အပိုင်း ၁၁၈
Viewers 17k

Chapter 118


အားလုံးက အဆိုပါနည်းပညာ၏အရေးပါမှုကို ယွမ်ရှင်းကျဲမသိလောက်ဟု ယူဆလိုက်ကြ၏။ သို့မဟုတ်ပါက သူတို့အောင်ပွဲခံနေစဥ် သူဒီလောက်တည်ငြိမ်နေမှာမဟုတ်ချေ။


ယွမ်ရှင်းကျဲ ဓာတ်ခွဲခန်းပြန်လာသည့်အခါ သန့်ရှင်းရေးလုပ်နေသည့်ယူဂျင်းကို တွေ့လိုက်ရ၏။


အရင်ရက်များတွင် ယွမ်ရှင်းကျဲ၏လက်ထောက်တစ်ယောက်အနေဖြင့် ယူဂျင်းတစ်ခုမှမကူညီနိုင်ခဲ့ချေ။


စမ်းသပ်မှုတစ်ခုလုပ်တိုင်း ယွမ်ရှင်းကျဲက ပစ္စည်းကိရိယာများသာယူခိုင်းလေ့ရှိသည်။ ထို့နောက် သူ့မှတ်ဉာဏ်တုပေါ်၌သာ ရေးဆွဲနေသည်ကများ၏။


ယွမ်ရှင်းကျဲက အခန်းထဲရောက်သည်နှင့် မက်ခါချိတ်ဆက်ခြင်းသုတေသနကို စတင်ပြင်ဆင်တော့သည်။


ယူဂျင်းက စပ်စုချင်စိတ်ကိုမထိန်းနိုင်ခဲ့။


“ရှင်းကျဲ...မင်းဒီရက်တွေတစ်လျှောက်လုံး ဘာကိုသုတေသနလုပ်နေတာလဲ...”


“စိတ်စွမ်းအားမြှင့်စက်နဲ့တူတဲ့တစ်ခုခုပေါ့...” 


ယွမ်ရှင်းကျဲက ဖုန်းကွယ်မထားပဲဖြေလိုက်သည်။


“အဲ့ဒါက အာရုံကြောဆိုင်ရာဆက်သွယ်မှုအသစ်လေ...စိတ်စွမ်းအားတိုးမြှင့်တဲ့နေရာမှာ အကူအညီပေးလိမ့်မယ်...”


ယူဂျင်းမျက်လုံးပြူးသွားကာ... “မင်း...မင်းက ဆက်သွယ်ရေးပစ္စည်းအသစ်တစ်ခုကို သုတေသနလုပ်နေတာလား...”


သုတေသနဌာနအနေဖြင့် အင်အားနှင့်အရင်းအနှီးများစွာစိုက်ထုတ်ထားသော်လည်း စိတ်စွမ်းအားတိုးမြှင့်စက်ကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်သေးချေ။


ယခုမူယွမ်ရှင်းကျဲက အဆိုပါစက်ကိုပင်ကျော်လွန်၍ ဆက်သွယ်ရေးကိရိယာ သက်သက်ပြုလုပ်ရန်ကြိုးစားနေလေသည်။


“ဒါက…” 


ယူဂျင်းက မဖြစ်နိုင်ဘူးဟုထင်မိသော်လည်း ယွမ်ရှင်းကျဲကိုလေးစားသည့်အနေဖြင့် ထုတ်မပြောခဲ့။ 


ဘာပဲဖြစ်ဖြစ် သုတေသနကိုစိတ်ဝင်စားတာ ကောင်းတဲ့ကိစ္စပဲမဟုတ်လား...


“သုတေသနသာအောင်မြင်သွားခဲ့ရင် အိုမီဂါတစ်ယောက်က Sအဆင့်မက်ခါကို အခက်အခဲမရှိမောင်းနှင်နိုင်လိမ့်မယ်...”


