အပိုင်း ၁၁၆
Viewers 17k

Chapter 116


နောက်ဆုံးပြိုင်ပွဲစလေပြီ...


လော့ဝမ်ချွမ်းက ပြိုင်ပွဲစလျှင်စချင်း လူသားမက်ခါတစ်သားထဲဖြစ်မှုအခြေအနေသို့ ကျရောက်သွားခဲ့သည်။


တတိယမိနစ်တွင် ပြိုင်ဘက်ကသူ၏တိုက်ခိုက်မှုကို ခါးစည်းခံနေခဲ့ရပြီး နေရာအနှံ့ရှောင်တိမ်းနေခဲ့ရ၏။


၆မိနစ်မြောက်တွင် ဒိုင်ကအမှတ်စဥ်စတင်ရေတွက်တော့သည်။


၆မိနစ်နှင့်ဆယ်စက္ကန့်အကြာ၌ ပြိုင်ပွဲပြီးဆုံးသွားခဲ့လေသည်။


ပြိုင်ပွဲတစ်ခုလုံးက လော့ဝမ်ချွမ်း၏လက်ထဲတွင်ရှိနေခဲ့ပြီး ပြိုင်ဘက်ကိုမျှော်လင့်ချက်အနည်းငယ်ပင် မပေးခဲ့ချေ။


“ရမှတ်ကတော့ 4:3 ဖြစ်သွားပါပြီ...နောက်ထပ်အနိုင်ရရှိသွားတဲ့ ရှင်းဟိုင်တက္ကသိုလ်ကိုဂုဏ်ပြုကြရအောင်...”


ယွမ်ရှင်းကျဲ သူကြားရသည်ကိုမယုံနိုင်အောင်ဖြစ်နေခဲ့သည်။ သူက လူသားမက်ခါတစ်သားထဲဖြစ်မှုကို မလုပ်ဆောင်နိုင်ခဲ့သော်ငြား သူ့အဖွဲ့သားများ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်နေသည်ကိုမြင်ရစဥ် သူ့နှလုံးသားတွင်းသို့ နွေးထွေးသည့်စီးကြောင်းတစ်ခုစီးဝင်လာခဲ့၏။


ယွမ်ရှင်းကျဲက ကြိုးစားရတာထိုက်တန်သည်ဟု ယူဆလိုက်သည်။


ပြိုင်ပွဲပြီးသည်နှင့် ရှင်းဟိုင်တက္ကသိုလ်က ရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။


ရှာဖွေမှုစာရင်းများမှာ “ယွမ်ရှင်းကျဲ”၊

 “သုံးကလေးဖြစ်သွားပြီ”၊

“ပိုင်ကျားရှီရဲ့တူတူပုန်းတမ်း”၊

“ပိုင်ကျားရှီ၏ပွဲမစခင်စကားကြီးစကားကျယ်ပြောမှု”၊

 “လော့ဝမ်ချွမ်း” စသည်ဖြင့်...

ရှင်းဟိုင်၏ ဂျက်ကော့အားအနိုင်ရမှုနှင့်နှိုင်းယှဥ်ပါက စိန့်ကလီတိုအားအနိုင်ရခြင်းမှာ နတ်ဘုရားများသာလုပ်နိုင်မည့် သမိုင်းတွင်ဖြစ်ရပ်ဟုခေါ်ဆိုနိုင်လေသည်။


ပရိတ်သတ်၏ဆွေးနွေးမှုများထဲ၌ ယွမ်ရှင်းကျဲကအဓိကဇာတ်လိုက်ပင်။


တစ်ယောက်ယောက်က ရှင်းဟိုင်မှာဘယ်သူနာမည်​ကြီးလဲဟုမေးလာလျှင် ယွမ်ရှင်းကျဲဟု အားလုံးတညီတညွတ်ထဲပြန်ဖြေကြလိမ့်မည်။ ပြီးမှ လော့ဝမ်ချွမ်း၊ အက်ရှလေနှင့် တခြားလူများကိုအလှည့်ကျ ဖြေကြားကြလိမ့်မည်။


“တကယ်တမ်းတော့ အားလုံးကောင်းကောင်းလုပ်ဆောင်ခဲ့ကြပါတယ်...ဒါပေမယ့် ယွမ်ရှင်းကျဲက ပိုင်ကျားရှီကိုအနိုင်ပိုင်းလိုက်တာကြောင့် ရှင်းဟိုင်ပြန်ပြီးအရှိန်ရလာတာ...”


