Ch 132
Viewers 6k

132 01

 

အပိုင်း(၁၃၂)

 

“ဒီတပည့်ရဲ့ ကံကြမ္မာက ဘယ်‌လောက် ကြမ်းတမ်းတမ်း အသက်ကိုးနှစ်အထိ ရှင်သန်အား ရုန်းကန်ပြီးတဲ့နောက်မှာ ကောင်းကင်နဲ့မြေပြင်က သူ့ကို ဆက်လက်ရှင်သန်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ဘူး။ သူက အသက်တစ်ဆယ်ဆိုတဲ့ ရှီဂဏန်းမရောက်ခင် အမှားတွေကို သေချာပေါက် ပြင်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရှီဆိုတာက မဟာပြီးပြည့်စုံခြင်းကို ကိုယ်စားပြုတယ်။ ဒါကြောင် ယေဘုယျကျကျ ပြောရရင် သူက အဲ့ဒီနှစ်မှာ သေသွားသင့်တာ။ ဘုန်းတော်ကြီးချန်းရွန်က တွက်ချက်ပေးတဲ့ ခြောက်ထောင့်ပုံစံခွက်ကလည်း အလားတူပဲ ပြသတယ်”

 

“ဒါပေမဲ့ သူရှင်ခဲ့တယ်။ သူ့ရဲ့သေဆုံးရမဲ့ ကပ်ဘေးက ပြည့်မှီပေမဲ့ ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို မှီခိုပြီး သေရမဲ့ ကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့တာ။ အဲ့ဒီလိုနဲ့ မဟာပြီးပြည့်စုံခြင်းဆိုတဲ့ တစ်ဆယ်ဂဏန်းထဲကို ဝင်ရောက်သွားခဲ့တာ။ အဲ့ဒီအချိန်ကစပြီး သူ့ရဲ့ဘဝမှာ တစ္ဆေသရဲတွေ၊ နတ်တွေ ပေါများလာတယ်။ သူက ကောင်းကင်နဲ့ မြေပြင်ကြားက အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့တာ။ သူ အသက်ရှင်နေသမျှ ကောင်းကင်နဲ့မြေပြင်ရဲ့ ကံကြမ္မာကိုလည်း ဖီဆန်နိုင်တယ်။ သူက လောကရဲ့ တည်ရှိပြီးသား နိယာမတွေကိုတောင် ပြောင်းလဲနိုင်တယ်”

 

“ယန်ရှစ်ရွှမ်းရဲ့ ကန့်သတ်ချက်ကို ဘယ်သူကမှ မသိကြဘူး။ ငါ့ရဲ့ဆရာက ယန်ရှစ်ရွှမ်းက နယ်မြေသုံးခု အပြင်ဘက်ကို ကျော်ဖြတ်နိုင်လောက်တယ်လို့ပဲ ခန့်မှန်းနိုင်ခဲ့တာ။ အမျိုးသားတစ်ယောက် အနေနဲ့ ဖြစ်ဖြစ်၊ တစ္ဆေတစ်‌ယောက် အနေနဲ့ ဖြစ်ဖြစ်၊ နတ်အနေနဲ့ ဖြစ်ဖြစ် ဘာမဆို ဖြစ်နိုင်တယ်တဲ့။ နောက်ပြီး သူ့ရဲ့မွေးဇာတာကတောင် သူ့ကို မချုပ်ထိန်းနိုင်တော့ဘူး”

 

နောက်ပြီး လုရှင်းရှင်းသည် တာအိုဆရာသခင်စုန့် ပြောသော စကားများကို မှတ်မိလာခဲ့သည်။ သူ အမြဲတစေ ဂုဏ်ယူရသည့် ပါရမီများဟာ ယန်ရှစ်ရွှမ်း၏အရှေ့တွင် ဘာမျှမဟုတ်ကြောင်းကိုသာ မှတ်မိတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် ယန်ရှစ်ရွှမ်း ဖြစ်နေသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ချိန်က တစ်ဖက်သူသည် အင်အားအချို့ရှိသော ပညာရှင်တစ်ယောက် ဖြစ်လောက်မည်ဟု တွေးခဲ့မိခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူသည် အလွန်မြင့်မားသော နေရာမှ နေရာတွင်ရှိနေသော တစ်ဖက်သူကို မျှော်သာကြည့်နိုင်သည်။ နိူင်းယှဉ်နိုင်စွမ်းအားပင် မရှိခဲ့ချေ။

 

