အပိုင်း ၁၆၅
Viewers 17k

Chapter 165


ကာလက်နှင့်ဟဲ့ဟောင်မင်တို့က အတူတူတိုက်ခိုက်နေကြသည်။ နောက်တစ်စက္ကန့်တွင် သူတို့၏ပြိုင်ဘက်က ခံတပ်တစ်ခုဖောက်ခွဲ၍ သူတို့၏အမြင်အာရုံနှင့်လမ်းကြောင်းကို ပိတ်ဆို့ထားသော ဖုန်မှုန့်တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်၏။


"သေစမ်း..."


ကာလက် ထိတ်လန့်သွား၏။

"နိုရာရဲ့ပြိုင်ပွဲဝင်တွေရူးနေကြတာလား...သူတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ"


အကာအကွယ် ခံတပ်ကို အပြင်ကနေဖြတ်ကျော် ရန် ခက်ခဲသော်လည်း အတွင်းကနေဖျက်စီးသောနည်းလမ်းတစ်ခု ရှိနေသေးပေသည်။


ခံတပ်ကို ဖောက်ခွဲခြင်းက နိုရာက ၎င်းတို့၏ နယ်မြေအနေအထားအားသာချက်ကို ဆုံးရှုံးသွားပြီဟု၍လည်း သဘောရ၏။ ဖုန်တွေလွင့်ပြယ်သွားချိန်ရောက်၍ ကာလက်နှင့် ဟဲဟောင်မင်တို့ အပျက်အစီးများကို ရှောင်ကွင်းသွားလျှင်ပင် ၎င်းတို့က အမာခံနယ်မြေကို အသာလေးရောက်နိုင်လေသည်။


ထိုအချိန်တွင် အက်ရှလေနှင့်ခဲ့လိုင်တို့၏အသံက သတင်းပို့စက်ကနေထွက်လာခဲ့၏။


"နိုရာက သူတို့ရဲ့အကာအကွယ်တာဝါနှစ်ခုကို ဖောက်ခွဲပစ်ပြီ"


အက်ရှလေက ထိတ်လန့်တကြား ပြောသည်။


"ဒီမှာ လမ်းပိတ်ခံထားရတယ်...သူတို့ဘာလုပ်နေကြတာလဲ"


ခဲ့လိုင်က စက္ကန့်အနည်းငယ်ခန့်ကြောင်အနေပြီးမှ 

ရုတ်ချည်း တုန့်ပြန်လာ၏။


"သူတို့က ငါတို့ကိုတားထားချင်တာ...ပြီးရင် ရှင်းကျဲကို အုပ်စုလိုက်သွားဝိုင်းကြမှာ..."


"ဘာ..."


ဟဲ့ဟောင်မင်၏မျက်လုံးများက အံအားသင့်မှုများပြည့်နေခဲ့သည်။


"ဒါဆို သူတို့က ငါတို့ကိုဖယ်ထုတ်ဖို့ နေရာတွေခွဲလိုက်ကြတာပေါ့...ပြီးတာနဲ့ သူတို့ရဲ့ကိုယ်ပိုင် အကာအကွယ်တာဝါတွေနဲ့ခံတပ်တွေကို ဖောက်ခွဲပစ်လိုက်တယ်...အရဲစွန့်လွန်းတာမဟုတ်ဘူးလား"


"ကျားတွင်းထဲမဝင်ဘဲ ကျားသားပေါက်ကိုဖမ်းလို့မရဘူးလေ"


ကာလက် အံကြိတ်လိုက်၏။


"သူတို့က ဂိမ်းအရှုံးခံပြီး ရှင်းကျဲကို လက်စားချေဖို့ တော်တော်ဖြစ်နေကြတာနေမှာ..."


အမှန်တွင် နိုရာ၏အကြံက အလွန်ရိုးရှင်းလှသည်။ သူတို့က ကျားကိုတောင်ကနေမျှားခေါ်ချင်ရုံဖြစ်ပြီး အကာအကွယ် ခံတပ်၏တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ကာ လူခြောက်ယောက်၏

စုပေါင်းအင်အားကို အသုံးပြု၍ ရှင်းကျဲကို သတ်ပြီးနောက် ကျန်သူများကို တိုက်ခိုက်မှာဖြစ်၏။


ယွမ်ရှင်းကျဲ၏မက်ခါအသစ်ဆီကနေ ထုတ်လွှတ်သော ခြိမ်းခြောက်မှုက သူတို့ကို ဤသို့အရဲကိုးရန်တွန်းအားပေးခဲ့သည်။ 


