အပိုင်း ၁၁၅
Viewers 17k

Chapter 115


ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံး နောက်ပြန်ဆုတ်သွားကာ ၎င်းတို့ကြားရှိအကွာအဝေးကို ချဲ့ထွင်လိုက်သည်။ ယွမ်ရှင်းကျဲကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရသည်။


၎င်း၏မက်ခါသည်လည်း ​ကြယ်တံခွန်မက်ခါကြောင့် တော်တော်များများပျက်စီးနေလေသည်။


နောက်ထပ်မိနစ်အနည်းငယ်အတွင်း ယွမ်ရှင်းကျဲ၏ ပင်မမက်ခါကိုတစ်စစီဖြုတ်ပစ်မည့်ရည်ရွယ်ချက်မှာ အောင်မြင်တော့မည်ဟု ပိုင်ကျားရှီခံစားလိုက်ရသည်။ သူက ကြယ်တံခွန်မက်ခါ၏အင်ဂျင်ကို မြင်းကောင်ရေအားအမြင့်ဆုံးသို့ပြောင်းကာ သံကြိုးဓားတစ်ချောင်းကိုထုတ်ယူလိုက်ပြီး ယွမ်ရှင်းကျဲထံပြေးဝင်သွားခဲ့သည်။


ထိုအချိန်တွင် ပုန်းအောင်းနေသည့်မက်ခါသားရဲက ကွင်းအတွင်း၌ လှည့်ကွက်တချို့​ပြုလုပ်နေကြောင်း ပရိသတ်များသတိပြုမိလိုက်သည်။


ယွမ်ရှင်းကျဲရှေ့မြေပြင်ပေါ်တွင် အရိပ်မိုင်းများထွက်ပေါ်လာသည်။


ပရိသတ်က အနည်းငယ်အံ့သြသွားခဲ့သည်။


"အဲဒီမိုင်းတွေက ဘယ်တုန်းကရောက်လာတာလဲ...


"မက်ခါသားရဲ​တွေက ကွင်းထဲမှာ ထောင်​​ချောက်​ချတတ်နေပြီလား..."


"အံ့ဩစရာပဲ...ယွမ်ရှင်းကျဲက ပိုင်ကျားရှီနဲ့တိုက်နေရင်းတောင် မက်ခါသားရဲကိုထိန်းချုပ်ဖို့အချိန်ရှိတုန်းပဲလား..."


သို့သော် မက်ခါသားရဲ၏မိုင်းများမှာ ပိုင်ကျားရှီအပေါ်သက်ရောက်မှုသိပ်မရှိပေ။


"အရေးမပါတဲ့ လှည့်ကွက်တွေ..." 


ပိုင်ကျားရှီ ရယ်မောလိုက်သည်။ သူက ရပ်ပင်မရပ်ပဲ ယွမ်ရှင်းကျဲရှေ့ရှိအရိပ်မိုင်းများထံသို့ တိုက်ရိုက်သွားခဲ့သည်။ 


ရုပ်ဆိုးကြောင်က သူ့အားခြိမ်းခြောက်နိုင်လိမ့်မည်ဟုပင် သူထင်ခဲ့မိသည်။


ကြည့်ရတာ...ယွမ်ရှင်းကျဲရဲ့လှည့်ကွက်တွေက ဒီမှာတင်အဆုံးသတ်သွားပုံပဲ....


ပင်ပန်းနွမ်းနယ်နေပုံရသောယွမ်ရှင်းကျဲက ရှောင်တိမ်းမည့်အစား ကြယ်တံခွန်မက်ခါကို တိုက်ရိုက်ရင်ဆိုင်ရန်ပြင်လိုက်သည်။


စိန့်ကလီတိုရှိလူများ အလွန်ပျော်ရွှင်သွားကြ၏။


ပိုင်ကျားရှီ၏ကြယ်တံခွန်မက်ခါက အလွန်စွမ်းအားပြည့်ဝလျှက်ရှိရာ ဒီတစ်ခါတော့ယွမ်ရှင်းကျဲအဆုံးသတ်လေပြီ။


ဂမ်မာ၏နှုတ်ခမ်းထောင့်များမြင့်တက်သွားသည်။ ယွမ်ရှင်းကျဲက ပြိုင်ပွဲတွင်ရှုံးတော့မည်ဖြစ်သော်လည်း အိုမီဂါတစ်ယောက်အနေနှင့်ဆို မဆိုးဘူးပြော၍ရလေသည်။