ဆရာဖြစ်သူ၏ မူလကရည်ရွယ်ချက်က အဆူခံရပြီးနောက် နှစ်သိမ့်ရန် ဖြစ်သော်လည်း ဒါဟာ ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သွားကြောင်းကိုမူ ဆရာက မသိလောက်ချေ။

 

ထိုအတွက်ကြောင့်လည်း သူဟာ ချီကွားထံ သွားပြီး ယန်ရှစ်ရွှမ်း၏ နေရာကို တွက်ချက်ခဲ့သည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းနှင့် ယှဉ်ပြိုင်ကာ သူသည် ယန်ရှစ်ရွှမ်းထက် မနိမ့်ကျကြောင်း ပြောလိုခဲ့ခြင်း ဖြစ်သည်။

 

မမျှော်လင့်ထားစွာပင် သူက ယန်ရှစ်ရွှမ်းကို မရှာနိုင်သေးခင် မိစ္ဆာသရဲ ဝင်ပူးနေသောသူ၏ အလိုက်ခံရပြီး အရှက်ရသော အနေအထားမျိုးနှင့် ထွက်ပြေးခဲ့ရသည်။ သို့သော် ယန်ရှစ်ရွှမ်းက ကယ်ခဲ့သည်။

 

ထိုအခြေအနေက သူ့အား ပို၍ဖိအား များစေသည်။

 

လုရှင်းရှင်းသည် ယန်ရှစ်ရွှမ်းအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ သတိကပ်ထားမှုကြောင့် သူကိုယ်တိုင်လည်း သတိအပြည့် ကပ်လိုက်သည်။

 

သူက လက်ခံရန် ငြင်းဆန်မည်ဆိုလျှင်ပင် ယန်ရှစ်ရွှမ်းသည် သူ့ထက်ပိုပြီး အင်အားကြီးပုံ ရသည်။ အခြားစကားဖြင့်ဆိုသော် ယန်ရှစ်ရွှမ်းသည် သူက သတိမထားမိသော အရာပေါင်းများစွာကို ရှာဖွေနိုင်သည်။ ယခုအခါ ယန်ရှစ်ရွှမ်းသည် သတိအပြည့် ကပ်လွန်းနေလေရာ _ _ _

 

လုရှင်းရှင်းသည်လည်း ယန်ရှစ်ရွှမ်းရှိရာသို့ ကြည့်လိုက်သည်။ သို့သော် တောင်တန်းများအနှံ့ တိမ်ဖြူများအလား လွှင့်မြောနေသည့် မြူထုများကလည်း ဘာကိုမျှ မမြင်ရချေ။ မကြာခဏဆိုသလို အစိမ်းရောင်အလင်း ပေါ်ထွက်လာတတ်သော်လည်း ဒါဟာ ထူးဆန်းခြင်း မရှိချေ။ သို့သော် သူကိုယ်တိုင်လည်း အရှုံးမခံလိုသဖြင့် အံကို ကြိတ်လိုက်ပြီး တစ်စုံတစ်ရာကို မြင်ရရန် ကြိုးစားကြည့်သည်။ သူသည်လည်း မယုံကြည်နိုင်ပေ။ ယန်ရှစ်ရွှမ်းတောင် မြင်ရတယ်။ သူက မမြင်နိုင်ဘူးတဲ့လား။

 

သိပ်သည်းသော မြူထုက လွှင့်ပြယ်သွားပြီး တစ်ဖန်ပြန်လည်စုလာပြန်သည်။ လုရှင်းရှင်း၏ အမူအယာက ပြောင်းလဲသထက် ပြောင်းလဲသွားသည်။

 

“ဒါ ဒါ ဒါက”

 

အရိပ်တွေ ဝိုင်းနေတယ်။ ဒီလိုနေရာမျိုးက ကြွယ်ဝမှုတွေ စုစည်းနေပြီး ကံကောင်းမှုအပြည့်ရှိတဲ့ နေရာမျိုး ဖြစ်သင့်တာ။ ဒါပေမဲ့ တောင်တန်းရဲ့ အနှောက်အယှက်ကြောင့် တစ်နှစ်ပတ်လုံး နေရောင်ကို‌တောင် မြင်ရမှာတောင် မဟုတ်ဘူး။ ဒီလိုနဲ့ အရမ်းမှောင်တဲ့ နေရာတစ်ခုအဖြစ် ပြောင်းသွားတယ်။ ဘာဖြစ်မှန်းတောင် မသိပေမဲ့ ကံကောင်းမှုတွေ၊ အသက်စွမ်းအားတွေက ပျောက်ကွယ်သွားတယ်။ ဆိုတော့ တောင်တန်းရဲ့ နေရာတိုင်းက မြူထုတွေအဖြစ် ပြောင်းနေပြီး ဒီမြူထုက မိုးကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သေချာကြည့်လိုက်မယ်ဆိုရင် နေရာတိုင်းမှာ တိမ်စိုင်တွေ၊ မြူထုတွေက လွှင့်ပြယ်နေသေးတယ်။ ဒီတော့ လူတွေကို အားဖြည့်ပေးနေတဲ့ ကံကောင်းမှုတွေ အားလုံးက လူမဟုတ်တဲ့အရာတွေဆီ ရောက်သွားပြီး သစ်ပင်တွေကို စိမ်းလန်းစေတာ”

