Ch 138
Viewers 6k

138 01

အပိုင်း(၁၃၈)

 

ယန်ဟန်သည် တဖြည်းဖြည်းချင်းစီ ငုံ့ကိုင်းလျက် လက်နှစ်ဖက်လုံးဖြင့် ခေါင်းကို အုပ်ကိုင်ထားသည်။ သူ၏ရေရွတ်သံက တဖြည်းဖြည်းချင်းစီ လေးနက်လာသည်မှာ အတိတ်၏ မှတ်ဉာဏ်ထဲတွင် နစ်မြှပ်သွားသလိုမျိုး ထင်ရသည်။ ယန်ရှစ်ရွှမ်းက ယန်ဟန်အား ထိုအတိုင်း စိုက်ကြည့်လျက် တည်ငြိမ်စွာ ပြောသည်။

 

“ယန်ဟွားက တစ္ဆေ သူမကို ဝင်ပူးခံထားရဖူးတာကြောင့် တော်တော်လေးကို အားနည်းနေတယ်။ ခင်ဗျား တစ်ခုခုကိုတော့ သိလောက်ပါတယ်။ အဲဒီနောက်ပိုင်း ယန်သောက ဘာဖြစ်သွားတာလဲ”

 

ယန်ဟန်ကမူ ယန်ရှစ်ရွှမ်း၏ အသံကို မကြားနိုင်ချေ။ သူသည် သူ၏ကိုယ်ပိုင် လောကထဲတွင် နစ်မြှပ်နေလေပြီး အပြင်ဘက်မှ စကားများက တိုးမပေါက်တော့ချေ။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်သည်။ သူသည် မတ်တပ်ထရပ်လျက် ယန်ဟန်အနားသို့ ချဉ်းကပ်သွားသည်။ သူသည် သူ၏ရှည်လျားသော လက်ချောင်းဖြင့် ဂါထာတစ်ခုကို ချောမွေ့စွာ ထုတ်လိုက်သည်။ ထိုအရာက ယန်ဟန်၏ စိတ်ကို တည်ငြိမ်စေနိုင်သည့် ဂါထာဖြစ်သည်။

 

သို့ရာတွင် သူက ဆိုဖာပေါ်မှ မတ်တပ်ထရပ်သည့် တစ်ခဏတွင် သူ၏မျက်ဝန်းထောင့်မှတဆင့် သူ၏နောက်ဘက်ရှိ ပြတင်း‌ပေါက်ကို ကန့်လန့် လှမ်းကြည့်လိုက်မိသောအခါ ဖြတ်ကနဲ ကျော်ဖြတ်သွားသည့် တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။

 

ယန်ရှစ်ရွှမ်း၏ မျက်လုံးက စူးရှသည်။ ထို့ကြောင့် ပြတင်းပေါက်ကို ခပ်မြန်မြန် အပြေးသွားပြီး လှမ်းကြည့်လိုက်သည်။ သို့ရာတွင် ပြတင်းပေါက် အပြင်ဘက်တွင် အမှောင်ညကသာ ရှိနေသည်။ သိပ်မဝေးသောနေရာမှ ရွာ၏အလင်းက အရင်းကို လေးထပ်မြှောက်မှတစ်ဆင့် လှမ်းမြင်နိုင်သည်။ ရွာဟာ မှေးမှိန်သော လမ်းမီးရောင်အောက်တွင် အလင်းပြပြ လက်နေသည်။

 

သစ်ကိုင်းခြောက်များက လေတွင် လွှင့်နေလေသည်မှာ တစ်စုံတစ်ယောက်က သူ၏စောင်ကို သုံးပြီး နေရောင်ထဲတွင် လှန်းထားရစ်ခဲ့လျက် ပြန်ရုတ်ရန် မေ့လျော့နေခဲ့သောကြောင့် ညအချိန် လေတိုက်ခတ်လာချိန်တွင် လွှင့်နေသလိုမျိုးပင် ထင်ရသေး၏။

 

