အပိုင်း ၁၆၄
Viewers 17k

Chapter 164


သေချာသည်ပင်၊ မကြာမီ ယွမ်ရှင်းကျဲဆီသို့  ကြယ်ပျံမက်ခါနှစ်စီးနှင့် မုန်တိုင်းမက်ခါတစ်စီးတို့ ချဥ်းကပ်လာကြသည်။ယင်းမက်ခါသုံးစီးက မြေပြင်အနေအထားကို အခွင့်ကောင်းယူကာ တောင်ကုန်းများကြား၌ပုန်းအောင်းနေပြီး ယွမ်ရှင်းကျဲကို တောင်​ခြေလမ်းခုလတ်မှာ တိုက်ချရန်ကြံရွယ်နေကြ၏။


ယွမ်ရှင်းကျဲ၏မက်ခါအသစ်ပေါ်လာသည်နှင့် ဘက်ပေါင်းစုံ ကောင်းကင်ယံထက်မှ တလက်လက်တောက်ပနေသော နေ့အလင်း ကြယ်ပျံများကဲ့သို့ အမြောက်မိုးများရွာချလာခဲ့သည်။


ယွမ်ရှင်းကျဲက တီးတိုးရေရွတ်လိုက်၏။


"ဒီပစ်ခတ်အားက.....ငါ့ကိုဘယ်လောက်တောင်မုန်းနေတာလဲ"


တစ်ချိန်တည်းတွင် နိုရာ၏မုန်တိုင်းမက်ခါက ယွမ်ရှင်းကျဲ၏ထူးဆန်းသော လက်သီးအမြောက်တိုက်ခိုက်မှုကနေကာကွယ်ရန်အတွက် ရှေ့မှာ ဒိုင်းတစ်ခုဖွင့်လိုက်သည်။


"နောက်ဖန်ရှင်ကို ပြရမဲ့အချိန်ပဲ"


ထိုစကားပြီးပြောပြီးနောက် အမြောက်ဆံအထူဆုံးနေရာကို ယွမ်ရှင်းကျဲတွေ့သွားပြီး အလင်းဓားနှစ်ချောင်းကိုဆွဲထုတ်လိုက်၏။


ပရိသတ်တွေ နောက်တစ်ကြိမ်ထပ်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။


ယွမ်ရှင်းကျဲက မပုန်းဘူး...သူကသေဖို့တောင်းဆိုနေတာလားဟ..


သို့သော်...


နိုရာစစ်တက္ကသိုလ်၏ပြိုင်ပွဲဝင်များ ယွမ်ရှင်းကျဲက ရုန်းကန်ရန်အတွက် လက်လျော့လိုက်ပြီဟုတွေးလိုက်စဥ်မှာပင် ယွမ်ရှင်းကျဲက အလင်းဓားနှစ်ချောင်းကို သူ့ရှေ့မှာ ကန့်လန့်ဖြတ်ထားလိုက်၏။


ထိသွားသည်နှင့် အလင်းဓားနှစ်ချောင်းဆီကနေ တလက်လက်တောက်ပမှုတစ်ခု  ရုတ်ချည်း  ထွက်ပေါ်လာပြီး ၎င်းနောက် တခဏတွင်းချင်း ကျောက်သားကဲ့သို့ခိုင်မာတောင့်တင်းသော အကာအကွယ်ကွန်ယက်အဖြစ် ဖွဲ့စည်းလာခဲ့သည်။


"ငါ မင်းတို့အကုန်လုံးကိုခံစားခွင့်ပေးမယ်..."


ယွမ်ရှင်းကျဲ နှုတ်ခမ်းပင့်ကာဖြင့် ကောင်းကင်အပြည့် အမြောက်ဆံများကို မတုန်မလှုပ်ရင်ဆိုင်လိုက်ရင်း...

"တခြားကမ္ဘာက အဝေးထိန်းအကာအကွယ်"


ထူထဲများပြားသော  အမြောက်ဆံတအုံတခဲက အလင်းဓားအကာအကွယ်ပေါ်ကျရောက်လာသော်လည်း ယင်းကွန်ယက်ကို အနည်းငယ်မျှပင် မဖျက်ဆီးနိုင်ခဲ့ပေ။


နိုရာ၏ပြိုင်ပွဲဝင်များ တစုတဝေးတည်း အံဩတုန်လှုပ်ကုန်ကြသည်။


အချိန်အတော်ကြာပြီးနောက် ပြိုင်ဘက်ကြယ်ပျံမက်ခါမောင်းနှင်းသူတစ်ဦးက တုန်တုန်ရီရီဖြင့် မေးလိုက်၏။