ယွမ်ရှင်းကျဲက ပုံမှန်အသံနှင့်ပြောသည်။


ယူဂျင်း ထိတ်လန့်သွားခဲ့၏။ ယွမ်ရှင်းကျဲအဆိုပါသုတေသနလုပ်ရသည့်အကြောင်းရင်းမှာ အိုမီဂါများအတွက်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့။


တွေးရင်းတွေးရင်း သူ့နှုတ်ခမ်းလေးကကွေးညွှတ်လာခဲ့၏။


ခဏအကြာတွင် သုတေသနလုပ်ပြီးသွားသောယွမ်ရှင်းကျဲက 


“ကျွန်တော့်ကို ခရိုမီယမ်သတ္တုစပ်ယူပေးလို့ရမလား...ဒီကုန်ကြမ်းတွေရောပဲ…”


ယူဂျင်းက ချက်ချင်းခေါင်းညှိတ်လိုက်ပြီး လိုအပ်သည်များကို အလျှင်အမြန်ပြင်ဆင်ပေးလိုက်၏။


သုတေသနဌာန၏ ခေတ်နောက်ကျနေဆဲအခြေအနေများကိုစဥ်းစားရင်း ယွမ်ရှင်းကျဲသက်ပြင်းချလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများက ယူဂျင်း၏လည်ပင်းထံကျရောက်သွားသည်။


ပထမအကြိမ်ဆုံတွေ့စဥ်က ယူဂျင်းက ကော်လံမြင့်လက်ရှည်ကိုဝတ်ဆင်ထားခဲ့ရာ သူ့လည်ပင်းကိုမတွေ့ခဲ့ပေ။


ယခုမူ တီရှပ်သာဝတ်ဆင်ထားသည့်အလျောက် သူ့လည်တိုင်ရှိ ကြက်ခြေခတ်ပုံသဏ္ဍာန်ရှိအမှတ်အသားကို တွေ့လိုက်ရသည်။


ယွမ်ရှင်းကျဲ အနည်းငယ်လန့်သွားခဲ့၏။


ထို့အပြင် သူက မူလဇာတ်ညွှန်းတွင်ပါဝင်သော.... 


ယူဂျင်းက ယွမ်ရှင်းကျဲအကြည့်ကိုသတိထားမိသွားကာ သူ့အနာရွတ်ကိုလက်ဖြင့်ဖုန်းကွယ်လိုက်သည်။


“ဒါက..ကြည့်ရဆိုးလို့လား”


“အာ...မဟုတ်ပါဘူး...ကျွန်တော်တစ်ယောက်ယောက်ကို သတိရသွားလို့ပါ...ဘယ်လိုဖြစ်ခဲ့တာလဲ...မတော်တဆဖြစ်တာလား...”


“ဟုတ်တယ်....အရင်က ကျွန်တော်ကအိုမီဂါတစ်ယောက်လေ...ခုတော့ဂလင်းတွေပျက်ဆီးသွားတဲ့အတွက် ဘီတာဖြစ်သွားတာ...”


ယွမ်ရှင်းကျဲ ထိတ်လန့်သွားသည်။


သူက ပုံမှန်အနာရွတ်ဟူ၍သာ ထင်ခဲ့ခြင်းပင်။ ယူဂျင်းတစ်ယောက် မူလကိုယ်ယွမ်ရှင်းကျဲကဲ့သို့ ဂလင်းများပျက်ဆီးသွားခဲ့ခြင်းဟု သူမမျှော်လင့်ထားခဲ့။ ထို့ကြောင့်သာ ယူဂျင်းကိုစတွေ့စဥ်က အိုမီဂါလား ဘီတာလားမခွဲခြားနိုင်ခဲ့ခြင်းဖြစ်သည်။


“စိတ်မကောင်းပါဘူး…” ယွမ်ရှင်းကျဲက တောင်းပန်လိုက်သည်။


“ကျွန်တော် သူများကိစ္စကိုမစပ်စုသင့်ဘူး...”


ယွမ်ရှင်းကျဲက လူတစ်ယောက် အိုမီဂါ​ဖြစ်ခြင်း ဘီတာဖြစ်ခြင်းကို ဂရုမစိုက်ချေ။ တစ်စုံတစ်ယောက်က ပျော်ပျော်ရွင်ရွင်နေနိုင်သရွေ့ ထိုကိစ္စများက သူ့အတွက်အရေးမပါလှ။


သို့သော် ယူဂျင်းအနာတရဖြစ်မည်ကိုတော့ စိုးရိမ်လေသည်။


“အဆင်ပြေပါတယ်...ဒါက အတိတ်မှာကျန်ခဲ့ပါပြီ...” ယူဂျင်းက ယွမ်ရှင်းကျဲကိုပြုံးရင်းကြည့်လိုက်သည်။


“ဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သိပ်ဂုဏ်ယူတာပဲ...”


