အပိုင်း ၁၁၃
Viewers 17k

Chapter 113


ခယ့်လိုင်က ပြိုင်ပွဲအနေအထားကိုနားလည်အောင် အချိန်ယူနေခြင်းဖြစ်သည်ဟု ရစ်ချက်ယူဆခဲ့ခြင်းပင်။ သို့သော် ရန်စခံလိုက်ရချိန်တွင် ခယ့်လိုင်၏ဒေါသတကြီးတုံ့ပြန်မှုက သူ့ကိုအံ့သြသွားစေခဲ့သည်။


ခယ့်လိုင်က အ​မြောက်အများအပြားကိုအသက်သွင်းလိုက်ပြီး မြေပေါ်ရှိစာကိုဖျက်ပစ်လိုက်သည်။


ဒိုင်ရက်တာက အဆိုပါလုပ်ရပ်ကို ကြိုတင်ခန့်မှန်းမိလေသည်။ သူက ခယ့်လိုင်ထံရုတ်တရက်ချဥ်းကပ်လိုက်ရင်း ဓားရှည်ဖြင့်ခုတ်ချခဲ့သည်။


ခယ့်လိုင်က ဒိုင်းကာကိုလျှင်မြန်စွာထုတ်ပြီးကာလိုက်၏။


“ဘန်း—”


​ကျယ်လောင်သောအသံက ရှင်းဟိုင်အဖွဲ့ဝင်များ၏နှလုံးသားများအထိ လာရောက်ပဲ့တင်ထပ်သွားခဲ့သည်။


ကြယ်ပျံမက်ခါ၏ဒိုင်းကာမှာ အသက်ကယ်ပစ္စည်းဖြစ်သည်။ ခယ့်လိုင်၏အခြေအနေမှာ ပို၍ပင်အန္တရာယ်များနေလေပြီ။


၂၁မိနစ်အကြာတွင် ဒိုင်ရက်တာက ခယ့်လိုင်၏ကြယ်ပျံမက်ခါကို မြေပေါ်လှဲသိပ်နိုင်ခဲ့လေသည်။


ဒိုင်ရက်တာက ခယ့်လိုင်၏ကျောပေါ်သို့ တစ်လမ်းချင်းနင်းတက်လိုက်ရင်း နားနားကပ်ကာ စကားပြောစက်ကိုခပ်ကျယ်ကျယ်ဖွင့်လိုက်သည်။


“ငါဒီစာလုံးတွေကို မင်းကျောပေါ်မှာထွင်းပေးမယ်...ကြားလား...ရှင်းဟိုင်ကအမှိုက်ကောင်...”


ဒိုင်က စတင်၍ရေတွက်လေသည်။


“တစ်ဆယ်...ကိုး...ရှစ်…”


ခယ့်လိုင်က ဒိုင်ရက်တာ၏တိုက်ခိုက်မှုမှကာကွယ်ရန် လက်မောင်းကိုမြှောက်လိုက်သည်။


နောက်တစ်စက္ကန့်အကြာတွင် ဒိုင်ရက်တာက အင်အားတစ်စုံတစ်ရာပင် စိုက်ထုတ်ခြင်းမရှိပဲ ခယ့်လိုင်၏လက်မောင်းကိုဆွဲယူလိုက်သည်။ အားလုံးက သူတွက်ထားပြီးသားကဲ့သို့ပင်။


စိန့်ကလီတို၏နည်းပြဖြစ်သူ ဂမ်မာက ခယ့်လိုင်မှာ ပြိုင်ပွဲတွင်ထိပ်တိုက်ရင်ဆိုင်သည်ထက် ပြိုင်ဘက်ကိုဦးစွာလေ့လာပြီးမှ အလစ်ဖမ်းတိုက်လေ့ရှိကြောင်းပြောကြားခဲ့၏။


