Chapter 119
ယွမ်ရှင်းကျဲက ချီယုလက်တွင်းမှ အလျင်စလိုရုန်းထွက်သော်ငြား ချီယုကလွှတ်မပေးချေ။ သူတို့နှစ်ဦးက အတန်ကြာသည်အထိ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။
ထိုစဥ် သူ့အနားသို့လျှောက်လာသော ခြေသံများကိုကြားမိလိုက်သည်။
လော့ဝမ်ချွမ်းက သူတို့ထံသို့ခြေလှမ်းကျဲများဖြင့်လျှောက်လာခဲ့ပြီး သူတို့နှစ်ဦးရှေ့၌ရပ်လိုက်၏။
ယွမ်ရှင်းကျဲရင်းနှီးနေသော ပူရှိန်းနံအပြင် ဝိုင်နီရနံကိုပါ ရလိုက်သည်။
လော့ဝမ်ချွမ်း သောက်ထားတာလား...
ချီယုက နာကျင်စွာအော်လိုက်၏။ သူ့လက်ကောက်ဝတ်ကိိုကိုင်ထားသူမှာ လော့ဝမ်ချွမ်းမဟုတ်ပဲ မက်ခါတစ်ခုဖြစ်သည်ဟူ၍ပင် တွေးမိလိုက်သည်။ သူက ယွမ်ရှင်းကျဲလက်ကို မကြာခင်ပင်လွှတ်ပေးလိုက်၏။
လော့ဝမ်ချွမ်းက ချက်ချင်းပင် ယွမ်ရှင်းကျဲဲလက်ကိုဆွဲလိုက်ရင်း ဓာတ်လှေကားထဲသို့သူနှင့်အတူဝင်စေသည််။
ယွမ်ရှင်းကျဲက သူ့နောက်ကျောကို ကြောင်အအလေးကြည့်နေရင်းလိုက်ပါလာခဲ့သည်။ လော့ဝမ်ချွမ်းအလွန်စိတ်ဆိုးနေသည်ကို သူခံစားမိသည်။
ဓာတ်လှေကားထဲရောက်သောအခါ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုစကားတစ်ခွန်းမှမပြောပဲ စိုက်ကြည့်လာသည်။
ထိုကဲ့သို့အကြည့်ကို ယွမ်ရှင်းကျဲတစ်ခါမှရင်မဆိုင်ဖူးချေ။
“စီနီယာ...ဘာတွေလုပ်နေတာလဲ...”
လော့ဝမ်ချွမ်းက တစ်ခွန်းမှပြန်မဖြေပဲ အခန်းတွင်းကိုသာဝင်စေခဲ့သည်။
ယွမ်ရှင်းကျဲအခန်းထဲရောက်သည်နှင့် မီးများလင်းထိန်သွားခြင်းနှင့်အတူ လော့ဝမ်ချွမ်းက သူ့ဘက်လှည့်လာသည်။
နောက်တစ်စက္ကန့်တွင် လော့ဝမ်ချွမ်းက လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့လက်က ယွမ်ရှင်းကျဲနားရွက်ဘေးမှဖြတ်သွားကာ အခန်းတံခါးကိုပြင်းထန်စွာပိတ်ပစ်လိုက်၏။ နောက်လက်တစ်ဖက်က အခန်းတွင်းရှိမီးများကို ငြိမ်းစေလိုက်သည်။
လူသားများ၏အာရုံက အမှောင်ထဲတွင်ပို၍ပြတ်သားလေ့ရှိသည်။ လော့ဝမ်ချွမ်း ဝိုင်နီသောက်ထားကြောင်း ယွမ်ရှင်းကျဲအတည်ပြု၍ရသွားသည်။
ယွမ်ရှင်းကျဲက တံခါးနှင့်လော့ဝမ်ချွမ်းလက်မောင်းကြားတွင်ပိတ်မိသွားသည်။ ဝိုင်နီရနံ့ကပျံလွင့်လာကာ သူ၏တွေးတောနိုင်စွမ်းကို လျော့ကျသွားစေခဲ့၏။
ယွမ်ရှင်းကျဲက တံခါးနှင့်လော့ဝမ်ချွမ်းလက်မောင်းကြားတွင်ပိတ်မိသွားသည်။ ဝိုင်နီရနံ့ကပျံလွင့်လာကာ သူ၏တွေးတောနိုင်စွမ်းကို လျော့ကျသွားစေခဲ့၏။
လော့ဝမ်ချွမ်းက ခေါင်းကိုအနည်းငယ်ငုံ့ကိုင်းရင်း သူနှင့်ပို၍နီးကပ်စေလိုက်သည်။ သူ၏ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးများကိုကြည့်ရင်း ယွမ်ရှင်းကျဲစိတ်က ဗလာဖြစ်သွားလေသည်။
သူတို့နှစ်ဦးနီးကပ်သွားပြီဆိုမှ တစ်ဖက်လူက သြရှရှအသံဖြင့် သူ့အားမေးလာသည်။
"မင်းဘယ်တွေသွားနေတာလဲ...".
