136 01
အပိုင်း(၁၃၆)
ပရိုဂရမ်အသင်းထဲတွင် လူပေါင်းများစွာ ရှိသောကြောင့် ရွာသူကြီးက သယ်လာသည့် စားစရာများ၏ ထည့်စရာခွက်များဟာ အလွန်ကြီးသည်။ ပြောင်းဖူး၊ ကန်စွန်းဥ၊ အာလူး စသဖြင့်တို့ကို ချက်ထားသည့် ပူပူနွေးနွေး စားစရာများ ထည့်ထားသော ဇလုံကြီးများပင် ပါသေးသည်။ ရွာသူကြီး၏ ဇနီးဖြစ်သူကလည်း ပြည့်လျှံနေသည့် အရွက်ဟင်းချိုကို သယ်လာသည်။ ထို့နောက် စားပွဲပေါ်သို့ လာချပေးရင်း ပရိုဂရမ်အသင်းမှလူများကို စိတ်အားထက်သန်စွာ နူတ်ဆက်စကားပြောသည်။ အကွာအဝေးခြားပြီး သတိကြီးကြီး ဟန်အမူအယာမျိုးကိုပင် မြင်ရသည်။ ထို့ကြောင့် လူအများသည် အိမ်သို့ပြန်ရောက်လာသလို ခံစားရစေပြီး ဆွေမျိုးများနှင့် စကားပြောရင်း သက်တောင့်သက်သာရှိသော ခံစားချက်မျိုးကို ရလိုက်ကြသည်။
ဧည့်သည်များက စားစရာများကို မြင်သောအခါ သူတို့၏ မျက်ဝန်းက တောက်ပသွားကြသည်။
“ဒါက ကောင်းလိုက်တာ။ အားလုံးက စိမ်းစိုပြီး ကျန်းမာရေးကောင်းတဲ့ အရာတွေကြီးပဲ။ ဝစေမှာ မဟုတ်ဘူး”
ပိုင်ရွှမ်းက ပြုံးရင်း ချီးကျူးသည်။
“ငါ အရင်က ဒါမျိုးတွေ ဝယ်မစားနိုင်ဘူးလေ။ ဒါတွေက အိမ်မှာစိုက်ထားတယ်ဆိုတော့ သေချာပေါက် စိမ်းစိုနေမှာပေါ့။ ဒါတွေ စားရတာ ကောင်းလိုက်တာ”
ရွာသူကြီး၏ ဇနီးဖြစ်သူကလည်း ပိုင်ရွှမ်း၏ ချီးကျူးမှုကြောင်း အလွန်ပျော်ရွှင်သွားသည်။ သူမသည် ပြုံးရင်း သဘောကျသည်ဆိုကတည်းက များများစားသင့်ကြောင်း ပြောလိုက်သည်။ ထို့အပြင် ပြန်သောအခါတွင်လည်း ကားထဲသို့ အပြည့်ထည့်ပေးလိုက်မည် ဖြစ်ကြောင်း ပြောသေးသည်။ ထိုအရွက်တိုင်းကို အိမ်တွင် စိုက်ပျိုးထားခြင်း ဖြစ်လေရာ မည်သည့်တန်ကြေးမှ မရှိချေ။ သို့သော် အရသာရှိစွာ စားသောက်နိုင်သည့်အပြင် ကြွပ်ရွပြီး ချိုမြိန်မှုကို ရရှိပေလိမ့်မည်။
ပရိုဂရမ်အသင်းမှ လူများက စားပွဲသို့ ရောက်ရှိလာပြီးပြီးချင်း စားစရာများကို ပါးစပ်ထဲသို့ ထည့်လိုက်ကြသည်။ ထို့နောက် လူတိုင်း၏မျက်လုံးက တောက်ပသွားကြသည်။ သူတို့သည် သဘောတကျ ခေါင်းညိတ်ကြသည်။
“ချိုမြိန်ပြီး အရသာရှိလိုက်တာ။ တကယ်ကို အရသာရှိတာပဲ”
“ဝိုး ဟုတ်တယ် ဟုတ်တယ်။ အရင်က ဒီလိုအရသာမျိုးကို ဝယ်မစားနိုင်ဘူး။ တကယ်ကို အရသာရှိတာပဲ ”
လူအုပ်က ချီးကျူးနေကြောင်း မြင်သောအခါ ရွာသူကြီးကလည်း အလွန်ပျော်သွားသည်။
