Ch 133
Viewers 6k

133 01

 

အပိုင်း(၁၃၃)

 

သို့ရာတွင် ဖြတ်သန်းစီးဆင်းနေသည့် သိပ်သည်းလွန်း‌သော မြူထုမှမှတဆင့် ယန်ရှစ်ရွှမ်း၏ ပြောင်မြောက်ထူးချွန်သော စွမ်းအားနှင့်ပင် အောက်ဘက်တွင် ရှိနေသော ဖြူဖျော့သည့် အရိုးများကိုသာ တွေ့လိုက်ရသည်။ ဒါဟာ အလားတူသော သဲလွန်စလော သို့မဟုတ် အုတ်ဂူလော ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးချေ။

 

“ယန်ကော ငါတို့ မြန်မြန်သွားရမယ် ထင်တယ်။ သိပ်မကြာခင်မှောင်တော့မှာ။ လမ်းရဲ့အခြေအနေက ရှုပ်ထွေးပြီး လမ်းလျှောက်ဖို့ ခက်တယ်”

 

ယာဉ်တန်းတစ်ခုလုံးကို တိုက်ရိုက်စီစစ်ပြီးနောက် ကျန်းဝူပင်းက ပြန်လာပြောသည်။

 

“ဒီအနီးအနားဝန်းကျင်မှာ ဘာရွာမှ ရှိတာမဟုတ်ဘူး။ တောင်တန်းထဲမှာလည်း တစ်ညတာ ကုန်ဆုံးလို့ မရဘူးလေ”

 

ယန်ရှစ်ရွှမ်းက စိတ်လွတ်လက်လွတ် ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် သူကလွဲပြီး ဧည့်သည်များအားလုံး ကားပေါ်သို့ ပြန်တက်ပြီးမှသာ အောက်ဘက်မှ အကြည့်လွှဲလျက် ကားပေါ်သို့ လှမ်းတက်လိုက်သည်။

 

ယဲ့လီ၏ အေးစက်သော မျက်လုံးက ကားပြတင်းပေါက် အပြင်ဘက်တွင် သိပ်သည်းလွန်းသော မြူထုကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မြင်နိုင်စွမ်းအားမှတဆင့် သိပ်သည်းသော မြူထုများအတွင်းမှ အဖြူရောင်အလင်းတန်းများ၏ ဖြန့်ကျက်ထားမှုကို မြင်ရသည်။

 

ထိုသေးသွယ်သည့် အဖြူရောင်အရာလေးများက ရုတ်တရက် တောင့်ခဲသွားမှုဖြင့် ကြောက်လန့်မှုဖြင့်  တုန်ယင်သွားကာ ရှေ့ဆက်မတိုးရဲကြချေ။ ကားက ထွက်ခွာသည်။  ယာဉ်တန်းဟာ ထွက်ခွာပြီ ဖြစ်သည်။

 

 ဧည့်သည်များက တစ်ဖန်ပြည်လည်ပြီး တက်ကြွသွားပြန်သည်။

 

ယန်ရှစ်ရွှမ်းကလည်း မျက်မှောင်ကို ဆက်တိုက်ကျုံ့ထားပြီး ပြည်နယ်လမ်းမှ ကားက အလုံးစုံ ထွက်သွားနိုင်သည်အထိ တောက်လျောက် နောက်ပြန်ကြည့်နေခဲ့သည်။ ထိုသို့ဖြင့် ဇလုံးကြီးတစ်လုံးလိုမျိုး ဝိုင်းထားသည့် တောင်တန်းများကို မမြင်ရတော့မှသာ အကြည့်ကို ရုတ်သည်။

 

ဝူး ဝူး ဝူး

 

တိတ်ဆိတ်သော တောင်တောအုပ်ထဲတွင် လဒတစ်ကောင်က ကြီးမားသော တောင်ပံကြီးကို ဖြန့်ထားပြီး သိပ်သည်းသော မြုထုကို ဝိုင်းပတ်ကာ ပျံသန်းလျက် ထွက်လာသည်။ ထို့နောက် ယခုလေးတင် ယာဉ်တန်းရပ်သွားခဲ့သည် ဂတ်စ်ဆိုင်အမိုးပေါ်တွင် နားလိုက်သည်။ သူ၏ကျောကုန်းမှ ဖြာထွက်နေသည့် ဖြန့်ထားသော  တောင်ပံကြီးတွင် မှိုများပင် တက်နေသည်။ သူသည် အလုံးစုံ ဖြူဖွေးသော မျက်လုံးမျိုးဖြင့် ထွက်ခွာသွားသော ယာဉ်တန်းရှိရာသို့ လှမ်းကြည့်နေသည်။

