Ch 135
Viewers 6k

135 01

အပိုင်း(၁၃၅)

 

လုရှင်းရှင်းသည် ချက်ချင်းလိုလို စပြေးပြီး နောက်မှ လိုက်ချင်သည်။ သူသည် သက်လတ်ပိုင်းလူကို ဖမ်းဆွဲပြီး အဖြစ်အပျက်ကို မေးမြန်းချင်နေ၏။

 

“နေဦး”

 

သို့‌သော် လုရှင်းရှင်းက ယန်ရှစ်ရွှမ်း၏အနားမှ ဖြတ်သွားချိန်တွင် ယန်ရှစ်ရွှမ်းက လျင်မြန်စွာ တုန့်ပြန်ပြီး ကော်လံမှ ကိုင်ကာ ပြန်ဆွဲချလိုက်သည်။

 

လုရှင်းရှင်းက ရုတ်တရက် ကော်လံ၏ တင်းကြပ်သွားမှုကြောင့် အသက်ရှူ ရပ်မတတ်ပင် ဖြစ်သွားသေးသည်။ သဘာဝအလျောက်ပင် သူသည် မေးခွန်းများကို ချောမွေ့စွာ မမေးနိုင်တော့ချေ။ ထို့ကြောင့် စကားလုံးတစ်လုံးကို ရေရွတ်ပြီးနောက် ယန်ရှစ်ရွှမ်း၏ လက်ဖဝါးက သူ၏ပါးစပ်ကို လှမ်းပိတ်ခြင်းအား ခံလိုက်ရသည်။

 

“တိတ်တိတ်နေ”

 

ယန်ရှစ်ရွှမ်းက သာမာန်ပြောသော လေသံမျိုးနှင့် လုရှင်းရှင်း၏ နားနားသို့ စကားလုံး တစ်လုံးကို ခပ်တိုးတိုး ပြောလိုက်သည်။

 

သူ၏ခံစားချက်မဲ့ပြီး တည်ငြိမ်သော မျက်ဝန်းတစ်စုံက လုရှင်းရှင်းကို တစ်ချက် ကြည့်လိုက်ချိန်တွင် ထုတ်မပြောသော်လည်း သတိပေးမှုနှင့် အမိန့်သံက ဝင်ရောက်လာပြီ ဖြစ်သည်။

 

လုရှင်းရှင်းသည် မူလကမူ ဒေါသ ထွက်လိုက်ချင်သည်။ သို့သော် ရှင်းပြန်ရန် ခက်ခဲလောက်အောင် သူသည် ယန်ရှစ်ရွှမ်း၏အကြည့်ကြောင့် တုန်လှုပ်သွားလေပြီး စကားတစ်ခွန်းပင် မဆိုရဲတော့ချေ။

 

ယန်ရှစ်ရွှမ်းသည် လုရှင်းရှင်းအား လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ထွက်သွားသော သက်လတ်ပိုင်းလူအား စကားတစ်ခွန်းမှမဆိုဘဲ တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူသည် သူ၏မျက်လုံးကို အသာအလွှာချလျက် သက်လတ်ပိုင်းလူ၏ ခြေလှမ်းသံများကိုသာ ကောင်းမွန်သော နားဖြင့် သေချာအာရုံစိုက်ကာ နား‌ထောင်နေသည်။ အပေါ်ထပ်သို့ တက်သော ခြေသံရာက အကြိမ်အရေအတွက်နှင့် ယှဉ်သော သုံးထပ်သို့ သွားသည်နှင့် တူသည်။ ထို့အပြင် သူ၏အရှိန်က တဖြည်းဖြည်း တည်ငြိမ်သွားပြီး မြေပြန့်ပေါ်သို့ လမ်းလျှောက်သလိုမျိုး တဖြည်းဖြည်းချင်း ညင်သာသွားသည်။  တစ်လှမ်း နှစ်လှမ်း  _ _ _ 

 

ခြေလှမ်းတစ်ရာ လျှောက်ပြီးနောက် သူက ရပ်တန့်သွားသည်။

 

ခြေထောက်နှစ်ချောင်း၏ မတူညီသော လမ်းလျှောက်ပုံ အလေ့အကျင့်ကြောင့် ဖြစ်တတ်သည့် ခြေလှမ်းအကွာအဝေးအပြင် နင်းလိုက်သည့် အရှိန်၏ သိမ်မွေ့မှုများအရ သက်လတ်ပိုင်းလူသည် ဘယ်ဘက်သို့ ကွေ့လိုက်ပုံ ပေါ်သည်။

