အပိုင်း ၁၆၈
Viewers 17k

Chapter 168


ယွမ်ချန်ရှန့် ကြာကြာအသံကောင်းမဟစ်နိုင်တော့ပါချေ။ စတော့စျေးက ယွမ်ရှင်းကျဲ၏ခွန်အားကိုပြသရန် လုံလောက်နေပြီး သူ့အားလည်း နောင်တတရားနှင့် ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မှုတို့ကြားမှာ နေ့စဥ်နေတိုင်းအသက်ရှင်နေစေခဲ့လေသည်။


"ပြောကြည့် ...တကယ်လို့ ရှင်းကျဲကသာ ဒီမက်ခါနဲ့နည်းပညာကို ချန်ရှန့်ကိုထုတ်လုပ်ဖို့အတွက် လွှဲပြောင်းပေးခဲ့​မယ်ဆိုရင်....."


လူမမာရုပ်ပေါက်နေသော ယွမ်ချန်ရှန့်က ချင်ရွှမ်းကို ပြာတာတာအသံဖြင့်ဆို၏။

"ငါတို့ကုမ္ပဏီက အခုလိုဖြစ်လာမှာလား"


ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ချင်ရွှမ်း စာရွက်စာတမ်းအမျိုးမျိုးကို ခွဲထုတ်ခြင်း ရှယ်ယာရှင်အစည်းအဝေးခေါ်ခြင်းတို့ဖြင့် 

အလုပ်ရှုပ်နေခဲ့သည်။ 


ယွမ်ချန်ရှန်း၏ ယိုယွင်းပျက်စီးနေမှုနှင့် နှိုင်းယှဥ်ပါက သူမက  ဤကုမ္ပဏီ၏ဥက္ကဌနှင့်ပိုတူနေပြီး

သန်မာသောအမျိူးသမီးတစ်ဦး၏ စိတ်နေသဘောထားက သံသယဖြစ်ဖွယ်မရှိအောင် ထွက်ပေါ်လာ၏။ 


"တကယ်လို့ ဆိုတာမရှိဘူး"


ချင်ရွှမ်းက သူမ၏ဉာဏ်ရည်တုပေါ်ရှိ ယွမ်ရှင်းကျဲ၏ သတင်းကိုကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။


"ချန်ရှန့်ကို စာရင်းအထုတ်ပယ်ခံမခံရဖို့နဲ့ ဒေဝါမခံရဖို့ ကျွန်မအကောင်းဆုံးကြိုးစားရုံပဲတတ်နိုင်တယ်"


ယွမ်ချန်ရှန်းက ချင်ရွှမ်းကို အထင်သေးစွာဖြင့် လက်ခါပြ၏။


"မင်းက အိုမီဂါတစ်ယောက်လေ...ဘာလုပ်နိုင်မှာလဲ"


 ချင်ရွှမ်းက သူ့ကိုတစ်ချက်ပဲစိုက်ကြည့်ပြီး ဘာမှမပြောပေ။


——


 

ရက်အနည်းငယ်အကြာတွင် ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုဒ်က ၎င်း၏လေလံစနစ်ကို ထုတ်ဖော်ပြသလာလေသည်။


ယွမ်ရှင်းကျဲ ဖိုင်နယ်မှာ ထုတ်ကြွားခဲ့သည့်မက်ခါက စနစ်ထဲမှာ လေလံပစ္စည်းအဖြစ် တရားဝင်ထွက်ပေါ်လာ၏။


အချိန်ကား 24နာရီကျန်သေးပြီး တရားဝင်ဝက်ဘ်ဆိုဒ်ထဲကို ဝင်လာသည့်လူဦးရေက သန်း100ကို အသာလေးကျော်သွားတော့သည်။


ကြည့်ရှုသူအရေအတွက်က တဟုန်ထိုးတက်နေဆဲပင်။


ယွမ်ရှင်းကျဲက လေလံပွဲအတွက်  ကန့်သတ်ချက်များ မထားသည့်အတွက် လူတိုင်း လေလံပွဲမှာ ပါဝင်နိုင်သည်ဟူသော သဘောဖြစ်၏။ ထို့ကြောင့် ဘေးဘက်မဟာမိတ်အဖွဲ့အစည်းကလည်း ပါဝင်ရန် အထောက်တော်အများပြားကို စေလွှတ်ခဲ့သည်။


