Ch 134
Viewers 6k

134 01

 

အပိုင်း(၁၃၄)

 

ယာဉ်များအား ဖြတ်သန်းခြင်း မပြုနိုင်အောင် တားသည်ထက် တစ်စုံတစ်ရာ ကုန်းမတက်လာနိုင်အောင် ဟန့်တားထားသည်နှင့် တူနေခဲ့သည်။

 

သူ၏ဆရာ လီချမ်းရွန်က လောကအနှံ့ လှည့်လာသွားလာသောကြောင့် ယန်ရှစ်ရွှမ်းသည် ကလေးဘဝကတည်းက သူ၏နောက်သို့လိုက်သော နေရာအများစုသို့ ရောက်ဖူးသည်။ သူသည်လည်း တောင်‌ပေါင်းများစွာ၊ တောင်ရွာ၊ တောရွာပေါင်းများစွာကို ရောက်ဖူးသည်။ သိုဝှက်စွာနေပြီး လူသူအရောက်အပေါက် နည်းလွန်းသော တောင်တန်း အနက်ရှိင်းဆုံး အပိုင်းမှ ကျေးရွာများပင် ရောက်ခဲ့ဖူးသည်။ တစ်ချို့လူများသည် ကာရိုက်တာ ကြီးကြသည်။

 

ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ အမြင်က ကျယ်လာသင့်လေရာ လူအများစု တစ်ဘဝလုံး  ဘယ်သောအခါမှ မမြင်ရလိမ့်မည့် မဟုတ်သည့် အကြောင်းအရာပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသလို အလွန်ခေါင်သည့် နေရာများကိုလည်း မြင်ဖူးသည်။

 

ဝန်ထမ်းပြောသည့် ပိုက်ဆံကောက်ခံရန် အချက်ကိုလည်း ယန်ရှစ်ရွှမ်းက မြင်ဖူးသည်။

 

သို့သော် ထိုကဲ့သို့သော် လမ်းပိတ်တုံးများက ရွေ့လွယ်သော ပုံစံမျိုးနှင့် တည်ဆောက်ထားခြင်းသာ ဖြစ်သည်။ ဖြတ်သန်းလိုသည့် ယာဉ်တန်းက ပိုက်ဆံပေးပြီးနောက်တွင် ရွာသားများက လမ်းပိတ်တုံးများကို ဖယ်ပေးလိမ့်မည်။ ထိုနည်းအားဖြင့် ယာဉ်တန်းက ဖြတ်သန်း သွားလာနိုင်လေသည်။ ထို့နောက် တစ်ဖန်ပြန်ပိတ်ပြီး နောက်ထပ်ယာဉ် ဖြတ်မည့်အလာကို စောင့်ရမည် ဖြစ်သည်။

 

သို့ရာတွင် ယခုသူ၏အရှေ့တွင် ရှိနေသော လမ်းပိတ်တုံးကမူ အလွယ်တကူ ဖယ်ရှား၍ မရနိုင်ချေ။ ခေတ်ဟောင်းမှ လူများ သေဆုံးသွားပြီးနောက် အဆက်အသွယ် ပြတ်သွားသလိုမျိုးပင် ဖြစ်နေသေး၏။

 

သူတို့က ပိုက်ဆံ လိုချင်သောကြောင့် မဟုတ်လေဘဲ အနီးအနားမှ ရွာသားများနှင့် ပြဿနာ တက်ထားသောကြောင့်  ဒေါသတကြီး လမ်းပိတ်ထားခြင်း ဖြစ်လောက်မည်။

 

“ယန်ကော ဒီကနေ သိပ်မဝေးတဲ့ နေရာနားမှာ ရွာတစ်ရွာရှိတယ်။ ဒီတော့ တစ်ညတာ တည်းလို့ရလောက်တယ်”

 

ကျန်းဝူပင်းက ဖုန်းကိုင်ရင်း အပြေးလာကာ ယန်ရှစ်ရွှမ်းကို ပြသည်။ ယန်ရှစ်ရွှမ်းက မိုဘိုင်းလ်ဖုန်း အင်တာဖေ့စ်တွင် ပေါ်နေသော ရွာကိုကြည့်ပြီး အလိုအ‌လျောက် မျက်မှောင် ကြုတ်လိုက်မိသည်။

 

