အပိုင်း ၁၁၁
Viewers 17k

Chapter 111


“မင်းအထင်လွဲသွားစေတဲ့အတွက် စိတ်မကောင်းပါဘူး...အကယ်၍ငါတို့ရဲ့သုတေသနကိုသာ ကူညီပေးရင် မင်းဘာပဲလိုချင်လိုချင် ရစေရမယ်လို့ငါကတိပေးပါတယ်...” 


ယူဂျင်းက ယွမ်ရှင်းကျဲကိုကြည့်ရင်း တစ်လုံးချင်းထပ်ပြောသည်။


“ပိုပြီးအရေးကြီးတာက အင်ပါယာနဲ့သူလျှိုတွေ​ကြားမှာ စစ်ပွဲဖြစ်လာနိုင်တယ်...အကယ်၍ငါတို့ရဲ့နည်းပညာသာမအောင်မြင်ခဲ့ရင် မင်းအပါအဝင်အားလုံးအတွက် အန္တရာယ်ရှိလာလိမ့်မယ်...”


ယူဂျင်းစကားလုံးများက ယွမ်ရှင်းကျဲကိုငိုင်သွားစေသည်။

သုတေသနဌာနက နောက်ကွယ်ကနေ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့...သူ့အတွက် အဲ့ဒီ့မှုတ်ဆေးကရမှဖြစ်မှာ...

ထို့အပြင် ဌာနသို့ဝင်လိုက်လျှင် ပို၍ကောင်းမွန်သောမက်ခါကို ဖန်တီးနိုင်​ချေရှိ၏။


ဒါပေမယ့် သူသည်းမခံနိုင်တာက သူ့ကိုဒီလူတွေက သုတေသနလုပ်စရာကြွက်တစ်ကောင်လို ဆက်ဆံနေတာပဲ...


“သုတေသနမှာ ကျွန်​တော့်အကူအညီကို ဘယ်လိုမျိုးလိုအပ်တာလဲ...” 


ယွမ်ရှင်းကျဲက မင်ရှောင်းကိုမေးလိုက်သည်။


“စိတ်စွမ်းအားတိုးမြှင့်စက်သုတေသနမှာပါ...” 


မင်ရှောင်းကဆက်ပြောသည်။ “ငါတို့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ကိရိယာတစ်ခုကို တီထွင်ထားပေမယ့် အသက်သွင်းနိုင်တဲ့လူက အရမ်းနည်းနေတယ်လေ...ဘာလို့အသက်မသွင်းနိုင်တာလဲဆိုတာကိုတော့....မင်းနားလည်အောင်ရှင်းပြဖို့ခက်...”


“ဘာလို့ဆို စိတ်စွမ်းအားကိုဆန့်ကျင်နေလို့မဟုတ်လား...”


နေရာတွင်ရှိနေသူအားလုံး ကြောင်အသွားသည်။ ယွမ်ရှင်းကျဲ ထိုသို့မေးလာလိမ့်မည်ဟု တစ်ယောက်မှမထင်ထားကြချေ။


၎င်းမှာ အာရုံကြောချိတ်ဆက်မှုနည်းပညာကို အဆင့်မြှင့်ချိန်တိုင်း မလွဲမသွေကြုံတွေ့ရမည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အရင်ဘဝတုန်းက ယွမ်ရှင်းကျဲ အဆိုပါသုတေသနတွင် လူကိုယ်တိုင်ပါဝင်ဖူးသည်။ ထို့ကြောင့် ကိစ္စတစ်ရပ်လုံးကို ရှင်းရှင်းလင်းလင်းသိလေသည်။


သူက တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး ယူဂျင်းနှင့်မင်ရှောင်းကို ပြောလိုက်သည်။


“ကျွန်တော်ကူညီပေးမယ်...ဒါပေမယ့် ဌာနမှူးနဲ့အရင်စကားပြောချင်တယ်...”


သူပြောပြီးပြီးချင်းပင် နောက်မှာရပ်နေသောသုတေသီများ ကျွတ်စီကျွတ်စီဖြင့်ဆူညံလာသည်။


“ဌာနမှူးနဲ့စကားပြောချင်တယ်ဆိုပဲ...အိမ်မက်မက်နေလိုက်...”


“ဌာနမှူးချန်က သူ့အတွက်အချိန်ပေးစရာလား...”


“စိတ်စွမ်းအားမြှင့်စက်ကို သူတစ်ယောက်ပဲအသက်သွင်းနိုင်တာကျနေတာပဲ...”


