အပိုင်း ၁၀၂
Viewers 17k

Chapter 102


ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်း၏လှုပ်ရှားမှုများအား အံ့အားသင့်နေသည့်အမူအယာဖြင့် ကြည့်နေခဲ့ပြီး သူ့ကိုယ်တိုင်ပြန်တွေးမိလိုက်ချိန်တွင် မနေနိုင်တော့ဘဲ ဝိုးမိသွားကာ ထိုကိုယ်ဟန်အမူအယာမှာ ရိုးရှင်းစွာပင် လက်သီးတစ်ချက် စူပါမင်းနှင့်တူနေခဲ့သည်။


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ချီယု အလွန်မသာမယာဖြစ်သွားခဲ့ရပြီး ကူကယ်ရာမဲ့စွာဖြင့် လက်သီးဆုပ်ထားမိလေသည်။


ချန်ကျွင်း၏ကြယ်တံခွန်မက်ခါအား လေထဲသို့ ပျံသန်းစေလိုက်ပြီးနောက်တွင် လော့ဝမ်ချွမ်းထိုအခွင့်အရေးကိုယူ၍ လင်းလက်တောက်ပနေသော အလင်းဓားနှစ်ချောင်းအား လေထဲတွင် ဝှေ့ယမ်းလိုက်ကာ ပြိုင်ဘက်မက်ခါ၏အချိတ်အဆက်နေရာသို့ အောက်ခြေမှအပေါ်အထိ တိုက်ရိုက်ပင် ပိုင်းချလိုက်သည်။


ဓားချက်များမှာ တိတိကျကျဖြင့် တွက်ချက်ထားသည်သာဖြစ်၏။


သိသိသာသာပင် ချန်ကျွင်း၏မက်ခါမှာ ဟန်ချက်ပျက်သွားရသည်။


ချန်ကျွင်း သူ့မက်ခါ၏ပျံသန်းမှုအခြေအနေအား ထိန်းထားနိုင်ခဲ့သော်လည်း ၎င်းမှာ ဆက်လက်၍ အောက်သို့ ထိုးဆင်းလာသည်။


လော့ဝမ်ချွမ်း သူ့အား အခွင့်အရေးတစ်ခုပင် မပေးခဲ့ချေ။ နောက်ဆုံးထိုးနှက်ချက်တစ်ချက်အား ကြမ်းတမ်းစွာ ပေးလိုက်ပြီး ချန်ကျွင်း၏မက်ခါကို မြေပြင်ပေါ်သို့ မှောက်သိပ်လိုက်သည်။


ဒိုင်လူကြီး၏ရေတွက်နေချိန် ပြီးဆုံးသွားပြီဖြစ်ရာ ၎င်းမှာ လော့ဝမ်ချွမ်းပွဲစဉ်များအားလုံးကို အနိုင်ရရှိသွားပြီဟု ဆိုလိုနေခြင်းဖြစ်၏။


ကစားပွဲတစ်ခုလုံးမှာ တစ်ဆယ့်ငါးမိနစ်သာကြာမြင့်ခဲ့သည်။


ကစားပွဲ၏အခြေအနေမှာ ပြောင်းပြန်လန်နိုင်ကြောင်းကို ပရိတ်သတ်က သိနေသည့်တိုင်အောင် လော့ဝမ်ချွမ်း၏ခွန်အားမှာ ထိုမျှသန်မာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။


သူသည် အခွင့်အရေးအား တစ်ကြိမ်မျှ ချုပ်ကိုင်မိသွားသည်နှင့် ကစားပွဲတစ်ခုလုံး ပြီးဆုံးသွားခဲ့သည်။


4:3 ရလဒ်အား မြင်လိုက်ရချိန်တွင် ယွမ်ရှင်းကျဲ၏ခံစားချက်မှာ ပျော်ရွှင်ခြင်းမျိုး မဟုတ်ဘဲ လုံခြုံစိတ်ချရသည့်ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့သည်။


လော့ဝမ်ချွမ်း၏တည်ရှိမှုမှာ နတ်ဘုရားတစ်ပါးကဲ့သို့ အဖွဲ့တစ်ခုလုံး၏ ခိုင်မာသော အင်အားတစ်ခုဖြစ်သည်။