“ခယ့်လိုင်နဲ့ရင်ဆိုင်ရရင် သူ့ကိုအရင်ဒေါသထွက်အောင်လုပ်ဖို့လိုတယ်...သူဒေါသထွက်လာပြီး ဟာကွက်တွေလုပ်လာတဲ့အခါ မင်းကအားကုန်သုံးပြီးအနိုင်ယူလိုက်ရုံပဲ...ပြီးတော့ အဲ့ဒီ့ကြယ်ပျံမက်ခါရဲ့လက်မောင်းတွေကိုလည်း မင်းတို့သတိထားရမယ်...သူတို့ကနောက်ပြန်လည်းတိုက်နိုင်တယ်...”


(TN: လက်မောင်းက 360 ဒီဂရီလှည့်လို့ရတာကိုပြောတာပါ)


ပြိုင်ပွဲတစ်ခုလုံးက ဂမ်မာမျှော်လင့်ထားသကဲ့သို့ပင်။


ခယ့်လိုင်က ဒိုင်ရက်တာ၏အကွက်ထဲကျရောက်သွားခဲ့၏။


ဒိုင်ရက်တာက စာလုံးများရေးထွင်းရန်ပြင်ဆင်နေရင်း ဆန့်ကျင်ဘက်ကွေးညွှတ်လာသော ခယ့်လိုင်၏လက်မောင်းကို ဖမ်းကိုင်လိုင်၏။


သို့ရာတွင် မည်သူမှမထင်ထားသည်က...


ခယ့်လိုင်သူ၏လက်ဖဝါးမှ သေနတ်ကို အသက်သွင်းလိုက်မည်ဟု...


ပရိတ်သတ်က ဆွံအသွားခဲ့သည်။ ဒိုင်ရက်တာက ခယ့်လိုင်လက်မောင်းကို ဖမ်းကိုင်ထားသဖြင့် အဆိုပါပစ်ခတ်မှုက အလင်းဖောက်အကာအကွယ်၏အမိုးစွန်းကိုသာ ထိခတ်သွားမှာ​ဖြစ်ပြီး အသုံးမဝင်ချေ။


ဒိုင်ရက်တာက သူ့ကိုတားပင်မတားခဲ့။


သို့သော်...နောက်တစ်စက္ကန့်အကြာတွင် 


သေနတ်ကမီးစထွက်လာချိန်၌ ခယ့်လိုင်က လက်သီးဆုပ်ပစ်လိုက်သည်။


“ဘွန်း...”


ကျည်ဆံက ဘယ်ကိုမှမရောက်လိုက်ပဲ ခယ့်လိုက်၏လက်သီးဆုပ်ထဲတွင်သာ ပေါက်ကွဲသွားခဲ့၏။


ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့် ကြီးမားသောစွမ်းအင်က ခယ့်လိုင်၏လက်မောင်းတစ်ဝက်နီးပါးကို စုတ်ပြတ်သွားစေခဲ့သည်။


ခယ့်လိုင်ကလက်မောင်းကိုမြှောက်ထားသည့်အလျှောက် သူ့ကျောပေါ်တွင်တက်ထိုင်နေခဲ့သော ဒိုင်ရက်တာကလည်း ထိုပေါက်ကွဲမှုဒဏ်ကိုမျှခံလိုက်ရသည်။


ဒိုင်ရက်တာက သတိလက်လွတ်ဖြစ်နေခဲ့ရာ ပေါက်ကွဲအားက သူ့အားမြေပြင်ပေါ်သို့လဲကျစေခဲ့လေသည်။


ပရိတ်သတ်က အဆိုပါမြင်ကွင်းကို ကြောင်အစွာကြည့်နေခဲ့သည်။


စောင့်ဆိုင်းခန်းထဲရှိ ရှင်းဟိုင်အဖွဲ့ဝင်များသည်လည်း ပြိုင်တူမတ်တပ်ရပ်မိလိုက်ကာ တိုက်ရိုက်ပြနေသောစခရင်အား အံ့သြမှုအပြည့်ဖြင့်ငေးကြည့်နေခဲ့သည်။


ခယ့်လိုင် အနိုင်ရနိုင်မည်လား...