“အနိုင်ရနှုန်းနဲ့ယုံကြည်ချက်က အသင်းအတွက်အရေးအကြီးဆုံးတွေပဲ...”


“ယွမ်ရှင်းကျဲခေါင်းထဲမှာဘာတွေရှိနေတာလဲ...သူကမက်ခါသားရဲကို အရိပ်မက်ခါအဖြစ်ပြောင်းနိုင်တယ်...ပြောရရင်ကွာ...အရိပ်မက်ခါထက်တောင်ပိုစွမ်းနေသေးတယ်...”


“ကြောင်ရုပ်ဆိုးက ရှီးပေါ်လိုင်နဲ့တောင်ယှဥ်နိုင်မယ်ထင်တာပဲ..”


အဆိုပါစာကြောင်းက ရှီးပေါ်လိုင်၏နားသို့ရောက်သွားခဲ့သည်။


“သူတို့ပြောတာတော့ မင်းကမက်ခါသားရဲလောက်တောင် မတော်ဘူးဆိုပဲ..”


......


မနက်စောစောတွင် ယွမ်ရှင်းကျဲက အပြင်ထွက်ရန်ပြင်ဆင်နေခဲ့သည်။ သို့သော် မင်ရှောင်းတစ်ယောက် သူ့တံခါးဝထံရောက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့။


 "ဂုဏ်ယူပါတယ်...မင်းရဲပြိုင်ပွဲက အံ့ဩစရာတစ်ခုကို ထပ်ပြီးဖန်တီးလိုက်ပြန်ပြီ..."  


မင်ရှောင်းကပြုံးလျှက် သူ့ထံလျှောက်လာခဲ့သည်။ နက်မှောင်သောအစိမ်းရောင်ဆံပင်ကောက်ကောက်များက သူ၏ချောမောမှုကို အစွမ်းကုန်ထောက်ပံ့နေသည်။

ယွမ်ရှင်းကျဲကခေါင်းညိတ်ပြပြီး မင်ရှောင်းနောက်မှလိုက်ခဲ့လိုက်သည်။


သူတို့က လေယာဥ်ငယ်ပေါ်တက်လိုက်ကြပြီး အတန်ကြာပျံသန်းလိုက်ရသည်။ ထို့နောက် လေယာဥ်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်ရှိသော သစ်ပင်ထူထပ်သည့်နေရာတွင်ဆင်းသက်လိုက်၏။ အဆိုပါနေရာမှာ နိုင်ငံပိုင်မက်ခါသုတေသနဌာနပင်။


အဖြူရောင်အလင်းရောင်အောက်တွင် ဤနေရာက တံခါးပိတ်စက်ရုံကြီးတစ်ခုလိုပင်။ ပြင်ပကမ္ဘာနှင့်အဆက်​ပြတ်ကာ အထီးကျန်နေပုံပေါ်သော်လည်း အင်ပါယာ၏အနာဂတ်ကို မွေးဖွားသည့်နေရာဖြစ်လေသည်။


 "ဌာနမှုးချန်နဲ့မတွေ့ခင် စိတ်စွမ်းအားထိန်းချုပ်မှုကိုအရင်စစ်ကြည့်ရအောင်..."  


မင်ရှောင်းက ယွမ်ရှင်းကျဲကိုပြောလိုက်သည်။


သုတေသန၏လက်ရှိအဆင့်တွင် ထိုကဲ့သို့အလွန်ခက်ခဲသော ကိရိယာတစ်ခုကိုပြုလုပ်ရန် နည်းလမ်းမရှိဟုသူထင်ခဲ့သည်။


 "သိပ္ပံသုတေသနအဖွဲ့က စိတ်စွမ်းအားထိန်းချုပ်မှုကို ထောက်လှမ်းတဲ့စနစ်တစ်ခုတည်ဆောက်ဖို့အတွက်ကြိုးစားနေတယ်လေ..." 