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းဤသို့မေးလာမည်ဟု မျှော်လင့်မထားခဲ့။
“ကျွန်တော်...ကျွန်တော်မက်ခါနဲ့ဆိုင်တဲ့ ကိစ္စလေးတစ်ချို့လုပ်နေတာပါ...စက်ရုံတစ်ခုမှာ စမ်းသပ်ချက်နည်းနည်းလုပ်စရာရှိလို့ အချိန်ကြာသွားတာ...”
သူက သုတေသနဌာနအကြောင်း ထုတ်မပြောနိုင်သည့်အတွက် ဒီလောက်ပဲရှင်းပြနိုင်သည်။ သို့သော် ကံကောင်းစွာဖြင့် လော့ဝမ်ချွမ်းကဆက်မမေးတော့ချေ။
သူက ယွမ်ရှင်းကျဲမျက်ဝန်းများထဲစိုက်ကြည့်ရင်း
“အခုက မနက်တစ်နာရီတောင်ရှိနေပြီ...”
ယွမ်ရှင်းကျဲက တစ်ဖက်လူ၏မျက်ဝန်းများထဲကြည့်ရင်း အဖြေရှာလိုက်သည်။ လော့ဝမ်ချွမ်းဘာပြောချင်မှန်း သူနားမလည်ချေ။
တစ်ဦးနှင့်တစ်ဦး အတန်ကြာစိုက်ကြည့်ပြီးနောက် လော့ဝမ်ချွမ်းက ထပ်ပြောလိုက်သည်။
"မင်း မကြာခင်ပြန်လာမယ်ဆိုပြီး ကတိပေးသွားတယ်မဟုတ်လား...ဘာလို့ချီယုနဲ့အတူတူ လမ်းလျှောက်ပြီးပြန်လာခဲ့တာလဲ...”
ယွမ်ရှင်းကျဲက သူ့နားသူပင်မယုံနိုင်ဖြစ်သွားသည်။
နောက်တစ်စက္ကန့်၌ လော့ဝမ်ချွမ်းက ခေါင်းကိုနှိမ့်လိုက်ကာ ယွမ်ရှင်းကျဲလည်တိုင်တွင်တိုးဝှေ့လိုက်သည်။ သူ့မေးဖျားက ယွမ်ရှင်းကျဲ၏ညှပ်ရိုးပေါ်တွင်ရှိနေလေသည်။
"ကိုယ် မင်းကိုအကြာကြီးစောင့်နေခဲ့တာ...”