"ဒီမက်ခါ...SSSအဆင့်ရောက်နေမှာစိုးရတယ်"


နိုရာ၏မုန်တိုင်းမက်ခါမောင်းနှင်သူက ချက်ချင်း ပြန်ပက်လေသည်။


"မဖြစ်နိုင်ဘူး... အင်ပါယာတစ်ခုလုံးမှာ SSSမက်ခါဘယ်နှစ်စီးရှိလို့လဲ...အလွန်ဆုံးမှ SS+ပဲနေမယ်...လန့်မနေစမ်းနဲ့...မက်ခါသုတေသနအဖွဲ့အစည်းက ဒီကလေးကို အဆင့်မြင့်နည်းပညာတချို့ပံ့ပိုးပေးထားတာပဲဖြစ်ရမယ်...ငါတို့နိုင်ချေရှိနေတုန်းပဲ..."


အခြားတစ်ဖက်တွင် ဘဝင်ခိုက်နေသောပရိသတ်များက ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြ၏။


"ဒါက..."


ပရိတ်သတ်နေရာမှ ကျင်းရွှမ် ယင်းမြင်ကွင်းကိုစိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်လာခဲ့သည်။


"ဒါဘယ်လိုဖြစ်သွားတာလဲ"


မက်ခါအသစ်၏ ဒီဇိုင်းကို သုတေသနအဖွဲ့အစည်းမှာ အပြီးသတ်ပြီးပြီဖြစ်သော်လည်း ယွမ်ရှင်းကျဲ ဤအကွက်ကို အရင်တုန်းကတစ်ခါမှထုတ်မပြဖူးချေ။ 


ယင်းက သူတည်ဆောက်ထားသည့်မက်ခါနှင့် အကျွမ်းဝင်လွန်း၍ နည်းနည်းလေးမှ စမ်းသပ်စရာမလိုသကဲ့သို့ပင်။


ချန်ယွမ်က တိုက်ရိုက်ထုတ်လွှင်မှုဖန်သားပြင်ကို အကြာကြီးစိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ပြောလေသည်။

.

"ဒါက အလင်းဓားကထုတ်လွှင့်လိုက်တဲ့အမှုန်တွေကနေဖြစ်တည်လာတဲ့ သံလိုက်စက်ကွင်းနဲ့လုပ်ထားတာ...လေထဲမှာ စူပါမြန်နှုန်းမြင်မြင့်နဲ့ရွေ့လျားပြီး မဖျက်ဆီးနိုင်တဲ့အမှုန်ဒိုင်းတစ်ခုဖွဲ့စည်းလိုက်တာ..."


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... "


ကျင်းရွှမ် ထုံအအကြီး ကြက်သေသေနေမိသည်။


"သံလိုက်စက်ကွင်းက အမှုန်တွေကိုပဲချုပ်ထားနိုင်တာ...အချုပ်အနှောင်ရုပ်သိမ်းလိုက်တာနဲ့ အမှုန်တွေက တန်းပြီး ဆုတ်ခွာသွားတာ ဒါမဟုတ်လွတ်မြောက်သွားတာဖြစ်မှာပဲ...ဘယ်လိုလုပ် အလင်းဒိုင်းတစ်ခုဖွဲ့စည်းနိုင်မှာလဲ"


ချန်ယွမ်၏နဖူးက ချွေးများစတင်စို့လာ၏။ တံတွေးမျိူချပြီး အက်ကွဲကွဲအသံဖြင့်ဆိုလိုက်သည်။


"ဒါက...ဒါက နောက်ထပ် ခေတ်လွန်နည်းပညာတစ်ခုနေမှာပေါ့"


ယွမ်ရှင်းကျဲက သူက ရှားပါလှသော ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း တစ်ကြိမ် ထပ်မံသက်သေပြပြန်၏။


"ဒီမက်ခါရဲ့အဆင့်က..."