 

ထို့နောက် တံခါးပွင့်သံနှင့် ပိတ်သံတိုးတိုးကို ကြားလိုက်ရပြန်သည်။ ခပ်ဆတ်ဆတ် မြည်သွားသော အသံက တံခါးအသံ မဟုတ်လောက်ချေ။ ထို့အစား တံခါးဝတွင် ချိတ်ထားသည့် ဆွဲသီးတစ်ခု၏ လှုပ်ခတ်သွားသံ ဖြစ်လောက်သည်။ ထိုအရာက ဖန်သားဖြင့် လုပ်ထားခြင်း ဖြစ်နိုင်၏။

 

သက်လတ်ပိုင်းလူ၏ လမ်းလျှောက်ပုံကို အဝေးမှ စောင့်ကြည့်ထားပုံအရ သုံးဆယ်မီတာဝန်းကျင် ဖြစ်နိုင်သည်။

 

ထိုအတွက်ကြောင့် လူငယ်မျိုးဆက် ကောင်လေးက ဦးလေးဟု ခေါ်လိုက်သော ထိုသက်လတ်ပိုင်း လူသည် မနက်စာဆိုင်ပိုင်ရှင်နှင့် အသက်အရွယ်တူနိုင်ပြီး ထိုလူသည် လေးထပ်မြောက်သို့ တက်ပြီး မီတာသုံးဆယ်ခန့်‌ လျှောက်ပြီးနောက် ဘယ်ဘက်ခြမ်းတွင် တွေ့ရသည့် အခန်းတစ်ခုတွင် နေလောက်သည်။ အခန်း၏ အရှေ့တွင်လည်း ဖန်ဆွဲသီးလေးကို ဆွဲထားသည်။

 

အသံများအားလုံး ပျောက်ကွယ်သွားပြီးမှ ယန်ရှစ်ရွှမ်း၏ မူလက တည်ငြိမ်ပြီး လေးနက်နေသည့် မျက်နှာက တဖြည်းဖြည်းချင်းစီ ပြန်လည်ငြိမ်သက်သွားပြီး ဘေးဘက်မှ လုရှင်းရှင်းကို ပြန်ကြည့်လိုက်သည်။

 

“တာအိုဆရာသခင်စုန့်က မင်းကို ပုံမှန်မဟုတ်တဲ့အရာကို မြင်တဲ့အခါ ပတ်ဝန်းကျင်ကို လစ်လျူရှု ချက်ချင်း အပြေးသွားပြီး မေးခွန်း တိုက်ရိုက်မေးလို့ သင်ပေးထားတာလား”

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။ သူ၏လေသံထဲတွင် အနိမ့်အတက်အကျ မပါချေ။

 

သို့သော် လုရှင်းရှင်းကမူ သူ့ကို ယန်ရှစ်ရွှမ်းက နောက်နေသည်ဟု ခံစားလိုက်ရသည်။ လုရှင်းရှင်း၏မျက်နှာက ချက်ချင်းဆိုသလိုပင် ပင့်လျှက်သား ခံရမှုကြောင့် နီရဲလာပြီးနောက်တွင် လက်မခံသလိုမျိုး မျက်မှောင် ကြုတ်ရင်း ပြောလိုက်သည်။

 

“ငါက ငယ်ရွယ်ပြီး အသုံးမကျဘူးလို့ မင်းက ထင်နေတာလား။ ငါက သံသယဝင်စရာ ကိစ္စတွေကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား”

 

“အိုး မင်းက ထိပ်တိုက် ရင်ဆိုင်တာကို ကြိုက်တယ်ပေါ့”

135 02

ယန်ရှစ်ရွှမ်းက ထီမထင်ဟန်နှင့် လုရှင်းရှင်း၏ အင်္ကျီကော်လံကို ဆွဲမလိုက်ပြီး လက်ကို တစ်ဖန်မြှောက်လျက် လက်မောင်းကို လှမ်းညစ်လိုက်သည်။ တစ်ဖက်သူ၏ လက်ဟာ ဒီအတိုင်း အသားသီးသန့်မျှသာ ဖြစ်ပြီး တင်းမာကြောပြီး အင်အားအပြည့် ပါဝင်နေခြင်း မရှိချေ။

