အပိုင်း ၁၂၁
Viewers 17k

Chapter 121


“ဘာကိစ္စရှိလို့ပါလဲ။” 


ယွမ်ရှင်းကျဲ ချင်ရွှမ်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


လျင်မြန်ဖြတ်လတ်သော မျက်လုံးများက ယွမ်ရှင်းကျဲ၏ လည်ပင်းမှသွားရာများကို ချက်ချင်းတွေ့သွားသောကြောင့် မျက်နှာထားတင်းတင်းဖြင့်မေးလိုက်သည်။ 


“လည်ပင်းက ဘာဖြစ်တာလဲ။ ယာယီအမှတ်အသား လုပ်ခံထားရတာလား။” 


“ဒါက ကျွန်တော့်လွတ်လပ်မှုပါ။ ယွမ်ရှင်းကျဲ ပုံမှန်လေသံဖြင့်ပြောလိုက်၏။


 “ကျွန်‌တော်နဲ့ပဲဆိုင်တယ်” 


“အရူး။” ချင်ရွှမ်း အံကြိတ်ကာပြောလိုက်သည်။


 “မင်း အဲ့ဒီ လော့ဘာဆိုလား အဲ့ဒီကောင်လေးနဲ့ အတူတူမရှိသင့်ဘူး။” 


ယွမ်ရှင်းကျဲမှ ပြန်ချေပလိုက်သည်။ 


“ဘယ်သူပဲဖြစ်ဖြစ် ချီယုမဟုတ်တာတော့ သေချာတယ်။” 

.

ချင်ရွှမ်း ထပ်ပြောလိုက်ပြန်သည်။ “ဒီအပတ် အုပ်စုပြိုင်ပွဲပြီးရင် အင်ပါယာမြို့တော်ကို ပြန်လာခဲ့ပါ။” 


“ကျွန်တော် မလာချင်ဘူး။” ယွမ်ရှင်းကျဲ ချက်ချင်းပင် ငြင်းလိုက်သည်။ 


“မင်း အရမ်းတော်လွန်းလို့ မင်းအဖေက မက်ခါနဲ့ ဆုချဖို့လုပ်ထားတာ။” ချင်ရွှမ်း တည်ငြိမ်စွာပင် ပြောလိုက်၏။


 “ခြောက်သန်းလောက်တန်မယ်ထင်တယ်။” 

သို့သော် ပြန်ခေါ်ရခြင်းအကြောင်းအရင်းမှာ မက်ခါကြောင့်မဟုတ်မှန်း ယွမ်ရှင်းကျဲစိတ်ထဲတွင် သိနေ၏။ ထို့ကြောင့် တိုက်ရိုက်ပင် မေးလိုက်လေသည်။


” ဘာလို့ပြန်ခေါ်ရတာလဲ။ တကယ့်အကြောင်းရင်းကိုပြောပါ။” 


ချင်ရွှမ်း ယွမ်ရှင်းကျဲကို ညာလို့မရမှန်းသိနေသောကြောင့် အမှန်ကိုပြောလိုက်၏။ 


“မင်းနဲ့ချီယုရဲ့ စေ့စပ်ပွဲကြောင့်ပါ။ ငါတို့ချီမိသားစုနဲ့ ဆွေးနွေးချင်တယ်။ မင်းနဲ့ ချီယုက စေ့စပ်ထားတာကို ဖျက်လိုက်ပေမယ့် ဒီကိစ္စက နှစ်ဘက်စလုံးရဲ့ အနာဂတ်တွေရော လုပ်ငန်းကိစ္စအရရော ပါဝင်နေတယ်။ မင်းပြန်လာမှဖြစ်မယ်။ 

ယွမ်ရှင်းကျဲ မျက်ခုံးများကို ပင့်တင်လျက် မေးခွန်းထုတ်လိုက်၏။ 


“ကျွန်တော်က သဘောမတူဘူးဆိုရင်ရော။” 


“အဲ့ဒါဆိုရင် နိုအာကြယ်ကို သွားရတော့မှာပေါ့။” ချင်ရွမ်းက အေးစက်စွာပြောလိုက်၏။ 


“မင်း အကုန်လုံးကို အရှက်ခွဲဖို့တော့ စိတ်ကူးမရှိဘူးမလား။” 