သူသည် ပရိုဂရမ်အသင်းမှ လူများကို စားပွဲသို့လာပြီး စားသောက်ရန် ဖိတ်ကြားပြီးနောက် တစ်ဖက်သို့ လှည့်သွားကာ စောင်များ သယ်လာသည့် လူငယ်များအား အပေါ်ထပ်ရှိ အခန်းများသို့ သွားချခိုင်းလိုက်သည်။ ထို့နောက် ထိုလူများအား ပရိုဂရမ်အသင်းဖော်တိုင်းအတွက် စောင်များ၊ ခေါင်းအုံးများကို အထူးတလည် ပြင်ဆင်ပေးသည်။ ထို့ကြောင့် သူသည် အလွန်ပျူငှာလွန်းပုံ ပေါက်နေသည်။
ထိုစကားပြောခန်းအတွင်းတွင် ယန်ရှစ်ရွှမ်း၏ မျက်လုံးကသာ တည်ငြိမ်နေသည်။ သူသည် တစ်စုံတစ်ရာ၏ လွဲမှားမှုကို သိမြင်သလိုမျိုး ဖြစ်နေသည်။
ပရိုဂရမ်အသင်းမှ လူတိုင်းက ဧည့်ခန်းအတွင်းတွင် ရယ်မောကာ စကားနေကြသောအခါ ယန်ရှစ်ရွှမ်းသည် မည်သည့်အချိန်ကမှန်းမသိ ဧည့်ခန်းထဲမှ တိတ်တဆိတ် ထွက်သွားကြောင်း သတိ မထားမိလောက်ကြချေ။ သူသည် စကားသံတစ်စပင် မထွက်စေပဲ အပေါ်ထပ်သို့ တက်သွားပြီး ယခုလေးတင် သူ ကြားခဲ့ရသည့် အသံအတိုင်း သက်လတ်ပိုင်းအရွယ်လူ ရှိမည့်နေရာကို ရှာဖွေကာ တံခါးကို ခေါက်လိုက်သည်။ ထိုသက်လတ်ပိုင်းလူ အခန်း၏ တံခါးတွင် အနီရောင် ကြိုးအမျှင်များနှင့် သွယ်ထားသည့် ဖန်သားစေ့လုံးများကို ချိတ်ဆွဲထားသည်။ ထို့အပြင် အနီရောင်ကြိုး၏ ဖျော့တော့သော အရောင်နှင့် သုံးကြာပြီဖြစ်သော အနေအထားအရ သက်တမ်းအချို့ ရှိလောက်ပြီဖြစ်ကြောင်း သိထားသေးသည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ကျေးလက်တောရွာပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ဘုရားပွဲများတွင် ချိတ်သည့်အရာမျိုးနှင့်ပင် တူနေသေးသည်။
ထိုပုတီးစေ့လုံးများတွင်လည်း စာသားအချို့ ပါသည်။ ယန်ရှစ်ရွှမ်းက စာသားအချို့ကို ဖတ်ကြည့်လိုက်သောအခါ အလင်း၊ ပန်း၊ စာ စသဖြင့်တို့ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သို့သော် ယန်ရှစ်ရွှမ်းသည် စကားလုံးတိုင်းကို မမှတ်မိသေးခင် တံခါးက အတွင်းဘက်မှ ပွင့်သွားသည်။
တံခါးတွင် တွဲလောင်းဆွဲထားသည့် ထိုပုတီးစေ့လုံးများက တံခါးကို ရိုက်မိသောအခါ ယန်ရှစ်ရွှမ်း ယခင်က ကြားခဲ့ဖူးသော အသံမျိုးကို ပြန်ကြားလိုက်ရသည်။