 

132 02

 

ဘေးဘက်မှ တည်ငြိမ်ပြီး တည်ဝါသည့် အမျိုးသား၏ အသံက လုရှင်းရှင်းကို ကြောင်အ သွားစေသည်။

 

သူသည် ကားအပြင်ဘက်သို့ အာရုံစိုက်နေသောကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ချေ။ ထို့ကြောင့် ရုတ်တရက် ရောက်လာသောအသံက လုရှင်းရှင်းကို ကြောက်သွားစေပြီး သူသည် သဘာဝကျကျ ခုန်ထလိုက်မိသည်။ သို့သော် ထပြီးပြီးချင်း ထက်ရှသော အရိုးပါသည့် လက်တစ်ဖက်က သူ့ကို ဖမ်းထိန်းပေးလာသည်။ ထိုသို့ဖြင့် ပုခုံးက သူ့ကို ပြန်ထိုင်ရန် ဖိချလိုက်သည်။ ထိုအားက ပြင်းထန်လွန်းသဖြင့် ခုခံနိုင်စွမ်းအားပင် မဲ့ရသည်။

 

“ထိုင်နေ မင်းမှာ ATHD ရှိနေတာလား။ ဘာလို့ မတ်တပ် ထထရပ်ချင်နေတာလဲ”

 

ယန်ရှစ်ရွှမ်းက မျက်မှောင် အသာကြုတ်လိုက်ပြီး လုရှင်းရှင်းအား စိတ်ရှုပ်ထွေးသော မျက်လုံးမျိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက် ပြောပြီးကာစ စကားကို ဆက်ပြောပြီး အနှစ်ချုပ်ပေးသည်။

 

“တစ်စုံတစ်ယောက်ကသာ ဒီလိုနေရာမျိုးမှာ အုတ်ဂူတည်ဆောက်မယ်ဆိုရင် မူလလူတွေအားလုံးကို လွှင့်ပြယ်သွားစေနိုင်တယ်။ သေဆုံးပြီး တစ်ချိန်လုံး ခန္ဓာကိုယ်ထဲမှာ တည်ရှိနေတဲ့ ဝိဉာဉ်တွေအားလုံးက အရမ်းကို သိပ်သည်းတဲ့ အလောင်းစွမ်းအင်တွေအဖြစ် ပြောင်းလဲသွားမှာပဲ။ ဒါကြောင့် တိမ်ထူတဲ့လ ဒါမှမဟုတ် လကြတ်တဲ့ ကာလမျိုးမှာဆိုရင် အလောင်းက အုတ်ဂူထဲက ပြန်ထလာနိုင်ချေ ရှိတယ်”

 

ဒါဟာ သဘာဝက မတော်တဆ ဖွဲ့စည်းထားခြင်းလော သို့မဟုတ် လူလုပ်ထားခြင်းလော မသိနိုင်သေးချေ။ သို့သော် ဒီနေရာဟာ ကံကောင်းမှုတိုင်း စုစည်းနေသော နေရာမျိုး ဖြစ်သင့်သည်။ ဒီနေရာတွင် မြှပ်နှံခံရသော သူက အနာဂတ်မျိုးဆက် အဆက်ဆက်ကို ကြီးပွားစေနိုင်သည်။ ထိုလူများသည် ရာထူးမြင့်အရာရှိများ မဟုတ်သော်လည်း ကြွယ်ဝမှုကို ပိုင်ဆိုင်ရပေလိမ့်မည်။

 

