အပိုင်း ၁၃၈
Viewers 17k

Chapter 138


သို့ရာတွင် ဤကိစ္စက အမှန်တကယ်ဖြစ်ပျက်သွားကြောင်း သိပြီးသည့်အခါမှသာ သူမ၏ ပျော်ရွှင်သောအမူအရာက ထိတ်ထိတ်ပျာပျာ အမူအရာဖြင့် ပြောင်းလဲသွားသည်။ သူမ အသံလည်း တုန်ယင်လာသည်။


" ဒါဆိုရင် ယွမ်ရှင်းကျဲရော သူ အခု ဘယ်လိုနေသေူလဲ... သူ့ဂလင်းက တော်တော်ထိခိုက်သွားတာလား..."


ကျိုးဖေးရွှယ် ငြိမ်ကျသွားသည်။


သူမ ဘေးနားမှ အစေခံကလည်း ခေါင်းငုံ့ထားပြီး ဘာမှမပြောရဲပေ။


" မင်း ပြောပြစမ်း..."

ဘုရင်မကြီးက ‌အစေခံကို စူးစူးရဲရဲကြည့်နေသည်။


အစေခံမှာ အလွန်ကြောက်လန့်လွန်းသည့်အတွက် ဒူးထောက်မိမတတ်ပင်ဖြစ်နေပြီး တုန်နေသည်။


" ယွမ်... ယွမ်ရှင်းကျဲရဲ့ ဂလင်းက တော်တော်ထိခိုက်သွားလို့ ဆေးရုံက ဆရာဝန်... ပြော... ပြော... ပြောတာက..."


အစေခံက စကားပြောရာတွင်ပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။


" ဆရာဝန်က ဘာပြောတာလဲလို့ ငါ့ကို မြန်မြန်ပြောစမ်း..."


ဘုရင်မကြီးက အလွန်တည်ငြိမ်ဟန်ဆောင်နေရသော်လည်း သူမ၏ မျက်ဝန်းထဲတွင် ပျာယာခတ်နေငည့် အမူအရာများ ရှိနေသည်။


" သူတို့ပြောတာတော့ ယွမ်ရှင်းကျဲက ဘီတာဖြစ်သွားပါပြီတဲ့..."


အစေခံပြောလိုက်ပြီးသည့်နှင့် အလွန်အမင်းကြောက်လန့်သွားသည်။


ဘုရင်မကြီးက ထိုနေရာတွင်ပင်ရပ်နေပြီး သူမမျက်နှာက ပြောင်းလဲသွားသည်။


ဘုရင်မက ပျော်ရွှင်စရာကောင်းသည့် တစ်စုံတစ်ရာကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်ကို ကျိုးဖေးရွှယ်ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ့နှုတ်ခမ်းကိုဖွင့်ဟလိုက်ပြီး သတိထားကာပြောလိုက်သည်။


" အရှင်မ... ဒီကိစ္စကို ကျွန်တော်မျိုး ဒုတိယမင်းသားကို မပြောပြရသေးပါဘူး..."


ဘုရင်မက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ခုတင်စွန်းနှင့်ထိကာ ‌ထိုင်လျက်ကျသွားသည်။


သူမ ခုတင်ပေါ်မှ ထလာပြီး မောပန်းလွန်းသဖြင့် အသက်ပြင်းပြင်းရှုနေရသည်။


ခဏအကြာတွင် ကျိုးဖေးရွှယ်ကိုကြည့်လိုက်ပြီး တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။


" သူ့ကို မပြောပြနဲ့ဦး... ငါကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်မယ်..."


စကားဆုံးသည်နှင့် ဘုရင်မက သူ့ကိုယ်သူ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။


" ကျိုးဖေးရွှယ် ဖယ်ရိုမုန်းကိုက်ညီမှုစစ်ဆေးတဲ့ဓာတ်ခွဲခန်း တာဝန်ခံကို အရင်ဆုံး သွားရှာလာခဲ့... ပြီးတော့ ဒီကိစ္စကို လျှို့ဝှက်ထား... ဘယ်သူမှသိလို့မဖြစ်ဘူး..."


