Ch 137
Viewers 6k

137 01

အပိုင်း(၁၃၇)

 

သက်လတ်ပိုင်းလူက ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ခေါင်းကို အသာခါယမ်းလိုက်သည်။

 

“ငါ သိတယ်။ ဒါပေမဲ့ ယန်သောကို သေလွန်ပြီးတဲ့သူလို့ ခေါ်လို့မရနိုင်သေးဘူး။ အနားယူသွားတယ်လို့ ပြောရမှာပဲ။ အနားယူသွားတာတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့_ _ _”

 

သူက သက်ပြင်း ချသည်။ သူ့ရဲ့အသံဟာ သီးမတတ် ဖြစ်သွားသည်မှာ တားမြစ်သော တစ်စုံတစ်ရာကို ဆက်မပြောနိုင်သောကြောင့် ဖြစ်လောက်သည်။

 

ယန်ရှစ်ရွှမ်းသည်လည်း သက်လတ်ပိုင်းလူ၏ အမူအယာကို သတိထားမိလိုက်သည်။ သူသည် အများကြီး တွန်းအား မပေးတော့ချေ။ ထိုအမျိုးသားသည် သူ့ကို မယုံသေးချေ။ ထို့ကြောင့် စောင့်ထိန်းမှုများ ရှိနေသေးသည်။ ပို၍ဆိုးသည်မှာ တစ်ဖက်သူ၏ စိတ်အခြေအနေက ပြိုလဲလုနီးပါး ဖြစ်နေသည်။ သူက အရမ်းကြီး တွန်းအားပေးလိုက်သော် ဆိုးရွားသွားနိုင်သည်။

 

ထို့ကြောင့် ယန်ဟွား၏ အ‌ရေးကြီးသော အခြေအနေကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

 

သက်လတ်ပိုင်းလူက ပါးစပ်ကို ဟပြီးပြီးချင်း ဘာကိုမှ မပြောနိုင်သေးခင် ဟန်ဟွားနှင့် ဟန်ကွမ်းအကြောင်းကို အရင်မေးလိုက်သည်။ ဥပမာအားဖြင့် ငယ်စဉ်ဘဝကတည်းက သိလာသည့် ယန်ကွမ်းနှင့်ယှဉ်သော် ဟန်ဟွားက သူ့ကို ပို၍ စိုးရိမ်စိတ်ကြီးပြီး အပြစ်မကင်းစိတ် ဖြစ်စေလေသည်။ သူသည် ယန်ဟွား လုံခြုံ‌ဘေးကင်းကြောင်းကို မသိရမခြင်း စကားပြောခန်းကို ငြိမ်အေးစွာ မဆက်နိုင်သော ပုံစံမျိုး ဖြစ်နေခဲ့သည်။ ယန်ရှစ်ရွှမ်းက တစ်ဖက်သူထံမှ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က အဖြစ်အပျက်များကို ပိုသိလိုသည်။ ရွာသူကြီး၏ အိမ်နှင့်ပတ်သက်ပြီး ဖြစ်သွားသည့် အကြောင်းအရာကိုလည်း သိလိုသည်။ မည်သည့်အတွက်ကြောင့် ယခုလိုမျိုး အိမ်နောက်ဘက်တွင် တစ္ဆေနှင်‌ရေတွင်းကို ဆောက်ထားခဲ့ပြီး ထိုလူ၏ အခန်းထဲတွင်လည်း အပနှင်ပစ္စည်းပေါင်းများစွာ ရှိနေကြောင်း သိလိုသည်။

 

ထိုအတွက်ကြောင့် သူသည် ထိုအမျိုးသား အစိုးရိမ်ဆုံးအပိုင်းမှ စပြောရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က ပထမဆုံး စတွေ့ခြင်း ဖြစ်လေရာ တစ်ဖက်သူက သူ့ကို သတိကပ်နေသေးသည်။ သူသည် တစ်ဖက်သူ၏ ခုခံမှုအလွှာကို ခပ်မြန်မြန် ဖြိုလှဲရန် လိုအပ်၏။ ထိုအခါ တစ်ဖက်သူက အထိတ်တလန့်ဖြစ်ကာ စိတ်လွတ်သွားသောကြောင့် အချက်အလက်များကို သိနိုင်မည်ဖြစ်သည်။

 