လူသူပြတ်လပ်သော ရွာ၏ညပိုင်းအချိန်တွင် အရိပ်ကျလာသော မြင်ကွင်းက သရဲများ လှုပ်ရှားသွားလာနေသလိုမျိုးပင် ထင်ရသေးသည်။

 

ခြံဝန်းအပြင်ဘက်တွင် သရဲပုံရိပ်များပင် ရှိနေသည်။

 

ဒေါက် ဒေါက် ဒေါက်

 

ရုတ်တရက် တံခါးခေါက်သံက ထွက်လာ၏။

 

အပြင်ဘက်သို့သာ အာရုံစိုက်ထားသည့် ယန်ရှစ်ရွှမ်းသည်ပင် အံ့ဩသွားရ၏။ သူ၏နှလုံးသားက ရုတ်တရက် အခုန်နူန်းမြန်ဆန်သွားပြီး တဖြည်းဖြည်းချင်းစီ ပြန်ငြိမ်သွားသည်။

 

ယန်ရှစ်ရွှမ်းက အပြင်ဘက်မှ ရူခင်းကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီး ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မမြင်ရချေ။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ ယန်ဟန်ကို သတိပေးလိုက်သည်။

 

“အပြင်မှာ တစ်ယောက်ယောက်လာတယ်။ ခင်ဗျား ဘာလို့ တံခါးဖွင့်ပြီး မကြည့်တာလဲ”

 

“ဒုတိယဦးလေး”

 

တံခါးအပြင်ဘက်မှ ငယ်ရွယ်ကာ တက်ကြွသော အသံက ထွက်လာသည်။ အသံက ယန်ရှစ်ရွှမ်း ယခင်က ရင်းနှီးသည့် အသံပိုင်ရှင်လူငယ်လေး ဖြစ်လောက်သည်။

 

သူသည်လည်း ထိုလူငယ်၏အမည်က ယန်ထူဖြစ်ကြောင်း မှတ်မိနေသေးသည်။

 

ယန်ထူက တံခါးကို ဆက်ခေါက်နေသည်။

 

“ဒုတိယဦးလေး မအိပ်သေးဘူးလား ဟီး ဟီး။ ငါက ဒုတိယဦးလေးကို မသိလို့လား။ ဦးလေး မအိပ်ပျော်ရင်လည်း ဟန်ဆောင်မနေပါနဲ့ဦး။ လာကူညီပါဦး။ အဖိုးက ဧည့်သည်တွေအတွက် စောင် မလောက်လို့ ငါတို့ကို လာပြီးကူညီခိုင်းနေတာ”

 

ယန်ဟန်ဟာ ကုလားထိုင်တွင် ဆက်ထိုင်နေသေးပြီး ခေါင်းကို လက်ဖြင့် နာကျင်စွာ အုပ်လျက် ပေါက်ကရ ရေရွတ်နေသေးသည့်အပြင် ထမည့်လက္ခဏာ မရှိကြောင်း မြင်လိုက်ရသည်။

 

တံခါးခေါက်က ကျယ်သထက်ကျယ်ကာ အလျင်လိုလာသည်။ တံခါးလက်ကိုင်ပင် မြည်လာ၏။ အပြင်ဘက်မှ ယန်ထူကလည်း ပို၍စိုးရိမ်လာပုံရသည်။ သို့သော် တံခါးကို လော့ချထားသောကြောင့် မဖွင့်နိုင်ချေ။

 

ရွာ၏အခြေအနေကို နားမလည်သေးခင် ယန်ရှစ်ရွှမ်းအနေဖြင့် ကိုယ့်ကိုယ်ကို သံသယဝင်အောင် လုပ်၍မရချေ။ သို့သော် ယန်ဟန်က ထိုသို့ဖြစ်နေလေသည်။ သူနှင့်ယန်ဟန်ကသာ အခန်းထဲတွင် ရှိနေသောလူများ ဖြစ်လေရာ ယန်ထူက ဝင်လာခဲ့ပါက သူသည် ယန်ဟန်ကို တစ်စုံတစ်ရာ လုပ်လိုက်သည်ဟု ထင်မိလောက်သည်။

 