“အချိန်ပြည့်သွားပြီ...”


ယွမ်ရှင်းကျဲ စခရင်ကိုစိုက်ကြည့်ရင်း သူ့မျက်ဝန်းများတွင်ခံစားချက်များ ​ပြည့်နှက်နေသည်။


ခယ့်လိုင်က အနိုင်ရရန်ဤကဲ့သို့တိုက်ခိုက်ခဲ့ခြင်းမဟုတ်...အကြောင်းအရင်းမှာ...


ဖြစ်နိုင်တာက...သိက္ခာအတွက်လား...


မဟုတ်သေးဘူး...တခြားအရေးကြီးတာတစ်ခု...


ဤကမ္ဘာတွင် တစ်ခါမှမခံစားခဲ့ရဖူးသော ခံစားချက်တစ်ခုက ယွမ်ရှင်းကျဲနှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။

113.2


ပထမပွဲစဥ်တွင် စိန့်ကလီတိုအနိုင်ရသွားပြီး အမှတ်ဇယားက 1:0 ဟုပြသနေ၏။


ခယ့်လိုင်က ပြိုင်ပွဲတွင်ရှုံးနိမ့်ခဲ့သော်ငြား ဒိုင်ရက်တာ၏သူ့အပေါ်အထင်သေးမှုကတော့ အနည်းငယ်လျော့ပါးသွားသည်။ 


ပြိုင်ပွဲပြီးသောအခါ ဒိုင်ရက်တာက မျက်မှောင်ကြုတ်ရင်း သူ့ထံလျှောက်လာခဲ့သည်။


“မင်းငါ့လက်မောင်းကို​ဖောက်ခွဲပစ်ရင်တောင်မှ နိုင်နိုင်ချေမရှိဘူးလေ...ဒါကိုသိရဲ့သားနဲ့ ဘာလို့လုပ်ခဲ့တာလဲ...”


“မင်းကိုကြည့်မရလို့ကွာ...ရှင်းလား...” 


ခယ့်လိုင်က အံကြိတ်လိုက်သည်။ လက်မောင်းမှနာကျင်မှုကိုတောင့်ခံရင်း


“ပြီးတော့...အချိန်သာထပ်ရမယ်ဆိုရင် မင်းကိုငါရှုံးစရာအကြောင်းမရှိဘူး...”


“ငါရေးလိုက်တဲ့စာကြောင့်လား...”ဒိုင်ရက်တာက နှာခေါင်းရှုံ့လိုက်သည်။


“မင်းက ကိစ္စသေးသေးလေးတွေကို ခံစားနေတာပဲ...”


“မင်းသောက်ကြောင်းလား...” 


ခယ့်လိုင်က ပြိုင်ကွင်းမြေပြင်ကိုစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အေးစက်လာခဲ့ကာ...


“နောက်တစ်ခါထပ်ပြိုင်ရရင် ငါသေချာပေါက် မင်းခေါင်းကိုဖောက်ခွဲပစ်မယ်...”


ဒိုင်ရက်တာက နှာခေါင်းရှုံ့ရင်း ပြိုင်ကွင်းမြေပြင်ပေါ်ရှိ သူရေးဆွဲခဲ့သောစာသားကို ဂုဏ်ယူစွာကြည့်လိုက်သည်။


သို့သော် သူကြောင်အသွားခဲ့သည်။ 


အကြောင်းမှာ ခယ့်လိုင်ဖျက်ပစ်ခဲ့သောအရာက စာများမဟုတ်ပဲ ရှင်းဟိုင်ဘက်ကိုညွှန်ပြထားသည့် မြှားပုံဖြစ်သောကြောင့်ပင်။


