Chapter 172
လေယာဉ်ပျံမှာ မကြာမီအချိန်၌ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဘုရင်နှင့်မိဖုရားတို့မှာ ခန်းမထဲတွင်ရှိနေပြီး လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ ဝင်ရောက်လာချိန်တွင် သူတို့နှစ်ဦးစလုံး၏အမူအယာမှာ တင်းမာနေကြသည်။
ဘုရင်မကြီးအား ကျော်ဖြတ်လာချိန်တွင် ယွမ်ရှင်းကျဲသူမအား စိုက်ကြည့်လိုက်သော်လည်း တစ်ဖက်လူမှာမူ သူ့အားပြန်မကြည့်ရဲခဲ့ပေ။
သူတို့နှစ်ဦးနေရာယူပြီးချိန်တွင် ဘုရင်ကြီးမှ ဘုရင်မအား ကြည့်ကာ အေးစက်စွာပြောလိုက်လေသည် " မင်း.. ဒူးထောက်လိုက်စမ်း…"
ဘုရင်မကြီးမှာ ထိတ်လန့်သွားရပြီးနောက် သူမ၏နှုတ်ခမ်းကိုကိုက်ကာ ပြောလာခဲ့သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးမကမှားခဲ့မိတယ်ဆိုပေမယ့်လည်း ကျွန်မရှောင်ချွမ်းအတွက်သာလုပ်ခဲ့ခြင်းပါ…"
" တိုင်းပြည့်မိခင်တစ်ဦးအနေနဲ့ အင်ပါယာအတွက် အလွန်အရေးပါတဲ့ အရပ်သားပါရမီရှင်တစ်ဦးကိုမင်း ထိခိုက်စေခဲ့တယ်…"
ဘုရင်ကြီး၏အသံဝင် သံသယလွန်ကဲနေသည့်အသံပါဝင်နေပြီး " မင်းယွမ်ရှင်းကျဲအပေါ် တောင်းပန်ဖို့အကြွေးတင်နေတယ်… ပြီးတော့ ကိုယ်တော့်အပေါ်လည်း ရှင်းပြချက်တစ်ခုပေးဖို့ အကြွေးတင်နေတယ်…"
ဘုရင်မကြီးမှာ ရွေးချယ်စရာရှိတော့ပေ။ သူမ၏လက်ချောင်းအား တင်းတင်းဆုပ်ကိုင်လိုက်ပြီး အဆုံးတွင် ယွမ်ရှင်းကျဲ၏ရှေ့၌ ဒူးထောက်ချလိုက်ရတော့သည်။
အတိတ်ကာလတုန်းက ဘုန်းတန်ခိုးကြီးမားခဲ့သော တော်ဝင်အမျိုးသမီးတစ်ဦးမှာ ယခုအချိန်တွင် မြေပြင်၌ ဒူးထောက်နေရပြီး သူ၏အဖြူရောင်စကတ်မှာ အနီရောင်ကော်ဇော်ပေါ်၌ မသေမသပ် ပြန့်ကြဲနေကာ ညှိုးနွမ်းတော့မည့် အဖြူရောင်ပန်းတစ်ပွင့်နှယ် ဖြစ်နေခဲ့သည်။
" တောင်းပန်ပါတယ်…" ဘုရင်မကြီးသည် မျက်ရည်များဝဲကာ ယွမ်ရှင်းကျဲကို ကြည့်လျက် သူမ၏အသံမှာ စတင်တုန်ယင်လာခဲ့သည်။
" ရှင်းကျဲ ငါမင်းကပါရမီရှင်တစ်ယောက်ဆိုတာကိုမသိခဲ့လို့ပါ.. ငါသာသိခဲ့မယ်ဆိုရင် ချီယင်ဒီလိုမျိုးလုပ်မှာကို ခွင့်ပြုပေးခဲ့မှာမဟုတ်ပါဘူး…"
ယွမ်ရှင်းကျဲ သူမကိုကြားဖြတ်လိုက်ပြီး " ကျွန်တော်က သာမာန်လူတစ်ဦးဖြစ်နေတောင်မှပဲ ခင်ဗျားဒီလိုလုပ်ဖို့အတွက် အခွင့်မရှိဘူး…"
" သိပါတယ် အကုန်ငါ့အပြစ်တွေကြီးပါပဲ…"