 

သိပ်သည်းသော မြူထုထဲတွင် မရေမတွက်နိုင်သည့် အော်ဟစ်သံများလည်း ရှိသည်။ ထိုအသံများဟာ အရိုးများက မြေပြင်နှင့် ရိုက်ခတ်ခြင်း၊ သစ်သားနှင့် အချင်းချင်း ပွတ်နေခြင်းဖြင့် ထွက်လာ‌သော အသံမျိုးနှင့် တူသည်။ ရုတ်တရက် ကျောက်ကမ်းပါး အောက်ဘက်မှ ဖြူဖျော့လွန်းသည့် အသားမဲ့သော လက်ဝါးတစ်ဖက်က ဖောက်ထွက်လာပြီး လမ်းအစွန်းနားရှိ မြေဆီလွှာကို လှမ်းကိုင်လိုက်သည်။

 

ချက်ချင်းဆိုသလိုပင် အရိုးသာ ကျန်ရစ်သည့် ခေါင်းတစ်လုံးကလည်း အဝေးတစ်နေရာရှိ အစွန်းနားမှ ပြူထွက်လာပြီး မြူထုကို ဖောက်ထွက်လာသည်။

 

ဦးခေါင်းခွံအတွင်း အရိုးသာ ပြည့်နှက်နေသောကြောင့် ဟောင်းလောင်းပေါက် ဖြစ်နေသည့် အနက်ရောင် မျက်စံခွက်ထဲမှ သေးသွယ်သည့် အဖြူရောင်လောက်များက တွန့်လိမ်ပြီး ပြုတ်ကျလာသည်။ မြေပြင်ပေါ်သို့ ရောက်သွားသောအခါ ခပ်မြန်မြန် ကုန်းတက်လာသည့် အရိုးသာကျန်သော ခြေထောက်၏ လျင်မြန်စွာ နင်းခြေမှုကို ခံရသည်။

 

ချောက်ကမ်းပါး ဘေးဘက်တွင် မရေမတွက်နိုင်သည့် အရိုးပေါင်းများစွာက ကျောက်သားများပေါ်သို့ ကုန်းတက်လာကြသည်။ သူတို့သည် အရိုးလက်များဖြင့် ချောက်ကမ်းပါးကို ဖိကိုင်ပြီး ကုန်းတက်နေကြခြင်း ဖြစ်သည်။

 

သူတို့သည် ဖြူဖွေးသော အရိုးစု ဖြစ်နေသောကြောင့် သိပ်သည်းသော မြူထုထဲသို့ ရောနှောပျောက်ကွယ် နေလေရာ မည်သည့်အပိုင်းက အရိုးလော၊ မြူထုလော ဖယ်ရှားရန် ခက်ခဲလာသည်။

 

ချောက်ကမ်းပါး အောက်ဖက်တွင် ဇလုံကဲ့သို့ နေသည့် မြေမျက်နှာသွင်ပြင် အနေအထား တစ်ခုလုံးကို အဖြူရောင်မြူထုများက သိပ်သည်းစွာ လွှမ်းခြုံ ပေးထားလေသည်။ ထိုသို့ဖြစ်နေသော နေရာအနှံ့ အရိုးများ အပြည့်အနှက် ရှိလေသည်။ သူတို့သည် သူတို့၏လက်များကို အပေါ်သို့ ဆန့်ထုတ်ရင်း အောက်မေးရိုးများက ပိတ်လိုက်ဖွင့်လိုက် ဖြစ်ကာ တဂတ်ဂတ်ရိုက်သံမျိုးကို ထုတ်လွှင့်နေသည်မှာ တစ်စုံတစ်ရာကို စိုးရိမ်တကြီး အော်ဟစ်လိုသော်လည်း အသွေးအသားများ မရှိသောကြောင့် အော်ဟစ်နိုင်စွမ်းရည် မဲ့နေပုံသည်ရသည်။ ထို့နောက် ပါးစပ်ကိုသာ ဖွင့်ရင်း လောကကြီးကို အထွန့်တက်နေပုံ ပေါ်လေသည်။