ယွမ်ရှင်းကျဲက ကြောင်အသွားပြီးနောက် မပြုံးပဲမနေနိုင်ခဲ့။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချရင်း


“ခင်ဗျားက အရမ်းတော်တာပဲ....”


“စွန့်ပစ်ကြယ်မှာတုန်းက အယ်လ်ဖာတစ်ယောက်နဲ့ ကျွန်တော့်ရဲ့ဖယ်ရိုမုန်းတွေက ကိုက်ညီနေခဲ့တယ်...အဲ့ဒီ့အယ်လ်ဖာက ကြမ်းကြုတ်ပြီးအရမ်းရိုင်းတဲ့တစ်ယောက်​ဖြစ်နေခဲ့တယ်လေ...လက်ထပ်ပွဲကိုဖျက်ချင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်…”


ယွမ်ရှင်းကျဲနှလုံးသားက တင်းကျပ်သွားခဲ့၏။ စုကျီနန်လည်း ပြောဖူးသည်ပင်။ စွန့်ပစ်ကြယ်ရှိအိုမီဂါများက အယ်လ်ဖာများ၏အတင်းအဓမ္မမိတ်ဖက်ပြုခြင်းခံရသည်ဟု။


“နောက်တော့ နိုအာကြယ်ဆီသွားတဲ့သင်္ဘောဖြတ်သွားမယ်လို့ကြားခဲ့တယ်...,ကျွန်တော်က သုတေသီတစ်ယောက်ဖြစ်ချင်ခဲ့တာလေ...ဒါ့ကြောင့်အိမ်ကခိုးထွက်ဖို့ကြံစည်ခဲ့ပေမယ့် မထင်မှတ်ပဲဖမ်းမိသွားခဲ့ပြီး အရိုက်ခံလိုက်ရတယ်လေ...”


ယွမ်ရှင်းကျဲ အေးခဲသွားသည်။ ယူဂျင်းတစ်ယောက် ဤသို့ကျော်ဖြတ်ခဲ့ရမည်ဟု သူ မမျှော်လင့်ခဲ့။


“အဲ့ဒီ့ညတုန်းက ကျွန်တော်မငိုခဲ့ဘူး...အဲ့ဒီ့အစား တစ်ညလုံးတွေးနေခဲ့တယ်...ဒီအမှိုက်ပုံလိုနေရာမှာပဲ အချိန်ကုန်ခံမလားလို့ပေါ့...နောက်တော့ဓားတစ်ချောင်းကိုယူပြီး ဂလင်းကိုဖြတ်ထုတ်ပစ်ခဲ့တယ်...”


ယွမ်ရှင်းကျဲက တံတွေးမြိုချလိုက်ရင်း


“အဲ့ဒါ...နာလားဟင်...”


“တအားကိုနာတာ...” ယူဂျင်းက ကြောက်ရွံ့ခြင်းကင်းစွာ ရယ်ရင်းပြောသည်။


“ဒါပေမယ့် ပထမဆုံးအနေနဲ့ ကိုယ့်ဘဝကိုယ်ပိုင်ဆိုင်လိုက်ရသလိုမျိုး ခံစားခဲ့ရတယ်...”


ယွမ်ရှင်းကျဲက ဂလင်းပျက်စီးမှုကြောင့် မူလကိုယ်သေဆုံးခဲ့ရသည်ကို သတိရသွားသည်။


“ဆိုတော့...ဂလင်း​တွေမရှိလည်း ထိခိုက်မှု​ကြီးကြီးမားမားမရှိဘူးပေါ့...အဲ့လိုလား...”


“​heat ဝင်နေတုန်းဖျက်ဆီးပစ်တာမဟုတ်ရင် အရမ်းနာတာကလွဲလို့ မသေနိုင်ဘူး...သွေးတွေဒလဟောထွက်လာပြီး ဖယ်ရိုမုန်းတွေကသွေးနဲ့အတူပါသွားလိမ့်မယ်...ဖယ်ရိုမုန်းကိုထုတ်ပေးတဲ့ဆဲလ်တွေကလည်း အကုန်ရောပါသွားတဲ့အတွက် ဘီတာတစ်ယောက်ဖြစ်သွားလိမ့်မယ်...”