တစ်ဖက်သူ၏ တုန့်ပြန်မှုအရ ယန်ရှစ်ရွှမ်းအား တစ်စုံတစ်ရာကို ပြောလိုက်သည်။

 

“ယန်သောနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်”

 

ယန်ကွမ်းသည် ယန်ဟွားနှင့်အတူ ရွာမှ ထွက်ပြေးသွားခဲ့သည့်တိုင်အောင်၊ ယန်ကွမ်းသည် ယန်ရှစ်ရွှမ်းအား ပြောခဲ့သည့်တိုင်အောင် ယန်သောအတွက် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများအတွက်မူ ယန်ကွမ်းက မသိနိုင်ချေ။

 

သို့မဟုတ်လျှင် ထိုအမျိုးသားသည် ငြိမ်းချမ်းစွာ လဲလှောင်းအနားယူသည်ဆိုသော ကိစ္စမျိုးကို ထည့်ပြောလိမ့်မည် မဟုတ်ပေ။

 

ယန်ရှစ်ရွှမ်း၏ အတွေးများက တစ်ဖက်ပြန်လည်လာပြီးနောက် သူက ပြောလိုက်သည်။

 

“ယန်ကွမ်းနဲ့ ငါက မိတ်ဆွေတွေပါ။ ယန်သောရဲ့ မတော်တဆမှု ပြီးသွားတဲ့နောက်မှာ ယန်ကွမ်းက သူမကို ကိုင်တွယ်ပြီး အလုပ်များလွန်းလို့ မထွက်လာနိုင်ခဲ့ဘူး။ ဒါကြောင့် ငါ့ကို ယုံကြည်စွာနဲ့ ဒီနေရာကိုလာဖို့ တောင်းဆိုခဲ့တာ။ ယန်ဟွားကို ကယ်နိုင်မဲ့ နည်းလမ်းတစ်ခုကိုလည်း သူက သိချင်နေတယ်။ ယန်ကွမ်းက လူရှာပြီး ပြသေးတယ်။ အဲ့ဒီဆရာသခင်ကတော့ ပြဿနာက ယန်ဟွားရဲ့ညီမနဲ့ ပတ်သက်တာလို့ ပြောတယ်။ ယန်ဟွားရဲ့ အခြေအနေက ကောင်းမွန်အောင် ကြိုးချည်ထားတဲ့ ခေါင်းလောင်းကို ရွာပြန်ဖို့ရမယ်တဲ့”

 

“ဒါပေမဲ့ ယန်ဟွားက အရမ်းကို အားနည်းလွန်းလို့ ကိုယ်ကိုယ်တိုင် မထွက်လာနိုင်ခဲ့ဘူး။ ယန်ကွမ်းကိုယ်တိုင်ကလည်း သူမကို ပြန်ခေါ်လာဖို့ အချိန်မရှိဘူး။ ဒါကြောင့် ယန်ကွမ်းရဲ့ မိတ်ဆွေတစ်ယောက် အနေနဲ့ ဒီလိုအခြေအနေမျိုးအကြောင်း ခင်ဗျား သိနေတဲ့အခါ သေချာပေါက် ရွာကို ပြန်လာပြီး အသေခံမလား။ အန္တရာယ်များလွန်းတဲ့ အခြေအနေကို ကြုံတွေ့မလားဆိုတာကို နားလည်မှာပါ”

 

ယန်ရှစ်ရွှမ်း၏ မျက်နှာက လိမ်ညာမှုကြောင့် နီရဲလာခြင်း မရှိချေ။ သူ၏မျက်နှာက တစ်ချက်မှပင် မပျက်ဘဲ တည်ငြိမ်နေသည်မှာ အမှန်တရားကို ပြောနေသည်အလား ထင်ရသည်။

 

ထိုအမျိုးသား၏ အပနှင်အသုံးအဆောင် ပစ္စည်းများအပေါ် မှီခိုမှုမှတဆင့် ယန်ရှစ်ရွှမ်းသည်လည်း ထိုအမျိုးသား၏ တစ္ဆေသရဲနှင်နိုင်သော ဆရာသခင်များ ယုံကြည်မှုနှင့် လေစားမှီခိုမှုကို နားလည်နိုင်သည်။ ထို့ကြောင့် ထိုလူအား သူ၏အတွေးများကို ထုတ်ပြောလိုလျှင် သူ့အား စိတ်လက်ငြိမ်းချမ်းအောင် ယုံကြည်စေမည့် တစ်စုံတစ်ရာကို လမ်းဖွင့်ပေးရန် လိုအပ်သည်။