ဒါဟာ ထူးခြားလွန်းသော ဖုန်းရွှေအပြည့်ရှိနေသော နေရာတစ်ခုဟု ယူဆ၍ရသည်။ ထိုအချက်အပြင် ဒီနယ်မြေအရ ဒီနေရာတွင် ဘိုးဘေးအုတ်ဂူများကို ထားရှိသည့် ဓလေ့ထုံးထမ်းမျိုးက ရှိနေသည်။ ထို့ကြောင့် နေထိုင်သူများကသာ ဖုန်းရွှေဆရာသခင်တစ်ယောက်ကို မေးမြန်းပြီး ဖုန်းရွှေ ကြည့်ခိုင်းလျက် ဘိုးဘေး အုတ်ဂူနေရာကို တွက်ချက်ခိုင်းမည်ဆိုလျှင် ဘိုးဘေးအုတ်ဂူနေရာအတွက် ဒီနေရာကို သေချာပေါက် ရွေးချယ်ပေလိမ့်မည်။

 

သို့သော် ဒီနေရာရှိ ဖုန်းရွှေက ကျိုးပျက်သွားခဲ့ပြီး သခင်နှင့်ကျွန်နေရာက ပြောင်းပြန် ဖြစ်သွားသည်။ သစ်ပင်နှင့်တောင်တန်းများက ကံကောင်းများကို အုတ်ဂူထဲတွင် မြှပ်နှံခံရသူများထံ ဖြန့်ဝေပေးသင့်ရာမှ လွှမ်းမိုးမှုအပြည့်နှင့် ဂူသင်္ချိုင်းအတွင်းတွင် မြှပ်နှံထားသည့် သေလွန်ပြီးသူများ၏ ကံကောင်းမှုကိုပင် တစ်ဖန်ပြန်လည်ယူနေသည်။ သို့ရာတွင် အထောက်အပံ့ကို မွေ့လျော်သင့်သည့် အုတ်ဂူနှင့် ဘိုးဘေးဂူများက အစေခံ၊ ကျွန်များ ဖြစ်သွားသည်။ သူတို့သည် ကံကောင်းမှုများအား ပတ်ဝန်းကျင်အတွက် ဖြန့်ပေးနေရသေးရုံသာ မကသေးလေပဲ အနီးအနား သစ်ပင်နှင့် တောင်တန်းများထံမှ ယင်စွမ်းအင်ကိုလည်း စုပ်ယူပြီး အနီးအနားရှိ တောင်တန်းနယ်မြေများကို အုံ့မှိုင်းသော နေရာအသွင် ပြောင်းပေးလေသည်။

 

မည်သူ့ကိုမှ မမြှပ်ထားဘဲ ဒီအတိုင်း တစ်ယောက်ယောက်ကိုသာ မြှပ်ထားလျှင် အဆင်ပြေသေးသည်။ ကြောက်စရာအကောင်းဆုံး အချက်ကမူ ဒီနေရာတွင် ကလန်တစ်ခု၏ ဘိုးဘေးသင်္ချိုင်း အမှန်တကယ် တည်ရှိနေလေသည်။

 

လူတိုင်းက တောင်တန်းများ၏ လှပလွန်းသော ရှုခင်းကို ကြည့်ပြီး မှင်သက်နေချိန်တွင် ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်ရင်း ကားအပြင်ဘက်မှ တိမ်စိုင်နှင့် မြူထုများကို ကြည့်နေကာ မြူထုကြားမှ နေရာကို အခွင့်ကောင်းယူကာ စိုက်ကြည့်လျက် အောက်ဘက်တွင် ပုန်းအောင်းနေမည့် အရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားသည်။

 

“မင်း ဘယ်အချိန်က ဒီနားကို လာတာလဲ”

 

လုရှင်းရှင်းသည် ယန်ရှစ်ရွှမ်း၏ အင်အားကို မနိုင်သောကြောင့် ထိုင်ခုံတွင် အတင်းထိုင်ချ ခံထားရသော်လည်း ကြောက်လန့်လွန်းသဖြင့် သူ၏နှလုံးသားက အခုန်နူန်း မြန်ဆန်နေသေးသည်။ သူသည် မနေနိုင်ဘဲ ယန်ရှစ်ရွှမ်းအား အထွန့်တက်မှုတစ်ဝက်၊ အရှက်ရမှု တစ်ဝက်ဖြင့် ကြည့်လိုက်သည်။

 

“မင်း လမ်းလျှောက်လာတဲ့အချိန်မှာ အသံနည်းနည်း မထုတ်တတ်ဘူးလား။ မင်းက သရဲကျနေတာပဲ။ မင်း အခုလေးတင် ငါ့ရဲ့အရှေ့မှာ ရပ်နေတယ်။ အဲ့ဒီနောက် ငါ့ရဲ့အနောက်မှာ ရောက်နေတာက လူကို ကြောက်ပြီး သေသွားစေနိုင်တယ် ဆိုတာကို နားမလည်ဘူးလား”

