခမ်းနားထည်ဝါလွန်းသည့် နတ်နန်းတော်ကြီးအလားပင် ခံစားရစေသေးသည်။ တိမ်စိုင်နှင့်မြူများအနောက်တွင် နတ်နန်းကျောင်းဆောင်များက ပုန်းကွယ်လျက် တည်ရှိနေလောက်သေးသည်။ မြက်ခင်းများဟာ စိမ်းလဲ့နေလေပြီး ကောင်းကင်သစ်ပင်များလား ခံစားရစေသည်။
တောင်တန်းထဲမှ မြူထု၏ စီးဆင်းပုံက အလွန်အမင်း နှေးကွေးလေရာ သာမာန်လူများအနေဖြင့် သူတို့သည် မြေကမ္ဘာပေါ်တွင် အမှန်တကယ်ပင် တည်ရှိခြင်း ရှိမရှိ ပြောရန် ခက်ခဲလာသေးသည်။
ချောက်ကမ်းပါး ရှိရာဘက် ထောင့်များတွင် ထိုင်နေသော ပိုင်ရွှမ်းက အသက်ရှူပင် အောင့်ထားမိသေးသည်။ သူမသည် ခပ်တိုးတိုးပင် ရေရွတ်လိုက်သည်။
“တအားလှတာပဲ”
ဘေးဘက်မှလူသည်လည်း သူ၏အာရုံက ဆွဲဆောင်ခံရသလိုမျိုး အသက်ရှူမှုကပင် တိုးလျသွားသည်။ ငြိမ်သက်အေးဆေးသော အလှတရားကို နှောက်ယှက်ပေးမည့် အခြေအနေအား စိုးရွံ့မိသွားသည်။
“ဒါက တကယ့်အစစ်လား”
ညှပ်နေသော ထိုင်ခုံကြားထဲမှ မနည်းကုန်းထွက်လာနိုင်သွားသည့် လုရှင်းရှင်းက အရှက်ရသော မျက်နှာထားမျိုးနှင့် ယန်ရှစ်ရွှမ်းထံ အပြေးသွားမည့်အချိန်တွင် ယန်ရှစ်ရွှမ်း၏ ခပ်တိုးတိုးအသံကို ကြားလိုက်ရသည်။
“မလှုပ်နဲ့ ကားက တောင်ပေါ်လမ်းပေါ် ရောက်နေတာ။ လမ်းကလည်း ကျယ်တယ်။ ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်ထိုင်နေ။ လျှောက်မသွားနဲ့”
ထူးဆန်းသည်မှာ ယန်ရှစ်ရွှမ်း၏အသံဟာ မညင်သာသော်လည်း လုရှင်းရှင်းကမူ ထိုအေးစက်မှုအတွင်းမှ အနုစိပ်ကျပြီး မှင်သက်ဖွယ်ကောင်းသည့် ချော့မြူသံတိုးတိုးကို ခံစားလိုက်ရသည်။ ထိုသို့ဖြင့် သူ့ကို အိပ်ကပ်ထဲထည့်ပြီး ရေအေးတစ်ပုံးနှင့် လောင်းထည့်လိုက်သလိုမျိုး ဒေါသနှင့်အရှက်တရားများကို တည်ငြိမ်သွားစေသည်။ သူသည် စိတ်တည်ငြိမ်သွားပြီး ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သည်။
ယန်ရှစ်ရွှမ်း၏ ပိန်ပါးသော ခန္ဓာကိုယ်က ကား၏အရှေ့နားတွင် ဖြောင့်မတ်စွာ ရပ်နေသည်။ သူ၏ ကြွက်သားများက တင်းကြပ်လျက် တည်ရှိနေ၏။ သူက အခြားသော သူများနှင့် ပေါ့ပေါ့ပါးပါး စကားပြောပြီး နောက်ပြောင်သလောက် အေးဆေးနေခြင်း မရှိတော့ချေ။ ထိုကာလမှ သူ၏အရှိန်အဝါက မှင်သက်ဖွယ် ကောင်းလောက်အောင် ထက်ရှနေသည်။
131 04
သူသည် ကားပြတင်းပေါက် အပြင်ဘက်တွင် စီးဆင်းနေသော သိပ်သည်းလွန်းသော မြူထုကို ဘေးတစ်စောင်းကြည့်နေရင်း လူတိုင်းကို မျက်နှာမူလျက် ရပ်နေခြင်း ဖြစ်သည်။ သူဟာ မျက်မှောင်ကို ကြမ်းကြမ်းတမ်းတမ်း ကျုံ့နေကာ အမူအယာဟာ လေးနက်တည်ကြည် လွန်းနေခဲ့သည်။
မှင်သက်ဖွယ်ကောင်းသော အလှတရားကြောင့် ယစ်မူးပျော်ဝင်ကာ မှင်သက်နေသည့် အခြားသော သူများနှင့် ခြားနားသည်မှာ ယန်ရှစ်ရွှမ်းသည် အန္တရာယ်ရှိသော တစ်စုံတစ်ရာကို သိနေသလိုမျိူး သတိအပြည့် ကပ်ထားသည်။
