အပိုင်း ၁၅၀
Viewers 17k

Chapter 150


" သူ့က တော်တယ်လို့ ထင်ကြလား..."

သူ့ဘေးက ကျင်းရွှမ်က ပြုံးပြ၍ ရုတ်တရက်မေးလိုက်သည်။


ပရိသတ်များထံမှအသံက တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာသည်။


" အရမ်း အံ့ဩစရာကောင်းတဲ့လူပဲ..."


ကျင်းရွှမ် ထပ်မေးလိုက်ပြန်သည်။


" ဒါဆိုရင် ဒီစက်ကို တီထွင်တဲ့သူကို ဘယ်လိုဆက်ဆံသင့်တယ်လို့ ထင်ကြလဲ..."


စင်အောက်မှ သူ့နေရာသို့ ပြန်ရောက်သွားသည့် ယွမ်ချန်ရှန့်က အော်လိုက်သည်။


" ကျုပ်ကတော့ ကုမ္ပဏီရဲ့ရှယ်ယာတွေကို သူလိုချင်သလောက် ပေးပစ်မှာ..."


အခြားသူများကလည်း အကြောမခံကြပေ။


" ကျုပ် ကုမ္ပဏီကိုလာရင် ... သူနှစ်တိုင်း ဘာလိုချင်တယ်ပြောပြောပေးမှာ..."


" ကျွန်တော်က သူ့ကို အင်ပါယာမ်ြ်ို့တော်အလယ်က အထပ်မြင့် အဆောက်အဦးကြီးတစ်ခုလုံးပေးမှာ..."


" ဂြိုဟ်တစ်ခုပါ ဝယ်ပေးလိုက်ဦးမှာ..."


“…”


ထိုလူအုပ်စုကြီးက ရူးနှမ်းနေသောဓားပြတစ်အုပ်စုကဲ့သို့ ပြုမူနေသည်ကို ယွမ်ချန်ရှန့်နားထောင်ကာ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။


" သောက်ကျိုးနည်း... ဘယ်သူက ဂြိုဟ်တစ်လုံးဝယ်ပေးနိုင်တဲ့အထိ ချမ်းသာနေလို့လဲ..."


ချင်ရွှမ်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


" ဒီ စိတ်စွမ်းအားတိုးစက်တစ်ခုတည်းနဲ့တင် ဂြိုဟ်တစ်လုံးထက်ပိုပြီး တန်ဖိုးရှိတယ်... သုတေသနဌာနက လူတွေက စိတ်စွမ်းအားတိုးစက်တီထွင်နိုင်ဖို့ အနည်းဆုံး နှစ် ၂၀လောက်ကြာမယ်လို့ အားလုံးခန့်မှန်းခဲ့ကြတာ ရှင်သိရဲ့လား... ဒီနည်းပညာကိုရသွားတဲ့ ကုမ္ပဏီကတော့ နှစ်၂၀လောက် ခေတ်ရှေ့ပြေးသွားတာပဲ..."


ချီယင် ချောင်းဟန့်ပြီးနောက် အော်ပြောလိုက်သည်။


" အဲ့ဒီလူသာ ဆန္ဒရှိမယ်ဆိုရင် သူကစစ်တပ်ဘက်မှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ်... ပြီးတော့ စစ်ဘက်ဆိုင်ရာ သုတေသနနဲ့ မက်ခါအသစ်တွေထုတ်တာကိုလည်း ကူညီပေးလို့ရနိုင်တယ်... ဒီလို အရည်အချင်းမျိုးကို ကြယ်အစုအဝေးအင်ပါယာတစ်ခုလုံးက လေးစားတန်ဖိုးထားသင့်တယ်လေ..."


ကျင်းရွှမ်က ယွမ်ချန်ရှန့်နှင့် ချီယင်ကို တစ်လှည့်စီကြည့်လိုက်ကာ ရုတ်တရက် ထရယ်လိုက်ပြီး သူမမျက်ဝန်းထဲတွင် အဓိပ္ပါယ်မဖော်နိုင်သော အကြည့်တစ်မျိုးရှိနေသည်။


" ဒါဆိုရင် သူ့ကို လေးစားပြီးတန်ဖိုးထားသင့်တယ်လို့ ရှင်တို့အားလုံးထင်တယ်ပေါ့..."