နံနက်စောစောတွင် ချန်ယွမ်က အွန်လိုင်းတွင် ရေပန်းစားနေသည့် မိန်းကလေးအဖွဲ့သီချင်းတစ်ပုဒ်ကို နားထောင်နေသည်။ ဖျတ်လတ်တက်ကြွသောစည်းချက်ကျကျအသံကြောင့် ယွမ်ရှင်းကျဲအံ့အားသင့်သွားခဲ့သည်။


ယွမ်ရှင်းကျဲနှင့်အခြားသူများဝင်လာသည်ကို မြင်သွားသည့်အခါ သူက ဂီတကိုခေတ္တရပ်လိုက်ပြီး ခေါင်းကိုမော့ကြည့်လိုက်သည်။  


"နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့..."


“ဘုရင့်အတွက် မက်ခါသုတေသနဌာနက ဘယ်လောက်ထိအရေးပါလဲဆိုတာမင်းသိလား...စစ်တက္ကသိုလ်ကကျောင်းသားတစ်ယောက်အနေနဲ့ ဒီနေရာမှာဓာတ်ခွဲခန်းတစ်ခုပေးဖို့တောင်းဆိုတယ်ဆိုတာ ဖြစ်သင့်ရဲ့လား...”


"ဒါဆိုကျွန်တော် သုတေသနကိုမကူညီပေးနိုင်ဘူး...”


ချန်ယွမ်က ပြုံးလိုက်ရင်း "မင်းကသတ္တိရှိတာပဲ...ပြိုင်ပွဲထဲမှာနဲ့တစ်ထပ်ထဲပဲ...”


"ကျွန်တော့်ပြိုင်ပွဲကိုကြည့်တာလား...”

“ငါကြည့်ပြီးပြီ...” 


ချန်ယွမ်၏လည်စလုတ်က ရွေ့လျားသွားပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။


ဒီကောင်လေးက အရေးကြီးတဲ့ကိစ္စတွေကိုနားမလည်ဘူးပဲ...


ချန်ယွမ်က သီချင်းပြန်ဖွင်မည့်အချိန်တွင် ယွမ်ရှင်းကျဲ၏စိတ်ခွန်အားထိန်းချုပ်မှုရလဒ်ကို သူ့လက်ထောက်ကယူဆောင်လာခဲ့သည်။


"ဌာနမှူး..” လက်ထောက်က တုန်ယင်နေသောအသံဖြင့်ပြောလာသည်။


"တစ်ချက်လောက်ကြည့်သင့်တယ်ထင်တယ်...”


ချန်ယွမ်က မျက်မှောင်ကြုတ်ရင်းသူ့ကိုကြည့်လိုက်သည်။


"ဘာဖြစ်လို့တုန်း...”


စိတ်စွမ်းအားထိန်းချုပ်မှုတွင် ယွမ်ရှင်းကျဲ၏အဆင့်မှာ...


SSS+.


၎င်းမှာ လက်ရှိတွင် အမြင့်ဆုံးဖြစ်လေသည်။


ချန်ယွမ်က သတိပြန်မကပ်ခင်အချိန်အတော်လေးယူလိုက်ရ၏။ သူ့အသံက တုန်ခါနေသည်။


 “ဒါ...ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...”


သူ ယွမ်ရှင်းကျဲအပေါ်လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။ ဒီလိုဖြစ်လာလိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးချေ။

116.2


ဒီကောင်လေးရဲ့စိတ်စွမ်းအားထိန်းချုပ်နိုင်စွမ်းက စစ်တပ်ထဲမှာရှိတဲ့အကြီးပိုင်းတွေကိုတောင် ကျော်သွားပြီ...ထိန်းချုပ်နိုင်စွမ်း ဒီလောက်မြင့်နေမှတော့ နိုင်ငံအဆင့်မက်ခါပြိုင်ပွဲမှာ သူ့ဘက်ကအပြတ်အသတ်သာနေတော့တာပေါ့...


....


ယွမ်ရှင်းကျဲက ဌာနမှူးရုံးခန်းမှပြန်ထွက်လာချိန်တွင် မင်ရှောင်းက သူ့ကိုဆီးမေးလိုက်သည်။


“ဌာနမှူးနဲ့စကားပြောပြီးပြီလား...”