ဘုရင်မကြီးမှ သည်းထန်စွာ ငိုကြွေးလာပြီး ခံစားမှုကဒ်အား စတင်အသုံးချလိုက်ကာ " ဒါပေမယ့် ရှင်းကျဲ…ငါမင်းရဲ့ဂလင်းတွေကုပေးဖို့အတွက် လူရှာပေးနေခဲ့တယ်ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်…"
ဘုရင်ကြီး၏မျက်နှာမှာမူ ပွဲ၍ပင်တင်းမာလာပြီး လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့အား ကြည့်ကာ ချောင်းဟန့်လိုက်သည်။
" အမှန်ပဲ ဘုရင်မက နည်းလမ်းတစ်ခုကိုတွေးပြီး အကောင်းဆုံးကြိုးစားခဲ့တာပါ…အခု တောင်းလည်းတောင်းပန်ပြီးပြီဆိုတော့ ရှောင်ချွမ်းနဲ့ရှင်းကျဲ.. မင်းတို့နှစ်ယောက်လည်း ဒီကိစ္စကို ဆက်ပြီးမသွားသင့်တော့ဘူး..ငါသူမကို နံရံကိုမျက်နှာမူပြီး တစ်ပတ်ကြာစဉ်းစားနေဖို့အတွက် အပြစ်ပေးလိုက်မယ်…"
ယွမ်ရှင်းကျဲ ထင်ထားသည့်အတိုင်းပင် ဘုရင်ကြီးသည် ဘုရင်မကို အပြစ်မပေးချင်ခဲ့ပေ။
အဆုံး၌ ဘုရင်မင်းမြတ်ကိုယ်တိုင်သည်လည်း နှလုံးသားကိုဦးစားပေးသူသာဖြစ်သည်။ ထိုကဲ့သို့သော ထိမ်းမြားမှုဥပဒေအား ကျော်ဖြတ်ခဲ့ခြင်းမှာ သူသည် ဘုရင်မလောက်ပင် ကောင်းမွန်မနေကြောင်းကို ပြသနေသည်။
ဘုရင်မကြီး၏ ဒူးထောက်တောင်းပန်ခြင်းမှာ ဘုရင်မှ ပါရမီရှင်ယွမ်ရှင်းကျဲ၏ဒေါသကိုဖြေသိမ့်စေရန်အတွက် ပြုလုပ်ထားသော ပြဇာတ်တစ်ခုသာဖြစ်သည်။
အဆုံးတွင် ယခုအချိန်၌ အင်ပါယာတစ်ခုလုံးသည် ယွမ်ရှင်းကျဲမက်ခါအသစ်ထုတ်လုပ်လာမည်ကို စောင့်ဆိုင်းနေကြကာ ဘုရင်မင်းမြတ်ကိုယ်တိုင်သည်လည်း ရှင်းချွမ်းကုမ္ပဏီကို အလွန်တန်ဖိုးထားလေသည်။
အကယ်၍သာ သူသည်အခြားသာမာန်အိုမီဂါတစ်ဦးဖြစ်နေခဲ့ပါက ချီယင်ထိုကိစ္စကို ဝန်ခံလာလျှင်ပင် တရားမျှတမှုရရန်မှာ မဖြစ်နိုင်ချေ။
လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြောလာခဲ့သည်။
" ခင်ဗျားရဲ့ ကိစ္စတွေကိုကိုင်တွယ်တဲ့နည်းလမ်းက အဲ့လောက်တောင်ရိုးရှင်းတယ်ပေါ့…"
" ဘုရင်မက အလွန်တရာမှားယွင်းခဲ့တယ်ဆိုတာက ငါသိပါတယ်…" ဘုရင်ကြီးမှ ဆက်ပြောလိုက်သည်။
" ဒါပေမယ့် နောက်ဆုံးတော့လည်း သူမကဘုရင်မတစ်ပါးဖြစ်နေဆဲပဲလေ…ငါတို့ သူ့ကိုထောင်ထဲထည့်လိုက်လို့မှမရတာ.. တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာအတွက်ကိုစဉ်းစားပေးရလိမ့်မယ်လေ.. ဟုတ်တယ်မလား.. ဒါက ထုတ်ပြောဖို့အတွက်တောင် ရှက်ဖို့ကောင်းလွန်းတယ်…"
