အပိုင်း ၁၀၃
Viewers 17k

Chapter 103


သူတို့၏ပွေ့ဖက်ခြင်းမှာ သုံးစက္ကန့်ပင် မကြာလိုက်ချေ။


သို့သော် ယွမ်ရှင်းကျဲအတွက်မူ ၎င်းမှာ သုံးမိနစ်ထက်ပင် ပိုကြာခဲ့သည်ဟု ခံစားလိုက်ရသည်။


သူ၏နှလုံးမှာ ထိန်းချုပ်၍မရအောင် ခုန်ပေါက်နေပြီး သူ၏ရင်ဘတ်ထဲတွင် နာခံမှူမရှိသည့် ယုန်တစ်ကောင်ကဲ့သို့ ခုန်ပေါက်နေခဲ့သည်။


ထိုအရာမှ ယွမ်ရှင်းကျဲ အခြားလူများအား တစ်ခါမျှ ယဉ်ယဉ်ကျေးကျေး မထွေးပွေ့ဖူးခြင်းကြောင့် မဟုတ်ပေ။ယခုတစ်ခေါက်တွင် အစပျိုးသူမှာ သူဖြစ်နေသည့်တိုင် သူ၏ခါးပေါ်ရှိ လက်တစ်စုံမှာ ခလုပ်တစ်ခုအားဖွင့်လိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်အပူချိန်အား မြင့်တက်လာစေခဲ့သည်။


လော့ဝမ်ချွမ်း သူ၏ဆံပင်ကို ပေါ့ပေါ့ပါးပါး ပွတ်သပ်နေခဲ့သော်လည်း ၎င်းတွင် နားမလည်နိုင်လောက်သည့် ချော့မော့နေသော ခံစားချက်တစ်ခု ပါဝင်နေခဲ့သည်။


ပူရှိန်းအမွှေးရနံ့သင်းသင်းမှာ ယွမ်ရှင်းကျဲ၏နှာခေါင်းထဲတွင် တိုးဝှေ့နေခဲ့သည်။


လက်အားလွှတ်လိုက်ပြီးချိန်တွင်ပင် သူ၏စိတ်ထဲတွင် လော့ဝမ်ချွမ်း၏ရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။


သူတို့၏မျက်လုံးများဆုံလိုက်ချိန်တွင် အမူအယာများမှာ အတော်အတန်ငြိမ်သက်သွားသော်လည်း သူတို့၏မျက်လုံးထဲတွင် သဘာဝမကျသော အရိတ်အမြွက်များ ကျန်ရှိနေသေးသည်။


ယွမ်ရှင်းကျဲ ချောင်းတိုးတိုးဆိုးလိုက်ချိန်တွင် လော့ဝမ်ချွမ်းသည်လည်း သူ၏မျက်လုံးများကို ဘေးဘက်သို့ အကြည့်လွဲလိုက်လေသည်။


ခဏအကြာတွင် လော့ဝမ်ချွမ်းမှ အားနာနေသည့်အသံဖြင့် ပြောလာခဲ့သည် " တောင်းပန်ပါတယ်… ကိုယ်ချွေးနည်းနည်းထွက်နေတာ…"


သူမက်ခါထဲမှ ထွက်ထွက်ခြင်းပင် အဖက်ခံလိုက်ရသည့်အတွက် လော့ဝမ်ချွမ်း အနည်းငယ်ရှက်ရွံ့နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဆုံးတွင် စိတ်ထဲမှ တွန်းအားက လွှမ်းမိုးနေသည့်အတွက် သူယွမ်ရှင်းကျဲအား သုံးစက္ကန့်မျှ မဖက်ထားဘဲ မနေနိုင်ခဲ့ချေ။


" အဆင်ပြေပါတယ်…" ယွမ်ရှင်းကျဲ အမှုမထားသည့် ပုံစံဖြင့် " အနိုင်ရပြီးတဲ့အချိန် အောင်ပွဲခံတယ်ဆိုတာ ပုံမှန်ပဲလေ…"