 

မြေဆီလွှာအတွင်းမှ အရိုးများ၏ ကုန်းတက်လာသော အသံများက ထပ်မံပြီး ထွက်လာသည်။ ထိုသို့ဖြင့် ခေါင်းမဲ့သော အရိုးများက တစ်စစီ လွှင့်ပြယ်လျက် ပေါ်လာသည်။

 

133 02

 

ထို့သို့ဖြင့် အရိုးဖြူတစ်ခုပြီးတစ်ခုက ချောက်ကမ်းပါးပေါ်သို့ ကုန်းတက်လာနိုင်ပြီး တဖြည်းဖြည်း မဲမှောင်လာသည့် ကောင်းကင်အောက်တွင် သူတို့သည် တောင်တက်လမ်းပေါ်သို့ သူတို့သည် တဖြည်းဖြည်းချင်းစီ တက်လျှောက်လာသည်။ သူတို့၏ ကိုယ်မှ ကျဆင်းလာသော အဖြူရောင်လောက်များကလည်း အပိုင်းပိုင်းအစစ ဖြစ်သည်အထိ နင်းခြေခံထားရသည်။

 

ဟူး

 

ကားသည် နယ်လမ်းမှတဆင့် ကွေ့ကောက်စွာ မောင်းနှင်ရင်း လေထန်တောင်တက်လမ်းပေါ်သို့ တစ်ဖန်ပြန်လည် ဦးတည်ရပြန်သည်။

 

ကားမောင်းသမား၏ မျက်နှာက နီနေသည်။ မျက်လုံးများက ဝေဝါးလာသဖြင့် မကြာခဏဆိုသလို အိပ်ငိုက်နေလေသည်။ ထို့ကြောင့် သူသည်လည်း ကျယ်လောင်သော သီချင်းကိုပင် ဖွင့်ထားရသေးသည်။ အနီးအနားရှိ ရွာများကမူ မူးနေသော ယာဉ်မောင်းတစ်ယောက်က မောင်းနေသော ကားဟုပင် ထင်လောက်သည်။

 

ရုတ်တရက် ဘန်းကနဲ အသံနှင့်အတူ ကားက တစ်စုံတစ်ရာကို တိုက်လိုက်မိပြီး ထိုအရာက ထွက်ပြေးသွားပုံ ပေါ်သည်။ ထို့ကြောင့် ကား၏ကိုယ်က ယမ်းခါသွားပြီး ကားမောင်းသမားကလည်း အိပ်ငိုက်ရာမှ နိုးထလာသည်။ ထို့နောက် သူသည် တစ်စုံတစ်ရာကို တိုက်လိုက်မိကြောင်း သတိထားလိုက်မိသည်။

 

မူးနေသည့် ထိုယာဉ်မောင်းက သူ၏ခါးပတ်ကို ခပ်မြန်မြန် ချွတ်ပြီး ကားထဲမှ ထွက်ကာ စစ်ကြည့်ချင်နေသည်။ သို့ရာတွင် သူသည် ကားတံခါးကို အဟရာတစ်ခု ပေါ်ရုံလောက် ဖွင့်ပြီးချိန်တွင် အရိုးက ကားအခွံကို ထုရိုက်သလို ကလစ်ဆိုသော အသံမျိုးကို ကြားလိုက်ရသည်။

 

သူက စိတ်ငြိမ်သွားပြီးချိန်တွင် ကားဘောင်‌ပေါ်သို့ တင်ထားသည့် အရိုးလက်တစ်ဖက်ကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ၏မြင်ကွင်းထဲတွင် မည်သည့်အသွေးအသားမှ မရှိသည့် ခေါင်းကြီးက ပေါ်လာသည်။ ထိုခေါင်းကြီးဟာ ရှင်းလင်းကာ ဗလာဖြစ်နေသည့် စူးစိုက်ကြည့်လာသည်။

 

ယာဉ်မောင်းက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်။ သူ မူးသောကြောင့် ထင်ယောင်ထင်မှား မြင်နေသည်ဟု ယူဆပြီး မျက်လုံးကိုပင် ပွတ်ကာ ကြည့်လိုသည်။ သို့သော် သူက ကိုင်ထားသည့် ကားတံခါးက ကျွီကျွီအသံမျိုးနှင့် တစ်စုံတစ်ယောက်က သူ့ကို လှမ်းရိုက်နေသလို အသံမျိုးက ထွက်လာသည်။ ထို့နောက် အပြင်ဘက်မှ ဆွဲဖွင့်ခံရရင်း ဘေးတံခါးက ပွင့်သွားသည်။