“ယန်ထူလား အခု ဘာဖြစ်တာလဲ။ နောက်ပြီး မင်းတောင်မှ အထူးတလည် ရောက်လာသေးတယ်။ အိုး မဟုတ်သေးပါဘူး။ မင်းရဲ့ဒုတိယဦးလေးက ဝမ်းနည်းသွားတာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ဒုတိယဦးလေးရဲ့ ကိစ္စကို အပြင်လူတွေရှေ့မှာ မပြောမစေနဲ့။ အိမ်မှာပဲဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ ရွာထဲက လူတွေ ဒါမှမဟုတ် အပြင်လူတွေ ဒီအကြောင်းအရာကို ကြားသွားခဲ့ရင် သက်ရောက်မှု ပိုဆိုးနိုင်တယ်။ ရွာထဲက လူတွေကိုလည်း သိပ်မယုံနဲ့”
136 02
သက်လတ်ပိုင်းအရွယ်လူက တံခါးကို ဖွင့်ပြီး တီဗွီထံမှ မျက်လုံးကို တဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသူက အပြည့်အဝ မနေနိုင်သေးခင် အောက်ဘက်တွင် ပြောခဲ့သည့် လေသံအတိုင်း ပြောလိုက်သည်။ ထိုထဲတွင် ခြားနားသည့် ညင်သာမှုမျိုးက ရှိနေသေးပြန်၏။ ဂျူနီယာတစ်ယောက်ကို ရင်ဆိုင်ရသောအခါ လေးနက်တည်ကြည်ပြီး တွေးတွေးဆဆနိုင်သည့် အသံမျိုးဖြစ်သည်။
သက်လတ်ပိုင်းအရွယ်လူက နောက်ဆုံးတွင် သူ၏အကြည့်ကို ပြောင်းလိုက်သောအခါမှသာ တံခါးအပြင်ဘက်တွင် တစ်စိမ်းတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူသည် ချက်ချင်းဆိုသလို စကားကို ရပ်လိုက်ပြီးနောက် ယန်ရှစ်ရွှမ်းကို မှင်သက်စွာ ကြည့်လိုက်သည်။
သူသည် အချိန်တစ်ခုကြာမှသာ ယန်ရှစ်ရွှမ်း၏ ရုပ်ရည်နှင့် အဝတ်အစားအရ ပရိုဂရမ်အသင်းမှ ဖြစ်လောက်ကြောင်း နားလည်သွားသည်။
“စိတ်မရှိပါနဲ့။ ငါက ငါ့တူလာတွေ့တယ်လို့ ထင်လိုက်တာ။ မင်း အခန်း ရှာမတွေ့လို့လား။ ငါ ခေါ်သွားပေးမယ်လေ”
သက်လတ်ပိုင်းလူက အကြောင်းအရာကို ခပ်မြန်မြန်ပြောင်းလိုက်ပြီး ယခုလေးတင် ပြောခဲ့သည့် ပုံပြင်စကားများအား ဖာထေးရန် ကြံစည်သည်။
ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ပြောသည်။
“ယန်ကွမ်း”
သက်လတ်ပိုင်းလူ၏ အမူအယာက ပြောင်းလဲသွားသည်။
ယန်ရှစ်ရွှမ်း၏ သွယ်လျသော လက်ချောင်းများက တံခါးတွင် ဆွဲထားသည့် ဖန်သားများကို ကျော်ဖြတ်လိုက်ချိန်တွင် ခပ်ဆတ်ဆတ် အသံမျိုးက ထွက်လာသည်။
သူသည် မျက်လွှာအသာချပြီး အသာပြုံးသည်။
“ငါ ယန်ကွမ်းကို သိတယ်။ ယန်ကွမ်း ဒီမှာနေတဲ့ ခင်ဗျားအကြောင်းကို ပြောတာ ကြားဖူးတယ်။ ခင်ဗျားက သူအယုံကြည်ရဆုံး မိတ်ဆွေဖြစ်ပြီး သေတူရှင်မကွာ ဖြစ်တဲ့အထိ ရင်းနှီးတဲ့သူလို့ ပြောတယ်”
