အပိုင်း ၁၆၉
Viewers 17k

Chapter 169


တစ်ပတ်အတွင်း၌ ယွမ်ရှင်းကျဲက အလွန့်အလွန် အရည်အချင်းရှိသော ဝန်ထမ်းအုပ်စုတစ်စုကို ခေါ်ယူခဲ့၏။


သူ၏စည်းမျဥ်းများအရ ယွမ်ရှင်းကျဲက လူတွေကို လိင်အမျိူးအစားနှင့်အသက်အရွယ်ပေါ် အခြေမခံပါဘဲ အရည်အချင်းတစ်ခုတည်းအပေါ်အ​ခြေခံ၍ အလုပ်ခန့်အပ်ခဲ့သည်။ ဤအတွက်ကြောင့် အိုမီဂါနှင့်ဘီတာလျှောက်ထားသူများကြားမှ အရည်အချင်းရှိသူများစွာကို သူ တွေ့ရှိခဲ့လေ၏။


အင်ပါယာမက်ခါသုတေသနအဖွဲ့အစည်းကလူများစွာကပင် ရှင်းချွမ်းမက်ခါကုမ္ပဏီဆီသို့ ခုန်ကူးလာခဲ့ကြသည်၊ ဥပမာအားဖြင့် ယူဂျင်းပင်။


ယူဂျင်းက ယွမ်ရှင်းကျဲ၏သုတေသနလက်ထောက်ကနေ ဥက္ကဋ္ဌလက်ထောက်ဖြစ်လာခဲ့သည်။


သူ့ဝန်ထမ်းများ၏ အလုပ်ခုန်ကူးသွားခြင်းနှင့်ပတ်သတ်၍ ချန်ယွမ်၏စကားများသည်ကား—

အမှန်တော့ ငါလည်းခုန်ကူးချင်တာပေါ့ကွာ...ဒါပေမဲ့ ငါက ဌာနမှူးဖြစ်နေတယ်...


သို့ရာတွင်  အလုပ်မပြောင်းနိုင်သော်လည်း 

ချန်ယွမ်အနေဖြင့် ရှင်းချွမ်းမက်ခါကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်မှုစာချုပ်တသီကြီးကို လက်မှတ်ရေးထိုးနိုင်ဆဲဖြစ်၏။

 

ဤသည်က ချန်ယွမ်အပေါ် ယွမ်ရှင်းကျဲ၏ပြန်လည်ပေးဆပ်မှုဖြစ်လေသည်။ စာချုပ်ကိုရပြီးနောက် ချန်ယွမ် ပျော်လွန်း၍ အခန်းထဲမှာ သူအနှစ်သက်ဆုံးမိန်းကလေးအဖွဲ့အကကိုပင် ကလိုက်သေး၏။


မကြာမီ ရှင်းချွမ်းမက်ခါကုမ္ပဏီက စတင် အကောင်အထည်ပေါ်လာပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် အမှာစာများသည် နှင်းပွင့်များကဲ့သို့ ဝဲပျံနေကာ တစ်နှစ်အကြာစောင့်ဆိုင်းစာရင်းကို တခဏတွင်းချင်း ဖန်တီးခဲ့သည်။


ကုမ္ပဏီဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ယွမ်ရှင်းကျဲကလည်း သူ့ကတိသူဖြည့်ဆည်းပေးခဲ့၏။ရှင်းဟိုင်တက္ကသိုလ်ရှိ "အိုမီဂါမက်ခါအသင်း"ကို အခြေခံ၍ အင်ပါယာထဲရှိအိုမီဂါအားလုံးအတွက် မက်ခါအသင်းတစ်ခုကို သူဖွဲ့စည်းပေးခဲ့ပြီး ရန်ပုံငွေ ဖောဖောသီသီထောက်ပံ့ခဲ့သည်။


ပထမဆုံးဥက္ကဌ၏ သရုပ်မှန်မှာအလွန်ထူးခြားလှပြီး ယွမ်ရှင်းကျဲပင်လျှင် လော့ဝမ်ချွမ်း၏ညီမတဖြစ်လဲ တော်ဝင် မိသားစု၏တတိယမင်းသမီး လော့တိဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။


