Chapter 120
နောက်နေ့မနက်စောစောတွင် လော့ဝမ်ချွမ်း လန့်နိုးလာကာ ခေါင်းကိုက်မှုကြောင့် မျက်မှောင်ကြုတ်မိသွားသည်။
သူ့ကိုယ်ပေါ်တွင်စောင်တစ်ထည်ရှိနေကာ ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ဖြာကျလာပြီး နွေးထွေးမှု အနည်းငယ်ကို ယူဆောင်လာခဲ့သည်။
လော့ဝမ်ချွမ်းက သူ့မျက်လုံးများကိုပွတ်သပ်လိုက်ရင်း ရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားကာ ကုတင်ပေါ်မှ ဆတ်ခနဲထထိုင်လိုက်သည်။
သူက မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်ပြီး မနေ့ညကအဖြစ်အပျက်အား အစစ်အမှန်ဟုတ်မဟုတ်အတည်ပြုရန် အနည်းငယ်ကြောက်ရွံ့နေမိသည်။
သူ့နှလုံးခုန်နှုန်းက မြန်လာသည်။
မနေ့ညက ယာယီအမှတ်အသားပေးခြင်းအဖြစ်အပျက်မှာ လက်တွေ့နှင့်တစ်သားတည်းကျနေပြီး အိပ်မက်တစ်ခုလို လုံးဝမခံစားရပေ။
တက်ကွီလာနှင့်ရောစပ်ထားသောနှင်းဆီ၏ မွှေးပျံ့ကာစူးရှသောရနံ့ကိုပင် သူသတိရမိသည်။
သို့သော် သူနှင့်ယွမ်ရှင်းကျဲ၏ ဖယ်ရိုမုန်းကိုက်ညီမှုမမြင့်မားပါက ယာယီအမှတ်အသားသည်လည်း ပြီးပြည့်စုံမှာမဟုတ်ချေ။
လော့ဝမ်ချွမ်း ချက်ချင်းပင်ကုတင်ပေါ်မှဆင်းကာ ကုတင်ဘေးရှိအံဆွဲကို ဖွင့်လိုက်သည်။
ဖယ်ရိုမုန်းထိန်းချုပ်ဆေးတစ်လုံး ပျောက်နေတယ်... မနီးမဝေး စားပွဲပေါ်တွင် ရေတစ်ခွက်ရှိနေတယ်...
လော့ဝမ်ချွမ်း၏ အသက်ရှုသံများမြန်လာသည်။ရုတ်တရက် ခေါင်းကိုက်လာ၍ မျက်ဝန်းများမှိတ်ချကာ ထပ်မံစဥ်းစားချိန်တွင် မနေ့ညကအဖြစ်အပျက်အားလုံး တစ်ခုချင်းပြန်မြင်ယောင်လာခဲ့သည်။
အားလုံးက အိမ်မက်မဟုတ်ချေ။
မကြာမီသက်တမ်းကုန်မည့် ယာယီအမှတ်အသားတစ်ခုသာဖြစ်သော်လည်း လော့ဝမ်ချွမ်း အလွန်ပျော်ရွှင်နေလေသည်။
သို့သော် သူက တပြိုင်နက် စိတ်ရှုပ်သွားသည်။
ယာယီအမှတ်အသားတောင်ပေးလို့ရတာ ဘာလို့သူတို့ဖယ်ရိုမုန်းက ကိုက်ညီမှုမရှိရတာလဲ...
လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်ကာ ခဏအကြာစဉ်းစားပြီးနောက် ကျိုးဖေးရွယ်၏ ဆက်သွယ်ရေးကိရိယာကို ဆက်သွယ်လိုက်၏။
ကျိုးဖေးရွယ် အပြင်ထွက်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသည်ဖြစ်သောကြောင့် အားအင်များဖြင့်ပြည့်နေပုံပေါက်နေသည်။ဆက်သွယ်ရေးကိရိယာကို ကိုင်လိုက်ပြီးနောက် တက်ကြွစွာပင် လော့ဝမ်းချွမ်းကိုပြောလိုက်၏။
: “ဒုတိယမင်းသားလေး ဒီနေ့ဖုန်းခေါ်ဖို့တောင် အချိန်ရသေးတယ်ပေါ့။”
“ပါမောက္ခကျိုး , မေးစရာလေးတစ်ခုရှိလို့ပါ။” လော့ဝမ်းချွမ်လေးနက်စွာပြောလိုက်၏။
“အယ်လ်ဖာနဲ့ အိုမီဂါက ဖယ်ရိုမုန်း မကိုက်ရင်ရော အယ်လ်ဖာက အိုမီဂါကို အမှတ်အသားလုပ်နိုင်သေးလား။”
ကျိုးဖေးရွယ် မဆိုင်းမတွပင်ဖြေလိုက်သည်။
“မရဘူးပေါ့။”
လော့ဝမ်းချွမ် နှုတ်ခမ်းများကို တင်းကြပ်စွာစေ့ထားပြီးနောက် ဖြည်းညှင်းစွာပြောလိုက်၏။
“ဒါပေမယ့် မနေ့ညက မူးပြီးတော့ ယွမ်ရှင်းကျဲကို ယာယီ အမှတ်အသားလုပ်...”
ကျိုးဖေးရွယ် ငြိမ်သက်သွား၏။ ပါးစပ်မှာ ကြက်ဥတစ်လုံးပင် ပစ်ထည့်လို့ရအောင် အဝိုင်းသားဖြစ်နေသည်။
ခဏကြာမှ အံဩတကြီးဖြင့် “မင်း မင်း မင်း မင်း ယွမ်ရှင်းကျဲကို အမှတ်အသားလုပ်လိုက်တယ်လား။ ”
လော့ဝမ်းချွမ် ခေါင်းငြိမ့်လိုက်သည်။
“ဒုတိယ မင်းသားလေး, တကယ့်ကို မယုံနိုင်စရာပါပဲ ဘာလို့ ဒီလောက်တောင်မြန်ရတာလဲ။ အခုထိ ပြိုင်နေတုန်းမဟုတ်ဘူးလား…”
ကျိုးဖေးရွယ် ပြုံးလိုက်မိ၏။ ခဏအကြာမှ တစ်ခုခုမှားနေသည်ကို ရုတ်တရက်သဘောပေါက်ကာ “နေပါဦး… ဒါက တကယ်သာဆိုရင် မင်းနဲ့ ယွမ်ရှင်းကျဲက မကိုက်ညီဘူးဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
လော့ဝမ်းချွမ် ကျိုးဖေးရွယ်ကို ကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်၏။
“ အဲ့ဒါဆို ကိုက်ညီကြောင်းစစ်ဆေးတဲ့ စက်က အမှားလုပ်နိုင်ချေရှိတယ်ဆိုတာ ဖြစ်နိုင်တာပေါ့။ ”
“မဖြစ်နိုင်တာ။” ကျိုးဖေးရွယ် အသေအချာပင်ပြန်ချေပလိုက်သည်။
“ကိုက်ညီကြောင်းစစ်ဆေးတဲ့ စနစ်က လုံးဝပြည့်စုံတာကို ဘယ်လိုလုပ်မှားနိုင်မှာလဲ...”
နှစ်ယောက်လုံးငြိမ်ကျသွားသည်။
ကျိုးဖေးရွယ်က သူတို့နှစ်ယောက်၏ ဖယ်ရိုမုန်းများကို ကိုက်ညီရန်မျှော်လင့်ခဲ့သော်လည်း ဒုတိယမင်းသားကို ကိုယ်ပိုင်ပျော်ရွှင်မှုလေး ရှာတွေ့စေရန်မျှော်လင့်နေခဲ့မိသည်။
ထို့နောက် ကျိုးဖေးရွယ် လော့ဝမ်းချွမ်ကိုမေးလိုက်သည်။ : “ငါ ထပ်စစ်ဖို့ ကူညီပေးရင်ရော?”