 

သို့သော် ထိုအယူအဆကို အမျိုးသားများ မယုံကြည်သော သူကိုယ်တိုင်အတွက် အသုံးပြု၍လည်း မရချေ။ ထိုအတွက်ကြောင့် တတိယလူကို ပုံဖော်လိုက်ရသည်။ ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းသည် အမှန်တရားကို မပြောခဲ့ဘဲ ထိုအမျိုးသား ပို၍ယုံကြည်စေလောက်မည့် နည်းလမ်းမျိုးနှင့် ချဉ်းကပ်လိုက်ခြင်း ဖြစ်သည်။

 

သက်လတ်ပိုင်းလူကမူ သူဒီ‌နေရာတွင် ရှိနေသောကြောင့် သံသယမဝင်တော့ပေ။ ယန်ရှစ်ရွှမ်းကို ပို၍ ယုံကြည်လာပုံ ပေါ်သည်။

 

“ခေါင်းလောင်း ခေါင်းလောင်းကို ကြိုးချည်ခဲ့တဲ့သူက ခေါင်းလောင်းကို ဖြည်ဖို့ တကယ်လိုတယ်ဆိုရင်”

137 02

ယန်ရှစ်ရွှမ်းက အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ဖိအားပေးလိုက်ကာ ပြောသည်။

 

“သူနဲ့ယန်ဟွားက အခြားမြို့တစ်မြို့မှာ နေနေတယ်။ တော်တော်လေးကို ကောင်းမွန်ပျော်ရွှင်နေခဲ့တာပါ။ ခင်ဗျားလည်း ယန်ဟွား တစ်ခုခု ဖြစ်သွားတဲ့အခါ ယန်ကွမ်း တစ်ယောက်တည်း ထွက်လာနိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်မှာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က အတိတ်က အဲ့ဒီရွာကနေ သေလုမြောပါး အနေအထားမျိုးကနေ လွတ်မြောက်လာခဲ့တယ်။ သူတို့ရဲ့ မူလပျော်ရွှင်မှုတွေက တစ်ခုခုဖြစ်သွားတာနဲ့ ပျက်စီးသွားရမှာပဲ”

 

“ယန်ကွမ်းနဲ့ ယန်ဟွားတို့ရဲ့ ပျော်ရွှင်မှုကို မြင်ချင်ကြတဲ့ မိတ်ဆွေနှစ်ယောက် အနေနဲ့ သူတို့ကို ဒုက္ခရောက်တာမျိုးကို ခင်ဗျားမြင်ချင်ပါ့မလား”

 

ယန်ရှစ်ရွှမ်း၏ စကားများက သက်လတ်ပိုင်းလူအား ပြင်းပြင်းထန်ထန် ထိုးနှက်ခံရကာ တုန်ယင်သွားသည်။

 

နောက်ဆုံးတွင် သူသည် အံကိုကြိတ်ပြီး တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပုံပေါ်သည်။

 

“ကောင်းပြီ မင်း ယန်ဟွားကို ကယ်ဖို့ အဲဒီရွာကို သွားရှာရမှာ မဟုတ်လား။ ငါကူညီမယ်”

 

သက်လတ်ပိုင်းလူက မူလကိစ္စကို ပြန်တွေးလိုက်ပုံဖြင့် သက်ပြင်းချသည်။ သူ၏မျက်လုံးထဲတွင် ဇာတ်ကြောင်း ပြန်ပြောလိုသော အမူအယာမျိုးက ပေါ်လာပြီး ပြောသည်။

 

“ယန်ကွမ်းနဲ့ငါက အဲ့ဒီတုန်းက သတိမဲ့သွားတာပါ။ မမျှော်လင့်ထားပဲ ငါတို့ရဲ့ဦးလေးက ဒီလောက်ထိ ရက်စက်မယ်လို့ မထင်ထားမိဘူးလေ။ ဒီတော့ ယန်သောကို မကယ်နိုင်ခဲ့ဘူး။ ဒါက ငါတို့ ယန်ဟွားရဲ့မိသားစုကို အကြွေးတင်နေတဲ့ ကိစ္စပဲ။ ငါ ပြန်ပေးရမယ်”