ပထမအုပ်စုပွဲစဉ်အတွက် ရှင်းဟိုင်တက္ကသိုလ်၏အနိုင်ရရှိ‌မှုအပေါ် သူ့အသင်းဖော်များ အောင်ပွဲခံနေကြသည်အား ကြည့်လိုက်ပြီးနောက် ယွမ်ရှင်းကျဲသည်လည်း ထရပ်လိုက်ကာ ကွင်းထဲရှိ လော့ဝမ်ချွမ်းကိုကြည့်လျက် သူပြန်လာမည့်အပေါ် စောင့်‌ဆိုင်းနေခဲ့သည်။


မက်ခါထဲမှ ထွက်လာပြီးနောက် ဆိုးဆိုးရွားရွားအရိုက်ခံထားရသော ချန်ကျွင်းအား လော့ဝမ်ချွမ်းကြည့်ကာ မည်သည့်ခံစားချက်မျှ မပါဝင်နေသော အသံဖြင့် ပြောလာခဲ့သည်။


 " ပွဲကောင်းတစ်ခုဖြစ်ခဲ့ပါတယ်…"


ချန်ကျွင်းအံတင်းတင်းကြိတ်လိုက်သည်။ သူမလိုလားသည့်တိုင်အောင် လော့ဝမ်ချွမ်း၏ခွန်အားမှာ သူ၏အထက်တွင်ရှိကြောင်းကို လက်ခံ‌ရပေမည်။


" ငါမင်းကိုတစ်နှစ်လောက်ပဲ မမြင်ရုံရှိသေးတာကို မင်းရဲ့ခွန်အားကပိုပြီးတိုးတက်လာပြန်ပြီ…"


 ချန်ကျွင်း လော့ဝမ်ချွမ်းအားကြည့်လျက် ဖြည်းဖြည်းချင်းပြောလာခဲ့သည် " မင်းကအင်ပါယာရဲ့နောက်ထပ် SSSအဆင့်မက်ခါတိုက်ခိုက်သူတစ်ယောက်ဖြစ်လာနိုင်မလား ဆိုတာကိုတောင် ငါသိချင်နေမိပြီ…" ကြယ်တာရာတစ်ဖက်တွင် SSSအဆင့် တိုက်ခိုက်သူများမှာ ရှားပါးပါလှပြီး အင်ပါယာနှင့်မိတ်ဖက်အဖွဲ့အစည်းမှာပင် စုစုပေါင်းဒါဇင်ခန့်မျှသာ ရှိလေသည်။


SS+ အဆင့်မှ SSS အဆင့်သို့ ပြောင်းလဲခြင်းမှာ အလွန်တရာ ခက်ခဲလှရာ အချို့သော လူများမှာ ထိုနေရာတွင် ဘဝတစ်သက်လုံး ပိတ်မိသွားတတ်ကြသည်။


၎င်းမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အလုံအလောက်လိုအပ်ရုံမျှသာမက တစ်ဦးချင်းစီရဲ့ သန်မာတဲ့စိတ်ဓာတ်အင်အားရှိရန် လိုသည့်အပြင် ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့် အတွင်းအားတို့လည်း လိုအပ်လေသည်။


လော့ဝမ်ချွမ်း ထိုမေးခွန်းကိုမဖြေဘဲ ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ကာ စင်မြင့်ပေါ်မှ ခြေလှမ်းကြီးကြီးဖြင့် ‌လမ်းလျှောက်ထွက်လာခဲ့သည်။


ဂျက်ကော့တက္ကသိုလ်မှကျောင်းသားများမှာ သူတို့၏အရှူံးအားမြင်လိုက်ရချိန်တွင် သူခိုးလူမိသွားသလို ခံစားလိုက်ရပြီး သူတို့၏စိတ်ထဲတွင် စိတ်ပျက်နေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။


ချန်ကျွင်းပြန်ရောက်လာချိန်တွင် သူတို့၏နည်းပြသည်လည်း သက်ပြင်းချလိုက်ပြီး အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ " မင်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်ကွာ…"


ဂျက်ကော့၏ယနေ့စွမ်းရည်မှာ အတော်လေးကောင်းခဲ့ပြီး အမှားအယွင်းမရှိခဲ့ပေ။ ဖိအားအပြည့်ဖြင့် ချန်ကျွင်းသည်ပင် ကွင်းထဲတွင် လော့ဝမ်ချွမ်းအား ချိန်းခြောက်နိုင်ခဲ့သည်။