 

လုရှင်းရှင်းသည်လည်း ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သည်။ သူသည်လည်း တစ်ဖန်ပြေးဝင်ပြီး ယန်ရှစ်ရွှမ်း၏ လုပ်ရပ်ကို မေးချင်သည်။ သို့သော် သူ၏စကားလုံးများက လည်မျိုးတွင် တစ်သွားသည်။ သို့ရာတွင် သူဟာ ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သောအခါ တစ်ဖက်သူသည် ပို၍ချောသထက် ချောလာပြီး ထက်ရှစွာ ဖိနှိပ်နိုင်စွမ်းအား ပြင်းလာကြောင်း ခံစားလိုက်ရ၏။ ထိုမျက်နှာ၏ အောက်ဘက်တွင် ဖိနှိပ်ခံထားရသည့် သူ၏မျက်နှာက နီရဲလာသည်။ သူဟာ ပါးစပ်ကို ဖွင့်လိုက်သောအခါ အသွားသလို ဖြစ်သွား၏။ သူပြောချင်သည့် စကားကိုပင် မသိတော့ချေ။ သူ၏ဦးနှောက်ကပင် အလုပ်မလုပ်တော့ချေ။

 

“မင်းက ဒီလောက်သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ သူ့ကို ဘယ်လို အနိုင်ပိုင်းမှာလဲ”

 

ယန်ရှစ်ရွှမ်းသည် လုရှင်းရှင်း၏ တုန့်ပြန်မှုကို ဂရုမစိုက်ချေ။ သူသည် တစ်ဖက်သူကို တစ်ချက် ကြည့်ပြီး‌နောက် သူ၏ တိုက်ခိုက်မှု၏ သက်ရောက်မှုကို အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။

 

ထို့နောက် လုရှင်းရှင်းကို လှောင်သည်။

 

“ပထမဆရာသခင်စုန့်က မင်းကို ယုံကြည်မှုအပြည့်နဲ့ ဘယ်လိုများ လွှတ်ပေး လိုက်တာလဲ။ ငါ့အထင် မင်းမှာ ပါရမီတော့ ရှိပါတယ်။ ဒါပေမဲ့ တပည့်ဂိုဏ်းသားတစ်ယောက် ထိခိုက်သွားမှာကို တကယ်ပဲ မစိုးရိမ်ဘူးလား”

 

လုရှင်းရှင်းသည် တာအိုဆရာသခင်စုန့်၏ အနီးကပ်တပည့် မဟုတ်သော်လည်း သူသည် အငယ်ဆုံး ဖြစ်နေသေးသည်။

 

ယန်ရှစ်ရွှမ်း၏ တာအိုဆရာသခင်စုန့်ကို နားလည်ထားသော အခြေအနေတိုင်းဆိုလျှင် တာအိုဆရာသခင်စုန့်သည် လေးနက်တည်ကြည်ပြီး အနုစိပ်ကျကျ တွေး‌တောနိုင်စွမ်းရည် ရှိသည့်အလျောက် သူ၏ အငယ်ဆုံးတပည့်ကို အလွန်ချစ်သည်။ ဒါဟာ အငယ်ဆုံးသားကို အလိုလိုက်သော သာမန်လူတစ်ယောက်၏ အပြုအမူ ပုံစံအတိုင်း ဖြစ်နေသည်။

 

လုရှင်းရှင်းသည်လည်း ဒီလိုအခြေအနေမျိုးတွင် ယန်ရှစ်ရွှမ်းကို အင်တိုက်အားတိုက် ပြန်လည်ငြင်းခုံချင်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူသည် အော်ဟစ်ရုံသာ တတ်နိုင်သည်။

 

“ဟုတ်တယ် ငါက အဲဒီအတိုင်းပဲ”

 

ထို့နောက် သူက နောက်သို့လှည့်ပြီး ပရိုဂရမ်အသင်းဆီ ပြေးသွားသည်။

 

ယန်ရှစ်ရွှမ်း “?? သူရှက်သွားတာလား”

 

