အပိုင်း ၁၄၈
Viewers 17k

Chapter 148


လော့ဝမ်ချွမ်းက ဖန်သားပြင်ကို ထိုးဖောက်ပြီး သူ့ကိုလှမ်းကြည့်လိုက်သည်ဟုပင် ယွမ်ရှင်းကျဲ ခံစားလိုက်ရသည်။


သူ့ နှလုံးခုန်သံက ခဏတာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ထိုအချိန်တွင် သူ့ဘေးမှယူဂျင်းက မေးလာသည်။

" ရှင်းကျဲ ဗိုလ်လုပွဲမတိုင်ခင် ပြန်သွားမှာလား..."


ယွမ်ရှင်းကျဲက ခဏတာ တွေးတောနေပြီးမှ ပြန်ဖြေလိုက်သည်။


" ငါ့ ခန္ဓာကိုယ်က ပြန်ကောင်းလုနီးပါးဖြစ်နေပြီ... စိတ်စွမ်းအားတိုးစက်ကလည်း ပြီးခါနီးပြီ... ဒါပေမဲ့ အဲ့ဒါတွေမတိုင်ခင် ငါလုပ်ချင်တာတစ်ခု ရှိသေးတယ်..."


ပြောနေစဉ်မှာပင် ယွမ်ရှင်းကျဲက ချန်းယွမ်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။


" ဌာနမှူးချန်း... ဒီကိစ္စမှာ ဆရာ့အကူအညီလိုမယ်ထင်တယ်..."


ချန်းယွမ်မှာ အစောပိုင်းက အံ့မခမ်းဖွယ်ပြိုင်ပွဲအကြောင်းကို တွေးတောနေဖြစ်သည်။ ယွမ်ရှင်းသူ့ကိုလှမ်းခေါ်လိုက်သည့်အခါ သူ့အမူအရာက ချက်ချင်း လေးနက်သွားသည်။


" ပြောကြည့်လေ... ဘာပဲဖြစ်ဖြစ် ငါအကောင်းဆုံး လုပ်ပေးပါ့မယ်..."


ယွမ်ရှင်းကျဲက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့တောင်းဆိုချက်ကို ဖြည်းညင်းစွာပြောလိုက်သည်။


မက်ခါသုတေသနဌာနမှာ အင်ပါယာ၏ခံတပ်ကြီးဟူသော သင်္ကေတအဖြစ်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ၎င်းက အမျိုးမျိုးအဖုံဖုံအငြင်းပွားမှုများတွင် လွတ်လပ်စွာစွက်ဖက်နိုင်သော်လည်း နိုင်ငံရေး သို့မဟုတ် အခြားတိုက်ပွဲများတွင် မပါဝင်ခဲ့ဘဲ မက်ခါများကို လေ့လာခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။


သို့ဖြစ်၍ ယွမ်ရှင်းကျဲက ဤသို့သောတောင်းဆိုချက်ပြုလုပ်ရခြင်းကို အနည်းငယ် စည်းကျော်သည်ဟု ထင်သွားမိသည်။


ချန်းယွမ်က အလွယ်တကူ သဘောမတူနိုင်ဟု ထင်လိုက်မိသည်။ သို့မဟုတ် အခြားအခြေအနေတစ်ခုကို တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သည်။ ယွမ်ရှင်းကျဲက သူ့ကိုယ်သူ ပြင်ဆင်ထားပြီးပြီဖြစ်သည်။


ယွမ်ရှင်းကျဲပြောသည်ကို ကြားလိုက်ရသောအခါ အားလုံး၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များကို တွေ့လိုက်ရသည်။


ချန်းယွမ်က မျက်မှောင်ကြုတ်ပြီး အချိန်အတန်ကြာသည်အထိ စဉ်းစားနေခဲ့သည်။ သူ ငြင်းဆန်တော့မည်ဟုပင် ယွမ်ရှင်းကျဲတွေးလိုက်မိသည်။


" စိတ်မကောင်းပါဘူး..."