ငွေ‌မှင်ရောင်ဆံပင်နှင့် ရှီးပေါ်လိုင်သည် သူ၏ခေါင်းကိုငုံ့လျက် ခုံတန်းပေါ်တွင် ထိုင်နေပြီး ပေါင်ပေါ်တွင် တံတောင်ဖြင့်ထောက်ထားကာ လက်ချောင်းများက သူ၏နူးညံ့သော ငွေမှင်ရောင်ဆံနွယ်များကြားတွင် မြုပ်နှံထားခဲ့သည်။


ချန်ကျွင်းသူ၏မျက်နှာအမူအယာအား မမြင်နိုင်သည့်တိုင် ထိုကလေးမှာ သူ့ကိုယ်သူအပြစ်တင်နေသည်ကို ချန်ကျွင်းသိနေခဲ့သည်။


" ရှီးပေါ်လိုင် ဝမ်းမနည်းပါနဲ့…" ချန်ကျွင်းအနားသို့လျှောက်လာရင်းမှ နှစ်သိမ့်ပေးလိုက်ကာ " ငါတို့နောက်ပွဲကျ ‌သေချာပေါက်နိုင်မှာ…"


သူ၏ခေါင်းကိုမော့လာသော ရှီးပေါ်လိုင်၏မျက်လုံးများမှာ နီမြန်းနေပြီး အနည်းငယ်အက်ရှနေသော အသံဖြင့် ပြောလိုက်သည်။


" ကျွန်တော် ကျွန်တော်က အိုမီဂါတစ်ယောက်ကိုရှူံးခဲ့တာ…ကျွန်တော့ရဲ့နာနိုပိုက်ကွန်မှာ ကိုယ်တိုင်ပြန်မိသွားပြီးတော့လေ… ကျွန်တော်တကယ်တောင်းပန်ပါတယ်…"


" ဝမ်းမနည်းပါနဲ့ကွာ…" ချန်ကျွင်းသူ၏ဘေးတွင်ထိုင်ချလိုက်ပြီး ကြင်နာစွာဖြင့်ပြောလာခဲ့သည်


 " အဲ့ဒီအမှားမရှိရင်တောင်မှ မင်းရှူံးနေတုန်းပဲဟ…အဲ့ဒီအချိန်တုန်းက ယွမ်ရှင်းကျဲကစားပွဲရဲ့စည်းချက်ကို ပြည့်ပြည့်ဝဝကျွမ်းကျင်နေခဲ့တာ…"


ရှီးပေါ်လိုင်မှာ မယုံနိုင်သောမျက်လုံးများဖြင့် သူ့အားကြည့်နေခဲ့သည်။ ခေါင်းဆောင်မှာ သူ့အားအမှန်တကယ်နှစ်သိမ့်ပေးနေသည်လော…


သူသည် ယွမ်ရှင်းကျဲ၏နာမည်အား သူ၏နှလုံးသားထဲတွင် ရေးထိုးလိုက်ပြီဖြစ်၏။


သူအမှန်တကယ်ကို သိ‌ချင်နေသောအရာမှာ ထိုလူသည် အဘယ့်ကြောင့် သူ၏အကွက်များနှင့် ရင်းနှီးနေရသည်နည်း ဟူသောအရာပင်။


သူတို့အရင်အချိန်တုန်းက တိုက်ခိုက်ခဲ့ဖူးသည်ဟု ရှီးပေါ်လိုင်ခံစားနေရသည်။


ဘယ်နေရာမှာလဲ…


တစ်ခြားတစ်ဖက်တွင် ကျောင်းအဖွဲ့ဝင်များမှာ လော့ဝမ်ချွမ်းပြန်ရောက်လာသည့်အတွက် ဂုဏ်ပြုပေးရန် အမြန်ပြေးလာနေကြသည်။ ဝန်ထမ်းများမှာ သူ့အား ဝမ်းပန်းတသာဖြင့် မျက်နှာသုတ်ရန်ပုဝါများနှင့် အအေးပုလင်းများ ကမ်းပေးလိုက်ကြသည်။


ယွမ်ရှင်းကျဲသည်လည်း အဆင်သင့်ဖြစ်နေခဲ့သော်လည်း လော့ဝမ်ချွမ်းဘေးတွင် တိုးဝှေ့နေကြသော လူအုပ်ကြီးအား မြင်တွေ့လိုက်ရသည့်အတွက် သူအရှေ့သို့ မတိုးလာတော့ပေ။