ထိုအချိန် ခန်းမ၏အပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖိတ်ခေါ်မထားသည့် ဧည့်သည်တစ်ဦး နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ထိုသူမှာ ကျိုးဖေးရွှယ်ပင်ဖြစ်သည်။
သူသည် အလျင်အမြန်ပြေးလာခဲ့ရသဖြင့် ဆံပင်ဖြူများတွင်ပင် ချွေးများအနည်းငယ် စိုရွှဲနေခဲ့သည်။
နေရာတွင်ရှိနေကြသော သူများမှာ ကျိုးဖေးရွှယ်ထွက်ပေါ်လာမည်ကို မျှော်လင့်မထားသည့်အတွက် အချိန်ခဏကြာ ကြောင်အသွားကြသည်။
ဘေးဘက်တွင်ရှိသော အစောင့်မှာ ဘုရင်ကြီးထံသို့ စိုးရိမ်တကြီးပြောလိုက်လေသည် " အရှင်မင်းမြတ် ပါမောက္ခကျိုးက အရေးကြီးကိစ္စရှိတယ်ပြောပြီးတော့ ကျွန်တော် သတင်းမပို့နိုင်ရသေးခင်မှာပဲ တိုက်ရိုက်ဖောက်ဝင်လာခဲ့တာပါ…"
ပုံမှန်အားဖြင့် ကျိုးဖေးရွှယ်သည် တော်ဝင်မိသားစု၏ ဆက်သွယ်ရေးတာဝန်ခံတစ်ဦးဖြစ်ပြီး လော့ဝမ်ချွမ်းအား ကာကွယ်ရန်အတွက် ဘုရင်မထံမှစေလွှတ်ထားသူဖြစ်သည်။
ထို့ကြောင့် ဘုရင်ကြီးသည်လည်း အထူးတလည် အံ့ဩမနေခဲ့ချေ။ သူမျက်မှောင်ကြုတ်လျက် မေးလိုက်သည် " ကျိုးဖေးရွှယ် ဘာဖြစ်လို့လဲ…"
တစ်ခြားတစ်ဖက်တွင်မူ ဘုရင်မ၏နှလုံးသားထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်ခုဖြစ်ပေါ်နေခဲ့သည်။
" အရှင်မင်းကြီး အဲ့ဒီဖိအားပေးလက်ထပ်ပွဲမတော်တဆမှုက ချီယင်အဲ့ဒီခွေးကောင်ကြောင့်လို့ပဲလို့ ကျွန်တော်အမြဲတမ်းထင်ခဲ့မိတာ.."
ကျိုးဖေးရွယ် သူ့ကိုယ်သူတည်ငြိမ်အောင်ကြိုးစားနေရင်းမှ မောဟိုက်နေကာ ဘုရင်မထံသို့ ကြည့်လိုက်ပြီး " ဒါပေမယ့် ဘုရင်မကြီးကလည်း ဒီကိစ္စမှာ ပါဝင်နေမယ်လို့ မထင်ထားခဲ့ဘူး…"
လူအနည်းငယ်သည်သာ ထိုကိစ္စတွင် ဘုရင်မ၏ပါဝင်မှုကို သိခဲ့ရပြီး ကျိုးဖေးရွှယ်သည်လည်း အမှောင်ဖုံးခံခဲ့ရသည်။
ထိုအချိန်အတောအတွင်း ကျိုးဖေးရွှယ်သည် သူသင်ကြားပေးခဲ့သော ကျောင်းသားတစ်ဦးဖြစ်သည့် ယွမ်ရှင်းကျဲမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်ကို မြင်တွေ့ခဲ့ရပြီး သူ့၏နှလုံးသားအောက်ခြေမှပင် ယွမ်ရှင်းကျဲအတွက် ပျော်ရွှင်ခဲ့ရသည်။
ထို့ကြောင့် ဘုရင်မကြီးမှ ထိုဖိအားပေးလက်ထပ်ပွဲကိစ္စတွင် ပါဝင်နေသည်ကိုသိလိုက်ရသည့်အချိန်၌ သူယွမ်ရှင်းကျဲအတွက် တရားမျှတမှုရှာဖွေပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဘုရင်မကြီးမှ အလျင်စလိုဖြစ်နေခဲ့ပြီး ကျိုးဖေးရွှယ် မည်သည့်အရာအား ပြုလုပ်လိမ့်မည်ဆိုသည်ကို သူမသိရှိနေခဲ့သည်။