လုရှင်းရှင်းသည် ယန်ရှစ်ရွှမ်း၏ ထိုသို့သော အခြေအနေမျိုးကို မြင်လိုက်သောအခါ ဆရာဖြစ်သူက သူ့ကိုပြောခဲ့သည့် စကားကို သတိရသွားသည်။
“ငါ ဟိုင်ရွန်ဘုရားကျောင်းကို စဝင်တော့ ဆရာသခင်ချမ်းရွှန်ကို ကံကောင်းပြီး တွေ့ဆုံခဲ့ဖူးတယ်။ သူက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်။ သူက လောကကို ကြင်နာလွန်းတာတောင် သူ့မှာကိုယ်ပိုင် မာန်မာနရှိတယ်။ ငါ့ရဲ့ဆရာ၊ စောင့်ကြပ်ကြည့်ရှုရေးမှူး အပါအဝင် အခြား ဘုန်းတော်ကြီးနဲ့ တာအိုဘုန်းတော်ကြီးတွေ အားလုံးကတောင် ချမ်းရွန်က ဘယ်တော့မှ တပည့်လက်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြတာ”
ထိုအချိန်က စုန့်တောင်ချမ်းသည် လီရှင်းရှင်းအား မှတ်ဉာဏ်များကို ပြန်လည်တွေးတောနေသလို ခံစားချက်အပြည့်နှင့် ပြောလာသည်။
“ဒါပေမဲ့ အဲဒီလောက်ထိ မာနကြီးတဲ့ ချမ်းရွန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဈေးထဲက ကောက်လာတဲ့ ကလေးတစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ်။ ဒါက သူ့ရဲ့တိုက်ရိုက်တပည့် ဖြစ်သလို အဓိကတပည့် ဖြစ်တယ်။ ဒီတစ်ယောက်တည်းကိုပဲ သူ့ရဲ့ပညာတိုင်းကို သင်ပေးသွားခဲ့တာ”
တာအိုဆရာသခင်စုန့်၏ မိတ်ဆက်တပည့်ဖြစ်သော လုရှင်းရှင်းသည် အနီးကပ်တပည့်နှင့် တိုက်ရိုက်တပည့်များဟာ တာအိုဘုန်းတော်ကြီးများနှင့် ပတ်သက်လာလျှင် မည်မျှအရေးပါကြောင်း နားလည်သည်။ အထူးသဖြင့် တာအိုဘုန်းတော်ကြီးတစ်ယောက်အတွက် ဖြစ်သည်။
လက်ရှိဟိုင်ရွန်ဘုရားကျောင်း၏ ခေါင်းဆောင်ဘုန်းတော်ကြီးသည် ယခင်မျိုးဆက်မှ တိုက်ရိုက်ဆက်ခံသူတစ်ယောက် ဖြစ်သည်။ သို့သော် ဘုန်းတော်ကြီး ချမ်းရွန်ကမူ ဆရာတူ အနီးကပ်တပည့် ဖြစ်သလို ပါရမီအကြီးဆုံး တပည့်လည်း ဖြစ်ခဲ့သည်။ အလားတူ ညီနောင်များအားလုံးကလည်း မှင်သက်ဖွယ် ကောင်းလောက်အောင် ပါရမီကြီးကြ၏။ ဝိဉာဉ်မီးတောက် အနည်းငယ်က အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုနိုင်သလို တစ်လောကလုံးက ပိုက်ဆံဖြုန်းတီးနေပြီး ပိုက်ဆံက အလဟဿ ဖြစ်သွားသည့် အခိုက်အတန့်မျိုး ရှိလာမည်ဟု ပြောကြားခဲ့သည့် ဆရာသခင် ချမ်းရွန်ဖြစ်သည်။ ပါရမီအားဖြင့် ထိုဘုန်းတော်ကြီးကသာ ထိပ်ဆုံးတွင် တည်ရှိခဲ့သည်။
“ဆရာချမ်းရွန်က ဒီတပည့်ကို တအားဂရုစိုက်တာ။ သူ ဆယ်စုနှစ်ကျော်လုံးလုံး လှည့်လည်ပြီး ခရီးသွားလာနေခဲ့တယ်။ ဒါပေမဲ့ တစ်ခေါက်ကို ချွင့်ယွင်းချက်ထားပြီး ဘုရားကျောင်းဆီ တကူးတက ပြန်လာခဲ့တယ်။ သူက သူ့ရဲ့တပည့်ကို ခေါ်ပြီး စီနီယာအစ်ကိုတွေ၊ အခြားတာအိုဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံပေးခဲ့တာ။ ဒီလိုနဲ့ လိုအပ်တဲ့အခါ သူ့ရဲ့တပည့်ကို ကူညီပေးစေချင်တယ်။ ကံကြမ္မာအရ ကူညီပေးဖို့ တောင်းဆိုသွားခဲ့တယ်”