လော့ဝမ်းချွမ် ခဏလောက် စဉ်းစားနေပြီး ပြောလိုက်၏။
“ကိုက်ညီကြောင်းစစ်ဆေးတာက ပြဿနာဖြစ်နေတာဆိုရင် ပြန်စစ်လည်း အလကားပဲဖြစ်နေမှာ။”
“စစ်ဆေးတဲ့နည်းလမ်းကို ပြောင်းလိုက်ရင် ရတာပဲ။” ကျိုးဖေးရွယ် လော့ဝမ်းချွမ်ကို ကြည့်ရင်းလေးနက်စွာပြောလိုက်၏။
“ဥပမာပြောရရင် မင်းရဲ့ဖယ်ရိုမုန်းကို ဓာတ်ခွဲခန်းမှာတိုက်ရိုက်သွားစစ်တာမျိုးဆိုရင် ရလဒ်က ပိုတိကျမယ်ထင်တယ်။”
လော့ဝမ်းချွမ်အနည်းငယ် လန့်သွားသည်။
ရုတ်တရက် တုန့်ဆိုင်းသွားကာ မေးလိုက်သည်။ : “ဖယ်ရိုမုန်းကို တိုက်ရိုက်စစ်မယ်။”
ကျိုးဖေးရွယ် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ : “မနေ့ကညက ကျန်တဲ့ ဖယ်ရိုမုန်းတွေ အခန်းထဲမှာရှိသေးလား။”
“မနေ့ညကဟာတွေက ကုန်သွားပြီ။” ဟုပြောရင်း လော့ဝမ့်ချွမ်း နှုတ်ခမ်းများကို တင်းကြပ်စွာစေ့ထားမိသည်။
ကျိုးဖေးရွယ် ထပ်မေးလိုက်သည်။ “အဲ့ဒါဆို… ယွမ်ရှင်းကျဲဟာကိုရော သိမ်းထားတာရှိလား။ဥပမာပြောရရင်, ရုတ်တရက်ထိမိထားတာမျိုးဆိုရင်တောင် အဆင်ပြေတယ်။ ဖယ်ရိုမုန်းတွေက နည်းနည်းလေးဆိုရင်တောင် စစ်ကြည့်လို့ရတယ်။”
လော့ဝမ်းချွမ် ရုတ်တရက်တစ်ခုခုကို သတိရသွား၏။ ကျိုးဖေးရွယ်ကို ကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်၏။
"ရုတ်တရက် ထိမိထားတာတစ်ခုခု... ရှိတယ်။”
ထို့နောက် လော့ဝမ်းချွမ်ကို အနက်ရောင်ထီးအကြောင်း ကျိုးဖေးရွယ်ကို ပြောပြလိုက်၏။
“ကောင်းတာပေါ့” ကျိုးဖေးရွယ်၏ မျက်နှာတွင် အပြုံးဖြင့်နေရာယူကာ မျှော်လင့်ချက်များဖြင့် ပြည့်နေ၏။
“အဲ့ဒါဆို အခုချက်ချင်းစစ်လို့ရအောင် လုပ်ပေးမယ်လေ။ ပြီးတော့ တော်ဝင်ဆေးရုံက မင်းရဲ့ ဖယ်ရိုမုန်းနမူနာကို သုံးရမယ်...”