“ငါက သီးသန့်ဓာတ်ခွဲခန်းလိုချင်တာ...” ယွမ်ရှင်းကျဲက ပုံမှန်အတိုင်းပြောလိုက်သည်။


“သူကသဘောမတူဘူးလေ...”


မင်ရှောင်းမျက်လုံးပြူးသွားခဲ့သည်။ ယွမ်ရှင်းကျဲထံမှ ဤသို့တကယ်ကြီးပြောထွက်လာမည်ဟု သူမမျှော်လင့်ထားခဲ့။


“မင်း...မင်းဘယ်လိုများလုပ်နိုင်တာလဲ...” 


မင်ရှောင်းက သူ့နောက်မှထပ်ကြပ်မကွာလိုက်လာရင်း အံ့သြတကြီးပြောသည်။


“သိပ္ပံသုတေသနဌာနမှာရှိတဲ့ အရာတစ်ခုချင်းစီကတန်ဖိုးကြီးတယ်...မင်းသာတစ်ခုခုကိုပျက်စီးစေမိခဲ့ရင် ဘယ်လိုလုပ်ပြီးလျော်ပေးနိုင်မှာလဲ...မင်းအနေနဲ့ ပိုက်ဆံပိုပေးဖို့တို့...စစ်တပ်ကိုဝင်ဖို့ထောက်ခံစာရေးပေးဖို့တို့ တောင်းဆိုလို့ရတယ်လေ…”


ယွမ်ရှင်းကျဲက ခဏရပ်လိုက်ပြီး ခေါင်းကိုလှည့်လိုက်ကာ “ငါဓာတ်ခွဲခန်းပဲလိုချင်တယ်...”


ဤအမျိုးသားကရူးနေခြင်းဖြစ်ရမည်ဟု မင်ရှောင်းတွေးလိုက်သည်။ သူတို့နှစ်ဦးစကားများကို နားစွန်နားဖျားကြားလိုက်ရသော ဘေးကသုတေသီများကလည်း အထူးအဆန်းလိုဝိုင်းကြည့်နေကြ၏။


ထိုစဥျ...


ဌာနမှူးရုံးခန်းတံခါးပွင့်သွားပြီး ချန်ယွမ်ကအလျင်စလိုအမူအယာဖြင့် ထွက်လာခဲ့သည်။


ယွမ်ရှင်းကျဲနားထဲတွင် ​လေးနက်ပြီးကျယ်လောင်သောအသံကိုကြားလိုက်ရ၏။


“ငါ မင်းပြောတာသဘောတူတယ်...”


မင်ရှောင်းကလဲကျတော့မလိုဖြစ်သွားသည်။ သူကချန်ယွမ်အားလှည့်ကြည့်လိုက်ချိန်တွင် သူ့ပါးစပ်မှာ ကြက်ဥတစ်လုံးစာလောက်ပွင့်နေလေသည်။


ယွမ်ရှင်းကျဲ နှုတ်ခမ်းထောင့်များမြင့်တက်သွားကာ ချန်ယွမ်ကိုလှည့်ကြည့်လိုက်၏။ 


သူက စကားတစ်လုံးချင်းပြောလာသည်။


“ကောင်းပြီလေ...ဒါဆိုနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်စာချုပ်ချုပ်ရအောင်...”


အားလုံးက ယွမ်ရှင်းကျဲ၏ပုံမှန်လေယူလေသိမ်းကြောင့် ထိတ်လန့်သွားသည်။ ချန်ယွမ်ကို ဒီကလေးကအခုလိုတောင်းဆိုရဲတယ်လား...


 “ကောင်းပြီလေ...”