ယွမ်ရှင်းကျဲ စိတ်ပျက်သွားမိသည်။ ချန်းယွမ်ကို စည်းရုံးတော့မည့်အချိန်မှာပင် သူက ဆက်ပြောလာသည်။


" ငါတို့ဘက်က ဂရုတစိုက်မတွေးခဲ့မိလို့ မင်းကို ဒီကိစ္စအတွက် မြန်မြန်မကူညီပေးနိုင်ခဲ့ဘူး... အင်ပါယာမက်ခါသုတေသနဌာနက နိုင်ငံရေးနဲ့ဆိုင်နဲ့ကိစ္စတွေမှာ တစ်ခါမှ ဝင်မပါခဲ့ဖူးပေးမယ် မင်းအတွက်၊ အိုမီဂါတွေအားလုံးရဲ့ အနာဂတ်အတွက်နဲ့ အင်ပါယာက မက်ခါတွေအားလုံးအတွက်ဆိုရင်တော့ ငါတို့ ဒီစည်းမျဉ်းကို ချိုးဖောက်ပေးနိုင်ပါတယ်..."


ကျင်းရွှမ်ကလည်း မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသော အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ရှင်းကျဲ မင်းမတော်တဆ ဖြစ်ကတည်းက ငါတို့ ဒီကိစ္စကိုလုပ်ဖို့ တွေးမိတယ် ... ဒါပေမဲ့ မင်းဘယ်သူဘယ်ဝါဆိုတာ သိသွားပြီး မင်းလုပ်နေတဲ့ သုတေသနကို အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ အချိန်တစ်ခုအထိ မလုပ်ခဲ့တာပါ... အခုတော့ အချိန်တန်ပြီဆိုတော့ မင်းအသက်ရှုချောင်အောင် ငါတို့ကူညီပေးရမယ့်အချိန်ရောက်ပြီ..."


ယွမ်ရှင်းကျဲက လူအုပ်ကြီးကို မှင်သက်စွာကြည့်နေလိုက်ပြီးနောက် တအံ့တဩဖြင့် ရေရွတ်လိုက်သည်။


" တ... တကယ် လုပ်ချင်ကြတာလား..."

သူ့အသံထဲတွင် အံ့အားသင့်မှုများ ပါဝင်နေသည်။


" မင်းက မက်ခါသုတေသနဌာနအတွက် အများကြီးလုပ်ပေးခဲ့တာပဲ... ငါတို့ မင်းတစ်ယောက်တည်းကို မတိုက်ခိုက်ခိုင်းပါဘူး..."


ချန်းယွမ်က ယွမ်ရှင်းကျဲကိုကြည့်ကာ ပြောပြလိုက်သည်။


ယွမ်ရှင်းကျဲ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းစီးဆင်းသွားသည်။


" ကျေးဇူးတင်ပါတယ် ဌာနမှူးကျန်းနဲ့ ပရော်ဖက်ဆာကျင်း..."


ဘေးမှ ယူဂျင်း၏မျက်လုံးများက အနည်းငယ်နီရဲလာသည်။ သူတစ်ဖက်သို့လှည့်ပြီး မျက်ရည်များကိုသုတ်လိုက်ပြီးမှ ယွမ်ရှင်းကျဲဘက်သို့လှည့်လာကာ ပြုံးပြလိုက်သည်။


" မက်ခါ သုတေသနဌာနကို ခံတပ်လို့ခေါ်တာ ငါတို့ရဲ့ နည်းပညာတွေကြောင့်ပဲ မဟုတ်ဘူး... အရည်အချင်းတွေအားလုံးကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ..."


သူ့အသံထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေသည်။


ချန်းယွမ်က ယွမ်ရှင်းကျဲကို ရိုးသားစွာပြောလိုက်သည်။


" ဒါပေမဲ့ မင်းကို တော်ဝင်မိသားစုဘက်ကပဲ မဟုတ်ပဲ အယ်လ်ဖာတော်တော်များများကလည်း ငြင်းကြလိမ့်မယ်လို့ ဆရာထင်တယ်..."