 

“ငါ ယန်ကွမ်းကို ကူညီခဲ့ပြီးပြီ။ ငါ သူ့ကို ထပ်ပြီး ကူညီလောက်ဦးမှာပါ။ အဆိုးဆုံးမှ ငါ သေရုံပေါ့။ ငါ့အတွက် ဒီလိုဘဝမှာ ရှင်သန်နေရတာလည်း စိတ်ဝင်စားစရာ ကောင်းတာမျိုး မရှိတော့ပါဘူး”

 

သက်လတ်ပိုင်းလူက အခြေအနေကို ပြောပြီးနောက်တွင် ယန်ရှစ်ရွှမ်းကို ကြည့်နေသော အကြည့်က အထိတ်တလန့် ဖြစ်နေခြင်း မရှိတော့ချေ။

 

သူ၏ပန်းတိုင်က အောင်မြင်သွားသောကြောင့် ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းက ကော့တက်ကာ ပြုံးလိုက်သည်။

 

“ငါက ရွာနဲ့ မရင်းနှီးဘူး။ နောက်ပြီး ယန်ဟွားကို ကူညီဖို့ ဘယ်လိုရှာဖွေရမလဲ ဆိုတာကိုလည်း နားမလည်ဘူး။ ဒါပေမဲ့ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ကိစ္စအချို့ကိုတော့ သိလိုက်တယ်။ အဲ့ဒီနှစ်က အဖြစ်အပျက်ကို ခင်ဗျားကို ငါ့ကို ဘာလို့ ပြန်မပြောပြတာလဲ။ အဲ့ဒီလိုမှ အဲ့ဒီဆရာသခင်က ပြောပြလိုက်တဲ့ ဝိသေသ လက္ခဏာတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုလုပ်ပြီး ကူညီရမလဲဆိုတာကို သိနိုင်မှာပေါ့”

 

သက်လတ်ပိုင်းလူက ခေါင်းညိတ်လိုက်ပြီး ထိုနှစ်မှ အဖြစ်အပျက်ကို တုန့်ဆိုင်းခြင်း မရှိပဲ ထုတ်ပြောလိုက်သည်။

 

သက်လတ်ပိုင်းလူသည် ထိုအချိန်က ကျားကိုးရွာမှ ကလေးယန်ဟန် ဖြစ်သည်။

 

သူနှင့်ယန်ကွမ်းတို့သည် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြသည့် မိတ်ဆွေများ ဖြစ်ပြီး သူတို့၏ ဆက်ဆံရေးက ကောင်းမွန်လွန်းသဖြင့် လယ်ကွင်းထဲတွင် အတူလုပ်ကြသည်။ ရေဒီယိုမှ ပုံပြောသူ ထုတ်ပြသည့် ထောင်ရွမ်‌ညီအစ်ကို သုံးယောက်ကိုပင် အတုခိုးကြသေးသည်။ ထို့နောက် ဘေးရွာမှ သက်တူရွယ်တူ မိန်းကလေးတစ်ယောက်ကို အတူခေါ်ကာ ဆော့ကြသည်။ လယ်ကွင်းထဲတွင် မြက်ခြောက်များကို ယူပြီး သေးငယ်သော မြေသားအိမ်လေးထဲသို့ ထည့်ကာ ရုပ်ထုအဖြစ် သုံးပြီး  အမွှေးနံ့သာတိုင် ထွန်းညှိပူ‌ဇော်လျက် သူတို့၏ ရင်းနှီးမှုကို သက်သေပြုရန် အတူတကွ ဂါဝရပြုခဲ့ကြသည်။

 

ယန်ကွမ်းသည် သူ၏ရင်ဘတ်ကို ပုတ်ပြီး ဒီအချိန်မှစပြီး သူတို့သည် သွေးသောက်ညီအစ်ကိုများ ဖြစ်လာကာ အစစ်အမှန် ညီအစ်ကိုများနှင့် ရင်းနှီးကျွမ်းဝင်သောသူများ ဖြစ်ရမည်ဟု ရင်းနှီးမှု ကတိသစ္စာဆိုခဲ့သည်။ အနာဂတ်တွင် သူ၏မိသားစုက တစ်စုံတစ်ရာဖြစ်ခဲ့သော ယန်ကွမ်းဟာ တုန့်ဆိုင်းမနေဘဲ အရာအားလုံးကို အသုံးပြု၍ ကူညီကာကွယ်မည်ဖြစ်ကြောင်း သစ္စာပြုခဲ့သေးသည်။