မြေမျက်နှာသွင်ပြင်က အလွန်သိမ်မွေ့သည်။ တောင်တန်းများသည် မူလတည်နေရာဖြစ်သော ကျားကျစ်ဖန်းရွာကို ပတ်ပတ်လည် ဝိုင်းနေသော ပုံစံဟာ ထိုက်ချီ ယင်နှင့်ယန် ပုံစံခွက်အလား ဖြစ်နေသည်။

 

ကျန်းဝူပင်းက တစ်ညတာ နေလိုသည်ဆိုသော ရွာသည် တောင်တန်းများ ဝိုင်းပတ်မှု အပြင်ဘက်တွင် ရှိကာ လမ်းနှင့်အလွန်နီးသည်။

 

မြင့်မားသော တောင်တန်းက အပြင်ဘက်မှ လေဒဏ်၊ အလင်းဒဏ် ကာရံထားသောကြောင့် ကျားကျစ်ဖန်းတစ်ရွာလုံးသို့ အရိပ်များ ကျနေသည့်အလား ထင်ရသည်။

 

ဖုန်း‌ရွှေသီဟိုရီတွင် မြောက်ပိုင်းသို့ ဆက်လက်ကျယ်ပြန့်သွားသော တောင်တန်းများနှင့် မြောက်ပိုင်းသို့ ဆက်လက်စီးဆင်းသော ရေများဟာ သက်ရှိများ နေထိုင်ရန် မသင့်လျော်ပေ။ ထိုကဲ့သို့သော နေရာမျိုးတွင် နေထိုင်လျှင် ကြီးမားကံဆိုးမှုကို ရင်ဆိုင်ရပေမည်။ ပို၍ဆိုးသည်မှာ ဒီနေရာရှိ တောင်တန်းများက ထိုက်ချီ ယင်နှင့်ယန် ပုံစံခွက်အလား ဖြစ်နေခဲ့သည်။ ယင်ထဲသို့ ယင်ထည့်ဖြည့်လိုက်သောအခါ ယင်သည်ယန်ကိုပင် ပြန်လှန်လာနိုင်သည်။ ထိုနေရာသည် ယင်နတ်ကိုပင် ကိုယ်စားပြု၏။

 

နေ့စဉ်ဘဝတွင်ပင် လူအများစုဟာ ထိုကဲ့သို့သော နေရာမျိုးတွင် နေထိုင်ရန် ရွေးချယ်ကြလိမ့်မည် မဟုတ်ချေ။ အကြောင်းမူကား နေရောင်ရသော အချိန်ဟာ တိုတောင်းလွန်းသောကြောင့် တစ်နှစ်ပတ်လုံး အလင်းရောင်ကို မမြင်နိုင်လေရာ ကောက်ပဲသီးနှံများအတွက် သက်ရောက်မှု ဆိုးယုတ်ရုံသာ မကသေးလေဘဲ လူအများကိုလည်း စိတ်ဓာတ်ကျစေနိုင်စေသည်။ ယန်ရှစ်ရွှမ်းကို ပို၍ သည်းမခံနိုင်သလို ခံစားရသည်မှာ မြေပုံမှတဆင့် မြင်နေရသော အနေအထားအရ လမ်းပိတ်ထားသော နေရာဟာ တိုက်ဆိုင်စွာပင် ပြီးပြည့်စုံသော ယင်၊ ယန် ပုံစံခွက်ကြီးတစ်ခုကို ဓားတစ်လက်ဖြင့် ခွဲခြမ်းထားသလို ကွတ်တိကျသည့် နေရာမျိုးတွင် ရှိနေခဲ့သည်။

 

“ယန်ကော”

 

ကျန်းဝူပင်းသည် ယန်ရှစ်ရွှမ်းဟာ အချိန်အတန် ကြာသည့်တိုင်အောင် အသံမထွက်လာကြောင်း သတိထားမိသဖြင့် မနေနိုင်ဘဲ စိတ်ရှုပ်ထွေးစွာ ခေါ်လိုက်မိသည်။

 

“ဒီရွာနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား။ ဒါဆိုရင်တော့ နည်းနည်းလောက် ဆက်သွားရင် နောက်ထပ်ရွာတွေကို တွေ့ရမှာပါ”

 

“မလိုဘူး”

 

ယန်ရှစ်ရွှမ်းက မြေပုံမှ အကြည့်လွှဲပြီး တည်ငြိမ်စွာ ပြောသည်။

 