172.2
" ကျိုးဖေးရွှယ်.." ဘုရင်မကြီးသည် သူမခံစားချက်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သော်ငြား သူမ၏အသံမှာအနည်းငယ်တုန်ယင်နေဆဲပင်ဖြစ်၏။
" ငါမင်းကိုနှစ်ပေါင်းများစွာ ကောင်းကောင်းဆက်ဆံပေးခဲ့တာ… ပြီးတော့ မင်းနဲ့မင်းမိသားစုကိုလည်း အကျိုးအမြတ်အများအပြားပေးအပ်ခဲ့သေးတယ်..မင်းကအခုနံရံကိုကျောက်တုံးနဲ့ပေါက်ဖို့ကြိုးစားနေတာလား…"
ကျိုးဖေးရွှယ် မျက်မှောင်ကြုတ်ကာ ဘုရင်မကြီးကို ကြည့်၍ " ကျွန်တော်က နံရံကိုကျောက်တုံးနဲ့ပေါက်နေတာတဲ့လား..အရှင်မကကော ဘယ်လိုမလို့လဲ..ရှင်းကျဲကိုပြုလုပ်ခဲ့တဲ့အရာအားလုံးကို ဖော်ပြဖို့ အတွက်ကော ဘယ်လိုစကားလုံးမျိုးနဲ့ သုံးနှုန်းသင့်လဲ…"
ကျိုးဖေးရွှယ်ထံမှ လျို့ဝှက်ချက်များ ပေါက်ကြားလာမည်ကို တားဆီးရန်အတွက် ဘုရင်မကြီးမှ တံတွေးမြိုချလိုက်ပြီး နှိမ့်ချနေသည့်အမူအယာဖြင့် တောင်းဆိုလာခဲ့ကာ " ပါမောက္ခကျိုး ကျွန်မအမှားလုပ်ခဲ့တယ်ဆိုတာကိုသိပါတယ်…သေချာပေါက် မင်းစိတ်တိုသင့်တာပေါ့..ဒါပေမယ့် ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးလေ… မင်းအရင်ဆုံးထွက်သွားလိုက်ပါ.. ဒီဟာပြီးမှ ကျွန်မ မင်းတစ်ယောက်တည်းကို လာပြောပြပါ့မယ်…"
ထုတ်ဖော်ခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်နေရချိန်တွင် ဘုရင်မကြီး၏အသားအရေမှာ အလွန်အမင်း ဖြူဖျော့နေခဲ့သည်။
ဘုရင်ကြီးမှာမူ အချိန်ခဏကြာ ရှုပ်ထွေးသွားရပြီးနောက် မေးလိုက်လေသည်။
" ကျိုးဖေးရွှယ် မင်းဘာတွေပြောနေတာလဲ…"
ကျိုးဖေးရွှယ် သက်ပြင်းတစ်ချက်ချလိုက်ပြီး လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲတို့ကို ကြည့်ကာ ပြောလာခဲ့သည်။
" ရှင်းကျဲ မင်းလိုပါရမီပါတဲ့ ကျောင်းသားတစ်ယောက်နဲ့ ပထမတန်းအခန်း Eမှာ ဆုံတွေ့ခဲ့တာ ငါ့အတွက်တော့ ဂုဏ်ယူစရာပါပဲ… ပြီးတော့ ဒုတိယအရှင်.. ကျွန်တော်က အမြဲတမ်းနန်းတော်နဲ့ဒုတိယအရှင်ကြားရှိ ဆက်ဆံရေးတာဝန်ခံဖြစ်ခဲ့ပြီးတော့ ကျွန်တော့ရဲ့ တာဝန်က မင်းကိုထောက်ပံ့ပေးဖို့ပါပဲ..ဒါပေမယ့် ကျွန်တော် ဘယ်ဘက်မှာရပ်တည်ရပ်တည်..မင်းတို့နှစ်ဦးအတူတကွ ပျော်ရွှင်နေဖို့ကိုပဲ မျှော်လင့်ခဲ့တာပါ…"