131 05
စုန့်တောင်ချမ်းက ခါးသီးစွာ ပြုံးရင်း ခေါင်းကို အသာခါကာ လုရှင်းရှင်းကို ပြောသည်။
“နောက်ပြီး အဲဒီအချိန်မှာပဲ ငါက ပထမဦးဆုံးအကြိမ်အဖြစ် ဒဏ္ဍာရီလာ မိစ္ဆာတစ္ဆေဝင် အရိုးတည်ဆောက်ပုံကို မြင်လိုက်ရတာပဲ။ သမိုင်းမှာတောင် ဒီလိုဖွဲ့စည်းတည်ဆောက်ပုံ အရိုးပိုင်ရှင်တွေက အများကြီး ရှိတာ မဟုတ်ဘူး။ ရှိခဲ့ရင်လည်း အများစုက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတယ်။ ဘာလို့လဲဆိုတော့ ဒီခန္ဓာကိုယ် တည်ဆောက်ပုံကတင် သရဲအောင်းလို့ အကောင်းဆုံးနေရာ ဖြစ်နေတာကိုး။ ဒါက ဘယ်လိုများ လူ ဖြစ်နိုင်တော့မှာလဲ။ ကောင်းကင်နဲ့ မြေပြင်အရ ရှုပ်ထွေးမှုတွေကြားမှာ နေထိုင်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နေတယ်။ ဒါပေ့ါ ဒီလိုအရိုးတည်ဆောက်ပုံက ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တွေကလည်း ဆက်လက် ရှင်သန်နိုင်ပြီး ဂိုဏ်းထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ သူတွေက တစ္ဆေဖိနှိပ်တဲ့ သူလိုမျိုး ပါရမီမြင့်လွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်။ အတိတ်မှာ အပနှင်နယ်မြေမှာ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ထဲက တစ်ယောက်က ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်နိုင်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့ဖူးတယ်”
“ဒါပေါ့ အရိုးတွေထဲမှာ မိစ္ဆာသရဲ ထည့်သွင်းအောင်းနိုင်လောက်အောင် ထူးခြားတဲ့ တည်ဆောက်ပုံမျိုး ပိုင်ဆိုင်ထားတဲ့လူဟာ ဘယ်လောက်အထိ ပါရမီကြီးမလဲဆိုတာ ဘယ်သူကမှ မသိနိုင်ဘူးပေါ့။ နောက်ပြီး ဒီလိုလူမျိုး အောင်အောင်မြင်မြင်နဲ့ အရွယ်ရောက်လာတာကို ဘယ်သူမှ မြင်တောင် မမြင်ဖူးကြဘူး။ ဂိုဏ်းတွေကို သွားပြီး လေ့ကျင့်ဖို့ဆိုရင် ပိုတောင်ဝေးသေးတယ်။ ဒါပေမဲ့ ယန်ရှစ်ရွှမ်းကတော့ လုပ်နိုင်ခဲ့တယ်”
လုရှင်းရှင်း မှင်သက်နေသော အကြည့်အောက်တွင် ဆရာသခင်စုန့်ဟာ အတိတ်မှ မှတ်ဉာဏ်အပိုင်းအစကို သတိရသွားသလိုမျိုး အဝေးသို့ အကြည့်လွှဲရင်း ပြောသည်။
“ဆရာသခင်ချန်းရွန်က အစကတော့ သူ့ရဲ့တပည့်ကို ပြန်ခေါ်လာခဲ့တာက သူ့ရဲ့တပည့်က စတင်ကောက်ယူခေါ်ခဲ့တဲ့ အချိန်မှာ အသက်ကိုးနှစ် ရောက်နေပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဘဝက အကြီးမားဆုံး အနှောက်အယှက်ကို ကြုံတွေ့ရမဲ့ အခိုက်အတန့်မျိုး ဖြစ်နေတယ်။ ဒါကြောင့် သေဘေးကိုတောင် ရင်ဆိုင် ကျော်ဖြတ်ရမှာ။ ဆရာသခင်ချမ်းရွန်က ဟိုင်ရွန်ဘုရားကျောင်းက တာအိုဘုန်းတော်ကြီးတွေကို စုစည်းပြီး သူတို့ရဲ့အင်အားနဲ့ တပည့်ဖြစ်သူကို ရှင်သန်နိုင်အောင် ကူညီပေးစေချင်ခဲ့တာ”
******