 

ယာဉ်မောင်းက တုန်ယင်စွာဖြင့် လှည့်ကြည့်လိုက်သောအခါ ကားအောက်ဘက် မြေကြီးထဲမှတဆင့် အရိုးခြေ‌ထောက်ကြီး တစ်ဖက်ကို မြင်လိုက်ရပြန်သည်။

 

သူဟာ တံတွေးကို မျိုချလိုက်၏။ သူ၏တစ်ကိုယ်လုံးများက ချွေးစေးများ စိုချွဲနေပြီ ဖြစ်သည်။ သို့တိုင်အောင် မနေနိုင်ဘဲ မော့ကြည့်လိုက်မိပြန်သည်။

 

အမှောင်ထု၏ သိပ်သည်းသော မြူထုအတွင်း ပြတင်းပေါက်မှတဆင့် မြင်လိုက်ရသည်မှာ ဖြူဖွေးပြီး တွန့်လိမ်နေသည့် လောက်ကောင်များက ကားမှန်ပေါ်သို့ တ‌ရွေ့ရွေ့ တက်နေပုံဖြစ်သည်။

 

ထို့အပြင် ထိုခြေထောက်ပိုင်ရှင်က ခန္ဓာကိုယ် တစ်ဝက်ခန့်သာ ရှိပြီး အပေါ်ပိုင်းက ပျောက်နေပုံ ရသည်။ သူ၏ကားရှေ့ဖုံးပေါ်တွင်လည်း ကား၏ကိုယ်ထည်ကို လှမ်းကိုင်ထားသည့် အရိုးလက်များ ရှိနေသည်။ သူတို့သည် ကားပြတင်းပေါက်ထံ တရွေ့ရွေ့လာချင်နေပုံပေါ်သည်။

 

သူ အရိုးကို တိုက်လိုက်မိတာများ ဖြစ်နေမလား။

 

ယာဉ်မောင်းက အလွန်ထိတ်လန့်သွားပြီး အမူးပင် ပြေသွားသည်။

 

သူသည်ပင် မှင်သက်နေသည်။ သူ၏တစ်ကိုယ်လုံးက ကျောက်တုံးအလား တောင့်တင်းလေရာ မလှုပ်နိုင်တော့ချေ။ သူသည် တံခါးကို ပိတ်ချင်သည်။ သို့သော် သူ၏လက်က တောင့်တင်းလွန်းသဖြင့် ထိန်းချုပ်မှုပင် လွတ်မတတ် ဖြစ်နေသည်။ သူက ထွက်ပြေးလိုသော်လည်း ခြေထောက်များက ထုံထိုင်းနေပြီး မပြေးနိုင်တော့ချေ။

 

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲရှိ အဆစ်အမြစ်များ၊ အရိုးများထံမှ လာသည့် တကျွီကျွီ မြည်သံကိုပင် ကြားနေရသည်။

 

ယာဉ်မောင်းက ထိုအရိုးစု နီးကပ်သထက် နီးကပ်လာသော မြင်ကွင်းကို ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

 

“အား”

 

_ _ _

 

ယာဉ်တန်းက လေထန်တောင်ပေါ်လမ်းပေါ်မှ ထွက်ခွာလာပြီးနောက် သူတို့ ဦးတည်သော နယ်လမ်းပေါ်သို့ အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့သည်။

 

အချိန်က မှောင်နေပြီ ဖြစ်သည်။ အသင်းသည်လည်း ကားမီးကို ဖွင့်ထားရ၏။ နူးညံ့ကာ တောက်ပသော အလင်းအောက်တွင် ဧည့်သည်များက ဂိမ်းများကစားရင်း စိတ်အေးပေါ့ပါးသည့် သာယာဖွယ်ကောင်းသည့် လေထုအခြေအနေကို ထုတ်လွှင့်နေသည်။

 