မကြာခင် ချန်ယွမ်က စာချုပ်တစ်စောင်ပြင်ဆင်လိုက်သည်။ အဆိုပါစာချုပ်တွင် ပါဝင်သောအကြောင်းအရာမှာ


 “ယွမ်ရှင်းကျဲသည် မက်ခါသုတေသနဌာန၏စမ်းသပ်မှုတွင် ပါဝင်ကူညီပေးမည်ဖြစ်ပြီး မက်ခါသုတေသနဌာနမှ သူ့အားဓာတ်ခွဲခန်းတစ်ခုပေးမည်ဖြစ်သည်။”


ယွမ်ရှင်းကျဲက တစ်ချက်ကြည့်ပြီးနောက် မည်သည့်အပိုအချက်အလက်မှမပါကြောင်း အတည်ပြုလိုက်ကာ ပျော်ရွှင်စွာပင် လက်မှတ်ထိုးလိုက်၏။

ထိုအချိန်တွင် အာရုံကြောချိတ်ဆက်မှုနည်းပညာကို သုတေသနပြုနေသည့် ပရော်ဖက်ဆာကျင်းရွှမ်က ရုံးသို့အမြန်ရောက်လာခဲ့သည်။


ကျင်းရွှမ်မှာ အနီရောင်လှိုင်းတွန့်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် ဘီတာအမျိုးသမီးတစ်ဦးဖြစ်သည်။


တံခါးဝသို့ဝင်လိုက်သည်နှင့် သူမကစိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သူမပြောလိုက်သည်နှင့် ထိုနေရာရှိလူအားလုံးအံ့သြသွားကြ၏။

ယွမ်ရှင်းကျဲကိုကြည့်နေသည့် သူမ၏အမူအရာမှာ ကယ်တင်ရှင်အား​တွေ့လိုက်ရသလိုပင်။

စာချုပ်ချုပ်ပြီးသည်နှင့် ဌာနမှုးချန်ယွမ်က လူငယ်လေးတစ်ယောက်အတွက် ဓာတ်ခွဲခန်းပေးလိုက်သည်ဟူသောသတင်းမှာ မီးပွားတစ်စကဲ့သို့ပျံနှံသွားတော့သည်။


အားလုံးကိုပို၍အံ့အားသင့်စေသည်မှာ အဆိုပါလူငယ်လေး၏စိတ်စွမ်းအားထိန်းချုပ်နိုင်စွမ်းပင်။ သူတို့က သူ့အဆင့်ကိုလျှို့ဝှက်ထားကြသော်လည်း ပရော်ဖက်ဆာကျင်းရွှမ်ကပင် သွားရောက်တွေ့ဆုံသည့်အတွက် SSအဆင့်နှင့်အထက်သာဖြစ်နိုင်လိမ့်မည်။


စိတ်စွမ်းအားတိုးမြှင့်စက်က ဘုရင့်အတွက်အလွန်အရေးပါပြီး လျှို့ဝှက်လုပ်ဆောင်ရသောသုတေသနဖြစ်လေသည်။ ထို့​ကြောင့် ၎င်းကိုသုတေသနဌာန၏အတွင်းဘက်ကျသောနေရာတွင် လုံခြုံစွာထားရှိထား၏။


တိုးမြှင့်စက်က အလွန်ရှုပ်ထွေးကာ ကြိုးများနှင့်ဆက်နွယ်မှုများစွာပါရှိပြီး အနည်းငယ်ကြီးမား​သည်။


“ဒီကိုလာ...ဒီစက်ကမင်းကိုစောင့်နေတာအတော်ကြာပြီ...” 


ကျင်းရွှမ်က ယွမ်ရှင်းကျဲကိုစက်အနားသို့ ဂရုတစိုက်ခေါ်လာလိုက်သည်။


 “ဒီ ချုပ်နှောင်မှုလေးတွေက စိတ်စွမ်းအားကိုတုံ့ပြန်တဲ့အရာလေးတွေပဲ...အဲ့ဒါကြောင့်တစ်ခုခုမှားနေတယ်လို့ ခံစားရတာနဲ့ စိတ်စွမ်းအားကိုပြန်သိမ်းဖို့မမေ့ပါနဲ့...ဟုတ်ပြီလား…”


သို့သော် ယွမ်ရှင်းကျဲကမူ သူတို့နှင့်ကွဲပြားလိမ့်မည်ဟု ကျင်းရွှမ်ခံစားမိသည်။

အဆိုပါပရောဂျက်တွင်ပါဝင်သည့် သုတေသီအားလုံးက ကျင်းရွှမ်နှင့်ချန်ယွမ်နောက်တွင်ရပ်ပြီးကြည့်နေကြသည်။ သူတို့က ခေါင်းဆောင်းနှင့်လူငယ်လေးကိုကြည့်ရင်း အသက်ရှူပင်အောင့်ထားမိကြ၏။