မနက်စာဆိုင်ပိုင်ရှင်က သူနှင့် မရင်းနှီးချေ။ သို့သော် တစ်ဖက်သူ၏ ဇာတ်ကြောင်း ပြန်ပြောပြမှုနှင့် ထိုသက်လတ်ပိုင်းလူ၏ ဇာတ်ကြောင်း ပြန်ပြောမှုမှတဆင့် နှစ်ယောက်ကြားမှ ဆက်ဆံရေးရာ အလွန်ကောင်းမွန်ခဲ့ကြောင်း သိနိုင်သည်။ သို့မဟုတ်လျှင် မနက်စာဆိုင်ပိုင်ရှင်က သူ၏အသက်ကို ရင်းပြီး ရွာသို့ အပြေးပြန်သောအခါ အိမ်သို့သွားရမည့်အစား သူငယ်ချင်းဖြစ်သူထံ အရင် သွားတွေ့လိမ့်မည် မဟုတ်ချေ။
သူကသာ တစိမ်းထံမှ သတင်းအချက်အလက်ကို ရယူလိုလျှင် သူတို့နှစ်ယောက်ကြားမှ တံတားတစ်ခုကို အရင်တည်ဆောက်ပြီး ထိုတစိမ်းအား သူ့ကို ယုံကြည်လာအောင် လုပ်ရပေလိမ့်မည်။ တစ်ဖက်သူအား အကြောင်းအရာတစ်ခု အရင်ပေးရပေမည်။ ထို့အပြင် တစ်ဖက်သူ ငြင်းရန်ခက်ခဲသော အကြောင်းပြချက်မျိုး ဖြစ်သင့်သည်။
သက်လတ်ပိုင်းအရွယ်လူ၏ မူလက သတိကပ်ထားသော အမူအယာမျိုးက အနည်းငယ် မှင်သက်သွားပုံ ပေါက်သွားသည်။ သူသည် ပါးစပ်လှုပ်သွားသော်လည်း စကား မဆိုလာခဲ့ချေ။
“ခင်ဗျား အခု ယန်ကွမ်းအခု ဘယ်လိုနေလဲ ဆိုတာကို မသိချင်ဘူးလား”
ယန်ရှစ်ရွှမ်းက မျက်လုံးကို ဝင့်ပြီး သက်လတ်ပိုင်းအရွယ်လူကို ကြည့်သည်။ တစ်ဖက်သူ၏ မျက်လုံးထဲမှ တုန်လှုပ်သွားမှုများကို သူသည်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်နေသေးသည်။
သက်လတ်ပိုင်းအရွယ်လူက ယန်ရှစ်ရွှမ်းကို အထင်သေးသော မျက်နှာထားမျိုးနှင့် ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သက်ပြင်းချကာ ဘေးဘက်သို့လှည့်ပြီး တံခါးတစ်ခုကို သွားဖွင့်သည်။
“ဝင်လာခဲ့။ အပြင်မှာ ပြောရတာ မလုံခြုံဘူး။ အခန်းထဲမှာ တီဗွီသည် ပရိုဂရမ်တစ်ခုကို ထုတ်ပြနေပြီး အတွင်းမှ ဆူညံသော အသံက ထွက်လာကာ အခန်းထဲမှ လူနှစ်ယောက်၏ အခြေအနေကို တိတ်ဆိတ်လွန်းခြင်း မရှိအောင် ထောက်ပံ့ ကူညီပေးနေသည်။
သက်လတ်ပိုင်းအရွယ်လူက ယန်ရှစ်ရွှမ်းကို ဆိုဖာပေါ်တွင် ထိုင်ရန် တောင်းဆိုစကား ပြောလိုက်သည်။ သို့သော် သူကိုယ်တိုင်ကမူ မတည်ငြိမ်နိုင်ချေ။ သူ၏မျက်လုံးက အလိုအလျောက်ပင် တစ်စုံတစ်ရာထံမှ ပုန်းအောင်ချင်သလိုမျိုး ပြတင်းပေါက် အပြင်ဘက်သို့ ကြောက်လန့်တကြား ကြည့်နေသည်။ သူသည် ပြတင်းပေါက်မှ တစ်စုံတစ်ရာကို ကြောက်လန့်နေပုံရသည်။ သို့သော် ထိုအခိုက်အတန့်တွင်