စကားပြောပြီးနောက် လော့ဝမ်းချွန်စိတ်ထဲတွင် မျှော်လင့်ချက်များနှင့်အတူ တင်းကြပ်မှုများဖြင့်ရောထွေးနေ၏။
စစ်ဆေးမှုရလဒ် မည်သို့ထွက်လာမည်မှန်းသူမသိချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူနှစ်သက်သောသူမှာ ယွမ်ရှင်းကျဲဖြစ်ကြောင်းကိုတော့ သူသိသည်။ ထိုအကြောင်းမှာ ဖယ်ရိုမုန်းများကိုက်မကိုက်နှင့် မပတ်သက်ချေ။
လော့ဝမ်းချွမ် ယွမ်ရှင်းကျဲ၏ အခန်းသို့သွား၍ သူ့နှလုံးသားကို ဝန်ခံတော့မည့်အချိန်မှာပင် လျှို့ဝှက်ဆက်သွယ်ရေးတစ်ခု အမြင်ပိုင်းဆိုင်ရာဦးနှောက်ဆီသို့ရောက်ရှိလာ၏။.
လော့ဝမ်းချွမ် ငြင်းဆန်ခွင့်မရှိချေ။
တစ်နည်းအားဖြင့်ဆိုသော် တော်ဝင်မိသားစုမှ တစ်ယောက်ယောက် ဆက်သွယ်လာခြင်းဖြစ်၏
လော့ဝမ်းချွမ် အနည်းငယ်တော့ ထိတ်လန့်သွားမိသည်။
ဆက်သွယ်ပြီးနောက် ဖန်သားပြင်ပေါ်တွင်ပေါ်လာသော ပုံရိပ်ယောင်မှာ တော်ဝင်မိသားစုထဲမှ မီခယ်လ်ဖြစ်နေ၏။
မီခယ်လ်၏ တာဝန်မှာ ဘုရင်ကြီးနှင့် ဘုရင်မကြီး၏ အမိန့်များကို လော့ဝမ်းချွန်ဆီသို့ ပြောပြပေးရန်ဖြစ်၏။
သာမန် အမိန့်ဆိုလျှင် ကျိုးဖေးရွယ်ကို ပြောခိုင်းလိုက်မည်ဖြစ်သော်လည်း သူကိုယ်တိုင်ခေါ်လာသည့်သဘောမှာ နန်းတော်၌ အရေးကြီးကိစ္စတစ်ခုခုရှိသည့် အဓိပ္ပာယ်ပင်ဖြစ်၏။
“မီခယ်လ်,” လော့ဝမ်းချွမ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ လေးနက်စွာပြောလိုက်၏။
“ဘာကိစ္စများ ရှိလို့ပါလဲ။”
“ဒုတိယမင်းသားလေး, ကျွန်တော်အသိပေးစရာလေးရှိလို့ ရောက်လာတာပါ။”
မီခယ်လ် လော့ဝမ်းချွမ်ကို ပြုံးပြလိုက်သော်လည်း သူ့လေသံမှာ အေးစက်ပြီးပုံမှန်ဖြစ်နေ၏။
“ဒီအပတ် နန်းတော်ကို လာခဲ့ပေးပါ။”
လော့ဝမ်းချွမ် စိတ်ရှုပ်သွားသည့်ပုံစံဖြစ်သွားကာ မေးလိုက်၏။
“အကြောင်းအရင်းက ဘာများလဲ?”