မဟာမိတ်အဖွဲ့အစည်း၏ထိပ်ပိုင်းအရာရှိများက ဤမက်ခါကို အချိန်အတော်ကြာကတည်းက အလွန်အမင်း မက်မောနေခဲ့သည်ဟုပင် ဆို၍ရပေ၏။


မိတ်ဆက်ထဲ၌ ယွမ်ရှင်းကျဲက ဤမက်ခါတွင် စိတ်စွမ်းအားချဲ့ထွင်မှုနည်းဗျူဟာကို အသုံးပြုထားကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်ဖြစ်ရာ  မည်သူတစ်ဦယောင်၏စိတ်စွမ်းအားနှင့်မှ ကန့်သားထားခြင်းမရှိဟုအဓိပ္ပါယ်ရသည့်အပြင် တစ်ခါမှမကြားဖူးသည့် အဆင့်မြင့်လက်နက်များပါ တပ်ဆင်ထားလေသည်။


မှန်သည်ပင်၊ ဤနည်းပညာတခြားသူများလက်ထဲရောက်မှာကို ယွမ်ရှင်းကျဲ မ​ကြောက်ပေ။ အရာရာတိုင်းကို ကုဒ်ဝှက်ထား၏။ ဝယ်ယူသူက ထုတ်ကုန်ကို ဝယ်လိုက်လျှင်ပင် မက်ခါ၏နည်းပညာဆိုင်ရာလျှို့ဝှက်ချက်များကို လေ့လာပြီး နားလည်ရန်ကား ဆယ်စုနှစ်အနည်းငယ်အတွင်း သို့မဟုတ် နှစ်တစ်ရာကြာလျှင်ပင် မဖြစ်နိုင်ပါချေ။


လေလံပွဲစရန် အချိန်သုံးနာရီသာကျန်တော့သည့်အတွက် ကြည့်ရှုသူဦးရေက တစ်ဘီလီလျံအထိထိုးတက်လာခဲ့သည်။


မှန်သည်ပင်၊ ပေ့ချ်ကို အပြန်ပြန်လှန်လောပြီး အပျော်သဘောနှင့်ကြည့်ရန် ဝင်ရောက်လာသူများစွာရှိသော်လည်း ဤအရေအတွက်က ယွမ်ရှင်းကျဲက မက်ခါလောကတစ်ခုလုံးကိုသူ့အစွမ်းအစဖြင့်သူ အောင်မြင်စွာ ကိုင်လှုပ်နိုင်ခဲ့ကြောင်း သက်သေပြရန် လုံလောက်ပေ၏။


ကောင့်ဒေါင်း နာရီဝက်မျှသာ ကျန်ချိန်တွင် ကြည့်ရှုသူဦးရေက 1.5ဘီလီလျံကျော်သွားပြီး တရားဝင်ဝက်ဘ်ဆိုဒ်ထဲသို့ အင်တာနက်သုံးစွဲသူများ ပိုပို၍စုပြုံတိုးလာကြသည်။ လူတိုင်းက လေလံပွဲကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင် မျက်မြင်တွေ့လိုကြ၏။


ကောင့်ဒေါင်းက ပြီးဆုံးသွားခဲ့ပြီး လေလံပွဲစတင်လာသည်။


အစပျိူးစျေးနှုန်းမှာ ကြယ်ဒင်းဂါးသန်း20ဖြစ်ပြီး

ယင်းက Sအဆင့်မက်ခါတစ်စီးအတွက် စျေးမများလှပေ။


ထို့အပြင် ယွမ်ရှင်းကျဲမက်ခါ၏အရည်အသွေးက SSS+ကို ကျော်လွန်ပြီးသားဖြစ်၏။


လေလံပွဲမှာ ပထမဆုံး ပါဝင်ယှဥ်ပြိုင်သူကား ချီလင်းမက်ခါကုမ္ပဏီ၏ဥက္ကဋ္ဌလျှိူဖြစ်လေသည်။ သူက စျေးနှုန်းကို တန်းပြီး ကြယ်ဒင်းဂါးသန်း100သို့တိုးမြှင့်လိုက်၏။