" ကျွန်တော်သိပါတယ်... ဒါပေမဲ့ ကျွန်တော်မကြောက်ပါဘူး..."


ယွမ်ရှင်းကျဲက လေးနက်စွာဖြင့်သာ ပြန်ဖြေလိုက်သည်။


ချန်းယွမ်က သူ့စကားကြောင့် ရယ်လိုက်ပြီး မချီးကျူးပဲ မနေနိုင်တော့ပေ။


" မင်းရဲ့ သတ္တိကတော့ မင်းအရည်အချင်းလောက်နီးနီး လေးစားစရာကောင်းတာပဲ..."


–––


သုံးရက်ကြာပြီးနောက်


နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များကလည်း နီးကပ်လာပြီဖြစ်သည်။


အကြိုဗိုလ်လုပွဲတွင် ဂျက်ကော့စစ်တကွကသိုလ်က ယခင်နှစ်ချန်ပီယံဖြစ်သော နိုအာစစ်တက္ကသိုလ်ကို ရှုံးနိမ့်ခဲ့၍ သူတို့၏ခရီးစဉ်က အက်ြိုဗိုလ်လုပွဲ၌ပငါ ရပ်တန့်ခဲ့ရသည်။


သို့ဖြစ်၍ ဗိုလ်လုပွဲတွင် ရှင်းဟိုင်စစ်တက္ကသိုလ်က နိုအာစစ်တက္ကသိုလ်ကို စိန်ခေါ်ရမည်ဟူသည့်သဘောပင်ဖြစ်သည်။


အကယ်၍ ရှင်းဟိုင် ရှုံးနိမ့်သွားခဲ့ပါက နိုအာက အနိုင်ရရှိသွားခဲ့ပြီး နှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်တော့မည်ဖြစ်သည်။


သို့ရာတွင် ရှင်းဟိုင်က အနိုင်ရခဲ့ပါက ဆယ်နှစ်တာ ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင်မှ နိုင်ငံတော်အဆင့် မက်ခါပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာခဲ့ပြီး ထိပ်ဆုံးသို့ တက်လှမ်းနိုင်သွားမည်ဖြစ်သည်။


တစ်ဖက်က ဖျက်မြင်းဖြစ်နေပြီး အခြားတစ်ဖက်ကလည်း လူရည်ချွန်ဟောင်းဖြစ်နေ၍ ပြိုင်ပွဲအပေါ် အွန်လိုင်းပေါ်မှ အာရုံစိုက်မှုများက မကြုံစဖူး အခြေအနေအထိ မြင့်တက်လာခဲ့သည်။


သို့ရာတွင် ရှင်းဟိုင်ဘက်က အနိုင်ရရန် အခွင့်အရေးနည်းပါးလွန်းနေသည်ဟု လူအများစုက ထင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဘက်စုံခွန်အားက အားနည်းနေရုံသာမက ယွမ်ရှင်းကျဲကလည်း ပြိုင်ပွဲကွင်းထဲသို့ မရောက်ရှိလာသေးသောကြောင့်ဖြစ်သည်။


အကြိုဗိုလ်လုပွဲတွင် ဖန်းယွင်စစ်တက္ကသိုလ်နှင့် ရင်ဆိုင်ခဲ့ရသည်ကပင် သူတို့အတွက် အလွန်ခက်ခဲနေပြီးဖြစ်သည်။ ဖန်းယွင်ဘက်က အမှားမလုပ်ခဲ့ပါက ရှင်းဟိုင်က ဗိုလ်လုပွဲသို့ ရောက်ရှိလာခဲ့မည်မဟုတ်ပေ။


အားလုံးက မက်ခါပြိုင်ပွဲကိုသာ အာရုံစိုက်နေကြပြီး ယွမ်ရှင်းကျဲ၏ လက်ရှိအခြေအနေကိုလည်း တွက်ဆနေကြသည်။


Hot search ပေါ်တွက် သတင်းအပိုင်းအစတစ်ခု ရောက်ရှ်ိလာသည်။


[ မက်ခါသုတေသနဌာနက နောက်ဆုံးသုတေသနရလဒ်ဖြစ်တဲ့ စိတ်စွမ်းအားတိုးစက်အကြောင်း ကြေညာပါတော့မယ် ]