 

ယန်ရှစ်ရွှမ်း၏ မျက်လုံးများက ညအလား မဲမှောင်နေသည်မှာ အလွန်ပြင်းထန် လေးနက်သည့် လှုံ့ဆော်မှု တစ်ခုအတွင်းသို့ ကျဆင်းလျက် အန္တရာယ်ရှိသော အခြေအနေ တစ်ခုအကြောင်း တွေး‌တောနေသလိုမျိုး ထင်ရသဖြင့် မျက်လုံးက ဓားအအား စူးရှနေသည်။ လုရှင်းရှင်းက ထိုမြင်ကွင်းကို မြင်သောအခါ တုန်ယင်သွားပြီး ထိန်းချုပ်ရန် ခက်ခဲလောက်အောင် ကြောက်သွားသည်။ သူ၏ အထွန့်တက်သော အသံဟာ တိုးသထက် တိုးလာသည်။

 

132 03

 

အချိန်အတန်ကြာပြီးမှသာ ယန်ရှစ်ရွှမ်း၏မျက်လုံးဟာ အနည်းငယ် ပြောင်းလဲသွားပြီး ကားပြတင်းမှတဆင့် လုရှင်းရှင်းသို့ ပြန်ကြည့်လိုက်သည်။ တစ်ဖက်သူသည် ပြတင်းပေါက်နား ကပ်လျက် ထိုင်နေသူ ဖြစ်သည်။

 

လတ်စသတ်တော့ သူက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေတာပဲ။ သူ့ကို ကြည့်နေတာမှ မဟုတ်ဘူးပဲ။ ထိုအခြေအနေက လုရှင်းရှင်းအား စိတ်အေးသွားစေသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ရာကို ရှာတွေ့လိုက်မိပြီး လေးနက်သော လေသံနှင့် ပြောလိုက်သည်။

 

“မင်း အခု_ _ _ကြောက်သွားတာလား”

 

လုရှင်းရှင်းသည် ယန်ရှစ်ရွှမ်း၏ မျက်လုံးထဲမှ အရယ်စွက်နေသော ခံစားချက်ကို သေချာပေါက်မြင်ကြောင်း ကျိန်ချင်သွားသည်။

 

ယန်ရှစ်ရွှမ်းက သူကို လာရယ်နေတာပဲ။

 

“မကြောက်ပါဘူး”

 

လုရှင်းရှင်းက သီးမတတ် ဖြစ်သွားပြီး ဘေးဘက်သို့လှည့်ကာ ခိုင်မြဲစွာ ပြောသည်။

 

“ငါက ဟိုင်ရွန်ဘုရားကျောင်းရဲ့ စာရင်းသွင်းထားတဲ့ တာအိုဘုန်းတော်ကြီးတစ်‌ယောက်။ ငါက ဘာကိုကြောက်ရမှာလဲ။ မင်းလို သာမာန်လည်း မဟုတ် စာရင်းလည်း မသွင်းထားတဲ့ အပြင်လူတစ်ယောက်တောင် မကြောက်တာ ငါက ဘာလို့ကြောက်ရမှာလဲ”

 

ယန်ရှစ်ရွှမ်းက ပြုံးလိုက်ပြီး ဆရာသခင်စုန့်ကဲ့သို့ လေးနက်တည်ကြည်လွန်းသော သူက ထိုမျှအထိ တက်ကြွလွန်းသော တပည့်တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းအား ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

 

သို့သော် သူက သူ၏ ဆန့်ထားသော လက်မောင်းကို သုံးလျက် လုရှင်းရှင်း၏ ကော်လံကို အသာအယာမြှောက်ကာ ပြတင်းပေါက်နားဘက်မှ ဆွဲထုတ်လိုက်သည်။

 

လုရှင်းရှင်း “...???”