သူမ ယွမ်ရှင်းကျဲကို လေးစားနေသည်မှာကြာလှလေပြီ။ မက်ခါများကို ချစ်မြတ်နိုးသူ အိုမီဂါတစ်ဦးအနေဖြင့် ကံမကောင်းစွာနှင့်ပင် သူမ၏အားနည်းသော စိတ်ခွန်အားကြောင့်မက်ခါများကို မောင်းနှင်နိုင်ခြင်းမရှိခဲ့ပေ။


ယွမ်ရှင်းကျဲ၏ပြုပြင်​ပြောင်းလဲမှုက သူမအား မက်ခါလောကထဲရှိ အိုမီခါများ၏မျှော်လင့်ချက်ကို မြင်အောင်လုပ်ပေးခဲ့သည်။


ထို့အတွက် လော့တိထရပ်ကာ သူမဘက်ကအစပျိုး၍ ဥက္ကဌလုပ်ချင်ကြောင်း ယွမ်ရှင်းကျဲကို  တောင်းဆိုခဲ့၏။


ယွမ်ရှင်းကျဲကလည်း သဘာဝအတိုင်း တတိယမင်းသမီးပါဝင်လာသည်ကို မြင်ရခြင်းအတွက် အလွန်ဝမ်းသာနေခဲ့သည်။ သူမကဲ့သို့ စိတ်အားထက်သန်ပြီး အဆင့်အတန်းမြင့်သောသူတစ်ယောက်နှင့်သာဆိုပါက အိုမီဂါမက်ခါအသင်းက သေချာပေါက်ကို အချိန်တိုလေးအတွင်းမှာ ခြေကုပ်ယူနိုင်လိမ့်မည်ဖြစ်၏။


လော့တိနောက်ဆုံးမှာ ယွမ်ရှင်းကျဲနှင့်ဆုံရပြီဖြစ်သည့်အတွက် စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုဆိုလိုက်သည်။


"ယောင်းမ...စိတ်မပူနဲ့ ကျွန်မက သေချာပေါက် မျှော်မှန်းချက်တွေကို အသက်သွင်းပေးမှာပါ...ကျွန်မ သေချာပေါက် အသင်းရဲ့အနေအထားကို ချဲ့ထွင်ပြီး အင်ပါယာအတွက် အရည်အချင်းရှိတဲ့လူတွေကို ပြုစုပျိုးထောင်ဖို့ကြိုးစားသွားမှာပါ..."


သူမက  ယွမ်ရှင်းကျဲကို ယောက်မတစ်ယောက်ထက်ပိုကာ လေးစားသဘောကျမှုများပြည့်နေသော မျက်လုံးများဖြင့်ကြည့်နေ၏။ သူက သူမ၏မိဘအသစ်ဖြစ်နေသကဲ့သို့ပင်။


"သာ့ချွမ်းနဲ့ငါက လက်မထပ်ရသေးဘူး....."


သူမ၏"ယောက်မ"ဟူသော အခေါအဝေါ်နှင့် ပုံမှန်မဟုတ်သောအမူအရာ ကြောင့် ယွမ်ရှင်းကျဲ ကြက်သေသေသွားသည်။  


"မင်းငါ့ကို အဲ့လိုခေါ်တာရပ်လိုက်ရင်ကောင်းမယ်"


"ရှင်က ကျွန်မနှလုံးသားထဲမှာ တစ်ဦးတည်းသောယောက်မပဲ "


လော့တိက ရိုးသားမှုအပြည့်ဖြင့်ပြောလိုက်၏။


"ကျွန်မအမြင်အရဆိုရင် သူရှင့်ကိုလက်ထပ်ထပ်မထပ်ထပ် ဒုတိယအစ်ကိုက ရှင့်ဟာဖြစ်နေပြီလေ ...အိုး မဟုတ်ဘူး မဟုတ်ဘူး...သူရှင့်ကို လက်မထပ်ဘဲနေရဲရင် ကျွန်မသူ့ကို အစ်ကိုနဲ့ညီမ တစ်ယောက်နဲ့တစ်ယောက် သေခန်းရှင်ခန်းဖြတ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ သူသိအောင်ပြလိုက်မယ်"


ဤကြေညာချက်က လော့တိ၏ ယွမ်ရှင်းကျဲအပေါ် လေးစားသဘောကျမှုက မည့်မျှထိနက်ရှိုင်းကြောင်းပြသနေပေသည်။