ထိုသတင်းထွက်ပေါ်လာသည်နှင့် hot searchတွင်သာမက လူမှုကွန်ယက် ပလက်ဖောင်းများပေါ်တွင်ပါ အုတ်အော်သောင်းနင်းဖြစ်သွားသည်။


မက်ခါသုတေသနဌာနက  စိတ်စွမ်းအားတိုးစက်ကို လူအများအားပြသရန်အတွက် နည်းပညာဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ချန်းယွမ်က သတင်းထောက်များမှတစ်ဆင့် ကြေညာခဲ့သည်။

148.2


ကျောက်စရစ်ခဲတစ်လုံးက လှိုင်းလုံးပေါင်းတစ်ထောင်ကို လှုပ်ခတ်သွားစေပြီး မက်ခါဝါသနာအိုးများအားလုံး အရူးအမူးဖြစ်ကုန်ကြသည်။


(ဘုရားရေ ချန်းယွမ်တီထွင်လိုက်ပြန်တာလား... သုတေသနဌာနကတော့ အရမ်းလျှို့ဝှက်တာပဲ..)


(သူတို့က အင်ပါယာရဲ့ ခံတပ်ကြီးဖြစ်ထိုက်ပါပေတယ်... စိတ်စွမ်းအားတိုးစက်နည်းပညာအဆင့်ထိတောင် တီထွင်နိုင်နေပြီပေါ့...)


(ငါလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ့်နေရာသွားချင်လိုက်တာ သမိုင်းဝင်အချိန်တစ်ခုကို ငါကိုယ်တိုင်မျက်လုံးနဲ့ တပ်အပ်မြင်ချင်တယ်...)


(စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်း ဘယ်လောက်ပါလိမ့် ၂ဆလောက် ထပ်တိုးသွားမလားမသိ...)


“…”


စိတ်စွမ်းအားတိုးစက်ကို တီထွင်ခဲ့သူက သတင်းစာရှင်းလင်းပွဲတွင် ပေါ်လာမည့်သူဖြစ်ကြောင်း ချန်းယွမ်က အားလုံးကို ရှင်းပြခဲ့သည်။


ထိုအချိန်တွင် အင်ပါယာတစ်ခုလုံးက သတင်းစာရှင်းလင်းပွဲကို စိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့ကြသည်။


မဟာမိတ်ဘက်မှ ထိပ်တန်းအရာရှိများပင် နိုးနိုးကြားကြားဖြစ်နေကြသည်။ ၎င်းတို့အားလုံး စုဝေးပြီး အင်ပါယာမက်ခါသုတေသနဌာနက အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရခြင်းကို ခန့်မှန်းနေကြသည်။


နည်းပညာတွေ ပေါက်ကြားကုန်မှာကို မကြောက်ကြဘူးလား...


နိုင်ငံသားများက ဤသတင်းကြောင့် စိတ်လှုပ်ရှားနေကြပြီး အဓိကမက်ခါကုမ္ပဏီကြီးများ၏ ထိပ်သီးပိုင်းများကလည်း အရူးအမူးဖြစ်ကုန်ကြသည်။


အားလုံးက နီးစပ်ရာ အဆက်အသွယ်များကို အကူအညီတောင်းကာ သတင်းစာရှင်းလင်းပွဲလက်မှတ်ရရန် ကြိုးစားကုန်ကြသည်။


သူတို့က ဤအချိန်ကို မျက်မြင်ကိုယ်တွေ့ မြင်ချင်ကြရုံသာမက ဤနည်းပညာကိုတီထွင်ခဲ့သည့် လူတော်ကိုလည်း တွေ့မြင်ချင်နေကြသည်။


ချီလင်ကုမ္ပဏီမှ ဥက္ကဌလျှို့က ချီယင်ကို ဖုန်းဆက်မေးသည်။


" ဗိုလ်ချုပ်ချီယင်... ကျုပ်ကို သတင်းစာရှင်းလင်းပွဲဆီ ခေါ်သွားပေးလို့ရလား... စိတ်စွမ်းအားတိုးစက်ကို တီထွင်ခဲ့တဲ့သူက ခင်ဗျားပြောတဲ့ လူတော်ပဲဖြစ်မယ်..."