ယန်ရှစ်ရွှမ်း၏မျက်နှာက စိတ်ရှုပ်ထွေးမှုအပြည့်နှင့် လုရှင်းရှင်းဖြစ်သွားသော ကိစ္စကို နားမလည်နိုင်သော်လည်း နောက်ဘက်တွင် ရပ်နေသော ယဲ့လီကမူ မဲမှောင်သော မျက်နှာမျိုးနှင့် ဖြစ်နေသည်။

 

“မင်း သူ့ကို ထိလိုက်တယ်”

 

ယဲ့လီက ယန်ရှစ်ရွှမ်းကို အေးစက်စွာ မေးသည်။

 

ဒါက မေးခွန်းတစ်ခုဖြစ်သော်လည်း အကြောင်းအရာ တစ်ခုကို ထုတ်ပြောနေသည်နှင့် ပိုတူသည်။ ယန်ရှစ်ရွှမ်းသည်ပင် ထိုလူဟာ တစ်စုံတစ်ရာကို မှားယွင်းစွာ နားလည်ထားသလိုမျိုး ခံစားလိုက်ရ၏။

 

ယန်ရှစ်ရွှမ်းက သူ၏ကိုယ်ပိုင်အတွေးများကြောင့် ရွံရှာသလိုမျိုးပင် ဖြစ်သွားသည်။ သူသည် ရွံ့ရှာမှုဖြင့် တုန်ယင်သွားသည်။ ထို့နောက် ယဲ့လီကို မျက်လုံး လှန်ပြလိုက်သည်။

 

“ဒါကို ထိတယ် ခေါ်တာလား။ ခင်ဗျားရဲ့ အကြည့်က ဘာလဲ”

 

“နောက်ပြီး ဒါက ခင်ဗျားနဲ့ ဘယ်လိုပတ်သက်လို့လဲ”

 

ယန်ရှစ်ရွှမ်းက ယဲ့လီကို ရှင်းပြရန် ခက်ခဲသော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီးနောက် သိပ်မဝေးသော နေရာတွင် ရပ်ကာ သူ့ကို စိတ်လှုပ်ရှားစွာ လက်ယမ်းပြနေသည့် အန်းနန်ယွမ်ထံ သွားလိုက်သည်။ ယဲ့လီသည် ရှင်းလင်းသော ဧည့်ခန်းအလယ်တွင် တစ်ယောက်တည်း ရပ်လျက် ကျန်ရစ်ခဲ့သည်။ အထက်မှ မှေးမှိန်သော မီးအိမ်မှအလင်းက သူ့အား နွေးထွေးမှုကို မပေးစွမ်းလေဘဲ သူ့၏အသားအရည်ကို ပို၍ဖြူဖျော့ကာ သွေးမဲ့သွားစေရာ ရုပ်ထုတစ်ခုနှင့် ပို၍တူလာစေသည်။

 

ယဲ့လီ၏ ပါးလျသော နူတ်ခမ်းများက ပါးလျသည့် အစင်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယန်ရှစ်ရွှမ်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် နွေးထွေးမှုကို မမြင်ရချေ။ ကြောက်စရာ ကောင်းလောက်အောင် အေးစက်နေသေးသည်။

 

သူသည်လည်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ မည်သိုပင်ဆိုစေ အနာဂတ်တွင် ယန်ရှစ်ရွှမ်းအား မည်သူ့ကိုမှ မထိတွေ့ခွင့် မပြုရန် ဆုံးဖြတ်ထားလိုက်၏။

 

ဒါပေမဲ့ ဒီခံစားချက်က ဘယ်နေရာက လာတာလဲ။ ဘာလို့လဲ။

 

သူကိုယ်တိုင်ပင် မသိပါချေ။

135 03

သိပ်မဝေးသော နေရာမှလာသည့် ယန်ရှစ်ရွှမ်းနှင့် ပရိုဂရမ်အဖွဲ့သားများ ပြောနေသော စကားများက ရှင်းလင်းသော အာကာသပြင်တွင် ပဲ့တင် ထပ်လာသည်။ အလွှာပေါင်းများစွာကို အချင်းချင်း ဖြတ်သွားပြီးနောက် ရရှိလာသည်မှာ သူ့အား အလွန်အမင်း အထီးကျန်ဆန်စေသည်။

 

ထို့နောက် ယဲ့လီသည် လူသူရှင်းလင်းနေသော ဧည့်ခန်းတွင် ထိုအတိုင်းရပ်လျက် အနည်းငယ် မှင်သက်ပြီး စိတ်ရှုပ်ထွေးသလို ဖြစ်နေသည်။

 

.....