တကယ်တမ်းတော့ လော့ဝမ်ချွမ်းချွေးအများကြီးမထွက်ခဲ့သော်လည်း သူ၏ပူနေသော ခန္ဓာကိုယ်အပူချိန်မှာ မင့်အမွှေးနံ့အား ပို၍သိသာအောင်လုပ်ပေးနေခြင်းသာ ဖြစ်၏။ သူတို့နှစ်ဦး၏ ပူလောင်နေသော ပွေ့ဖက်မှုမှာ လန်းဆန်းစေမည့် နွေရာသီ၏နေရောင်ကဲ့သို့ ဖြစ်နေကော ခွာလိုက်ချိန်တွင် ယွမ်ရှင်းကျဲအား အနည်းငယ် လွမ်းဆွတ်သွားစေခဲ့သည်။


ယွမ်ရှင်းကျဲ၏ မျက်လုံးများကို ကြည့်လျက် လော့ဝမ်ချွမ်း၏နှုတ်ခမ်းထောင့်လေးမှ ကွေးတက်သွားကာ " အန် " ဟူသော အသံထွက်ပေါ်လာသည်။


ကျောင်းအဖွဲ့မှာ အဖွဲ့ဝင်များသည်လည်း ထိုမြင်ကွင်းအား မြင်တွေ့လိုက်ကြရသည်။ အများစုမှာ လော့ဝမ်ချွမ်း၏ပြုမူပုံကြောင့် အံ့ဩသွားရသော်လည်း သူတို့အများကြီးမတွေးနိုင်ခဲ့ကြချေ။ အဆုံးတွင် ကစားပွဲအား အနိုင်ရပြီးနောက် ပွေ့ဖက်ကြခြင်းမှာ ပုံမှန်ဖြစ်ရပ်သာ ဖြစ်လေသည်။


သို့သော်လည်း ခယ့်လိုင်မှာ ကြောင်အနေခဲ့သည်။ ထို့ကြောင့် အက်ရှလေ သူ့ကိုကြည့်ကာ ပြောလာခဲ့သည် " ငါမပြောဘူးလား…"


သူမဆိုလိုချင်သည်အား ခယ့်လိုက်တစ်ဦးတည်းသာလျှင် သိလိုက်နိုင်ပေမည်။


ချီယု ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အချိန်တွင် သူ၏အံသွားများကို ကြိတ်ချေလုမတတ် ဖြစ်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် အဆုံး၌ ယွမ်ရှင်းကျဲမှာ သူ့အပိုင်ဖြစ်လာမည်ဟူသော အတွေးနှင့်သာ ဖြေသိမ့်နေလိုက်ရသည်။ လော့ဝမ်ချွမ်းကဲ့သို့ ဆင်းရဲသားအတွက်မူ ယွမ်ရှင်းကျဲမှာ သူနှင့်အတူရှိရန် မဖြစ်နိုင်ချေ။


" လူတိုင်း ဒီနေ့ အတော်ကောင်းကောင်း လုပ်ခဲ့ကြတယ်…" သူတို့၏အနိုင်ပွဲနောက်တွင် ရစ်ချက် ရှားရှားပါးပါး ပြုံးနေခဲ့ပြီး


 " ငါမင်းတို့ကို ဒီနေ့ည ညစာကြီးကြီးလိုက်ကျွေးမယ်…"


ရစ်ချက်၏စကားများကို ကြားလိုက်ရချိန်တွင် ကျောင်းအဖွဲ့ဝင်များမှာ ပို၍ပင် ပျော်ရွှင်သွားကြကာ ညစာအတွက် နိုအာကြယ်မှ အထူးဟင်းလျာများအကြောင်း ပြောရန် စုရုံးလျှောက်လာခဲ့ကြသည်။ 


ပြိုင်ပွဲအပြီးတွင် ပရိသတ်မှာ သူတို့၏ပြိုင်ဘက်များအကြောင်း အပြန်အလှန်ဆွေးနွေးနေကြကာ အနည်းငယ်မကျေမနပ်ဖြစ်နေကြသည့်ပုံပင်။


အွန်လိုင်းပေါ်တွင် အဓိကဝဘ်ဆိုဒ်အားလုံးမှာ ရှင်းဟိုင်နှင့် ဂျက်ကော့တက္ကသိုလ်တို့၏ တိုက်ပွဲအကြောင်းကို ပြန်တင်နေကြပြီး အများဆုံးအသုံးပြုသောစကားလုံးများမှာ " နှမြောဖို့ကောင်းတယ် " ပြန်လည်တိုက်ခိုက်မှု " " မထင်ထားဘူး " စသည်ဖြင့် ရှင်းဟိုင်တက္ကသိုလ်၏အနိုင်ရရှိမှုမှာ မည်မျှပင် အံ့ဩဖွယ်ကောင်းကြောင်းကို ဖော်ပြနေခဲ့သည်။


