အပိုင်း ၁၁၇
Viewers 21k

Chapter 117


အဖြူရောင်ကုတ်ရှည်များကိုဝတ်ဆင်ထားသည့် သုတေသီများနှင့် လက်ထောက်များက ယွမ်ရှင်းကျဲအား အဖိုးမဖြတ်နိုင်သောရတနာတစ်ခုကဲ့သို့ တောက်ပသောမျက်ဝန်းများဖြင့် ကြည့်နေကြ၏။


ယွမ်ရှင်းကျဲက လန့်သွားပြီးနောက်


“ကျွန်တော် ရေတစ်ခွက်သွားသောက်လိုက်ဦးမယ်…”


“ငြိမ်ငြိမ်လေးနေပါ...” မင်ရှောင်းက သူ့ကိုချက်ချင်းတားလိုက်သည်။


“အပင်ပန်းမခံပါနဲ့...”


သူက လက်တွန်းလှည်းတစ်ခုကိုတွန်းလာလိုက်ပြီး


“ဖရဲသီးအရသာဓာတ်ဆားရည်ပါ...”


ယွမ်ရှင်းကျဲက ခေါင်းကိုမော့ရင်းဓာတ်ဆားရည်သောက်လိုက်သည်။ ထို့နောက် ချန်ယွမ်ကိုမေးလိုက်၏။


“ဒါဆို...ကျွန်တော့်ဓာတ်ခွဲခန်းကိုသွားကြည့်လို့ရပြီလား...”


ချန်ယွမ်က အလျင်အမြန်ခေါင်းညှိတ်လိုက်သည်။


“သေချာတာပေါ့...”


ယွမ်ရှင်းကျဲနှင့်ချန်ယွမ်ထွက်သွားသည်အထိ သုတေသီများက ယွမ်ရှင်းကျဲအား ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ သက်ပြင်းတချချဖြင့်လိုက်ကြည့်နေကြသည်။ ထို့နောက် ယွမ်ရှင်းကျဲဓာတ်ခွဲခန်စတောင်းဆိုရသည့်အကြောင်းရင်းကို စတင်ဆွေးနွေးကြတော့၏။


တချို့က သိပ္ပံပညာကိုစိတ်ဝင်စား၍ဟုထင်ကြသည်။ တချို့က သုတေသီတစ်ယောက်ဟူသောဂုဏ်ပုဒ်ကြောင့်ဟုယူဆကြပြီး တချို့ကမူ သူဒီတိုင်းကစားချင်ရုံသက်သက်ဟူ၍သာ ထင်မြင်ချက်ပေးကြလေသည်။


အားလုံးက ယွမ်ရှင်းကျဲ၏အရေးပါပုံကိုသိရှိထားကြရာ ကျင်းရွှမ်၏စကားများကို သဘောတူကြ၏။


“ဟုတ်တယ်...အဲ့ဒါကဓာတ်ခွဲခန်းတစ်ခုသက်သက်ပဲလေ...”


“ဒီတောင်းဆိုမှုက သင့်လျော်ပါတယ်...အခန်းနည်းနည်းပိုပေးရင်ရကောင်းမလားမသိဘူး..”


ချန်ယွမ်က သဘောတူဟန်ဖြင့်ခေါင်းညှိတ်သည်။


“သူလုပ်ချင်တာလုပ်ပါစေ...ဒါကဓာတ်ခွဲခန်းတစ်ခုပဲလေ...ရေချိုးခန်းအဖြစ်ပြောင်းချင်တယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး...”


သူအရင်ကပြောခဲ့သည်များကို လုံးဝမေ့သွားလေပြီ။


ချန်ယွမ်က ယွမ်ရှင်းကျဲအတွက်ဓာတ်ခွဲခန်းတစ်ခုကို ဂရုတစိုက်ပြင်ဆင်ပေးခဲ့သည်။ ပစ္စည်းအားလုံးက စျေးအကြီးဆုံးတွေချည်းပင်။

ယွမ်ရှင်းကျဲက ဓာတ်ခွဲခန်းကိုလိုက်ကြည့်သည့်အခါ သူအင်မတန်ကျေနပ်သွားခဲ့၏။


စာချုပ်အရ သူဤဓာတ်ခွဲခန်းကို တစ်နှစ်တိတိပိုင်ဆိုင်လေသည်။


တစ်နှစ်က သူ့အတွက်တော်တော်များများလုပ်ရန် လုံလောက်သည့်အချိန်ပင်။


ချန်ယွမ်က ယွမ်ရှင်းကျဲ၏ယာယီလက်ထောက်အဖြစ် ယူဂျင်းကိုထားပေးခဲ့သည်။ သူက ယွမ်ရှင်းကျဲပုခုံးကို ရင်းနှီးစွာပုတ်ရင်း


“ငါ့မှာ အခုအစည်းအဝေးရှိလို့ခဏသွားရမယ်...မင်းတစ်ခုခုလိုတာရှိရင် ဖုန်းဆက်လိုက်နော်...”


