အပိုင်း ၁၂၄
Viewers 17k

Chapter 124


ယွမ်ရှင်းကျဲ ယွမ်အိမ်တော်သို့ရောက်သောအခါ အတော်လေးနောက်ကျနေပြီ ဖြစ်၏။ 


ယွမ်အိမ်တော်မှာ ဇိမ်ခံအိမ်များ ဝန်းရံနေေသော ချမ်းသာသောအသိုင်းအဝိုင်းဟု လူသိများကြသောပူလစ်စ်ရပ်ကွက်တွင် တည်ရှိသည်။ 

ထိုရပ်ကွက်တွင် နေထိုင်ကြသော လူများမှာ အလွန်အမင်းချမ်းသာသူများ မဟုတ်လျှင် တော်ဝင်မိသားစုများဖြစ်ကြ၏။ 


ယွမ်မိသားစုမှာ ထိုနေရာကို လွန်ခဲ့သော ဆယ်နှစ်က ပြောင်းလာကြခြင်းဖြစ်သည်။ ရှေးဘိုးဘေးများ၏ ကြွယ်ဝချမ်းသာမှုများ မရှိခဲ့‌သော်လည်း ရုတ်တရက်ကြွယ်ဝချမ်းသာလာသူများ ဖြစ်ကြသောကြောင့် ယခုနေရာနှင့် မကိုက်ညီခဲ့ပေ။၎င်းင်းကို ယွမ်အိမ်တော်၏ အပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ 


ကြီးကျယ်ခမ်းနားသော ပရိဘောဂများ နေရာတိုင်းတွင်ရှိနေကာ သူတို့ချမ်းသာသည်ကို လူမသိမှာ စိုးရိမ်နေသယောင်ဖြစ်နေ၏။ 


သို့သော် ယွမ်ချန်ရှန်းထိုသို့သော အပြင်အဆင်များကို အလွန်သဘောကျ၏။ သူ့ကို သူ‌ဌေးအသစ်ဟု ခေါ်နေကြသော သူများမှာ သူ့ကိုမနာလိုသောကြောင့်သာဖြစ်သည်ဟု သတ်မှတ်ထားပြီး ထိုသူများကို ရပ်တန့်ရန်အကောင်းဆုံးနည်းလမ်းမှာ ချီမိသားစုနှင့် လက်ဆက်ရန်သာ ဖြစ်သည်။ 


ချီမိသားစုမှာ ယွမ်မိသားစုကို မြို့တော်တွင် အခြေခိုင်စေရန် ကူညီပေးနိုင်ရုံသာမက အရေးကြီးအချက်အလက်များကို ပေးနိုင်သည်ဖြစ်သောကြောင့် ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သလိုပင် ဖြစ်သွားနိုင်သည်။ 


ယွမ်ရှင်းကျဲနှင့် ချီယု ယွမ်အိမ်တော်သို့ရောက်လာကြသည်။ 


လမ်းတစ်လျှောက်တွင် ချီယုမှာယွမ်ရှင်းကျဲကို အရေးတယူ ဆက်ဆံခဲ့သော်လည်း ယွမ်ကျင်းရှဲ သူ့ကိုမျက်ကွယ်ပြုခဲ့သည်။

ချီယု စိတ်ပျက်လာခဲ့‌သော်လည်း သည်းခံထားခဲ့သည်။ နောက်ဆုံးတွင် ချီယင်ကတိပေးထားသည့်အတိုင်း မနက်ဖြန်ဆိုလျှင် သူနှင့်စေ့စပ်ရတော့မည် မဟုတ်ပါလား။ 


တံခါးဝမှ ဝင်လာပြီးနောက် ယွမ်အိမ်တော် ဧည့်ခန်းတွင် လူအများအပြားရှိနေ၏။ 

ယွမ်ချန်ရှန်း အပြင် ချင်ရွှမ်းနှင့် ချီရင်၊ ချီယု၏မားမား ယုဝမ်၊ ယွမ်ရှင်းကျဲ၏ ညီလေး ယွမ်ဝု၊ ဥက္ကဋ္ဌလျှိုနှင့် သမီးဖြစ်သူ လျှိုရှောင်တို့ပါ ရှိနေ၏။ 