သက်လတ်ပိုင်းအရွယ် လူက လွန်ခဲ့သော ဆယ်စုနှစ် ကျော်ခန့်ကတည်းက ထွက်သွားပြီဖြစ်သော မိတ်ဆွေဖြစ်သူ၏ အခြေအနေကိုလည်း သိချင်နေသောအခါ သူကိုယ်တိုင်ကပင် အဘက်ဘက်မှ အန္တရာယ်ဝိုင်းနေမည့် ပြတင်းပေါက် အပြင်ဘက်တွင် ဆောင့်ကြောင့် ထိုင်စောင့်မည်။ သရဲတစ်ကောင်က လူသားစားရန် စောင့်ကြပ်နေခြင်း ရှိနေမည်ဆိုလျှင်ပင် အကြောင်းအရာကို သိလိုစိတ် ပြင်းပြနေသေးသည်။ ထို့ကြောင့် သူသည် တံခါးကို သော့ပိတ်ရန် ရွေးချယ်လိုက်သည်။
136 03
ယန်ရှစ်ရွှမ်းက သက်လတ်ပိုင်းလူ၏ တုန့်ပြန်မှုတိုင်းကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ ထို့အပြင် အခန်း၏ ပရိဘောဂများကိုလည်း ကြည့်လိုက်သည်။
ဒီအခန်းသည် အထီးကျန်သော လူတစ်ယောက်နေသည့် အခန်းမျိုး ဖြစ်သော်လည်း သပ်ရပ်သန့်ရှင်းမှု ရှိသည့်တိုင်အောင် မိမိအပိုင် ပစ္စည်းအများစုကို မမြင်ရချေ။ ထို့အစား ဒီအခန်းဟာ လူတစ်ယောက်၏ ဘဝအတွင်းသို့ အများကြီး စွက်ဖက်နိုင်စွမ်းအား မရှိသလိုမျိုး ဒီအတိုင်း အသက်ရှင်ရုံလောက်သာ ထိန်းထားရုံမျိုး ဖြစ်နေသည်။
သို့သော် အဝတ်အစား အသုံးအဆောင်များ၏ တည်ရှိမှုနှင့် ဆန့်ကျင်ဘက်ဆန်စွာပင် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းများက အမြောက်အများ ရှိနေသည်။ ထို့အပြင် စားပွဲပေါ်တွင် သေးငယ်သော ဗုဒ္ဓရုပ်ပွားတော်လေးက ရှိနေရုံသာ မကသေးလေဘဲ အတွင်းတွင် အပြုံးပျောက်ပြီး ခက်ထန်ကြမ်းတမ်းပုံ ပေါက်နေသည့် ရုပ်ပွားတော်ကိုလည်း မြင်ရသည်။ ပို၍ဆိုးသည်မှာ တီဗွီအနောက်ဘက် နံရံတွင်လည်း အရှင်မာ၏ ကြီးမားသော ရုပ်ထုကြီးကိုလည်း ချိတ်ဆွဲထားသေးသည်။ ထိုပုဂ္ဂိုလ်က လူအများကြားတွင်မူ မာဝမ်ယဲ့ကို သိကြပြီး ထိုလူက တာအိုပညာရှင်အရ မာလင်းဟွမ်ဟု ခေါ်ဆိုခံရသူ ဖြစ်သည်။ ထိုလူသည် ဟွားကွမ်ဧကရာဇ်တစ်ပါး ဖြစ်ပြီး တာအိုကာကွယ်စောက်ရှောက်ရေး လေးပါးထဲမှ တစ်ပါး ဖြစ်သည်။ သူသည် မီးတောက်ကို သုံးပြီး မိစ္ဆာဝိဉာဉ်များကို နှင်ရာတွင် အလွန်တော်သူလည်း ဖြစ်လေသည်။
ယန်ရှစ်ရွှမ်းက ခြံဝန်းအနောက်ဘက်တွင် ရှိသည့် ရေတွင်းကို ပြတင်းပေါက်မှတဆင့် မြင်ရသည့် အနေအထားကို ပြန်တွေးကြည့်မိသွားသည်။
ထိုအချိန်လူငယ်သည်လည်း အိမ်ကို ထိန်းချုပ်ရန်အတွက် သုံးသည်ဟု ပြောခဲ့သည်။ အမှန်တကယ်အားဖြင့် သရဲကို ထိန်းချုပ်ရန် သုံးခြင်း ဖြစ်လောက်သည်။ ရေတွင်းသည် ယင်ဖြစ်သည်။ သို့သော် ရေ မရှိချေ။
မာလင်းကွမ်သည် မီးဖြစ်သည်။ သို့သော် ရေသည် မီးကို ယှဉ်ရာတွင် အားနည်းသည်။