တစ်ချိန်တည်းမှာပင် ရှင်းဟိုင်ကျောင်းအဖွဲ့မှလူတိုင်းသည် ဖန်သားပြင်ကိုထိတ်လန့်စွာစိုက်ကြည့်နေကြသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသော  စစ်တက္ကသိုလ်ကြီးများရှိပရိသတ်များသည်လည်း အသက်အောင့်ကာ ဖန်သားပြင်များကို မျက်လုံးကျယ်ကျယ်ဖြင့်စိုက်ကြည့်နေကြသည်။


ပိုင်ကျားရှီက အဆိုပါမိုင်းတွင်းကိုဖြတ်ကျော်ပြီးနောက်...


ကွင်းပြင်တွင် စူးစူးဝါးဝါးအော်သံများကြားလိုက်ရသည်။


ဖောက်ထွင်းမြင်ရသောပိုးချည်မျှင်များက မိုင်းများအထက်တွင် မမြင်နိုင်သောပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်ကာ ပိုင်ကျားရှီ၏ကြယ်တံခွန်မက်ခါအတွင်း ဖြတ်သန်သွားလေသည်။


ပိုင်ကျားရှီက လျင်မြန်စွာတုံ့ပြန်ခဲ့သော်လည်း စက္ကန့်အနည်းငယ်အတွင်း သူ့မက်ခါ၏ခြေလက်အင်္ဂါများပေါ်တွင် နက်နဲသောဖြတ်တောက်ရာများပေါ်ပေါက်လာခဲ့သည်။


အဆိုပါပိုက်ကွန်မှာ ကြောင်ရုပ်ဆိုးလျှို့ဝှက်စီစဉ်ထားခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည့်အခါ ပိုင်ကျားရှီ၏မျက်ဝန်းများပြူးကျယ်သွားခဲ့သည်။


သာမန်အချိန်ဆိုလျှင်တော့ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုသတိပြုမိမှာဖြစ်ပြီး နာနိုဝိုင်ယာများကိုရှောင်ရှားနိုင်လိမ့်မည်ပင်။ သို့သော် မြေပြင်ပေါ်ရှိမြေမြှုပ်မိုင်းများက သူ့အာရုံကိုလုံးလုံးလျားလျားဆွဲဆောင်သွားသည့်အတွက် သူအရူးလုပ်ခံလိုက်ရခြင်းသာ။


ထိုအခိုက်အတန့်တွင် မက်ခါသားရဲက  ကြယ်တံခွန်မက်ခါ၏အောက်တွင် ပေါ်လာပြီး ၎င်း၏ခြေထောက်များတွင် သံကြိုးနှစ်ချောင်းပတ်ထားသည်။


ထို့နောက် ယွမ်ရှင်းကျဲက ပိုးချည်မျှင်ကြောင့်မရုန်းနိုင်ဖြစ်နေသော ပိုင်ကျားရှီ၏မက်ခါလက်မောင်းများကို အလင်းဓားဖြင့်ခုတ်ချလိုက်သည်။


“ဘန်း...”


လက်များဆုံးရှုံးပြီးနောက် ကြယ်တံခွန်မက်ခါက  မြေပြင်ပေါ်သို့ လဲကျသွား၏။ ထိုအခါ မြေပြင်ပေါ်ရှိမိုင်းများသည်လည်း အမြောက်များကဲ့သို့ ပေါက်ကွဲကုန်ကြ၏။


သေးငယ်ပြီးအရေးမပါသောလှည့်ကွက်တစ်ခုဟု ထင်မြင်ခဲ့သောပိုင်ကျားရှီခမျာ့ နာကျင်စွာအော်ဟစ်​နေရလေသည်။


မိုင်းများအားလုံးမပေါက်ကွဲမီ ဒိုင်လူကြီးကစတင်ရေတွက်နေလေပြီ။


ယွမ်ရှင်းကျဲ၏ပင်မမက်ခါက မက်ခါသားရဲနှင့်အတူခပ်မတ်မတ်ရပ်နေပြီး မြေပြင်ပေါ်တွင်လဲလျောင်းနေသော ကြယ်တံခွန်မက်ခါကို တည်ငြိမ်စွာကြည့်နေသည်။


အဆိုပါမြင်ကွင်းကြောင့် ပရိသတ်များအံ့အားသင့်သွားခဲ့သည်။


"အဲဒီပိုက်ကွန်ကို ဘယ်တုန်းကတည်းကဖြန့်ထားတာလဲ..."