ကစားသမားများ၏ စွမ်းရည်များအကြောင်းအတွက်မူ အွန်လိုင်းရော အပြင်ဘက်တွင်ပါ ဆွေးနွေးနေကြပြီး အခြေအနေမှာ အလွန်တင်းမာနေကြသည်။


သူတို့ထဲတွင် လော့ဝမ်ချွမ်းနှင့် ချန်ကျွင်း၏ခွန်အားကိုမူ မည်သူကမျှ သံသယမဝင်ခဲ့ကြပေ။ သူတို့၏သက်ဆိုင်ရာ စွမ်းရည်ပြသမှုများမှာ ကောင်းမွန်သော သင်ထောက်ကူပစ္စည်းဖြစ်လာရန်အတွက် ထိုက်တန်လေသည်။


လော့ဝမ်ချွမ်း၏တိုက်ကွက်များမှာ အမြဲလိုပင် ပြီးပြည့်စုံနေမြဲဖြစ်သည်။ ဓားချက်တိုင်းမှာ ရိုးရှင်းနေပုံပေါ်သော်လည်း အနည်းငယ်မျှသော အပိုလှုပ်ရှားမှုများ မပါဝင်ဘဲ သေစေနိုင်လောက်သည့် ရန်လိုမှုများကို သယ်ဆောင်ထားခဲ့သည်။


လော့ဝမ်ချွမ်း နောက်ဆုံးတွင် ချန်ကျွင်းအား လေပေါ်သို့ ပင့်တင်လိုက်ပြီး ခုနစ်ချက်မျှ ခုတ်ပိုင်းလိုက်သည့် မြင်ကွင်းမှာ အနည်းငယ်ကြေကွဲဖွယ်ကောင်းနေသည့်တိုင် ချန်ကျွင်း၏ လော့ဝမ်ချွမ်းနှင့် အပြန်အလှန်တိုက်ခိုက်နိုင်သည့် စွမ်းရည်မှာမူ သူ၏ခွန်အားအတွက် သက်သေခံဖြစ်သွားခဲ့သည်။


၎င်းမှာ မျက်လုံးအားအဖမ်းစားနိုင်ဆုံး ကစားပွဲဖြစ်ခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ စံချိန်ကိုတော့ ချိုးမဖြတ်နိုင်ခဲ့ချေ။


ထိုပွဲမှာ ဒုတိယအကြိမ်မြောက် ပွဲစဉ်ဖြစ်ပြီး ပထမတစ်ပွဲမှာ ယွမ်ရှင်းကျဲနှင့် အခြားလူများက ရှီးပေါ်လိုင်တို့နှင့် PKခဲ့ခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲ၏ ခွန်အားအတွက် လူတိုင်းတွင် မတူညီသော အမြင်များ ရှိနေခဲ့ကြသည်။


အချို့သော လူများမှာ သူ့အား ကံကောင်းသွားခြင်းနှင့် အနှစ်သာရကင်းမဲ့သော လှည့်ကွက်အချို့တို့ကြောင့် အနိုင်ရခဲ့သည်ဟု ထင်နေကြသည်။


သို့သော်လည်း ပို၍များပြားသော လူများမှာမူ ယွန်ရှင်းကျဲ၏ခွန်အားမှာ Aအဆင့် ကြယ်နှစ်ထပ်မက်ခါတိုက်ခိုက်သူနှင့် လုံးဝမတူနေပေ ဟူ၍ တွေးနေခဲ့ကြသည်။


" ယွမ်ရှင်းကျဲက အဖွဲ့ရဲ့ Cနေရာမှာရှိခဲ့တာ… ကာလက်က အစောကြီး ထုတ်ပယ်ခံရဦး သူကအနည်းဆုံးတော့ ခေါင်းတစ်ခေါင်းပြန်ယူပေးနိုင်ခဲ့တယ်…တစ်ဖက်မှာတော့ ချီယုက သူတို့အကုန်လုံးကို ဆွဲချသွားခဲ့တယ်…"