ယွမ်ရှင်းကျဲ အေးခဲသွား၏။ လော့ဝမ်ချွမ်းဖိကပ်ထားသည့် လည်တိုင်နှင့်ညှပ်ရိုးများထံမှ စူးရှရှလေးခံစားနေရသည်။
အမှောင်ထဲတွင် ဝိုင်နီ၏မွှေးပျံ့သောရနံ့နှင့်ရောစပ်နေသော ဟော်မုန်း၏အနံ့က ယွမ်ရှင်းကျဲ၏ အတွေးများကို ဖရိုဖရဲဖြစ်စေသည်။
သူ့ပခုံးနှင့်လည်ပင်းတွင် တိုးခွေ့နေသူအားတွန်းထုတ်ရန် လက်ကိုမြှောက်လိုက်သော်လည်း "ငါ မင်းကို စောင့်နေတာကြာပြီ" ဟူသည့်စကားက ယွမ်ရှင်းကျဲကို ရင်ခုန်သံမြန်စေခဲ့၏။
သူက မတတ်နိုင်သည့်အဆုံး လော့ဝမ်ချွမ်း၏ဦးခေါင်းကိုသာ အသာအယာပွတ်သပ်လိုက်မိသည်။ တစ်ဖက်သား၏ နူးညံသောဆံပင်များအထိအတွေ့ကို လက်ဖဝါးမှတဆင့် ခံစားလိုက်ရ၏။
ထိုစဥ် လည်တိုင်နားက ထွက်သက်နွေးနွေးကြောင့် ယွမ်ရှင်းကျဲအနည်းငယ်ယားယံသွားသည်။
လော့ဝမ်ချွမ်းကလက်လှမ်းပြီး ယွမ်ရှင်းကျဲခါးကိုဖက်လိုက်သည့်အခါ၌ မူလက မရေရာသောခံစားချက်များ ရုတ်တရက်ပြင်းထန်လာသည်။ သူက တမင်တကာလုပ်ခဲ့ခြင်းမဟုတ်ပဲ ဒီအတိုင်း ယွမ်ရှင်းကျဲကိုဖက်ချင်လာ၍သာဖြစ်သည်။
ယွမ်ရှင်းကျဲမျက်ဝန်းများဝိုင်းစက်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
“နောက်တစ်ခါ...ဒီလိုထပ်မလုပ်နဲ့..”
လော့ဝမ်ချွမ်းအသံက မရှင်းလင်းပေ။ ထို့နောက် ယွမ်ရှင်းကျဲ၏လည်တိုင်ကို နှာခေါင်းဖြင့်ပွတ်သပ်ကာ တရှုံ့ရှုံ့လုပ်ရင်း ခွင့်လွှတ်သည့်အနေဖြင့် တိုးတိုးလေးသက်ပြင်းချလိုက်သည်။
ယွမ်ရှင်းကျဲ စိတ်သက်သာရာရသွားခဲ့၏။
လော့ဝမ်ချွမ်း၏တုံ့ပြန်မှုမှာ ပြင်းထန်သော်လည်း သူ့အား ဒေါသတကြီးပြောဆိုခြင်းမဟုတ်ခဲ့ချေ။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ဆံပင်များကိုအကြိမ်အနည်းငယ်ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်များ မြင့်တက်လာကာ
"ကောင်းပြီ...ကျွန်တော်နားလည်ပါပြီ..."
လော့ဝမ်ချွမ်းက ထပ်မံ၍စကားတစ်ခွန်းမှမဆိုတော့ပဲ ယွမ်ရှင်းကျဲကိုသာ တင်းတင်းဖက်လိုက်သည်။
အဆိုပါအပြုအမူကြောင့် ယွမ်ရှင်းကျဲ အနည်းငယ်ရှက်သွားခဲ့သည်။ သူက အရက်မူးသမားလေးအား အိပ်ရာထံပို့ဆောင်ပေးချင်သော်လည်း တစ်ဖက်လူက ပူးပေါင်းဆောင်ရွက်ခြင်းမပြုခဲ့ချေ။
"အိပ်ရာထဲဝင်ပြီး အိပ်တော့လေနော်..."
ယွမ်ရှင်းကျဲက အသံတိုးတိုးဖြင့်ဆိုလိုက်သည်။
လော့ဝမ်ချွမ်းက အလွန်ပျော်ရွှင်နေပုံရပြီး လှုပ်ပင်မလှုပ်ခဲ့။
အရက်မူးနေသည့်အချိန်တွင် လော့ဝမ်ချွမ်းမှာ ကလေးဆန်လွန်းသည်ဟု ယွမ်ရှင်းကျဲတွေးလိုက်မိသည်။ သူက ချော့မော့သောအသံဖြင့်
"စကားနားထောင်ရမယ်လေ...”
လော့ဝမ်ချွမ်း၏ တိတ်ဆိတ်သောအသွင်အပြင်ကိုကြည့်ရင်း ယွမ်ရှင်းကျဲ အနည်းငယ်စိတ်ရှုပ်ထွေးသွားကာ
ဒီလူက ဘာလို့ရုတ်တရက်အရမ်းမူးသွားရတာလဲ...