102.2


မည်သို့ပင်ဖြစ်စေ ကမ်းပေးလာသောအရာများအား လော့ဝမ်ချွမ်းငြင်းပယ်လိုက်ပြီး လူအုပ်ကြီးအားကျော်၍ ယွမ်ရှင်းကျဲထံသို့သာ တည့်တည့်လှမ်းကြည့်လိုက်သည်။


စက္ကန့်အနည်းငယ်အကြာတွင် သူယွမ်ရှင်းကျဲထံသို့ လျှောက်လာလေသည်။


လော့ဝမ်ချွမ်း ခေါင်းကိုငုံ့လျက် သူ၏ရှည်လျားပြီးကျဉ်းမြောင်းသော မျက်လုံးများထဲတွင် မျှော်လင့်ချက်အနည်းငယ်ရှိနေကာ နှုတ်ခမ်းကိုကိုက်၍ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


 " မင်းကိုယ့်ကိုပေးမလို့ မဟုတ်ဘူးလား…"


ယွမ်ရှင်းကျဲ သူ့အား တည့်တည့်ပြန်ကြည့်လာခဲ့သည်။


" အဲ့ဒါဆိုရင် မင်းလက်ထဲကဘာတွေလဲ…" လော့ဝမ်ချွမ်း၏အသံမှာ အသေးအဖွဲ့ကိစ္စအား ပြောနေသကဲ့သို့ တည်ငြိမ်နေသည်


 " ကိုယ့်အတွက်မဟုတ်ဘူးလား…"


ထို့နောက်တွင်မှသာ လော့ဝမ်ချွမ်းသည် သူ၏လက်ထဲရှိ ပုဝါနှင့် အအေးဘူးအား ‌တောင်းနေကြောင်းကို ယွမ်ရှင်းကျဲ သဘောပေါက်သွားတော့သည်။


ယွမ်ရှင်းကျဲ ထိုအရာနှစ်ခုအား အလျင်အမြန် ကမ်းပေးလိုက်ရသည်။


လော့ဝမ်ချွမ်း ပုဝါကိုချွေးသုတ်ရန်အတွက် ယူသွားသည်ကိုမြင်လိုက်ရပြီး သူ၏အအေးဘူးအား ခေါင်းကိုမော့ကာ သောက်နေသည့်အတွက် ယွမ်ရှင်းကျဲ အနည်းငယ် ပျော်ရွှင်သလို ခံစားလိုက်ရသည်။


အခြားအဖွဲ့ဝင်များမှာ လော့ဝမ်ချွမ်းအား ကြည့်လိုက်ရင်းမှ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ကြရသည်။


အားလုံးမှာ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးနေကြသော်လည်း လော့ဝမ်ချွမ်း ပြုံးသာပြလိုက်ပြီး သူတို့၏အအေးများအား ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။


သို့သော်လည်း နောက်ထပ်အချိန်ခဏတွင် ယွမ်ရှင်းကျဲထံသို့ လျှောက်သွားရန် အစပြုလိုက်ပြီး သူ့ဆီမှ အအေးဘူးနှင့်ပုဝါကိုယူကာ ယွမ်ရှင်းကျဲတစ်ဦးထဲကိုသာ စကားပြောနေခဲ့သည်။


ထိုအရာမှာ အလွန်အမင်းကို သိသာလှ၏။


" ကျစ် ကျစ် ကျစ် " 


ခယ့်လိုင်တီး‌တိုးရေရွတ်လိုက်သည်


 " ဒီလောက်အမြန်ပြချလာတော့ ငါ့မှာတော့ အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိတယ်ဆိုပြီး ထင်သွားတာ…"


အက်ရှလေ သူ၏ခေါင်းကိုခေါက်လိုက်ကာ တီးတိုးပြောလိုက်သည်။


 " ဘာတွေဖြစ်နေတာလဲ သူ့ရဲ့ဇနီးလေးနောက် ကို လိုက်ရတာကလည်း အရေးကြီးတာ မဟုတ်ဘူးလားလို့…"


သူတို့၏ဘေးမှာ ထိုစကားများအား ကြားလိုက်ရသော ချီယုမှာ အိုးဖင်ကဲ့သို့ မျက်နှာတစ်ခုလုံးမဲမှောင်လာကာ သူ၏နှာခေါင်းထဲမှ ရှာလကာရည်အနံ့ထွက်လာတော့မလို ဖြစ်နေခဲ့သည်။