" ဒါ... ဒါတော့ ကျုပ်လည်း မသိသေးဘူး... လက်မှတ်တွေရဖို့က နည်းနည်းခက်နေတယ်..."

ချီယင်က ရှက်သွားသည့်ပုံဖြင့် ပြောလိုက်သည်။


ဥက္ကဌလျှို့က အလျင်အမြန်ပင်ပြောလိုက်သည်။

"‌ဗိုလ်ချုပ်ချီယင် ခင်ဗျားက မက်ခါသုတေသနဌာနနဲ့ ရင်းနှီးနေပြီးသားပဲမလား... ကျုပ်ကို လာနောက်နေတာလား..."


ချီယင်က နှစ်ကြိမ်တိတိ ရယ်လိုက်သည်။


" ကျုပ် ကြိုးစားကြည့်ပါဦးမယ်..."


အမှန်တွင် မက်ခါသုတေသနဌာနက ချီယင်နှင့် အဆက်အသွယ်ဖြတ်လိုက်သည်မှာ အတန်ကြာပြီဖြစ်သည်။ သို့ဖြစ်၍ အကူအညီတောင်းရန်က မလွယ်ကူတော့ပေ။


သို့ရာတွင် ဤတစ်ကြိမ်၌ ချီယင်လည်း ထို‌နေရာတွင်ရှိနေမှ ရလိမ့်မည်ဖြစ်သည်။


သူ့ထံမှ အဆက်အသွယ်အားလုံးကိုသုံးကာ လက်မှတ်တစ်စောင်ရရန် ကြိုးပမ်းလိုက်သည်။


" ချီမိသားစု နောက်တစ်ကြိမ် ပြန်ပြီး ဦးမော့လာနိုင်ဖို့က ဒီတစ်ခေါက်ကိစ္စပေါ် မူတည်နေတယ်... အဲ့လူတော်ကိုသိရပြီး သူ့အကူအညီတွေရဖို့ နည်းလမ်းရှာနိုင်ရင် အရာအားလုံး အဆင်ပြေသွားမှာ..."


ချီယင်က လက်မှတ်ကိုကြည့်ကာ ပြုံးလိုက်သည်။


တစ်ချိန်တည်းမှာပင်...


ယွမ်ချန်ရှန့်က ယွန်ရှင်းကျဲထံမှ လက်မှတ်ရနိုင်ရန်အတွက် သူ့ကိုဆက်သွယ်နေသော်လည်း လုံးဝအဆက်အသွယ်မရဖြစ်နေသည်။


" ဒီကလေးကတော့ အရေးကြီးတဲ့အချိန်ဆိုရင် အဆက်အသွယ်မရတော့ဘူး... အင်ပါယာတစ်ခုလံး မဟုတ်သေးဘူး ကြယ်အစုအဝေးအင်ပါယာထဲက မက်ခါကုမ္ပဏီတွေအားလုံးက ဒီသတင်းသားရှင်းလင်းပွဲကို စောင့်နေကြတာ...ရှင်းကျဲက သုတေသနဌာနကလူဖြစ်ပြီး ငါတို့ကိုဘာလို့ မကူညီရတာလဲ..."


ယွမ်ချန်ရှန့် ပူပန်နေသည်။


ချင်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။


" ရှင်းကျဲက အခုချိန် အလုပ်ရှုပ်နေမှာပေါ့... ပြီးတော့ သူက ရာထူးမရှိသေးတဲ့ အလုပ်သင်လေ... အဲ့ဒါကြောင့် လက်မှတ်ရဖို့က မလွယ်ပါဘူး..."


" ဟုတ်သားပဲ..."