ယွမ်ရှင်းကျဲက ကူကယ်ရာမဲ့ဖြစ်သလိုခံစားလိုက်ရကာ လော့ဝမ်ချွမ်း၏ဖိနပ်ကိုချွတ်ပေးပြီး အိပ်ရာဆီသို့ကူတွဲပေးလိုက်သည်။
သို့သော်...
ရုတ်တရက် အနံ့တစ်ခုရလာသည်...
ကိုယ်ပိုင်ဝိညာဥ်ဖယ်ရိုမုန်းနံ့...
ယွမ်ရှင်းကျဲ၏ လက်ချောင်းများတုန်ခါသွားပြီး သူ့တစ်ကိုယ်လုံးအေးခဲသွားသည်။ တစ်စုံတစ်ခုကိုသတိပြုမိသွားဟန် သူ့မျက်လုံးဝိုင်းများက လော့ဝမ်ချွမ်းကိုကြည့်လိုက်၏။
အမှောင်ထဲတွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး သူ့လက်မောင်းများထဲသို့ ဆွဲသွင်းလိုက်သည်။
ထိတ်လန့်နေသောယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း ၏ရင်ခွင်ထဲရောက်သည်အထိ အဖက်ခံလိုက်ရသည်။
ယွမ်ရှင်းကျဲ လက်ဖဝါးက လော့ဝမ်ချွမ်း၏ တောင့်တင်းခိုင်မာသောရင်ဘတ်ပေါ်တွင် ကျရောက်သွားသည်။ အဆိုပါအခိုက်အတန့်တွင် ရင်းနှီးနေကျ လတ်ဆတ်သောပူရှိန်းရနံ့က ဖျော့တော့သွားကာ ကိုယ်ပိုင်ဝိညာဥ်ဖယ်ရိုမုန်းနံ့နှင့် အလွန်ပြင်းထန်သော ဟော်မုန်း၏အနံ့တို့ဖြင့် အစားထိုးလာသည်။
ယွမ်ရှင်းကျဲက သူ့သံသယကိုအတည်ပြုလိုက်သလို အဖြစ်အပျက်ကြောင့် အနည်းငယ်ထိတ်လန့်သွားသည်။
လော့ဝမ်ချွမ်း၏ ဖယ်ရိုမုန်းများထွက်ပေါ်လာခြင်းပင်။ ဆိုလိုသည်မှာ...
လော့ဝမ်ချွမ်း heat ဝင်နေခြင်းဖြစ်သည်။
ယေဘူယျအားဖြင့်ပြောရလျှင် အယ်လ်ဖာ heat ဝင်သောကာလက အိုမီဂါများကဲ့သို့ ထိန်းချုပ်ရန် မခက်ခဲချေ။ အယ်လ်ဖာ တည်ငြိမ်နေသမျှကာလပတ်လုံး heat ဝင်ခြင်းကို ဘေးကင်းစွာကျော်ဖြတ်နိုင်သည်။
လိုအပ်သည်မှာ ဖယ်ရိုမုန်းထိန်းချုပ်ဆေးတစ်လုံး သောက်လိုက်ရုံပင်။
လော့ဝမ်ချွမ်းက အရက်မူးနေသည့်အတွက် သူ၏စိတ်ခံစားချက်များ ရုတ်တရက်လွတ်ထွက်သွားခြင်းဖြစ်သည်။
လော့ဝမ်ချွမ်း၏ဖယ်ရိုမုန်းက တက်ကွီလာ၏ရနံ့ရှိပြီး လျစ်လျူရှုရန်မဖြစ်နိုင်ချေ။ ယွမ်ရှင်းကျဲ၏ တစ်ကိုယ်လုံးကို ၎င်းရနံ့ကအလွယ်တကူပင် လွှမ်းခြုံသွားခဲ့၏။
ယွမ်ရှင်းကျဲ ဤကမ္ဘာသို့ရောက်လာပြီးကတည်းက အယ်လ်ဖာဖယ်ရိုမုန်းများကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။
လော့ဝမ်ချွမ်း၏ ဖယ်ရိုမုန်းများကို သူ့ခန္ဓာကိုယ်ရှိ အိုမီဂါဖယ်ရိုမုန်းက တုံ့ပြန်လာသည့်အခါ၌ သူ၏ခြေထောက်များ လျော့ရဲလာသည်။
ဖယ်ရိုမုန်းကိုက်ညီမှု မြင့်မားလေလေ အိုမီဂါ၏ တုံ့ပြန်မှု ပိုမိုအားကောင်းလေလေ ဖြစ်သည်။