တစ္ဆေတစ်ကောင်နှင့် နတ်တစ်ပါး။ ရေနှင့်မီးတောက် သူတို့သည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပုံ ပေါ်သည်။
သိသာစွာပင် သက်လတ်ပိုင်းလူသည် သူ၏ပတ်ပတ်လည်တွင် သရဲများ ရှိသည်ကို ယုံကြည်ထားသလို သရဲများကို အလွန်ကြောက်လောက်သည်။ ထိုအတွက်ကြောင့် အိမ်တွင် မာလင်းကွမ်၏ ရုပ်ထုကို ချိတ်ဆွဲထားပြီး မာလင်းကွမ်၏ စွမ်းအားကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်ရန် မျှော်လင့်နေပုံရသည်။
ပို၍ဆိုးသည်မှာ ဗုဒ္ဓအယူဝါဒတွင် ဒီနေရာတွင် ရှိနေသော ခက်ထန်ကြမ်းတမ်းသော သွင်ပြင်နှင့် မိုင်ထရီယာ ဗုဒ္ဓရုပ်ပွားတော်ဟာ အနာဂတ်ဗုဒ္ဓ ဖြစ်သည်။ သူသည် အနောက်သုခဘုံတွင် နေထိုင်သောကြောင့် အမြဲတစေ ပြုံးနေပြီး လူများအား ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ပေးစွမ်းတတ်သော်လည်း ယန်ရှစ်ရွှမ်း ယခုမြင်နေရသော ဗုဒ္ဓရုပ်ထုကမူ ကြင်နာမှု ပျောက်ဆုံးပြီး သဘောထား ကြီးမြတ်မှုများ ကင်းရှင်းနေသည်။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းကာ ဒေါသတကြီး ဖြစ်နေလောက်လေသည်။
ဒီဗုဒ္ဓရုပ်ထုထဲမှာ ဘာကို မြင်နေရတာလဲ။
ထိုအရာသာ မကသေးချေ။ ယန်ရှစ်ရွှမ်းသည် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဗုဒ္ဓရုပ်ထု နှစ်ခုအပြင် ဗုဒ္ဓနယ်ပယ်နှင့် တာအိုနယ်ပယ်အပိုင် ပြင်ဆင်မှုပိုင်းများစွာအား တွေ့လိုက်ရသေးသည်။
ပြတင်းပေါက် ဘေးဘက်ရှိ ပါးကွားမှန်၊ တံခါးဘောင်အထက်တွင် ကြက်ခြေခတ်ထားသည့် မာဟိုဂါနီ ဓားနှစ်လက်၊ အိပ်ယာကုတင် အထက်နားတွင် ကပ်ထားသည့် ဓားမမှန်နှင့် နေရာတိုင်းအနှံ့တွင် ကပ်ထားသော အဝါရောင် တာအိုသင်္ကေတများကဲ့သို့ ဖြစ်သည်။
ထို့အပြင် ထူးဆန်းသော ပစ္စည်းများ ဖြစ်သည့် ကြေးပြား၊ သစ်သားငါး၊ ဘူးသီးခြောက်၊ ပြဒါးရိုင်း စသဖြင့် အရာများကိုလည်း တွေ့ရသည်။ သက်လတ်ပိုင်းလူနေသော အခန်းက အိပ်ခန်းနှင့် မတူဘဲ အပနှင်ရန်အတွက် ဗုဒ္ဓနယ်ပယ်နှင့် တာအိုနယ်ပယ်ဆိုင်ရာ ပစ္စည်းများကို စုဆောင်းထားသည်နှင့် တူနေသေးလေသည်။
ယန်ရှစ်ရွှမ်းက ထိုအခြေအနေများကို မြင်သောအခါ မျက်မှောင် ကြုတ်လိုက်သည်။
မနက်စာဆိုင်ပိုင်ရှင်က အိမ်က ထွက်ပြေးသွားပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းက ဘာဖြစ်သွားတာလဲ။ သူ ဘာလို့ ဒီလောက် သရဲကြောက်ရတဲ့ အခြေအနေမျိုးကို ရောက်သွားတာလဲ။