 

ယန်ဟန်ကလည်း ယန်ကွမ်းကို ကြည့်သည်။ သူသည် တစ်ခဏကြာအောင် အံ့အားသင့်သွားပြီး‌နောက် ချက်ချင်းလိုလို သဘောတူလိုက်ကာ ယန်ကွမ်းက လိုအပ်လျှင်လည်း သူသည် ချက်ချင်းလိုလို အပြေးလာကာ အသက်ကိုပင် ရင်းပြီး အဖော်ပြုကူညီပါမည်ဟု သစ္စာပြုခဲ့သည်။

 

ထို့နောက် ကလေးများ အချင်းချင်းကြည့်လျက် သဘောတကျ ရယ်ကြသည်။ ထို့နောက် ယာအလုပ်ထဲမှ ထွက်ခွာလျက် ဈေးသို့ သွားပြီး တစ်ခဏခန့် ဆော့ပြီးမှသာ လောကကို သိမ်းပိုက်ရန် အိမ်ပြန်မည်ဟုဆိုကာ စနှောက်ခဲ့ကြသည်။

 

ဈေးထဲတွင် အိမ်တွင် ချိတ်ဆွဲသည့် အနီရောင်အလှဆင် သိုးမွှေးပစ္စည်းလေးများ ရောင်းချထားသည့် ဆိုင်ကို အာရုံစိုက်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့အပြင် ကလေးအများစုဟာလည်း အဆင်တန်ဆာပစ္စည်းများတွင် ချိတ်ဆွဲရန် သို့မဟုတ် ကိုယ်တိုင်နာမည် ရေးထိုးရန်၊ ကိုယ်တိုင် ယက်ရန်အတွက် ပုတီးစေ့များကိုလည်း ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြ၏။ ဒီနည်းအားဖြင့် သူတို့၏ ရင်းနှီးမှုအပေါ် တံဆိပ်တစ်ခုအဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။

137 03

ယန်ဟန်သည် ကောင်မလေး၏ လက်ထဲမှ ထိုးထားသော အနီရောင်ဖဲကြိုးစလေးကို တည်ငြိမ်စွာ ယူလိုက်ပြီးနောက် ဖဲကြိုးစက ထိုနေရာတွင် ရှိနေပြီး ယုံကြည်သက်ဝင်မှုက ဒီနေရာတွင် ရှိနေသမျှ သူတို့သည် အမြဲတစေ တစ်ယောက်အတွက် တစ်ယောက် ရှိနေပါမည်ဟု ကတိသစ္စာ ပြုခဲ့လေသည်။

 

ထိုအချိန်ကမူ ဒါဟာ ဒီအတိုင်း ကလေးတစ်ယောက်၏ ပေါက်ကရစကားဟု မျှော်လင့်ခဲ့လေသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူ၏ခေါင်းကို သံနှင့်ရိုက်သလို ဖြစ်ခဲ့သည်။

 

သူတို့ထင်ထားသလို သူရဲကောင်းကြီး၏ လောကကြီးက မရောက်လာခဲ့ချေ။ လူငယ်များဟာ ကစင့်ကလျားနိုင်သည့် လောကကြီးကို အရင်ဆုံး တွေ့ကြုံရသည်။

 

ယန်ကွမ်းသည် ယန်ဟွားကို ချစ်မြတ်နိုးသွားပြီး ယန်ဟန်အား သူ၏အိမ်အသစ် ဆောက်ပြီးသည်နှင့် ယန်ဟွား၏ အိမ်သို့ သွားလျက် လက်ထပ်ရန် ကြောင်းလမ်းပါမည်ဟု ပြောလေသည်။

 

ယန်ဟန်လည်း အလွန်ပျော်ခဲ့သည်။ သူသည်လည်း ယန်ကွမ်း အလွန်ပျော်ရွှင်နေကြောင်းကို မြင်နိုင်၏။ ယန်ကွမ်းကြောင့် သူကိုယ်တိုင်ပင် လက်ထပ်ပွဲ ကျင်းပသောအခါ သတို့သမီးကို စိတ်ကူးယဉ်ကြည့်ပြီး ပျော်ရွှင်မိသေးသည်။