ယွမ်ရှင်းကျဲ အသံတိတ်သွား၏။ 

ထို့နောက် ချင်ရွမ်း ညင်သာစွာပြောလိုက်သည်။


 “ရှင်းကျဲ မင်းဒီလက်ထပ်ပွဲကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ နှစ်ဖက်မိသားစုရှေ့မှာ မင်းသေချာပြောမှဖြစ်မယ်။ မင်း ချီယုကို လက်ခံမလား ငြင်းမလားဆိုတဲ့ ရွေးချယ်ခွင့်က မင်းလက်ထဲမှာပဲ ရှိတယ်။” 


ယွမ်ရှင်းကျဲ တိုက်ရိုက်ငြင်းမည်ဟု ချင်ရွမ်း ထင်ထားသော်လည်း ခဏအကြာတွင် ယွမ်ရှင်းကျဲ ချင်ရွမ်း၏ အဆိုပြုချက်ကို လက်ခံလိုက်သည်။


”ကောင်းပြီလေ ကျွန်တော်ပြန်လာခဲ့မယ်။” 


ချင်ရွမ်း အနည်းငယ်အံ့ဩံသွားကာ မေးလိုက်သည်။ “နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့။” 


ယွမ်ရှင်းကျဲ ဘာမှပြန်မပြောဘဲ စကားပြောနေခြင်းကို အ‌ဆုံးသတ်လိုက်သည်။ 


ချင်ရွမ်း၏ အဆိုပြုချက်ကို သူလက်ခံလိုက်ရခြင်းမှာ မက်ခါကြောင့်လည်းမဟုတ် ချီယုကြောင့်လည်းမဟုတ် လော့ဝမ်းချွမ်ကြောင့်သာ ဖြစ်သည်။ 


ချင်ရွမ်းပြောသွားသည်မှာလည်း အမှန်တွေချည်းသာဖြစ်၏။ ယခု လက်ထပ်ပွဲမှာ မိသားစုနှစ်ခုလုံးအတွက် အရေးကြီးကိစ္စဖြစ်နေသည်။ 


ချီယု ယွမ်ရှင်းကျဲနောက်က ‌တကောက်ကောက်လိုက်နေရခြင်းမှာ ယွမ်မိသားစုနှင့် ချီမိသားစုတို့၏ ရှုပ်ထွေးသောဆက်နွယ်မှုများကြောင့် ထင်ရာစိုင်းနေနိုင်ခြင်းဖြစ်ပေသည်။ 


ယခုအချိန်တွင်တော့ ယွမ်ရှင်းကျဲ သူသဘောကျသောသူမှာ လော့ဝမ်းချွမ်ဖြစ်ကြောင်း သေချာနေပြီ ဖြစ်သည်။ လော့ဝမ်းချွမ်ထံ သူ့နှလုံးသားကို မဖော်ပြခင် ယွမ်မိသားစုနှင့် ချီမိသားစုကြားက အဆက်အသွယ်ကို ဖြတ်တောက်လိုက်ချင်သည်။ 

ထိုအရှုပ်အထွေးများကြားထဲ၌ လော့ဝမ်းချွမ်ကို မပါဝင်မပတ်သက်စေချင်ပါ။ 

လော့ဝမ်းချွမ်ကို ယခုပြဿနာများနှင့်မပတ်သက်စေချင်ပါ။ 


ဘာလုပ်ရမည် ဆိုသည်ကိုတော့... 