ခဏအကြာတွင် လော့ဝမ်ချွမ်း မျက်နှာသုတ်ပုဝါနှင့် အအေးဘူးအား ဘေးသို့ချလိုက်ပြီး ယွမ်ရှင်းကျဲကိုကြည့်လိုက်ချိန်တွင် သူ၏နှုတ်ခမ်းထောင့်များမှာ ကွေးတက်သွားကာ " ကိုယ်တို့… နိုင်ပြီ "


သူ့အားနီးနီးကပ်ကပ် ကြည့်နေသော ထိုလှပသောမျက်လုံးများနှင့် ယွမ်ရှင်းကျဲဆုံလိုက်ရသည်။ တစ်ဖက်လူ၏နဖူးပြင်မှ သေးငယ်သော ချွေးစက်လေးကိုပင် သူမြင်နေရပြီး တစ်ဖက်လူ၏နဖူး ၊ သူရဲကောင်းဆန်သောမျက်ခုံး ၊ ထိုသူ၏နှာခေါင်းချွန်ချွန် ၊ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးလေးနှင့် ထင်ရှားနေသော လည်စေ့…


ထိုအခိုက်အတန့်တစ်ခုမှာပင် ယွမ်ရှင်းကျဲ အောင်မြင်မှုမှ အပျော်အား ခံစားလိုက်ရသည်။


၎င်းအရာမတိုင်ခင်က သူဂရုစိုက်ခဲ့သောအရာမှာ မက်ခါမောင်းနှင်ခြင်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များနှင့် ကစားပွဲသာဖြစ်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ " ကိုယ်တို့နိုင်ပြီ " ဟူသော လော့ဝမ်ချွမ်း၏စကားနှစ်လုံးမှာ ယွမ်ရှင်းကျဲ၏နှလုံးခုန်နှုန်းအား လျှင်မြန်သွားစေခဲ့သည်။


ထို့နောက် လော့ဝမ်ချွမ်း၏အကြည့်အောက်တွင် ယွမ်ရှင်းကျဲ မနေနိုင်တော့ဘဲ သူ၏နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး လက်ကိုဆန့်ကာ လော့ဝမ်ချွမ်းအား ပွေ့ဖက်ပစ်လိုက်သည်။


ယွမ်ရှင်းကျဲ၏ ပွေ့ဖက်လာမှုမှာ အလွန်ရုတ်တရက်ဆန်ဆန် ရောက်လာခဲ့ပြီး လော့ဝမ်ချွမ်း အံ့ဩမှုအပြည့်ဖြင့် လှမ်းဖမ်းလိုက်ရသည်။


တိုက်ပွဲကွင်းပြင်ထဲမှာပင် တည်ငြိမ်နေခဲ့သော လော့ဝမ်ချွမ်းမှာ ထိုအခိုက်အတန့်တွင် စိတ်လွတ်သွားရပြီး သူ၏အသက်ရှုနှုန်းမှာပင် ကမောက်ကမဖြစ်သွားခဲ့သည်။


" ချန်ကျွင်းကို အနိုင်ယူလိုက်နိုင်လို့ ဂုဏ်ယူပါတယ်…"


 ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား ဖက်လျက် ပျော်ရွှင်နေသောအသံဖြင့် နားနားကပ်၍ ပြောလာခဲ့သည်။


 " ကျွန်တော်တို့ နိုင်ပြီ…"


ယွမ်ရှင်းကျဲ၏ ခန္ဓာကိုယ်မှ အနံ့ဖျော့ဖျော့လေးအား လော့ဝမ်ချွမ်းရှုရှိုက်မိသွားပြီး ၎င်းခေါင်းလျှော်ရည် သို့မဟုတ် ဆပ်ပြာရနံ့က သူ့အား စိတ်လွတ်သွားစေခဲ့သည်။


သူ၏စိတ်ထဲတွင် ရုတ်တရက်ဆိုသလိုပင် ချယ်ရီပင်ကြီးအောက်တွင် ယွမ်ရှင်းကျဲအား ဖက်ထားနေသည့် သူ၏မြင်ကွင်းပေါ်လာလေသည်။


ထိုအချိန်တွင် သတိမေ့နေသည့် ယွမ်ရှင်းကျဲမှာ စလော့တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။