ဌာနမှူးချန်ထွက်သွားသည်နှင့် ယူဂျင်းကသိလိုစိတ်အပြည့်ဖြင့်မေးလိုက်သည်။


“ဒီမှာ သုတေသနလုပ်ချင်တာလား...”


ယွမ်ရှင်းကျဲက သူ့ကိုအထူးအဆန်းကြည့်လိုက်သည်။


“သုတေသနမဟုတ်လို့ အိပ်လိုက်ရေချိုးလိုက်လုပ်ရမှာလား....”


“အဲ့လိုလုပ်ချင်ရင်လည်းရပါတယ်....ကျွန်တော်က သိချင်ရုံပါ...ဘာလို့ဆို မက်ခါမောင်းနှင်သူတွေ သုတေသနလုပ်တာမျိုးမတွေ့ဖူးလို့လေ...”


ယွမ်ရှင်းကျဲက ပြုံးလိုက်ရင်း


“ဒါဆိုအခုတွေ့ဖူးပြီမဟုတ်လား....”


အတိအကျပြောရလျှင် သူက သုတေသနကိုစိတ်ဝင်စားသော မက်ခါမောင်းနှင်သူမဟုတ်ချေ။ နိုင်ငံအဆင့်မက်ခါပြိုင်ပွဲတွင် ယှဥ်ပြိုင်နေသည့် သုတေသီတစ်ဦးဖြစ်လေသည်။

ယူဂျင်းက ယွမ်ရှင်းကျဲကိုစိတ်ဆိုးအောင်လုပ်မိမည်စိုးသည့်အလျှောက် သတိအပြည့်ဖြင့်မေးလိုက်သည်။


ယခုမူ သူကသာမန်လူတစ်ယောက်သာဖြစ်သည်။ ထို့​ကြောင့် သုတေသနဌာနမှအထောက်အပံ့ကိုလိုချင်ပါက ထိုသူတို့သဘောကျမည့်သုတေသနများကို လုပ်ဆောင်ပြဖို့လိုအပ်သည်။


ယူဂျင်းထွက်သွားပြီးနောက် ယွမ်ရှင်းကျဲက မှတ်ဉာဏ်တုကိုထုတ်လိုက်ပြီး တစ်ကိုယ်တည်းတီးတိုးပြောလိုက်သည်။


“ပထမဆုံးအနေနဲ့....အာရုံကြောဆက်သွယ်မှုကို အရင်အဆင့်မြှင့်ရမယ်...”


သုတေသနဌာန၏ လက်ရှိနည်းပညာက နှေးလွန်းသည့်အတွက် ယွမ်ရှင်းကျဲက သူ၏ကိုယ်ပိုင်အတွေ့အကြုံကိုမူတည်၍ နောက်ထပ်နည်းပညာအသစ်တီထွင်လိုသည်။ သူကယခုကမ္ဘာထက် နည်းပညာမြင့်မားသည့်နေရာမှလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်ဆောင်မှုက သူ့အတွက်ပြသနာမရှိချေ။


ထို့ကြောင့် ယွမ်ရှင်းကျဲက လေ့ကျင့်ရေးပြီးတိုင်း ဌာနသို့သွားရောက်လေ့ရှိသည်။


သုတေသနဌာနက ယွမ်ရှင်းကျဲသွားလာရလွယ်ကူစေရန် လေယာဉ်တစ်စင်းကို စီစဉ်ပေးခဲ့သည်။ လေယာဉ်က တော်ဝင်မိသားစု၏လေယာဥ်နှင့်ယှဥ်၍ရသည်အထိ မြင့်မားသောလုံခြုံရေးအဆင့်ပါရှိလေသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းသံသယဝင်လာသည်အထိ နှစ်ရက်တိုင်တိုင် ဟိုတယ်မှညတိုင်းထွက်သွားခဲ့သည်။