" ငါလည်း အဲ့လိုတွေးခဲ့တယ်…ယွမ်ရှင်းကျဲကိုကံကောင်းသွားတယ်လို့ ပြောနေကြတဲ့လူတွေအကုန်လုံးက သူဒိန်းရဲ့‌မုန်တိုင်းမက်ခါကို မြေကြီးပေါ်ဘယ်လိုမှောက်သိပ်ပစ်လိုက်တယ်ဆိုတာ မမြင်ကြဘူးလားမသိ…"


" ပြိုင်ပွဲရဲ့ ပထမဆုံးသော အံ့ဩသွားစေတဲ့အရာကိုတော့ ‌ယွမ်ရှင်းကျဲက ဖန်တီးခဲ့တာပဲ…ငါအိုမီဂါတစ်ယောက်က အဲ့လောက်ပေါက်ကွဲနိုင်မယ်လို့ တကယ်မထင်ခဲ့မိဘူး…"

103.2


" သောက်ကျိုးနည်း မနက်တုန်းက ငါပြိုင်ပွဲသွားမကြည့်လိုက်ရဘူး…လက်မှတ်တစ်စုံကိုတောင် ဖြုန်းလိုက်မိသေးတယ်.. ပြီးတော့ ဒီလိုအဖွဲ့လိုက်ပြိုင်ပွဲကောင်းတစ်ပွဲကို လွတ်သွားရတာပဲ…"


" ဒီနှစ်တော့ ရှင်းဟိုင်တက္ကသိုလ်က အကြိုပွဲစဉ်ကိုတက်နိုင်တော့မှာပဲ…"


" အကြိုပွဲစဉ်တွေကတော့ ပြောဖို့ခက်တယ်…နောက်ဆုံးတော့လည်း သူတို့ကိုစောင့်နေတာက ပိုပြီးသန်မာတဲ့ကျောင်းနှစ်ကျောင်းပဲလေ…သူတို့တွေအုပ်စုပွဲစဉ်ရဲ့ပထမပွဲပြီးတဲ့အထိပဲစောင့်လိုက်ပါဦး…"


မင်ရှောင်း ခန်းမထဲမှ သေးငယ်သော လေယာဉ်ပျံအနက်ရောင်အငယ်လေးဖြင့် ထွက်လာခဲ့သည်။


အွန်လိုင်းပေါ်မှ များပြားလှသော မှတ်ချက်များအား ကြည့်လိုက်ကာ မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။


မက်ခါချစ်သူတစ်ဦးအနေဖြင့် နှစ်တစ်နှစ်၏ အသန်မာဆုံးကစားသမားအကြောင်းအား အွန်လိုင်းပေါ်တွင် လူအများအပြား ငြင်းခုံနေသည်ကို မြင်ရသည်မှာ နှစ်တိုင်းပုံမှန်ပင်ဖြစ်၏။ သို့သော်လည်း မည်သူ့ကိုမျှ အတည်ယူ၍ မရခဲ့ချေ။


ရုတ်တရက်ဆိုသလို သူ၏အလင်းမျက်နှာပြင်ပေါ်တွင် စာတစ်စောင်ဝင်ရောက်လာခဲ့သည်။


[ အဲ့ဒီလူရဲ့ ပဏာမအချက်အလက်တွေကို စုဆောင်းပြီးပြီမလား…]


မင်ရှောင်းပြန်စာတစ်စောင် ရိုက်လိုက်သည် [ ဟုတ်တယ် ကျွန်တော်အခုပဲပို့ပေးတော့မလို့ ]


ခဏအကြာတွင် တစ်ဖက်လူမှစာပြန်လာသည် [ လောဖို့မလိုဘူး အဲ့ဒီလူစုတွေသုတေသနလုပ်ပြီးတဲ့အထိစောင့်လိုက်ဦး ] ။ သူ၏မျက်လုံးထဲမှ မျက်ကပ်မှန်အား ဖြုတ်လိုက်ကာ ထွင်းဖောက်မြင်ရသော မျက်ကပ်မှန်မှာ အလျင်အမြန် ပြေလျော့သွားပြီး သေးငယ်သော ဓာတ်ပုံရိုက်သည့်စက်ရုပ်အဖြစ် ပြောင်းလဲသွားသည်။