တစ်ဖက်တွင် လော့ဝမ်ချွမ်းလည်း တူညီသောအခြေအနေကို ကြုံတွေ့နေရ၏။


သူ့အသင်းဖော်များ၏အသံကို ကြိုပြီးကြားထားသည့်အတွက် သူ့ပြိုင်ဘက်က လမ်းဆုံကိုပိတ်ဆို့ပြီး ခုန်မတက်နိုင်ခင်လေးတွင် မြေဆွဲအားဆန့်ကျင်သည့်ကိရိယာကို ချက်ချင်းအသက်သွင်းလိုက်ပြီး ယွမ်ရှင်းကျဲရှိရာဘက်သို့ အပြေးသွားတော့သည်။


"ရှင်းရှင်း...တိုက်ပွဲကို အရင်ရှောင်သင့်တယ်"

လော့ဝမ်ချွမ်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။


"ကိုယ်အခုလာခဲ့မယ်"


ယွမ်ရှင်းကျဲက နိုရာ၏ကပ္ပတိန်ကို အနိုင်ကျင့်နေပြီး ကပ္ပတိန်က ပုန်းအောင်းနေသည်ကို မြင်သော်အခါ အရှုံးပေးရန်ငြင်းဆိုခဲ့သည်။


သူ့နှုတ်ခမ်းထောင့်စွန်းများကော့တက်လာခဲ့ပြီး လော့ဝမ်ချွမ်းကို တုံ့ပြန်လိုက်၏။


"မလိုဘူး...ကျွန်တော် ကိုင်တွယ်နိုင်တယ်"


ထိုအချိန်၌ နိုရာ၏ကပ္ပတိန်ကလည်း ပုန်းနေခြင်းကနေရပ်တန့်လိုက်ပြီး ယွမ်ရှင်းကျဲကို ထိတ်တိုက်ရင်ဆိုင်လာသည်။


ထို့နည်းတူစွာ မြေပုံပေါ်တွင် တခြား အနီစက်ငါးခုက ယွမ်ရှင်းကျဲဆီဦးတည်ရွေ့လျားနေသည်ကို ပရိတ်သတ်များ မြင်လိုက်ရပြီး ယင်းက အင်မတန်ရင်ဖိုစရာကောင်း၏။


ရှင်းဟိုင်ကလူများလည်း ဒုန်းဆိုင်းလာနေကြပြီဖြစ်သော်ငြား ကွေ့ပတ်သွားနေရသည့်အတွက် အခြေအနေက သိပ်မကောင်းလှပေ။


"နိုရာက ရူးနေတာလား"


ရစ်ချက်၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး သူ့လေသံထဲတွင် ဒေါသသံများစွာပါနေသည်။


"ရှင်းကျဲကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်နေကြတာလား"


အော်ရီရယ်က ဖန်သားပြင်ကို စိုးရိမ်တကြီးကြည့်လိုက်ရင်း ယွမ်ရှင်းကျဲ၏မက်ခါက ဤတစ်ကြိမ်မှာ အသက်ရှင်နိုင်ပါ့မလားဆိုသည်ကို သိချင်နေမိ၏။


ယွမ်ရှင်းကျဲက နိုရာ၏ကပ္ပတိန်ဆီမှ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးလိုက်ပြီး PAစနစ်ကိုဖွင့်ကာ သရော်လိုက်သည်။


"ခြောက်ယောက်တစ်ယောက်တိုက်ခိုက်ချင်တယ်ပေါ့...သိုင်းကျင့်ဝတ်ကိုရောနားလည်ရဲ့လား.. ခွန်အားကိုလေးစားရမယ်တို့ လှည့်ကွက်မသုံးရဘူးတို့ စသဖြင့်လေ..."


တစ်ဖက်လူ အနည်းငယ် ရှက်ရွံ့သွားပြီး တည်ငြိမ်ယောင်ဆောင်လိုက်၏။


"ဘာခြောက်ယောက်တစ်ယောက်လဲ...ငါမသိဘူး"


ယမန်နှစ်ချန်ပီယံက ဤအခြေအနေထိတွန်းပို့ခြင်းခံလိုက်ရပြီး ယင်းက တကယ်ကို ရှက်စရာကောင်းလေသည်။


သို့ပေမဲ့ နိုရာအသင်းက တပြုံကြီး သူတို့ကပ္ပတိန်နားမှာပေါ်လာသောအခါ တန်းပြီး ဟိတ်ကြီးဟန်ကြီးဖြစ်လာ၏။


"လူတိုင်း...လာကြ...ယွမ်ရှင်းကျဲကို သတ်ကြစို့...ငါတို့က အရေအတွက်မှာ အားသာလို့အနိုင်ယူနိုင်သေးတယ် ..."