ကျင်းရွှမ် ထိုမထိမရှမက်ခါကို ကြောင်ငေးကြည့်နေရင်း တုန်တုန်ရီရီ အသံဖြင့်ဆိုလိုက်သည်။


"ငါကြောက်တာ...ငါကြောက်တာက သူက ငါတို့ရဲ့အကဲဖြတ်စနစ်ကို ကျော်လွန်နေပြီးသားဖြစ်နေမှာကိုပဲ ဟုတ်တယ်မလား"


ပြိုင်ပွဲကို မမှိတ်မသုန်ကြည့်နေသောချန်ယွမ်က ခါးသီးစွာ ပြုံးမိရင်း ဖြည်းဖြည်းချင်း ခေါင်ငြိမ့်ပြလိုက်၏။


လူတိုင်း အနှီမက်ခါကSS+လားSSSလားဆိုသည်ကို ခန့်မှန်းနေကြသည်။ 


ကျင်းရွှမ်နှင့် ချန်ယွမ်တို့သာလျှင် သူတို့၏လက်ရှိအကဲဖြတ်စနစ်က ယွမ်ရှင်းကျဲ၏မက်ခါကို အဆင့်သတ်မှတ်ပေးနိုင်ခြင်း လုံးဝမရှိကြောင်းသိကြ၏။


"ရှေးခတ်လူတွေကို ခေတ်မီအဆင်မြင့်နည်းပညာကို အကဲဖြတ်ခိုင်းနေသလိုပဲ"


ချန်ယွမ်၏လေသံက လေးစားမှုနှင့် ကိုယ်ကိုကိုယ်ရှုံ့ချမှုအနည်းငယ်တို့ ပါဝင်နေသည်။


"ငါတို့တွေက ဒီမက်ခါကိုအဆင့်သတ်မှတ်ဖို့ ဘယ်လိုလုပ်အရည်အချင်းပြည့်မီမှာလဲ"


ချန်ယွမ်၏အသံထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအကြာတွင် ပြိုင်ဘက်၏ပစ်ခတ်အားက ကုန်ဆုံးလုနီးပါးဖြစ်နေသည်ကို ယွမ်ရှင်းကျဲမြင်လိုက်ရသဖြင့် အလင်းဓားနှစ်ချောင်းကို ချက်ချင်းကောက်ယူကာ တောတောင်များအကြား လူးလာခေါက်တုံ့သွားခဲ့၏။


မယုံကြည်နိုင်သော မုန်တိုင်းမက်ခါမောင်းနှင်သူက ပြေးထွက်လာပြီး ယွမ်ရှင်းကျဲ၏ ရှေ့မှာမတ်တပ်ရပ်လိုက်ပြီး ၎င်း၏မုန်တိုင်းဒိုင်းကို သရော်စကားဆိုရင်း ဖွင့်လေသည်။


"ဒိုင်းတစ်ခုပဲမလား...ဘာလို့မရှိရမှာလဲ"


"ဘန်း—"


ကျယ်လောင်သောအသံကြီးထွက်ပေါ်လာပြီး

တောတောင်တွေကြားမှာ ပဲ့တင်ထပ်သွား၏။


ထို့နောက်တွင် ပရိတ်သတ်များ ခြောက်ခြားဖွယ်ကောင်းလောက်အောင် ငြိမ်ကျသွားခဲ့သည်။


မဖျက်ဆီးနိုင်သော SSအဆင့်မုန်တိုင်းဒိုင်းက ယွမ်ရှင်းကျဲ၏အလင်းဓားဖြင့် အလွယ်တကူနှစ်ပိုင်းပိုင်းခံလိုက်ရ၏။


 ဖန်တုံးကို လှီးဖြတ်သကဲ့သို့ပင်။


မုန်တိုင်းမက်ခါမောင်းနှင်သူအနေဖြင့် သူဂုဏ်ယူနေသော မုန်တိုင်းဒိုင်းက ဤသို့အလွယ်တကူ

ပျက်စီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


မူလကယွမ်ရှင်းကျဲကိုတိုက်ခိုက်ရန် စီစဥ်ထားသော ကြယ်ပျံမက်ခါနှစ်စီးခမျာ လက်ရှိတွင် အံ့ဩတုန်လှုပ်လွန်း၍ ရွေ့ပင်မရွေ့နိုင်တော့ချေ။


မုန်တိုင်းဒိုင်းများက ဖျက်ဆီး၍မရသည်မဟုတ်ပါချေ။


သို့ပေမဲ့  ယင်းသို့အလွယ်တကူဖျက်ဆီးပစ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဖူးပေ။ 3Sအဆင့်မက်ခါပင်လျှင် ထိုသို့လုပ်ရန်ခက်ခဲမည်ဖြစ်၏။


အချိန်တစ်ခုကြာပြီးနောက်  ပရိတ်သတ်များ အံ့အားသင့်မှုနှင့်စိတ်လှုပ်ရှားမှု နှစ်ခုလုံးဖြင့် ပင့်သက်ရှိုက်မိကြသည်။ 


"ဒီဟာက အရမ်းအားကောင်းတာပဲ..."