လူတိုင်း တပြုံလုံး ရော့ရကုန်ကြသည်။


"ရက်စက်လိုက်တာ... "


"သန်း100...ငါ့ဘဝမှာ အဲ့လောက်များတဲ့ပိုက်ဆံတစ်ခါမှမမြင်ဖူးဘူး"


လေလံပွဲမှာ လေလံဝင်ဆွဲရန်အတွက် လေလံဆွဲသူအနေဖြင့် သူတို့၏ကဒ်ထဲမှာ လေလံဆွဲသည့်ပမာဏထက်ပိုက်ဆံပိုရှိနေရမည်ဖြစ်သော်ငြားပင် လူချမ်းသာအုပ်စုက စျေးနှုန်းကို ဆက်ပြီးတိုးမြှင့်နေကြ၏။


သန်း120၊ သန်း190၊ သန်း230...


တိုးမြင့်လာသော စျေးနှုန်းတိုင်းက ထိတ်လန့်ဖွယ်ကိန်းဂဏန်းများဖြစ်နေသည်။


လက်ရှိတွင် အဆင့်မြင့်မက်ခါကုမ္ပဏီအကုန်လုံး၏ အစည်းအဝေးခန်းများတွင် အကြီးတန်းခေါင်းဆောင်များက ဤလေလံပွဲကို မျက်ခြေမပြတ်ကြည့်ရှုနေကြ၏။


"ဘာ...ကျင်းကျန်းမက်ခါကုမ္ပဏီက သန်း300နဲ့လေလံဆွဲတယ်ပေါ့...သူတို့ ဘယ်နေရာကနေ ပိုက်ဆံတွေအများကြီးရလာတာလဲ"


"ကုမ္ပဏီက စျေးမြှင့်လိုက်ပြီ..."


"ဆက်မြှင့်နေ ...ငါ ဒီနေ့ဒီမက်ခါကို ရကိုရရမယ်"


ယွမ်ရှင်းကျဲက ဖန်သားပြင်၏ရှေ့မှာထိုင်နေခဲ့ပြီး

သူလည်း ဤရှုးသွပ်ဖွယ်လေလံပွဲကြောင့် အနည်းငယ် အံ့အားသင့်သွား၏။


"မက်ခါနည်းပညာက ကုဒ်ဝှက်ထားတယ်လို ငါပြောထားပြီးသားပါ"

ယွမ်ရှင်းကျဲ သူ့ဉာဏ်ရည်တုပေါ်က အဖြစ်အပျက်ကို ကြည့်နေရင်း သူဘာသူရေရွတ်မိသည်။


"ဘာလို့ ဒီလူတွေက ဒီလောက်အရူးအမူးဖြစ်နေကြတာလဲ"


အင်ပါယာရှိ လူချမ်းသာများ၏ မက်ခါများအပေါ် စိတ်အားထက်သန်မှုကို သူလျော့တွက်ခဲ့ခြင်းဖြစ်၏။

168.2


စျေးနှုန်းက ကြယ်ဒင်းဂါးသန်း500ကျော်သွားချိန်တွင် လေလံပွဲမှာ ပါဝင်သည့်ပုဂ္ဂလိကလေလံဆွဲသူများက သိသိသာသာ လျော့နည်းသွားပြီး ကုမ္ပဏီငယ်များပင် ဤမျှလောက်ထိလေလံပမာဏကို မတတ်နိုင်ကြပေ။ ကျန်ရှိနေသောသူများက လုပ်ငန်းကြီးများသို့မဟုတ် ကောင်းစွာပြင်ဆင်ထားသော မက်ခါကုမ္ပဏီအသင်းများဖြစ်ကြသည်။


ဘေးဘက်မဟာမိတ်အဖွဲ့အစည်းကလည်း   လေလံပွဲကို တိတ်တိတ်လေး  တိုက်ရိုက်ထုတ်လွှင့်နေပြီး မဟာမိတ်အဖွဲ့အစည်းက အင်တာနက်သုံးစွဲသူများက မှတ်ချက်ဘားတန်းထဲတွင် တစုတဝေးတည်း မျက်မှောင်ကြုတ်ကုန်ကြ၏။