နိုရာ၏ပြိုင်ပွဲဝင်များက သူတို့၏အနေအထားကို စတင် ချိန်ညှိကြပြီး ရှေ့ရှိ"ဖောက်လွဲဖောက်ပြန်မက်ခါ"ကို ရင်ဆိုင်ရန်ပြင်ဆင်နေကြသည်။


ယခင်တစ်ကျော့တုန်းက ယွမ်ရှင်းကျဲကြောင့် ဒိုင်းအစိတ်စိတ်အမွှာမွှာဖြစ်သွားသော မုန်တိုင်းသံချပ်ကာက နောက်မှာပုန်းနေခဲ့၏။


နိုရာ၏ကပ္ပတိန်က မုန်းတီးစွာဆဲရေးလိုက်သည်။


"မင်းက tankလေ..ကြယ်ပျံမက်ခါနောက်မှာပုန်းပြီးဘာလုပ်နေတာလဲ"

(T/N–tankဆိုတာက  ရှေ့ကနေပြီး အဖွဲ့ဝင်တွေကိုကာကွယ်ပေးရတဲ့သူတွေကိုခေါ်တာပါ)


မုန်တိုင်းမက်ခါမောင်းနှင်သူခမျာ ရွေးချယ်စရာမရှိပဲ သူ၏ဒိုင်အသစ်စက်စက်လေးကို ကိုင်ကာ တုန်တုန်ရီရီနှင့် ရှေ့ဆုံးတန်းကိုလာရတော့၏။


မက်ခါခြောက်စီးက ယွမ်ရှင်းကျဲ၏ မက်ခါအသစ်ကို တပြိုင်တည်း ဝိုင်းလိုက်သည်။ လူတိုင်းက သူ့အတွက် စိုးရိမ်တကြီးဖြင့် ချွေးများစိုရွှဲနေကြ၏။


ဤမက်ခါက အစကတည်းက လန့်စရာကောင်းသောစွမ်းအားကိုပြထားသော်လည်း လက်သီးနှစ်ခုဖြင့် လက်လေးဘက်ကိုအနိုင်ယူရန်

ခက်ခဲလိမ့်မည်ဟု ပရိတ်သတ်တွေအကုန်လုံးက ထင်ကြေးပေးခဲ့သည်။ ယွမ်ရှင်းကျဲအနေဖြင့် 6vs1တိုက်ခိုက်ရန် ခက်ခဲကြောင်းတွေ့လိမ့်မည်ဖြစ်၏။


"အခုပဲ..."


နိုရာ၏ကပ္ပတိန်က အမိန့်ပေးလိုက်ပြီး မက်ခါခြောက်စီးက ချက်ချင်း ယွမ်ရှင်းကျဲကို တပြိုင်တည်း တရကြမ်းတိုက်ခိုက်တော့သည်။


မြင်ကွင်းသည်ကား သားရဲတစ်အုပ်က သိုးငယ်လေးကို ဝိုင်းအမဲဖျက်နေကြသည်နှင့်တူပြီး ပရိတ်သတ်တွေအကုန်လုံး အလန့်တ​ကြား ဝိုင်းအော်မိကြ၏။


သို့ပေမဲ့ ထိုအခိုက်အတန့်တွင်... 


ယွမ်ရှင်းကျဲမက်ခါအသစ်၏ခေါင်းပေါ်ရှိ ဦးထုပ်က မျက်နှာပြင်ပေါ်တွင် လင်းလက်နေသော အစိမ်းရောင်ဒေတာစီးကြောင်းတစ်ခု စတင်ထွက်ပေါ်လာသည်။


ယင်းက ဘာအတွက်လဲဆိုသည်ကို မည်သူမှမသိပါချေ။


နောက်တစ်စက္ကန့်တွင်... 