 

ပထမဦးဆုံးအကြိမ်အဖြစ် ကျေးလက်တောရွာအိမ်တွင် နေထိုင်ရမည်ဖြစ်သော အန်းနန်ယွမ်သည် အရာအားလုံးကို သိချင်စိတ် ပြင်းပြနေလေသည်။ မကြာခဏဆိုသလို သူသည် ဘေးဘက်မှလူငယ်အား မေးမြန်းတတ်သေး၏။ ပြတင်းပေါက်မှတဆင့် မြင်နေရသည့် ခြံဝန်းထဲမှ ရေတွင်းကို မြင်ရသောအခါ ယန်ရှစ်ရွှမ်းကို စိတ်လှုပ်ရှားစွာဖြင့် အနားသို့ လာစေလေပြီး သွားကြည့်ရန် ပြောသည်။

 

“ယန်ကော ကြည့်ဦး ဒီမှာ ရေတွင်းပဲ။ ငါ ပထမဦးဆုံးအကြိမ် ရေတွင်းထဲကနေ ခပ်သောက်လို့ရတဲ့ ရေတွင်းမျိုးကို မြင်ဖူးတာပဲ။ ဒါ တအားကို မှော်ဆန်တယ်နော်။ ငါ ဒါကို တီဗွီတွေမှာပဲ တွေ့ဖူးတယ်။ ဒါက ဘယ်လိုလုပ်ရတာလဲ။ အရင်ဆုံး ရေယူဖို့အတွက် ကြိုးသယ်ရသေးလား”

 

အန်းနန်ယွမ်က လက်ကို ဆန့်ထုတ်လိုက်ပြီး ပြတင်းပေါက်ကို ကာထားသည့် ဖန်အကာအရံအား စိတ်လှုပ်ရှားစွာဖြင့် ပင့်မတင်လိုက်ကာ ရေတွင်းဆီ ကိုယ်တိုင်သွားကြည့်ချင်နေပုံ ရသည်။

 

ယန်ရှစ်ရွှမ်းက ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေသည့် ရေတွင်းကို တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

 

“မင်း ညဘက်ကြီး ရေတွင်းကို သွားကြည့်လို့ မရဘူး။ မနက်ဖြန်မှ သွား”

 

“အာ”

 

အန်းနန်ယွမ်သည် နဂိုကမူ ယန်ရှစ်ရွှမ်းက သူ့ကိုအဖော်လုပ်ရင်း ထိုနေရာသို့ သွားကြည့်လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် အနည်းငယ် စိတ်ပျက်သွား၏။ ထို့အစား ယန်ရှစ်ရွှမ်းကို စိတ်အားထက်သန်မှုအပြည့်နှင့် ပြင်းပြင်စွာ ကြည့်နေသေးသည်။

 

ဘေးဘက်မှ လူငယ်လေးကမူ နဂိုက အန်းနန်ယွမ်အား စိတ်အားထက်သန်မှုအပြည့်နှင့် မိတ်ဆက်ပေးနေသူ ဖြစ်သည်။ သူက ရုတ်တရက် ချောင်းဟန့်လိုက်ပြီးပြောသည်။

 

“ဒီရေတွင်းက ရေဆွဲလို့ မရဘူး။ ရေတွင်းတောင် မဟုတ်ဘူး”

 

“ ရေတွင်း မဟုတ်ဘူး။ ဒါပေမဲ့ ခြံထဲမှာ ထားတယ်ဟုတ်လား”

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်ရင်း ထိုလူငယ်ကို ကြည့်သည်။ ယန်ရှစ်ရွှမ်း၏ အကြည့်မှပေးသော ဖိအားက ပြင်းထန်လွန်းသောကြောင့် ထိုကဲ့သို့သော လူမျိုးနှင့် ဘယ်သောအခါမှ မတွေ့ကြုံဖူးသည့် လူငယ်ကိုယ်တိုင်ကပင် သတိလက်လွတ် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

 

“ဒီရေတွင်းက အိမ်က သုံးနေကြပါ။ ဒါပေမဲ့ ရေတော့ မရှိဘူး။ ဆရာသခင်တစ်ယောက်က ပြောတဲ့စကားအရဆိုရင် ရေရှိတဲ့အခါ တိမ်ထူလာမယ်တဲ့”