"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့မက်ခါလဲ...ဒီအလင်းဓားနှစ်ချောင်းကို ဘယ်လိုများလုပ်ထားတာလဲ..."


"မုန်တိုင်းဒိုင်းကို အနီးကပ်ဖျက်စီး...အလင်းမှုန်အမြောက်တွေကိုအဝေးကနေ ပိတ်ဆို့...ဒါက ပြီးပြည့်စုံတဲ့ လက်နက်ပဲ..."


"ငါလည်း ဒီလိုလက်နက်လိုချင်တယ်လေးးး"


"ယွမ်ရှင်းကျဲက အရမ်းမိုက်တာပဲ... "


မုန်တိုင်းဒိုင်းကို ဖျက်ဆီးပစ်ပြီးနောက် ယွမ်ရှင်းကျဲ တစ်ခြားမက်ခါနှစ်စီးကို အလွယ်တကူပင် အလဲသိပ်လိုက်ပြီး တန်းတန်းမတ်မတ် မောင်းဝင်သွားကာ ဒုတိယအမာခံနယ်မြေထဲကို ချက်ချင်းဝင်လိုက်၏။

164.2


ဤတစ်ကြိမ်၌ လော့ဝမ်ချွမ်းက အနည်းငယ်  အလာနှေးနေပြီး ယွမ်ရှင်းကျဲထက်ဆယ်စက္ကန့်ကျော်ကျော်နောက်ကျလေသည်။

(ဟိုက ဆယ်စက္ကန့်ဆိုတာနဲ့ဆယ်စက္ကန့်လိုက်တာနော်>.<)


ယွမ်ရှင်းကျဲက သဘောထားကြီးစွာဖြင့် လော့ဝမ်ချွမ်းကို မီးထွန်းရမည့် အခွင့်အရေး ပေးလာ၏။

 

"ဒီတစ်ခါမင်းအလှည့်...ကျွန်တော်ဘာကျွန်တော်ထွန်းရင် မကောင်းဘူး...မင်းလည်း အတွေ့အကြုံယူလို့ရပါတယ်"


လော့ဝမ်ချွမ်းက ရယ်ရယ်မောမောဖြင့် ပြန်ဖြေလိုက်သည်။


"ပထမ6v6ပြိုင်ပွဲတွေထဲမှာ မင်းမရှိတုန်းက ကိုယ်ပဲမီးထွန်းခဲ့တာ..."


NCLMပြိုင်ပွဲထဲတွင် 6vs6က အာရုံစိုက်မှုများစွာရှိပြီး ဗိုလ်လုပွဲများမှာ အနိုင်ရသည့်ဘက်က မီးထွန်းသမားကို ယေဘုယျအားဖြင့် ယင်းပြိုင်ပွဲတွင် အရေးပါဆုံးပြိုင်ပွဲဝင်အဖြစ်မှတ်ယူရပေမည်။ ဤသည်က ရာသီ၏MVPရွှေးချယ်မှုအပေါ် ကြီးကြီးမားမား အကျိုး သက်ရောက်လေသည်။

(T/NMVP=Most Valuable Player=တန်ဖိုးအရှိဆုံးကစားသမား)


ယင်းက ရွေးချယ်ခံတိုင်းမျှော်လင့်တောင်းတနေကြသော စင်တင်အခိုက်အတန့်ဟု ဆို၍ရပေ၏။


ယွမ်ရှင်းကျဲအနေဖြင့် ဤဂုဏ်သရေကို တစ်ဦးတည်းမောင်ပိုင်မစီးလိုပေ။


စကားပြောပြီးနောက် လော့ဝမ်ချွမ်းက သူ၏အလင်းဓားရှည်ကိုဆွဲထုတ်ပြီး အမာခံနယ်မြေ စခန်း၏ အပြင်ဘက်မှာ မတ်တပ်ရပ်ကာ ယွမ်ရှင်းကျဲကို နောက်ကျောပေးလိုက်ရင်း သူ့အသံက သတင်းပို့ကိရိယာမှတစ်ဆင့် ယွမ်ရှင်းကျဲ၏နားထဲသို့ဝင်ရောက်လာခဲ့သည်။


"ကြောင်မနေနဲ့...မီးသွားထွန်းချေ"