"ယွမ်ရှင်းကျဲကပိုင်ကျားရှီနဲ့ယှဥ်တိုက်နေတုန်း ဖြန့်ထားတာထင်တယ်..."


"အရိပ်မက်ခါရဲ့အကွက်တွေကိုသုံးပြီး ပြိုင်ပွဲကိုအနိုင်ရသွားတာပဲ...မိုက်တယ်ကွာ..."


“ဒါပေမယ့် တကယ်တမ်းတော့ ပိုက်က နည်းနည်းသေးတယ်မဟုတ်ဖူးလားလို့...”


“သေချာကြည့်...အဲဒီ့ပိုက်ကွန်ကသေးသေးလေး…”


ကွင်းလယ်တွင် ရှီးပေါ်လိုင်၏နာနိုဝိုင်ယာများထက်သေးငယ်သော်လည်း သိပ်သည်းဆမြင့်မားသည့် နာနိုပိုက်ကွန်တစ်ခုရှိနေသည်။ သို့သော်အလယ်ပိုင်းသာလျှင် ပိုက်ကွန်နှင့်တူနေတာဖြစ်သည်။


မှတ်ဉာဏ်တုမှတဆင့်ကြည့်နေသော ရှီးပေါ်လိုင်နှင့် ချန်ကျွမ်းက ၎င်းကိုကြည့်ပြီးလန့်သွားကြသည်။ အဆိုပါပိုက်ကွန်မှာ အရင်တခါပြိုင်ပွဲတုန်းက ရှီးပေါ်လိုင်သုံးခဲ့သောတစ်ခုနှင့် တထေရာထဲပင်။


“အဲ့...အဲ့ဒါက…”

115.2


သူက မှတ်ဉာဏ်တုမျက်နှာပြင်ကိုကြည့်ရင်း


“အဲ့ဒီ့ဟာလေးက ငါ့စကေးတွေကိုခိုးသွားတာပဲ...”


ချန်ကျွမ်းကခေါင်းညှိတ်လိုက်ရင်း


“ဟုတ်တယ်...ယွမ်ရှင်းကျဲကငါတို့တိုက်ခိုက်ပုံတွေကို အကုန်နားလည်သွားတာပဲ...”


ရှီးပေါ်လိုင်က ဒေါသထွက်တာရော လေးစားတာရော ရောပြွန်းနေပြီးဘာပြောရမှန်းမသိ။


“ယွမ်ရှင်းကျဲက တကယ့်ကိုအရေထူတာပဲ...”


ဒိုင်က ယွမ်ရှင်းကျဲအနိုင်ရရှိကြောင်း ​ကြေငြာလိုက်သည်။


ရမှတ်က 0:3 မှ 1:3 သို့ပြောင်းလဲသွားခဲ့၏။


အမှတ်က ကွာဟနေဆဲဖြစ်သော်လည်း စိန့်ကလီတိုအားအမှတ်ထပ်မံမရစေရန် တားနိုင်ခဲ့ပေသည်။


ရှင်းဟိုင်တက္ကသိုလ်က နှစ်ပွဲဆက်တိုက်ရှုံးနေခဲ့ရာ ပြိုင်ပွဲ၏အနိုင်မရှုံးက သတ်မှတ်ပြီးသားလိုဖြစ်နေခဲ့သည်။


ပရိတ်သတ်ထဲရှိ ရှင်းဟိုင်တက္ကသိုလ်ဘက်မှအားပေးသူများနှင့် တိုက်ရိုက်လွှင့်သည်ကိုကြည့်နေကြသော အင်ပါယာမြို့တော်ရှိလူများသည် တစ်ခဲနက်အားပေးကြလေသည်။


“ယွမ်ရှင်းကျဲက အရမ်းတော်တာပဲ...ရှင်းဟိုင်အသင်းကွ...လုပ်ထား...”


“အံ့သြစရာပဲ...သူတကယ်ကြီးပိုင်ကျားရှီကိုနိုင်သွားတာဟ...”


“ရှင်းဟိုင်အသင်းကွ...”