“ဒီရွာ အဆင်ပြေတယ်။ ပြဿနာ မရှိဘူး။ ဒီနေရာက ပိုနီးတယ်ဆိုတော့ လမ်းကို ဘာကြောင့် ပိတ်ထားသလဲ ဆိုတာကို သူတို့များ သိမလားလို့ မေးမြန်းလို့ ရနိုင်တယ်”

 

134 02

 

လမ်းပိတ်တုံးများက ရွာနှစ်ရွာကြားမှ ရန်ပွဲကြောင့် ဖြစ်နိုင်ချေ ရှိကတည်းက ဒီနေရာသည် အနုစိပ်ကျလောက်သည်။ ထို့အပြင် ထိုရွာသည် ကျားကျစ်ဖန်းရွာနှင့် အနီးစပ်ဆုံး ဖြစ်နေလေရာ ကျားကျစ်ဖန်းရွာနှင့် ရန်ဖြစ်ထားသော ရွာဖြစ်နိုင်ချေ ရှိသည်။ ထို့ကြောင့် လမ်းပိတ်ရာတွင် ပါဝင်ခဲ့သော ရွာပင်ဖြစ်လောက်၏။

 

ထိုသို့သာ ဖြစ်နေခဲ့ပါက မည်သည့်အတွက်ကြောင့် ကလန်ကြားမှ ဆက်ဆံရေးကို ပြတ်တောက်စေလောက်အောင် တိုက်ခိုက်ရန် ဖြစ်ခဲ့စေလောက်ကြောင်း သိရနိုင်လောက်သည်။ ဒီအတိုင်း ကံကြောင့်ပဲလား။

 

ယန်ရှစ်ရွှမ်းသည် မြေပုံပေါ်တွင် မှတ်သားထားသော ရွာ၏နာမည်ကို ကြည့်ပြီးနောက် မနက်စာဆိုင်ပိုင်ရှင်က သူ့ကို ပြောခဲ့သည့် ရွာနာမည်ကို ပြန်တွေးကြည့်လိုက်သည်။ ထိုဆိုင်ရှင်သူဌေး နေခဲ့သော ရွာ၏နာမည်ကို ကျားချွမ်ရွာဟု ခေါ်သည်။ တောင်တန်း၏ တစ်ဖက်ခြမ်းတွင် ဇနီးဖြစ်သူ၏ ရွာဖြစ်သည့် ဝမ်ကျစ်ရွာ ရှိသည်။

 

သူတို့သွားမည့် ရွာသည် ကျားချွမ်ရွာဆိုကတည်းက သူဌေး‌ပြောသော စကားနှင့် ဆက်စပ်ကြည့်သော် တောင်တန်းကို ကျော်ဖြတ်ပြီးနောက် ရောက်သောရွာသည် ဝမ်ကျစ်ရွာ ဖြစ်နိုင်သည်။ သို့သော် ယခုမူ မြေပုံအနေအထားအရ သိသာစွာပင် တောင်တန်းတစ်ဖက်ခြမ်းတွင် ရှိနေသော ရွာက ကျားကျစ်ဖန်းရွာ ဖြစ်နေပြီး ဒီအနီးအနားတွင် ဝမ်ကျစ်ရွာမျိုး မရှိပါချေ။

 

ဒါဆိုရင် ဝမ်ကျစ်ရွာက ဘယ်နေရာကို ရောက်သွားတာလဲ။ ရွာက တည်နေရာကို ပြောင်းရွှေ့သွားတာလား။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်၏။ သူ၏အမူအယာက လေးနက်လာသည်။

 

.....

 

ယာဉ်တန်းဟာ သိပ်မကြာခင် အနီးအနားရှိ ရွာထံ ရောက်သွားသည်။ ယန်ရှစ်ရွှမ်း၏ အသိအပြည့်ထားမှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် ရွာက စိတ်အားထက်သန်စွာ ကြိုဆိုသည်။ လူတိုင်း၏ ဆန္ဒကို ကြားသောအခါ ရွာမှ ခေါင်းဆောင်က စိတ်အားထက်သန်စွာပင် ကြိုဆိုလာခဲ့သည်။

 

“ဟေး အချိန်က တအားနောက်ကျနေပြီ။ မင်းတို့သာ ငါတို့နဲ့ မနေရင် သွားစရာနေရာ ရှိမှာမဟုတ်ဘူး”

 