နောက်ဆုံးတော့ မူလကိုယ်သေဆုံးရသည့်အကြောင်းရင်းကို ယွန်ရှင်းကျဲနားလည်သွားခဲ့၏။

118.2


ဇာတ်ကြောင်းတွင် ဤကဲ့သို့ရေးထားခဲ့သည်။


[ယနေ့က ယွမ်ရှင်းကျဲနှင့်ချီယု၏စေ့စပ်ပွဲနေ့ဖြစ်သည်။ ယွမ်ရှင်းကျဲက heat ဝင်ချိန်ကာလဖြစ်သော်လည်း ဖယ်ရိုမုန်းထိန်းချုပ်ဆေးမသုံးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ချီယုက ယနေ့ညတွင် သူ့အားတစ်သက်တာပိုင်ဆိုင်ခြင်းအမှတ်အသားပေးမှာဖြစ်သောကြောင့်ပင်။]


“အဲ့ဒီ့လိုကိုး...ဒါဆို ဘီတာဖြစ်သွားပြီးတော့ ချက်ချင်းနိုအာကြယ်ကိုလာခဲ့တာလား...” 


“ငါမထွက်လာခင်...အဲ့ဒီ့တစ်ယောက်ကိုရိုက်ပစ်ခဲ့သေးတယ်...ဂလင်းတွေကိုဖြတ်ပစ်တာက နာတော့နာပေမယ့် အင်အားကတော့သိသိသာသာကိုတိုးလာတာ....”


ယူဂျင်း၏အပြုံးက ပို၍ကျယ်ပြန့်လာခဲ့သည်။


ယွမ်ရှင်းကျဲက ယူဂျင်းအမူအရာကြောင့်ရှော့ခ်ရသွားသည်။ အဆိုပါကိစ္စကိုပြောနေသည့်တစ်လျှောက်လုံးတွင် ခံပြင်းမှုနှင့်အမုန်းတရားများမရှိပဲ တည်ငြိမ်သောအမူအရာသာရှိနေခဲ့၏။


သူက ပုံမှန်ကိစ္စတစ်ခုကိုပြောနေသလိုပင်။


“ငါ ဒီအနာရွတ်ကိုမမုန်းပါဘူး...” ယူဂျင်းက ယွမ်ရှင်းကျဲကိုကြည့်ရင်းရှင်းပြသည်။


. “လူတွေကခဏခဏ ဒီအကြောင်းကိုမေးကြတယ်လေ...အဲ့ဒါကြောင့် ဌာနမဟုတ်တဲနေရာမှာဆိုရင် ဒါကို တခုခုနဲ့ဖုံးထားလိုက်တာ...”


ယွမ်ရှင်းကျဲက နားလည်ဟန်ဖြင့် ခေါင်းညှိတ်လိုက်သည်။.


ထိုစဥ် ကျင်းရွှမ်၏ရုံးခန်းသို့ အရေးကြီးအစည်းအဝေးလာတက်ရန် ယူဂျင်းထံ စာရောက်လာခဲ့၏။.


ယူဂျင်းက ယွမ်ရှင်းကျဲကိုပြောလိုက်သည်။


“ကံကောင်းပါစေနော်...သုတေသနက ဘယ်အထိရောက်နေပြီလဲဆိုတာ မသိပေမယ့် အိုမီဂါတွေအတွက်ဒီလိုမျိုးလုပ်ပေးချင်တဲ့စိတ်ရှိတာကို ဝမ်းသာပါတယ်...”


ထို့နောက် သူကအပြုံးတစ်ခုနှင့်လှည့်ထွက်သွားခဲ့၏။


ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူလိုက်သည်။ သူကရုတ်တရက် ဤသုတေသနကိုကျရှုံး၍မဖြစ်ကြောင်း ခံစားမိလိုက်သည်။


မွမ်းမံအချောကိုင်မှုလုပ်ငန်းစဥ် ပြီးဆုံးသွားသည့်အခါ ယွမ်ရှင်းကျဲမှတ်ဉာဏ်တုပေါ်ရှိ ဆက်သွယ်ရေးကိရိယာက ရုပ်လုံးပေါ်လာလေပြီ။


ယွမ်ရှင်းကျဲက အဆိုပါကိရိယာကိုသုံး၍ Bအဆင့်စိတ်စွမ်းအားရှိသူများ Sအဆင့်မက်ခါကိုမောင်းနိုင်မမောင်းနိုင်စစ်ဆေးကြည့်သည်။


၎င်းကို စိတ်စွမ်းအားတိုးမြှင့်စက်အနေဖြင့်မှတ်ယူပါက ကိရိယာ၏တိုးမြှင့်နှုန်းမှာ...