စိန့်ကလီတိုကိုအားပေးသောပရိတ်သတ်များက အနည်းနှင့်အများစိတ်ပျက်သွားကြသည်။


“ဒါပေမယ့် ​ဒီတစ်ခေါက်ပြိုင်ပွဲမှာသာရှုံးရင်တော့ နိုင်နိုင်ချေနည်းသွားလိမ့်မယ်...”


ယွမ်ရှင်းကျဲနှင့်ပိုင်ကျားရှီက မက်ခါထဲမှပြိုင်တူထွက်လာကြသည်။


နှစ်ယောက်ကတစ်ဦးနှင့်တစ်ဦးစိုက်ကြည့်နေရင်း ပိုင်ကျားရှီမျက်မှောင်ကြုတ်လိုက်ကာ ခံရခက်စွာဖြင့်


“ငါကတိတည်ပါတယ်...ပြိုင်ပွဲမစခင်တုန်းက မင်းပြောခဲ့တဲ့စကားကို ပို့စ်တင်ပေးမှာပါ...”


“မင်း…” ပိုင်ကျားရှီက သူ့စကားလုံးများကိုပြန်မြိုချလိုက်သည်။ သူ နောက်ကျောမှနာကျင်မှုကို လျစ်လျူရှုလိုက်ပြီး မေးလိုက်သည်။


ယွမ်ရှင်းကျဲက မျက်ခုံးပင့်လိုက်သည်။

“ဘာကို...”


“မင်းပဲ ပြိုင်ပွဲပြီးရင် ကျွမ်းကျင်သူတွေကဘာပြောလဲဆိုတာ ပြောပြမယ်ဆို...”


“အာ...အဲ့ဒါလား...” ယွမ်ရှင်းကျဲက ပိုင်ကျားရှီကိုတည်ငြိမ်စွာကြည့်ရင်းပြောလိုက်သည်။


“ကျွမ်းကျင်သူတွေကပြောတယ်...နိုင်ခြင်းရှုံးခြင်းဆိုတာမျိုးက ပြောရခက်ပါတယ်တဲ့”


ပိုင်ကျားရှီက ခဏတာဆွံ့အသွားပြီး လက်သီးဆုပ်ကာအော်လိုက်သည်။

“မင်းအရမ်းတော်တယ်...” ရစ်ချက်က သူ့ဆီလျှောက်လာရင်းဖက်လိုက်သည်။


“မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ...”


ယွမ်ရှင်းကျဲက ကျေးဇူးစကားပြောမည့်အချိန်တွင် ရစ်ချက်ထပ်ပြောလာသည်။


“လူသားဆန်မှုကို တော်တော်လေးလျှော့ထားတာပဲ...”


ယွမ်ရှင်းကျဲ: “…”


လော့ဝမ်ချွမ်းက သောက်စရာတစ်ခုကမ်းပေးလိုက်ရင်း


“မင်းရဲ့မွမ်းမံမှုကထပ်ပြီးအောင်မြင်သွားပြန်ပြီ...အခုဆိုရင် မက်ခါသားရဲကို အရိပ်မက်ခါအဖြစ်လည်း အသုံးပြုနိုင်မယ့်ပုံပဲ...”

ယွမ်ရှင်းကျဲက လူသားမက်ခါတစ်သားထဲဖြစ်မှုကို မလုပ်နိုင်ခဲ့သည့်အတွက် အနည်းငယ်စိတ်ဓာတ်ကျနေမှန်း လော့ဝမ်ချွမ်းနားလည်လေသည်။


“မင်းရဲ့အခုလုပ်ဆောင်ချက်က အဲ့ဒီ့အခြေအနေနဲ့ အင်မတန်နီးစပ်ပါတယ်...အချိန်မလောက်လို့ပါ....”


ယွမ်ရှင်းကျဲ၏အောင်ပွဲကြောင့် ချီယုမှလွဲ၍အားလုံးပျော်ရွှင်နေခဲ့ကြသည်။


နောက်တစ်ပွဲတွင် အက်ရှလေက အိုးရွေ့နှင့်ဆာတိုအန်းကိုဦးဆောင်ကာ စိန့်ကလီတိုနှင့်ယှဥ်ပြိုင်ရမှာဖြစ်သည်။


ပြိုင်ပွဲမစခင် အက်ရှလေကအဖွဲ့ဝင်များကို မှာကြားခဲ့သည်။


“ရှင်းကျဲရွှယ်တိက ငါတို့အတွက်အနိုင်ယူပေးသွားတာ...အနိုင်ရဖို့အရမ်းခက်ခဲနေတာတောင်မှပေါ့...ဒါ့ကြောင့်ငါတို့ သူ့အားထုတ်မှုကိုအလဟသတ်ဖြစ်စေလို့မရဘူး...ငါတို့အနိုင်ရအောင်အကောင်းဆုံးကြိုးစားရမယ်...ငါတို့အနိုင်ရမှနောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ထားလို့ရလိမ့်မယ်...”