ထိုလူကြီးက ကုပ်အင်္ကျီကို ဝတ်ဆင်လျက် ရွာထဲမှ အပြေးထွက်လာခြင်း ဖြစ်သည်။ သူသည် သူကိုယ်သူ မိတ်ဆက်ပေးသည်။ ထို့နောက် တက်ကြွအားရစွာ ပြောသည်။

 

“ရေလွှမ်းမိုးတဲ့ ရာသီအတောအတွင်းမှာ လမြစ်က ရေတက်လာလို့ လမ်းအများစု ပျက်စီးသွားတယ်။ မင်းတို့က ဒီနေရာက လမ်းတွေနဲ့ မရင်းနှီးရင် နေရာမှားပြီး ရောက်သွားနိုင်တယ်။ ဒီတော့ လမ်းပျောက်သွားတဲ့ လူတိုင်းက ဒုက္ခများမှာပဲ”

 

ယာဉ်တန်းတွင် ကားများသောကြောင့် ရွာ၏ဝင်ပေါက်နားတွင် ရပ်ပြီးပြီးချင်း ကျန်းဝူပင်းက အိမ်တံခါးပေါက်တစ်ခုကို သွားခေါက်ကာ တစ်ညတာနေခွင့် ရှိမရှိပင် မေးမြန်းချင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် ကားစက်သံက ရွာတစ်ရွာလုံးအား ထိတ်လန့်စေခဲ့ပြီး လူကြီးကိုယ်တိုင်ကပင် ထွက်လာပြီး ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခြင်း ဖြစ်သည်။

 

လူပေါင်းများစွာကို မြင်ရသောအခါ ထိုလူကြီးက အံ့အားသင့်သွားရမည့်အစား‌ နောက်ဘက်သို့ လှည့်ကာ ပျော်ရွှင်စွာ လှမ်းအော်လိုက်ပြီး မိသားစုမှ လူငယ်အချို့ကို ခေါ်ထုတ်လျက် သူတို့၏ မိဘအိမ်များကို ပြန်စေသည်။

 

ထိုလူကြီးက ပြောသည်။

 

“မင်းတို့က လူများတယ်ဆိုတော့ ငါ့ရဲ့အိမ်မှာပဲ အရင်နေရအောင်။ ငါတို့ရဲ့အိမ်က ရွာမှာ အခန်းအများဆုံးပဲ။ အစကတော့ အိမ်က ကလေးတွေ လက်ထပ်တဲ့အခါ သုံးဖို့ စီစဉ်ထားတာလေ။ ဒါပေမဲ့ အဲ့ဒီကောင်စုတ်တွေက ကျေနပ်အောင် မလုပ်ပေးနိုင်ကြပါဘူး။ စောင်နဲ့အခြားအရာတွေတော့ လိုလိမ့်မယ်။ မင်းတို့ကောင်တွေ ရွာက အခြားအိမ်တွေစီ သွားပြီး ချေးငှားလိုက်ရင် အဆင်ပြေတယ်။ မစိုးရိမ်နဲ့ သေချာပေါက် အခန်းလုံလောက်ပါတယ်”

 

ထိုလူကြီးသည် အလွန်ဗဟုသုတ ကြွယ်ဝလောက်သည်။ အပြင်လူများက တစ်ညတာနေရန် မေးမြန်းလာသောအခါတွင်ပင် နွေးထွေးစွာ လက်ခံပေးလေသည်။ ထိုအချိန်က ကျန်းဝူပင်းအား အနည်းငယ်ပင် ရှက်သွားမိစေသည်။ သူသည် လူငယ်များ၏ ကူညီများကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီးနောက် တက်ကြွအားရစွာနှင့် ကိုယ့်ပစ္စည်းကို သယ်ကာ ချကြသည်။

 

အချို့သော လူငယ်များနှင့် သက်လတ်ပိုင်းအရွယ် လူကြီးများသည် အပြင်လူများနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပုံ ရသည်။ သူတို့သည် ကူညီပေးရင်း ပေါ့ပေါ့ပါးပါး စကားပြောဆို နေကြသည်။ သူတို့သည် အလွန်အမင်း တက်ကြွကြလေသည်။

 