သုတေသနဌာနရှိအရာအားလုံးမှာ လျှို့ဝှက်ထားရမည်​ဖြစ်သည့်အလျှောက် သူကလော့ဝမ်ချွမ်းကို အမှန်အတိုင်းမပြောနိုင်ပေ။ တစ်ဖက်လူသူ့အားမေးသောအခါတွင် မက်ခါပြုပြင်မွမ်းမံသည့်ပစ္စည်းများရှာရန် အနီးနားသို့သွားသည်ဟုသာပြောနိုင်လေ သည်။


လော့ဝမ်ချွမ်းက သူ့နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်သည်။


“စီနီယာ...တစ်ခုခုလိုလို့လား”


လော့ဝမ်ချွမ်းက တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက်


"လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါနဲ့မက်ခါစတားအတူတူဆော့ဖို့သဘောတူထားတယ်လေ... မင်းမေ့သွားပြီလား..." 


သူက ယွမ်ရှင်းကျဲအား မျှော်လင့်တကြီးကြည့်လိုက်သည်။ 


ယွမ်ရှင်းကျဲက အဆိုပါတောင်းဆိုချက်ကို သူသဘောတူခဲ့ကြောင်း သတိရသွားသည်။ သို့သော် ယခုမူ သုတေသနလုပ်ရန်သာလိုလားနေပြီး ဂိမ်းကစားချင်စိတ်မရှိပေ။


"စီနီယာ... ဒီရက်တွေအတွင်းမှာ ကျွန်တော်မကစားဖြစ်လောက်ဘူး... "


ယွမ်ရှင်းကျဲက ခေါင်းကုတ်ရင်းပြောလိုက်သည်။


သူကလော့ဝမ်ချွမ်းကိုကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏မျက်ဝန်းများအတွင်း၌ ဆုံးရှုံးမှုအနည်းငယ်ကို တွေ့လိုက်ရသည်။


ရုတ်တရက် ယွမ်ရှင်းကျဲကတစ်စုံတစ်ခုကိုသတိရသွားကာ


“ဒီလိုဆိုရင်ရော...ကျွန်တော့်အကောင့်ကိုပေးထားခဲ့မယ်လေ...ဒီရက်ပိုင်းနည်းနည်းကူပြီးဆော့ပေးမလား...”


လော့ဝမ်ချွမ်းက သူ့ကိုကြည့်လိုက်သည်။


“စီနီယာပဲပြောတယ်လေ...ဦးဆောင်သူဇယားရဲ့ထိပ်ဆုံးမှာ ကျွန်တော်တို့အကောင့်တွေအတူတူရှိနေရင် ကောင်းမယ်ဆို...”


ယွမ်ရှင်းကျဲက မူမမှန်စွာရှင်းပြလိုက်သည်။ သူက အနည်းငယ်ရှက်ရွံ့နေဟန်ပင်။


ထိုစကားများကိုကြားချိန်၌ လော့ဝမ်ချွမ်းရင်တွင်းရှိ မသက်မသာဖြစ်မှုက အနည်းငယ်လျော့ပါးသွားခဲ့သည်။ သူက ပြုံးလိုက်ရင်း...


"ကောင်းပြီလေ မင်းအလုပ်ပြီးသွားတဲ့အချိန်ကျရင် အကောင့်တွေက ထိပ်ဆုံးမှာတူတူရှိနေလိမ့်မယ်..."


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏စိတ်အခြေအနေတိုးတက်လာသည်ကို သတိပြုမိလိုက်၏။


သူအခန်း ကတ်အားလော့ဝမ်ချွမ်းထံပေးလိုက်ကာ.."ကျွန်တော့အခန်းမှာ သွားဆော့နော်...ဂိမ်းဆော့တဲ့အခန်းမှာ လျို့ဝှက်နံပါတ်မရှိဘူး...ဒီတိုင်းဝင်ဆော့ရုံပဲ..."


လော့ဝမ်ချွမ်းက အခန်းကတ်ကို ယူလိုက်ပြီး.ယွမ်ရှင်းကျဲ ကိုကြည့်ကာ ပြောလိုက်သည်။


"စောစော ပြန်ခဲ့နော် တစ်ခုခုဆို ကိုယ့်ကိုဆက်သွယိလိုက်..."