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေခဲ့သော ဘုရင်မကြီးမှာ ကျိုးဖေးရွှယ်အနီးသို့ ခြေလှမ်းအနည်းငယ်များမှာ တွားသွားလိုက်ပြီး သူ့ဘောင်းဘီအစကိုဆွဲလျှက် " မပြောရဘူး… မင်းပြောလို့မရဘူး…"
ဘုရင်မကြီးသည် ချွေးနှင့် မျက်ရည်များပါ စီးကျနေပြီး သူမ၏အမူအယာမှာ အရင်ကထက်ပို၍ တုန်လှုပ်ခြောက်ခြားနေသည်။
လော့ဝမ်ချွမ်း ဘုရင်မကြီး၏အပြုအမူများကို တားဆီးလိုက်ပြီး ကျိုးဖေးရွယ်ထံသို့ အေးစက်စွာပြောလိုက်လေသည် ။
" ပြော…"
ထိုကိစ္စမှာ ယခင်အချိန်မှဖယ်ရိုမုန်းတွဲဖက်မှုနှင့် ဆက်စပ်နေမည်ဟု သူဝိုးတဝါး မှန်းဆမိခဲ့သည်။
" ဟုတ်ကဲ့.." ကျိုးဖေးရွှယ် သူ၏ခြေထောက်နားတွင် ငိုကြွေးနေခဲ့သော ဘုရင်မအား လျစ်လျုရှုလိုက်ကာ တစ်လုံးခြင်းစီ ပြောလာခဲ့သည် " ကျွန်တော်က မင်းတို့နှစ်ယောက်အကြောင်း အခြေအနေများကို ဘုရင်မကြီးထံ အမြဲတင်ပြခဲ့ရပြီးတော့ သူမလည်း မင်းတို့ကိုထောက်ခံနေတာလို့ထင်ခဲ့မိတယ်…ဒါပေမယ့် မင်းတို့ရဲ့ဖယ်ရိုမုန်းတွေ မလိုက်ဖက်တာကို သူမသိသွားတဲ့အချိန်မှာ ချီယင်နဲ့ပူးပေါင်းပြီးတော့ ရှင်းကျဲကို သတ်မိတော့မလို ဖြစ်သွားရမယ်လို့တော့ ကျွန်တော်ထင်မထားခဲ့ဘူး…"
" ရှင်းကျဲသူ့ဂလင်းတွေကိုမဖြတ်ခင် အချိန်အတော်ကြာကြာတုန်းက ဒုတိယအရှင်က ရှင်းကျဲပေါ်မှာ ပြီးပြည့်စုံတဲ့ ယာယီအမှတ်အသားပေးနိုင်ခဲ့တာကို ရှာတွေ့သွားခဲ့တယ်… အဲ့ဒါကြောင့် သူတို့ရဲ့ဖယ်ရိုမုန်းနမူနာတွေကို စမ်းသပ်ခန်းဆီ တိုက်ရိုက်ယူဆောင်ပြီးတော့ စစ်ဆေးဖို့အတွက် ဒုတိယအရှင်က တာဝန်ပေးထားခဲ့တာ.."
" ရလဒ်တွေထွက်လာတဲ့အချိန်ကျတော့ ရှင်းကျဲကသူ့ဂလင်းတွေကိုဖြတ်ပြီးနေခဲ့ပြီ…အဲ့ဒီအချိန်မှာ ဘုရင်မကြီးက ကျွန်တော့ကို ရှင်းကျဲရဲ့ဂလင်းတွေပြန်မကောင်းလာခင်အထိ အဲ့ဒီရလဒ်တွေကို ဖွက်ထားဖို့ အမိန့်ပေးခဲ့တယ်..အဲ့အချိန်တုန်းကတော့ ဒုတိယအရှင်ဝမ်းနည်းသွားမှာကို သူမကြောက်နေလို့ဆိုပြီး ထင်မိခဲ့ပေမယ့် အခုမှသိလိုက်ရတာက သူမရဲ့ဖိအားပေးလက်ထပ်ပွဲနဲ့ပတ်သတ်တဲ့ ပြစ်မှုတွေပေါ်ပေါက်သွားမှာစိုးတဲ့အတွက်ကြောင့်ပဲ…"
ကျိုးဖေးရွှယ်၏ကျယ်လောင်သောအသံမှာ ခန်းမတစ်ခုလုံး၌ ပျံ့လွင့်နေခဲ့သည်။
ဘုရင်မကြီးမှာမူ တုန်ယင်နေသောလက်များဖြင့် ကြမ်းပြင်ပေါ်သို့ကိုင်ထားရကာ သူမစိုစွတ်နေသည့် မျက်ရည်များနှင့် ချွေးများဖြင့် ကော်ဇောကို ညစ်ပတ်စေခဲ့သည်။
