အပိုင်း ၁၃
Viewers 18k

Chapter 13


ကျောက်ဖမ်းကတော့ အိမ်တော်ထိန်းရောက်လာသည်အထိ ကြမ်းပေါ်တွင်သာ လှဲနေလိုက်သည်။ 


"သခင်ကြီး ဘာဖြစ်တာလဲ ဆံပင်တွေရော မျက်နှာရော ..." 


အိမ်တော်ထိန်းက အံ့ဩသည့်အတွက် ရမ်ရှန့်မှာ နောက်တစ်ခေါက် ရှင်းပြလိုက်ရပြန်သည်။ 


"အိမ်တော်ထိန်းအဖိုး ကျွန်တော် ဆေးတိုက်ထားလို့ပါ ..." 


"သခင်ငယ်လေး ရမ်ရှန့် !! ..." 


သူက အံ့ဩတကြီး ကြည့်လိုက်သည်။ 


"သခင်ငယ်လေး ရမ်ရှန့် အာဟာရဖြည့်စွက်စာ စားချင်‌သေးလား။ အဖိုး ပြင်ပြီး ယူလာပေးမယ်လေ ..." 


"စားမယ် စားမယ် အများကြီး စားလို့ရလားဟင် ..." 


သူ့မျက်လုံးတို့မှာ ပြူးတောက်လာတော့သည်။ 


"ရတာ‌ပေါ့ ဟိုနေ့ကမှ အရသာအသစ်တွေ ထပ်ဝယ်ထားသေးတယ် ..." 


သူက ခပ်‌သွက်သွက် သွားယူရန် ပြင်လိုက်သည်။


ကျောက်ဖမ်းကတော့ ကြမ်းပေါ်တွင် ကူကယ်ရာမဲ့စွာ လှဲနေဆဲပင်။ ကာတွန်းကားကြည့်နေသော ရမ်ရှန့်က စခရင်အနား တစ်ဖြေးဖြေး တိုးသွားသည်ကို မြင်လိုက်ရသည့်အတွက် သူက လှမ်းပြောလိုက်သည်။ 


"ရမ် စခရင်အနားကို အရမ်းကြီး မကပ်နဲ့လေ မျက်စိမှုန်သွားလိမ့်မယ် ..." 


"အိုး ..." 


သူက ခေါင်းငြိမ့်ကာ မေးလိုက်သည်။ 


"အန်ကယ်ကျောက် အရမ်းကြီး မနာဘူး မဟုတ်လား ..." 


"ပိုသက်သာလာပါပြီ ..." 


စကားမပြောနိုင်ရုံလောက်သာ နာကျင်ပါတော့သည်။ 


"တစ်‌ခုထဲနဲ့ အဆင်မပြေလောက်ဘူး နောက်တစ်ခု ထပ်စားလိုက်နော် ..." 


ရမ်ရှန့်က သူ့ကို နောက်တစ်ခု ထပ်ကျွေးလိုက်သည်။ သူ့ခန္ဓာကိုယ်က သက်သာလာသော်ငြား ကျင့်ကြံရေးကတော့ မသက်သာလာသေးပေ။ သူ့ဂျင်ဆင်းစေ့များက ကျင့်ကြံစဉ်ကို အပြည့်အဝ ပြန်မရစေနိုင်သော်ငြား ပျက်စီးနေသည့် ကိုယ်ခန္ဓာကို ပြုပြင်ကာ ပြန်လည်ကျင့်ကြံ၍ရအောင်တော့ စွမ်းဆောင်နိုင်ပါသေးသည်။ 


ထိုအခွင့်အရေးသည် ပျက်စီးသွားသော ကျင့်ကြံစဉ်ကို ပြန်လည်ရရှိနိုင်သည် ဆိုသော်ငြား ကနဦးအဆင့်မှစကာ ပြန်လည်ကျင့်ကြံရမည်ဖြစ်သည်။ 


ကျောက်ဖမ်း၏ ခန္ဓာကိုယ်မှာ တစ်ဖန် နာကျင်လာပြန်သည်။ အထူးသဖြင့် သူ၏ စွမ်းအင်သိုလှောင်ရာနေရာသည် အပိုင်းပိုင်းစုတ်ဖြဲခံရသလိုကို နာကျင်လာသည်။ 


ထိုသည်မှာ အစောပိုင်း သူ့စွမ်းအင်တို့ကို ဆုံးရှုံးလိုက်ရသည့် အချိန်ကလိုပင်။ သို့သော်ငြား သူ့တွင် စွမ်းအင်မရှိတော့သည့်အတွက် ဆုံးရှုံးစရာအကြောင်း မရှိပေ။ ဒါဆို ...


ဒီပစ္စည်းက သူ့စွမ်းအင်တွေကို ပြန်ပြင်ပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ... 