အဆိုပါဂရုစိုက်မှုကြောင့် နွေးထွေးသောစီး​ကြောင်းတစ်ခုက ယွမ်ရှင်းကျဲ၏နှလုံးသားထဲသို့စီးဆင်းသွားခဲ့သည်။ ထို့အပြင် လော့ဝမ်ချွမ်းက သူ့ကိုယုံကြည်ပေးကာ အကုန်လိုက်မေးခြင်းလည်းမပြုခဲ့။


ယွမ်ရှင်းကျဲထွက်သွားသည်နှင့် လော့ဝမ်ချွမ်းက အခန်းကဒ်ကိုသုံးကာ သူ့အခန်းထဲဝင်လိုက်သည်။ ဂိမ်းအခန်းငယ်ထဲတွင် ယွမ်ရှင်းကျဲ၏ရနံ့ဖျော့ဖျော့ကထင်ကျန်နေခဲ့၏။ ရေချိုးဆပ်ပြာမှလာသည်လား ရှန်ပူ၏ရနံ့ပဲလား လော့ဝမ်ချွမ်းမခွဲခြားတတ်။


တကယ်တမ်းတွင် သူ ယွမ်ရှင်းကျဲ နှင့်ဂိမ်းအတူမဆော့ရခြင်းကြောင့် စိတ်ပျက်သွားခဲ့သော်လည်း ထုတ်မပြောခဲ့ပေ။


ရုတ်တရက် ယွမ်ရှင်းကျဲသူ့အပေါ်စိတ်မရှည်တော့မည်ကို စိုးရိမ်လာသည်။


ယွမ်ရှင်းကျဲကိုပို၍ဂရုစိုက်မိလေလေ ပို၍စိတ်ပူတတ်လေလေဖြစ်ကြောင်း လော့ဝမ်ချွမ်း သူ့ကိုယ်သူသတိထားမိလာသည်။


သူက သူတို့နှစ်ဦးကြားထဲရှိဆက်ဆံရေးကို ပြောင်းလဲပစ်နိုင်မည်လားဟူ၍လည်း သိချင်လာသည်။ သို့သော် အချိန်မကျသေးချေ။ ယခုက ပြိုင်ပွဲတွင်းကာလဖြစ်သည်။ ယွမ်ရှင်းကျဲသာသူ့ကိုမကြိုက်ပါက သူတို့ဆက်ဆံရေးသည်လည်းထိခိုက်နိုင်ပြီး ပြိုင်ပွဲကိုပါသက်ရောက်နိုင်သည်။


ထိုစဥ် လော့ဝမ်ချွမ်း၏လက်ချောင်းများက ခလုတ်တစ်ခုကိုမတော်တဆထိလိုက်၏။


သူကယွမ်ရှင်းကျဲ၏ မက်ခါစတားအကောင့်ကိုဖွင့်မိလိုက်သည်။ ၎င်းမှာ ဖုန်းကွယ်ထားသောအကောင့်တစ်ခုပင်။

117.2


လော့ဝမ်ချွမ်း၏မျကိဝန်းများက အဆိုပါအကောင့်၏ ID ပေါ်သို့ကျရောက်သွားသည်။


[ချီယုရဲ့ကြယ်လေး...].


လော့ဝမ်ချွမ်း မျက်ဝန်းများကျယ်သွားကာ လက်ချောင်းများသည်လည်း တုံ့ဆိုင်းသွားခဲ့သည်။


အဆိုပါစာလုံးများက စခရင်မျက်နှာပြင်တွင် အနည်းငယ်သာနေရာယူထားသော်လည်း သူ့မျက်ဝန်းထဲတွင်မူ ထိုစာလုံးများနှင့်သာပြည့်နေခဲ့၏။


လော့ဝမ်ချွမ်း၏လည်စလုတ်ရွေ့လျားသွားသည်။ သူက အဆိုပါအကောင့်ထဲသို့ဝင်ကြည့်ဖို့ကြိုးစားလိုက်လေသည်။


သူ့မျက်နှာတွင် စိတ်ဖိစီးမှုနှင့်မနာလိုမှုများ ထင်ဟပ်လာခဲ့၏။


လော့ဝမ်ချွမ်းက မျက်ဝန်းများမှိတ်ချလိုက်ကာ တဖန်ပြန်ဖွင့်လိုက်သည်။ ထို့နောက် (ငါအရမ်းအားနည်းတယ်)အကောင့်ထဲသို့ဝင်ပြီး ဂိမ်းကိုစတင်ရင်း ယှဥ်တိုက်ရန်ခေါ်ဆိုထားမှုများကို စစ်​ဆေးလိုက်သည်။


(ရေခဲခြစ်စားပါဦး) အကောင့်က ရေလျှံသလိုမျိုး စာတွေတစ်ထပ်ကြီးပို့လာကာ စတင်ဖိတ်ခေါ်လိုက်သည်။


လော့ဝမ်ချွမ်းက လက်ခံလိုက်၏။


စနစ်: [ကစားသူ “ငါအရမ်းအားနည်းတယ်”က ကစားသူ “ရေခဲခြစ်စားပါဦး”၏ ဖိတ်ခေါ်မှုကိုလက်ခံလိုက်သည်။ ]


[ရေခဲခြစ်စားပါဦး]: “သောက်ကျိုးနည်း...”