ချန်းယွမ်က လူလတ်ပိုင်းအရွယ် ဌာနမှူးတစ်ယောက်ဖြစ်သည်။ သူက မက်ခါနှင့်ပတ်သတ်၍ အင်မတန်အသိပညာကြွယ်ဝရုံသာမက မုန်တိုင်းမက်ခါနှင့် အရိပ်မက်ခါများကို တီထွင်ခဲ့သူလည်းဖြစ်လေသည်။


အဆိုပါမက်ခါများက ကျူးကျော်သူများ၏မက်ခါထက် အဆများစွာသာလွန်ပြီး အင်ပါယာကို ရွှေခေတ်သို့ခေါ်ဆောင်ခဲ့ကာ ပြန်လည်ဦးမော့စေခဲ့သည်။ ဤသို့ဖြင့် မက်ခါများတီထွင်သောချန်းယွမ်သည်လည်း နိုင်ငံ၏ရတနာတစ်ပါးဖြစ်လာလေသည်။


သုတေသနဌာနမှလူအားလုံးက ချမ်းယွမ်ကိုအလွန်လေးစားကြသည်။ ထို့​ကြောင့် ယွမ်ရှင်းကျဲ၏အမှုမထားဟန်အမူအရာကို မနှစ်မြို့ကြခြင်းပင်။


“ငါခုချက်ချင်းတော့အဖြေမပေးနိုင်ဘူး...ဌာနမှူးကဒီရက်ပိုင်း အစည်းအဝေးတွေနဲ့အလုပ်ရှုပ်နေတယ်...သူအားရင်ပြောလိုက်ပါ့မယ်...”


“ငါတို့အမှန်အတိုင်းပြောနေတာပါ...” 


ယူဂျင်းက ယွမ်ရှင်းကျဲကိုကြည့်ရင်း


“ဒီစမ်းသပ်ချက်က အရမ်းအရေးကြီးတယ်...မက်ခါတိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ စိတ်စွမ်းအားတိုးလာစေတဲ့စက်ဆိုတာက ကြယ်စုတစ်ခုလုံးကိုတုန်လှုပ်သွားစေမယ်မှန်း ငါတို့ထက် မင်းကပိုသိမှာပါ...တစ်ရာခိုင်နှုန်းပဲတိုးလာရင်တောင်မှပေါ့...”


ယွမ်ရှင်းကျဲကနှာမှုတ်လိုက်ရင်း စင်ပေါ်ရှိဆေးဘူးကို အေးအေးဆေးဆေးကောက်ကိုင်လိုက်သည်။ 


“အချိန်​ကဒီလောက်တောင်ရှိနေပြီပဲ...ဒီဆေးက ဘယ်လောက်ကျလဲ...."


ယူဂျင်းက..."လှိုင်းအာရုံခံနာနိုအလွှာက လက်ရှိမှာအသုံးချနေတာမျိုးမရှိလို့ ဈေးကွက်မှာတွေ့ရခက်တယ်...မင်းကိုအချင်းချင်းမို့ လျှော့ပေးလိုက်မယ်....ကြယ်ဒင်္ဂါး ၁၀၃၈၀၀...ဈေးကွက်ပေါက်ဈေးရဲ့ထက်ဝက်ပဲပေးပါ...”


"သုညကိုဖြုတ်လိုက်..." ယွမ်ရှင်းကျဲက ယူဂျင်းကို ပြုံးရင်းပြောလိုက်သည်။

အဆိုပါအပြုံးရှိအဓိပ္ပါယ်တချို့ကို မြင်လိုက်ရသဖြင့် ယူဂျင်းက နိမိတ်မကောင်းသလိုခံစားလိုက်ရသည်။


ယူဂျင်းက “တစ်သိန်း..ရပြီလား...”

ယွမ်ရှင်းကျဲက ရက်ရောစွာပြောလိုက်သည်။

"တစ်သောင်း...”


“ငါတို့တစ်သိန်းနဲ့ရောင်းရင်တောင် မင်းတအားမြတ်နေပြီ...”


“စျေးနှုန်းက အနာဂတ်မှာကျိန်းသေပေါက် ကျဆင်းသွားလိမ့်မယ်...အများအပြားထုတ်လုပ်နိုင်တာရော လက်ကားရောင်းချတာရောလည်း ဖြစ်လာနိုင်သေးတယ်... ဒါ့အပြင် မင်းတို့ကငါ့ကိုအကူအညီတောင်းချင်တာမဟုတ်ဖူးလား...ငါ့ကို စိတ်မသက်မသာဖြစ်စေတဲ့ အရာတွေလည်းအများကြီးလုပ်ခဲ့သေးတာ... တစ်သောင်းဆိုတာတောင်များလွန်းနေပြီ...”