ဘုရင်ကြီးရော ဘုရင်မကြီးပါ NCLM တွင် သူပါဝင်သည်ကို သိထား၏။ အရေးကြီးအကြောင်းအရာမဟုတ်လျှင် အခုလိုပြန်ခေါ်မည် မဟုတ်ချေ။
120.2
“မကြာသေးခင်က အင်ပါယာမြို့တော်ကြယ်က သူလျှိုတစ်ယောက်ကို ဖမ်းမိထားပါတယ်။ ပြီးတော့ သူ့ကို နည်းနည်းနှိပ်စက်စစ်မေးလိုက်တော့ အချက်အလက်တွေ အများကြီး သိခဲ့ရပါတယ်။” မီခယ်လ် အမြန်ဆက်ပြောလိုက်၏။
“အရှင်မင်းကြီး စိတ်ပူနေတာ တစ်ခုရှိပါတယ်။ မိတ်ဖက်အဖွဲ့အစည်းက ရှင်းဟိုင်ကျောင်းအသင်းကို စိတ်ဝင်စားနေပါတယ်။ အဓိကကတော့ မင်းသားပါပဲ...ပြီးတော့ ယွမ်ရှင်းကျဲလို့ခေါ်တဲ့ အိုမီဂါပါ။”
လော့ဝမ်းချွမ်၏ မျက်လုံးတွင် အံ့ဩမှုများဖြင့်ပြည့်သွားပြီး သတိလက်လွတ် ပြောထွက်သွား၏။
“ ငါ့ကို အာရုံစိုက်တာကတော့ ထားပါတော့ ယွမ်ရှင်းကျဲကိုက ဘာလို့လဲ။”
“ဒုတိယမင်းသားလေး ကျွန်တော်ဝင်စွတ်ဖက်မိသလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။” မီခယ်လ် ဖြည်းညှင်းစွာ ပြောလိုက်၏။ “မင်းသားလေးနဲ့ အဲ့ဒီအိုမီဂါနဲ့ ဆက်ဆံရေးက အဲ့လောက်မရိုးရှင်းဘူးထင်တယ်။”
သူပြောချင်သည်မှာ မိတ်ဖက်အဖွဲ့အစည်းက ယွမ်ရှင်းကျဲကို အာရုံစိုက်ရသည့် အကြောင်းအရင်းမှာ လော့ဝမ်းချွမ်နှင့် ရင်းနှီးလွန်းသောကြောင့်ဖြစ်၏။
“ဒါပေမယ့်သူက ငါ့စက်ပြင်ဆရာပဲလေ” လော့ဝမ်းချွမ်ထိတ်လန့်စွာပြောလိုက်၏။ “သူက ဘာမှသိတာမဟုတ်ဘူး။”
မီခယ်လ်သက်ပြင်းချကာ ဆက်ပြောလိုက်၏။
“မင်းသား ကျွန်တော့်ကိုရှင်းပြနေစရာမလိုပါဘူး။ အခုပထမဦးစားပေးက မင်းသားရဲ့ လုံခြုံရေးနဲ့ ဆက်ခံသူရှိဖို့ပါပဲ။”
လော့ဝမ်းချွမ် လက်သီးဆုပ်ကာ အေးတိအေးစက်ပြန်ပြောလိုက်၏။
“ငါ ပြန်မလာသေးဘူး။ ပြိုင်ပွဲပြီးမှ ပြန်လာခဲ့မယ်။”
မိတ်ဖက်အဖွဲ့အစည်းက ယွမ်ရှင်းကျဲကို မျက်စိကျနေသည်ဖြစ်သောကြောင့် ယွမ်ရှင်းကျဲ လုံခြုံရေးကို အာရုံစိုက်ရမည်။
မီခယ်လ် ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်၏။
: “ ဒါက တော်ဝင် မိသားစုက လာတဲ့အမိန့်ပါ။”
လော့ဝမ်းချွမ်းမှင်သက်သွားသည်။ မီခယ်လ်က့ဆီမှ “မင်းသားယွမ်ရှင်းကျဲရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ဘေးမှာ မရှိတုန်း သူ့ကို နောက်ကွယ်ကကာကွယ်ပေးဖို့ လူလွှတ်ပေးထားပါ့မယ်။” ဟုပြောသည်ကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောချင်နေသည်ကို ထိန်းချုပ်ထားလိုက်သည်။
လော့ဝမ်းချွမ် စိုးရိမ်နေမိသေးသည်။
မီခယ်လ်မှ ဆက်ပြောလိုက်သည်။ “မင်းသားလေး ဒီတစ်ခေါက် နန်းတော်ကိုပြန်ရောက်တာနဲ့ ဆက်ခံသူအဖြစ်ကြေညာဖို့များပါတယ်။ အဲ့ဒါက အရေးကြီးတယ်လေ။”