ရိုးရှင်းသော ခရီးဆောင်အိတ်များနှင့် ပိုက်ဆံအိတ်များကို ကိုင်ရင်း ခရီးသည်များသည်လည်း ကားပေါ်မှ ဆင်းလိုက်ကြပြီးနောက် ရွာ၏ လတ်ဆတ်ကာ သန့်ရှင်းသည့် လေထုဖြင့် ကြိုဆိုခြင်း ခံရသည်။ ထို့အပြင် နွေးထွေးသော လူငယ်များကလည်း သူတို့ကို လှိုက်လှဲစွာ ကြိုဆိုသည်။ ချက်ချင်းဆိုသလိုပင် ဧည့်သည်များဟာ ပျော်ရွှင်စွာ ရယ်မောလိုက်ကြရင်း ဦးတည်ရာရွာသို့ ရှင်းပြရန် ခက်ခဲသော လမ်းပိတ်ထားသည့် အနေအထားမျိုးကြောင့် မရောက်သည့်တိုင်အောင် မူလခံစားလိုချင်ကြသော ခံစားချက်ကလည်း ခံစားရဦးမည် ဖြစ်သည့်အတွက် မဆိုးရှာဟု ခံစားမိလိုက်ကြသည်။

 

ဦးဆောင်လာသော လူငယ်က ကျန်းဝူပင်း၏ ဘေးနားတွင် လျှောက်ပြီး လူကြီး၏အိမ်သို့ ခေါ်သွားပေးသည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် သူတို့သည် မည်သည့်နေရာမှ လာကြောင်း၊ မည်သည့်အတွက်ကြောင့် ဒီနေရာကို ဖြတ်သွားကြောင်း၊ ဒီနေရာကို ဖြတ်သွားသည်မှာ စီးပွားရေး လုပ်လို၍ ဖြစ်ကြောင်း သို့မဟုတ် ကုန်ပစ္စည်းများ သယ်ပို့လို၍ ဖြစ်ကြောင်း မေးမြန်းလေသည်။

 

134 03

 

ဧည့်သည်များက အချင်းချင်း ကြည့်ရင်း ကြင်နာစွာ ပြောသည်။

 

“ငါတို့က အနောက်ဘက်က ရွာရဲ့ ယာတောအိမ်ဆီ သွားချင်တာလေ။ ဒါပေမဲ့ လမ်းပိတ်ထားပြီး အချိန်ကလည်း တအားမှောင်နေပြီဆိုတော့ ဒီမှာပဲ တစ်ညတာ နေရတာပေါ့”

 

ပရိုဂရမ်အသင်းက အနောက်ဘက်ရှိ ရွာသို့ သွားချင်ကြောင်း ကြားသောအခါ နဂိုက စိတ်အားထက်သန်စွာ စကားပြောနေကြသော လူငယ်များက ရုတ်တရက် မျက်နှာထားများ ပျက်ယွင်းသွားကြပြီး စကားပြောရန် တုန့်ဆိုင်းသွားကြသည်။

 

ဘေးဘက်မှ လူကြီးကပင် အံ့အားတကြီး ကြည့်လာသည်။

 

“မင်းတို့က အနောက်ဘက် ရွာကို သွားမှာလား”

 

ကျန်းဝူပင်းက ခပ်မြန်မြန်ပြောသည်။

 

“ကျားကျစ်ဖန်းရွာကို သွားချင်တာပါ”

 

ရွာသူကြီးက အချိန်အတန်ကြာအောင် တွေးတောနေပြီးနောက်တွင် ရုတ်တရက် ဘေးဘက်မှ ဂျူနီယာမိသားစုဝင်တစ်ယောက်၏ သတိပေးမှုကြောင့် အသိဝင်သွားသည်။

 

“အိုး ကျားကျစ်ဖန်းရွာပဲ။ ဟေး ငါ အသက်ကြီးလာတော့ နာမည်တောင် မမှတ်မိချင်တော့ဘူး”

 

ထိုလူကြီးဟာ မျက်မှောင် ကြုတ်ပြီး အကြောင်းအရာကို ခပ်မြန်မြန်‌ ပြောင်းသည်။ သူသည် ကျားကျစ်ဖန်းရွာနှင့် ပတ်သက်သည့် ကိစ္စကို ဆက်မပြောတော့ချေ။

 

ယန်ရှစ်ရွှမ်းက အလယ်မှ တိတ်တဆိတ် လျှောက်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သူတို့အကြားမှ စကားပြောသံကို နားထောင်နေသည်။ သဘာဝအလျောက်ပင် လူကြီး၏ တုန့်ပြန်မှုတိုင်းကိုလည်း မှတ်သားထားလိုက်သည်။