ယွမ်ရှင်းကျဲ မျက်လုံးထဲ၌ အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။ ယခုစကားဝိုင်းတွင် ထိုသို့လူအများအပြားပါဝင်မည်ဟု မမျှော်လင့်ထားပေ။ 


နှစ်ယောက်ပြန်လာသည်ကို မြင်လိုက်‌သော ယွမ်ရှန်ချန်းနှင့် ချင်ရွှမ်းမှာ သူတို့ကို ဆိုဖာပေါ်တွင်ထိုင်ရန်ရန် ဝမ်းသာအားရခေါ်လိုက်၏။ 


ဘေးတွင်ရှိနေသော မစ္စတာလျှိုက ယွမ်ရှင်းကျဲကို တစ်ချက်ကြည့်လိုက်ကာ အနည်းငယ် မထီမဲ့မြင်သယောင် ပြုမူလိုက်၏။ 


ချီလင်မက်ခါ အုပ်စုမှာ ချန်ရှန်းအုပ်စုထက်ပိုမိုကောင်းမွန်ကာ လျှိုမိသားစုမှာ ယခင်ကတည်းက ချမ်းသာသော မိသားစုဖြစ်ခဲ့သောကြောင့် ဥက္ကဋ္ဌလျှိုမှာ ယွမ်မိသားစုကို အမြဲတမ်း အထင်သေးခဲ့သည်။ ချီယင်မှာ ထိုမိသားစုနှင့် လက်ဆက်ချင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။။


"ရောက်ပြီဆိုတော့ လိုရင်းပဲ ပြောကြရအောင်…" မစ္စတာလျှိုက ချီယင်ကိုကြည့်ကာ ပြောလိုက်၏။


 "ငါတို့ လျှိုမိသားစုက ချီယုကို အရမ်းအသိအမှတ်ပြုတယ်။ ပြီးတော့ လျှိုရှောင်နဲ့ ချီယုကိုလည်း စေ့စပ်ပေးဖို့မျှော်လင့်ထားတယ်။ ဒါက ဒီနေ့ဒီနေရာကို လာရတဲ့ အကြောင်းအရင်းပဲ…"

 

လျှိုရှောင်က ဘေးတွင်ငြိမ်ငြိမ်လေး ထိုင်နေကာ ချောမောကြည့်ကောင်း‌သော ချီယုကိုကြည့်ပြီး ကျေနပ်နေသည်။ 


ချင်ရွှမ်း လျှိုမိသားစုကို ပေးမဝင်စေချင်ခဲ့သော်လည်း သိသိသာသာပင် ချီယင်က ယွမ်မိသားစုကို။ဖိအားပေးရန် ခေါ်လာခြင်းဖြစ်၏။ 

နောက်ဆုံးတွင် ယွမ်မိသားစုကို ထိုသို့အကြပ်အတည်းထဲပို့မှသာ ယခုလက်ထပ်ပွဲကို သဘောတူမည်ဖြစ်ကြောင်းသိနေသည်။ 


ချီယင် မျက်လုံးများမှာ ယွမ်ရှင်းကျဲဆီသို့ရောက်သွားပြီးပြောလိုက်၏။ "ခင်ဗျားတို့ လျှိုမိသားစုက အမြင်ရှိလိုက်တာ…ကျွန်တော်တို့ မက်ခါအုပ်စုက မက်ခါသုတေသနတက္ကသိုလ်ကို ပိုပိုပြီးတော့ ထောက်ပံ့ပေးနေတာ သိပြီးပြီထင်တယ်… ပြီးတော့ သူများတွေထက်ပိုပြီးတော့ အချက်အလက်တွေလည်း ရနေပြီလေ… အခုတလော ချီမိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ကို အသည်းအသန်ကြိုးစားနေကြတာ…" 


ယွမ်ရှင်းကျဲ ဆိုဖာပေါ်တွင် ထိုင်နေ‌သော်လည်း ချီယုနှင့်အခြားသူများ၏ အဝေးသို့ရောက်နေသယောင်ဖြစ်နေ၏။ 