သူက ပြိုင်ကွင်းမှထွက်ခွာသွားသော ခယ့်လိုင်၏နောက်ကျောကို စိုက်ကြည့်လိုက်သည်။ ထိုအမျိုးသားမှာ ကျောပြင်ကဖြောင့်တန်းနေသော်လည်း ပုခုံးများကမူ နာကျင်မှုကြောင့်အနည်းငယ်တုန်ရီနေသည်။


စိန့်ကလီတိုဘက်မှ ပထမပြိုင်ပွဲကိုအနိုင်ရပြီးနောက် အရှိန်အဟုန်မြင့်လာသည်။


ရှင်းဟိုင်တက္ကသိုလ်ဘက်တွင်မူ လေထုက အနည်းငယ် အေးစက်နေခဲ့၏။


​ဒုတိယပွဲစဥ်မှာ အသင်းလိုက်ပြိုင်ဆိုင်မှုပင်။


ဟဲဟောင်မင်၊ ချီယု၊ ကာလက်နှင့် စိန့်ကလီတိုဘက်မှအသင်းဝင်များ ယှဥ်ပြိုင်ရမှာဖြစ်သည်။


စိန့်ကလီတိုဘက်မှလူသုံးဦးတွင် ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များရှိပြီး ချောမွေ့စွာပင်ပူးပေါင်းဆောင်ရွက်ခဲ့ကြ၏။ ထို့ကြောင့် အသင်းလိုက်ပြိုင်ပွဲတွင်လည်း စိန့်ကလီတိုဘက်မှအလေးသာနေလေသည်။


ယွမ်ရှင်းကျဲမပါဝင်သော အဆိုပါအသင်းက အင်အားတိုးလာပုံပေါ်သော်လည်း အမှန်တကယ်တွင် ပိုဆိုးလာခြင်းသာ။


ချီယုနှင့်ကာလက်က ဟဲဟောင်မင်နှင့်အတူ ရှေ့သို့ တက်ချိန်၌ ၎င်းတို့ရှေ့မှ အတားအဆီးများကိုရှင်းလင်းပေးလေ့ရှိသော ယွမ်ရှင်းကျဲ၏ သူရဲကောင်းဆန်ဆန်ပုံရိပ်ကို လွမ်းဆွတ်သွားကြသည်။


အတိအကျပြောရလျှင် သူတို့က ကြောင်ရုပ်ဆိုးကို လွမ်းနေကြခြင်းပင်။


ယွမ်ရှင်းကျဲမှာ ဝန်ထုပ်ဝန်ပိုးမဟုတ်ပဲ အသင်း၏ရွှေပေါင်လုံးကြီးဖြစ်ကြောင်း ရစ်ချက်သဘောပေါက်စပြုလာသည်။


ထိုကဲ့သို့သောအဖွဲ့ဝင်များရှိ​ခြင်းက အသင်းလိုက်ပြိုင်ပွဲများနှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် အလွန်အရေးပါလေသည်။


ရှင်းဟိုင်တက္ကသိုလ်၏ အပြာရောင်အလင်းတန်းမပွင့်မီ စိန့်ကလီတို၏ အစိမ်းရောင်အလင်းတန်းသည် အချိန်အတော်ကြာပွင့်နေခဲ့၏။


အဆိုပါပြိုင်ပွဲတွင် ရှင်းဟိုင်တက္ကသိုလ်က အားနည်းချက်ဖြင့် စတင်ခဲ့ပြီး အစမှအဆုံးထိ စိန့်ကလီတို၏ဖိနှိပ်ခြင်းခံခဲ့ရလေသည်။


ဟဲဟောင်မင်က ဆန့်ကျင်ဘက်အဖွဲ့၏အဖွဲ့ဝင်တစ်ဦးနှင့်ယှဥ်တိုက်နေစဥ်  ချီယုဦးစွာဖယ်ရှားခံခဲရသည်။


ထို့နောက်တွင် စိန့်ကလီတို၏အဖွဲ့သားနှစ်ဦးက ကာလက်အား သံကြိုးများဖြင့်ချုပ်နှောင်လိုက်ကာ ချက်ချင်းဖယ်ရှားပစ်မည့်အစား ရိုက်နှက်လိုက်သည်။

.