ယွမ်ရှင်းကျဲ စဉ်းစားနေစဉ်မှာပင် တံခါးဘဲလ်သံမြည်လာခဲ့သည်။ 


ရုတ်တရက်ဖြစ်သောကြောင့် လန့်သွားကာ မျက်နှာကိုသုတ်ပြီး တံခါးဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ 


ယခုလို မနက်အစောကြီး သူ့ဆီလာမည့်သူမှာ လော့ဝမ်းချွမ်သာ ရှိသည်။ ဘာကြောင့်မှန်းမသိ ယွမ်ရှင်းကျဲ ရုတ်တရက်ကြီး စိတ်လှုပ်ရှားနေမိသည်။ သူ့လက်ချောင်းများ တံခါးလက်ကိုင်ကို ထိလိုက်‌သော အခါတွင်တော့ စိတ်လှုပ်ရှားဆုံးအချိန်ဖြစ်နေသည်။ ယွမ်ရှင်းကျဲ တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ 


တံခါးဝတွင် အရပ်ရှည်ရှည် လူတစ်ဦးရပ်နေ၏။ 

ယွမ်ရှင်းကျဲ လော့ဝမ်းချွမ်၏ မျက်လုံးများနှင့် အကြည့်ချင်း‌ဆုံသွားသည်နှင့် တစ်ပြိုင်နက် အချိန်များခေတ္တရပ်တန့်သွားသလို ခံစားလိုက်ရသည်။ 

.

မနေ့ညက တစ်ညလုံးအိပ်မပျော်ခဲ့သော လော့ဝမ်းချွမ်မှာ မျက်လုံးအောက်နားတွင် မည်းနေ၏။ 

သူ့မျက်နှာ အမူအရာများမှာ အေးစက်နေသော်လည်း ခါတိုင်းလိုပင်ချောမောနေဆဲဖြစ်၏။ မနေ့ညက ပုံစံမျိုးမရှိတော့ချေ။ 


သို့သော် ယွမ်ရှင်းကျဲကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးမှာ တလက်လက်တောက်ပလာသည်။ 


အကြာကြီးတိတ်ဆိတ်နေကြပြီးနောက် လော့ဝမ်ချွမ်း၏ အကြည့်များမှာ ယွမ်ရှင်းကျဲ၏လည်ပင်းဆီသို့ရောက်သွား၏။ ယွမ်ရှင်းကျဲ သူ့လက်ဖြင့်ဖုံးရန်ကြိုးစားလိုက်သော်လည်း သူ့လက်ကို ကြီးမားသောလက်ဖဝါးတစ်စုံက ဖမ်းဆုပ်လိုက်၏။ 


“မနေ့ကညက” ‌လော့ဝမ်းချွမ် အောက်နှုတ်ခမ်းများကိုကိုက်ရင်း အနေခက်နေ‌သောအခြေအနေကိုဖြိုခွင်းရန်ကြိုးစားလိုက်သည်။ 


“ငါ မင်းကို ကိုက်လိုက်တာလား။” 


ယွမ်ရှင်းကျဲ အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။ “...နည်းနည်း။” 


ယွမ်ရှင်းကျဲ အဖြေကို ကြားပြီးနောက် လော့ဝမ်းချွမ်၏ လက်များအလိုလျောက် ယွမ်ရှင်းကျဲ၏ဂလင်းများပေါ်သို့ ရောက်သွား၏။ 


အယ်လ်ဖာ၏ အမှတ်အသားလုပ်ခံလိုက်ရ‌သော အိုမီဂါမှာ အယ်လ်ဖာထံတွင် မှီခိုခြင်း အရှုံးပေးလိုခြင်းစိတ်များရှိနေတတ်၏။ အမှတ်အသားမှာ ယာယီသာဖြစ်သောကြောင့် မပြင်းထန်သော်လည်း ယွမ်ရှင်းကျဲမှာ ‌တုန်လှုပ်နေမိသည်။ 

လော့ဝမ်းချွမ် သေးသွယ်သောလက်ချောင်းလေးများဖြင့် ယွမ်ရှင်းကျဲ၏ ဂလင်းများကို ညင်သာစွာထိရင်း အပြစ်ရှိသောမျက်ဝန်းများဖြင့်ကြည့်နေလိုက်၏။

121.2


 “ငါ တောင်းပန်ပါတယ်။ ငါမရည်ရွယ်...” 


ထိခံလိုက်ရသော နေရာတွင် ပူလာသည်ကို ယွမ်ရှင်းကျဲခံစားမိ၏။ မနေ့ညကထက်ပင် ပိုပူသည်။ 

ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ကာ တုန်ခါနေသော သူ့အသံကို ထိန်းချုပ်ရင်းပြန်ပြောလိုက်သည်။ 


“မထိ..” 