အမှန်တွင် ကြယ်အစုအဝေးရှိ အိုမီဂါအကုန်လုံးနီးပါက ယွမ်ရှင်းကျဲကို ကိုးကွယ်ကြ၏။


ယွမ်ရှင်းကျဲ အင်ပါယာအိုမီဂါမက်ခါ အသင်းကို ထူထောင်လိုက်ပြီဟုကြားရာတွင် လုရန်ရှုနှင့်စုကျိနန်တို့က ရှင်းဟိုင်တက္ကသိုလ်ထဲကအသင်းကို 

အင်ပါယာအသင်း၏ဌာနခွဲတစ်ခုအဖြစ်သတ်မှတ်ရန် လျှောက်ထားခဲ့သည်။


ယွမ်ရှင်းကျဲက မဆိုင်းမတွသဘောတူခဲ့ပြီး သူတို့၏လုပ်ရပ်များအတွက်ကျေးဇူးတင်ကြောငိးဖော်ပြခဲ့၏။ မကြာမီ အင်ပါယာတခွင်ရှိ စစ်တက္ကသိုလ်များသည် သက်ဆိုင်ရာ အသင်းအသီးသီးကို စတင်တည်ထောင်ခဲ့ကြပြီး ဤခေတ်ရေစီးကြောင်းက စစ်ဘက်ဆိုင်ရာမဟုတ်သော တက္ကသိုလ်များအထိပင် သယ်ဆောင်သွားခဲ့သည်။


ယွမ်ရှင်းကျဲက သူ၏ခွန်အားကို အသုံးပြု၍ အိုမီဂါများ လူမှုအဆင့်အတန်းအတွက် မျိုးပွားနိုင်ခြင်းကို ရောင်းဝယ်ဖောက်ကားခြင်းက အဓိပ္ပါယ်မရှိကြောင်း လူတိုင်းကို သိစေခဲ့၏။  အလုပ်ကြိုးစားခြင်းကနေ သူတို့ကိုယ်သူ  သက်သေပြ​မှုသည်သာလျှင် မှန်ကန်သောနည်းလမ်းဖြစ်ပေသည်။ ဤအတွက်ကြောင့် အိုမီဂါများသည် သူတို့၏အခွင့်အရေးများအတွက် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြ၏။


လုရန်ရှုနောက်ဆုံးမှာ ယွမ်ရှင်းကျဲကိုပြန်မြင်ရပြီဖြစ်သဖြင့် ငိုကြွေးလေသည်။


"ရှင်းကျဲ... ဘာလို့လက်ထောက်တစ်ယောက်ကို မြန်မြန်ကြီးရှာခဲ့ရတာလဲ...ငါမင်းရဲ့လက်ထောက်ဖြစ်ချင်နေတုန်းပဲ"


ယွမ်ရှင်ကျဲက နှစ်သိမ့််လိုက်၏။


"မင်းဘွဲ့ရပြီးတဲ့အထိစောင့်...အဲ့ကျမှ ငါ့ဆီအလုပ်လာဝင်လည်း နောက်မကျပါဘူး"


လုရန်ရှုက ယွမ်ရှင်းကျဲ၏လက်ကို ဆုပ်လိုက်ပြီး

"ကတိနော်"


ဤအတောအတွင်းမှာ စုကျီနန် သူ၏အချိန်ပိုင်းအလုပ်ကနေထွက်ပြီးသွားပြီဖြစ်ကာ ယွမ်ရှင်းကျဲကို အကြွေးကုန်ပြန်ဆပ်ပြီးခါနီးလေပြီ။ သူက 

ကျောင်းအသင်းကို အတော်လေးကောင်းမွန်စွာ လည်ပတ်ရန်အကူအညီပေးခဲ့သည်။


ထို့ကြောင့် ယွမ်ရှင်းကျဲကလည်း စုကျီနန်ကို အနာဂတ်မှာ သူပိုက်ဆံလိုအပ်ပါက ရှင်းချွမ်းမက်ခါကုမ္ပဏီကို အလုပ်သင်သင်တန်း လာဆင်းနိုင်ကြောင်း ကတိပေးလိုက်၏။