 

စကားက တစ်ဝက်တွင် ရပ်သွားသည်။ ထိုလူငယ်သည်လည်း ရုတ်တရက် သူသည် စကားပြော များသွားကြောင်း နားလည်လိုက်သဖြင့် ပါးစပ်ကို ခပ်မြန်မြန် အုပ်လိုက်သည်။ သူသည် အန်းနန်ယွမ်တို့နှင့် စကားမပြောချင်တော့ချေ။ ထို့အစား မြို့မှ သိချင်စိတ်ပြင်းပြသော အကြောင်းအရာများကိုပင် မမေးမြန်းတော့လေဘဲ အကြောင်းပြချက် တစ်ခုရှာကာ အခန်းသန့်ရှင်းသူများကို ကူညီရန် ထွက်သွားသည်။

 

အန်းနန်ယွမ်က ထိုလူငယ်၏ ကျောပြင်ကို ကြည့်ပြီး ရှင်းပြရန် ခက်ခဲသော ပုံစံမျိုးဖြင့် ပြောသည်။

 

“မင်းက ဘာလို့ ဒီလောက် မြန်မြန် ပြေးသွားတာလဲ။ နောက်က သရဲတွေ လိုက်နေလို့လား”

 

ယန်ရှစ်ရွှမ်းကသည် လက်ကိုအသာမြှောက်လျက် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ထို့ကြောင့် ဖန်ဖြင့်ကာရံထားခြင်း မရှိတော့သောအခါ ခြံနောက်ဘက်မှ ရေတွင်းကို တိုက်ရိုက် မြင်လိုက်ရသည်။

 

တကယ်ရေတွင်း မဟုတ်ဘူးဘဲ။

 

အခန်းထဲမှာလာသော အလင်း၏ အကူအညီနှင့် ယန်ရှစ်ရွှမ်းသည် မီတာတစ်ဝက်ခန့် ထူသော ကျောက်သားများဖြင့် ကာရံထားသည့် ရေတွင်းကို မြင်လိုက်ရသည်။ ထိုရေတွင်းသည် ရှည်လျားသော ပုံစံမျိုးနှင့် ဖြစ်ပြီး မြေပြင်အထက်တွင် ပေါ်ထွက်နေသော အပိုင်းမှ တစ်ဖက်တစ်ချက်ချင်းစီတွင် ထွင်းထုထားသော အရာရာတိုင်းက ခြားနားနေသည်။ ထွင်းထုထားသော သင်္ကေတများသည် အရှည်အတို မညီညာသည့် ကန့်လန့်ဖြတ် အစင်းကြောင်းပေါင်းများစွာနှင့် ရေးထွင်းထားခြင်း ဖြစ်သလို ကလေးများ တုတ်ဖြင့် လျှောက်ခြစ်ရေးဆွဲထားသော ပုံမျိုးနှင့်ပင် တူသေးသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ တစ်ချက် ကြည့်လိုက်ရုံဖြင့် ရေတွင်း၏ ရှစ်ထောင့်လုံးကို ပါးကွားသဘောအရ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိလိုက်၏။ ပါးကွားကို တစ်ဖက်တစ်ချက်ချင်းစီတွင် ရေးဆွဲထားရုံသာ မကေသေးလေဘဲ ထိုအပေါ်တွင် ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီပုံစံရိပ်များက အဆောင်များဖြစ်နေကြောင်း တွေ့လိုက်ရသည်။

135 04

သူ ယခုမြင်နေရသည့် ရှုထောင့်မှတဆင့် အရပ်မျက်နှာအနှံ့ရှိ မျက်နှာပြင်ပေါ်တွင်‌ ရေးဆွဲထားသော ထိုအဆောင်လက်ဖွဲ့များဟာ အပနှင်ရန်၊ မိစ္ဆာဝိဉာဉ်များကို နှင်ရန် အသုံးပြုသော အဆောင်လက်ဖွဲ့များ၊ မိစ္ဆာနှင် အဆောင်လက်ဖွဲ့များ၊ ဖိနှိပ်သည့် အဆောင်လက်ဖွဲ့များ၊ နှစ်ဆပွဲကိုးသွယ် အဆောင်လက်ဖွဲ့များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

 