"ငါတို့မဟာမိတ်အဖွဲ့အစည်းက အင်ပါယာထက်ချမ်းသာတယ်လေ...ဘာလို့ ဆက်မတိုးကြတာလဲ"


"မဟာမိတ်အဖွဲ့အစည်းက ဘယ်အဝယ်တော်ကိုလွှတ်လိုက်တာလဲ...ငါတကယ်ကို သိချင်မိတယ်"


"မြန်မြန်လေး ဝယ်ပါ...ဒီလိုမက်ခါမျိုးကို ငါတို့လိုအပ်တယ်...မဟုတ်ရင် မဟာမိတ်မက်ခါတွေ ဆုံးခန်းတိုင်သွားလိမ့်မယ်"


"နေ့တိုင်း သူတို့ရဲ့စည်းစိမ်တွေကို ထုတ်ကြွားနေကျ မဟာမိတ်က လူချမ်းသာတွေရော...ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်ရောက်ကုန်ကြတာလဲ..."


မကြာမီ စျေးနှုန်းက ကြယ်ဒင်းဂါးသန်း800ကျော်ထိရောက်လာသည်။


ဤကိန်းဂဏန်းကား ကြယ်အစုအဝေး တစ်ခုလုံးတွင် အကြီးမားဆုံးကုမ္ပဏီကပင် တစ်နှစ်အတွင်း ယင်းကဲ့သို့ ဝင်ငွေလည်ပတ်မှုမျိုးရရှိနိုင်မှာမဟုတ်ပေ။


ယွမ်ရှင်းကျဲကမူ လေလံပွဲတစ်ခုကနေ အလွယ်တကူရရှိခဲ့၏။


တဖြည်းဖြည်းနှင့် လေလံပွဲကနှေးကျလာပြီး လေလံဝင်ဆွဲသူများကလည်း အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။


သူတို့ထဲတွင် သံသယဖြစ်စရာ အထောက်အထားရှိသူအများအပြားရှိပြီး အင်တာနက်သုံးစွဲသူများက ထိုလူများက အင်ပါယာမှအဝယ်တော်များမဖြစ်နိုင်ကြောင်း အော်ဟစ်ကြ၏။


"အေးဗျာ...မဟာမိတ်အဖွဲ့အစည်းကလူတွေက အပျော်သဘောနဲ့လာကြည့်တာတော့ မဖြစ်နိုင်ဘူးမလား"


"ရှင်းကျဲက အင်ပါယာကလူလေ...အဲ့တော့ မက်ခါကလည်း အင်ပါယာရဲ့မက်ခါပဲ...မြန်မြန်လေးးး"


"နည်းပညာကုဒ်ဝှက်ထားလို့ မဟာမိတ်အဖွဲ့အစည်းက မက်ခါကို ထိုးဖောက် မကြည့်နိုင်မှန်း သိပေမဲ့ ...ငါသူတို့ကို ရကိုမရစေချင်တာ"


"မဟာမိတ်အဖွဲ့အစည်းက အရင်တုန်းက အင်ပါယာနဲ့စေ့စပ်ညှိနှိုင်းဖို့အရမ်းခက်တယ်...အခုကျဘာလို့ အင်ပါယာကမက်ခါကို ခိုးပြီးလာဝယ်နေကြတာလဲ"


"ဟီးဟီး...မဟာမိတ်အဖွဲ့အစည်းက ဒီမက်ခါကို နောက်ထပ်နှစ်100သုတေသနမလုပ်ဘဲနဲ့ မတည်ဆောက်နိုင်လို့ပေါ့ဟ..."


"အင်ပါယာကအဝယ်တော်တွေ မြန်မြန်လေး မက်ခါကိုဝယ်ကြပါ...မဟာမိတ်အဖွဲ့အစည်းက လူတွေလုသွားတာမခံရစေနဲ့"


ကြယ်အစုအဝေး မဟာမိတ်က အမြဲတမ်းအင်ပါယာအပေါ် ရန်လိုခဲ့ပြီး မဟာမိတ်အဖွဲ့အစည်းက လူတွေကလည်း သူတို့၏နည်းပညာက အင်ပါယာထက်ပိုမို ဖွံ့ဖြိုးသည်ဟု ထင်ကြသဖြင့် သူတို့၏ သဘောထားများက အမြဲလိုလို အထက်စိးဆန်မှုများပြည့်နေလေ့ရှိ၏။