နိုရာ၏ပြိုင်ပွဲဝင်များ ရုတ်ချည်း မျက်လုံးများ ပြူးကျယ်လာကာ ခေါင်းတစစ်စစ်ကိုက်ပြီး နားအူခြင်းကိုသာ ခံစားရတော့၏။


"ခံစားကြည့်လိုက်"


ယွမ်ရှင်းကျဲ နှုတ်ခမ်းပင့်ကာဖြင့် ​ဖြည်းညင်းစွာပြောလိုက်သည်။

"တခြားကမ္ဘာက စိတ်ပိုင်းဆိုင်ရာ ဆိုင်ရာခိုက်မှု"


"ငလူး..."


ပြိုင်ပွဲဝင်တစ်ယောက်က သူ့အာရုံကြောတွေပေါ်မှာ ပေါင်ထောင်ချီလေးသော ကျောက်တုံးကြီးဖိထားသလိုခံစားရသည့်အတွက်  တခဏတွင်းချင်း  ရပ်တန့်သွား၏။


"ဒါ...ဒါကစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလား"


မက်ခါတွေအကုန်လုံးမှာ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကိုကာကွယ်ရန် စက်ပစ္စည်းများပါဝင်ပြီးသားဖြစ်သည်။

165.2


သို့ရာတွင် ယွမ်ရှင်းကျဲ၏မက်ခါဆီမှ တိုက်ခိုက်မှုက သူတို့၏ကာကွယ်ရေး နည်းလမ်းများထက် များစွာကျော်လွန်နေကြောင်း ထင်ရှားပေ၏။


ပရိတ်သတ်များအနေဖြင့် ဘာတွေဖြစ်သွားမှန်း မသိလိုက်ကြဘဲ ယွမ်ရှင်းကျဲဆီပြေးဝင်နေကြဆဲဖြစ်သော မက်ခါခြောက်စီးက ရုတ်တရက်ကြီး တပြိုင်တည်း မီးတွေမှိတ်ကျသွားသည်ကိုသာမြင်လိုက်ကြရသည်။


ယွမ်ရှင်းကျဲက အေးအေးလူလူ ခုန်တက်လိုက်ပြီး အဝိုင်းခံထားရသည့်အခြေအနေမှ ထွက်လိုက်ကာ လေထဲကနေ သူ့ပြိုင်ဘက်များကို ငုံ့ကြည့်လိုက်၏။


သိမ်းငှက်တစ်ကောင် သူ့သားကောင်ကို သဘောကျနေသကဲ့သို့။


နိုရာ၏ကပ္ပတိန်က စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ကျော်လွှားရန်ကြိုးစားရင်း ထရပ်ရန်ရုန်းကန်လိုက်သည်။


သို့ပေမဲဲ့ ကြာကြာမခံပါဘဲ သူ့မက်ခါက သူ့ဘာသူရုတ်ချည်း ထလှုပ်ရှားလာ၏။


နိုရာက လူတိုင်း အံအားတကြီး မျက်လုံးများပြူးကျယ်နေကြသည်။


သူတို့မက်ခါတွေ ထိန်းချုပ်မှုလွတ်သွားပြီ...


"စဥ်းစားကြည့်ရအောင်...ငါမင်းတို့ကို ဘာလုပ်စေချင်သလဲဆိုတော့ကား..."


ယွမ်ရှင်းကျဲ လက်မြောက်၍ သူ့မေးစေ့ကိုပွတ်ကာဖြင့် စဥ်းစားနေသည့် အမူအရာပြုလုပ်လိုက်၏။ မက်ခါကလည်း ဤအပြုအမူအတိုင်လိုက်လုပ်နေပြီး ထူးထူးကဲကဲကို အနှောက်အယှက်ဖြစ်စရာကောင်းလေသည်။ 


"အာ...သူတို့ကိုကခိုင်းရင်ရော"


သူ့အသံထွက်လာသည်နှင့် ၎င်းတို့၏နားမလည်နိုင်မှု၊ရှော့ရမှုများကနေ ပြန်လည်အသိမဝင်သေးသော ပရိသတ်များအနေဖြင့် မက်ခါခြောက်စီးက တပြိုင်တည်းထရပ်လိုက်သည်ကို ဗြုန်းစားကြီး မြင်လိုက်ကြရ၏။ 


သူတို့က စက်ဝိုင်းပုံစံဖွဲ့ကာ ခြေဖျားထောက်ရပ်ရင်း ဂန္တဝင်"ဘဲလေးအက"ကို ကြော့ရှင်းလှပစွာ ကပြတော့လေသည်။


သူတို့ထဲမှ နိုရာ့ကပ္ပတိန်၏မက်ခါကလည်း သီချင်းဖွင့်၍နေ၏။


"ဖာ့ချ..."