 

ဒီလူကြီးက ကျားကျစ်ဖန်းရွာအကြောင်း ပြောဖို့ အရမ်းတွန့်ဆုတ်နေသလိုပဲ။

 

ရွာထဲမှလမ်းဟာ ကျဉ်းမြောင်းသောကြောင့် မီနီဘက်စ်များအားလုံးကို ရွာသူကြီး၏ အိမ်နားတွင် ကပ်ရပ်လောက်အောင် မကျယ်ချေ။ ထို့ကြောင့် ယာဉ်တန်းသည် ရွာ၏ဝင်ပေါက်နားတွင်သာ ရပ်တန့်လိုက်ရသည်။ ကားကိုစောင့်ကြည့်ရန် နေခဲ့သော ဝန်ထမ်းအချို့ကလွဲလျှင် ကျန်သောသူများက ရိုးရှင်းသော ခရီးဆောင်အိတ်များကို သယ်လျက် လူကြီးနောက်မှလိုက်ကာ ရွာထဲသို့ ဝင်ခဲ့ကြသည်။

 

ရွာ၏ ဝင်ပေါက်မှ ထိုရွာသူကြီး၏အိမ်သို့ သွားသောလမ်းတွင် ကျေးရွာနေထိုင်မှုပုံစံနှင့် မရင်းနှီးသော ဧည့်သည်များကပင် ကျားချွမ်ရွာ၏ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပုံကို မြင်နိုင်ကြသည်။ မိသားစုတိုင်းက လှပသော အထပ်အမြင့်အဆောက်အဦးများကို ဆောက်လုပ်ထားကြသလို ဂိတ်များကိုလည်း ထည်ဝါစွာ ဆောက်လုပ် ထားနိုင်ကြသည်။ ထို့အပြင် တံခါးနားတွင် မှေးမှိန်သော အလင်းရောင်ကို လွှင့်ထုတ်နေသည့် သေးငယ်သော မီးအိမ်လေးကို တပ်ဆင်ထားကြသဖြင့် ခြံဝန်းအတွင်း အလင်းရောင်ကို ပေးနေသည်။ ရွာ၏အပြင်ဘက် လမ်းများကလည်း ညအချိန် ဖြစ်သည့်တိုင်အောင် သိသာထင်ရှားစွာ မြင်နိုင်နေသေးသည်။

 

ခြံဝန်းထဲတွင် အိမ်မွေးခွေးကြီးကို သံကြိုးဖြင့် ခတ်ထားသည်။ သူသည် သွားကိုဖြဲပြီး လူစိမ်းများကို ကြည့်ကာဟောင်သည်။

 

လူငယ်လေးတစ်ယောက်က ငုံံကိုင်းလိုက်ပြီး ကျောက်တုံးလေးတစ်တုံးကို ယူကာ ထိုခွေးကြီးဆီ တိုက်ရိုက် ပစ်လိုက်သည်။ ထိုခွေးသည် ထိုလူငယ်နှင့် ရင်းနှီးနေပုံ ရသည်။ အရိုက်ခံပြီး မှတ်ဉာဏ်တစ်ခုရှိခဲ့ပုံ ရသဖြင့် ချက်ချင်းဆိုသလို တည်ငြိမ်သွားကာ အမြှီးကိုပင် ခြေထောက်ကြားထဲထည့်လျက် တည်ငြိမ်သွားသည်။

 

“ရွာထဲက ခွေးတွေက တစိမ်းတွေ တွေ့ရင် ဟောင်တယ်။ ကြောက်သွားတာလား”

 

ထိုလူငယ်က ယန်ရှစ်ရွှမ်း၏ ဘေးဘက်သို့ ရှက်ရွံ့စွာ ခေါင်းငုံ့ရင်း လျှောက်လာကာ ပြောသည်။

 

ယန်ရှစ်ရွှမ်းက ရယ်လိုက်သည်။

 

“သူက အိမ်ကို စောင့်ကြည့်ပေးပြီး ခြံဝန်းကို လုံခြုံအောင် ထိန်းမဲ့ ခွေးကောင်းပါ”

 

ယခုလေးတင် အရိုက်ခံထားရသော ခွေးက ရုတ်တရက် ယန်ရှစ်ရွှမ်း၏ အသိအမှတ်ပြုမှုကို နားလည်သလို ခေါင်းမော့လာသည်။ ထို့နောက် ယန်ရှစ်ရွှမ်းရှိရာသို့ တောက်ပသော မျက်လုံးဖြင့်ကြည့်ကာ အမြှီးကို နှံ့သည်။ သို့သော် မည်သူကမှ ဂရုမစိုက်ကြပါချေ။