ချီယင်က ယခုချိန်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၍ ကျင်းရွှမ်၏စကားထဲမှ လှောင်ပြောင်သရော်မှုကို အာရုံမခံမိပေ။ ချီယင်က သူ့ကိုယ်သူ ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံကာ လေးစားခံထိုက်သင့်သူဟု သတ်မှတ်ထား၍ ရိုးသားစွာပြောလိုက်သည်။


" ကျုပ်က ချီမိသားစုကလူပါ စကားကြီးစကားကျယ်တွေ မပြောတတ်ဘူး... ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ကျုပ် သူ့ကိုလေးစားတယ်... သူ ဘယ်လို နောက်ခံမျိုးပဲဖြစ်ဖြစ် အနာဂတ်မှာ အင်ပါယာမက်ခါစစ်တပ်မှာ နေရာတစ်ခု ရစေရမယ် ..."


ထို"လူတော်" ကို ယခုအချိန်မဆွဲထားမိပါက တံခါးမှပြန်ထွက်သွားသည်နှင့် အခြားရာထူးကြီးလူများက သူ့ကိုခေါ်ဆောင်သွားမည်ကို စိုးရိမ်နေမိသည်။


သို့ဖြစ်၍ ချီယင်က သူ့ရာထူးကိုအသုံးချကာ အပေးအယူလုပ်လိုက်သည်။


" ကြည့်ရတာ ဗိုလ်ချုပ်ချီယင်က အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားတတ်တဲ့ပုံပဲ... အံ့ဩဖို့ကောင်းလိုက်တာ..."


ချန်းယွမ်က ချီယင်ကို အမူအရာမဲ့စွာဖြင့် ကြည့်နေပြီး ဖြည်းဖြည်းပြောလိုက်သည်။


ချီယင် ခေါင်းငြိမ့်ပြလိုက်သည်။

" ဌာနမှူးချန်း ကျေးဇူးပြုပြီး စက်ကိုတီထွင်ခဲ့တဲ့သူကို ကျုပ်တို့နဲ့ မိတ်ဆက်ပေးပါလား..."


" ဒါဆိုရင်တော့လည်း..."

ချန်းယွမ်က စင်အနောက်ကိုကြည့်ကာ ပြောလိုက်သည်။


" ထွက်လာလို့ရပြီ..."


ချန်းယွမ်ခေါ်လိုက်သည့်အသံကြားသောအခါ စင်နောက်တွင်ထိုင်ကာ ပျင်းရိပျင်းတွဲဖြင့် နေကြာစေ့ခွာစားနေသော ယွမ်ရှင်းကျဲက ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီးနောက် တီးတိုးပြောလိုက်သည်။


" ဌာနမှူးချန်က သူ့အပိုင်းကိုသူ သေချာလုပ်ပေးလိုက်ပြီပဲ..."


အားလုံး၏မျက်စိရှေ့မှောက်တွင် ဝတ်စုံပြည့်ဝတ်ထားသည့် အးသက်လတ်ပိုင်းအရွယ် အယ်လ်ဖာတစ်ယောက် ပေါ်လာသည်။ စင်မြင့်ပေါ်တွင်ရပ်နေသည့် သူ့ပုံစံက အရပ်ရှည်ရှည်နှင့် ဩဇာညောင်းသည့်ပုံပေါ်နေသည်။


သတင်းထောက်များ၏ ကင်မရာမီးတဖျတ်ဖျတ်များကြောင့် ချန်းယွမ်၏မျက်လုံးများ ကျိန်းလုမတတ်ပင်ဖြစ်သွားသည်။


ချီယင်က ပြုံးလိုက်ပြီးသည်နှင့် မေးလိုက်သည်။

" သူက စိတ်စွမ်းအားတိုးစက်ကို တီထွင်တဲ့သူလား... ကျုပ် မင်းကို တော်တော်လေးစားမိတယ်..."


သူ့စကားမဆုံးမီတွင် အယ်လ်ဖာက လက်ကာပြလိုက်သည်။


နောက်တစ်စက္ကန့်အကြာတွင် ...


အဖြူရောင်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် ခံ့ခံ့ညားညားကောင်လေးတစ်ယောက်က အားလုံး၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာသည်။


အစောပိုင်းကထွက်လာသော အယ်လ်ဖာမှာ သူ၏သက်တော်စောင့်ဖြစ်သည်။


သူစင်မြင့်ပေါ် တက်လာသည်နှင့် နောက်မှလိုက်လာသော အယ်ဖာများကိုကြည့်ခြင်းအားဖြင့် ထိုလူက အင်ပါယာမက်ခါသုတေသနဌာနအတွက် အရေးပါသူတစ်ယောက်ဖြစ်ကြောင်း ပြသရန် လုံလောက်‌နေသည်။


ထိုလူ၏ မျက်နှာကို ချီယင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် သူ့ခေါင်းပေါ်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားပြီး ပါးစပ်မှ နာမည်တစ်ခုက်ု ထွက်သွားမိသည်။


" ယွမ်ရှင်းကျဲလား..."