ယခုမူ မဟာမိတ်အဖွဲ့အစည်း၏ ယွမ်ရှင်းကျဲ၏မက်ခါအသစ်အပေါ် သဲသဲမဲမဲဖြစ်နေမှုကို မြင်ရသောအခါ အင်ပါယာက အင်တာနက်သုံးစွဲသူများ ရုတ်တရတ်ကြီး ဂုဏ်ယူမိသလိုခံစားရကြသည်။ မဟာမိတ်အဖွဲ့အစည်းက စေလွှတ်လိုက်သော လူများအဖို့ အင်ပါယာနှင့် စျေးနှုန်းတိုက်ပွဲစတင်ရန်အတွက် အချိန်များစွာမကြာမြင်ခဲ့ပါချေ။


ငါးမိနစ်အတွင်းမှာပင် စျေးနှုန်းက1ဘီလီလျံကျော်လာ၏။


မီနစ်20အတွင်းမှာ စျေးနှုန်းက 1.7ဘီလီလျံသို့ တိုက်ရိုက်ထိုးတက်သွားသည်။


ကြယ်အစုအဝေးတစ်ခုလုံး၏သမိုင်းတွင် ဤစျေးနှုန်းဖြင့် ရောင်းချခဲ့သော မက်ခါသို့မဟုတ် တစ်ခုတည်းသော ကုန်ပစ္စည်း တစ်ခါမှ  မရှိဖူးခဲ့ပေ။


ဤသည်က သိသိသာသာကို ကြီးမားလွန်းသော ကိန်းဂဏန်းပင်။


အဆုံးတွင် ဤမက်ခါ၏စျေးနှုန်းက ကြယ်ဒင်းဂါ2.132ဘီလီလျံမှာ အခြေကျသွားပြီး အင်ပါယာမှ ခပ်လျှိုလျှိုပုဂ္ဂလိက အဝယ်တော်တစ်ဦးက ဝယ်ယူသွားခဲ့၏။


အနှီလေလံပမာဏသည် အဓိကပလက်ဖောင်းအားလုံးတွင် ရှာဖွေမှုအမြင်ဆုံးစာရင်းများကို သွေးရေချိူးခဲ့ပြီး အဓိကသတင်းဝက်ဘ်ဆိုဒ်များကို အမဲဖျက်ခဲ့လေသည်။


လူတိုင်းနီးပါက ယခုလိုခေါင်းစဥ်များဖြင့် အစီရင်ခံနေကြ၏။


["ရှင်းကျဲမက်ခါ"လေလံပွဲက အောင်မြင်သွားပြီးတော့ လေလံစျေးနှုန်းက ကြီးမာလွန်းတဲ့ ကိန်းဂဏန်းအရေအတွက်ဖြစ်တဲ့ 2.132ဘီလီလျံကိူရောက်ရှိသွားခဲ့ခြင်း ...] ၊ 


[အင်ပါယာက ပုဂ္ဂလိကအဝယ်တော်တစ်ဦးက "ရှင်းကျဲမက်ခါ"ကို ငွေအများအပြားသုံး၍ ဝယ်ယူခဲ့ပြီး မက်ခါလေလံပွဲစံချိန်တစ်ခုဖန်တီးလိုက်ခြင်း] ၊ 


[ယွမ်ရှင်းကျဲက အံဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်ပြန်ပြီ...ပထမဆုံး"ရှင်းကျဲမက်ခါ"က လေလံပွဲဗုံးတစ်လုံးကို စနက်မီးပျိူးလိုက်ပြီ...] ၊


 […]


ဆိုတော့...သူဖန်တီးခဲ့တဲ့မက်ခါက လုံလုံလောက်လောက် စွမ်းအားမကြီးပေဘူးလား...သူက ပြိုင်ကွင်းကိုတောင် ဇောက်ထိုးမိုးမျှော်လုပ်ခဲ့ပြီးပြီလေ..


သုံးရက် သုံးညကြာပြီးနောက် ယွမ်ရှင်းကျဲ၏မက်ခါကအသစ်က နောက်ဆုံးတွင် ၎င်း၏တရားဝင်နာမည်ကိုရရှိခဲ့သည်။


ရှင်းကျဲမက်ခါ...