မုန်တိုင်းမက်ခါမောင်းနှင်သူ ရူးတော့မလိုခံစားနေရသည်။


"ငါ့မက်ခါက ဘာလုပ်နေတာလဲ... ဘာလို့ထိန်းချုပ်လို့မရတော့တာလဲ...ကပ္ပတိန် ခင်ဗျားက သီချင်းဖွင့်ချင်စိတ်ရှိနိုင်သေးတယ်ပေါ့..."


"ငါမဖွင့်ဘူးကွ..."


နိုရာ၏ကပ္ပတိန်လည်း ရူးတော့မလိုခံစားနေရပြီး စက်ခလုတ်ကိုဆောင့်ကန်ကာ ရပ်ရန်ကြိုးစားလိုက်၏။


နောက်အခိုက်အတန့်မှာပင် သူ၏အလင်းဓါးမက်ခါက ခြေဖျားထောက်ကာ လေထဲမှာ360°လှည့်လိုက်သဖြင့် သူထွက်ကျတော့လုမတတ်ပင်။ 


မူလ6vs1ဝိုင်းထားမှုနှင့် နှိမ်နင်းမှုက မက်ခါ6စီးဘဲလေးကခြင်းသို့ ပြောင်းလဲသွား၏။


လော့ဝမ်ချွမ်းနှင့်တခြားသူတွေရောက်လာချိန်တွင် သူတို့ကြက်သေသေသွားကြသည်။


"ဒီ ဒီ ဒီဟာက....."


ခဲ့လိုင် လန့်လွန်း၍ စကားပင်မပြောနိုင်တော့ချေ။


"ရှင်းကျဲက နိုရာရဲ့လူတွေကို ရူးအောင်လုပ်လိုက်တယ်...ဒါက *ဖောင်းလို့သတ်မှတ်လို့ရလား"

(T/N-ပြိုင်ပွဲတွေ အထူးသဖြင့် အားကစားပွဲတွေမှာ ဖောင်း(foul) ထိတယ်လို့ခေါ်ကြတာလေ...ပြစ်ဒဏ်ကျူးလွန်တာပေါ့)


"လူတစ်ယောက်ကို မသန်မစွမ်းဖြစ်အောင်လုပ်တာက ဒုတိယအဆင့်ဖောင်းပဲ"


အက်ရှလေက သူမနဖူးကိုပွတ်ရင်း တုန်တုန်ရီရီ အသံဖြင့်ဆိုလိုက်သည်။


"ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက ရူးအောင်လုပ်တာမဟုတ်ဘူး...စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ ဟုတ်တယ်မလား "


"ဆိုလိုတာက..... "


ဟဲဟောင်မင်၏ပါးစပ်က ဘောလုံးဝင်ရလောက်သည်အထိ ကျယ်သွား၏။ 


"ရှင်းကျဲက သူတို့မက်ခါတွေကိုထိန်းချုပ်လိုက်တာပေါ့...သောက်ရမ်းမှော်ဆန်လိုက်တာကွာ"


လူတိုင်း ငြိမ်ကျသွားသည်။ 


မရေမတွက်နိုင်သော ကြီးကြီးမားမားဖြစ်ရပ်များကို ကြုံတွေခဲ့ဖူးသူလော့ဝမ်ချွမ်းပင် မက်ခါခြောက်စီးက လက်မောင်းတွေကို ကြော့ကြော့မော့မော့ ခက်ခက်ခဲခဲ ​မြှောက်ကာကနေသည်ကို ကြည့်ရင်း ထူးထူးခြားခြား ငြိမ်ကျသွား၏။


ယွမ်ရှင်းကျဲက သူ့အသင်းဖော်များကို လက်ယမ်းပြပြီး PAစနစ်ကိုဖွင့်ကာဖြင့် ခပ်အေးအေးဆိုလိုက်သည်။ 


"မင်းတို့ကောင်တွေ ရှိုးဆက်ကြည့်ကြလေ ...ငါမီးသွားထွန်းလိုက်ဦးမယ်"


ရုန်းကန်နေရသောနိုရာပြိုင်ပွဲဝင်များ:


ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမဟုတ်ဘူး...


စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုပဲ...