ထိုအကြောင်းကို ကြားပြီးနောက် ယွမ်ရှင်းကျဲ ချီယင်ကို ပုံမှန်လေသံဖြင့်ပင် တုန့်ပြန်လိုက်၏။ "အဲ့ဒါဆိုရင်လည်း ယွမ်မိသားစုဆီ ဘာလို့ လာနေရတာလဲ။ ကျွန်တော်နဲ့ ချီယုက စေ့စပ်ဖို့မဖြစ်နိုင်ပါဘူး…" 


ချီယင်၏ မျက်နှာထားမှာ အေးခဲသွားကာ ချီယုသည်လည်း ရှက်ရွံ့မှုကြောင့် ကြက်သေသေနေ၏။ 


ချီယု ရှင်းကျဲနှင့်ခင်မင်ချင်ယောင်ဆောင်ကာ ပြောလိုက်၏။ "ရှင်းရှင်း ငါတို့ရန်ဖြစ်ထားလို့ ဒေါသတွေကိုထိန်းထားတာ သိပါတယ် ဒါပေမယ့် အခုက ပေါက်ကွဲရမယ့်အချိန်မဟုတ်သေးဘူးလေ…" 


ယွမ်ချန်းရှန် ချောင်းဟန့်လိုက်ကာ မျက်မှောင်ကြုတ်ရင်း ယွမ်ရှင်းကျဲဘက်သို့ လှည့်ပြောလိုက်၏။


 "ရှင်းကျဲ အဲ့လိုမရိုင်းရဘူးလေ။ မင်းဦးလေးချီက ငါတို့မိသားစုကို အများကြီး ကူညီပေးခဲ့တာ။ လူမှန်ရင် မင်းကျေးဇူးတင်သင့်တယ်…" 


"သူတို့ကူညီခဲ့တာ ကျွန်တော့်ကိုမှ မဟုတ်တာ…"


 ယွမ်ရှင်းကျဲ ယွမ်ချန်းရှန်းကို ပြန်ပြောလိုက်၏။


 "ကျေးဇူးပြန်ဆပ်ချင်ရင် အဖေပဲ လက်ထပ်လိုက်လေ…" 

ချင်ရွမ်း အမြန်ဝင်တားရတော့သည်။ 


"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ…" 

ယွမ်ချန်းရှန် ယွမ်ရှင်းကျဲနှင့် မတွေ့ရသော အချိန်အတွင်း ယခုလောက်စကားတတ်လာမည်မထင်ထားခဲ့။ သူထိန်းနိုင်သော သားတစ်ယောက် မဟုတ်တော့ပေ။ 


ဘေးမှာထိုင်နေသော ယွမ်ဝုပင် မနေနိုင်တော့ဘဲ ထရယ်တော့သောကြောင့် ချင်ရွမ်းမျက်စောင်းထိုးကာ ကြည့်လိုက်သည်။ 


" ကြည့်ရတာ ယွမ်မိသားစုက သူတို့သားကို မသွန်သင်ထားဘူးထင်တယ်... ပြီးတော့ ငယ်ငယ်တည်းက လျစ်လျူရှု့ခံရတဲ့ အိုမီဂါကောင်လေးက ယွမ်မိသားစုအတွက် ငါယူလာပေးတဲ့ သတင်းအချက်အလက်က ဘယ်လောက် အသုံးဝင်မှန်း သိမှာမဟုတ်ပါဘူး..."


ချီယင်က ဆိုဖာပေါ်တွင် မှီလိုက်ကာ ခြေထောက်ချိတ်ထိုင်ပြီး ပြောလိုက်သည်။  


ယွမ်ရှင်းကျဲက အေးအေးလူလူပင် ပြန်ပြောလိုက်သည်။


" ကျွန်တော်လည်း ခင်ဗျားယူလာတဲ့ သတင်းက ခင်ဗျားလိုပဲ 'အသုံးမဝင်' ဘူးလို့ ထင်ပါတယ်..."


ချီယင်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားသည်။ 


ချီယုအမေ  ယွီဝမ်ကလည်း မျက်နှာပျက်သွားသည်။


" ယွမ်ရှင်းကျဲ... တကယ်လို့ ချီယုကသာ မင်းကိုမကြိုက်ဘူးဆိုရင် ငါတို့ချီမိသားစုက မင်းကိုဒီလောက် အောက်ကျခံနေမယ်ထင်လား... မင်း သူ့ကိုမကြိုက်ဘူးဆိုရင်လည်း လျှို့မိသားစုကိုအခွင့်အရေးပေးလိုက်လေ..."