ဘုရင်ကြီး၏မျက်လုံးမှာ ပြူးကျယ်သွားပြီး " ပြီးပြည့်စုံတဲ့ ယာယီအမှတ်အသားတစ်ခုလား..သူတို့ရဲ့ လိုက်ဖက်ညီမှုကဘယ်လောက်လဲ…"
လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့သည်လည်း အသက်အောင့်ထားမိကာ သူတို့၏မျက်လုံးထဲတွင် တင်းမာမှုများနှင့် မျှော်မှန်းချက်များပြည့်နှက်နေခဲ့သည်။
ယွမ်ရှင်းကျဲ ဂလင်းကိုဖြတ်တောက်လိုက်သည့် အချိန်မှစ၍ လော့ဝမ်ချွမ်းထိုရလဒ်များအကြောင်းကို မမေးမြန်းတော့ပေ။
ထိုရလဒ်များမှာ အဓိပ္ပါယ်မရှိတော့ပြီဟု သူခံစားလိုက်ရပြီး အဆုံး၌ ယွမ်ရှင်းကျဲမှာ ဘီတာတစ်ဦးဖြစ်လာခဲ့ရပြီဖြစ်သည်။
အကယ်၍ လိုက်ဖက်ညီမှုသာ မြင့်မားခဲ့ပါက…
သူတို့နှစ်ဦးစလုံး ကြေကွဲဝမ်းနည်းနေရမည်သာဖြစ်သည်။
နောက်ပိုင်းတွင် ကျိုးဖေးရွှယ်မှ ထိုအကြောင်းကို အစပြုဖော်ပြလာခြင်းမရှိတော့သဖြင့် လော့ဝမ်ချွမ်း ထိုကိစ္စကို တဖြည်းဖြည်းအနောက်သို့သာ ပို့ထားလိုက်သည်။
သို့သော် ထိုကိစ္စထဲတွင် ကြီးမားသောလျို့ဝှက်ချက်တစ်ခုရှိနေမည်ကိုမူ သူမျှော်လင့်မထားခဲ့မိပေ။
လူတိုင်း၏အကြည့်အောက်တွင် ကျိုးဖေးရွှယ် စစ်ဆေးချက်အဖြေလွှာစာရွက်ကို ထုတ်ယူလာပြီဖြစ်သည်။
ဘုရင်မ၏ဖြူဖျော့နေသောနှုတ်ခမ်းများမှာမူ တုန်ယင်နေကာ ထပ်ခါတလဲလဲရွတ်ဆိုနေခဲ့သည်။
" မပြောလိုက်နဲ့.. ရပ်တော့…"
" သူတို့ရဲ့လိုက်ဖက်ညီမှုက…" ကျိုးဖေးရွှယ်အရှေ့သို့တိုး၍ အဖြေလွှာစာရွက်ကို ဘုရင်ကြီးထံကမ်းပေးလိုက်ပြီး " ၁၀၀ရာခိုင်နှုန်းပါ…"
ဘုရင်ကြီး၏မျက်လုံးများမှာ ပြူးကျယ်သွားရကာ စာရွက်ကို လက်ခံရရှိချိန်တွင် မယုံကြည်နိုင်မှုကြောင့် သူ၏လက်ချောင်းများသည်ပင် တုန်ယင်နေခဲ့သည်။
ဘေးဘက်တွင်ရှိနေကြသော လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့သည်လည်း တောင့်တင်းနေသော အမူအယာများဖြစ်နေခဲ့ကြသည်။
" ၁၀၀ရာခိုင်နှုန်းအပြည့်လား…" ဘုရင်ကြီးထံမှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။
" ဒါကအင်ပါယာတစ်ခုလုံးမှာ လုံးဝမဖြစ်ခဲ့ဖူးတဲ့အရာပဲ…"
မည်သို့ပင်ဖြစ်စေ စစ်ဆေးချက်အဖြေလွှာမှ နံပါတ်များမှာ အစစ်အမှန်ဖြစ်ကြောင်းကို သက်သေပြနေခဲ့သည်။
လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ကြားရှိ ဖယ်ရိုမုန်းလိုက်ဖက်ညီမှုမှာ အမှန်တကယ်ပင် ၁၀၀ရာခိုင်နှုန်းအပြည့်ဖြစ်လေသည်။
xxxxxxx