လူငယ် ပြောသည့်အတိုင်း ထိုရေတွင်းသည် တစ္ဆေခြောက်ရန်သာ ဖြစ်လေသည်။ ပိုဆိုးသည်မှာ ထိုရေတွင်းကို ဆောက်လုပ်ထားသော သတ်ဖြတ်ခြင်းကျောက်တုံးသည် မီတာတစ်ဝက်ခန့် ထူသည်။ ထို့ကြောင့် ဆောက်လုပ်ထားသော လူ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသရန် လုံလောက်လေသည်။

 

_ _ _

 

ရေတွင်းထဲမှာ ချုပ်ထိန်းထားတဲ့ အဲဒီအရာတွေကို ရေတွင်းဆီကနေ မလွတ်မြောက် လာစေနဲ့။

 

သို့သော် လူငယ်ပြောသော စကားကလည်း မှန်ကန်သည်။ ရေတွင်းသည် တစ္ဆေများကို ခြောက်လှန့်ရန်သာ အသုံးပြုလျှင် ရေရှိနေ၍ မရချေ။ ရေရှိသွားပါက ဒါဟာ ယင်ဖြစ်သွားသည်။ ထို့ကြောင့် ယန်ဟာ ကျိုးပေါက်သွားသည့်အတွက်ကြောင့် တစ္ဆေကို မလှုပ်ခါနိုင်တော့ချေ။

 

ဒါပေမဲ့ ဘယ်လိုလူက သူတို့ရဲ့ခြံထဲမှာ ရေတွင်းဆောက်ပြီး ဘယ်လိုသရဲမျိုးကို ဖိနှိပ်မှာလဲ။

 

ထိုနေရာတွင်ရှိနေသည့် ပုံစံနှင့် ပါးကွားဝင်္ကပါအရ ရွာလူကြီး၏ မိသားစုက ဖိတ်ခေါ်ပြီး တည်ဆောက်ခိုင်းခဲ့သည့် ထိုတစ္ဆေနှင်ရေတွင်း၏ လက်ရာအရ တစ်ဖက်သူသည် အမှန်ပင် လုပ်နိုင်စွမ်းရည်ရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်မည်။

 

အင်းအား အများကြီး စိုက်ထုတ်ထားတာပဲ။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်ပြီး ရေတွင်းကို ကြည့်ကာ လျို့ဝှက်စွာ တွေးလိုက်သည်။ သူသည် စိတ်ထဲတွင် အကြံရေး‌ရေးပင် ရလာပြီ ဖြစ်သည်။

 

နောက်ပြီး အဲဒီလူငယ်တွေက ဘာလို့ လက်ထပ်ချင်စိတ် မရှိကြတာလဲ။ နောက်ပြီး ယန်ကွမ်းနဲ့ ယန်ကွမ်းရဲ့အကြောင်းကို ပြောပြီး ဒါကို သတိပေးချက်အနေနဲ့ ထုတ်သုံးကြတာလဲ။

 

မည်သို့ပင်ဆိုစေ သူသည် ထိုသို့ ပြောစကားကို ကြားခဲ့ရသည့် လူငယ်များဟာ အသက်၂၅နှစ် မကျော်သေးချေ။ ယန်ကွမ်းသည် လွန်ခဲ့သည့် နှစ်၃၀ခန့်က ဇနီးဖြစ်သူနှင့် ရွာမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ယေဘုယျကျကျ ပြောရသော် ထိုလူငယ်များသည် ယန်ကွမ်းနှင့် ဇနီးဖြစ်သူအကြောင်း မသိသင့်ပေ။

 

ယန်ကွမ်း၏ ဇနီးဖြစ်သူ ယန်ဟွားနေသော ရွာက ဒီနေရာနှင့် အလွန်နီးသည်။ ထိုလူငယ်များသည် လက်မထပ်ချင်သလို အချင်းချင်း ထိခိုက်အောင် မလုပ်ချင်ဟု ပြောသော စကားအရ ယန်ဟွား၏ မိသားစုအကြောင်းကို ထည့်ပြောခြင်း ဖြစ်လောက်မည်။ မည်သို့ပင်ဆိုစေ ထိုမိသားစုမှ အမျိုးသမီးသုံးယောက်လုံးက ရွာသူကြီး၏ သတ်ဖြတ်ခံရလေသည်။ သူတို့သည် အရှင်လတ်လတ် အမြှပ်ခံရခြင်းလည်း ဖြစ်နေသည်။