ဘုရင်မက ကိစ္စတစ်ခုကိုလျင်မြန်စွာ တုံ့ပြန်တတ်သည့်သူဖြစ်ပေသည်။


ကျိုးဖေးရွှယ်ကို ညွှန်ကြားပြီးသည့်နောက်တွင် ဘုရင်မက သူလုပ်ခဲ့သောကိစ္စများကြောင့် နောင်တရမိလာသည်။


သူမလက်ချောင်းများကို တင်းတင်းဆုပ်ထားမိ၍ နူးညံ့သောလက်အသားများထဲသို့ပင် စိုက်ဝင်မတတ်ဖြစ်နေသည်။


" တစ်ရာ ရာခိုင်နှုန်းတောင်... ဒီကမ္ဘာမှာ ကိုက်ညီမှုဒီဂရီအဲ့လောက်မြင့်တာမျိုး ရှိမယ်လို့တောင် မထင်ထားခဲ့ဘူး... ဒီကိစ္စသာအမှန်ဆိုရင် ငါက လော့ဝမ်ချွမ်းရဲ့ ပျော်ရွှင်မှုကို ငါလက်နဲ့ကိုယ်တိုင် ဖျက်ဆီးခဲ့မိတာပဲ..."


ဘုရင်မက တစ်ကိုယ်တည်း ရေရွတ်နေသည်။


သူမ နှုတ်ခမ်းများပင် ဖြူဖျော့လာသည်။


သူမက လော့ဝမ်ချွမ်း၏ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့ရုံသာမက အိမ်ရှေ့စံမင်းသား၏ အနာဂတ်ကြင်ယာတော်ကိုပါ ဖျက်ဆီးခဲ့သည်။


တကယ်လို့ လော့ဝမ်ချွမ်းသာ ဒီကိစ္စကိုသိသွားရင် ငါ့ကိုဘယ်လောက်တောင် မုန်းသွားလိုက်မလဲ...


ပြီးတော့ ဘုရင်ကြီးသာ သိသွားမယ်ဆိုရင်...


ဘုရင်မ၏ကျောပြင်က ရုတ်တရက်တောင့်တင်းသွားပြီး ချွေးများဖြင့် စိုရွှဲလာသည်။


သူမက ဘုရင်ကြီး မသိစေပဲ ဤသတင်းအား ချီယင်ကို ဦးစွာပြောပြလိုက်သည်။


သူမက ဤကိစ္စကို အမြစ်ပြတ်ဖြေရှင်းပြီးမှ ဘုရင်ကြီးကို ပြောပြချင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လော့ဝမ်ချွမ်းနှင့် ကိုက်ညီမှုဒီဂရီနိမ့်သော အိုမီဂါတစ်ယောက်ကို ရှင်းထုတ်လိုက်သည့်အပေါ် ဘုရင်ကြီးက ဘာမှ ပြောမည်မဟုတ်သောကြောင့်ပင်။


ဒါပေမဲ့ အခုတော့...


ဘုရင်မကြီးက ခြောက်ကပ်နေသောလည်ချောင်းကို တံတွေးမျိုချလိုက်သည်။


သူမ ချက်ချင်းပင် ယခင်ကဲ့သို့ တည်ငြိမ်သည့်အသွင်ဖြစ်အောင် ပြန်ပြင်လိုက်သည်။ သူမမျက်နှာတွင် မိတ်ကပ်ပါးပါးသာလိမ်းလိုက်ပြီး ဖြူဖျော့၍ စိုးရိမ်တကြီးမျက်နှာကို ဖုံးကွယ်လိုက်ကာ ပေါ့ပေါ့ပါးပါးဝတ်စုံကိုသာ ဝတ်ထားလိုက်သည်။


ပြတင်းပေါင် အပြင်ဘက်တွင်မူ ညအချိန်သို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်၍ လမ်းမထက်တွင် မီးများထွန်းထားသည်။


" ငါ့အတွက် လေယာဉ်တစ်စီး စီစဉ်ပေးဦး... ပရိုက်စ်ဆေးရုံကို သွားမယ်..."