သူ၏တည်ငြိမ်ပြီး ခိုင်မာသောသဘောထားကိုမြင်လျှင် ယွမ်ရှင်းကျဲ အံ့အားသင့်သွားခဲ့၏။ နှုတ်ခမ်းပင့်မိသွားပြီး တစ်ပတ် လှည့်ကာ အမာခံနယ်မြေထဲကို လှမ်းဝင်၍  စစ်မီးတိုင်ရှည်ရှည်ပေါ်က ခလုတ်ကိုနိုပ်လိုက်သည်။


ဒုတိယအကျော့တွငိ နိုရာစစ်တက္ကသိုလ်က ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့ကို ထိန်းထားလိုသော်လည်း ကျရှုံးသွားခဲ့၏။


ယွမ်ရှင်းကျဲ၏ မီးတိုင်ထွန်းညှိခြင်းက ချောမွေ့ခဲ့ပြီး  နိုရာပြိုင်ပွဲဝင်များ ရောက်လာရန်အခွင့်အရေးမရသေးခင်မှာပင် အမာခံနယ်မြေက အသိမ်းပိုက်ခံလိုက်ရတော့သည်။


အပြာရောင်အလင်းတန်းများ တောက်ပလာခဲ့၏။

[ထိုးစစ်သမား– ရှင်းဟိုင်စစ်တက္ကသိုလ်အသင်းဒုတိယအမာခံနယ်မြေကိုအောင်မြင်စွာ

သိမ်းယူခဲ့ပါတယ်... 10မိနစ်နဲ့41စက္ကန့်ကြာမြင့်ခဲ့ပြီး လက်ကျန်အချိန်ကို နောက်တစ်ချီထဲအလိုအလျောက်ပေါင်းထည့်ပြီးပါပြီ ]


နှစ်ကျော့ပြီးသွားပြီဖြစ်ကာ ရှင်းဟိုင်က 23မိနစ်ခန့်သာ အချိန်ယူခဲ့လေသည်။


ဤသည်က သူတို့မှာ နောက်ဆုံးအမာခံနယ်မြေကိုသိမ်းပိုက်ရန် 37မိနစ်အပြည့်အဝ ကျန်သေးသည်ဟုသောအဓိပ္ပါယ်ဖြစ်၏။


ယေဘုယျအားဖြင့်ပြောရပါလျှင် နောက်ဆုံးကွင်းမှာ အရှုပ်ထွေးဆုံးမြေအနေအထားရှိပြီး ခံစစ်အသင်းအတွက် အကျိုးရှိမှုအများဆုံးဖြစ်လေသည်။


သို့ပေမဲ့ လက်ရှိတွင် နိုရာစစ်တက္ကသိုလ်မှာ အားသာချက် နည်းနည်းမှမရှိသလို  ရှင်းဟိုင်ကို ခုခံနိုင်စွမ်းလည်းမရှိဟန်ပင်။


ယမန်နှစ်၏ချန်ပီယံအနေဖြင့် နိုရာကျောင်းသားများနှင့် ပြိုင်ပွဲဝင်များက ဤအရာအတွေအားလုံးကိုဖြစ်ပွားစေသော ယွမ်ရှင်းကျဲကို မုန်းတီးကြ သည်မှာ သဘာဝကျ၏။


နိုရာ၏နည်းပြက ခဏရပ်နားရန် တောင်းဆိုပြီး စစက်ရုပ်ကို သူတို့၏ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးနေသောမက်ခါများကို ပြန်လည်ပြုပြင်ခိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူ လက်သီးဆုပ်ကာ လူတိုင်းကိုပြောလိုက်၏။


"ဘာပဲဖြစ်ဖြစ် မင်းတို့ ယွမ်ရှင်းကျဲကိုသတိထားရမယ်"


ကျောင်းအသင်းထံ၌ လေးလံထိုင်းမှိုင်းသောအမူအရာများရှိနေကြသော်လည်း နည်းပြ၏စီစဥ်မှုကိုမူ နာခံကြဆဲဖြစ်သည်။


သိသိသာသာပင် သူတို့ ယွမ်ရှင်းကျဲ ဟိုးလေးတကျော်ကျော်ဖြစ်မှာကို သူတို့မလိုချင်ပေ။


"သူရဲ့အကွက်တွေက အတူတူတွေချည်းဖြစ်နိုင်တယ်"


