အပိုင်း ၁၃၄
Viewers 17k

Chapter 134


အမှန်တွင် ယွမ်ရှင်းကျဲ သူ့ဂလင်းကို ဖြတ်တောက်လိုက်သည်အား မြင်လိုက်ရချိန်တွင် ချင်ရွှမ်းရင်ထဲတွင် ထိတ်လန့်နာကျင်သွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွားခဲ့သည်။


လှောင်အိမ်၏ နှိပ်စက်ခံရခြင်းမှ လွတ်မြောက်သွားသည့် နှင်းဆီပန်းလေးက ကျက်သရေရှိရှိ ပွင့်လန်းလာသကဲ့သို့ သူမထင်လိုက်မိသည်။


ပန်းပွင့်သည့်အချိန်ကာလက တိုတောင်းသွားသော်လည်း အိုမီဂါများအတွက် တခြားအခွင့်အရေးများရှိသေးကြောင်းကို ချင်ရွှမ်းမြင်လိုက်ရသည်။ သူတို့က ကံကြမ္မာနှင့် ‌အပေးအယူလုပ်ရန် မလိုပေ။


" တကယ်လို့ ချီမိသားစုက လက်မထပ်ချင်တော့ဘူးဆိုရက် ငါတို့ကုမ္ပဏီလည်း ဒေဝါလီခံရဖို့ မဝေးတော့ဘူး... ချင်ရွှမ်း မင်းရဲ့ဦးနှောက်က ပုံမှန်အချိန်ဆို ဒါမျိုးမဟုတ်ပါဘူး... သူ ဘီတာဖြစ်သွားရငါ ဘယ်သူက သူ့ကို လိုချင်တော့မှာလဲ..."


ထိုအချိန်တွင် မနီးမဝေးတွင်ထိုင်နေသော လေည့ဝမ်ချွမ်းကိုကြည့်ကာ ယွမ်ချန်ရှန့်က ပြောလိုက်သည်။

" မင်းက ယွမ်ရှင်းကျဲကို သူ့လို ဆင်းရဲတဲ့ကောင်နဲ့ လက်ထပ်စေချင်တာလား..."


လော့ဝမ်ချွမ်း သူတို့နှစ်ယောက်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်ရသည်။


မက်ဆေ့များစွာရောက်နေသော သူ၏ မှတ်ဉာဏ်တုကိုဖွင့်လိုက်သည်။ ထိုမက်ဆေ့များအားလုံးက ပြောနေသည်မှာ တစ်ခုတည်းသော အကြောင်းအရာကိုသာဖြစ်သည်။

[ ကြယ်အစုအဝေးအင်ပါယာရဲ့ ဆက်ခံသူဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ...]


ထိုအချိန်တွင် ချီမိသားစုကလည်း ဆေးရုံသို့ ရောက်ရှိလာကြသည်။


ချီယုက လော့ဝမ်ချွမ်းဆီသို့ တစ်ဟုန်ထိုးပြေး လာကာ ‌အော်မေးလိုက်သည်။

" ရှင်းကျဲ ဘာဖြစ်သွားပြီလဲ..."


" ငါ့ရှေ့မှာ ဘယ်တော့မှ မပေါ်လာပါနဲ့လို့ မင်းကိုအကြံပေးလိုက်မယ်..."

လော့ဝမ်ချွမ်းက မတ်တပ်ရပ်ပြီး ချီယုကို အေးစက်စွာကြည့်လိုက်သည်။


" ငါမင်းကို ဆေးရုံမှာ မထိုးပစ်ချင်ဘူး... နောက်မှ မင်းတို့ ချီမိသားစုနဲ့ ဒီကိစ္စကို လာရှင်းမယ်..."