 

ယန်ဟွား၏ ညီမဖြစ်သူက ယန်ဟန်၏ လက်မောင်းထဲသို့ ပစ်ဝင်ခဲ့သည်။ ထိုကောင်မလေးက တခစ်ခစ်ရယ်ပြီး သူမအား သတို့သမီးအဖြစ် သတ်မှတ်နိုင်ကြောင်း ဆိုခဲ့သည်။

 

ယန်ဟန်ကမူ အလွန်ရှက်သွားလျက် ထိုမိန်းမငယ်လေးအား သကြားလုံးတစ်လုံး ထိုးပေးကာ ပေါက်ကရ မပြောရန် ပြောခဲ့သည်။

 

“ကော ကောရဲ့အနာဂတ် ဇနီးက ငါ ဖြစ်မှာလား။ ယန်ကွမ်းကောက ကျဲကျဲကို လက်ထပ်လိုက်ရင် ကောလည်း ငါ့ကို လက်ထပ်လို့ ရတာပဲ”

 

ထိုမိန်းမငယ်လေးက ယန်ဟန်ကို သိချင်စိတ်ပြင်းပြသော မျက်လုံးမျိုးဖြင့် ကြည့်သည်။ သူမ ပြောသော စကားလုံးထဲတွင် ချိုမြိန်မှုများက တစ်စွန်းတစ်စ ပါလေရာ ယန်ဟန်ကိုပင် မူးဝေမတတ် ဖြစ်စေခဲ့သေး၏။ ထိုသို့ဖြင့် သူ ပြန်မည့်လမ်းကိုပင် မရှာနိုင်အောင် ဖြစ်ခဲ့ရသေးသည်။

 

သို့ရာတွင် လူငယ်များ၏ လှပသော အိပ်မက်များက ထင်ယောင်ထင်မှား ပုံရိပ်များသာ ဖြစ်လေသည်။ သူတို့သည် တိုင်းပြည်ဆရာသခင်များဖြစ်သည့် ရှေးမျိုးဆက်ကို အလဲမထိုးနိုင်ချေ။

 

အထူးသဖြင့် ရွာထဲမှ အဖွဲ့ဝင်များ၏ အရိုးထဲစွဲနေသော ဓလေ့ထုံးတမ်းများ ဖြစ်သည်။ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲများကသာ အရာအားလုံးကို ဆုံးဖြတ်သူများ ဖြစ်သည်။

 

“ငါတို့ရဲ့မိသားစုက နှစ်ပေါင်းများစွာ ကြာတဲ့အထိ သားမမွေးနိုင်ဘူး။ ငါတို့မှာ အရှုံးသမားနှစ်ကောင်ပဲ ရှိတယ်။ ငါ‌ သေသွားတဲ့အခါ ငါ့ကို အမွှေးနံ့သာတိုင် ထွန်းညှိပူဇော်ပေးမဲ့သူတောင် ရှိမှာ မဟုတ်ဘူး။ အကြီးအကဲတွေက ငါ့ကို ဒီလိုဆိုးရွားတဲ့ ဘဝမျိုးမှာ တကယ်ပဲ နေစေချင်တာလား”

 

ယန်ဟွား၏ အဖေက သူ၏မိသားစုတွင် သားမရှိသည့် ကိစ္စနှင် ပတ်သက်ပြီး ဝမ်းကွဲများ၏ အနိုင်ကျင့်မှုကို ခံရပြီးချိန်တွင် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပဲ ဒေါသပေါက်ကွဲလျက် ကလန်ခေါင်းဆောင်ထံ အထွန့်သွားတက်သည်။

 