ဘုရင်မက အစေခံကို ပြောလိုက်သည်။


လေယာဉ်ပေါ် ထိုင်လိုက်ပြီးသည်နှင့် ဘုရင်မက ပရိုက်စ်ဆေးရုံဥက္ကဌကို ဆက်သွယ်လိုက်သည်။


ပရိုက်ဆေးရုံက လူချမ်းသာများနေထိုင်ရာဧရိယာတွင်ရှိသည့် အကြီးဆုံးဆေးရုံဖြစ်သည်။ ဆေးရုံဥက္ကဌက လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ပညာသင်ကြားနေစဉ်အချိန်တွင် ဘုရင်မနှင့် ချစ်ကြိုက်ခဲ့ဖူးသူဖြစ်သူဖြစ်သည်။ သို့ဖြစ်၍ ဘုရင်မက ဆက်သွယ်လာသောအခါ ချက်ချင်းပင် ဖုန်းကောက်ကိုင်လိုက်သည်။


ဘုရင်မက သူ့ကိုမျက်မှောင်ကြုတ်၍ကြည့်ကာ မေးလိုက်သည်။


" ယွမ်ရှင်းကျဲ အခုဘယ်လိုနေသေးလဲ..."


ထီးနန်းဆက်ခံသူ လော့ဝမ်ချွမ်းက သူ့ကောင်လေးကိုခေါ်၍ ကုသမှုခံယူရန် ဤဆေးရုံသို့ရောက်လာခဲ့ကြောင်းကို သူသိသည်။ သို့ရာတွင် ဂလင်းပျက်စီးသွားပြီဖြစ်၍ တော်ဝင်မိသားစုထံမှ မေးခွန်းထုတ်ခံရမည်ကိုသိသော်ကြောင့် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။


သို့ရာတွင် ဖန်သားပြင်တွင်ပေါ်လာ‌သော ဘုရင်မ၏မျက်နှာက စိတ်ဆိုးခြင်း အထက်သီးဆန်ခြင်းမရှိ၍ ဥက္ကဌမှာ ချွေးသီးချွေးပေါက်များထွက်လာပြီး ခြေထောက်များပင် ပျော့ခွေမတတ်ဖြစ်နေသည်


" အ... အရှင်မ... ယွမ်ရှင်းကျဲက... သူ... သူ... အမ်... ကျွန်တော်မျိုး တောင်းပန်ပါတယ်..."

မည်သို့ရှင်းပြရမည်ကို မသိတော့၍ ဘုရင်မကိုမကြည့်ရဲပဲ မျက်နှာလွှဲထားမိသည်။


ထိုတောင်းပန်စကားများကြောင့် ဘုရင်မက ခက်ထန်စွာပြောလိုက်သည်။


" တော်ဝင်မိသားစုက မင်းတို့ဆေးရုံကို နှစ်တိုင်း ထောက်ပံ့ကြေးတွေအများကြီး မပေးဘူးလား... အဲ့ဒါက မင်း ငါ့ရှေ့မှာတောင်းပန်နေဖို့မဟုတ်ဘူး ကြားရဲ့လား..."


ဥက္ကဌမှာ ဒူးထောက်ကျမတတ်ဖြစ်သွားသည်။ သူ့ဘေးမှ ဆရာဝန်အနည်းငယ်က သူ့ကို အမြန်ထူပေးလိုက်ပြီး ကင်မရာရှေ့မှ ပျောက်မသွားစေရန် ထိန်းပေးလိုက်သည်။


" အရှင်မ... ယွမ်ရှင်းကျဲ ဆေးရုံကို ရောက်ရောက်ချင်းမှာပဲ ကျွန်တော်မျိုးက အကောင်းဆုံးဆရာဝန်ကို လွှတ်ပေးခဲ့တာပါ... ဒါပေမဲ့ ဂလင်းဆိုတာမျိုးက အရမ်းနူးညံ့တဲ့အပြင် သူက အတွင်းထိရောက်အောင် ထိုးပစ်လိုက်တော့..."


ကက္ကဌက တုန်တုန်ယင်ယင်နှင့် ရှင်းပြနေသည်။


" ငါ မင်းကို အခွင့်အရေးထပ်ပေးမယ် ... သုံးရက်အတွင်း တစ်နိုင်ငံလုံးက အတော်ဆုံးဆရာဝန်တွေက်ုခေါ်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ဆွေးနွေးပါ... သူ့ကို အစွမ်းကုန် ကုသပေးရမယ်... မဟုတ်ရင်တော့  မင်း နောက်ဆက်တွဲကိစ္စတွေကို ရင်ဆိုင်ရမယ်..."