လော့ဝမ်ချွမ်းက စူးစူးရဲရဲစိုက်ကြည့်နေ၍ ချီယု ဘာမှမပြောရဲတော့ပေ။


ချီယင်နှင့် ယွီဝမ်က ယွမ်ချန်ရှန့်ဘေးသို့ လျှောက်လာပြီး စိတ်ပူဟန်ဆောင်ကာ မေးလိုက်သည်။ 

" ရှင်းကျဲ အဆင်ပြေရဲ့လား..."


" ဆရာဝန်ပြောတာတော့ ဂလင်းက အကောင်းအတိုင်းပြန်မဖြစ်တာလည်း ဖြစ်နိုင်တယ်တဲ့..."

ချင်ရွှမ်းက တည်ငြိမ်စွာသာ တုံ့ပြန်လိုက်သည်။


" စိတ်မကောင်းစရာပဲ..."

ယွီဝမ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမက ချင်ရွှမ်း၏လက်ကိုကိုင်ကာ နှစ်သိမ့်လိုက်သည်။

" ချင်ရွှမ်း စိတ်မပျက်ပါနဲ့ ရှင်တို့မှာ အယ်လ်ဖာသားတစ်ယောက် ရှိသေးတာပဲ..."


" ကျွန်မ စိတ်မပျက်ပါဘူး... စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်..."

ချင်ရွှမ်းက သူမလက်ကို အသာပြန်ဆွဲလိုက်သည်။


" ကျုပ်တို့တွေ ရှင်းကျဲကို သဘောကျပါသေးတယ်... သူ့လိုမျိုး အမှီအခိုကင်းပြီး ထူးချွန်တဲ့အိုမီဂါမျိုးက ရှားတယ်လေ..."


ချီယင် လည်ချောင်းရှင်းပြီး ယွမ်ချန်ရှန့်ကို ပြောလိုက်သည်။


ယွမ်ချန်ရှန့်စိတ်ထဲတွင် နိမိတ်မကောင်းသည့် တစ်စုံတစ်ရာကို ခံစားမိလာသည်။


" ဒါပေမဲ့လည်း..."

ချီယင်က စကားကိုချက်ချင်းပြောင်းလိုက်သည်။


" သူ ဂလင်းကို ဖြတ်ထုတ်လိုက်တယ်ဆိုတည်းက ကျုပ်တို့မိသားစုနှစ်ခုကြားမှာ ရေစက်မရှိတော့ဘူးဆိုတဲ့သဘောပဲ..."


" ရှင်းကျဲ နိုးလာတဲ့အထိ စောင့်ပါဦး... ကျွန်တော့်ခွင့်ပြုချက်မရှိပဲ ဆုံးဖြတ်ချက်တွေ ချမနေပါနဲ့..."

ချီယု အံကြိတ်ကာ ပြောလိုက်သည်။


ယွမ်ချန်ရှန့်လည်း မျက်မှောက်ကြုတ်လိုက်သည်။

" ဗိုလ်ချုပ်ကြီးချီ... ဒီကိစ္စကို ခင်ဗျားနဲ့မဆိုင်သလို ပြောလို့ရမလား... ဘာလို့ ဒီလိုပြောရက်ရတာလဲ..."


" ဒါပေမဲ့ သူက ဒီလိုဖြစ်သွားမှတော့ ကျုပ်တို့ချီမိသားစုရဲ့သားမက် မဖြစ်နိုင်တော့ဘူးလေ... သူ့ဂလင်းကို သူ့ဘာသူဖြတ်ပစ်တာလေ ကျုပ်က တွန်းအားပေးမိလို့လား... အဲ့လိုရူးမိုက်တဲ့အရာတွေမလုပ်ဖို့ သူ့ကို ကျုပ်ကိုယ်တိုင်တားတာ လာသမျှ ဧည့်သည်အားလုံးမြင်တယ်လေ..."


ချီယင်က သဘောမတူသည့်ဟန်ဖြင့် ပြောလိုက်သည်။


ယွမ်ချန်ရှန့်၏မျက်လုံးများက‌ ဒေါသကြောင့် ပြူးကျယ်လာသည်။ 


" အစတည်းက မင်းတို့ ချီမိသားစုနဲ့လက်ထပ်ပေးဖို့ လုပ်မိတာ ကျုပ်မှားတာပဲ ကျုပ်မျက်လုံးတွေ ကန်းနေခဲ့တာ..."