 

“နေရာက ထ။ မင်း ဘာကိုမှ မမြင်နိုင်ရင်လည်း ပြတင်းပေါက်ကို ငါ့ဆီ လွှဲထားပေးလိုက်”

 

ယန်ရှစ်ရွှမ်း၏ လေသံက ယဉ်ကျေးသံပေါက်သည်။ သို့သော် အပြုအမူကမူ ကြမ်းတမ်းလွန်း၏။ လုရှင်းရှင်းအား ငြင်းဆန်ခွင့်ပင် မပေးပေ။

 

လုရှင်းရှင်းက ဒေါသထွက်သွားသည်။ သို့သော် ယန်ရှစ်ရွှမ်းကိုလည်း ဘာမှမလုပ်နိုင်ချေ။ သူ၏ နှလုံးသားထဲတွင် ယန်ရှစ်ရွှမ်းပြောသော စကားက မှန်ကန်သည်ဟု ခံစားနေရပြီးသား ဖြစ်သည်။ သူကိုယ်တိုင်လည်း ယန်ရှစ်ရွှမ်း မြင်သောအရာကို မမြင်နိုင်သဖြင့် သူ၏နေရာအား ယန်ရှစ်ရွှမ်းသို့ ပေးလိုက်သင့်သည်။

 

ဒီအတိုင်း ဘာလို့ သူ့ရှေ့က လူက သူ့ကို အရမ်းကြောက်ဖို့ကောင်းလွန်းတဲ့ မျက်နှာထားမျိုးနဲ့ လာကြည့်နေတာလဲ။

 

သူ ဘာလုပ်လို့လဲ။

 

လုရှင်းရှင်းသည်လည်း ကိုယ်ပေါ်သို့ ကျရောက်နေသည့် အလွန်အမင်း အေးစက်သော အကြည့်ကို သတိထားမိလိုက်သည်။ ထိုအကြည့်သည် အေးစက်လွန်းသဖြင့် သူ့ကို တုန်ယင်စေသည်။ မတော်တဆ ကြည့်လိုက်မိပြီးနောက် အ‌ရှေ့ဘက်မှ ရပ်နေသည့် ယဲ့လီအား မြင်လိုက်ရသည်။

 

တိုက်တိုက်ဆိုင်ဆိုင် ကားဟာ လုံလောက်အောင် လင်းသည်။ သို့သော် ယဲ့လီကမူ အရိပ်ထဲတွင် ရပ်နေလျက်သား ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်က အမှောင်ထု၏ လွှမ်းခြုံမှုကို ခံထားရသည်။ တင်းမာချောမောသည့် မျက်နှာက ရေခဲတုံးအလား အေးစက်နေသည်။ ထို့ကြောင့် သူသည် အမှောင်ထဲတွင် ရပ်နေသောကြောင့် အရိပ်ကျနေသည်လော တမင်တကာ မဲမှောင်သော အရှိန်အဝါ လွှင့်ထုတ်ထားသည်လော ပြောရန်ခက်ခဲစေသည်။ လုရှင်းရှင်းသည် မူလကမူ ပြန်လည်ပြီး စူးစိုက်ကြည့်လိုက်ချင်သည်။ သို့သော် သူ၏စိတ်ဝိဉာဉ်က သူ့ထက် ခြေလှမ်းသာသွားသဖြင့် စူးရှစွာ အော်ဟစ်ပြီး ယန်ရှစ်ရွှမ်းနှင့် ဝေးရာဘက်သို့ တိတ်တဆိတ် ကြုတ်သွားလိုက်ရသည်။

 

ထို့နောက် တစ်ခဏတွင် အေးစက်သော ခံစားချက်က ပျောက်ကွယ်သွားသည်။

 

လုရှင်းရှင်း “?”

 

.....

 

လေထန်လမ်းမှ တဆင့် တောင်နှစ်တောင်ပေါ် တက်ကာ ကျော်ြဖတ်ပြီးနောက်တွင် ကမ်းစပ်နားသို့ မရောက်ခင် ဝန်ဆောင်မှုပေးသော နယ်မြေငယ်လေး တစ်ခုအဖြစ် သတ်မှတ်ထားသည့် ကြီးမားသည့် ကွင်းပြင်ငယ်ကြီးကို တွေ့လိုက်ရသည်။ ထို‌နေရာက ယာဉ်အသွားအလာ များသောကြောင့် အချင်းချင်း တိုက်မိမည့် အခြေအနေမှ ရှောင်ရှားရန် ယာယီပါကင်ထိုးသော နေရာတစ်ခုလည်း ဖြစ်သည်။ ဂတ်စ်ဆိုင်ကဲ့သို့ အိမ်သာ စသဖြင့် ဝန်ဆောင်မှုများလည်း ရရှိလေသည်။

 

132 04

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို အစောပိုင်းကတည်းက ခေါ်ထားပြီး လေထန်လမ်းမှ ထွက်ခွာပြီးနောက် ယာယီအားဖြင့် ရပ်တန့်ရန် ပြောထားပြီးသား ဖြစ်သည်။