ယွမ်ချန်ရှန့်နှင့် ချင်ရွမ်းတို့လည်း အံ့အားသင့်သွားကြသည်။


" ဒါ... ရှင်းကျဲ... သူ... သူကရော သတင်းစာရှင်းလင်းပွဲ တက်ခွင့်ရှိတာလား..."


ယွမ်ချန်ရှန့်က သူ့ကို တအံ့တဩဖြင့် ကြည့်နေသည်။


ချင်ရွှမ်းကလည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။


ယွမ်ရှင်းကျဲက စင်မြင့်ပေါ်သို့ အဘယ့်ကြောင့်ရောက်လာရခြင်းကို သူမ မသေချာဖြစ်နေသည်။


ပရိသတ်ထဲမှ အခြားလူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


" ယွမ်ရှင်းကျဲတဲ့လား... သူက အရင်တစ်ခါက ဂလင်းကို ဖြတ်ပစ်လိုက်တဲ့ အိုမီဂါမလား..."


" အင်းဟုတ်တယ်လေ... သူက ဒုတိယမင်းသားကြိုက်နေတဲ့ကောင်လေးမလား... ဘာလို့ ဒီကိုရောက်လာရတာလဲ..."


" မဟုတ်မှလွဲရော..."


မရေမတွက်နိုင်သော မျက်ဝန်းများရှေ့တွင်ပင် ယွမ်ရှင်းကျဲက စင်မြင့်၏ အလယ်ဗဟိုနေရာဖြစ်သော ချန်းယွမ်၏ဘေးတွင် တည်ငြိမ်စွာဝင်ထိုင်လိုက်သည်။


ပရိသတ်များကလည်း ငြိမ်ကျသွားကာ သတင်းထောက်များကလည်း ဓာတ်ပုံရိုက်ယူရန်ပင် မေ့လျော့နေကြသည်။


ချီယင်၏ မျက်လုံးများက ပြုတ်ကျလုမတတ်ပင်ဖြစ်နေသာ်။ သူ့စိတ်ထဲတွင် ရုန်းကန်နေရသော်လည်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။


" ယွမ်ရှင်းကျဲ... သူ နေရာမှားလာတာများလား... သူက ဘယ်လိုလုပ်..."


ခဏအကြာတွင် ချန်းယွမ်ပြောလိုက်သည့်စကားများက ချီယင်ကို ငုတ်တုတ်မေ့သွားစေသည်။


" ဒီနည်းပညာကို တီထွင်ခဲ့တဲ့လူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ချီယင်နဲ့ ယွမ်ချန်ရှန့်တို့ အတင်းအကြပ် လက်ထပ်ခိုင်းလို့ စေ့စပ်ပွဲအခမ်းအနားမှာ လက်ထပ်ပွဲကို တားဖို့ ဂလင်းတွေ ဖြတ်ပစ်လိုက်ရတဲ့ အိုမီဂါလေးပဲ... နောက်တော့ သူ့အသက်ကို လူနာဆောင်ထဲမှာ မနည်းလုနေရပြီးတော့မှ ပြန်ရောက်လာခဲ့တဲ့ ယွမ်ရှင်းကျဲပေါ့လေ..."


ချီယင်နှင့် ယွမ်လင်မယားကိုကြည့်ပြီး ကျင်းရွှမ်က သရော်လိုက်ပြန်သည်။


" အရည်အချင်းရှိသူတွေကို တန်ဖိုးထားတတ်တဲ့ ဗိုလ်ချုပ်ကြီးချီနဲ့ ယွမ်မိသားစုက အတင်းစေ့စပ်ခိုင်းလို့ သေမလိုဖြစ်သွားတဲ့ကောင်လေးက  စိတ်စွမ်းအားတိုးစက်ရဲ့နည်းပညာကို တီထွင်ခဲ့တာပါ..."