ထိုအခိုက်တွင် ကျောက်ဖမ်းသည်ပင် ရမ်ရှန့်ကို ဖက်ကာ နမ်းလိုက်ချင်စိတ်တို့ တစ်ဖွားဖွား ထွက်ပေါ်လာတော့သည်။ 


ဒါပေမယ့် ဒီကလေးက တအားကို ရိုးသားလွန်းနေတယ် ဘာလို့များ ဒီလောက်ကောင်းတဲ့ပစ္စည်းမျိုးကို လွယ်လွယ်လေး ပေးနိုင်ရတာလဲ သူ့ကိုဆို နှစ်ခုတောင် ပေးတာ ... ဒီကလေးကိုလေ အနာဂတ်မှာ လူတွေလှည့်စားတာ မခံရအောင် ပညာကောင်းကောင်းသင်ပေးမှ ဖြစ်တော့မယ် ... 


အတွေးမျိုးစုံတို့က သူ့စိတ်ထဲ ဖြတ်ပြေးသွားတော့သည်။ အရင်တစ်ခါ သူပြောဖူးသည့် ကျောက်လင်းယွီမှာ သက်သာလာနိုင်သည်ဆိုသော စကားမှာမှန်လောက်မည်ဟုပင် ကောက်ချက်ချမိတော့သည်။ 


ရမ်ရှန့်က ကျောက်မိသားစုရဲ့ ကျေးဇူးရှင်ပဲ ...


....


ရမ်ရှန့် အာဟာရဖြည့်စွက်စာ ၁၅ ပန်းကန် စားပြီးချိန်မှ သူလည်း ကြမ်းပေါ်မှ ထလာလိုက်တော့သည်။ 


သူ့စွမ်းအင်များကို ဆုံးရှုံးပြီးနောက် ကျောက်ဖမ်းမှာ အရွယ်ကျကာ သေခါနီးလူအိုကဲ့သို့ အိုမင်းရွတ်တလာခဲ့သည်။ ယခုတော့ အရေးအကြောင်းများ ပျောက်ကွယ်ကာ ဆံပင်ဖြူတို့လည်း ပြန်နက်လာပြီး ပြန်လည်နုပျိုလာတော့သည်။ 


သူ့ကို တွေ့လိုက်ချိန်တွင်တော့ ရှန်းချိုးရှစ်၏ မျက်ဝန်းတို့မှာ ရဲရဲနီလာတော့သည်။ သူမနှင့် ကျောက်ဖမ်းတို့သည် ငယ်ချစ်ဦးများ ဖြစ်ကြကာ လက်ထပ်ပြီးသည့်တိုင်အောင် ချစ်ခြင်းတို့က ခိုင်မြဲနေဆဲပင်။ နောက်ပိုင်းတွင် ကျောက်ဖမ်းက ဒဏ်ရာရသွားသည့်အတွက် သူတစ်ဖြေးဖြေး အိုမင်းလာသည်ကိုသာ လက်ပိုက်ကြည့်နေရတော့သည်။ 


သူ၏ အိုမင်းမှုက သူမအတွက်တော့ အရေးမပါလှ။ သို့သော် သူမ၏ ချစ်မြတ်နိုးရသူမှာ တစ်ဖြေးဖြေး သေနေ့စေ့လာသည် အတွေးဝင်လာမိချိန်တွင်တော့ ဖြေမဆည်နိုင်လောက်အောင်ကို ဝမ်းနည်းမိလာသည်။ ယခု သူမ၏ ခင်ပွန်းမှာ သက်လတ်ပိုင်းသွင်ပြင်သို့ ပြန်ရောက်လာပြီဖြစ်သည့်အတွက် နှစ်ဦးသား အတူတူ အိုမင်းနိုင်တော့မည်ဖြစ်သည်။ 


နှစ်ဦးသား တစ်ယောက်ကို‌တစ်ယောက် နင့်နင့်နဲနဲ စိုက်ကြည့်နေလိုက်ကြသည်။ ပြီးမှ သူက ပြောလိုက်သည်။ 


"ကိုယ် သက်သာသွားပြီ အခုကနေစပြီး မင်းနဲ့အတူတူ နေသွားနိုင်တော့မှာ ..." 


ရှန်းချိုးရှစ်၏ မျက်ရည်တို့မှာ ဝုန်းခနဲ ပြိုဆင်းလာတော့သည်။ 


ရမ်ရှန့်က သူမကို အံ့ဩတကြီး ငေးကြည့်နေလိုက်သည်။ ကျောက်ဖမ်းက နာကျင်လွန်း၍ မျက်ရည်အပြည့် ဖြစ်နေသည်မှာ သမားရိုးကျ ဖြစ်သော်ငြား ရှန်းချိုးရှစ်ကတော့ ဘာကြောင့် ငိုနေမှန်း သူနားမလည်နိုင်တော့ပေ။ 


ဒါကလည်း သူနဲ့ သိပ်တော့ မဆိုင်ပါဘူးလေ ... 