ထိုစကားကိုကြားပြီးနောက် ဒီတစ်ခေါက် သူပြန်သွားရ တော့မည်ကို လော့ဝမ်းချွမ်သိလိုက်၏။
“အဲ့ဒါဆိုရင် ယွမ်ရှင်းကျဲရဲ့ လုံခြုံရေးကိုတော့ တာဝန်ယူပေးပါ။”
လော့ဝမ်းချွမ် မီခယ်လ်ကို အေးစက်စွာကြည့်ကာပြောလိုက်၏။
.“သူသာ တစ်ခုခုဖြစ်ရင် မင်းကို ဘယ်တော့မှခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။”
“ကျွန်တော် ကတိပေးပါတယ်။” မီခယ်လ်ဆက်ပြောလိုက်၏။
“ဒါပေမယ့် မင်းသားရယ် အဲ့လောက်တောင် စိုးရိမ်နေရင် ဆက်ခံသူအဖြစ်မကြေညာခင် သူနဲ့ဝေးဝေးနေပါလား။”
လော့ဝမ်းချွမ် ထိုစကားကို ကြားပြီးနောက် ငြိမ်ကျသွားသည်။
မီခယ်လ်က ယဉ်ကျေးစွာနှုတ်ဆက်ကာ ဆက်သွယ်မှုပြီးဆုံးသွားသည်။
ထိုအချိန်မှာပင် ယွမ်ရှင်းကျဲအခန်းထဲ၌ဖြစ်၏။
မနက်စောစောတွင် ရေချိုးရင်း ယွမ်ရှင်းကျဲ သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်၏။
သူ့ ဂလင်းပေါ်တွင် သွားရာဖျော့ဖျော့ကိုတွေ့လိုက်၏
ယွမ်ရှင်းကျဲ ထင်ယောင်ထင်မှားဖြစ်နေသည်ဖြစ်နိုင်သော်ငြားလည်း သူ၏ ဇီဝဖြစ်ပျက်မှုမှာလတ်တလော လျင်မြန်နေသည်ကို ခံစားမိသည်။ ထို့နောက် သွားရာများမှာလည်း မမြင်ရတော့သည့်အလား ပျောက်ကွယ်သွားသည်။
ရေချိုးပြီးနောက် ယွမ်ရှင်းကျဲ ယွမ်မိသားစုထံမှ အဆက်အသွယ်ရခဲ့သည်။
ဆက်သွယ်လာသူမှာ ချင်ရွှမ်း ဖြစ်သည်။
ပြီးခဲ့သောညက အင်ပါယာကြယ်မှ မက်ခါကုမ္ပဏီက အင်ပါယာ မက်ခါသုတေသန တက္ကသလိုလ်မှ ကြီးမားသော အရွေ့တစ်ခုအကြောင်း သတင်းပို့လာသည်။ သတင်းအများဆုံးရသော ကုမ္ပဏီမှာ ချန်ရှန်းအုပ်စုဖြစ်၏။
ချီယင် ညလယ်ခေါင်ကြီး ယွမ်မိသားစုထံ သွားရောက်ကာ ယွမ်လင်မယားကို ပြောလိုက်၏။
“သိပ္ပံသုတေသနတက္ကသိုလ်က သတင်းရလာတာ စိတ်စွမ်းအားမြှင့်တင်စက် ပထမမျိုးဆက်ကို ထုတ်လုပ်နိုင်ခဲ့ပြီတဲ့။ တိကျတဲ့ ချဲ့ကားနှုန်းကို မရှာနိုင်သေးပေမယ့် ၁.၅ လောက်တော့ရမယ်ထင်တယ်။”
ချီယင် ပြောသည်ကိုကြားပြီးနောက် ယွမ်ချန်ရှန်းလက်ထဲ ရေခွက် မြေကြီးပေါ်သို့ကျကာ တစ်စစီကြေမွသွား၏။
ဘေး၌ရှိနေသော ချင်ရွှမ်းမှာ မျက်လုံးအပြူးသားဖြင့် အံ့ဩတကြီးပြောလိုက်၏။
“စိတ်စွမ်းအားမြှင့်တင်စက်ကို ရသွားပြီတဲ့လား။ စမ်းသပ်ခံမယ့်သူ ရှာလို့မရဖြစ်နေတာ မဟုတ်ဘူးလား။”
“ငါလည်းမကြာသေးခင်ကမှ သိရတာ။ သိပ္ပံသုတေသန တက္ကသိုလ်က လျှို့ဝှက်ဘော့စ်တစ်ယောက်ရထားတယ်တဲ့။ ”
ချီယင် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “စစ်တပ်ထဲက ဗိုလ်မှူးရာထူးလောက်ဖြစ်မယ်လို့တော့မှန်းထားကြတာပဲ။ ဒါမှမဟုတ် မက်ခါတက္ကသိုလ်က တကယ့်ထူးချွန်တဲ့ အယ်လ်ဖာအဆင့်လောက်ပေါ့ …”
“ကောင်းတာပေါ့!”