သူသည် အမှန်တကယ် လုပ်ထားခြင်း ရှိရှိ မရှိရှိ ယန်ထူ၏သူ့အပေါ် ခံစားချက်က ဆိုးရွားသွားနိုင်သည်။ ထို့ကြောင့် သူဟာ သတိကပ်နေသောအခါ သတိကို ပြန်လျော့အောင် လုပ်ရန် ခက်ခဲလောက်သည်။ သူသည် ယန်ထူကို ဘာမှမေးနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အခြေအနေက ခက်ခဲသွားနိုင်သည်။

138 02

ထို့ကြောင့် ယန်ရှစ်ရွှမ်းက ချက်ချင်းလိုလို ယန်ထူအား ယခုလို အခြေအနေ  ဖြစ်နေသည့် ယန်ဟန်ကို မြင်ခွင့်မပြုရန် ဆုံးဖြတ်လိုက်သည်။

 

သူက ခပ်တိုးတိုး ရေရွတ်နေသေးသည့် ယန်ဟန်ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးထံ လျှောက်သွားသည်။

 

“ထူးဆန်းလိုက်တာ။ ဘာလို့ ဒုတိယဦးလေးက တံခါးကို သော့ပိတ်ထားတာလဲ။ အိပ်နေပြီလား။ မဟုတ်လောက်ပါဘူး။ ဒီအချိန်ပဲ ရှိသေးတာ။ ပုံမှန်ဆိုရင် ဒုတိယဦးလေးက ဒီအချိန်မှာ မအိပ်တတ်သေးပါဘူး။ တီဗွီကြည့်နေတာ မဟုတ်ဘူးလား”

 

ယန်ထူက တံခါးနားတွင် ရပ်လျက် သံသယအပြည့်နှင့် ခပ်တိုးတိုး ရေရွတ်နေသည်။ ရုတ်တရက် တံခါးက ပွင့်သွားသည်

 

ဖွင့်လာသောသူက ဒုတိယဦးလေးမဟုတ်ပဲ ပရိုဂရမ်အသင်းမှ လူဖြစ်နေသည်။

 

“မင်းက မင်းရဲ့ ဒုတိယဦးလေးကို ရှာတာလား”

 

ယန်ရှစ်ရွှမ်းက ပြုံးလိုက်ပြီး မျက်ခုံးကို နူးညံ့သွားအောင် လုပ်လျက် ပေါင်းသင်းဆက်ဆံရလွယ်သော သူအသွင်ပြောင်းလိုက်သည်။

 

“အခုလေးတင် အောက်ဘက်မှာ ဖြစ်သွားတဲ့ ကိစ္စကြောင့် မင်းကို တအား စိတ်ဆိုးနေတယ်လို့ ပြောတယ်။ သူ ဒီနေ့ မင်းနဲ့မတွေ့ချင်ဘူးတဲ့”

 

ယန်ရှစ်ရွှမ်းက သူ၏သွယ်လျသော လက်ညိုးကို သူ၏အနီဖျော့ရောင် နူတ်ခမ်းနားထံ အသာကပ်လိုက်ပြီး တိတ်ဆိတ်သော အမူအယာမျိုးကို ပြလိုက်သည်။ ထို့‌နောက် လက်ညိုးအား သူထွက်လာသောကြောင့် တစ်ဝက်ခန့်ဖွင့်သွားသော တံခါးဘက်သို့ ညွှန်ပြလိုက်သည်။ မိတ်ဆွေကြားမှ အခြေအနေမျိုးလိုမျိုး ကွဲပြားလေသည်။

 

သူသည် တစ်ဖက်သူကို စဉ်းစားဆင်ခြင်ပေးချင်သလို ယန်ထူကို ခပ်တိုးတိုး ပြောသည်။

 

“မင်း ဒီနေ့တော့ မင်းရဲ့ ဒုတိယဦးလေးကို သွားမရှုပ်တာ ကောင်းမယ်။ သူက မင်းကို တော်‌တော်လေး ဒေါသထွက်ပြီး ရိုက်ချင်နေတာ။ သူ အခုတော့ ထိန်းထား နိုင်သေးတယ်။ ဒါပေမဲ့ မင်းကသာ သူ့ရှေ့မှာ သွားထပ်ပေါ်မယ်ဆိုရင်တော့ မဖြစ်နိုင်လောက်တော့ဘူး”