ဘုရင်မ၏ အသံက စိုးရိမ်မှုများဖြင့်ပြည့်နေပြီး စကားလုံးတစ်လုံးစီကို ဖြည်းဖြည်းချင်းပြောလိုက်သည်။


ဘုရင်မက ခမ်းနားထည်ဝါကာ ကျက်သရေရှိသည့် ပုံစံမျိုးဖြစ်သော်လည်း လူအများရှေ့တွင်မူ သူမက နူးညံ့ညင်သာသည့်ပုံစံဖြင့်သာနေသည်။


သူမစကားကြောင့် ဥက္ကဌက မငြင်းပယ်ရဲတော့ပဲ တုန်တုန်ယင်ယင်နှင့်ပင် သဘောတူလိုက်ရသည်။


ဘုရင်မ ဆေးရုံသို့ရောက်လာချိန်တွင် ဆေးရုံမှလူများက မလိုအပ်သောလူများကို အမြန်ပြန်ခိုင်းလိုက်သည်။

138.2


မူလက ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ကလည်း ပြင်ရန် ပြင်ဆင်နေသော်လည်း သူတို့က ယွမ်ရှင်းကျဲ၏မိသားစုဝင်များဖြစ်၍ သူတို့ကို နေခွင့်ပြုထားလိုက်သည်။


သူတို့နှစ်ယောက် ဘုရင်မကို တွေ့လိုက်သည့်အခိုက်အတန့်တွင် မျက်လုံးများပြူးကျယ်ကုန်သည်။


သတင်းတွေမှာပဲ တွေ့ရလေ့ရှိတဲ့ အမျိုးသမီးက ယွမ်ရှင်းကျဲအတွက်နဲ့ ဆေးရုံအထိ လူကိုယ်တိုင် ရောက်လာတာလား...


ဘုရင်မက ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ကိုကြည့်ပြီး သူတို့၏နှုတ်ဆက်မှုကို ကျက်သရေရှိစွာဖြင့် လက်ခံလိုက်ကာ လေးနက်စွာပြောလိုက်သည်။


" ရှင်းကျဲရဲ့ အခြေအနေကိုကြားရတာ ကျွန်မလည်း စိတ်မကောင်းပါဘူး... ကျေးဇူးပြုပြီး စိတ်ချလက်ချသာနေပါ ကျွန်မ သူ့ကို ပစ်မထားပါဘူး... တော်ဝင်မိသားစုက သူ့ကိုကယ်ဖို့ အကောင်းဆုံးကြိုးစားမှာပါ..."


ပြောပြီးသည့်နောက် ဘုရင်မ၏နောက်မှ အခြွေအရံတစ်ယောက်က ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းကို ခဏတာ ထွက်သွားခိုင်းလိုက်သည်။


ဘုရင်မ လူနာဆောင်ဘက်သို့ ထွက်သွားသည်နှင့် ယွမ်ချန်ရှန့်က သူမ ကျောပြင်ကိုကြည့်ကာ ဆယ်စက္ကန့်ခန့် အေးခဲတောင့်တင်းသွားသည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် ချင်ရွှမ်းကို ကြည့်လိုက်သည်။


" ဘုရင်မက ရှင်းကျဲကို တော်တော်ဂရုစိုက်တာပဲ..."


ရှင်းကျဲက ဤမျှ ကောင်းကောင်းမွန်မွန်ဆက်ဆံခံရလိမ့်မည်ဟု ချင်ရွှမ်း မထင်ခဲ့မိပေ။


ဒါပေမဲ့ ဘုရင်မရဲ့လေသံက နည်းနည်းထူးဆန်းနေတယ် ဘယ်လိုပြောရမလဲ...


ရှင်းကျဲအပေါ်မှ အပြစ်မကင်းဖြစ်နေသလိုကြီး...


ဘုရင်မ လူနာဆောင်ထဲဝင်လိုက်သည်နှင့် ဥက္ကဌနှင့် မခြားလူများက ယွမ်ရှင်းကျဲ၏ဂလင်းကို စကင်န်ဖတ်ထားသည့်ပုံကိုကြည့်ကာ ပြန်လည်ကောင်းမွန်ရန်နည်းလမ်းများကို ဆွေးနွေးနေကြသည်။


လော့ဝမ်ချွမ်းက ဘေးတွင်ထိုင်နေပြီး ခေါင်းငုံ့ထား၍ သူ့မျက်နှာကို မမြင်ရပဲ မှောင်မည်းနေသည်။