[ရေခဲခြစ်စားပါဦး]: “မင်းက ထွက်မပြေးဘူးပဲ...”


[ရေခဲခြစ်စားပါဦး]: “ငါနောက်ဆုံးတော့ လက်စားချေလို့ရတော့မယ်...”


ဤနေ့ရက်များတွင် ရှီးပေါ်လိုင်က ကျောင်းအသင်းအတွက်လေ့ကျင့်ချိန်မှလွဲ၍ အချိန်တော်တော်များများကို တစ်နေ့တွင် “ငါအရမ်းအားနည်းတယ်”အား အနိုင်ယူရမည်ဟူသောရည်ရွယ်ချက်ဖြင့် အပြင်းအထန်လေ့ကျင့်နေခဲ့သည်။


သို့သော် သူစတင်ကစားသည်နှင့် တစ်ခုခုမှားနေကြောင်း သတိပြုမိလိုက်သည်။


“ငါအရမ်းအားနည်းတယ်” က စကားတစ်ခွန်းမှမဆိုရုံသာမဟုတ်ပဲ သူတိုက်ခိုက်သည့်ပုံစံမှာလည်း တည်ငြိမ်ကာစနစ်ကျ​​သည်။ ရှီး​ပေါ်လိုင်က စတိုက်တိုက်ချင်းသူ့ထံရောက်လာသည့် အလင်းဓားကိုမရှောင်နိုင်ခဲ့ချေ။ 


ရှီးပေါ်လိုင် လန့်သွားသည်။


အဆိုပါအလင်းဓားကိုင်ဆောင်သူက သူ့အားအတော်မုန်းတီးနေဟန်ပင်။


၃မိနစ်အကြာတွင် သူရှုံးသွားခဲ့၏။


ရှီးပေါ်လိုင်က မကျေမနပ်ဖြင့် ထပ်မံဖိတ်ခေါ်လိုက်သည်။ တစ်ဖက်လူကတည်း တုံ့ဆိုင်းခြင်းမရှိပဲလက်ခံလိုက်လေသည်။


ထို့နောက် ရှီးပေါ်လိုင်ကနောက်ထပ်နှိပ်စက်မှုတစ်ခု ထပ်မံခံစားလိုက်ရသည်။


ဤသို့ဖြင့် သံသရာလည်နေရင်း ရှီးပေါ်လိုင်က ထိပ်ဆုံးဆယ်ယောက်မှကျသွားပြီး “ငါအရမ်းအားနည်းတယ်” ကမူ ထိပ်ဆုံးငါးယောက်ထဲဝင်သွားလေသည်။


ရှီးပေါ်လိုင်ခမျာ့ ခွက်ခွက်လန်ရှုံးသွားသောသူ့အမှတ်များကိုကြည့်ရင်း မျက်လုံးများပြူးကျယ်လာသည်။


ဒီတစ်ယောက်ရဲ့တိုက်ခိုက်ပုံက အရမ်း​ပြောင်းလဲသွားတယ်လို့ သူခံစားရတယ်...


စာရင်းထဲရှိတခြားကစားသူများကလည်း “ငါအရမ်းအားနည်းတယ်” တစ်ယောက် အရမ်းကြိုးစားနေသည်ကို သတိပြုမိ၏။


အရင်က ယွမ်ရှင်းကျဲ၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့်အတွက် သူတို့၏ကွန်မန့်များတွင် ဆဲဆိုမှုနှင့်လှောင်ပြောင်မှုများပြည့်နှက်နေသည်။


လော့ဝမ်ချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ပိုကြည့်လေလေ ပိုမပျော်မရွှင်ဖြစ်လာလေလေပင်။


ယွမ်ရှင်းကျဲက စကေးတက်ရန်ဂိမ်းဆော့ခြင်းဖြစ်သော်လည်း လော့ဝမ်ချွမ်းကမူ သတ်ရန်အတွက်ဆော့ကစားခြင်းဖြစ်သည်။