" အခု ယွမ်ရှင်းကျဲက ဒီလိုဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ သူ့ကို ဘယ်သူမှ လက်ထပ်တော့မှာမဟုတ်ဘူး... ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး..."


ချီယင်က ဖြည်းညင်းစွာပြောလိုက်သည်။


ဘေးမှ ယွီဝမ်က သက်ပြင်းချလိုက်ပြီး ယွမ်မိသားစုကို သနားကရုဏာသက်သော မျက်လုံးများဖြင့်သာ ကြည့်နေလိုက်သည်။


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့နှစ်ယောက်လုံးက ဒေါသထွက်နေကြသော်လည်း ချီယင်က ဗိုလ်ချုပ်ကြီးဖြစ်နေ၍ ဘာမှမလုပ်နိုင်ကြတော့ပေ။


ယွမ်ချန်ရှန့် အံကြိတ်ထားသည်။

" ခင်ဗျားသဘောတူထားတဲ့ စိတ်စွမ်းအားတိုးစက်နည်းပညာကရော..."


" ကံဆိုးစွာနဲ့ပဲ ကျုပ်တို့က ခမည်းခမက် မဟုတ်တော့ဘူးဆိုတော့ ဒီနည်းပညာကိုလည်း မဝေမျှပေးနိုင်တော့ဘူး... ချီလင်မက်ခါကုမ္ပဏီက ဥက္ကဌလျှို့နဲ့ပဲ ဒီကိစ္စကို ဆက်လုပ်ပါတော့မယ်..."

ချီယင်က အေးအေးလူလူပင်ပြောလိုက်သည်။


ချီယင်က သူ့စကားဆုံးသည်နှင့် ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့၏ မသာမယာဖြစ်နေသော မျက်နှာများကိုကြည့်ကာ တောင်းပန်သည့်ပုံဖြင့် ပြောလိုက်သည်။


" စိတ်မကောင်းပါဘူး ကျုပ်လည်း ချီမိသားစုကောင်းဖို့အတွက် ဒီလိုလုပ်ရတာပါ... တော်ဝင်မိသားစုက ခုပဲ ဆက်ခံသူကို ကြေညာလိုက်ပြီ ... အဲ့ဒီဆက်ခံသူက ကျုပ်ကိုတွေ့ဖို့ ဖိတ်ထားတယ်... အဲ့ဒါကြောင့်မို့ ခင်ဗျားတို့နဲ့ အတူမရှိပေးနိုင်တော့ဘူး..."


စေ့စပ်ပွဲအခမ်းအနားကြောင့် ချီယင်က သတင်းကြည့်ရန် အချိန်မရလိုက်ပေ။


သူနှင့် ယွီဝမ်တို့နှစ်ယောက် လော့ဝမ်ချွမ်း၏ဘေးမှ ဖြတ်သွားစဉ်တွင် လော့ဝမ်ချွမ်းက ရယ်လိုက်သည်။


ထိုရယ်သံထဲတွင် လှောင်ပြောင်သရော်လိုမှုများ ပါဝင်နေသည်။


ထိုကောင်လေးက ချီယု၏ရန်သူဖြစ်ကြောင်း ချီယင်သိသည်။


သို့ဖြစ်၍ သားဖြစ်သူအတွက် စိတ်အေးသွားသည့်ပုံဖြင့် သက်ပြင်းချလိုက်ပြီး သားအဖေကြား တင်းမာမှုများကို ဖြေရှင်းပြီး သူ၏ ဂုဏ်သိက္ခာရှိသောပုံစံကို ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။


" ယွမ်ချန်ရှန့်ရေ စကားမစပ်ပြောရဦးမယ်..."