ယွမ်ရှင်းကျဲက တက်ကွီလာထဲတွင်နစ်မြုပ်နေသလိုခံစားရပြီး အသက်ရှုကြပ်လာသည်။ သူ့နောက်ကျောတွင် ချွေးများပျံလာကာ နှလုံးခုန်နှုန်းမြန်လာပြီး ခန္ဓာကိုယ်အပူချိန်မှာလည်း သိသိသာသာမြင့်တက်လာ၏။
119.2
သူက လော့ဝမ်ချွမ်း၏ ပွေ့ဖက်မှုမှလွတ်မြောက်ရန် ကြိုးစားသော်လည်း ကြွက်သားများပြည့်နှက်နေသည့် လက်မောင်းများက သူ့ကိုပို၍ပင် တင်းတင်းကြပ်ကြပ်ချုပ်နှောင်လာသည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ပါးပြင်ကို သူ့ပါးပြင်နှင့် ခပ်ဖွဖွပွတ်တိုက်လိုက်သည်။
ယွမ်ရှင်းကျဲ ရေငတ်လာခဲ့၏။
မိတ်ဖက်ဖြစ်နိုင်ချေမြင့်သော အယ်လ်ဖာ၏ဖယ်ရိုမုန်းနှင့်ထိတွေ့ပါက အိုမီဂါကအလိုအလျောက်ပင် heat ဝင်သွားမှာဖြစ်သည်။
ယွမ်ရှင်းကျဲ၏ဂလင်းများ ပူလာသည်။ သူရှေ့ဆက်မတိုးသင့်မှန်းသိသော်လည်း ခန္ဓာကိုယ်က သူ့အလိုလိုတုံ့ပြန်နေမိလေသည်။
လော့ဝမ်ချွမ်းက သူ့ကိုပို၍တင်းကြပ်စွာဖက်လာခဲ့သည်။ ယွမ်ရှင်းကျဲက တစ်ဖက်လူ၏ သန်မာသောခြေတံရှည်များ၊ ပါးလွှာသောခါး၊ ကျယ်ပြန့်သောပုခုံးများနှင့် အင်္ကျီပါးပါးအောက်ရှိကြွက်သားလိုင်းများအထိ ခံစား၍ရနေခဲ့သည်။
သူတော့ ပေါက်ကွဲထွက်တော့မှာပဲ...
heat ဝင်သောကာလ၏ အကျိုးသက်ရောက်မှုအပြင် အရက်ပါမူးနေသည့်အလျောက် လော့ဝမ်ချွမ်းက လက်တွေ့နှင့်အိပ်မက်ကို ခွဲခြားနိုင်ခြင်းမရှိချေ။
သူက ယွမ်ရှင်းကျဲကို ပိုင်စိုးပိုင်နင်းပွေ့ဖက်လိုက်သည်။
နောက်တစ်စက္ကန့်၌ ယွမ်ရှင်းကျဲနားနားကပ်ကာ သြရှရှအသံဖြင့်
"ကိုယ်မင်းကို အမှတ်အသားပေးချင်တယ်...”
heat ဝင်ချိန်၌ မိမိအနှစ်သက်ဆုံးအိုမီဂါကို အမှတ်အသားပြုခြင်းမှာ အယ်လ်ဖာတိုင်း၏ဆန္ဒဖြစ်သည်။
သာမာန်အချိန်များတွင် လော့ဝမ်ချွမ်းက သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်သော်လည်း ယခုမူ အကျဉ်းချခြင်းမှလွတ်မြောက်လာသော သားရဲတစ်ကောင်နှင့် တူနေကာ သူ့စကားများက အမိန့်ဆန်နေခဲ့ပြီး တစ်ဖက်လူအား မသိမသာဖြင့်နာခံစေသည်။
လော့ဝမ်ချွမ်း၏ အသက်ရှုသံကြောင့် ယွမ်ရှင်းကျဲ နားရွက်များပူနွေးသွားသည်။ သူက တံတွေးမျိုချရင်း လက်ချောင်းများဖြင့် သူ့ဂလင်းများကို ဖုံးကွယ်ရန်ကြိုးစားလိုက်သည်။
လော့ဝမ်ချွမ်း၏ဖယ်ရိုမုန်းများက သူ့ဂလင်းများတွင်းသို့ စိမ့်ဝင်ရန်ပြင်နေခဲ့သည်။
ခဏအကြာတွင်...