စကားပြောပြီးနောက် ယွမ်ရှင်းကျဲ ဘဲလေးကနေဆဲဖြစ်သည့် မက်ခါတစ်စုကိုထားခဲ့လိုက်သည်။


မမျှော်လင့်ထားသောအခြေအနေများမှကာကွယ်ရန်  ရှင်းဟိုင်က တခြားသူများစွာက အနှီ"လူသားဆန်ဆန်စက်ရုပ်သားရဲများ"ကို  စောင့်ကြည့်နေသည့်အတွက်သူတို့၏ရှက်ရွံ့နေသော အကြည့်များအောက်မှာပင် သူ တတိယအမာခံနယ်မြေ၏စခန်းထဲသို့ စိမ်ပြေနပြေ  လှမ်းဝင်သွားခဲ့၏။


ယွမ်ရှင်းကျဲ နောက်ဆုံးတိုက်ပွဲမီးတိုင်၏ခလုတ်ကို ဖိလိုက်ပြီး ပရိသတ်အားလုံး၏မျက်လုံးများက သူ့အပေါ် အာရုံစိုက်လာကြသည်။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဤနောက်ဆုံးမိနစ်များ အတောအတွင်းမှာ မှတ်ချက်ဘားတန်းက "ဟားဟားဟားဟား"နှင့်"အားးးးးးး~"တို့ဖြင့် တစ်လှည့်စီ ပြုံခဲနေလေပြီ။


ပရိတ်သတ်များက ထိုမက်ခါဘဲလေးအကကြောင့် တသောသောရယ်မောနေကြပြီး တချိန်တည်းမှာပင် ရှင်းဟိုင်တက္ကသိုလ်က ချန်ပီယံဖြစ်လာတော့မှာဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေကြသည်။


ရှင်းဟိုင်တက္ကသိုလ်၏အားကစားကွင်းထဲ၌ ပြိုင်ပွဲကိုကြည့်ရှုနေကြသောကျောင်းသားများအနေဖြင့် ယွမ်ရှင်းကျဲ ခလုတ်ကိုဖိလိုက်သည်ကိုမြင်သောအခါ အသက်အောင့်ထားရင်း သူတို့၏စိတ်ထဲတွင် *ကောင့်ဒေါင်း ကို စတင်ရေတွက်လိုက်ကြ၏။

(T/N–countdown = သတ်မှတ်ချိန်ကို သုညထားပြီး တစ်စက္ကန့်စီနောက်ပြန်ရေတွက်ခြင်း)


အရာရာတိုင်းက အဆင်ပြေနေဟန်ပင်။


ကောင့်ဒေါင်း တစ်ဝက်ကျော်သွားသည့်အချိန်မှာပင် သူတို့ဘေးမှာကနေကြသောမက်ခါခြောက်စီးမှာ ရုတ်တရတ် မတော်တဆမှုတစ်ခုဖြစ်လာခဲ့သည်။


နိုရာ၏ကပ္ပတိန်က SS+အဆင့်စွမ်းအားရှင်တစ်ဦးဖြစ်ရန် ထိုက်တန်ပေ၏။ အတန်ကြာရုန်းကန်ပြီးနောက် သူ၏ကနေသောဟန်ပန်က  ဘေးပတ်ပတ်လည်ရှိသူများနှင့် တဖြည်းဖြည်း ကွဲပြားလာခဲ့သည်။


တစ်နည်းအားဖြင့်ဆိုရသော် သူက ယွမ်ရှင်းကျဲ၏စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကနေ ဖြည်းဖြည်းချင်း လွတ်မြောက်လာခဲ့ခြင်းပင်။


မက်ခါထဲတွင် နိုရာကပ္ပတိန်၏အမူအရာက အလွန်နာကျင်ပြီး ပုံပျက်ပန်းပျက်ဖြစ်နေ၏။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကနေလွတ်​မြောက်ရန်အလို့ငှာ ချွေးတွေတသီကြီးစီးကျနေပြီး သူနှုတ်ခမ်းများက အနည်းငယ်ဖြူဖျော့နေခဲ့လေသည်။


သူတစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့ အဆင်မပြေဖြစ်ခြင်းတစ်ခါမှမရှိဖူးသော်လည်း ရှင်းဟိုင် ချန်ပီယံမဖြစ်အောင် ကာကွယ်ရန်  

မေးရိုးများတင်းထောင်နေသည့်တိုင် တင်းခံပြီးကြိုးစားနေဆဲပင်။


xxxxxxxxx