ယွမ်ချန်ရှန့် သက်ပြင်းချလိုက်သည်။


" ငါ အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို သွားရဖို့မျှော်လင့်တယ်... အဲ့လိုမဟုတ်ရင်တောင် အနည်းဆုံးတော့ အဲ့ဒီလူတော်နဲ့ ငါတို့ချန်ရှန့်ကုမ္ပဏီကို မိတ်ဆက်ပေးသင့်တာပေါ့..."


ကြယ်အစုအဝေးအင်ပါယာအတွင်းမှ လူသန်းပေါင်းများစွာမျှော်လင့်နေကြသော အင်ပါယာမက်ခါသုတေသနဌာန၏ သတင်းစာရှင်းလင်းပွဲကို နှစ်ရက်အကြာတွင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။


နည်းပညာဆိုင်ရာသတင်းစာရှင်းလင်းပွဲကို အင်ပါယာ၏ အခမ်းနားဆုံး ခန်းမဆောင်တွင် ကျင်းပမည်ဖြစ်သည်။ ယျေဘုယျအားဖြင့် တော်ဝင်မိသားစုဝင်များသာ ဝင်ထွက်သွားလာခွင့်ရှိသောကြောင့် ဤသတင်းစာရှင်းလင်းပွဲတွင် ရာထူးမြင့်ပိုင်းအရာရှိများ၏ အရေးပါပုံကိုလည်း ပြသရန် လုံလောက်ပြီဖြစ်သည်။


သတင်းစာရှင်းလင်းပွဲအတွင် လက်မှတ်များရရန် ခကခဲလှသည်။ ယွမ်မိသားစုက ယွမ်ရှင်းကျဲနှင့်  အဆက်အသွယ်မရသောကြောင့် ဤပွဲကိုတက်ရန် မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သို့ရာတွင် အင်ပါယာမက်ခါသုတေသနဌာနကိုယ်တိုင်က သူတို့ကို လက်မှတ်နှစ်စောင် ပို့လိုက်မည်ဟု မထင်မှတ်ထားခဲ့ပေ။


ယွမ်ချန်ရှန့်က အလွန်ဝမ်းသာနေပြီး ချင်ရွှမ်းကိုပြောလိုက်သည်။


" ရှင်းရှင်းက ငါတို့ကိုကူညီဖို့ ပို့ပေးလိုက်တာဖြစ်မယ်... သူက သိတတ်သေးသားပဲ..."


ချင်ရွှမ်းက လက်မှတ်များကို မြင်လိုက်ချိန်တွင် တွေးလိုက်သည်။


ယွမ်ရှင်းကျဲက ယွမ်မိသားစုကို မုန်းပေမယ့် အရင်အတိုင်း မပြောင်းလဲသေးဘူးပဲ... ကြင်နာတတ်တဲ့ ကလေးလေး...


လင်မယားနှစ်ယောက်လုံး စိတ်အေးသွားကြသည်။


ပွဲ မစတင်မီတွင်...


အင်ပါယာ၏ မက်ခါလောကရှိ ထင်ရှားကျော်ကြားသော ဇာတ်ကောင်အားလုံးနီးပါးက ညီလာခံခန်းမအပြင်ဘက်တွင် ပေါ်လာသည်။


စောင့်ဆိုင်းနေကြစဉ်တွင် ချီယင်က သူ၏ရာထူးဂုဏ်ရှိန်ကြောင့် အာရုံစိုက်မှုအများအပြားကို ရရှိထားသည်။


ချီယင်က ယွမ်ရှင်းကျဲကို အတင်းအကြပ်စေ့စပ်ခိုင်း၍ ဂလင်းဖြတ်တောက်လိုက်ရသည်အထိ ကိစ္စများဖြစ်ပျက်ခဲ့သော်လည်း ဘုရင်မက သူ့နောက်မှ ထောက်ပံ့ပေးနေသေးသည်။ ထိုအဖြစ်အပျက်က ကိစ္စကြီးမဟုတ်သကဲ့သို့သဘောထားကာ သူ့ကို ကပ်ဖားလျက်ဖားလုပ်မည့်လူများစွာ ရှိနေသေးသည်။


xxxxxxx