ယွမ်ရှင်းကျဲနှင့်ယူဂျင်း အခန်းထဲမှ ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က မင်ရှောင်းကိုမေးလိုက်သည်။

သူတို့အပြင်ရောက်သည့်အခါ တံခါးကအလိုအလျောက်ပိတ်သွားခဲ့သည်။

111.2


ပါးလွှာသောကော်လာခပ်​မြင့်မြင့်က ယူဂျင်း၏ အဖြူရောင်လည်ပင်းကိုဖုံးအုပ်ထားပြီး သူ့မေးဖျားများတွင် အလင်းခပ်မှိန်မှိန်ကထိုးကျနေသည်။


“ဒီစမ်းသပ်မှုအတွက် ကျွန်တော်တို့ အများကြီး ရင်းနှီးထားပါတယ်...ခင်ဗျား ဒါကိုနားလည်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်...”


ယွမ်ရှင်းကျဲက သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။


"ဒါ့အပြင် ခင်ဗျားကစေတနာ့ဝန်ထမ်းတစ်ဦးပဲဆိုပေမယ့်လို့ ဒီလုပ်ငန်းအတွေ့အကြုံအရဆိုရင် အနာဂတ်မှာ မက်ခါကုမ္ပဏီကြီးတစ်ခုကိုဝင်ရောက်ဖို့ ပြဿနာရှိမှာမဟုတ်ပါဘူး....ကျွန်တော်တို့အတူတူလက်တွဲနိုင်ဖို့ မျှော်လင့်ပါတယ်..."


ယူဂျင်း၏ ရိုးသားသောသဘောထားကိုမြင်သည့်အခါ ယွမ်ရှင်းကျဲက စိတ်လျှော့လိုက်ပြီး


“ကျွန်တော် စဉ်းစားကြည့်မယ်”

စတိုးဆိုင်မှသူထွက်သွားပြီးနောက် လော့ဝမ်ချွမ်းကအချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ သူက ဆိုဖာပေါ်တွင်ထိုင်နေပြီး သူ့ကျောမှာခပ်​တောင့်တောင့်ဖြစ်နေခဲ့သည်။


လော့ဝမ်ချွမ်း၏ အေးစက်စက်မျက်နှာသွင်ပြင်က အဆိုပါအခိုက်အတန့်တွင် အလွန်ပျော့ပျောင်းလာခဲ့ပြီး


"ကောင်းပြီ...”


စကားပြောပြီးနောက် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲအတွက် အချိုရည်တစ်ခွက်ကမ်းပေးလိုက်သည်။

 

ယွမ်ရှင်းကျဲက အနာဂတ်တွင်မက်ခါသုတေသနဌာနမှ လိုအပ်သောပစ္စည်းများရလျှင် လော့ဝမ်ချွမ်း၏မက်ခါကို သူတတ်နိုင်သလောက်အကောင်းဆုံးမွမ်းမံပေးမည်ဟု တွေးလိုက်မိသည်။


စိတ်စွမ်းအားတိုးမြှင့်စက်သုတေသန၏ ရလဒ်များ လအနည်းငယ်အတွင်း ထွက်ပေါ်လာနိုင်သည်။


အဆိုပါစက်နှင့်ဆိုလျှင် လော့ဝမ်ချွမ်းက SSSSအဆင့်မက်ခါစစ်သည်တော်ဖြစ်လာလိမ့်မည်။


တွေးရင်းတွေးရင်း ယွမ်ရှင်းကျဲ၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။ သူက ဖန်ခွက်ထဲကဖျော်ရည်ကို မြည်းစမ်းပြီးနောက် လော့ဝမ်ချွမ်းဘက်လှည့်ကာ


"စီနီယာလည်း နည်းနည်းသောက်ကြည့်..."

လော့ဝမ်ချွမ်းက ပိုက်ကိုငုံ့​ကြည့်ကာ​​ နှုတ်ခမ်းတင်းတင်းစေ့လိုက်ရင်းတံတွေးမြိုချလိုက်မိသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းအသန့်ကြိုက်တတ်သည်ကို ရုတ်တရက်သတိရသွားသည်။


သူက ပိုက်တစ်ခုထဲကိုဘယ်လိုလုပ် တူတူသုံးချင်မှာလဲ...