လော့ဝမ်ချွမ်း ဆောက်တည်ရာမရဖြစ်နေသည်ကိုကြည့်ပြီး ဘုရင်မ စိတ်မသက်မသာဖြစ်သွားသည်။


ထို့နောက် ဆေးရုံခုတင်ပေါ်မှ ယွမ်ရှင်းကျဲကို မြင်လိုက်ရသည့်အခါ သူမလက်များပင် တုန်ယင်လာသည်။ နောင်တရမှုကြောင့် သူမ အသက်ရှုကြပ်လုနီးပါးပင်ဖြစ်သွားသည်။


ယွမ်ရှင်းကျဲက မျက်လုံးမှိတ်လျက် ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူ့လည်ပင်းညာဘက်တွင် ပတ်တီးဖြင့် သေသေချာချာစည်းထားသည်။


အဖြူရောင်ပတ်တီးပေါ်မှ အနီရောင် သွေးကွက်ကို မြင်လိုက်ရသည့်အခါ လော့ဝမ်ချွမ်းနှင့် ၁၀၀% တူညီသည့်ဂလင်းမှာ ဖြတ်တောက်ခံလိုက်ရကြောင်း အမှတ်ရသွားသည်။


ထို့အပြင် သူမက လက်သည်တရားခံများထဲမှတစ်ယောက် ဖြစ်နေသည်။


ဘုရင်မရောက်ရှိလာသည်ကိုမြင်၍ ပရိုက်စ်ဟိုတယ်မှဥက္ကဌက ချက်ချင်းပင် ဦးညွတ်အရိုအသေပြုလိုက်သည်။


" အရှင်မ... ကျွန်တော်မျိုးတို့ သူ့ကို နောက်တစ်ကြိမ်ထပ် ခွဲစိတ်ကြည့်ပါ့မယ်... ဒါပေမဲ့ အခြေအနေက အကောင်းဘက်မှာတော့မရှိပါဘူး... ကျွန်တော်တို့ ‌အသေးစားခွဲစိတ်မှုလေးတွေပဲ လုပ်လို့ရမယ်... အကြီးဓားခွဲစိတ်မှုတွေကတော့ အချိန်တစ်ခုအထိ လုပ်လို့မရနိုင်ပါဘူး..."


ဘုရင်မက ဥက္ကဌကို စိတ်အားထက်သန်စွာကြည့်ပြီး မေးလိုက်သည်။


" ဘယ်လောက်သေချာလဲ..."


" အမ် ဒါက... ဂလင်းက ယာယီတော့ ပြန်မကောင်းလာနိုင်ပါဘူး... ဒါပေမဲ့ ဂလင်းပေါ်က ဒဏ်ရာကိုကုသပေးဖို့ကြိုးစားပါ့မယ်... အဲ့ဒါမှ နောက်ပိုင်း ခွဲစိတ်မှု အကြီးစားလုပ်မယ်ဆို အဆင်ပြေနိုင်မှာပါ..."


ဥက္ကဌ၏နဖူးတွင် ချွေးပြန်နေပြီဖြစ်သည်။


"ယာယီ" ဟူသောစကားလုံး အသုံးပြုလိုက်ရခြင်းမှာ ဘုရင်မက သူ့ကို အပြစ်တင်မည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။


အမှန်တွင် ဂလင်းကဲ့သို့ ရှုပ်ထွေး၍ သေသပ်သောကိုယ်တွင်းအင်္ဂါမျိုးက အချိန်တိုအတွင်းတွင် ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းရှာဖွေရသည်မှာ ခက်ခဲလွန်းလှသည်။


ဘုရင်မက တည်ကြည်စွာဖြင့် ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် မင်းတို့ လက်မလျှော့ရဘူး..."


ဘုရင်မက ယွမ်ရှင်းကျဲကို အာရုံစိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြ၍ လော့ဝမ်ချွမ်းသည်ပင် သူမကို မော့ကြည့်လာသည်။ သူ့မျက်ဝန်းထဲတွင် ခန့်မှန်းရခက်သည့် ခံစားချက်တစ်မျိုးဖြစ်တည်လာသည်


" သူက အိုမီဂါဖြစ်ဖြစ် ဘီတာဖြစ်ဖြစ် ကျွန်တော် သူနဲ့ပဲနေမှာ... ဘယ်သူမှ ဒီကိစ္စကို တားလို့မရဘူး..."