 

ယန်ထူသည် ရွာတွင် ကြီးပျင်းလာသည် ဖြစ်လေရာ ရိုးရှင်းပြီး တက်တက်ကြွကြွနေသည့် လူငယ်လေး ဖြစ်သည်။ ယန်ရှစ်ရွှမ်းကဲ့သို့ ရှက်ရွံ့ခြင်း၊ အမူအယာ ပျက်ယွင်းခြင်းမရှိပဲ အလိမ်အညာ ပြောတတ်သော သူမျိုးကို မတွေ့ဖူးချေ။

 

ယန်ရှစ်ရွှမ်း၏ အမူအယာဟာ ညင်သာပြီး ချဉ်းကပ်ရ လွယ်ကူသောကြောင့် သူ၏စကားလုံးများဟာလည်း ယန်ဟန်၏ ပုံမှန်အပြုအမူပုံများနှင့် တူညီလေရာ ပို၍ပင် ယုံကြည်သွားစေလေသည်။

 

ထို့နောက် ယန်ထူသည် သံသယမဝင်ချေ။ သူသည် ဒီအတိုင်း နောင်တအပြည့်နှင့် ခေါင်းကို ငုံ့လိုက်သည်။

 

“အာ ငါ့အမှားပါ။ ဦးလေးယန်ကွမ်းရဲ့ ကိစ္စက ငါ့ရဲ့ဒုတိယဦးလေးအပေါ် ဘယ်လောက်တောင် သက်‌ရောက်နိုင်သလဲ ဆိုတာကို သိတာတောင် ငါ မချုပ်ထိန်းဘဲ ပြောလိုက်မိသေးတယ်။ ငါ့ရဲ့ ဒုတိယဦးလေးက ငါ့ကို ဒေါသထွက်နေလောက်တယ်။ ဒေါသထွက်သင့်ပါတယ်”

 

ယန်ထူက ယုံကြည်သွားကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက သဘာဝကျသော ပုံစံမျိုးဖြင့် တံခါးကို အသာပိတ်လိုက်သည်။ ထို့နောက် လက်ကို အသာမြှောက်လျက် ယန်ထူ၏ ပုခုံးကို ပုတ်လိုက်ကာ ယန်ထူ သံသယမဝင်ခင် တံခါးမှ မသိမသာ ဆွဲ‌ခေါ်လာလိုက်သည်။

 

ယန်ရှစ်ရွှမ်းက ပြောသည်။

 

“မင်း စောင်သွားပြင်ရမယ်လို့ ပြောတယ်မဟုတ်ဘူးလား။ အခု ငါတို့ ကိုယ်ပိုင်ကိစ္စတွေကို ကိုယ့်ဘာသာကိုယ် သွားလုပ်ရအောင်။ သူ့ကို ဒုက္ခမပေးတာ အကောင်းဆုံးပဲ”

 

ယန်ထူက ပြောသည်။

 

“ဒါပေမဲ့ အဖိုးကတော့ ပြောတော့”

 

“ရှူး”

 

ယန်ရှစ်ရွှမ်း နူတ်ခမ်းပါးနား လက်ညိုးကပ်လျက် ပြုံးရင်း ပြောသည်။

 

“သူ့ကို မပြောနဲ့။ ငါလည်း မင်းနဲ့အတူ သူ့ဆီက ဖုံးကွယ်ထားတာပေါ့”

 

ယန်ထူက သတိလက်လွတ် ခေါင်းညိတ်လိုက်သည်။ သူသည် အမှားအယွင်းကိုပင် သတိမထားမိပါချေ။ ယန်ရှစ်ရွှမ်းက ယန်ဟန်၏ ခြေလှမ်းသံများကို အာရုံစိုက်နေချိန်တွင် ပရိုဂရမ်အသင်းက အခန်းများ ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အခန်းများခွဲရာတွင် ဝင်မပါဖြစ်ခဲ့ချေ။

 