လျှို့ဟယ်က ပြုံးရယ်ကာ ပြောလိုက်သည် ။

" ချီယု စိတ်မပူပါနဲ့... ငါတို့မိသားစုက လျှို့ရှောင်က အရမ်းနာခံတတ်ပါတယ်..."


ယွမ်ရှင်းကျဲ လက်ထပ်ချင်စိတ် မရှိရန်သာ လျှို့ဟယ် မျှော်လင့်နေမိသည်။ သို့မှသာ ချီလင်လုပ်ငန်းစုက ချန်ရှန့်လုပ်ငန်းစုကို ကျော်သွားနိုင်မည်ဖြစ်သည်။


ယွမ်ချန်ရှန့်က ထိုင်မနေနိုင်တော့ပဲ ယွမ်ရှင်းကျဲကို တိုက်ရိုက်ပြောလိုက်သည်။


" မင်း ဘာတွေ စိတ်ရှုပ်ထွေးနေတာလဲ... စိတ်စွမ်းအားတိုးစက်က ဘယ်လို အရေးပါမှန်းမသိ‌ရင်တောင် ချီမိသားစုက ယွမ်မိသားစုကိုကူညီပေးပြီး ချီယုက မင်းကို ဂရုစိုက်တယ်ဆိုတာလေးတော့ သဘောပေါက်ပေးလေ..."


ယွမ်ရှင်းကျဲ ထိုစကားကိုကြားသည့်အခါ အားလုံးကို အေးစက်စွာကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။


" ကျွန်တော်ကလက်ထပ်ဖို့အတွက် ပစ္စည်းတစ်ခု မဟုတ်ဘူး... ကျွန်တော် ချီယုကိုလည်းမကြိုက်ဘူး... ပြီးတော့ သူ့ကို မကြိုက်ဘူးဆိုတည်းက သူနဲ့ လက်ထပ်မှာမဟုတ်ဘူး... အဲ့လောက် ရိုးရှင်းတဲ့ အမှန်တရားလေးကိုတောင် သဘောမပေါက်ကြဘူးလား..."


ချင်ရွှမ်း လန့်သွားမိသည်။


" ကျွန်တော် ဒီတစ်ခေါက်ပြန်လာတယ်ဆိုတာ ကျွန်တော့်သဘောထားကို ပြောပြဖို့ပါ... အခု ပြောစရာရှိတာ ပြောပြီးသွားပါပြီ စိတ်မကောင်းပါဘူး..."


စကားဆုံးသည်နှင့် ယွမ်ရှင်းကျဲ ထွက်သွားသည်။

124.2


လျှို့မိသားစုနှင့် ပြိုင်ဆိုင်ရန် တွန်းအားပေးခြင်းဖြင့် ယွမ်ရှင်းကျဲက အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်ဟု ချီမိသားစုက တွေးထင်ခဲ့သော်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။


" ချီယု သားသူ့ကို လက်ထပ်ချင်တာ သေချာရဲ့လား... မင်းကို သူ သဘောမကျဘူးဆိုတာ မမြင်ဘူးလား... မင်းကို လက်ထပ်ချင်နေတဲ့ အိုမီဂါတွေ အများကြီးရှိတာကို ဘာလို့ သူနဲ့ပဲ လက်ထပ်ချင်နေတာလဲ... ဘာလို့ သူ့ကိုတွယ်ကယ်နေရတာလဲ..."

ယွီဝမ်က မပျော်မရွှင်ဖြင့် ပြောလိုက်သည်။


ယွမ်ချန်ရှန့်က ယွီဝမ်ကို ချက်ချင်းတောင်းပန်လိုက်သည်။


" ဒီ ကလေးက အရမ်းခေါင်းမာလို့ပါ... ကျုပ်သူ့ကို ဖြောင်းဖျလိုက်ပါ့မယ်..."


" ကြည့်ရတာ ယွမ်မိသားစုက ချီမိသားစုကို စိတ်ကျေနပ်တဲ့ပုံ မပေါ်ဘူး... ဒါဆိုရင်တော့ ဗိုလ်ချုပ်ကြီးချီယင် ကျေးဇူးပြုပြီး ကျွန်တော်တို့ လျှို့မိသားစုနဲ့ လက်ထပ်ဖို့ စဉ်းစားပေးပါဦး..."