ဤသည်က ယွမ်ရှင်းကျဲအတွက် မပြောပလောက်သောရာထူးတစ်ခုသာ ဖြစ်သော်ငြား 

စုကျီနန်ကိုမှု ပြေားရာစကားမဲ့သွားစေခဲ့သည်။


လွန်ခဲ့သည့်လအနည်းငယ်ကပင် အိုမီဂါတစ်ယောက်အနေဖြင့် အင်ပါယာမြို့တော်ရှိ မက်ခါကုမ္ပဏီတစ်ခုမှာ အလုပ်သင်သင်တန်းဆင်းလိုပါက ရာထူးတစ်ခုရှာရန်အတွက်က မိုးပေါ်ပျံရသည်ထက်ခက်လှ၏။ 


စုကျီနန် တံတွေးမျိုချပြီး လက်သီးတင်းတင်းဆုပ်ကာ ညင်သာစွာ ပြောလိုက်သည်။


"ကျေးဇူးပါ...ငါ့ကို အခွင့်အရေးတစ်ခု ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"


"အနာဂတ်ကျရင် တခြားအိုမီဂါတွေနဲ့ ပြိုင်ဖို့မစဥ်းစားနဲ့"


ယွမ်ရှင်းကျဲက တည်တည်ငြိမ်ငြိမ် ဆိုလိုက်၏။


"မင်းရဲ့အရည်အချင်းနဲ့ဆို အယ်လ်ဖာတစ်ယောက်ရဲ့ပြိုင်ဘက်ဖြစ်ဖို့ လုံလောက်တယ်"


စုကျိနန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"


အဓိကကိစ္စနှစ်ခုဖြစ်ကြသော ကုမ္ပဏီလည်ပတ်ရေးနှင့် အိုမီဂါအသင်းတို့ကို ဖြေရှင်းပြီးသွားပြီဖြစ်ကာ သူ၏တစ်လကျောင်းခွင့်ကလည်း မကြာမီကုန်ဆုံးတော့ပေမည်။


ယွမ်ရှင်းကျဲ သူ့မှာအချိန်လုံလုံလောက်လောက်မရှိဟု ညည်းညူမိသွား၏။


မဖြစ်နိုင်ဟုထင်ရသောအံဖွယ်တစ်ခုကို ယွမ်ရှင်းကျဲက တစ်လတည်းနှင့် ပြီးမြောက်စေသည်ကို အပြင်လောကကြီးက အံဩနေကြသည်။ ယင်းက ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ စျေးကွက်တန်ဖိုးကို နှစ်ဆဖြစ်စေရုံသာမက အိုမီဂါများခွဲခြားဆက်ဆံခံရခြင်းမှ လွတ်မြောက်ရေးလှုပ်ရှားမှုကိုပါ ကြီးမားစွာတိုးမြှင့်ပေးခဲ့လေ၏။


မှန်သည်ပင်၊ ဤအရာနှစ်ခုအပြင် ယွမ်ရှင်းကျဲက တတိယမြောက်ကိစ္စတစ်ခုကိုလည်း တိတ်တိတ်လေးပြုလုပ်နေခဲ့သည်။

–169.2


 

ဤနေ့တွင် ချန်ရှန်းမက်ခါကုမ္ပဏီထဲ၌ လူတိုင်း၏မျက်နှာများက စိတ်ဓာတ်ကျမှုများဖြင့် ပြည့်နှက်နေ၏။


လွန်ခဲ့သည့်တစ်လက ယွမ်ချန်ရှန့်လည်း

ရှင်းကျဲမက်ခါ လေလံပွဲတွင် ပါဝင်ခဲ့သော်ငြား 

သူ၏ပိုင်ဆိုင်မှုများက အကန့်အသတ်ရှိသဖြင့်

သန်း500အဆင့်ထိသာလိုက်နိုင်ခဲ့သည်။


စတော့စျေးကွက် မကျဆင်းခဲ့ဘူးဆိုပါက

သူ့အနေဖြင့် ထိုသည်ကို ကြိုးစားလျှင်ကြိုးစားနိုင်ဦးမှာဖြစ်သော်လည်း ယခုတွင် သူမှာ အခွင့်အရေးလုံးဝမရှိပါဘဲ သူကုမ္ပဏီ၏အသားတင်တန်ဖိုးကလည်း အကြိမ်များစွာ လျော့နည်းသွားခဲ့၏။


အစည်းအဝေးအတွင်းမှာ ရှယ်ယာရှင်တစ်ဦးက ပြောလာသည်။

"ဒါမှမဟုတ် ဒီကုမ္ပဏီကိုရောင်းလိုက်ရအောင်"