"နောက်ထပ်ပြိုင်ပွဲတစ်ခုအနိုင်ရတဲ့အတွက် ရှင်းဟိုင်ကို ဂုဏ်ပြုလိုက်ရအောင်...လက်ရှိရမှတ် 3:3 နဲ့ အံ့သြစရာအခိုက်အတန့်ကိုယူဆောင်ပေးခဲ့ပြန်ပါပြီခင်မျာ...” 


အစီအစဥ်တင်ဆက်သူက စိတ်လှုပ်ရှားစွာ ပြောသည်။ 


“ကဲ...အဆုံးအဖြတ်ပေးမယ့်ပွဲစဥ်ရောက်လာခဲ့ပါပြီ…”


အဆိုပါပွဲကို ရှင်းဟိုင်တက္ကသိုလ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။


"သန်မာလွန်းတယ်...အရမ်းကိုသန်မာလွန်းတယ်၊ ငါတို့နိုင်သွားပြီကွ..."

"အက်ရှလေက...ငါ့ရဲ့ ထာဝရနတ်ဘုရားမ ပဲ…”


ဤအခိုက်အတန့်တွင် အမျိုးသား၊ အမျိုးသမီး အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ အားလုံးက လာမည့်အောင်ပွဲကိုမျှော်လင့်နေကြသည်။


အဘယ်ကြောင့်ဆိုသော် စိန့်ကလီတိုကိုအနိုင်ရပါက ရှင်းဟိုင်တက္ကသိုလ်မှာ နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်သောကြောင့်ပင်။


"ဘယ်လိုလဲ...မင်းအဆင်ပြေလား...ငါအရမ်းပျော်တာပဲသိလား...”


သေသေချာချာကြည့်ပါက ဆည်ကျိုးကျသလိုစာအများအပြားပို့ထားသည်ကို တွေ့ရလိမ့်မည်။


တစ်စောင်တွင် “အရမ်းတုန်လှုပ်ပြီး ငိုချင်လာသလိုပဲ...”ဟုပို့ထားပြီး နောက်တစ်ခုတွင်မူ “စိန့်ကလီတိုကတော့သေပြီ” ဟုပို့ထားလေသည်။


ယွမ်ရှင်းကျဲက စာတွေကိုဖတ်ရင်းရယ်ရမလား ငိုရမလား မသိတော့ချေ။ သူက


“အောင်ပွဲခံဖို့အတွက်စောင့်နေနော်...” ဟူ၍သာစာ​ပြန်ပို့လိုက်သည်။


ရှင်းဟိုင်တက္ကသိုလ်၏ကျောင်းသားများ အလွန်ပျော်ရွှင်နေကြသည်။ ယွမ်ရှင်းကျဲအနိုင်ရမှုက ပြိုင်ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပြီး အက်ရှလေနှင့်အခြားအသင်းဝင်များကလည်း စိန့်ကလီတိုကိုအနိုင်ပိုင်းနိုင်ခဲ့သည်။ နောက်ဆုံးပြိုင်ပွဲမှာ လော့ဝမ်ချွမ်းယှဥ်ပြိုင်မှာဖြစ်လေသည်။


နိုင်ငံအဆင့်မက်ခါ​ပြိုင်ပွဲ အရှုံးမရှိသောသူ။


စိန့်ကလီတိုမှလူများက ထျန်းကျိ၏မြင်းပွဲဗျူဟာကိုအသုံးပြုခဲ့ခြင်းပင်။ သူတို့က လော့ဝမ်ချွမ်းကိုနောက်ပိုင်းပွဲစဥ်တွင်ယှဥ်ပြိုင်မည်ဟု မျှော်လင့်ထားသည့်အလျှောက် အစပိုင်းတစ်ဦးချင်းတိုက်ပွဲများတွင် အသန်မာဆုံးအဖွဲ့ဝင်များအားစေလွှတ်ခဲ့ခြင်းဖြစ်သည်။


xxxxxxxx