ယွမ်ရှင်းကျဲ ခွက်ကိုပြန်ယူကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး "မေ့လိုက်တော့...နောက်တစ်ခွက်ဝယ်လိုက်မယ်..."

နှစ်ယောက်စလုံးက သူ့ကို အံ့အားသင့်စွာ ပြိုင်တူကြည့်လိုက်သည်။


ယူဂျင်းလက်ထဲတွင် ဆိုင်၏ဘယ်ထောင့်မှဆွဲထုတ်လိုက်မှန်းမသိသော စုံတွဲပိုက်တစ်စုံရှိနေသည်။


"အိုး..." ယွမ်ရှင်းကျဲ အံ့အားသင့်သွားပြီး "ဘာလိုမင်းမှာရှိနေတာလဲ..."


"အရင်က ဒီမှာဖျော်ရည်ဆိုင်ဖွင့်ဖူးတယ်လေ..." ယူဂျင်းက တည်ငြိမ်စွာပြောသည်။ "ဘာလို့လဲ...မရဘူးလား..."

ယွမ်ရှင်းကျဲက စုံတွဲပိုက်ကိုကြည့်ရင်း ရှင်းပြ၍မရနိုင်သောတစ်စုံတစ်ခုကို ခံစားလိုက်ရ၏။


သူအတွေးလွန်နေမိပြန်ပြီ...


ဟိုတယ်သို့ပြန်လာပြီးနောက် ယွမ်ရှင်းကျဲက သူဝယ်ထားသောပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ ထို့နောက်ရေခဲသေတ္တာပေါ်ရှိ နိုအာပန်းပွင့်များထံ အကြည့်ရောက်သွားသည်။


သုတေသနအဖွဲ့အစည်းက သူ့ကိုအသုံးချချင်တာကြောင့် ဒီပန်းစည်းကိုပေးခဲ့တာဆိုပေမယ့် Sအဆင့် ကို မြန်မြန်ဆန်ဆန်ရောက်နိုင်တယ်မဟုတ်လား...


နောက်ရက်အနည်းငယ်တွင် ယွမ်ရှင်းကျဲက သူဝယ်ထားသောဆေးဖြင့် စက်ပိုင်းဆိုင်ရာသားရဲကို အောင်မြင်စွာပြုပြင်ခဲ့သည်။


"လှိုင်းအာရုံခံနာနိုအရောင်တင်ခြင်း" ၏အကျိုးသက်ရောက်မှုက သူထင်ထားသည်ထက်ပို၍ကောင်းမွန်လေသည်။


တစ်ခုတည်းသောအားနည်းချက်မှာ ပျံ့နှံ့မှု၌အခက်အခဲရှိပြီး ပင်မမက်ခါများတွင်အသုံးပြု၍မရနိုင်ပဲ အလွန်သေးငယ်သောမက်ခါများတွင်သာ အသုံးပြုနိုင်သည်။


အဓိကဖိုရမ်၏သတင်းတွင် ရှင်းဟိုင်တက္ကသိုလ်နှင့် စိန့်ကလီတိုတက္ကသိုလ်တို့အား မပြီးနိုင်မစီးနိုင်ခွဲခြမ်းစိတ်ဖြာရင်း နှိုင်းယှဥ်ထားသည်ကိုသူတွေ့လိုက်ရသည်။


အများစုက ရှင်းဟိုင်ကိုရှုံ့ချပြီး စိန့်ကလီတိုကိုချီးကျူးထားခြင်းသာ။


ပို့စ်အောက်ရှိမှတ်ချက်များပင်လျှင် စိန့်ကလီတိုဘက်ကချည်း​ဖြစ်ပြီး ရှင်းဟိုင်းကိုကဲ့ရဲ့ထားကြသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများပင် အများအပြားရှိနေသည်။


ယွမ်ရှင်းကျဲက အားလုံးကိုစိတ်ရှည်စွာဖတ်ပြီးနောက် စိန့်ကလီတိုအပေါ် ရစ်ချက်၏အကဲဖြတ်ချက်ကိုသတိရသွားသည်။ ဤသတင်းနှင့်မှတ်ချက်အများစုက ရှင်းဟိုင်တက္ကသိုလ်မှအသင်းသားများကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေရန်ရည်ရွယ်ထားသော စိန့်ကလီတို၏ ခြေလှမ်းများသာဖြစ်သည်။


xxxxx