ဘုရင်မက ထိုနေရာတွင်ပင်ရပ်လျက် အံ့အားသင့်နေသည်။


လော့ဝမ်ချွမ်း၏ ခိုင်မာသောအကြည့်က သူတို့ယခင် စကားပြောစဉ်ကနှင့် တစ်ထပ်တည်းဖြစ်သည်။


တစ်ချိန်တည်းမှာပင် ယွမ်ရှင်းကျဲက သူ့အတွက် အရေးအကြီးဆုံးလူဖြစ်ကြောင်းကိုပါ လော့ဝမ်ချွမ်းက ဘုရင်မကို ပြောပြလိုက်သည်။


သို့ရာတွင် ဘုရင်မက ယွမ်ရှင်းကျဲအပေါ် လော့ဝမ်ချွမ်း၏အချစ်ကို အထင်သေးနေမိဆဲဖြစ်သည်။


အချစ်က ဖယ်ရိုမုန်းနဲ့မှ မသက်ဆိုင်တာ...


" ရှောင်ချွမ်း မယ်တော်တောင်းပန်ပါတယ်..."

ဘုရင်မက မျက်လွှာချပြီး ရေရွတ်လိုက်သည်။


ဆေးရုံမှ အခြားဆရာဝန်များက ခေါင်းငုံ့ပြီး ထိုမြင်ကွင်းကို မမြင်ဟန်ဆောင်နေကြသည်။ 


လော့ဝမ်ချွမ်းသက်ပြင်းချလိုက်ပြီးနောက် ဘုရင်မကိုပြောလိုက်သည်။


" ကျွန်တော်တစ်ယောက်တည်းနေချင်တယ် မယ်တော့်ဘာသာ လုပ်စရာရှိတာလုပ်နေ..."


ပြောပြီးသည်နှင့် လော့ဝမ်ချွမ်း လူနာဆောင်ထဲမှ ထွက်သွားသည်။


ဘုရင်မ၏ကျောပြင်က အဆုံးမဲ့အထီးကျန်မှုများဖြင့် ပြည့်နှက်နေသည်။


သူမ၏ အပြစ်မကင်းမှုက အထွတ်အထိပ်ရောက်နေပြီဖြစ်သည်။


သူမသာ မသက်ဆိုင်သည့်ကိစ္စများကို ကြားဝင်မရှုပ်ခဲ့ပါက ချစ်သူနှစ်ယောက်မှာ ယခုအခြေအနေထိ ရောက်သွားလိမ့်မည်မဟုတ်ပေ။


ဒီလိုသာမဖြစ်ခဲ့ရင် သူတို့ အရမ်းပျော်နေရမှာ...


ဘုရင်မက မျက်လုံးမှိတ်ပြီး ဆေးရုံခုတင်ပေါ် လှဲလျောင်းနေသည့် လူငယ်လေးကိုကြည့်ကာ "တောင်းပန်ပါတယ်" ဟု နူးညံ့စွာပြောလိုက်သည်။


ခဏကြာပြီးသည့်နောက်တွင် ဘုရင်မက သူမ၏စိတ်ပင်ပန်းမှုနှင့် မိမိကိုယ့်ကိုအပြစ်တင်စိတ်များကို ပြန်ထိန်းထားလိုက်ပြီး ဆေးရုံဥက္ကဌကိုကြည့်ကာ ပြောလိုက်သည်။


" ငါ မင်းကို အရင်ကညွှန်ကြားထားတဲ့ကိစ္စကို မဖြစ်မနေလုပ်ပါ... တကယ်လို့ အခက်အခဲတစ်ခုခုရှိရင် တော်ဝင်မိသားစုကို အမြန်ဆုံးဆက်သွယ်ပါ..."


အားလုံးက နာခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။


" ပြီးတော့ ပစ္စည်းကိရိယာအကောင်းဆုံးတွေရှိတဲ့ လူနာဆောင်ကို ပြောင်းပေးပါ... ငါပြောတာ ဒီစကြာဝဠာထဲမှာ အကောင်းဆုံးလူနာဆောင်ကိုနော်... သူ သတိရလာရင်လည်း လိုအပ်တာမှန်သမျှ ဆေးရုံကထောက်ပံ့ပေးပါ... စားစရာတွေလည်း အရည်အသွေးမြင့်တာတွေပဲကျွေးပါ... အသုံးအဆောင် ကိရိယာတွေအားလုံးကိုလည်း  အဆင့်အတန်းမြင့်တာတွေပဲ သုံးပေးပါ... နောက်တစ်မျိုး ပြောရမယ်ဆိုရင်..."