သို့ရာတွင် အဆင့်အတန်းမြင့်သည့် ခရီးသွားကား၏ ကောင်းမွန်လွန်းသည့် အသံလုံပြတင်းပေါက်များက အပြင်ဘက်မှ အသံတိုင်းကို ပိတ်လှောင်ထားသည်။

 

133 03

 

“ဝူး ဝူး”

 

“ဝူး ဝူး”

 

သူတို့ကို ဖြတ်ပြီး တိုက်ခိုက်လာသည့် လေ၏ တိုက်ခတ်သံက တစ္ဆေငြီးသံလိုမျိုး အသံမျိုး ဖြစ်နေသည်။ ဘေးလမ်းဘေး တစ်ချက်တစ်ချက်ချင်းစီတွင်လည်း လူသူရှင်းလင်းသော ကွင်းပြင်ရှိနေသည်။

 

ထို့နောက် သစ်ကိုင်းခြောက်များအား ဖြူဖျော့လွန်းသည့် အရိုးခြေထောက်တစ်ဖက်က ဆောင့်နင်းလိုက်သောအခါ ကွဲအက်သံက ထွက်လာသည်။ ထိုအရိုးသည် အသွေးအသားများ မရှိတော့ချေ။ အနိမ့်အမြင့်ပင် မတူသည့် ခြေထောက်တစ်ဖက်စီက လယ်ကွင်းထဲတွင် လမ်းလျှောက်နေသည်။ သူ၏ရှင်းလင်းကာ ဗလာကျင်းနေသည့် မျက်အိမ်အတွင်းမှ မရေမတွက်နိုင်သော သွယ်လျသည့် အဖြူရောင်လောက်များက ဆင်းသက်လာသည်မှာ ပင်လယ်ပြင်များတွင် ကူးခတ်နေသည့် အဖြူရောင် ရေညှိပင်များအလားပင် ထင်ရသေးသည်။

 

အရိုးစုများသည် လှုံ့ဆော်နေသော တစ်စုံတစ်ရာ၏ အနံ့ကို ရနေသလိုမျိုး ယာဉ်တန်းက သွားသည့်လမ်းကြောင်း အနောက်က လိုက်သွားကြသည်။ ထိုသို့ဖြင့် တောတွင်းကို ကျော်ဖြတ်လျက် လိုက်လာကြသည်။

 

ညအချိန် ရောက်လာသည်။ အကန့်အသတ်မဲ့အောင် ကျယ်ပြောသည့် တောတွင်းနှင့် မှောင်မဲကာ နိမ့်ကျနေသည်ဟု ထင်ရသော ကောင်းကင်အောက်တွင် ယာဉ်တန်း၏မီးရောင်ကသာ တဖြောင့်တန်း တောက်လျောက် လင်းထိန်လျက် ရှေ့ဆက်သွားနေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် အမှောင်ထု၏ အနက်ရှိုင်းဆုံးအပိုင်း အတွင်းသို့ တိုးဝင်သွားလေသည်။

 

အမှောင်ထဲတွင် ရုပ်ဖျက်ထားသော သားရဲတစ်ကောင်က အနက်ရောင် ပါးစပ်ကြီးကို ဟလျက် သားရဲကောင် ဝင်လာမည့် အခိုက်အတန့်ကို စောင့်နေသည့်အလားပင် ထင်ရသေးသည်။

 

ဦးတည်ရာဖြစ်သည့် ကျားကျစ်ဖန်းရွာသို့ ရောက်လုနီးပါး အချိန်တွင် ယာဉ်မောင်းက ရုတ်တရက် ပြောသည်။

 

“ဟင်”

 

ထို့နောက် ထူးဆန်းစွာနှင့် ကျန်းဝူပင်းကို လှည့်ပြောသည်။

 

“ဒါရိုက်တာ ရှေ့က လမ်းက ပိတ်ထားသလိုပဲ။ အရှေ့မှာ လမ်းပိတ်ထားတဲ့ အတုံးတွေကိုတောင် တွေ့ရတယ်”

 

လင်းထိန်စွာ ဖွင့်ထားသည့် လမ်းမီးများ၏အောက်တွင် ဝေးကွာနေသော လမ်းတစ်ဖက်ခြမ်းတွင် တားထားသည့် သတ္တုတုံးကြီးများက မီးအလင်းရောင်အောက်တွင် အေးစက်ပြောင်လက်နေသည်။

 