ကလန်ခေါင်းဆောင်သည်လည်း ယန်ဟွားဖခင်၏ သွေးဆောင်မှုကို ခံလိုက်ရ၏။ သူသည် ဘိုးဘေးအုတ်ဂူသို့ သွားပြီး အမွှေးနံ့သာ ထွန်းညှိပူဇော်ပြီးနောက် ရုတ်တရက် ပြန်လာကာ သူ၏ဘိုး‌ဘေးများက ယန်ဟွား၏ မိသားစုက သားသမီးများ မထွန်းကားနိုင်သည်မှာ သူတို့၏ မိသားစု အပြစ်သင့်နေသောကြောင့်ဟု ဆိုလေသည်။ ယန်ဟွား၏ ဖခင်က ငယ်ရွယ်စဉ်က ကလန်၏ ဆုံးဖြတ်ချက်ကို နားထောင်ပြီး ဇနီးကို လက်ထပ်ယူခဲ့ခြင်း မပြုခဲ့ချေ။ ထို့အစား ပုန်ကန်မှုအပြည့်နှင့် ယန်ဟွား၏ မိခင်ကို သွားယူခဲ့သည်။ ထိုအခြေအနေကြောင့် ဘိုးဘေးများကို ဒေါသထွက်စေကာ နယ်မြေနတ်ဘုရားကလည်း စိတ်ဆိုးသွားခဲ့သည်ဟု ဆိုလေသည်။

 

ထိုအတွက်ကြောင့် သားယောက်ျား မမွေးဖွားခြင်း ဖြစ်သည်။

 

ယန်ဟွား၏ ဖခင်က ပျော်ရွှင်စွာ သဘောတူလိုက်၏။ မည်သို့ပင်ဆိုစေ နယ်မြေနတ်ဘုရားကို ကျေနပ်အောင် လုပ်ရာတွင်  ရွာထဲမှ မည်သူကမှလည်း မကောင်းသော ထင်မြင်ချက် မပေးကြပါချေ။ လူတိုင်းကလည်း ပျော်ရွှင်နေကြသည်။ အချို့သော ဦးလေးနှင့် ဒေါ်လေးများက လာ‌ရောက်ပင် ဂုဏ်ပြုကြပြီး သိပ်မကြာခင် သားရတော့မည်ဟု ဆိုနေကြ၏။

 

မပျော်ရွှင်သော သူက သတင်းကို ကြားသည့် ယန်ကွမ်းဖြစ်သည်။

 

ယန်ကွမ်းကမူ ယန်ဟန်ကို ရှာပြီး ထိုကိစ္စက မှန်ကန်ခြင်း ရှိမရှိ မေးမြန်းခဲ့သည်။

 

ယန်ဟန်၏ဖခင်က ကလန်အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူသည် ထိုနာမည်ကို မကြိုက်သည့်တိုင်အောင်၊ လူအများစုက သူ့အား မေးမြန်းလာခြင်းကို သဘောမကျသည့်တိုင်အောင် ယခုအခါတွင်မူ ကလန်ခေါင်းဆောင်တစ်ယောက် တိုက်ရိုက်အခေါ်ခံရသည့် အနေအထားမျိုးတွင် ရှိနေသည်။

 

သို့သော် ယန်ဟန်၏အဖေသည် ကလန်ထဲသို့ တိုက်ရိုက်ဝင်ပြီး သတင်းအချက်အလက် အများစုကို သိခွင့်ရှိသည့် အနေအထားမျိုးကို မငြင်းနိုင်ချေ။

137 04

ယန်ဟန်သည်လည်း ယန်ကွမ်း သယ်လာသည့် သတင်းကြောင့် အံ့ဩသွားသည်။

 

သူသည် အဖေနှင့်အမေ၏ စကားပြောခန်းကို ချောင်းနားထောင်ပြီး သက်ပြင်းချခဲ့မိသည်။ အဖေဖြစ်သူကလည်း သနားစရာကောင်းသည့် ကလေးတစ်ယောက်က ထိုသို့ဖြင့် သေရတော့မည်ဟု သနားစဖွယ် ပြောနေသော အသံမျိုးကို ကြားခဲ့ရ၏။ အမေကမူ အဖေ့အား ဖြောင်းဖြခဲ့သည်။ ဒီနည်းအားဖြင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြောင်းဖြ‌ပေးရန် ပြောခဲ့သော်လည်း မတတ်နိုင်ခဲ့ချေ။

 

ယန်ဟန်ကမူ ထိုတစ်ခဏတွင် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရ၏။

 