အကြောင်းမှာ ဤမက်ခါ၏အဓိကနည်းပညာအားလုံးကို ယွမ်ရှင်းကျဲတစ်ယောက်တည်း ဖန်တီးထားသောကြောင့်ပင်။


ယခင်မက်ခါအသစ်များကို သုတေသီအဖွဲများက 

ပူးပေါင်းတီထွင်ခဲ့ကြသော်လည်း ဤမက်ခါအသစ်ကမူ ခြားနားပေ၏။


မှန်သည်ပင်၊ ယွမ်ရှင်းကျဲ  ဤနာမည်နှင့်ပတ်သတ်၍ ကိုယ်ဘာကိုယ်ရှက်ရွံ့သလို ခံစားရသည်။ ဥက္ကဋ္ဌထိုင်ခုံမှာထိုင်နေရင်း သူ့နဖူးသူပွတ်လိုက်၏။


"သူတို့က ဘာလို့ ကျွန်တော့်နာမည်ကို မက်ခါရဲ့နာမည်အဖြစ်ယူလိုက်ကြတာလဲ"


လော့ဝမ်ချွမ်းက ပြုံး၍ သူ့ကိုနှစ်သိမ့်လေသည်။.

"ဒါက ကောင်းတာပဲမဟုတ်ဘူးလား...အနာဂတ်ကျရင် မက်ခါသင်ချင်တဲ့လူမှန်သမျှ မင်းရဲ့နာမည်ကို ပုံနှိပ်စာအုပ်ထဲမှာ သိကြလိမ့်မယ်"


ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ဤသည်က အတော်လေးကောင်းမွန်ပုံရသည့်အပြင်

ပုံနှိပ်စာအုပ်အသစ်များ၏ အရှိန်ကလည်း သူ့ယခင်ဘဝတုန်းကထက်ပိုမြန်ပေ၏။


"ဒါပေမဲ့ စာမေးပွဲတွင်းမှာ "ရှင်းကျဲ မက်ခါ"ရဲ့စွမ်းရည်ကို အလွတ်မကျက်နိုင်တဲ့ကျောင်းသားတွေကတော့ မင်းကိုအတင်းပြောရင်ပြောနေကြမှာ"ဟု

လော့ဝမ်ချွမ်းက စနောက်လိုက်သည်။


"အဲ့ဒါဆိုရင်တော့ အနာဂတ်မှာ'ရှင်းကျဲ မက်ခါ'အတွက် စမ်းသပ်ဆိုက်တွေ အနာဂတ်မှာတစ်ခုထက်ပိုရှိတော့မှာပဲ "


ဤသည်က နိဒါန်းသေးသေးလေးတစ်ခုသာဖြစ်ပေသည်။ 


သူလည်းပဲ သူ့ယခင်ဘဝကထက်ပိုမိုစွမ်းအားကြီးသော မက်ခါတစ်စီးကို ဖန်တီးပြီး မက်ခါကို ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်ကာ ပြိုင်ကွင်းကိုရှင်းလင်းချင်ပါ၏။ 


လေလံပွဲဝင်ငွေကို ယွမ်ရှင်းကျဲ ရရှိပြီးနောက် ကုမ္ပဏီက လုပ်ငန်းလည်ပတ်မှုကို ချက်ချင်းလက်ငင်း ချဲ့ထွင်ခဲ့ပြီး အလုပ်လာလျှောက်သည့်

ဝန်ထမ်းများလည်း စဥ်ဆက်မပြတ်အတောမသတ်အောင် ရှိလာသည်။ 


ရှင်းဟိုင်တက္ကသိုလ်က  ကုမ္ပဏီစီမံခန့်ခွဲရန် ယွမ်ရှင်းကျဲကို ခွင့်တချို့ အထူးတလည်ပေးခဲ့သဖြင့် ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ်သို့ အမြန်ဆုံးရောက်ရှိလာတော့၏။


ဤသည်က MVPချန်ပီယံအတွက် ဦးစားပေးဆက်ဆံမှုဖြစ်ပြီး သူ့ခွန်အား၏အတည်ပြုချက်လည်းဖြစ်ပေသည်။


xxxxxx