“ယန်ကွမ်း”
သက်လတ်ပိုင်းလူက တစ်ခဏခန့် တုန့်ဆိုင်းသွားပြီးနောက် မေးသည်။
“မင်း ယန်ကွမ်းနဲ့ သိပြီး ယန်ကွမ်းရဲ့ မိတ်ဆွေလို့ ပြောတယ်မဟုတ်လား။ သူ အခု ဘယ်လိုနေလဲ”
“ယန်ဟွား သူ အဆင်ပြေရဲ့လား”
ယန်ရှစ်ရွှမ်းက ပရိဘောဂများထံမှ မျက်လုံး ကို တည်ငြိမ်စွာ ပြောသည်။
“ယန်ကွမ်းက အခု အဆင်ပြေတယ်။ ဒါပေမဲ့ ယန်ဟွားကတော့ သေတော့မှာ”
ခရက်
136 04
သက်လတ်ပိုင်းလူ၏ လက်ထဲမှ ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ်အပိုင်းပိုင်း ကွဲသွားသည်။ မူလကမူ ထိတ်လန့်မှုကို ဖြေဖျောက်ရန် ရေသောက်ပြီး ဖုံးကွယ်လိုခဲ့သည်။ သို့သော် ယခုအခါ ကြောက်လန့် သွားသောကြောင့် ထိုင်ခုံမှ ပြန်ခုန်ထလုနီးပါး ဖြစ်သွားသည်။ သူသည် ခန္ဓာကိုယ်ပေါ်တွင် ဖိတ်စင်သွားပြီး ခြေထောက်အောက်တွင် ကွဲထားသည့် ဖန်ခွက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယန်ရှစ်ရွှမ်းထံ အပြေးလာသည်။
“မင်း ဘာပြောလိုက်တာလဲ”
သက်လတ်ပိုင်းလူ၏ အသံက သိသာစွာပင် တုန်ယင်နေသည်။ သူ၏လက်များက တုန်ယင်နေပြီး ယန်ရှစ်ရွှမ်း၏ ပုခုံးကို ကိုင်ချင်နေပုံ ရသည်။ ယန်ရှစ်ရွှမ်းက အသာလှည့်ပြီး ရှောင်လိုက်သည်။
“ယန်ဟွားက ဘာလို့ သေရမှာလဲ။ မဖြစ်နိုင်တာ။ သူ့ညီမက သူ့ညီမက ဒီမှာ ရှိတယ်လေ။ ဒီတော့ ဒီတော့ ငါတို့ ငါတို့ သူမကို သေခွင့်ပြုလို့ မဟုတ်ဘူး”
သက်လတ်ပိုင်းလူက ယန်ရှစ်ရွှမ်း၏ တုန့်ပြန်မှုကို စိတ်ထဲမထားဘဲ သူလိုချင်သော အဖြေကိုသာ အရယူပြီး သူဟာ မှန်ကန်ကြောင်း အသိအမှတ် အပြုခံချင်နေသည်။
သူ ယခင်က ဂျူနီယာများအရှေ့တွင် ပြသထားသည့် သတိထားမှုများနှင့် ညင်သာမှုများဟာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အသက်၄၀ကျော်နေပြီ ဖြစ်သော သက်လတ်ပိုင်းလူကြီးဟာ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က ကြောက်လန့်မှုကို ရရှိသွားပုံ ပေါ်သည်။ သူသည် အရာအားလုံးကို မပြောင်းလဲနိုင်သည့် လူငယ်တစ်ယောက် ဖြစ်နေသေးသည်။ အဖြစ်အပျက်တိုင်းကို မတားနိုင်ဘဲ ရပ်ကြည့်ရတဲ့ လူတစ်ယောက် ဖြစ်နေသေးသည်။
“ယန်ဟွားရဲ့ညီမလား”
ယန်ရှစ်ရွှမ်းသည် တစ်ဖက်သူ ယန်သောအကြောင်း ပြောချိန်တွင် ကြားလိုက်ရသည့် ထူးဆန်းသည့် ခံစားချက်မျိုးကို ရလိုက်သည်။