ထို့အပြင် ယွမ်ရှင်းကျဲယခုပေးလာသည့် ပွေ့ဖက်ခြင်းမှာ အဖွဲ့သားအချင်းချင်း အားပေးသည့်သဘောသာဖြစ်နေသော်လည်း ၎င်းမှာ ယဉ်ကျေးမှုအရ ကျော်လွန်နေခဲ့သည်။


သို့သော်လည်း ယခုအချိန် သူ၏နှလုံးခုန်သံမှာ ထိုနေ့ကထက်ပို၍ တင်းကြပ်လာလေသည်။


လော့ဝမ်ချွမ်း တံတွေးမြိုချလိုက်ပြီး သူ၏လည်စေ့မှာ အနည်းငယ် တက်လိုက်ဆင်းလိုက်ဖြစ်သွားရသည်။


ထိုအချိန်မှသာ လော့ဝမ်ချွမ်း အနည်းငယ်ထူးဆန်းနေသည်အား ယွမ်ရှင်းကျဲသတိပြုမိသွားခဲ့သည်။


တစ်ဖက်လူ၏ခန္ဓာကိုယ်အပူချိန် ၊ သူ၏နှလုံးခုန်သံနှင့် ခြေလက်များတောင့်တင်းနေသည်ကို ယွန်ရှင်းကျဲ ခံစားလိုက်ရသည်။


ဖျော့တော့သော ပူရှိန်းအ‌မွှေးနံ့နှင့်အတူ ပါလာသော ချွေးနံ့မှာ ယွမ်ရှင်းကျဲ၏ အောင်ပွဲမှ ရရှိလာသော ပျော်ရွှင်နေမှုများအား တစ်ဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။


ထို့နောက်တွင်မှသာ သူ၏လုပ်ရပ်များ မည်မျှ အလောတကြီးနိုင်သွားသည်ကို သဘောပေါက်ခဲ့သွားသဖြင့် လော့ဝမ်ချွမ်း၏လက်မောင်းကြားထဲမှ ယွမ်ရှင်းကျဲ အလျင်အမြန်ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်သည်။


" တောင်းပန်ပါတယ်…." ယွမ်ရှင်းကျဲ အသံနိမ့်နိမ့်ဖြင့် အမြန်ပြောလိုက်ပြီး " ကျွန်တော်…."


မည်သို့ပင်ဖြစ်စေ သူလွတ်ထွက်လာတော့မည့် အချိန်မတိုင်ခင်…


နောက်ထပ် အချိန်တစ်ခုတွင်


သန်မာသော လက်တစ်စုံမှာ သူ့၏ခါးထက်တွင် ရစ်ပတ်နေပြီဖြစ်သည်။


လော့ဝမ်ချွမ်း၏လက်ဖဝါးမှာ ယွမ်ရှင်းကျဲ၏ခါးပေါ်သို့ ငြင်ငြင်သာသာဖိလိုက်ပြီး အားအနည်းငယ်သုံး၍ လွတ်ပြေးချင်နေသည့် တစ်စုံတစ်ယောက်အား သူ၏လက်မောင်းအတွင်းသို့ သွတ်သွင်းလိုက်သည်။


သူ၏နောက်ထပ်လက်တစ်ဖက်မှာ အရှေ့မှ အနောက်သို့ရွှေ့ကာ အဆုံးတွင် ယွမ်ရှင်းကျဲ၏နူးညံ့သော ဆံပင်များအား ပွတ်သပ်နေပြီဖြစ်သည်။


လော့ဝမ်ချွမ်း၏ထွေးပွေ့မှုအောက်တွင် ယွမ်ရှင်းကျဲလုံးလုံးကျဆင်းသွားခဲ့ရသည်။


၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံးစာ ဟော်မုန်းအနံ့အနည်းငယ်ပါဝင်နေသော ထွေးပွေ့မှုဖြစ်သည်။


လော့ဝမ်းချွမ်း၏ ထုံးစံဖြစ်သော နူးညံ့မှုနှင့် ချုပ်ထိန်းထားမှုတို့အပြင် ၎င်းတွင် လွှမ်းမိုးချုပ်ကိုင်ခြင်း၏အရိပ်အမြွက် တစ်ပိုင်းတစ်စပါဝင်နေခဲ့သည်။


xxxxxx