ထိုကိစ္စ၏ အစစ်အမှန်အခြေအနေကို သိရှိပြီးနောက် ယန်ကွမ်းသည် အလွန်စိုးရိမ်စိတ် များသွားသည်။ သူသည် တောင်တန်းကို ကျော်ဖြတ်လျက် ဘေးရွာသို့ ညတွင်းချင်းအပြေးသွားပြီး ယန်ဟွားအား လူတိုင်းအိပ်မောကျနေချိန်တွင် သူ၏အိမ်မှ ခေါ်ထုတ်ခဲ့သည်။ သူမကို စကားလုံးအနည်းငယ်သာ ရှင်းပြပြီးနောက် ထိုညတွင်ပင် အပြေးထွက်လာခဲ့သည်။

 

ပြေး ဆက်ပြေး။

 

တစ်ခဏတောင် မရပ်တန့်နဲ့။

 

နောက်တစ်နေ့ မနက်အစောပိုင်းတွင် ယန်ဟန်ဟာ သူ၏အစ်ကိုကြီး၏ ဆွဲခေါ်မှုဖြင့် အဖြစ်အပျက်များ အားလုံးကို ပြောပြသောအခါမှသာ မနေ့ညက ယန်ကွမ်းလုပ်ခဲ့သည့် ကိစ္စကို သိခဲ့ရသည်။

 

“ယန်ကွမ်းက ယန်ဟွားရဲ့မိသားစု အခြေအနေကို ထည့်သွင်းစဉ်းစားပေးပြီး ရွာက လူတွေရဲ့ အကြောင်းကို နားလည်ပေးမယ်လို့ ထင်ခဲ့တာ။ သူဒီလောက်ထိ စိတ်လွတ်မာန်ပါ မလုပ်သင့်ဘူး။ ဒါကြောင့် ငါ ငယ်ရွယ်တဲ့အချိန်က ကြားခဲ့သမျှ အရာအားလုံးကို ယန်ကွမ်းကို ပြောခဲ့မိတာပဲ”

 

ယန်ဟန်က သက်ပြင်းချပြီး ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“ကံဆိုးတာက ငါ ယန်ကွမ်းရဲ့ ယန်ဟွားအပေါ် ချစ်စိတ်နဲ့ ရွာကလူတွေရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို  အထင်သေးမိသွားတယ်”

 

“နှစ်တွေ ဒီလောက်ကြာပြီ။ ငါ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေ မက်ပြီး မအိပ်နိုင်အောင် နိုးထလာရတယ်။ ငါ အဲ့ဒီအချိန်က မြင်ကွင်းကို ပြန်တွေးမိတိုင်း ဒီကိစ္စကို ယန်ကွမ်းကို ပြောခဲ့မိတဲ့အတွက် အရမ်းကို နောင်တရတယ်။ ငါတိုအားလုံးက အဲ့ဒီအချိန်က ငယ်‌သေးတယ်။ ဒါကြောင့် သတိပိုကြီးသင့်တယ်။ နမြောစရာကောင်းတာက ဘယ်သူကမှ နားမလည်ခဲ့ကြဘူး”

 

ယန်ဟန်က ခါးသီးစွာ ပြုံးကို ခေါင်းကိုခါသည်။ သူသည်လည်း အတိတ်သို့ ပြန်သွားပြီး အဖြစ်အပျက်များကို ပြန်ပြောင်းချင်ခဲ့သည်။

 

“ငါ့ကြောင့်သာ မဟုတ်ရင် ယန်ကွမ်းက ဒီအကြောင်းအရာကို သိမှာမဟုတ်သလို ယန်ဟွားကိုလည်း ခေါ်သွားမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ကိစ္စတွေက ကောင်းမွန်ပြီး ယန်သောလည်း သေခဲ့ရမှာ မဟုတ်ဘူး”

 

“ငါက အပြစ်သားပါ။ ငါက ယန်သောကို တစ်ဖက်လက်နဲ့ သတ်လိုက်မိတာပဲ။ ဒါပေမဲ့ ယန်သောက သေသွားပြီ။ ဒီတော့ ယန်ကွမ်းနဲ့ ယန်ဟွား နောက်ဆုံး လွတ်မြောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်တော့ဘူး မဟုတ်လား။ အဲ့ဒီလိုမှ မဟုတ်ရင် ငါ နှစ်ပေါင်းများစွာ ဆက်လက်တောင့်ခံနေတာက လုံလောက်မှာ မဟုတ်ဘူး။ နောက်ပြီး အရာအားလုံးက အလဟဿ ဖြစ်သွားခဲ့မှာပဲ”

 

******