ယွမ်ရှင်းကျဲက တီးတိုးဆိုလိုက်၏။ ထို့နောက် ဒီဇိုင်းကိုဆက်လက်မွမ်းမံလေသည်။ သူက ၃.၁ နှင့်အထက် တိုးမြှင့်ချင်သည်။

ဤသို့ဆိုလျှင် Cအဆင့်လူသားများ အဆိုပါကိရိယာကိုသုံးပါက Sအဆင့်မက်ခါကို အခက်အခဲမရှိမောင်းနှင်နိုင်မည်ဖြစ်သည်။ အိုမီဂါအများစုအတွက် လုံလောက်ပေသည်။


ထို့အပြင် ကိရိယာက မက်ခါအပေါ်တွင်သာမက ပြင်းအားမြင့်လက်နက်များပေါ်တွင်ပါ အကျိုးသက်ရောက်လေသည်။


အကယ်၍ သုတေသနသာအောင်မြင်သွားပါက အိုမီဂါတိုင်းလိုလို စစ်တပ်တွင်းသို့ဝင်နိုင်မှာဖြစ်ပြီး လူ့အဖွဲ့အစည်းရှိ အဆင့်အတန့်မြင့်မားလာမှာပင်။

ယွမ်ရှင်းကျဲသုတေသန၌အာရုံစိုက်နေစဥ် ယူဂျင်းက အခန်းတွင်းသို့ပျော်ရွှင်စွာပြန်လာသည်။


“ရှင်းကျဲရေ...ပထမဆုံးစိတ်စွမ်းအားတိုးမြှင့်စက်ကို ထုတ်လုပ်နိုင်ခဲ့ပြီကွ...သိလား...ခေါင်းဆောင်က အခုပဲကြေငြာလိုက်တယ်...အားလုံးကြိုးစားထားတာတွေက အလဟသတ်မဖြစ်တော့ဘူး...”


ယွမ်ရှင်းကျဲက ပျော်ရွှင်စွာပြုံးလိုက်ရင်း


“ဒီမှာကြည့်...ငါတို့သုတေသနဌာနက အရမ်းမိုက်​တာပဲ...စိတ်စွမ်းအားတိုးမြှင့်စက်ရဲ့ တိုးမြှင့်နှုန်းက ၁.၃ တောင်ရှိတယ်...ပထမဆုံးအကြိမ်မှာတင် ၁.၃တိုးမြှင့်နှုန်းရှိတာ...”


နောက်တစ်ကြိမ်မွမ်းမံပြီးသည့်နောက် သူ၏တိုးမြှင့်မှုပြကိန်းက ၂.၆ အထိရောက်သွားသည်။ ၎င်းက သုတေသနဌာန၏ တိုးမြှင့်ကိန်းထက်နှစ်ဆဖြစ်သည်။


ယူဂျင်းက ယွမ်ရှင်းကျဲတိတ်ဆိတ်နေရခြင်းမှာ သုတေသန၏ အခြေအနေမကောင်းသောကြောင့်ဟုထင်လိုက်သည်။ 


“အရမ်းလည်းအပင်ပန်းမခံပါနဲ့...မင်းငါတို့ရဲ့ စိတ်စွမ်းအားတိုးစက်ကိုလည်း စမ်းသပ်ပေးရသေးတယ်...အခု သုတေသနလည်းလုပ်နေရသေးတာ...စောစောပြန်ပြီးအနားယူနော်...”


“ကောင်းပါပြီ...” 


.....


ချီယုက သူ့ဖခင်ထံမှ သတင်းကောင်းတစ်ခုကြားလာခဲ့သည်။ သူက ယွမ်ရှင်းကျဲကိုမြင်သည်နှင့် ဝမ်းသာအားရပြေးလာခဲ့ပြီး


“ရှင်းကျဲ...ကိုယ့်မှာမင်းကိုပြောစရာ သတင်းကောင်းတစ်ခုရှိတယ်...”