ယွမ်ရှင်းကျဲ၏လက်ချောင်းများ ရုတ်တရက်အကိုက်ခံလိုက်ရခြင်းနှင့်အတူ သူ့စိတ်တွင်းရှိ မရေမရာဖြစ်နေသောကြိုးမျှင်မှာလည်း ပြတ်တောက်သွားခဲ့၏။ သူ့နှလုံးခုန်သံက ပိုပိုမြန်လာခဲ့သည်။
လော့ဝမ်ချွမ်းနှင့်သူ့ကြားထဲရှိအဖြစ်အပျက်များ ယွမ်ရှင်းကျဲအတွေးထဲ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင် သူက လော့ဝမ်ချွမ်းအမှတ်အသားပြုမည်ကို ဟန့်တားလိုခြင်းမဟုတ်သည့်အပြင် ထိုအမျိုးသားအပေါ် တိမ်းညွှတ်နေခဲ့သည်ကိုပါ နားလည်သွားခဲ့၏။
လော့ဝမ်ချွမ်း၏ သွားချွန်ချွန်ကလေးများက ယွမ်ရှင်းကျဲ၏ လက်ချောင်းများကို တတိတိကိုက်နေသည်။
“လော့ဝမ်ချွမ်း...ခင်ဗျား...ဘာလို့ကျွန်တော့်လက်ကို လိုက်ကိုက်နေတာလဲ...”
ယွမ်ရှင်းကျဲက နာကျင်မှုကြောင့် ဂလင်းများကိုဖုံးအုပ်ထားသော လက်ချောင်းများကို အမှတ်တမဲ့လွှတ်လိုက်သည်။
လော့ဝမ်ချွမ်းက နောက်ဆုံးတွင်ဂလင်းများကိုတွေ့သွားခဲ့ပြီး ယွမ်ရှင်းကျဲ၏လည်တိုင်ပေါ်တွင် မေးတင်လိုက်သည်။
ထို့နောက် ဂလင်းများအပေါ်သို့ ကိုက်ချလိုက်၏။
ယွမ်ရှင်းကျဲ၏ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားကာ မျက်ဝန်းများကိုမှိတ်ချလိုက်သည်။ သူကနှင်းဆီရနံ့နှင့် တက်ကွီလာရနံ့နှစ်ခုရောထွေးသွားသော ရနံ့တစ်ခုကိုခံစားလိုက်ရ၏။
နေရောင်အောက်တွင် ပွင့်လန်းနေသောနှင်းဆီများအပေါ် တက်ကွီလာများရွာချလိုက်သလိုပင်။
လော့ဝမ်ချွမ်းက သူ့အားယာယီအမှတ်အသားပြုပြီးလေပြီ။
နှစ်ကြိမ်အကိုက်ခံရပြီး နာကျင်မှုကြောင့် ယွမ်ရှင်းကျဲစိတ်ဆိုးသွားသည်။ သူက မျက်မှောင်ကြုတ်ကာ
“လော့ဝမ်ချွမ်း...ခင်ဗျားက ခွေးလား”
ဟု တိုးတိုးလေး ပြောလိုက်သည်။
အမှတ်အသားပြုပြီးနောက် ကျေနပ်သွားသောလော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲနားနားကပ်ကာ
"ဝုတ်..."