ဥက္ကဌလျှို့က မတ်တပ်ထရပ်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။


ယွမ်ရှင်းကျဲ၏ခေါင်းထဲတွင် ရေများသာရှိသည်ဟု မစ္စတာလျှို့ ထင်လိုက်သည်။

ဒီလို မိသားစုနောက်ခံကောင်းတဲ့ အယ်လ်ဖာတစ်ယောက်ကို ဘယ်သူက အထင်သေးရဲမှာတဲ့လဲ...


ဒါပေမဲ့ ယွမ်မိသားစုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ချီမိသားစုကို ငြင်းလိုက်ပြီးရင် အဲ့ထက်ပိုကောင်းတဲ့ လက်ထပ်မယ့်သူ ရနိုင်ပါဦးမလား...


မစ္စတာလျှို့က အပြင်ရောက်သွားသည်နှင့် လှောင်ပြောင်သရော်လိုက်သည်။


" ကိုယ့်အတွက် ဘာကကောင်းမှန်း မသိဘူးပဲ..."


ချီယုက ဆိုဖာပေါ်တွင်ထိုင်ကာ လက်သီးတင်းတင်းဆုပ်ထားသည်။


ယွမ်ရှင်းကျဲက သူ့ကိုမနှစ်သက်ကြောင်း သူသိပြီးဖြစ်သည်။


သို့သော်လည်း သူ လက်မခံနိုင်သေးပေ။


အဘယ့်ကြောင့်ဆိုသော် ယွမ်ရှင်းကျဲက အတိတ်က သူ့ကို ချစ်ခင်ကြင်နာခဲ့ဖူးသည်။ သူနှင့် စုကျီနန်ကြားမှ အခြေအနေက ဒွိဟဖြစ်စရာ ဖြစ်‌နေခဲ့သော်လည်း ယွမ်ရှင်းကျဲက သူ့ကို မကောင်းပြောခဲ့ခြင်းမရှိပေ။ ထို့အပြင် သူ့အဝတ်များလျှော်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးခြင်းတို့ကိုလည်း မပျက်မကွက်လုပ်ဆောင်ခဲ့သည်။


အဲ့လိုမျိုး အိုမီဂါတစ်ယောက်ကနေ နိုင်ငံတော်အဆင့် မက်ခါပြိုင်ပွဲမှာ ဒဏ္ဍာရီတစ်ယောက် ဖြစ်လာတဲ့သူကို ချီယုက လက်လျှော့နိုင်မယ်တဲ့လား...


" သား ပြန်စဉ်းစားဦးမယ်လို့ အမေမျှော်လင့်တယ်... မင်းနဲ့ ယွမ်ရှင်းကျဲသာ အတူတူရှိမယ်ဆို ပျော်ရွှင်ရမှာမဟုတ်ဘူး..."

ယွီဝမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


ချီယု သက်ပြင်းချလိုက်သည်။ ညှိနှိုင်းမှုက ဆိုးဆိုးဝါးဝါးကျရှုံးသွားလိမ့်မည်ဟု သူ မထင်ခဲ့လိုက်မိပေ။


ယွမ်မိသားစုဝင်နှင့် လက်ထပ်ရန် ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းမှာ ယွမ်မိသားစုက အင်ပါယာကြယ်မြို့တော်အတွင် အနည်းငယ် အာဏာရှိသောကြောင့်ပင်။ သူတို့က မက်ခါများ ထောက်ပံ့ပေးနိုင်ရုံမက ပို၍ အရေးကြီးသည်မှ။ ထိန်းချုပ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်သည်။


ချီယင်က သူ့သားကိုကြည့်ပြီး ပြောလိုက်သည်။

" မင်းအခု နောင်တ‌ရနေပြီဆိုရင် လျှို့မိသားစုကို ရွေးလိုက်လို့ရတယ်..."


ချီယု လက်သီးတင်းတင်းဆုပ်ထားလိုက်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။


" ကျွန်တော်က ရှင်းကျဲနဲ့ပဲ စေ့စပ်ချင်တာ..."