ကျန်းဝူပင်းသည်လည်း ယာဉ်မောင်းပြောသော စကားကို ကြားသောအခါ လည်တိုင်ကို ဆန့်ပြီး အဝေးသို့ ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ ထိုအခါမှသာ ယာဉ်များကို ပိတ်ထားသည့် ရိုးရှင်းသည့် လမ်းပိတ်တုံးကြီးကို မြင်လိုက်ရသည်။ ထို့အပြင် စွန့်ပစ်စက်ရုံ၏ အပြင်ဘက်တွင် ခတ်ထားတတ်သည့် တန်ကြေးထူထဲလွန်းသော သံဆူးကြိုးများနှင့် လုပ်ထားသော ခြံစည်းရိုးတစ်မျိုးကိုပင် မြင်ရသေးသည်။ ထိုသို့ဖြင့် အတန်အသင့် ကျယ်ပြောလွန်းသော လမ်းတစ်ခုလုံးဟာ အလုံပိတ်ခံထားရသည်။ ထိုအမြင့်ဟာ တစ်မီတာပင် ကျော်လေရာ လူဝင်သွားနိုင်ရန် သို့မဟုတ် ဖောက်ဝင်မသွားနိုင်ရန် တားဆီးထားလေသည်။

 

ဒါဟာ အစိုးရက သတ်မှတ်ထားသည့် သာမာန်လမ်းပိတ်တုံးများနှင့် မတူညီချေ။ ပိတ်ဆို့တားဆီးထားမှုက ရှေ့ဘက်ရှိ လမ်းတစ်ခုလုံးကို ပိတ်ထားသည်နှင့် ပိုတူနေခဲ့သည်။ ထို့အပြင် သံချေးတက်နေသော အသုံးမပြုတော့သည့် ဝါယာကြိုးများနှင့် သံမဏိကြိုးများကို ပုံကာကြိုးချည်ထားပြီး ခြံစည်းရိုးတစ်ခု လုပ်ထားရုံသာ မကသေးလေဘဲ လယ်ယာသုံးပစ္စည်းများပင် ပါသေးသည်။ အခြားသော ပရိဘောဂပစ္စည်းများကိုပင် ထည့်သွင်းကာ လမ်းအနှံ့ ချထား၏။

 

ကျန်းဝူပင်း၏ သူ၏ဖုန်းမှ မြေပုံဆော့ဝဲလ်ကို ခပ်မြန်မြန် ကြည့်လိုက်သောအခါ လမ်းပိတ်သည်နှင့် ပတ်သက်သည့် အချက်အလက်ကို မတွေ့ရချေ။ ထို့ကြောင့် မနေနိုင်ဘဲ စိတ်ရှုပ်ထွေးသွားရသည်။

 

“မဟုတ်လောက်ပါဘူး လမ်းပိတ်ထားရင် မြေပုံမှာ ပေါ်သင့်တာလေ။ အရာရှိကလည်း အဲဒီကို မသွားနိုင်ဘူးလို့ မပြောထားပါဘူး။ ဒါက ဘာဖြစ်တာလဲ”

 

အတွေ့အကြုံရှိသော အချို့ဝန်ထမ်းများက ခန့်မှန်းချက်ပေးကြသည်။

 

“သူတို့က လမ်းပိတ်ပြီး ပိုက်ဆံတောင်းတာများလား။ ဒီနယ်မြေက ရွာအများစုက သူတို့ရဲ့ရွာတွေကို ဖျက်ပြီး ဆောက်ထားတဲ့ အစိုးရရဲ့လမ်းတွေကို ဒီလိုပဲ ပိတ်ထားတတ်တယ်။ အပြင်လူတွေက ပိုက်ဆံမပေးရင် ဝင်ခွင့်ပြုမှာ မဟုတ်ဘူး”

 

“ဒီလိုလမ်းမျိုးက လမ်းရဲ့တည်ဆောက်ပုံကြောင့် ဒါမှမဟုတ် အနီးအနားက အန္တရာယ်တွေကြောင့် တရားဝင်ဖွင့်တာတော့ မဟုတ်ဘူးလေ။ ဒီတော့ ဆော့ဝဲလ်တွေကို upload မလုပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ မရှာတွေ့တာကလည်း ပုံမှန်ပါပဲ။ တောင်တန်းတွေထဲမှာ ရှိတဲ့ ရွာတွေကို ဖြတ်သန်းပြီး တည်ဆောက်ထားတဲ့ ဒီလိုလမ်းလိုလမ်းမျိုးကို ကြိုမသိဘဲ ဖြတ်သန်းဖို့က ခက်ခဲတယ်”