လော့ဝမ်းချွမ် ငြိမ်သက်သွားသည်။


ယွမ်ရှင်းကျဲ ခြေတစ်လှမ်းဆုတ်ကာ ပုံမှန်မဟုတ်သော အသံဖြင့်ပြောလိုက်သည်။ 


“ မထိပါနဲ့ အဲ့ဒီနေရာကို။” 


လော့ဝမ်းချွမ်အတွက်လည်း အိုမီဂါကို အမှတ်အသားလုပ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ထိုအပြုအမူများမှာ ယွမ်ရှင်းကျဲကို ဒုက္ခဖြစ်စေမည်မှန်း သူမသိသည်မှာ သဘာဝကျလေသည်။ 


ယွမ်ရှင်းကျဲကို မြင်ရသောအခါ သူ့အနားတွင် ရှိချင်သည့်စိတ်ကို ထိန်းချုပ်၍မရသေးသောကြောင့်ဖြစ်သည်။ 


လော့ဝမ်းချွမ်ရှေ့သို့တစ်လှမ်းတိုးကာ ယွမ်ရှင်းကျဲကို ကြည့်လိုက်၏။ 

ယွမ်ရှင်းကျဲ မျက်လုံးများကို ပင့်ကြည့်ကာ လော့ဝမ်းချွမ်၏ ကြည်လင်နေသောမျက်ဝန်းများနှင့်အတူ , သူ့မျက်ဝန်းထဲမှာ ရောင်ပြန်ဟပ်နေသော... အချစ် 


စက္ကန့်ပိုင်းအတွင်းမှာပင် ရမ် အနံ့‌ဖျော့ဖျော့လေး ယွမ်ရှင်းကျဲနှာခေါင်းထဲရောက်လာ၏။ လော့ဝမ်းချွမ်အဝတ်မှ ဖယ်ရိုမုန်းအနံ့ ဖြစ်ရမည်။ 

ယွမ်ရှင်းကျဲ ထိုအနံ့ကို ရလိုက်သည်နှင့် ခြေထောက်များခွေကျသွားသည်။ သူ့မျက်နှာ နီရဲသွားကာ အလျင်အမြန်ပင် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည် ။ 


ယွမ်ရှင်းကျဲ ရှောင်နေသည်ကို သိလိုက်ရသော လော့ဝမ်းချွမ် မျက်မှောင်ကြုတ်ကာ မေး‌ခွန်းထုတ်လိုက်၏။


 “ယွမ်ရှင်းကျဲ ဘာလို့ငါ့ကိုရှောင်နေတာလဲ။” 

ယွမ်ရှင်းကျဲ ရှင်းပြရန် အချိန်မရှိချေ။ သူများရင်ခွင်ထဲ ရောက်သွားတော့မည်ကို စိုးရိမ်နေသည်။ 


တစ်ယောက်က နောက်ဆုတ်ကာ တစ်ယောက်က ရှေ့တိုးလာနေသည်။ 

ထို့နောက် ယွမ်ရှင်းကျဲ၏ခြေထောက်မှာ ဆိုဖာအစွန်းသို့ရောက်သွားလေပြီ။ 


“သတိထား။” 


လော့ဝမ်းချွမ် မျက်လုံးအပြူးသားဖြင့် ပြောမဆုံးခင်မှာပင် ယွမ်ရှင်းကျဲ နောက်ပြန်လှန်ကျသွားခဲ့သည်။ 


လော့ဝမ်းချွမ် အလျင်အမြန်ပင် ယွမ်ရှင်းကျဲကို ကော်လံမှအမြန်ဆွဲကိုင်လိုက်ပြီး ဆိုဖာပေါ်သို့ ပြန်ဆွဲတင်လိုက်၏။ 


“ဘုန်း” 


ထိုနူးညံ့‌သော အသံနောက်တွင် ယွမ်ရှင်းကျဲ ဆိုဖာပေါ်တွင် လှဲလျက်သားဖြစ်နေပြီး လော့ဝမ်းချွမ်၏ လက်နှစ်ဖက်မှာ သူ့လည်ပင်းတစ်ဖက်တစ်ချက်ဆီသို့ရောက်နေ၏။ ယွမ်ရှင်းကျဲပေါ်ကို ဖိမိမှာ စိုးရိမ်နေသေးသည်။ 