သို့သော် တိုက်တိုက်ဆိုင်ဆိုင် သူက ယန်ဟန်နှင့် စကားမပြောပြီးခင်ကတည်းက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လေးထပ်ဘက်ရှိ အခန်းတွင်နေရန် ကြိုးစားရပေမည်။ ထိုအခြေအနေအားဖြင့် ယန်ဟန်ကို ပြန်လာရှာရန် လွယ်ကူလောက်သည်။

138 03

ယန်ရှစ်ရွှမ်းက သူ၏စိတ်ကို ပြောင်းလိုက်ပြီး ယန်ဟန်၏ မျက်နှာချင်းဆိုင် လွတ်နေသော အခန်းကို ပြလျက် ဒီနေရာတွင် နေမည်ဟု ဆိုလိုက်သည်။

 

ဧည့်သည်များသည် ဧည့်ခန်းထဲတွင် စားသောက်ပြီး ဂိမ်းကစားနေကြခြင်း ဖြစ်သည်။ ရယ်သံများက မကြာခဏဆိုသလိုပင် အပေါ်သို့ တက်လာလေရာ ရှင်းလင်းပြီး လစ်ဟင်းနေသော အိမ်အား သက်ဝင်သွားစေသည်။

 

ပို၍ဆိုးသည်မှာ နှစ်ပေါင်းများစွာကြာအောင် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နေခဲ့သော ဧည့်သည်များ ဖြစ်သည့်အလျောက် သူတို့သည် အခြားသော သူများကို ချောမွေ့စွာ ကိုင်တွယ်လွန်းနေသည်။ ထို့ကြောင့် အခြားသော သဘောကျအောင် လုပ်ရာတွင် သူတို့အတွက် မခက်ခဲပါချေ။ အခြားသော သူများက သူတို့အား သဘောမကျ မဖြစ်စေရန် ကိုင်တွယ်နိုင်စွမ်းရည် ရှိသည်။ ထိုအတွက်ကြောင့် ရွာသူကြီးနှင့် ဇနီးဖြစ်သူက ဧည့်သည်များနှင့် ရယ်မောနေလေသည်။ သူတို့၏ ဆက်ဆံရေးဟာ နီးကပ်သထက် နီးကပ်သွားလေသည်။

 

လူအများသည်လည်း ရွာသူကြီးက ပျော်ရွှင်နေသည့်တိုင်အောင် သူတို့ကို ဝင်လုပ်ခိုင်းနေသည်အတွက် မကျေမနပ် ဖြစ်သွားသည်။

 

ယန်ရှစ်ရွှမ်းက လူငယ်များအကြားတွင် သွားနေ၍ သူတို့၏ စကားများကို နားထောင်ကာ သူတို့၏ စကားထဲမှတဆင့် ရွာ၏အခြေအနေကို နားလည်အောင် ကြိုးစား၍ မကြာခဏဆိုသလို သူသိချင်သည့် အကြောင်းအရာများကို လမ်းညွှန်ပြသခိုင်းနေသည်။

 

အချို့သော လူငယ်များကမူ ယန်ရှစ်ရွှမ်း၏ ရည်ရွယ်ချက်ကို မသိကြချေ။ ဒီအတိုင်း ရွာ၏အခြေအနေကို ချောမွေ့စွာ ပြောပြကြသည်။

 

ပရိုဂရမ်အသင်းမှ လူများက သူတို့ အခုရွာကို ဖြတ်လာသောအခါ လမ်းအခြေအနေကြောင့် ဖြစ်ရသည့် အခက်အခဲများကိုလည်း နားထောင်ပြီး အကြံဉာဏ်များကိုလည်း ပေးကြသည်။ ရွာသူကြီးကလည်း အကြံဉာဏ်အသစ်များကို နားထောင်သည်။ ထို့ကြောင့် သူတို့၏ ပြောဆိုစကားပြောပုံက တက်တက်ကြွကြွ ရှိနေသေးပြန်သည်။ ထို့ကြောင့် သူက ကျားချွမ်ရွာမှ လူများကို ဦးဆောင်ကာ အပြင်မှလူများနှင့် တက်တက်ကြွကြွ ဆက်ဆံစေလိုသည်။