ချီယင်က ယွမ်လင်မယားနှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။


" ခင်ဗျားတို့သားကို ကြိုက်တဲ့လူတစ်ယောက် ရှိနေသေးတာပဲမလား... သူက ဘီတာဖြစ်သွားမှတော့ ဆင်းရဲတဲ့လူတစ်ယောက်ယောက်ကို လက်ထပ်လိုက်လည်း မဆိုးပါဘူး..."


ချီယင်၏ စကားများက သရော်မှုများဖြင့် ပြည့်နေသည်။


ယွမ်ချန်ရှန့် ထိုစကားများကို ကြားလိုက်ချိန်တွင် အလွန်ဒေါသထွက်သွားပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်မိသည်။

134.2


ထို့နောက် ချီယင်က စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်သွားသည်။ မှတ်ဉာဏ်တုကိုဖွင့်ပြီး သတင်းများဖတ်တာ တော်ဝင်မိသားစုဆက်ခံသူ၏ပုံစံကို ရှာဖွေလိုက်သည်။

သို့ရာတွင် သတင်းများကို မြင်သည့်အခါ သူ ထိုနေရာတွင်ပင် အေးစက်တောင့်တင်းသွားမိသည်။


သူ့နောက်မှ အသံတစ်သံထွက်လာသည်။


" ဗိုလ်ချုပ်ကြီးချီယင် ခင်ဗျားကို ကျုပ်ဖိတ်ထားတယ်ဆိုတဲ့ကိစ္စကို ကျုပ်ကိုယ်တိုင်လည်း မသိရပါလား..."


လော့ဝမ်ချွမ်း၏ အသံက လှောင်ပြောင်သရော်မှုဖြင့် ပြည့်နေသည်။


သူက ခြေချောင်းရှည်ရှည်များကိုချိတ်ပြီး ခုံတန်းရှည်တွင် ထိုင်နေသည်။ သူ့လေသံက တည်ငြိမ်နေသော်လည်း ချီယင်မှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


ချီယင်က သူ၏မှတ်ဉာဏ်တုပေါ်မှ သတင်းများကိုကြည့်ကာ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။


သူ့လက်ချောင်းများလည်း တုန်ယင်လာသည်။ အစောပိုင်းကပင် သူ လော့ဝမ်ချွမ်းကို လှောင်ပြောင်သရော်ခဲ့မိသည်။


သူ့ကျောနောက်မှအသံကြောင့် ချွေးပြန်လာမိသည်။


လော့ဝမ်ချွမ်း၏ အသံကြောင့် အားလုံးက စက္ကန့်အနည်းငယ်ခန့် အံ့အားသင့်သွားပြီးနောက် သူ့စကားများ၏ အဓိပ္ပါယ်ကို ချက်ချင်းသဘောပေါက်သွားကြသည်။


မကြာမီ ယွီဝမ်၊ ချီယုနှင့် ဝမ်မိသားစုဝင်များက  သူတို့၏မှတ်ဉာဏ်တုကိုဖွင့်ကာ စေ့စပ်ပွဲအခမ်းအနားကြောင့် မကြည့်လိုက်ရသည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စစ်ဆေးကြည့်လိုက်ကြသည်။


ချောမောခံ့သားပြီး အားလုံးနှင့် ရင်းနှီးနေသည့်မျက်နှာတစ်ခုက သတင်းတွင်ပေါ်လာသည့်အခါ အားလုံးက ခုံတန်းရှည်တွင်ထိုင်နေသည့် လော့ဝမ်ချွမ်းကို တအံ့တဩဖြင့် ကြည့်လိုက်ကြသည်။


သူတို့ ပုံစံက သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ဖြစ်သွားသည်။


ချီယင်က ပထမဦးဆုံး တုံ့ပြန်သည့်လူဖြစ်သည်။ သူက စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာနေလာခဲ့သော မြေခွေးအိုကြီးဖြစ်၍ မဟုတ်မမှန် လုပ်ကြံပြောဆိုရာတွင် ကျွမ်းကျင်သူဖြစ်သည်။ သူ ချက်ချင်း ဒူးထောက်ချလိုက်ပြီး လော့ဝမ်ချွမ်းကို တောင်းပန်လိုက်သည်။