မျက်လုံးချင်းဆုံသွားသည့်အခိုက်အတန့်တွင် နှစ်ယောက်လုံး အံ့ဩသွားကြသည်။ 


လော့ဝမ်းချွမ်၏ လည်မျိုမှာ လှုပ်ရှားသွား၏။ 

ဆိုဖာ၏ အထိအတွေ့မှာ နူးညံ့နေသည်။ 

လော့ဝမ်းချွမ်၏ အထိအတွေ့ကတော့ ထိုသို့မဟုတ်ချေ။ 


ယွမ်ရှင်းကျဲ လော့ဝမ်းချွမ်၏ မျက်ဝန်းများကို ခဏအကြာငေးကြည့်နေကာ နောက်မှ အကြည့်ကိုလွှဲလိုက်၏။ 


လော့ဝမ်းချွမ် အသံတိုးတိုးလေးဖြင့်မေးလိုက်၏။ “မင်း..အဆင်ပြေရဲ့လား။” 


ယွမ်ရှင်းကျဲ ခေါင်းညိတ်လိုက်ကာ “မင်း...မင်းအရင်ထလိုက်ပါလား။”ဟု ပြောလိုက်၏။ 


လော့ဝမ်းချွမ် ခဏငြိမ်သွားကာ ‌နောက်မှဖြည်းဖြည်းချင်းထလိုက်၏။ သူတို့ခြေထောက်များမှာ ထိနေဆဲဖြစ်သောကြောင့် နေရခက်နေကြသည်။ 


ခဏအကြာတွင် ယွမ်ရှင်းကျဲ လော့ဝမ်းချွမ်ကိုပြောလိုက်၏။ 


“မင်း ငါနဲ့ အရမ်းအထိအတွေ့မလုပ်သင့်ဘူး ထင်တယ်...” 


လော့ဝမ်းချွမ် ခေါင်းငုံနေသော်လည်း သူ့မျက်လုံးထဲမှ ဆုံးရှူံးမှုအရိပ်အယောင်ကို ခံစားမိလိုက်၏။ 

ယွမ်ရှင်းကျဲ ဆက်ရှင်းပြလိုက်၏။ 


“အိုမီဂါတွေက သူတို့ကိုအမှတ်အသားလုပ်ထားတဲ့ အယ်လ်ဖာတွေနဲ့ဆိုရင် အရမ်းခံစားလွယ်ကြတယ်။” 


လော့ဝမ်းချွမ် ယခုမှပင် သဘောပေါက်သွားပြီး ပြန်ဖြေလိုက်၏။ 


“အဲ့ဒါကြောင့်ကိုး။” 

နှစ်ယောက်သားစိတ်ငြိမ်သွားသောအခါ လော့ဝမ်းချွမ် ယွမ်ရှင်းကျဲကိုကြည့်ကာ မေးလိုက်၏။


 “မနက်စာ အတူတူသွားစားကြမလား။” 


“ကောင်းပြီလေ။” ယွမ်ရှင်းကျဲ ခေါင်းညိတ်လိုက်သည်။ 


မသွားခင် လော့ဝမ်းချွမ် ယွမ်ရှင်းကျဲကို ရုတ်တရက်လှမ်းတားလိုက်သည်။ 

ယွမ်ရှင်းကျဲ ပြန်လှည့်ကြည့်ကာ မေးလိုက်၏။


 “ဘာဖြစ်လို့လဲ။” 

လော့ဝမ်းချွမ် ခဏလောက်ငြိမ်သွားကာ ယွမ်ရှင်းကျဲခေါင်းကိုကြည့်ပြီး ပြောလိုက်၏။ 


“...မင်း ဆံပင်တွေရှုပ်ပွနေတာပဲ။” 