 

အထူးသဖြင့် လမ်းပြင်ရာတွင် ကောင်းမွန်သော ပစ္စည်းများကို ပို့ဆောင်ပေးနိုင်သူများ ဖြစ်သည်။ ရွာသူကြီးသည်လည်း ထိုလူများအား သူတို့၏ရွာအတွက် အဆင်ပြေမည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို မိတ်ဆက်ပေးရန် ပြောလိုက်သေးသည်။ ဈေးက နည်းပြီး အရည်အသွေးက ကောင်းမွန်သောကြောင့် အချို့သော စီးပွားရေးသမားများသည်လည်း  သူတို့၏ရွာနှင့် သဘောတကျ ပူးပေါင်းဆောင်ရွက်ကြလေရာ ရွာသူကြီး အနေဖြင့် ကောက်ပဲသီးနှံများကို အောင်မြင်စွာ ရောင်းချနိုင်လေသည်။ ထိုအပြင် ရွာထဲတွင်လည်း ရရှိသည့် ကောက်ပဲသီးနှံများကို ဈေးခွဲကာ ရောင်းချခြင်းမျိုး မရှိလေရာ ဒီရွာအတွင်းရှိ လူများက အခြားသော ရွာများထက် ပို၍ပင် စည်းလုံးကြလေသည်။

 

ထိုအတွက်ကြောင့် ကျားချွမ်ရွာသည် ချောမွေ့စွာ ဖွံ့ဖြိုးလာခဲ့ပြီး ရွာထဲမှ လူများကိုလည်း ကုန်သည်များထံမှ လေ့လာသင်ယူနိုင်လာသလို ရွာဘက်တွင် ပစ္စည်းများ ရောင်းချနိုင်သည်အထိ ဖွံ့ဖြိုးလာခဲ့သည်။ ထိုအချိန်ကာလအတောအတွင်း သက်လတ်ပိုင်းအရွယ်များ၊ လူငယ်များသည်လည်း အပြင်လောကကို မြင်နိုင်ကြသလို သူတို့ယခင်က မသိခဲ့သည့် လောကအသစ်ကို နားလည်နိုင်လာပြီ ဖြစ်သည်။

 

တဖြည်းဖြည်းချင်း ကျားချွမ်ရွာဟာ ယန်ကလန်၏ အစွန်အဖျားနားတွင် တည်ရှိနေပြီး အဆက်အသွယ် နည်းသထက်နည်းရာမှ တဖြည်းဖြည်းချင်း မူရင်းကလန်၏ တွေးတောပုံများနှင့် ကွာခြားသထက် ကွာခြားလာလေရာ ကိုယ်ပိုင်အကြံအစည်များ ရလာသည်။

 

ကျားချွမ်ရွာမှ လူများသည်လည်း သူတို့၏ နေထိုင်ပုံဘဝကို ပြောင်းလဲပစ်ရန် ယူဆသည်။ ထို့ကြောင့် ကလန်ဘိုးဘေးနှင့် ကလန်ခေါင်းဆောင် ခေါ်သောသူ၏ စကားများကို နားထောင်နာခံနေမည့်အစား ကလန်၏ စည်းမျဉ်းများကို လိုက်နာခြင်း မရှိလေဘဲ အပြင်ဘက်မြို့၏ စည်းမျဉ်းများကိုသာ လိုက်နာကျင့်သုံးသင့်ကြောင်း လက်ခံလာကြသည်။

 

ဟိုက်ဝေးလမ်းကို စောင့်ကြပ်ပြီး စိတ်ကို လွပ်လပ်ပေါ့ပါးစွာ ထားထားပေမည်။ ထိုသို့ဆိုလျှင် ကျားချွမ်ရွာသည် ကောင်းမွန်သော ဘဝကို ရင်ဆိုင်ရပေမည်။

 