 

“ယန်ကော ဘာဖြစ်လို့လဲ ပင်ပန်းနေလို့လား”

 

ကျန်းဝူပင်းက အပြေးလာပြီး ထူးဆန်းသော ပုံစံမျိုးနှင့် ပြောသည်။ သို့သော် မှန်ကန်သော အဖြေကို ချက်ချင်းလိုလို ရလိုက်၏။

 

“ဒါပေမဲ့ နာရီအနည်းငယ် ကြာသွားပြီ မဟုတ်လား။  ငါလည်း တိုက်တိုက်ဆိုင်ဆိုင် အိမ်သာ သွားချင်နေတယ်။ ဒီမှာ ဂတ်စ်ဆိုင်ရှိတယ်ဆိုတော့ ဂတ်စ်လည်း ဖြည့်လို့ရတာပေါ့”

 

ထိုသို့ပြောပြီးနောက် ကျန်းဝူပင်းက ယာယီအားဖြင့် အဓိကဖန်သားပြင်အား ရှုခင်များဘက်သို့ ပြောင်းထားလိုက်သည်။ ဧည့်သည်များကလည်း ကားထဲမှထွက်ပြီး အကြောအချဉ် ဆန့်ကြသည်။

 

“ဒီရွာက ဘယ်အပိုင်လဲ။ နောက်ပြီး ဦးတည်ရာနဲ့ ဘယ်လောက်ဝေးသေးလဲ”

 

ယန်ရှစ်ရွှမ်းက အေးစက်စွာ မေးသည်။

 

ယန်ရှစ်ရွှမ်း၏အသံကို ကြားသောအခါ ကျန်းဝူပင်းက တိုးဂိုက်ကားထဲသို့ ခပ်မြန်မြန် ပြန်သွားပြီး တိုးဂိုက် မိတ်ဆက်စာအုပ်ကို ခပ်မြန်မြန် ပြန်သွားယူသည်။ သူသည် ထိုစာအုပ်အား ရှိုးပွဲမစတင်ခင်ကတည်းက လုပ်ထားပြီးသား ဖြစ်သည်။

 

သူသည် ထိုစာအုပ်အား ယန်ရှစ်ရွှမ်းသို့ မပေးရဲသော်လည်း သူသာ ပေးလိုက်လျှင် ယန်ကောက လွှင့်ပစ်ပြီး အိပ်လောက်သည်ဟု ခံစားမိသည်။ ထို့အပြင် ကင်မရာအရှေ့တွင် ထိုင်ဖတ်ပြမည်လည်း မဟုတ်ချေ။

 

“ကြည့်ရတာ ဒီအနီးအနား ဝန်းကျင်မှာ လူတွေ နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ လူတွေ မတွေ့ရတော့ဘူး။ နောက်ပြီး အဲ့ဒီတစ်ရွာလုံးက နေရာ ပြောင်းသွားတာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒီနားဝန်းကျင်မှာ ကလန်တူတဲ့ ရွာ ခုနှစ်ရွာ၊ ရှစ်ရွာလောက် ရှိတယ်။ ဒီကလန်ရဲ့ နာမည်က ယန်လေ။ နယ်မြို့တစ်ခုလုံးမှာတောင် လွှမ်းမိုးမှု တော်တော်ကြီးတဲ့ပုံပဲ။ နောက်ပြီး အခြားကလန်တွေလည်း ရှိသေးတယ်။ ဒီရွာက လူတွေက အနီးအနားရွာက လူတွေနဲ့ပဲ လက်ထပ်ကြတာ။ ဆို‌တော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အချင်းချင်းပဲ ပြန်လည် လက်ထပ်ကြတာပေါ့။ မြို့ရိုးနာမည် ယန် အမည်ရှိတဲ့ ရွာဆယ်ရွာကျော်လောက် ရှိသေးတယ်။ အားလုံးက ဒီကလန်တစ်ခုတည်းကပဲ။ ပြည်နယ်မှတ်တမ်း စာအုပ်တွေထဲမှာတောင် ဒီအကြောင်းအရာက ရှိတယ်။ နောက်ပြီး ဒီပတ်ဝန်းကျင်က folk ယဉ်ကျေးမှုကလည်း ယန်တွေရဲ့ လွှမ်းမိုးမှုကို ခံရတယ်။ ယန်ကလန်နဲ့ ယန်တွေရဲ့ အဓိက ဘိုးဘေးခန်းမထဲမှာ ရာထူးမြင့် ပုဂ္ဂိုလ်တွေ ရှိတယ်”