 

ဒီရှိုးမတိုင်ခင်အထိ ယခုလို ခရီးသွားခြင်း မရှိသော ကျန်းဝူပင်းကဲ့သို့ အကြီးအကဲများ၏ စောက်ရှောက်မှုကို ခံထားရသော လူငယ်လေးဟာ ရုတ်တရက် အံ့ဩသွားသည်။

 

133 04

 

“အာ ဒီလိုလဲ ဖြစ်နိုင်တာပဲလား။ ဒီလိုကိစ္စမျိုး ရှိတာလား”

 

“ဒါပေမဲ့”

 

ထိုဝန်ထမ်းအဖွဲ့ဝင်က ကားဘေးဘက်ရှိ ပြတင်းပေါက်နားသို့ ကပ်လာပြီး အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက်တွင် လမ်းပိတ်တုံးနားတွင် စောင့်ကြည့်သောသူ မရှိကြောင်း တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။ 

 

“ဒါပေမဲ့ ဒီနေရာမှာ ဘာလို့ ပိုက်ဆံကောက်ဖို့ စောင့်နေတဲ့သူ မရှိတာလဲ”

 

ယာဉ်မောင်းကလည်း ခပ်မြန်မြန်ပြောသည်။

 

“ဒါရိုက်တာ ရွာကသာ ပိုက်ဆံတောင်းဖို့ လမ်းပိတ်ထားတာဆိုရင် ငါတို့ကားကို မြန်မြန်ရပ်သင့်တယ်။ ငါ ငယ်ငယ်တုန်းက ဒီလိုလမ်းပိတ်တဲ့ အခြေအနေမျိုးကို ကြုံဖူးတယ်။ နောက်ပြီး လမ်းအနှံ့မှာ သံတွေ ချထားတာလေ။ ဒါကြောင့် ကားက ဖြတ်သွားတဲ့အချိန်မှာ ကားလည်း အပိတ်ခံရတယ်။ အတင်းဖြတ်သွားမယ်ဆိုရင်လည်း ဘီးပေါက်သွားဦးမှာပဲ။ နောက်ပြီး လမ်းလျှောက်သွားဖို့ကလည်း မဖြစ်နိုင်လောက်ဘူး။ အချိန်က အရမ်းမှောင်နေပြီဆိုတော့ သံရှိမရှိလည်း မသိနိုင်ဘူးလေ။ ဒါပေမဲ့ ဒီနားမှာ ပြင်ဆိုင်လည်း ရှိမှာမဟုတ်ဘူး။ ဘီးကသာ အမှန်တကယ် ပေါက်သွားခဲ့ရင် ဒုက္ခများလိမ့်မယ်”

 

သို့သော် မည်သို့ပင်ဆိုစေ အခြေအနေက ယခုလိုဖြစ်နေလေရာ ရှေ့ဆက် ဖြတ်နိုင်စွမ်းရည် မရှိတော့ပါချေ။ ကျန်းဝူပင်းက နောက်ဘက်မှ ကားကို ခပ်မြန်မြန် ဖုန်းခေါ်ပြီး ယာဉ်တန်းကို ရပ်ခိုင်းရသည်။ ထိုသို့ဖြင့် ထိုလမ်းပိတ်ထားသော နေရာနှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ရပ်လိုက်ကြသည်။

 

“ယန်ကော ရှေ့က လမ်းက ပိတ်ထားတယ်။ ဆက်သွားလို့ မရတော့ဘူး”

 

ကျန်းဝူပင်းက နောက်ဘက်မှ ဧည့်သည်ကားဆီ ရောက်လာပြီး ချစ်စရာကောင်းသော ပုံစံမျိုးဖြစ်အောင် ပြုံးရင်း ပြောသည်။ သူက ကားထဲမှ ထွက်လာမည့် အခြေအနေကို စစ်ကြည့်သော ယန်ရှစ်ရွှမ်းအား ရှေ့ဘက်မှ ပိတ်ထားသည့် လမ်းကြောင်းအခြေအနေကို ပြောပြရင်း ဝန်ထမ်းက‌ ပြောသည့် ခန့်မှန်းချက်ကို ပြောပြသည်။ ထို့နောက် အပြစ်အားလုံးအား လမ်းနှင့်သာ သက်ဆိုင်ကြောင်း၊ သူနှင့်မသက်ဆိုင်ကြောင်း ပြောပြသည်။ မည်သို့ပင်ဆိုစေ သူသည် ယန်ရှစ်ရွှမ်း၏ အဆူအပူကို မခံလိုပေ။