" ကျွန်တော်မျိုး မသိခဲ့လို့ သေသင့်ပါတယ်... အဲ့အချိန်တုန်းက စစ်တပ်ဘက်က အရေးကြီးကိစ္စတွေရယ် သားဖြစ်သူရဲ့ မင်္ဂလာဆောင်ရယ်ကြောင့် အလုပ်များနေလို့ တော်ဝင်မိသားစုရဲ့ သတင်းစာရှင်းလင်းပွဲကို မကြည့်လိုက်မိပါဘူး... ပြီးတော့ အရှင့်သားက စွန့်ပစ်ကြယ်က လာတဲ့သူနဲ့ မတူလို့ ကျွန်တော်မျိုး သတိမထားလိုက်မိတာပါ..."


သူ့စကားများက သူ၏စစ်တပ်အပေါ် သစ္စာရှိမှုကိုသာမက အစောပိုင်းတွင် လော့ဝမ်ချွမ်းအပေါ် လှောင်ပြောင်ခဲ့မိသည်ကို လော်လံဖားသည့်စကားများအဖြစ် အသွင်ပြောင်းလိုက်သည်။


သို့ရာတွင် လော့ဝမ်ချွမ်းက သူ့ထောင်ခြောက်ထဲ မရောက်သွားပေ။


" စွန့်ပစ်ကြယ်ပေါ်မှာ ကြီးပြင်းလာတဲ့လူတွေက ဘာနဲ့တူရမှာလဲ..."


လော့ဝမ်ချွမ်းက မျက်ခုံးပင့်၍ အေးအေးလူလူသာ မေးလိုက်သည်။


လော့ဝမ်ချွမ်း၏ တည်ငြိမ်နေသောအသံမှ ဖိအားများစွာကို ချီယင် ခံစားလိုက်ရသည်။ ထီးနန်းဆက်ခံသူအသစ်က ဤသို့သောမေးခွန်းမျိုးမေးမည်ဟု မထင်ခဲ့မိပေ။


ဗိုလ်ချုပ်ကြီးတစ်ယောက်အနေဖြင့် စွန့်ပစ်ကြယ်မှ လူများအပေါ် လူမျိုးရေးခွဲခြားသည့်စကားများပြောရန် မဖြစ်သဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။


" အရှင့်သားကို ဒီနေ့ ဒီနေရာမှာ တွေ့ရမယ်လို့မထင်ထားခဲ့ဘူး..."


" ဒါဆိုရင်တော့ ခင်ဗျားပျော်တာ အရမ်းစောနေတယ်..."

လော့ဝမ်ချွမ်းက ချီယင်၏မျက်လုံးကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။


" ဗိုလ်ချုပ်ကြီးချီယင်... ခင်ဗျားက အာဏာကိုအသုံးချပြီး သိပ္ပံသုတေသနဌာနကနေ အချက်အလက်တွေယူနေတဲ့အပြင် အဲ့ဒါတွေကို အရောင်းအဝယ်တောင်လုပ်နေလိုက်သေးတယ်ပေါ့... ဒါဟာ အင်ပါယာရဲ့ ပင်မနည်းပညာကို ပေါက်ကြားမှုဖြစ် စေပြီး အန္တရာယ်များတဲ့ကိစ္စပဲ..."


" ဒီကိစ္စတစ်မျိုးတည်းနဲ့တင် ခင်ဗျားကို ထောင်ချဖို့ ဒါမှမဟုတ် သေဒဏ်ပေးဖို့ လုံလောက်နေပြီ... နားလည်လား..."