 

ကျန်းဝူပင်းက သူ၏မိတ်ဆက်စာအုပ်ကို ခပ်မြန်မြန် လှန်ပြီးနောက် ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“ငါတို့ ဒီတစ်ကြိမ်သွားမဲ့ ကျားကျစ်ဖန်းရွာက တိုက်တိုက်ဆိုင်ဆိုင် ယန်ကလန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ မြေမျက်နှာသွင်ပြင်ရဲ့ တည်နေရာအရဆိုရင် အဓိကအဖွဲ့ဝင်တွေ နေတဲ့နေရာမှာပဲ”

 

“လူကြီးမင်းယန် _ _  _”

 

ယန် _ _ _

 

ယန်ရှစ်ရွှမ်းက ထိုစကားကို ထပ်ခါတလဲလဲ ရေရွတ်ကြည့်သည်။

 

သူသည်လည်း ယခင်က သူ့ကို မနက်စာဆိုင်ပိုင်ရှင် ပြောသော စကားကို မှတ်မိပါသေးသည်။ လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ဆိုင်ပိုင်ရှင်နှင့် ဇနီးဖြစ်သူက တောင်ပိုင်းရွာမှ မြောက်ပိုင်းသို့ တောက်လျောက် ထွက်ပြေးခဲ့သည်။ သူတို့သည် ပင်းဟိုင်မြို့သို့ မရောက်မချင်း မရပ်တန့်ခဲ့ချေ။ အကြောင်းမူကား အနီးအနားရှိ ရွာများကလည်း ကလန်တူနေသောကြောင့် ပြန်ခေါ်မည့် အခြေအနေကို ကြောက်ခဲ့၍ ဖြစ်သည်။

 

ထိုသူဌေးနှင့် ဇနီးဖြစ်သူက ကလန်တစ်ခုထဲမှ ဖြစ်သော်လည်း ရွာမတူချေ။ မျိုးရိုးနာမည် တူရုံသာ ဖြစ်သည်။ နောက်ပြီး မျိုးရိုးနာမည်က ယန်။

 

ယန်ရှစ်ရွှမ်းက စကားပြော ရပ်တန့်လိုက်သည်။ သူသည် ကွင်းပြင်အစွန်းနားတွင် ဒီအတိုင်း ရပ်လျက် ခေါင်းကိုငုံံ့ကာ အောက်ဘက်တွင် မြင်နေရသည့် သိပ်သည်းသော မြူကို ကျော်ဖောက်လျက် ဂူသင်္ချိုင်းများကို မြင်ချင်သလိုမျိုး စိုက်ကြည့်နေသည်။

 

ကျန်းဝူပင်း၏ စကားလုံးများက ပတ်ဝန်းကျင်နယ်မြေများက ယန်ကလန် ရွာအပိုင်များသာ ဖြစ်ကြောင်း သတိထားမိသွားစေသည်။ ထို့အပြင် သူတို့သည် လူပမာဏများသည်။ ဘိုးဘေးအုတ်ဂူများ တည်ဆောက်သည့် အလေ့အကျင့်လည်း ရှိသည်။ ထို့ကြောင့် ယန်မိသားစု၏ ဘိုးဘေးအုတ်ဂူသာ မှန်ကန်နေခဲ့သော် သို့မဟုတ် ရွာဂိုဏ်းခွဲတစ်ခု၏ အုတ်ဂူများသာ ဖြစ်နေခဲ့‌သော် အောက်ဘက်တွင် ရှိနေမည့် အရိုးအရေအတွက်က ကိုင်တွယ်ရ ခက်ခဲလွန်းလောက်အောင် ကြီးမားများ ပြားလွန်းနေလောက်သည်။

 

ပြဿနာတစ်ခုက ရှိသည်။ သူတို့သည် မကိုင်တွယ် ရသေးချေ။ ထို့အပြင် လက်ရှိအခြေအနေတွင် မည်သည့်ပြဿနာမှ ရှိနေသေးပုံ မပေါက်သော်လည်း တိမ်ဖုံးသည့်လက ပေါ်ထွက်လာသောအခါ ထိုလတစ်ခုလုံးက နေကို လွှမ်းခြုံသွားနိုင်သည်။ ရာသီဥတုကလည်း မျက်နှာသာ ပေးလျှင်၊ တည်နေရာကလည်း မျက်နှာသာ ပေးနေလျှင် အလောင်းကိုပင် ရှာနိုင်လောက်သည်။

 

******