လော့ဝမ်းချွမ် ပြောချင်ခဲ့သည်မှာ ထိုအကြောင်းမဟုတ်ပါ။ သို့‌သော် ယခုအချိန်တွင် သူ့နှလုံးသားကို ဖော်ပြရန် မဖြစ်နိုင်သေးချေ။ 

ဆက်ခံသူအမည်ကို အတည်မပြုရသေးခင်အထိ လော့ဝမ်းချွမ်၏ ဝန်ခံချက်သည် မိတ်ဖက်အဖွဲ့အစည်း၏ အာရုံစိုက်မှုကို သွားဆွသလိုသာဖြစ်ပြီး ယွမ်ရှင်းကျဲကို ဒုက္ခရောက်စေမည်သာဖြစ်သည်။ 


သူ ယွမ်ရှင်းကျဲကို ကာကွယ်ပေးချင်သည်။ 

.

ယွမ်ရှင်းကျဲ ဆံပင်ကိုပြင်လိုက်ကာ လော့ဝမ်းချွမ်နှင့် မနက်စာစားရန် အပြင်ထွက်သွားကြသည်။ 

ထိုအချိန်မှာ ယွမ်ရှင်းကျဲ၏ နှလုံးသားသည်လည်း ထပ်တူပင် ခံစားနေရသည်ဖြစ်၏။ 

တစ်စုံတစ်ယောက်ကို ချစ်မိသည်မှာ ပထမဆုံးဖြစ်သော်လည်း ချက်ချင်းမဖော်ပြနိုင်သေးသော အခြေအနေဖြစ်နေ၏။ 

သူ့မိသားစု၏ ပြဿနာများကို လော့ဝမ်းချွမ်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပါ။ 


စားသောက်ဆိုင်သို့ရောက်သောအခါ လော့ဝမ်းချွမ်အတွေးများကို ဖယ်ရှားလိုက်ကာ ယွမ်ရှင်းကျဲကို ပြုံးပြလိုက်၏။


 “ပဲပေါင်မုန့် စားချင်လား ဂျူနီယာ ကျင်းရှဲ‌ လေး။” 


“အရမ်းချို တယ်” ယွမ်ရှင်းကျဲ ပြုံးလိုက်ကာ ဘာမှမဟုတ်သလိုပင် ပြောလိုက်၏။ “‌ပေါက်စီစားကြမယ်လေ စီနီယာ ချွမ်း” 


နှစ်ယောက်သား အတူတူထိုင်လိုက်ကြသည်။ ကျောင်းအသင်းက မည်သူမျှ မနေ့ညက ဘာဖြစ်ခဲ့သည်ကို မသိလိုက်ကြပါ။ ယွမ်ရှင်းကျဲ၏လည်ပင်းမှ အမှတ်အသားမှာ အတော်လေးပျောက်သွားပြီဖြစ်၏။ 


သို့သော် သူတို့နှစ်ယောက်ကြားက အခြေအနေကိုကြည့်ကာ ချီယုကတော့ မပျော်နိုင်ဖြစ်နေလေသည်။ 

.

ထောင့်‌တစ်နေရာတွင် ထိုင်ကာ လက်သီးဆုပ်ရင်း တီးတိုးရေရွတ်လိုက်၏။ 


“ဒီအပတ်ကုန်ရင် ယွမ်ရှင်းကျဲက ငါ့လူဖြစ်လာတော့မှာ...” 


ချီယင်က ချီယုကို လိုက်ဖက်ညီမှု​မြင့်မားသော AO များ အတူရှိရမည့် ဥပဒေမှာ တစ်နိုင်ငံလုံးတွင် မကြာခင်အတည်ဖြစ်တော့မည် ဖြစ်ကြောင်း ပြောထားသည်။ 


မကြာခင်ဆိုသည်မှာ ယခုအပတ်ဖြစ်၏။ 

ယွမ်ရှင်းကျဲ အင်ပါယာမြို့ကို ရောက်လာသည့်အချိန်မှစ၍ ချီယုနှင့်သာ အတူရှိနေရုံမှလွဲ မတတ်နိုင်တော့ပေ။ 


ထိုကိစ္စမှာ ယွမ်မိသားစုပင် မသိသေးသော ကိစ္စဖြစ်၏။ 


xxxxxxx