 

“ရောက်ပြီ ဒါက ငါ့ရဲ့အိမ်ပဲ”

 

ရွာသူကြီးက ပျော်ရွှင်စွာဖြင့် တံခါးကို ဖွင့်ပြီး လူတိုင်းကို ခြံဝန်းထဲသို့ ကြိုဆိုသည်။

 

“အိမ်မှာနေတဲ့လူငယ်တွေက အခြားအိမ်တွေကို သွားပြီး စောင်တွေ၊ ခေါင်းအုံးတွေ သွားငှားလိမ့်မယ်။ အဲ့ဒီနောက် ခဏနေရင် လာပို့ပါလိမ့်မယ်။ မင်းတို့အရင်ဝင်ပြီး ခဏထိုင်ကြဦး။ ငါ ငါ့ရဲ့မိန်းမကို ခေါ်လိုက်ဦးမယ်။ သူထပြီး မင်းတို့အတွက် စားစရာတွေ ပြင်ဆင်ပေးပါလိမ့်မယ်။ ရွာထဲမှာတော့ စားစရာကောင်းကောင်းရယ်လို့ မရှိပါဘူး။ ဒီတော့ အရမ်းကြီး စိတ်ထဲ မထားကြနဲ့”

 

134 04

 

ကျန်းဝူပင်းက အလုပ်များရန် မလိုအပ်ပါကြောင်း အလျင်အမြန် ပြောလေသည်။ ကျေးဇူးတင်စကား ဆိုလေသည်။

 

ရွာသူကြီး၏ အိမ်သည် ငါးထပ်အမြင့်ရှိသည့် သေးငယ်သည့် အဆောက်အဦးလေး ဖြစ်သည်။ ရွာသူကြီးက ပြောသည့်အတိုင်း အတွင်းတွင် ရှင်းလင်းနေသော အခန်းများ အလွန်များသည်။ ရိုက်ကူးရေးအသင်းတွင် လူဆယ်‌ယောက်ကျော် ပါသည့်တိုင်အောင် နေထိုင်ရန် လုံလောက်သေးသည်။

 

ရွာဘက်တွင်မူ စောစော စားကြသည်။ ထို့ကြောင့် ဒီအချိန်တွင် သူတို့အားလုံး စားသောက်ပြီးလောက်လေပြီ။ ထို့ကြောင့် ပြန်စားချင်လျှင် အစက ပြန်ချက်ရလောက်သည်။ ထို့ကြောင့် တစ်ခဏခန့် စောင့်ရန် လိုအပ်သေးပြန်သည်။

 

ရွာသူကြီးက မီးဖိုခန်းအတွင်းကို ဝင်ကာ စားစရာများကို ပြင်ဆင်နေချိန်တွင် ပရိုဂရမ်အသင်းမှ လူများကလည်း အခန်းများကို သွားကြည့်ပြီး မည်သို့နေထိုင်မည်ဖြစ်ကြောင်း ဆွေးနွေးစကားများ ပြောကြသည်။

 

“ဒီအတိုင်း အပြင်ဘက်မှာ ဘာလို့အလုပ်များသလဲလို့ မှတ်တာ ဧည့်သည်တွေ ထပ်ရောက်လာပြန်ပြီလား”

 

ကြင်နာတတ်ပုံရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လှေကားပေါ်မှ ဆင်းလာသည်။ သူ၏ပုခုံးပေါ်တွင် ကုပ်အင်္ကျီကို တစ်ဝက်ခန့်လွှမ်းခြုံထားသဖြင့် အိပ်မောကျရာမှ နိုးထလာသလိုမျိုး ထင်ရသည်။

 

“ဒုတိယဦးလေး”

 

ယန်ရှစ်ရွှမ်း၏ ဘေးဘက်မှ  လူငယ်က သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်ပြီး အော်လိုက်သည်။ သူသည် ထိုလူနှင့် ဆက်ဆံရေးကောင်းပုံရပြီး ခပ်တိုးတိုး အထွန့်တက်လိုက်သည်။

 