ထိုစက်ရုပ်အား သူ၏မှတ်ဉာဏ်တုဖြင့် ချိတ်ဆက်လိုက်ပြီး ခဏအကြာတွင် သူရိုက်ကူးလာခဲ့သော ဗီဒီယိုများနှင့် ၎င်းနှင့်သက်ဆိုင်သော အချက်အလက်များ အားလုံးကို လွှဲပြောင်းပေးလိုက်သည်။


ပြိုင်ပွဲပုံရိပ်၏ ကြည်လင်ပြတ်သားမှုမှာ အကောင်းဆုံးသော အဆင့်မြင့်ကင်မရာများနှင့်ပင် နှိုင်းယှဉ်နိုင်ပေမည်။


ထိုသို့ကဲ့သော စက်ရုပ်ကင်မရာများအတွက် ဝယ်ယူရန်ကန့်သတ်မှုများမှာ အင်ပါယာတစ်ခုလုံးတွင် အလွန်ရှားပါးလှပြီး လူနည်းစုသာဝယ်ယူမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းတို့အား တိကျသော အခြေအနေမျိုးရှိသော လူအချို့ကသာ ဝယ်ယူနိုင်၏။


အချက်အလက်များနှင့် ဗီဒီယိုများ လွှဲပြောင်းပေးပြီးသည့်နောက် မင်ရှောင်း နံပါတ်မပေါ်သည့် လိုင်းတစ်ခုအား ခေါ်လိုက်လေသည်။


" ဟယ်လို နံပါတ် 13ပါ…" သူ၏အသံကိုနှိမ့်၍ ဖြည်းဖြည်းချင်းပြောလိုက်သည် "

 အချက်အလက်‌လွှဲပြောင်းပေးမှု ပြီး‌ဆုံးပါပြီ.. ကျေးဇူးပြု၍ အတည်ပြုပေးပါ…"


မကြာမီတွင် ပုံရိပ်ယောင်မျက်နှာပြင်ပေါ်၌ အစိမ်းရောင် အချက်အလက်စီးကြောင်းတစ်ခု ပေါ်လာပြီး အချက်အလက်များနှင့် ဗီဒီယိုများအား လျှို့ဝှက်ဆန်းကြယ်သော အကောင့်တစ်ခုထံသို့ တိုးတိုးတိတ်တိတ်လွှဲပြောင်းပေးအပ်လာခဲ့သည်။


အားလုံးပြီးဆုံးသွားချိန်တွင် မင်ရှောင်း အတွေးအပြည့်ဖြင့် သူရိုက်လာခဲ့သော ဗီဒီယိုအားဖွင့်ကြည့်လိုက်လေသည်။


မျက်နှာပြင်ပေါ်တွင် ယွမ်ရှင်းကျဲ၏ပြိုင်ပွဲမှ ပုံများဖြင့် ပြည့်နှက်သွားခဲ့သည်။


ခဏအကြာတွင် မင်ရှောင်း၏နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့သည်။ ပန်းများအား လက်ခံရလိုက်ချိန်တွင် ဖြစ်ပေါ်လာသော ထိုကောင်ငယ်လေး၏ သန့်စင်သည့်အပြုံးလေးအား ပြန်လည်သတိရမိသွားသဖြင့် မရည်ရွယ်ဘဲ ပြောမိသွားလေသည်။


 " တကယ်လို့များ အိုမီဂါတစ်ယောက်သာဆိုရင်…ငါစိုးရိမ်တာက အဲ့ဒါက အနည်းငယ်ဒုက္ခများလိမ့်မယ်ဆိုတာပဲ…"


သူ၏ပေါ့ပေါ့ပါးပါး ပြုံးလိုက်သော အပြုံးထဲတွင် ကြံစည်တွက်ချက်ထားမှု၏ အရိပ်အယောင်ပါဝင်နေခဲ့သည်။ မင်ရှောင်း၏ပုံစံမှာ ယွမ်ရှင်းကျဲရှေ့တွင်ရှိနေသော ရိုးရှင်းသည့် ပုံစံမှ လုံးလုံးလျားလျား ကွဲပြားနေ၏။


" ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းတာက သူကအိုမီဂါတစ်ယောက်ပဲလေ…" မင်ရှောင်း ပုံရိပ်ယောင်မျက်နှာပြင်အား ပိတ်လိုက်ပြီး သူ၏အစိမ်းရင့်ရောင် ဆံပင်များအား သပ်လိုက်ကာ ပျော်ရွှင်နေသည့်ပုံဖြင့် " သူအဲ့ပန်းတွေကိုတော့ လွှင့်မပစ်လောက်ပါဘူး…"


ထိုညနေတွင် ရစ်ချက် ကျောင်းအဖွဲ့ဝင်များအား မြို့ထဲမှာ အကြီးဆုံးဟော်တယ်ဆီသို့ ခေါ်သွားကာ နိုအာကြယ်ပေါ်ရှိ အရသာအရှိဆုံး ဟင်းလျာသုံးဆောင်ရန် ဖိတ်ကြားလိုက်သည်။


စားပွဲပေါ်ရှိ အဖိုးတန်သစ်သီးများနှင့် လတ်ဆတ်သော ပင်လယ်စာများ၏ပုံစံသည်ကပင် လူတိုင်း၏ စားချင်စိတ်ကို နှိုးဆော်နေခဲ့သည်။


ယွမ်ရှင်းကျဲ သူ၏ဘေးတွင်ရှိသော သစ်သီးတစ်ပန်းကန်အား ကြည့်၍ အော်ရီရယ်အား လှမ်းမေးလိုက်သည်။

 " အဲ့ဒါဘာအသီးလဲ…ငါတစ်ခါမှမမြင်ဖူးဘူး…"


" ပုံစံကြည့်ရတာ သရက်သီးနဲ့ ဒူးရင်းသီးမျိုးစပ်ဖြစ်မယ်…" အော်ရီရယ် ပြန်ဖြေလိုက်ကာ " အဲ့ဒါကို ဒူးရင်းသရက်လို့ခေါ်ပြီး ပိုက်ဆံအများကြီးပေးရတာ…" 


ယွမ်ရှင်းကျဲ အသီးတစ်စိတ်ကိုကောက်ယူလိုက်ကာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ သူ၏အရသာမှာ အမှန်တကယ်ပင် သရက်သီးနှင့် ဒူးရင်းသီး ပေါင်းစပ်ထားသကဲ့သို့ဖြစ်နေသော်လည်း ထူးဆန်းစွာဖြင့် လိုက်ဖက်ညီနေခဲ့သည်။ ကိုက်ချလိုက်ပြီးနောက်တွင် ၎င်းမှာ အချိုကဲကာ မွှေးကြိုင်နေပြီး အပူပိုင်းမိုးသစ်တော၏ ချိုမြသောအရသာမျိုးကဲ့သို့သော ပေါင်းစပ်မှုမျိုးဖြစ်နေခဲ့သည်။


" ဝိုး အရသာရှိလိုက်တာ…" ချက်ချင်းဆိုသလို ယွမ်ရှင်းကျဲ နောက်တစ်ခုလှမ်းယူလိုက်ကာ လော့ဝမ်ချွမ်းထံသို့ ကမ်းပေးလိုက်သည်။


 " ခင်ဗျားမြည်းကြည့်ချင်လား…"


လော့ဝမ်ချွမ်း သူ၏‌ဖျော်ရည်အား သောက်နေရင်းမီ ရပ်တန့်သွားကာ ယွမ်ရှင်းကျဲ၏ မျှော်လင့်တကြီးဖြစ်နေသော မျက်လုံးများအား ကြည့်လာခဲ့သည်။ ထို့နောက် အသီးအား တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းယူလိုက်ပြီး မေးလိုက်လေသည် " အဲ့ဒီလောက်တောင် အရသာရှိလို့လား…"


ပြောပြီးနောက် ခဏအကြာတွင် လော့ဝမ်ချွမ်း ဒူးရင်းသရက်သီး တစ်စိတ်လှမ်းယူကာ ကိုက်ချလိုက်ပြီး သူ၏နှုတ်ခမ်းများမှာ နူးညံ့စွာကော့တက်သွားကာ ယွမ်ရှင်းကျဲအား ပြောလိုက်လေသည် " အရသာရှိတယ်…" သူ၏အသံထဲတွင် အံ့ဩနေသော အမူအယာမျိုးပါဝင်နေခဲ့သည်။