သစ္စာစောင့်သိသူတစ်ယောက်အနေဖြင့် ဟဲဟောင်မင် ကာလက်ကိုကူညီရန် သူတို့အနီးရောက်လာခဲ့သည်။


ထိုအခါ သူတို့နှစ်ဦးက ကာလက်ကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဟဲဟောင်မင်အားဝိုင်းထားရန်အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ကြသည်။


ဟဲဟောင်မင်မှာသန်မာသော်လည်း လက်သီးချက်နှစ်ချက်က လက်လေးဖက်ကိုမယှဉ်နိုင်သည့်အလျှောက် မိနစ် ၄၀ မှာပင်ဖယ်ထုတ်ခံခဲ့ရလေသည်။


စိန့်ကလီတိုက အသင်းပြိုင်ပွဲကို ပြတ်ပြတ်သားသားပင်အနိုင်ရခဲ့လေသည်။  ရမှတ်က 0:3 ဖြစ်လာခဲ့သည်။  


ပရိတ်သတ်က ဆူညံစွာအားပေးကြသည်။ အဆိုပါအားပေးသူများထဲတွင် ငန်းနက်ကြယ်စုမှကျောင်းသားအမြောက်အများပါဝင်လေသည်။ သူတို့က ရှင်းဟိုင်၏အရှုံးကိုကြည့်ရှူရန် လာရောက်ခဲ့ကြသည်ပင်။


“ကောင်းလိုက်တာ...စိန့်ကလီတိုက ဒီနှစ်လည်း အရမ်းမိုက်တာပဲ...”


"ရှင်းဟိုင်က ကစားသမားတွေဒေါသထွက်ပြီး အားကိုးရာမဲ့နေတာကို​ကြည့်ရတာ အရမ်းကျေနပ်တယ်နော်...”


“စိန့်ကလီတိုက ငါ့ရဲ့နတ်ဘုရားပဲ...သူတို့​ရဲ့ အရှက်မဲ့တဲ့ပုံစံကို ငါအရမ်းကြိုက်တယ်..."


တတိယပွဲစဥ်မှာ ပိုင်ကျားရှီနှင့်ယွမ်ရှင်းကျဲတို့၏ တိုက်ပွဲဖြစ်ကြောင်းသိလိုက်ရချိန်တွင် ပရိတ်သတ်ကပို၍စိတ်လှုပ်ရှားလာကြသည်။


ပိုင်ကျားရှီက စိန့်ကလီတိုရှိရွံရှာဖွယ်အကောင်းဆုံး ကစားသမားဖြစ်ပြီး "တိုက်ခိုက်လိုသူအနည်းဆုံးကစားသမားများ"စာရင်းတွင် နှစ်ပေါင်းများစွာပထမအဆင့်ရရှိထားသူဖြစ်သည်။


ဆန့်ကျင်ဘက်အနေဖြင့် ယွမ်ရှင်းကျဲကမူ သန့်ရှင်းပြီး လှပသောအိုမီဂါတစ်ဦးဖြစ်လေသည်။


နှစ်ယောက်သားထိပ်တိုက်တွေ့ကြသောအခါ ပရိသတ်၏စိတ်လှုပ်ရှားမှုက အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့သည်။


ပိုင်ကျားရှီတစ်​ယောက် အဆိုပါအိုမီဂါကို မည်သို့အရှက်ရစေဦးမည်ကို အားလုံးသိချင်စိတ်စောနေကြ၏။


သို့သော်...


"ပညာရှင်တွေက ဘာပြောလဲ.."  


ပိုင်ကျားရှီက ယွမ်ရှင်းကျဲကိုတွေ့တွေ့ချင်းမေးလိုက်သည်။


xxxxxx