ပို၍ဆိုးသည်မှာ တောင်တန်းများတွင် နေထိုင်သော ကလန်၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဟု ကိုင်ဆွဲထားသော အခြားရွာများကြောင့် ပွဲတော်ရက်များ၊ ဘိုးဘေးပူဇော်ရေး ရက်များ၊ ပူဇော်ကန်တော့ရေး ရက်များတွင် ကျားချွမ်ရွာမှ လူများက အခြားသောရွာမှ လူများနှင့် တွေ့သောအခါ အပြင်လောကမှ အကြောင်းအရာများကို ပြောပြခြင်းဖြင့် အပြင်လောကကိုလည်း အထူးတလည် အာရုံစိုက်သင့်ကြောင်း၊ ကလန်၏ စည်းမျဉ်းအောက်တွင် တစ်သက်လုံး မ‌နေသင့်ကြောင်း၊ အသက်ရှင်နေရသော လူသေကောင်းများကဲ့သို့ မပြုသင့်ကြောင်း အကြံပေးဖြစ်သည်။

 

သို့ရာတွင် ရွာအများစုကမူ ကျားချွမ်ရွာမှ လူများ၏ အတွေးများကို ရူးလွန်းသည်ဟု ခံစားနေရ၏။ ထိုသို့ဖြင့် သူတို့၏ ဘိုးဘေးဟာ သူတို့ကို ကာကွယ်လိမ့်မည် ပြောကြသေးသည်။ အချိန်ကြာလာသောအခါ ကျားချွမ်ရွာမှ လူများက နဂိုက စိတ်ရင်းစေတနာကောင်းဖြင့်  သတိပေးသော်လည်း နောက်ပိုင်းတွင်မူ ထုတ်ပြောခြင်း မရှိတော့‌ချေ။ ဒီအတိုင်း ဘိုးဘေးကိုးကွယ်မှုနှင့် အဓိကပွဲတော်များတွင် အခြားသောရွာများမှ လူများကိုပင် မတွေ့ချင်ကြတော့ပေ။

138 04

“မင်းတို့က အပြင်က လာတယ်ဆိုတော့ သူတို့ ဘာပြောလဲဆိုတာကို ကြားကြမှာ မဟုတ်ဘူး။ ငါ့အဖေတောင် သည်းမခံနိုင်တာ။ မင်းတို့ဆိုရင် ပိုတောင်ဆိုးမယ်။ သူက သူ့ကိုယ်သူ ဇွန်ဘီဖုတ်ကောင်အိုကြီးလိုမျိုး ခံစားရလို့ အရမ်းကို ရွံရှာနေခဲ့တာ။ သူတောင် သွေးအန် သေသွားလောက်တယ်။ ဘိုးဘေးခန်းမနဲ့ မိသားစုသစ်ပင်ဆိုတာက အတူရှိနေတာကြောင့်သာ မဟုတ်ရင် ဘယ်သူက သူတို့ကို မြင်ချင်မှာလဲ”

 

လူငယ်များထဲမှ တစ်ယောက်က မျက်လုံးကို လှန်လိုက်ရင်း ယန်ရှစ်ရွှမ်းကို အထင်သေးမှု ဒေါသအချို့နှင့် ပြည့်နှက်နေ‌သော လေသံဖြင့် ပြောပြသည်။

 

“ဘာပဲဖြစ်ဖြစ် ငါ့ရဲ့မိသားစုက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လုံးလုံး အိမ် မပြန်ဖြစ်ခဲ့ဘူးလေ။ အဲ့ဒီပုဇွန်သေးသေးလေးတွေကိုလည်း ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူတို့က ငါတို့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်တယ်။ ငါတို့ကလည်း သူတို့ကို ရွံစရာကောင်းတယ်လို့ ခံစားရပြီး သဘောကျတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရင်ခေတ်ကတည်း ရှင်သန်ကျန်ရစ်ခဲ့တဲ့ ဇွန်ဘီအိုကြီးတွေလိုပဲ”

 

“အဲဒီလို မပြောနဲ့။ ဘာပဲဖြစ်ဖြစ် ဒါက အကြီးအကဲတစ်ယောက်ပဲလေ”

 

ဘေးဘက်မှ အပေါင်းအဖော် စောင်ကို တစ်ချက် ခါပေးရင်း ထိုလူငယ်ကို ထိန်းကြောင်းကာ ပြုံးသည်။