ယွမ်ချန်ရှန်း စိတတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကာ ချီယင်ကို တင်းကြပ်သွားဖက်ပြီး သတင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်၏။
ချင်ရွှမ်းလည်း အကောင်းဆုံးဝိုင်ကို ထုတ်လာကာ ချီယင်ကို ဧည့်ခံပြီး နောက်ဆုံးပေါ်မက်ခါများကို ချီယင်၏အဖွဲ့သို့ပေးရန် ကတိပေးလိုက်၏။
ချီယင် ယွမ်မိသားစုကို စကားလုံးအနည်းငယ်သာ ပြောလိုက်သော်လည်း ပြန်ရလိုက်သည့်အကျိုးအမြတ်မှာ အချီကြီးဖြစ်၏။
သို့သော်ချီယင်၏ ရည်ရွယ်ချက်မှာ ထိုအရာများမဟုတ်ပေ။
ခဏအကြာတွင် ချီယင်စိတ်ပျက်ချင်ယောင်ဆောင်၍ ပြောလိုက်၏။
“မက်ခါကုမ္ပဏီတွေ အများကြီးက ဒါကိုသိပြီးတော့ စိတ်ဝင်စားနေကြတယ်။”
“သူတို့ကို ပြောလို့မဖြစ်ဘူးနော်။”
ယွမ်ချန်ရှန်း ချက်ချင်းဖြတ်ပြောလိုက်၏။
“ဒါက တကယ့်ကို ကိစ္စကြီးနော်။ ယွမ်မိသားစုက သက်ဆိုင်တဲ့နည်းပညာကို ရနေသရွေ့ ကမ္ဘာပေါ်က နံပါတ်တစ် မက်ခါကုမ္ပဏီဖြစ်လာတော့မှာ။”
ယွမ်ချန်ရှန်း ကြွားဝါနေခြင်းမဟုတ်ပေ။ အားလုံးကြိုသိနိုင်သော အနာဂတ်သာဖြစ်၏။
“ စိတ် စွမ်းအား မြင့်တင်စက်။ ဒီစကားလုံး သုံးလုံးက မက်ခါကုမ္ပဏီအတွက် အရမ်းကို အရေးကြီးတာနော်။“”
“ငါ လည်း တကယ်တော့ မပြောချင်ပါဘူး။” ချီယင် သက်ပြင်းချကာ ဆက်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ကီရင် မက်ခါကုမ္ပဏီရဲ့ ဥက္ကဋ္ဌလျှိုက သူ့သမီးအိုမီဂါကို ကျွန်တော့်သားချီယုနဲ့ လက်ဆက်ပေးမယ်တဲ့။ ချီယုနဲ့ ဥက္ကဋ္ဌလျှိုရဲ့သမီးကလည်း လိုက်ဖက်ညီမှုက ၈၀% တောင်ရှိနေတယ်လေ…”
ချီယင်၏ စကားလုံးများကို ကြားပြီးနောက် ယွမ်ချန်ရှန်း အခြေအနေကို သဘောပေါက်သွားသည်။
ထို့ကြောင့် ယွမ်ချန်ရှန်း သူ့ပေါင်သူပြန်ရိုက်ကာ ပြောလိုက်၏။
“ လူကြီးမင်းချီ သေချာစဉ်းစားနော် ကျွန်တော်တို့ရှင်းကျဲနဲ့က ၈၉% လေ။”