“ငါအရမ်းအားနည်းတယ်”ကို တိုက်ခိုက်နေကြသူများက L ကဲ့သို့ကစားသူနောက်တစ်ယောက်ပေါ်ထွက်လာမည်ကို ကြောက်နေကြသူများသာဖြစ်သည်။ 


—–


ထိုစဥ် ယွမ်ရှင်းကျဲက ဂိမ်းထဲမှာဖြစ်ပျက်နေသမျှဘာမှမသိ။


သူက သုတေသနဌာနထဲတွင် ကျင်းရွှမ်နှင့်အခြားသူများအား တတိယအကြိမ်စမ်းသပ်ရာ၌ ကူညီနေခဲ့သည်။


ယွမ်ရှင်းကျဲနှင့်ဆိုပါက စိတ်စွမ်းအားမြှင့်စက်တွင် အဆင့်မြှင့်ရမည့်အရာများကို သူတို့လွယ်ကူစွာရှာနိုင်လေသည်။


စမ်းသပ်ချက်ပြီးသည်နှင့် ကျင်းရွှမ်အပါအဝင်အခြားသုတေသီများက ယွမ်ရှင်းကျဲကိုကျေးဇူးတင်ပြီးရင်းတင်နေကြသည်။ သူတို့က အာဟာရပြည့်ဝကာအရသာရှိသော မုန့်များစွာကို သူ့အတွက်မှာယူပေးကြလေသည်။ ၎င်းတို့မှာ တော်ဝင်မိသားစုများသာ စားနိုင်သည့်မုန့်များပင်။


ယွမ်ရှင်းကျဲက အများကြီးမစားနိုင်သည့်အလျှောက် အားလုံးကိုပြောလိုက်သည်။


“အားလုံးအတူတူစားရအောင်...ဒါဆိုဖြုန်းတီးရာမကျတော့ဘူး...”


ယွမ်ရှင်းကျဲက ယခုဆိုလျှင် အားလုံး၏ရတနာလေးဖြစ်နေသည်။ လက်ထဲမှချော်ထွက်သွားမည်ကို စိုးရိမ်တကြီးဖြင့်ကိုင်ထားရသည့် ရတနာလေးပင်။


“ကောင်းတယ်...ဒီတစ်ခါလည်းအောင်မြင်တယ်.. ” 


ကျင်းရွှမ်က အချက်အလက်များစုဆောင်းရင်း ဖြည်းညှင်းစွာပြောသည်။


“မကြာခင်ငါတို့ ပထမဆုံးစိတ်စွမ်းအားတိုးမြှင့်စက်ကို ထုတ်နိုင်တော့မယ်…”


သူ့စကားများကိုကြားချိန်တွင် အားလုံးစိတ်လှုပ်ရှားသွားကြသည်။ သူတို့က ကမ္ဘာသစ်တစ်ခုစတင်တော့မည်ဟု ခံစားရလေသည်။


ယွမ်ရှင်းကျဲက အလွန်တည်ငြိမ်နေခဲ့သည်။


မင်ရှောင်းက တီးတိုးမေးလိုက်၏။


“မင်းမပျော်ဘူးလား...”


“ ပျော်ပါတယ်...” ယွမ်ရှင်းကျဲက ပြုံးရင်းပြောသည်။ သူ့စိတ်က တခြားနေရာရောက်နေခဲ့၏။


“ကျွန်တော် ဓာတ်ခွဲခန်းကိုပြန်လိုက်ဦးမယ်...ဆက်ပြီးကျင်းပကြနော်...”


သူက​ ပြောပြီးပြီးချင်း ထွက်သွားခဲ့သည်.


ယွမ်ရှင်းကျဲ၏နောက်ကျောကိုကြည့်ရင်း မင်ရှောင်းကခေါင်းကုတ်လိုက်သည်။


“အားလုံးက ယွမ်ရှင်းကျဲကြောင့်အောင်မြင်သွားတာပဲကို...သူက ပျော်တာတို့ ဂုဏ်ယူနေတာတို့ ဘာလို့မရှိတာလဲမသိဘူး...”


“ဖြစ်နိုင်တာက စိတ်စွမ်းအားတိုးမြှင့်စက်ကိုတီထွင်ရတာ ဘယ်လောက်ခက်လဲသူမသိလို့များလား...”


သူ့နံဘေးရှိသုတေသီတစ်ဦးကပြောလိုက်သည်။


xxxxxxx