“ဒုတိယဦးလေး ဦးလေး သေချာမကြားဘူးလား။ အဖိုးက အခုလေးတင် အိမ်ထဲက ဧည့်သည်တွေကို ဧည့်ခံနေတဲ့အချိန်မှာ ငါတို့ကို အခွင့်ကောင်း အရယူပြီး ခက်ခဲအောင် လုပ်ဦးမှာ။ ငါတို့ကိုတောင် မျှော်လင့်ထားတဲ့အတိုင်း မလုပ်နိုင်လို့ အခုချိန်ထိ လက်မထပ်ရသေးဘူးလို့ ပြောနေတယ်”

 

ငယ်ရွယ်သော လူငယ်က နှာခေါင်းရှုံ့ပြီး မပျော်မရွှင်ဖြစ်စွာ ပြောသည်။

 

“ဘာလို့ လက်ထပ်ရမှာလဲ။ သူများကိုလည်း ဒုက္ခပေးရာ ရောက်တယ်။ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးရာရောက်တယ်။ ဦးလေးယန်ကွမ်းလို ဖြစ်နေမှာပေါ့။ နောက်ပြီး မိသားစုထဲက ဘယ်ညီအစ်ကိုတွေက ဦးလေးယန်ဟွားအကြောင်း မသိကြလို့လဲ_ _ _”

 

“ယန်ထူ”

 

မူလက ကြင်နာတတ်သည့် မျက်နှာနှင့် သက်လတ်ပိုင်းလူ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ဘေးဘက်မှ ပရိုဂရမ်အသင်းဝင်များကို ကြည့်ပြီး လူငယ်ကို အော်ကာ ပြောသည်။

 

“မင်းက အရာအားလုံးကို လျှောက်ပြောနေတယ်။ ပါးစပ်မှာ စည်းတောင် မရှိဘူးဘဲ။ ပါးစပ်ပိတ်စမ်း”

 

ယန်ထူအမည်ရသော လူငယ်က သူ့အမှားသူ သိသွားပြီး ပါးစပ်ကို ဒေါသတကြီး ပိတ်လိုက်သည်။ သို့သော် စကားပြော ရပ်သွား၏။

 

ပရိုဂရမ်အသင်းမှ လူများက သိချင်စိတ် ပြင်းပြနေသည့်တိုင်အောင် ဒါဟာ မိသားစုရေးရာ ကိစ္စဟု သတ်မှတ်သဖြင့် မမေးမြန်းကြချေ။ သတ်လတ်ပိုင်းလူကို နူတ်ဆက်ပြီးနောက် အထပ်အသီးသီးမှ သတ်မှတ်ပေးထားသော အခန်းများကို နေရာ ချထား‌ပေးရန်အတွက် ဦးဆောင်ပြသသည့် လူငယ်များအနောက်သို့ လိုက်သွားလိုက်ကြသည်။

 

ယန်ရှစ်ရွှမ်းနှင့် လုရှင်းရှင်းကသာ ယန်ထူနှင့် သက်လတ်ပိုင်းလူကို တစ်ချိန်တည်းလိုလို ကြည့်မိကြသည်။

 

ဦးလေး ယန်ကွမ်း ဦးလေး ယန်ကွမ်း ဒါက မနက်စာဆိုင်ပိုင်ရှင်ရဲ့ နာမည်က ယန်ကွမ်းပဲ။ ကြည့်ရတာ မှန်လောက်တယ်။

 

ယန်ကွမ်းက လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီရွာက ထွက်ပြေးသွားခဲ့တာပဲ။

 

နောက်ပြီး ဒီကျားချွမ်ရွာက ပိုင်ကျားရွာ ဖြစ်မယ်။

 

ယန်ရှစ်ရွှမ်း၏ တုန့်ပြန်ပုံက ပိုပြီး ကြီးမားသည်။ သူသည် မျက်နှာပေါ်မှ အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်ဘဲ သက်လတ်ပိုင်းအရွယ်လူအား သိချင်စိတ်ပြင်းပြသည့် မျက်လုံးမျိုးဖြင့် ကြည့်လိုက်သည်။

 

သက်လတ်ပိုင်းအရွယ်လူကလည်း လူရှင်းရှင်း၏ အကြည့်ကို သတိထားမိသဖြင့် ယဉ်ကျေးသော စကားလုံးများကို အနည်းငယ် ပြောပြီးနောက် အပေါ်ထပ်သို့ ခပ်မြန်မြန် ပြန်တက်သွားလေသည်။

 

******