 

“လမ်းပိတ်တုံး ဟုတ်လား”

 

ယန်ရှစ်ရွှမ်းက ကောင်းကင်ကို တစ်ချက်ကြည့်သည်။ကောင်းကင်ဟာ အလုံးစုံမှောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်လှည့်ပြီး ဟိုက်ဝေးလမ်းမှတဆင့် အနီးအနားရှိ ဝန်ဆောင်မှုပေးသော နေရာသို့ ပြန်သွားမည့် အနေအထား မဖြစ်နိုင်တော့ချေ။

 

လေထန်သော တောင်တက်လမ်းကို တက်ချိန်က မြင်ခဲ့ရသည့် အလောင်းကောင်ချိုင့်တွင်းက ယန်ရှစ်ရွှမ်းအား သတိကပ်စေသည်။

 

နာရီအနည်းငယ်ကြာလျှင် သန်းခေါင် ရောက်တော့ပေမည်။ အန္တရာယ်ရှိနိုင်ခြင်း ရှိမရှိ မသိနိုင်သော အနေအထားမျိုးတွင် အပြင်ဘက်တွင် မည်သူ့ကိုမှ အိပ်ခွင့်ပြု၍ မရချေ။ ပို၍ဆိုးသည်မှာ ဆောင်းတွင်းညဟာအလွန်အေးသည်။ ကားပေါ်မှ ပစ္စည်းများကလည်း လူတိုင်းကို စခန်းချစေရန် မလုံလောက်ပေ။

 

ယခု အရေးကြီးဆုံး ကိစ္စကမူ တစ်ညတာ ချောချောမွေ့မွေ့ ဖြတ်သန်းကုန်ဆုံးရန် နေရာတစ်ခု ရှာဖွေခြင်း ဖြစ်သည်။

 

မနက်ဖြန် နေထွက်လာပြီး လုံလောက်သော အခြေအနေ ရောက်မှသာ ပိတ်ထားသော လမ်းအခြေအနေကို ရှာဖွေပြီး ဦးတည်ရာသို့ သွားရန် နည်းလမ်းရှာရမည် ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက တစ်ခဏခန့် တွေးတောပြီးနောက် ကျန်းဝူပင်းအား အနီးအနားတွင် ယာယီနေမည့် နေရာတစ်ခုကို ရှာခိုင်းလိုက်သည်။ ထို့နောက် လမ်းပိတ်တုံးများနားသို့ ခပ်မြန်မြန်သွားပြီး ဂရုတစိုက် ကြည့်လိုက်သည်။

 

လမ်းကိုပိတ်ထားသော ပစ္စည်းများက ယာဉ်များ မသွားနိုင်ရန် ကာထားရန်သာ အာရုံစိုက်ထားလေရာ လမ်းပိတ်တုံးများကို အသုံးပြုထားခြင်း မဟုတ်ဘဲ ပစ္စည်းပုံများ ပုံထားသည်နှင့် တူသည်။

 

ထို့အပြင် ဘေးဘက်တွင် ကာရံထားသည့် ဝါယာဆူးကြိုး ခြံစည်းရိုးများကိုလည်း မြင်ရသည်။ တုတ်ခိုင်သော သစ်ပင်အခြောက်များဖြင့် လေးလံသော သစ်တုံးများကိုလည်း သုံးပြီး အမြင့်တစ်ခုရအောင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့အပြင် လယ်ယာသုံး ပစ္စည်းများနှင့် သံကြေးတက်နေသည့် သံထည် ကိရိယာများလည်း ပါဝင်သေးသည်။ ထိုအရာများအားလုံးကို ဘယ်ညာအနှံ့ ကာရံထားသောကြောင့် လူတစ်ယောက်က ကုန်းတက်ပြီး ဖြတ်သန်းသွားလျှင်ပင် ခက်ခဲမည် ဖြစ်သည်။

 

******