" သူ့ကို အိမ်ရှေ့စံရဲ့ အနာဂတ်ကြင်ယာတော်တစ်ယောက်လိုပဲ ဆက်ဆံပေးပါ..."


ဆရာဝန်များက ဘုရင်မ၏ တောင်းဆိုချက်များကို မခြွင်းမချန် ချရေးထားကြသည်။


ဘုရင်မကလည်း ယွမ်ရှင်းကျဲကို အရေးကြီးသည့်လူတစ်ယောက်ဟု သဘောထားသည်ကို သူတို့မြင်တွေ့နိုင်သည်။ အကယ်၍ ဂလင်းများပြန်မကောင်းပါက သူတို့အားလုံး အနေအစားချောင်တော့မည်မဟုတ်ပေ။


ဘုရင်မက လူနာဆောင်ထဲမှ ထွက်လာပြီးနောက် လော့ဝမ်ချွမ်းကိုပြောလိုက်သည်။ 


" ရှောင်ချွမ်း... ရှင်းကျဲကို ပြုစုပေးဖို့ကိစ္စတွေအားလုံး မယ်တော်‌တာဝန်ယူပါတယ်... သား အရင်ဆုံး နန်းတော်ကို ပြန်သွားလိုက်ဦး... သားကအခု ထီးနန်းဆက်ခံသူဖြစ်သွားပြီဆိုတော့ ကိုင်တွယ်ရမယ့်ကိစ္စတွေအများကြီး ရှိလာပြီ... ပြီးတော့ သားးရဲ့ ခမည်းတော်က ဒီနေ့လုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်မကျေမနပ်ဖြစ်နေတယ်..."


လော့ဝမ်ချွမ်းက ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေပြီး သူ၏အမူအရာက တည်ငြိမ်နေရာမှ လေးနက်သည့်ဘက်သို့ ကူးပြောင်းသွားသည်။


သူ့မျက်ဝန်းထဲမှ တစ်စုံတစ်ခုက ပြောင်းလဲသွားသည်။


ထို့နောက် လော့ဝမ်ချွမ်းက ဘုရင်မကိုကြည့်ကာ နောက်သို့ မသိမသာဆုတ်လိုက်သည်။


မူလက သူ မီးရောင်အောက်တွင် ရပ်နေခြင်းဖြစ်သည်။ မှောင်ရိပ်ကျသည့်ထောင့်နေရာသို့ ဆုတ်သွားသောအခါ သူ့မျက်နှာပေါ်ရှိ အမူအရာက အမှောင်ထဲတွင် နားမလည်နိုင်ဖွယ်ရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


" ရှောင်ချွမ်း... ဘာကိစ္စပဲဖြစ်နေပါစေ ထီးနန်းဆက်ခံသူတစ်ယောက်ရဲ့ တာဝန်ကိုတော့ အပြည့်အဝယူရမယ်လေ..."


လော့ဝမ်ချွမ်းက ပုန်ကန်ချင်စိတ်ဖြစ်ပေါ်လာပြီး ဆက်ခံသူမဖြစ်ချင်တော့မည်ကိုစိုးရိမ်၍ ဘုရင်မက အလျင်အမြန်ပြောလိုက်ရသည်။


" သားက အရမ်းထူးချွန်တယ်ဆိုတာ အားလုံးသိကြတယ်လေ ... စိတ်မရှည်မဖြစ်သင့်ဘူး..."


အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။


" ကျွန်တော် ထီးနန်းဆက်ခံသူကောင်းတစ်ယောက်ဖြစ်အောင်နေမှာပါ..."


ဘုရင်မလည်း အံ့အားသင့်သွားသည်။


လော့ဝမ်ချွမ်း၏အသံက မည်သည့်အရာမှ မတွေ့ကြုံခဲ့ရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင်အထိ တည်ငြိမ်နေသည်။


သူက စိတ်ခံစားချက်များကို ဖုံးကွယ်ထားလိုက်ခြင်းဖြစ်သည်။


xxxxxxxxxx