ထိုစကားများကြောင့် ချီယင်၏ခြေထောက်များ ပျော့ခွေလာသည်။ ဒူးတစ်ဖက်ထောက်ထားရာမှ ဒူးနှစ်ဖက်လုံးကို ထောက်လိုက်သည်။


ယွီဝမ်နှင့် ချီယုတို့လည်း ကြောက်လန့်နေကြသည်။ သို့ရာတွင် လော့ဝမ်ချွမ်း၏ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများက ဩဇာအာဏာရှိမှုတို့ဖြင့် ပြည့်နေ၍ မည်သည့်စကားမှ မပြောရဲကြပေ။


" အ... အရှင်မင်းသား ကျွန်တော်မျိုးက ပင်မနည်းပညာကို ဘယ်တုန်းကမှ ပေါက်ကြားအောင် မလုပ်ဖူးပါဘူး... "


ချီယင် ချွေးသီးချွေးပေါက်များကျလာသည်။ သူ့ပုံစံကို ထိန်းထားရန် ကြိုးစားသော်လည်း လေသံက တုန်ယင်နေသည်။


" ကျွန်တော်မျိုးပြောတဲ့ နည်းပညာဆိုတာ ကောလဟလတွေပါ... အရှင်သားနားလည်ပေးဖို့..."


" ကျွန်တော် ရှင်းရှင်းလင်းလင်းကို နားလည်ပါတယ်..."


လော့ဝမ်ချွမ်းက ချီယင်ကိုကြည့်ပြီးနောက် အေးစက်စွာပြောလိုက်သည်။

" ခင်ဗျားနဲ့တန်တဲ့အရာက အနာဂတ်မှာ ဖြစ်လာတော့မှာပါ..."


သူ့လေသံက ခြိမ်းခြောက်မှုအပြင် ချီယင်ကို စက်ဆုပ်ရွံရှာမှု အနည်းငယ်လည်းပါဝင်နေသည်။


ဤကဲ့သို့စက်ဆုပ်မှုအနည်းငယ်ကပင် ချီမိသားစု အမြဲတမ်း ထိန်းသိမ်းလာခဲ့သောဂုဏ်သိက္ခာကို မြောင်းထဲကျသွားစေသည်။


လော့ဝမ်ချွမ်းက ချီမိသားစုကို အလွန်မုန်းတီးရခြင်းမှာ ယွမ်ရှင်းကျဲကို သဘောကျသောကြောင့်ဖြစ်သည်ကို ချီယင်သဘောပေါက်သွားသည်။


" အရှင့်သား ဒီနေ့အဖြစ်အပျက်က ကျွန်တော်မျိုးလည်း အဲ့လိုမြင်ချင်ခဲ့တာ မဟုတ်ပါဘူး..."

အစောပိုင်းက ယွမ်မိသားစုကို သရော်ခဲ့သည့်လေသံမှ ဝမ်းနည်းပူဆွေးနေသည့်လေသံအဖြစ် ပြောင်းလဲသွားသည်။


" ရှင်းကျဲ ဒီလိုလုပ်လိုက်တာကိုမြင်ရတာ ကျွန်တော်မျိုးလည်း အရမ်းဝမ်းနည်းပါတယ်... ရှင်းကျဲသာ ပြန်ကောင်းလာမယ်ဆိုရင် ကျွန်တော်မျိုး ဘာလုပ်ရလုပ်ရပါ ... သူ့ခုတင်ဘေးနားမှာတောင် ထိုင်စောင့်ပြီး ပြုစုပေးချင်တာပါ..."


သူ့လေသံက ရိုးသားပုံပေါ်ပြီး နားဝင်ချိုစေမည့်စကားများသာ ရွေးချယ်ပြောသွားသည်။


အစောပိုင်းကသာ ယွမ်ချန်ရှန့်နှင့် ချင်းရွှမ်တို့ကို မရယ်ခဲ့ပါက သူပြောလိုက်သည့်စကားများက အမှန်ဟုသာ ယုံကြည်သွားကြမည်ဖြစ်သည်။


xxxxxxxx