ယွမ်ချန်ရှန့် စားပွဲကိုဒေါသတကြီး ရိုက်လိုက်၏။

"မရဘူး...ဒါက ကျုပ်ခက်ခက်ခဲကြိုးစားထားတဲ့ လုပ်ငန်း...ကျုပ်ဘယ်လိုလုပ် ရောင်းနိုင်မှာလဲ"


သူ့ဘဝမှာ ဘာလုပ်နိုင်စွမ်းမှမရှိတော့ဘဲ

ချန်ရှန့်က *သူ၏နောက်ဆုံးမျက်နှာဖြစ်လေသည်။

(E\T-သူဂုဏ်ယူရတဲ့နောက်ဆုံးသောအရာ)


သို့ပေမဲ့ သူမေ့နေဟန်ရှိသည်က ဟီးရိုးအစစ်ကသူမဟုတ်ပါဘဲ ချင်ရွှမ်းဖြစ်နေသည်ကိုပင်။


တခြားအဓိကရှယ်ယာရှင်တစ်ဦးက ဆိုလေသည်။


"ရှင်းချွမ်းမက်ခါကုမ္ပဏိက အခုဆိုအပြည့်အဝလည်ပတ်နေပြီ...လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ယွမ်ရှင်းကျဲက မက်ခါလောကရဲ့နံပါတ်တစ်နေရာကို အခိုင်အမာသိမ်းပိုက်နိုင်လိမ့်မယ်မှန်း ကြိုမှန်ကြည့်လိုရတယ်...ဒါပေမဲ့ သူက သူချန်ရှန့်နဲ့ပူးပေါင်းမှာမဟုတ်ဘူးလိုပြောခဲ့တယ်လေ...ငါတို့တခြားဘာလုပ်နိုင်ဦးမှာလဲ"


ယွမ်ချန်ရှန့်၏အမူအရာက သိပ်မကောင်းလှပေ။သူ့အနေဖြင့် အဆုံးစွန်ထိတွန်းပို့ခံလိုက်ရမှန်းသိသော်လည်း သူ့သားယွမ်ရှင်းကျဲက သူ့ကို အားနည်းနည်းမှမစိုက်ရဘဲ အသူရာချောက်နက်ထဲတွန်းချခဲ့သည်ဟူသော အမှန်တရားကို သူလက်မခံနိုင်သေးပေ။


တခြားရှယ်ယာရှင်တစ်ဦးက နောက်ထပ်ဓားတစ်စင်းကိုပစ်လွှတ်လိုက်၏။ 


"ယွမ်ရှင်းကျဲကို ဆန့်ကျင်ဖို့ဆိုတာက သေခြင်းတရားကို လက်ယက်ခေါ်နေတာပဲမဟုတ်ဘူးလား...အစတုန်းကမင်းဘယ်လိုတွေးမှန်းမသိပေမဲ့....သူ့ကိုလက်ထပ်ပေးချင်တာကတော့ ကျွတ် ကျွတ် ကျွတ်..."


လေသံထဲမှာ လှောင်ပြောင်သရော်လိုမှုများအပြည့်ပါနေပြီး ယင်းက ယွမ်ချန်ရှန့်ကို ဒေါသထွက်ကာ အင်မတန်နောင်တရလာစေသည်။


ထိုအခိုက်အတန့်တွင် ချင်ရွှမ်းက လူတိုင်းကို ကြည့်ကာ ရုတ်တရက် ထပြောလေ၏။ 


"အကုန်လုံးက ကုမ္ပဏီကို ရောင်းဖို့ဆန္ဒရှိနေတယ်ဆိုတော့... ကျွန်မ ဒီအခွင့်အရေးကို သုံးပြီး အားလုံးကိုပြောချင်တာတစ်ခုရှိပါတယ်..."


ယွမ်ချန်ရှန့် အငိုက်မိသွားခဲ့သည်။ ချင်ရွှမ်းက ဤကဲ့သို့အရာမျိူးပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိချေ။ ချင်ရွှမ်းကို မျက်လုံးပြူးကာ ကြည့်နေရင်း ဆိုးရွားသည့်သတိပေးချက်တစ်ခုက သူ့နှလုံးသားထဲမှာ ပြည့်နှက်လာခဲ့သည်။


ထို့နောက်တွင် ချင်ရွှမ်းက သူ၏ဉာဏ်ရည်တုထဲမှ

အဆိုပြုထားသောဝယ်ယူမှု စာချုပ်တစ်ခုကို ဖန်သားပြင်ပေါ်သို့ တင်လိုက်၏။


"သိပ်မကြာခင်က ကုမ္ပဏီတစ်ခုနဲ့ ကျွန်မ အရောင်းအဝယ်တစ်ခု ဆွေးနွေးညှိနှိုင်းခဲ့တယ်...