ယွမ်ရှင်းကျဲ သူမည်သည့်နေရာတွင် မှားယွင်းနေသည်ဆိုသည်ကို ‌မသိခဲ့ချေ။ သူသည် ဒီအတိုင်း အရသာရှိသည့် တစ်စုံတစ်ခုအား မြည်းစမ်းပြီးချိန်တွင် လော့ဝမ်ချွမ်းနှင့် မျှဝေချင်ရုံသာဖြစ်ပြီး လော့ဝမ်ချွမ်း၏အပြုံးအား မြင်လိုက်ရချိန်တွင် သူ၏စိတ်အခြေအနေမှာ ပို၍ကောင်းလာခဲ့သည်။


လော့ဝမ်ချွမ်း၏ဘေးတွင် ထိုင်နေသော ခယ့်လိုင်မှာ မနေနိုင်တော့ဘဲ ပြောလာခဲ့သည်။


 " အစ်ကိုအရင်တစ်ခေါက်တုန်းက ယူလာခဲ့ဖူးတယ် မဟုတ်…"


ခယ့်လိုင်အား စားပွဲအောက်မှ ပိတ်ကန်လိုက်ပြီး လော့ဝမ်ချွမ်း အသီးတစ်စိတ်အားယူ၍ သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ " မင်းလည်း မြည်းကြည့်သင့်တယ်…" 


ခယ့်လိုင် မျက်ရည်မကျဘဲ ငိုချင်မိတော့သည်။ အဘယ့်ကြောင့် လူများက သူတို့ဇနီးလေးများကို လိုက်သည့်အချိန်တွင် ထိုကဲ့သို့ ကြောင်သူတော်များဖြစ်သွားကြသည်နည်း။ လော့ဝမ်ချွမ်းမှာ ထိုအသီးအား မရေတွက်နိုင်အောင် စားခဲ့ဖူးသည်။


" မင်းဒီနေ့ညလုပ်စရာရှိလား…" လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား မျှော်လင့်တကြီး ကြည့်လျက် မေးလိုက်သည်။


သူတွေးနေသည်မှာ အကယ်၍ ယွမ်ရှင်းကျဲတွင်သာ အချိန်ရှိမည်ဆိုပါက သူနိုအာမြို့အားလည်ပတ်ပြမည် ဟူ၍ပင်။


" ညနေခင်းလား…ရေမိုးချိုးပြီးတော့ ဂိမ်းနည်းနည်းဆော့မလားလို့လေ…" 


ယွမ်ရှင်းကျဲ ပေါ့ပေါ့ပါးပါးပြန်ဖြေလာခဲ့သည်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား သတိရသွားပြီး သူ၏စကားအား အလျင်အမြန်ပြောင်းလဲလိုက်သည် 


" အာ မဟုတ်သေးဘူး… ရေမိုးချိုးပြီးရင် ကျွန်တော်အိပ်ဖြစ်မယ်ထင်တယ်… ဂိမ်းဆော့ဖို့က အဲ့လောက်အရေးမကြီးပါဘူး…"


သူလော့ဝမ်ချွမ်းအရင်တစ်ချိန်က ပြောခဲ့ဖူးသည့် အချိန်ရှိရင် မက်ခါကြယ်ပွင့်အတူတူကစားရအောင် ဟူသောစကားအား မှတ်မိနေဆဲပင်ဖြစ်၏။ 


သူမြင်းပေါ်က ပြုတ်မကျချင်ပါဘူးနော်…


" အို " လော့ဝမ်ချွမ်းထိုစကားများအား ကြားလိုက်ရသော်လည်း သူအရင်အချိန်တုန်းက အကြောင်းအရာများကို ပြန်လည်မပြောလာခဲ့ချေ " အဲ့ဒါဆိုလည်း ကောင်းကောင်းနားပါ…"


စကားပြောပြီးနောက် ယွမ်ရှင်းကျဲစိတ်သက်သာရာ ရစေနိုင်ရန်အတွက် တည်တည်ငြိမ်ငြိမ်ဖြင့် ရေသောက်ပြလိုက်သည်။


xxxxxxx