ပရိသတ်များအားလုံးက သုသာန်စတပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။

150.2


ထိုသို့သော အံ့အားသင့်စရာမြင်ကွင်းမျိုးက သတင်းစာရှင်းလင်းပွဲတွင် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။


စင်မြင့်ပေါ်မှ သုတေသီအားလုံးကလည်း ယွမ်ချန်ရှန့်နှင့် ချီယင်ကို ငုံ့ကြည့်နေကြသည်။


၎င်းတို့၏ပုံစံက " ဒီလိုလူမျိုးတွေက ဒီနည်းပညာနဲ့ ထိုက်တန်ရဲ့လား" ဟု မေးနေသကဲ့သို့ပင်။


ချီယင် မူလက ထိတ်လန့်သွားသော်လည်း သူ့အမူအရာက ထိတ်ထိတ်ပျာပျာဖြစ်သွားသည့်ပုံအဖြစ်သို့ ပြောင်းလဲသွားသည်။


ကျင်းရွှမ်စကားဆုံးသည်နှင့် ပရိသတ်အားလုံး၏အကြည့်များက သူ့ကို မေးခွန်းထုတ်နေသည့်ပုံစံဖြစ်သွား၍ သူ့ခြေလက်များပင် အေးစက်လာသည်။


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်း၏တုံ့ပြန်မှုက ချီယင်ထက်ပို၍ ပြင်းထန်သည်။


" ရှင်းကျဲ ရှင်းကျဲ... သူ... သူက စိတ်စွမ်းအားတိုးစက်ကို တီထွင်တဲ့သူလား..."


ယွမ်ချန်ရှန့်က အံ့ဩတကြီးပုံဖြင့်ကြည့်လိုက်ပြီး ယွမ်ရှင်းကျဲကို သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်နေသည်။


တစ်စက္ကန့်အကြာတွင် ယွမ်ချန်ရှန့်က သူ့မျက်နှာသူ ခပ်ပြင်းပြင်း ဆိတ်ဆွဲလိုက်သည်။ နာကျင်သွားသည့်သဖြင့် ဤအဖြစ်အပျက်က အိမ်မက်မဟုတ်ကြောင်း သဘောပေါက်သွားသည်။


ချင်ရွှမ်းလည်း ပါးစပ်အဟောင်းသားသာ ဖြစ်နေနိုင်တော့သည်။


ယွမ်ရှင်းကျဲက မက်ခါသုတေသနဌာသို့ ဝင်ရောက်ခဲ့သော်လည်း သူက သာမန်အလုပ်သင်တစ်ယောက်သာ မဟုတ်ခဲ့ပေ။


သူက ချီယင်ပြောနေခဲ့သည့် "လူတော်" တစ်ယောက် ဖြစ်နေခဲ့သည်။


ချီယင်ကလည်း ထိုအကြောင်းကို သဘောပေါက်သွားသည့်အတွက် သူ့မျက်နှာက ဖြူလိုက်နီလိုက် ဖြစ်လာသည်။


သူ သေလုမျောပါး အရိုက်နှက်ခံရမယ်ဆိုရင်တောင်မှ ဒီအချိန်အတောတွင်း သူ ကပ်ဖားလျက်ဖားလုပ်ချင်နေခဲ့တဲ့ "လူတော်" က ယွမ်ရှင်းကျဲဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး...


ချီယင်အတွက်မူ ယွမ်မိသားစုကို အထင်အမြင်သေးကာ ယွမ်ရှင်းကျဲကို လက်ထပ်ပေးရမည့်ပစ္စည်းတစ်ခုအဖြစ်သာ သဘောထားခဲ့၍ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ဖြစ်သွားကာ နားများပင်အူထွက်သွားသည်ဟု ခံစားလိုက်ရစေသည်။


ယွမ်ချန်ရှန့်က အပျော်လွန်နေ၍ သူ့လက်ချောင်းများပင် တုန်ယင်နေသည်။


သို့ရာတွင် သုတေသီများ၏ အထင်အမြင်သေးသော အကြည့်များနှင့် ယွမ်ရှင်းကျဲ၏ ဂရုမစိုက်သောအကြည့်များကြောင့် သူ့ကို ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ခံစားရစေသည်။


"ရှင်းကျဲက ဒီနည်းပညာကို ယွမ်မိသားစုကိုပဲပေးလောက်မှာပါ ဟုတ်တယ်မလား... ငါတို့က မိသားစုဝင်တွေပဲလေ..."


ယွမ်ချန်ရှန့်က စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ထားပြီး ဘေးနားမှ ချင်ရွှမ်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။


ယွမ်ချန်ရှန့်၏မေးခွန်းကို ချင်ရွှမ်းက ပြန်ဖြေရမည့်အစား အနည်းငယ် မျက်မှောင်ကြုတ်နေပြီး သူမ အမူအရာက အဆိုးဘက်သို့ရောက်နေဟန်ပေါ်သည်။

  

" ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်က ယွမ်ရှင်းကျဲပါ..."