ရှယ်ယာရှင်တွေက မဲပေးပြီး ပထမဆုံးငြင်းဆိုပိုင်ခွင့်ကို လက်လျော့သရွေ့...အရောင်းအဝယ်က ချက်ချင်းအပြီးသတ်လို့ရတယ်..."


ယွမ်ချန်ရှန့် ကြက်သေသေသွားပြီး သူစိတ်ထဲရှိ ထူးဆန်းသော သတိပေးချက်က အမှန်ဖြစ်လာခဲ့သည်။


"ချင်ရွှမ်း..မင်းဘာတွေပြောနေတာလဲ"


ယွမ်ချန်ရှန့် ဝုန်းခနဲ မတ်တပ်ထရပ်ကာ တုန်ရီနေသောအသံဖြင့်ဆိုလိုက်၏။


"ဒါကိုယ်တို့ရဲ့ ပေါင်းစပ်ကြိုးပမ်းမှုလေ..မင်းဘယ်လိုများ သစ္စာဖောက်နိုင်ရတာလဲ..."


ချင်ရွှမ်းက ခြေထောက်ချင်းချိတ်ကာထိုင်ရင်း သူ့ဆီကို မနှစ်မြို့အသလိုအကြည့်ချက်ပေးလာပြီး

ဂရုမစိုက်ဟန်ဖြင့်ပြောလေသည်။


"ယွမ်ချန်ရှန့်... ကျွန်မက ဒီကုမ္ပဏီကို ခက်ခက်ခဲခဲ ကြိုးစားပြီး စတည်ထောင်ခဲ့တာ...ရှင့်ရဲ့ညံ့ဖျင်းတဲ့ဦးနှောက်ကြောင့် ပျက်စီးသွားပြီ...အခု ရောင်းဖို့ကသာ တစ်ခုတည်းသောလွတ်လမ်းပဲ"


ယွမ်ချန်ရှန့်၏လက်ချောင်းများတုန်ရီလာပြီး ဖျော့တော့စွာမေးလိုက်၏။


"မင်း ကုမ္ပဏီကို ဘယ်သူ့ဆီရောင်းဖို့စီစဥ်နေတာလဲ"


ချင်ရွှမ်းက ကိုယ်ကို မတ်မတ်ထိုင်နေရင်း ရှယ်ယာရှင်များကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်လေသည်။


"ရှင်းချွမ်း မက်ခါ ကုမ္ပဏီ...ရှင်းကျဲက သူ့ကုမ္ပဏီမှာ နေရာတချို့လစ်လပ်နေလို့ ကျွန်မတို့တွေကို

ကုမ္ပဏီနဲ့အတူတူမြေကို သူ့ကိုရောင်းစေချင်တယ်လို့ပြောတယ်"


ယွမ်ရှင်းကျဲက သူ့ကုမ္ပဏီကို တကယ်ကြီး ပေါင်စည်းပစ်လိမ့်မည်ဟု ယွမ်ချန်ရှန့် မမျှော်လင့်ထားခဲ့ချေ။ 


ဒါက တကယ့်ကို အရှက်ကွဲတာပဲ...


"မင်း...မင်း....."


ယွမ်ချန်ရှန့် ဒေါသထွက်လွန်း၍ စကားပင်မပြောနိုင်တော့ပေ။ 


"မင်း သားကဖအေရဲ့သူဌေးဖြစ်လာတာမျိုး မင်းတွေ့ဖူးလို့လား"


ထို့နောက် သူက ရှယ်ယာရှင်များဘက်ကို လှည့်ကြည့်ပြီး အံကြိတ်ကာ ဆိုလိုက်၏။


"မင်းတို့ကောင်တွေ မရူးကြနဲ့စမ်း...ယွမ်ရှင်းကျဲရဲ့ကုမ္ပဏီပေါင်းစည်းမှုက သေချာပေါက်ကောင်းမှာမဟုတ်ဘူး..."


xxxxxxxxxx