နည်းပြက ဆက်ပြော၏။


" အရင်ဆုံး လူစုကွဲသွားသလိုမျိုး ထင်ယောင်ထင်မှားဖြစ်အောင်ဖန်တီးရမယ်...ပြီးရင် ယွမ်ရှင်းကျဲတစ်ယောက်တည်းဖြစ်နေချိန်မှာ အဖွဲ့နဲ့ပူးပေါင်းပြီး ချောင်းပစ်ဖို့အခွင့်အရေးရှာ...သူက အရမ်းမိုက်ရူးရဲဆန်တယ်...သေချာပေါက် ငါတို့အကွက်ထဲဝင်လာလိမ့်မယ်"


နိုရာအတွက် သူတို့၏စိတ်အခြေအနေကိုချိန်ညှိရန် မိနစ်နှစ်ဆယ်အချိန်ယူလိုက်ရပြီး မကြာမီတတိယအချီစတင်လာခဲ့သည်။ 


နိုရာက သူတို့၏ဖွဲ့စည်းပုံကို နောက်ဆုံးအမာခံနယ်မြေတဝိုက်မှာ နေရာချထားပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေ၏။ 


ယွမ်ရှင်းကျဲ လေ့လာကြည့်ပြီးသည့်နောက် နိုရာက သင်ခန်းစာရသေးဟန်မရှိဘဲ အမာခံနယ်မြေက ဝင်ပေါက်တွေကို စောင့်ကြပ်ရန် သူတို့၏အဖွဲ့ဝင်များကို တကွဲတပြားစီ ဖြန့်ထားဆဲပင်။


"ဒါကို နိုရာက အခေါင်းမမြင်ဘဲနဲ့တော့ မငိုဘူးလို့ ပြောလို့ရတယ်"


ကာလက်က လှောင်ပြောင်လိုက်၏။


"ပထမအချီကလှည့်ကွက်တွေကို သုံးနေတုန်းပဲ...ဆိုတော့ အရင်က ဗျူဟာအတိုင်းပဲ ငါတို့ပြန်သုံးသရွေ့အနိုင်ရနိုင်တယ်ဆိုတဲ့သဘောပေါ့"


ယွမ်ရှင်းကျဲအနေဖြင့် နိုရာတက္ကသိုလ်က ဤမျှထိမရိုးရှင်းဟုခံစားရသည်။


သို့ပေမဲ့  သူ့မျက်လုံးထဲတွင်ကား နိုရာကမည်သို့သော နည်းဗျူးဟာကိုသုံးသည်ဖြစ်စေ အသုံးမဝင်ပါချေ။


"ဒါဆို ခုနကဗျူဟာအတိုင်းပဲသွားကြစို့..."


ယွမ်ရှင်းကျဲက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ပူးပေါင်းလုပ်ဆောင်တဲ့အခါ အာရုံစိုက်ပါ"


ယွမ်ရှင်းကျဲ သူ့အသင်းဖော်တွေအတွက် ဦးတည်ချက်များကို သတ်မှတ်ပေးလိုက်ပြီး နောက်ဆုံးအမာခံနယ်မြေသို့ တစ်ယောက်တည်းသွားခဲ့သည်။


တတိယအမာခံနယ်မြေတဝိုက်ရှိပတ်ဝန်းကျင်က ကန္တာရတစ်ခုလိုမျိုး ပုံဖော်ထား၏။ နေရာတိုင်းတွင် ပျံဝဲနေသော သဲများကျောက်ဆောင်များနှင့်အတူ မြင့်မားသော အကာအကွယ် ခံတပ်များစွာရှိနေပြီး တစ်စုံတစ်ဦး၏အမြင်အာရုံကို ကြီးကြီးမားမား သက်ရောက်စေသည်။ (ကောင်းကောင်းမမြင်ရ)


ရှင်းဟိုင်၏ပြိုင်ပွဲဝင်များအနေဖြင့် နိုရာထံမှ ဆက်တိုက်ဆိုသလို ဖြတ်တိုက်ခြင်းခံခဲ့ရ၏။


ဤတစ်ကြိမ်၌ နိုရာ၏စတိုင်က ယခင်အကျော့နှစ်ခုလိုမျိူး ပြင်းထန်မှုမရှိတော့ပေ။ သူတို့က သူတို့ကိုယ်သူ ဖော်ပြရန်အလျင်မလိုကြပါဘဲ

ဝေ့ဝိုက်သောနည်းလမ်းဖြင့်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။


နိုရာက ခြေကုန်လက်ပန်းကျနေပြီဟု ရှင်းဟိုင်ထင်လိုက်စဥ်မှာပင် နိုရာ၏ပန်းတိုင်က သူတို့မဟုတ်ကြောင်း ရုတ်တရက် သတိပြုမိသွားကြ ၏။


xxxxxx