ယွန်ရှင်းကျဲ အံ့အားသင့်သွားသည်။
ချက်ချင်းဆိုသလိုပင် သူ့စိတ်ထဲရှိဒေါသများ ပျောက်ကွယ်သွားပြီး ရယ်ချင်လာခဲ့၏။
ယာယီအမှတ်အသားတစ်ခုက အယ်လ်ဖာ heat ဝင်သောကာလ၏လက္ခဏာများကို သက်သာစေနိုင်သော်လည်း လော့ဝမ်ချွမ်းကမူ ရပ်တန့်ချင်ပုံမရ။
ကံကောင်းထောက်မစွာပင် ယွမ်ရှင်းကျဲက ဆင်ခြင်တုံတရားရှိနေဆဲဖြစ်သည်။ သူက နောက်ဆုံးတွင် လော့ဝမ်ချွမ်းလက်မောင်းများအတွင်းမှ လွတ်အောင်ရုန်းနိုင်သွားသည်။ ထို့နောက် မီးများကိုဖွင့်လိုက်ကာ ကုတင်ဘေးရှိစားပွဲပေါ်မှ ဖယ်ရိုမုန်းထိန်းချုပ်ဆေးပြားကို တွေ့သွားလေသည်။
ထို့နောက် လော့ဝမ်ချွမ်းကိုတိုက်ရန် ပြင်ဆင်လိုက်သည်။
လော့ဝမ်ချွမ်း အစတွင်ဆေးသောက်ရန် ငြင်းဆိုခဲ့သော်လည်း ယွမ်ရှင်းကျဲက သကြားဖြစ်ကြောင်း လိမ်လည်ပြောဆိုသောအခါ ၎င်းကို နာခံစွာစားခဲ့သည်။
ထို့နောက် ယွမ်ရှင်းကျဲက အခန်းတွင်းရှိ နှင်းဆီရနံ့နှင့် ဝိဉာဉ်ဖယ်ရိုမုန်းများ၏ရနံ့ကို ဖယ်ရှားရန် အနံ့ပျောက်ဆေးတစ်ခုကို အသုံးပြုလိုက်သည်။
ဆေးနှင့်ဝိုင်နီ၏အာနိသင်ကြောင့် လော့ဝမ်ချွမ်းတစ်ယောက် ကုတင်ပေါ်မှပြုတ်ကျသွားပြန်သည်။
ယွမ်ရှင်းကျဲက သူ့ကိုပြန်တင်ပေးရင်း အလင်းရောင်အောက်တွင် အိပ်မောကျနေသောမျက်နှာချောချောကို ငေးကြည့်နေမိသည်။ သူက မက်ခါမောင်းသည်ထက်ပင် ပို၍ပင်ပန်းသည်ဟု ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူနောင်တရနေ၍ပင်။
ဘာလို့ လော့ဝမ်ချွမ်းအမှတ်အသားပေးချင်တယ်ပြောတုန်းက မတားနိုင်ခဲ့ရတာလဲ....မနက်ဖြန် သူနိုးလာတဲ့အခါကျရင် ဒါကိုဘယ်လိုရှင်းပြရပါ့မလဲ...
ယွမ်ရှင်းကျဲက သူ့ခေါင်းပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။
ထို့နောက် လော့ဝမ်ချွမ်းကို ခြုံစောင်လွှားပေးကာ သူ့အခန်းထဲပြန်ဝင်ပြီးနောက် လည်ပင်းပေါ်ရှိကိုက်ရာအတွက် ရေခဲတုံးအနည်းငယ်ကို အသုံးပြုလိုက်သည်။ ရုတ်တရက် နိုအာပန်းပွင့်များထံ အကြည့်ရောက်သွားသည်။
သူက အယ်လ်ဖာ၏ဖယ်ရိုမုန်းကြောင့် အလိုအလျောက် heat ဝင်ခြင်းမဖြစ်ခဲ့သည်မှာ ထိုပန်းများကြောင့်ပင်။ ဖယ်ရိုမုန်းများလျော့နည်းသွားခြင်းကြောင့် သူ့ကိုယ်သူထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
အဲဒီနေ့က ချယ်ရီပန်းပင်အောက်မှာသာ သူအခုလိုလုပ်ခဲ့မိရင်...
ယွမ်ရှင်းကျဲက ဆိုဖာပေါ်တွင်ထိုင်ကာ မနက်ဖြန်တွင် လော့ဝမ်ချွမ်းအား မည်ကဲ့သို့ရှင်းပြရမည်ကို တွေးနေမိတော့သည်။ လက်ချောင်းများဖြင့် ဂလင်းနေရာကိုစမ်းကြည့်ချိန်တွင် သူပို၍ရင်ခုန်လာသည်။
လော့ဝမ်ချွမ်းအား အမှန်အတိုင်းသာပြောရန် ဆုံးဖြတ်လိုက်၏။
xxxxx