ယွမ်ရှင်းကျဲက သူ့ကိုကြည့်လိုက်သည်။

“ကိုယ်ကြားတာတော့ ပထမဆုံးစိတ်စွမ်းအားတိုးမြှင့်စက်ကို ထုတ်လုပ်ပြီးပြီတဲ့...”


အဆိုပါသတင်းကိုကြားသည့် မည်သူမဆိုအံသြသွားလိမ့်မည်။ သူကိုယ်တိုင်ပင် ကြားကြားချင်းရှော့ခ်ရသွားသည့်အတွက် ခဏလောက်မတုံ့ပြန်နိုင်ခဲ့။ သို့သော်


သူက ချီယုကိုလျစ်လျူရှုလိုက်ရင်း ဟိုတယ်တွင်းသို့ဝင်ရန်ပြင်လိုက်သည်။

ချီယုက သူ့ခြေလှမ်းများကိုအမီလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့်ရှင်းပြလေသည်။

ယွမ်ရှင်းကျဲက သက်ပြင်းချရင်း ချီယုအား လှည့်မေးလိုက်သည်။


“ဘယ်နှစ်ခါတွေ ထပ်ပြောနေဦးမှာလဲ...”


ယွမ်ရှင်းကျဲ အမူအယာမပြောင်းလဲသည်ကို တွေ့သည့်ရအခါ ချီယုက အံကြိတ်လိုက်ပြီးဒေါသတကြီးဖြင့်

“ယွမ်ရှင်းကျဲ...မင်းပုံစံကဘာလဲ...စစ်တပ်ခေါင်းဆောင်တွေအားလုံး ဒီသတင်းနောက်ကိုလိုက်နေကြတာ...ယွမ်မိသားစုအတွက် ဒီစက်ကဘယ်လောက်အရေးကြီးမှန်း မင်းနားမလည်ဘူးလား...”


ယွမ်မိသားစုအတွက် ချီယုကထိုသတင်းကိုပြောပြခဲ့ခြင်းပင်။ အတိအကျပြောရပါက အဆိုပါစက်မှာ မက်ခါလောကတစ်ခုလုံးကို ဗြောင်းဆန်သွားစေမည့်အရာ​ဖြစ်သည်။


“စိတ်မဝင်စားဘူး...” 


ယွမ်ရှင်းကျဲက သူ့ကိုကြည့်ပင်မကြည့်။


ယွမ်ရှင်းကျဲအမူအယာကြောင့် ချီယုရင်ထဲတွင် အမည်မသိသော မီးပွားတစ်ခုပေါ်ပေါက်လာခဲ့၏။ သူက ယွမ်ရှင်းကျဲ၏ လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်သည်။


“မင်းဘာလို့ဒီလောက်ထိပြောရခက်နေတာလဲ...ဒီကိစ္စဘယ်လောက်ထိအရေးကြီးလဲဆိုတာ နားမလည်ဘူးလား...မင်းကိုယ့်ကိုခွင့်လွှတ်မပေးဘူးဆိုရင် ယွမ်မိသားစုကဒီစက်ကိုလက်လွှတ်ရလိမ့်မယ်ဆိုတာ သဘောပေါက်ထားလိုက်...”


ယွမ်ရှင်းကျဲ ချီယုလက်တွင်းမှရုန်းမထွက်နိုင်ခင် သူ့မျက်ဝန်းများကို ဟိုတယ်စောင့်ဆိုင်းခန်းတွင်ရှိသော အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ဆွဲဆောင်သွားသည်။။ သူက နေရာတွင်ပင်အေးခဲသွားသလို ခံစားလိုက်ရ၏။

ချီယုက ယွမ်ရှင်းကျဲအကြည့်အတိုင်း လိုက်ကြည့်သည့်အခါ သူတို့နှစ်ဦးအား အေးစက်စက်စိုက်ကြည့်နေသော လော့ဝမ်ချွမ်းကိုတွေ့ရလေသည်။

လော့ဝမ်ချွမ်း၏အကြည့်က ချီယုကိုင်ထားသည့် ယွမ်ရှင်းကျဲလက်ကောက်ဝတ်ထံ ကျရောက်သွားကာ ချီယုလက်အား ပေါက်ထွက်မတတ်စိုက်ကြည့်နေ​ခဲ့သည်။.


xxxxxxx