 

ထို့ကြောင့် ယန်ကွမ်းနှင့် ယန်ဟွား၏ မိသားစုက နောက်ပိုင်းတွင် တစ်စုံတစ်ရာ မဖြစ်ပျက်ခဲ့သမျှ ထိုကိစ္စက ကြီးမားလွန်းသဖြင့် နှစ်အနည်းငယ် ကြာပြီးသည်အထိ လူများ ဆက်သိစရာ အကြောင်းမရှိချေ။

 

ဒါမှမဟုတ် အဲ့ဒီဒုတိယဦး‌လေး သက်လတ်ပိုင်းလူက သူတို့ကို ပြောပြတာများ ဖြစ်နေမလား။

 

ယန်ရှစ်ရွှမ်းသည်လည်း ယန်ကွမ်းဟာ ယန်ဟွားကို အခြေချပြီးနောက် ရွာသို့ ပြန်ပြီး ယန်ဟွား၏ ညီမဖြစ်သူ ယန်သောကို သူနှင့်အတူ ခေါ်ရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ သူသည် သတိကြီးလွန်းသောကြောင့် ယန်ဟွား၏ ရွာသို့ တိုက်ရိုက်သွားလိုက်ခြင်း မပြုလေပဲ ငယ်စဉ်ကတည်းက သူနှင့်ရင်းနှီးခဲ့ပြီး အခြေအနေကို နားလည်လောက်မည့် သူငယ်ချင်းကို မေးမြန်းခဲ့သည်။ ထိုအချိန်က ထိုသူငယ်ချင်းဟာ ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။ ထို့ကြောင့် သူသည် ယန်ဟွား၏ မိသားစု ကိစ္စကို အလွန်ကောင်းမွန်စွာ သိသူ ဖြစ်ပေလိမ့်မည်။

 

ဒီလိုဆိုရင် အဲဒီဒုတိယဦးလေးဆိုတဲ့သူက ယန်ကွမ်းအရင်က သွားရှာခဲ့တဲ့ သူငယ်ချင်း ဆိုတာလား။

 

ယန်ရှစ်ရွှမ်းက ရေတွင်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ပြတင်း‌ပေါက် ဘောင်ပေါ်မှ ကုန်းထွက်ကာ နောက်ဘက်ခြံဝန်းထဲသို့ သွားပြီး တစ်ချက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

 

ထိုအချိန်တွင် ရွာသူကြီး၏ ရွာထဲမှ ခြင်ထာင်များ၊ စောင်များ သွားငှားရန် ကန်ထုတ်ခံထားရသည့် လူငယ်များက ခြင်ထောင်များ၊ စောင်များ ပိုက်လျက် ပြန်လာသည်။ ထို့နောက် ရွာထဲဆူညံသံများ ပြည်နှက်နေသည်။ ကျယ်လောင်သည့် စကားပြောသံကိုလည်း ကြားရ၏။

 

ရွာသူကြီးသည်လည်း သူ၏ဇနီးဖြစ်သူနှင့်အတူ ပူပူနွေးနွေး စားစရာများကို မီးဖိုချောင်ထဲမှ သယ်ထုတ်လာသည်။

 

“အားလုံးပဲ အရင်ဆုံး စားသောက်လိုက်ကြပါဦး။ တစ်ချိန်လုံး ခရီးသွားလာခဲ့ရတာ ဆာလောင်နေမှာပဲ”

 

ရွာသူကြီးသည် ပရိုဂရမ်သင်းမှ အဖွဲ့ဝင်တိုင်းကို နွေးထွေးပျူငှာစွာ ဆက်ဆံသည်။

 

“အိမ်မှာ အရသာရှိလွန်းတာတွေတော့ မရှိဘူး။ အချိန်တစ်ခု ကြာတဲ့အထိတော့ ဒါပဲ ကျန်ဦးမယ်။ ဒါပေမဲ့ ဒါက ငါတို့ခြံထဲမှာ စိုက်ထားတာတွေပဲ။ ဒါကြောင့် ဘာပိုးသတ်ဆေးမှ မသုံးထားဘူး။ လတ်လတ်ဆတ်ဆတ်လေးတွေ စားလို့ရတယ်။ အားလုံး သဘောမကျတာမျိုးတော့ မဖြစ်ကြပါနဲ့”

 

******