ချီယင် ဖြည်းညှင်းစွာပြောလိုက်၏။ : ”ဒါပေမယ့် ကျွန်တော်ကြားတာ ယွမ်ရှင်းကျဲက ကျွန်တော့်သားကို စိတ်မဝင်စားဘူးတဲ့…”
“ဘယ်သူကပြောတာလဲဗျာ။ ကလေးတွေရဲ့စိတ်ပါ။”
ယွမ်ချန်ရှန်း လက်ကာပြကာ ပြောလိုက်၏။
“စိတ်မပူပါနဲ့ ကျွန်တော့်တာဝန်သာထားလိုက်။ သူတို့လက်ထပ်ပွဲအတွက် ကျွန်တော်နားချလိုက်မယ်။ ချီယုက အရမ်းစိတ်မြန်တယ်လေ။”
ချီယင် တီးတိုးလေး ပြောလိုက်၏။ : “ကြားတာကတော့ ယွမ်ရှင်းကျဲက NCLM မှာ အရမ်းမိုက်နေတယ်တဲ့။ သူ့ကို အယ်လ်ဖာ တော်တော်များများစိတ်ဝင်စားနေကြမယ်ထင်တယ်။ ဟုတ်တယ်မလား။ ချီယုအတွက် အခွင့်အရေးရော ရှိသေးရဲ့လား။”
“သူ့စိတ်က ချီယုဆီမှာပဲ ရှိမှာပါ။” ယွမ်ချန်းရှန် တစ်ထစ်ချပြောလိုက်၏။ “တစ်ခြား အယ်လ်ဖာတွေ ဘယ်လောက်တော်တော် ချီယုကိုတော့ ဘယ်ယှဉ်နိုင်မလဲ။”
“အခုလို ပြောမှတော့ စဉ်းစားကြည့်ပါ့မယ်။” ချီယု မက်တပ်ထရပ်ကာ ပြုံးလိုက်၏။
“အဲ့ဒီ လျှိုဥက္ကဋ္ဌက ဒီအပတ်မှာ စကားပြောချင်လို့ပါတဲ့ …”
“ချီလူကြီးမင်း ဘာတွေများ စဉ်းစားနေတာလဲ” ယွမ်ချန်ရှန်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ “ဒီမင်္ဂလာပွဲက သေချာပေါက် ဖြစ်လာမှဖြစ်မယ်။”
ချင်ရွှမ်း အနည်းငယ် ထိတ်လန့်သွားသည်။ ချီယင် ယခုမင်္ဂလာပွဲကို နောင်တမရစေရန် သူမဘက်က သိပ်မသေချာပေ။
ခဏအကြာတွင် ယွမ်ချန်ရှန်း ချင်ရွှမ်းဘက်သို့လှည့်ကာ ပြောလိုက်၏။
“ မနက်ဖြန်မနက် ယွမ်ရှင်းကျဲကို ခေါ်လိုက်ပြီးတော့ ဒီအပတ်ပိတ်ရက် အင်ပါယာကြယ်ကို ပြန်လာခဲ့ဖို့ ပြောလိုက်ပါ။ NCLM အုပ်စုလိုက်ပြိုင်ပွဲက ပြီးခါစဆိုတော့ မင်္ဂလာပွဲကို တိုက်ရိုက်စီစဉ်လိုက်တာ ကောင်းလိမ့်မယ်။ ”
ထို့ကြောင့် နောက်နေ့တွင် ချင်ရွှမ်း ယွမ်ရှင်းကျဲကို လှမ်းခေါ်လိုက်၏။
xxxxxx