 

“ဒါပေမဲ့ ငါလည်း အိမ်ကို မပြန်ချင်ပါဘူး။ ငါ့အမေက ပြောတယ်။ သူ မမြင်တဲ့ နေရာမှာ နေတဲ့။ ငါ့ရဲ့အစ်မက အဲ့ဒီအချိန်က ဆယ်နှစ်အရွယ်ပဲ ရှိနေသေးတာ။ ငါ အိမ်ပြန်သွားတဲ့အချိန်တိုင်း ငါ့ရဲ့ညီမကို လက်ထပ်ခိုင်းတဲ့ အဲ့ဒီအဖိုးကြီးတွေရဲ့ စကားကိုပဲ ကြားနေရတယ်။ နောက်ပြီး ငါကြားထားတဲ့အတိုင်းဆိုရင် သူတို့က ငါ့အမေကတစ်ဆင့် ဘေးရွာက ကြင်နာတတ်တယ်လို့ ထင်ရတဲ့ အဖိုးကြီးတစ်ယောက်နဲ့ လက်ထပ် ပေးချင်နေတာလေ။ အမေက ဒေါသထွက်လွန်းလို့ အဲ့ဒီအချိန်က တစ်မိသားစုလုံး မပြန်ဖြစ်တော့တာပဲ ဟား ဟား။ ငါကတော့ နွေဦးရာသီပွဲတော်မှာ ငါ့ရဲ့အိမ်မှာပဲ နေတယ်။ ပျော်ပျော်ရွှင်ရွှင် စားသောက်တယ်။ ကဒ်တွေကစားရင် မကောင်းဘူးလား။ ဘယ်လောက်တောင် သက်တောင့်သက်သာ ဖြစ်ဖို့ကောင်းလိုက်သလဲ”

 

“ဒါပေမဲ့ ယန်ထူကတော့ အဲဒီလို လုပ်လို့မရဘူး”

 

လူငယ်တစ်ယောက်က ပြောသည်။

 

ထိုလူငယ်များက ယန်ထူထံ အာရုံစိုက်လိုက်ကြသည်။

 “အကြီးဆုံးသားနဲ့ အကြီးဆုံးမြေးဆိုတော့ မပြန်လို့ မရဘူးလေ။ မဟုတ်ဘူး နှစ်တိုင်းလိုလို အဖိုးက ဘိုးဘေးကန်တော့ဖို့အတွက် တရွတ်တိုက် ဆွဲတာကို ခံရသေးတာ။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ”

 

လူငယ်တစ်ယောက်က လျှာသပ်ရင်း ပြောသည်။

 

“ယန်ထူက အခုချိန်အထိ လက်မထပ်ရသေးလို့ တစ်နှစ်တစ်ခါ ငိုတဲ့အထိ အဆူခံနေရတာပေါ့”

 

“ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့ရွာကို ပြန်သွားတဲ့အခါ အဖိုးက တာဝန်ယူတဲ့သူ ဖြစ်သွားမှာပဲ။ ဒီလိုဆိုရင် ရွာသူကြီးက ကလန်ခေါင်းဆောင်ထက် ပိုပြီး အင်အားမကြီးသွားဘူးလား။ ကလန်ရဲ့ စည်းမျဉ်းတွေက ဖောက်ဖျက်လို့ ရတယ်လို့တော့ မထင်ဘူး”

 တခြားတစ်ယောက်က ပုခုံးတွန့်သည်။

 

“ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့မိသားစုမှာ ယဉ်ကျေးမှု ဓလေ့ထုံးထမ်း တစ်ခုခု ရှိပြီးသား မဟုတ်လား။ ငါ့ရဲ့ဒုတိယဦးလေးဆိုရင်လည်း လက်မထပ်ဘူးလေ။ ယန်ထူကလည်း လက်ထပ်တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အဖေက ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံလုပ်နေတာမှ မဟုတ်တာ။ တခြားသူတွေ ပြောတာ ဘာများ အရေးကြီးလို့လဲ”

******