သူ၏စိတ်စွမ်းအားမှာ Aအဆင့်ကို ၆၀ ရာခိုင်နှုန်းသာကျော်သည့်အလျှောက် အချုပ်အနှောင်တစ်ခုခြင်းသို့ဝင်ရောက်သွားသောအမျှင်မှာ သေးငယ်လှသည်။


သို့သော် အချုပ်အနှောင်ထဲသို့ဝင်လိုက်သည်နှင့် အဆိုပါစိတ်စွမ်းအားအမျှင်မှာ တဖြည်းဖြည်းပို၍ထူထပ်လာသည်။


သူတို့မျှော်လင့်ထားသည့်အတိုင်းပင်...

ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားက တိုးသထက်တိုးလာခဲ့သည်။ သုတေသီများ၏မျှော်လင့်တကြီးမျက်ဝန်းများအောက်၌ ၃မိနစ်အကြာတွင် ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားက ၉၀ ရာခိုင်နှုန်းအထိတိုးသွားခဲ့သည်။


"အောင်မြင်တယ်...”ချန်ယွမ်က မယုံကြည်နိုင်စွာဖြင့်ငေးကြည့်ကာ ပြောသည်။


အဲ့ဒါက တကယ့်ကိုအလုပ်ဖြစ်တယ်...”


ကျင်းရွှမ်က သုတေသနဆိုင်ရာကွန်ပြူထာထံသို့ လျှင်မြန်စွာသွားကာ မှတ်တမ်းတင်လိုက်သည်။


သူမက လက်ထောက်ဘက်သို့လှည့်ကာ...


"ဘာလုပ်နေတာလဲ...မှတ်တမ်းတင်ဖို့ပြင်လေ...”


"ရှောင်ယွမ်...မင်းဒီအတိုင်းလေး ခဏထိန်းထားနော်...ငါတို့မြန်မြန်မှတ်တမ်းတင်လိုက်မယ်...”


ဤစက်ကိုပြုလုပ်ပြီးကတည်းက အောင်မြင်စွာ အသက်မသွင်းနိုင်ခဲ့သည့်အပြင် စမ်းသပ်သူအများအပြား၏စိတ်စွမ်းအားကိုလည်း ပျက်စီးစေခဲ့သည်။


တာဝန်ခံသုတေသီများက တစ်နှစ်နီးပါးမအိပ်မနေကြိုးစားခဲ့သော်လည်း ပြီးမြောက်ခြင်းမရှိခဲ့။ ယခုအခိုက်အတန့်တွင် သုတေသနဆိုင်ရာကွန်ပြူတာတွင်ပေါ်နေသော မှိတ်တုတ်မှိတ်တုတ်စီးကြောင်းက လူတိုင်းကို နှလုံးသားထဲအထိရွှင်လန်းစေခဲ့သည်။


သူတို့၏ကြိုးစားအားထုတ်မှုက နောက်ဆုံးမှာတော့ အောင်မြင်သွားလေပြီ။


အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် အံ့ဖွယ်အရာတစ်ခုကိုမြင်တွေ့ရသကဲ့သို့ ယူဂျင်း၏နှလုံးခုန်နှုန်းမြန်လာခဲ့သည်။


ယွမ်ရှင်းကျဲ သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး မေးလိုက်သည်။


" ပြီးပြီလား... "


"ပြီးသွားပြီ..."  


 "ယွမ်ရှင်းကျဲ...မင်းက အလားအလာရှိတဲ့လူငယ်တစ်ယောက်ပါ..."


သူ့စကားတွင် လေးနက်သောအရိပ်အမြွက်ရှိနေသည်။


ယွမ်ရှင်းကျဲ၏နဖူးတွင် ချွေးများဖြင့်ပြည့်နေ၏။ သူ မတ်တပ်ထရပ်လိုက်သည်နှင့် ဓာတ်ခွဲခန်းရှိလူတိုင်းက လက်ခုပ်တီးကာဂုဏ်ပြုလိုက်ကြသည်။


 xxxxxxxx