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့က စိတ်အေးသွားကြသည်။


ဘေးနားတွင် ထိုင်နေသည့် ယွမ်ဝူက နားမလည်နိုင် ဖြစ်နေသည်။


" ကျွန်တော့်အစ်ကိုက အစ်ကို့ကို သဘောမကျဘူးလို့ ပြောတယ်လေ..."


ချင်ရွှမ်းက အသီးစိတ်တစ်စိတ်ကို ယွမ်ဝူ့ ပါးစပ်ထဲထည့်လိုက်ပြီး သူ့ကိုတွန်းလိုက်သည်။

" သွား... အရမ်းထဲသွားနေ..."


မောင်းထုတ်ခံလိုက်ရသောယွမ်ဝူ၏ရင်ထဲတွင် ယွမ်ရှင်းကျဲကို ကရုဏာသက်မှုများဖြင့် ပြည့်နေသည်။လူကြီးတွေရဲ့ ဦးနှောက်ပတ်လမ်းက ဘာလို့ အရမ်းထူးဆန်းရတာလဲ...


" ဒါဆိုလည်း သူနဲ့ စေ့စပ်လေ..."


ချီယင်က ပြုံးလိုက်ပြီး ယွမ်မိသားစုကို လှည့်ကြည့်လိုက်သည်။


" ရက်ရွေးနေမယ့်အစား အခုလုပ်လိုက်လည်းရတာပဲ... ဒီည ဖိတ်စာတွေပို့ထားလိုက်ပြီးရင် မနက်ဖြန်ညနေ စေ့စပ်ပွဲလုပ်ကြမယ်လေ..."


ယွမ်ချန်ရှန့် အပျော်လွန်သွားမိသည်။

" အဲ့လောက် မြန်မလို့လား..."


ချင်ရွှမ်းလည်း အံ့အားသင့်သွားသည်။


" စေ့စပ်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်မယူတော့ဘူးလား... ရှင်းကျဲက သဘောမပေါက်သေးတော့ သူ့ကို ဖြောင်းဖျဖို့ အချိန်ယူရဦးမှာ..."


" ဖြောင်းဖျမယ်တဲ့ ဘာကို ဖြောင်းဖျမလို့လဲ... အဲ့ဒါ လူတစ်ယောက်ကို လက်ထပ်ရတာပဲကို သူဘာများ နစ်နာသွားလို့လဲ..."


ယွမ်ချန်ရှန့်က ချင်ရွှမ်းကို ဖြတ်ပြောလိုက်သည်။


ချင်ရွှမ်းက ယွမ်ရှင်းကျဲနှင့် ချီယုတို့ လက်ထပ်ရန် မျှော်လင့်ထားသော်လည်း ဤသို့ဖိအားပေးလိုက်ခြင်းဖြင့် အခြေအနေပိုဆိုးစွားစေနိုင်ကြောင်း သူမသိသည်။ ယွမ်ရှင်းကျဲဘက်မှ ငြင်းလိုက်ပြီးပြီးချင်း သူတို့နှစ်ယောက် စေ့စပ်မည်ကို သူမ မလိုလားပေ။


သို့ဖြစ်၍ ချင်ရွှမ်းက ဆက်ပြောလိုက်သသည်။


" ကျွန်မ သူ့ကို ဖြောင်းဖျကြည့်ပါ့မယ် တကယ်လို့ သဘောမတူရင်တော့ စေ့စပ်ပွဲကို ခဏနောက်ဆုတ်ပေးပါ..."


" မင်းကို ဖယ်ရိုမုန်းကိုက်ညီမှုစင်တာကိုသွားပြီး သူတို့ဖယ်ရိုမုန်းတွေကို စစ်ခိုင်းတဲ့ အချိန်တုန်းကလည်း မင်း ဒီလိုမျိုးဆင်ခြေ ပေးခဲ့တာပဲ... ချင်ရွှမ်း ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးက ဘယ်သူဆိုတာ မင်းမေ့နေတာလား..."


ယွမ်ချန်ရှန့် မျက်မှောင်ကြုတ်ပြီး ချင်ရွှမ်းကို အေးစက်စွာကြည့်လိုက်သည်။


xxxxxx