ယန်ကွမ်း၏ ပြောစကားအရ ယန်သောသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က ရွာသားများက အရှင်အလတ်လတ် အမြှပ်ခံကာ သင်္ဂြိုလ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်လည်း ယန်သောဟာ အငြိုးကြီးဝိဉာဉ်အဖြစ် ပြောင်းသွားကြောင်းကို မျက်လုံးဖြင့် မြင်ခဲ့ရသည်။ ထို့ကြောင့် ယန်သောဟာ အသက်ရှင်စရာအကြောင်း မရှိချေ။
ထိုသို့သာဆိုလျှင်_ _ _
ဒီလူရဲ့အသံအရ ဒီလူက အစ်မကို ကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ ကဏ္ဍရှိတယ်လို့ ဘာလို့ပြောနေတာလဲ။ နောက်ပြီး ဒီယုံကြည်သေချာမှုတွေက ဘယ်နေရာက လာတာလဲ။ ယန်ရှစ်ရွှမ်းသည် သူ၏သံသယများကို ဘေးဖယ်ထားလိုက်ပြီး စိုးရိမ်စိတ်များသော သူကို ကြည့်ကာ ပြောလိုက်သည်။
“အရင်ဆုံး စိတ်ငြိမ်အောင် ထိန်းဦး။ ခင်ဗျား ဒီလောက် အသံအကျယ်ကြီး လုပ်နေတာ အပြင်ဘက်က လူတွေကြားမှာ မစိုးရိမ်ဘူးလား”
ထိုစကားများက ထိုလူ၏ကြောက်လန့်မှုကို ထိမှန်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ရာကို ကြောက်လန့်စွာ တုန့်ပြန်ပြန်၏။ သူသည် အနောက်ဘက်ရှိ တံခါးကို ထိတ်လန့်တကြား ပြန်ကြည့်သည်။ အပြင်ဘက်မှ အသံကို မကြားရမှသာ စိတ်အေးသွားပုံရသည်။
ထိုလူက တည်ငြိမ်သွားပြီး အသိစိတ်ကို ပြန်ထိန်းနိုင်ကြောင်း မြင်ရမှသာ ယန်ရှစ်ရွှမ်းက ပြန်ပြောသည်။
“အရမ်းကြီး စိုးရိမ်စိတ် များမနေနဲ့။ ယန်ဟွားက မသေသေးဘူး။ ဒါပေမဲ့ အခုတော့ အန္တရာယ် ရှိနေပြီ”
“နောက်ပြီး ခင်ဗျား ယန်ဟွားရဲ့ညီမလို့ ပြောသွားတယ် မဟုတ်လား။ ဒါကြောင့် အဘက်ဘက်က ကြည့်ရရင် သူမကသာ ယန်ဟွားကို မကာကွယ်နိုင်မှာ စိုးရိမ်ရတယ်။ ယန်ဟွားကို ထိလို အန္တရာယ်ရောက်စေတာက ယန်သောကိုယ်တိုင် ဖြစ်နေလို့ပဲ”
သက်လတ်ပိုင်းလူက ရေရွတ်သည်။
“မဖြစ်နိုင်တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ယန်သော ယန်သောက ကလေးကောင်းလေးပါ”
“အဲဒီကလေး သေလွန်ပြီးတဲ့နောက်မှာ မကောင်းနိုင်တော့မှာကို စိုးရိမ်မိတယ်။ သူက အမှားများစွာနဲ့ ခြားနားနေတယ်”
ယန်ရှစ်ရွှမ်းက ပြောလိုက်သည်။
“ခင်ဗျားကို အရင်ဆုံး အတည်ပြု မေးမြန်းရဦးမယ်။ ယန်သောသေမှန်း ခင်ဗျား ဘယ်လို သိတာလဲ။ နောက်ပြီး ယန်သောက ယန်ဟွားကို ကာကွယ် နေရတယ်လို့ ဘယ်လိုကြောင့်များ သေချာနေရတာလဲ”
******