ဆယ်ကျော်သက်လေးက စင်မြင့်၏ အလယ်တွင်ထိုင်ကာ လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။ သူ့လည်ပင်းမှ အမာရွတ်က ပျောက်ကွယ်လုနီးနီးဖြစ်နေသော်လည်း အကြည့်မလွှဲချင်စရာ ဖြစ်နေသည်။


" စိတ်စွမ်းအားတိုးစက်နဲ့ ပက်သတ်ပြီး ဘာမေးခွန်းတွေများ မေးချင်ကြသေးလဲမသိဘူး..."


" ယွမ်ရှင်းကျဲ မင်းက တကယ်ပဲ စိတ်စွမ်းအားတိုးစက်ကို တီထွင်တဲ့သူလား..."


" ဟုတ်ပါတယ်..."


" ဒီစက်အတွက် ဘယ်လို သတ္တုမျိုးတွေကို သုံးခဲ့လဲဆို‌တာ မေးခွင့်ရှိမလား... သူတို့က ဈေးကြီးလား..."


" ဈေးကြီးပါတယ်..."


" ဒီနည်းပညာကို လူသိရှင်ကြား ထုတ်ဖော်မှာလား..."


နောက်ဆုံးမေးခွန်းက အားလုံး၏သိချင်စိတ်ကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။ ပရိသတ်အားလုံးက အသက်အောင့်ထားလိုက်ကြပြီး ယွမ်ရှင်းကျဲ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။


ယွမ်ရှင်းကျဲက သတင်းထောက်ကိုတစ်ချက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


" ကျွန်တော် အချိန်တစ်ခုအထိတော့ မထုတ်ဖော်သေးပါဘူး..."


မက်ခါကုမ္ပဏီပိုင်ရှင်သူ‌ဌေးများက မမေးပဲ မနေနိုင်တော့ပေ။


" ဒါဆိုရင် တခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမှာလား ဒါမှမဟုတ် ဒီနည်းပညာကို ယွမ်မိသားစုပိုင် ချန်ရှန့်ကုမ္ပဏီကိုပဲ တရားဝင်လွှဲပေးမှာလား..."


ထိုမေးခွန်းကိုကြားပြီးသည့်နောက်တွင် ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲကို မျှော်လင့်တကြီးကြည့်လိုက်သည်။ ထိုကလေးက သူ့ကို စိတ်ပျက်စေမည်မဟုတ်ဟု ယုံကြည်နေသည်။


" ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိလာမှာပါ... ဒါပေမဲ့ တချို့တောင်းဆိုချက်လေးတွေတော့ရှိဦးမယ်..."


ယွမ်ရှင်းကျဲက ပရိသတ်အားလုံးကို ကြည့်လိုက်ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာကိုကြည့်လိုက်သည်။


" အခုလောလောဆယ်တော့ ဒီနည်းပညာရဲ့ မူပိုင်ခွင့်က ကျွန်တော့်လက်ထဲမှာပဲရှိတယ်... လူတော်တော်များများက ဒါကို လိုချင်ကြမယ်ဆိုတာ သိပါတယ် ဒါပေမဲ့..."


သတင်းစာရှင်းလင်းပွဲမှ လူများသာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေသူများပင် ယွမ်ရှင်းကျဲ၏တောင်းဆိုချက်ကို သိချင်နေကြ၍ အသက်အောင့်ထားကြသည်။


" ဥပဒေပြုလွှတ်တော်က ပြဌာန်းထားတဲ့ ကိုက်ညီမှုဒီဂရီအမြင့်ဆုံးဖြစ်တဲ့ အယ်လ်ဖာနဲ့ အိုမီဂါတွေကပဲ လက်ထပ်ရမယ်ဆိုတဲ့ လက်ထပ်ထိမ်းမြှားမှုဥ‌ပဒေကို ပယ်ဖျက်ပေးစေချင်ပါတယ်..."


ပရိသတ်များအားလုံး ထိတ်လန့်သွားကြသည်။


ယွမ်ရှင်းကျဲ၏ရဲတင်းမှုကြောင့် အားလုံး ကြောက်လန့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။


" တကယ်လို့ ဒီဥပဒေကို မပယ်ဖျက်ပေးဘူးဆိုရင်တော့... ကျွန်တော် ဘယ်သူ့ကိုမှ ဒီနည်းပညာကို မပေးပါဘူး..."


ယွမ်ရှင်းကျဲက ဖြည်းညင်းစွာပြောလိုက်သည်။


xxxxxxxx