ရမ်ရှန့်လည်း ကျောက်လင်းယွီရှိရာဆီသို့ တစ်ဟုန်ထိုး‌ ပြေးထွက်သွားလိုက်ပြန်သည်။ 


"အန်ကယ်ကျောက်ကို ဆေးပေးခဲ့လိုက်ပြီ ..." 


အပြင်ဘက်ကို ဂရုမပြုမိဘဲ ကုတင်ပေါ် လှဲနေသော ကျောက်လင်းယွီမှာလည်း အမောတကော ပြေးလာသည့် ရမ်ရှန့်ကို မြင်လိုက်ရချိန်တွင် အံ့ဩသွား‌မိတော့သည်။ 


သူပြောလိုက်ရုံမျှဖြင့် ရမ်ရှန့်က သူ့အဖေကို ဆေးပေးလိုက်လိမ့်မည်ဟုတော့ မထင်ထားမိပေ။ ဒီကလေးကတော့လေ ... 


"ကျွန်တော် နှစ်ခုတောင် ပေးလိုက်တာ ..." 


ရမ်ရှန့်က သူ့ကို ခေါင်းငြိမ့်ပြရင်း မျက်တောင်မခတ်တမ်း ငေးကြည့်နေလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်ဗျာ ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်က သူ့ကို ‌အကြာကြီး ဆက်ငေးနေလိုက်သည်။ 


"အရင်ပေးထားတဲ့ကတိကို ဖျက်ပစ်လို့ မရတော့ဘူးနော် ..." 


"ဘာလိုချင်တာလဲ ပြောပါဦး ..." 


ကျောက်လင်းယွီကလည်း ဒီကလေး လိုချင်သမျှကို ဖြည့်ဆည်းပေးမည်ဆိုသည့် ကတိကို လုံးဝ မမေ့ပေ။ 


"ခင်ဗျားကိုလိုချင်တာ အခုကနေစပြီး ကျွန်တော့်လူ ဖြစ်ပေး ..." 


သူက အလေးအနက် တောင်းဆိုလိုက်သည်။ 


"ကောင်းပြီလေ ..." 


ကျောက်လင်းယွီက ခပ်ပြုံးပြုံးဖြင့် သဘောတူလိုက်သည်။ 


ရမ်ရှန့်၏ စကားများမှာ ကလေးတစ်ဦး၏ ပိုင်စိုးလိုစိတ်သာ ဖြစ်‌ကောင်းဖြစ်နိုင်သော်လည်း သူကတော့ သဘောတူရန် ဆန္ဒရှိဆဲပင်ဖြစ်သည်။ 


အနာဂတ် ရမ်ရှန့် ကြီးပျင်းလာချိန်တွင် သူသာ အခြားတစ်ယောက်ယောက်ကို သဘောကျလာပါကလည်း လက်လွှတ်ပေးလိုက်မည်ဖြစ်သည်။ သူ့ကိုသာ ဆက်ပြီး သဘောကျနေသေးပါလျှင်လည်း သူအရွယ်ရောက်သည်အထိ စောင့်ပြီးကာမှ လက်တွဲရန် တွေးထားပြီးဖြစ်သည်။ 


ဒီမတိုင်ခင်တော့ သူ့ခွန်အားတွေ တိုးတက်အောင် အရင်ဆုံး ကြိုးစားရဦးမှာပေါ့ ... တစ်ချိန်လုံး အိပ်ယာထဲမှာ လှဲနေရတာတောင် ရမ်ရှန့်က သဘောကျတယ်ဆိုပေမယ့် သူကတော့ မနှစ်မြို့လှပါဘူး။ 


ကျင့်ကြံရန် အားခဲနေသူမှာ ရမ်ရှန့်သည် တစ်ချိန်လုံး အမြစ်တွယ်၍ ရနေသည့်အတွက် သူ အိပ်ယာထဲ လှဲနေသည်ကို သဘောကျကြောင်းကိုတော့ မသိလိုက်ပေ။ 


ကျောက်လင်းယွီက သူ့အပိုင်တဲ့!!! 


ကျောက်လင်းယွီအပေါ် တစ်ချိန်လုံး လှဲနေကာ အချိန်ကောင်းလေး ပိုင်ဆိုင်လိုက်ရသည့် ရမ်ရှန့်လည်း သူ့အပိုင် မြေစိုင်ခဲကြီးကို စိတ်မပါ လက်မပါဖြင့် ထားရစ်ခဲ့ကာ ရှန်းချိုးရှစ်ကို ကာတွန်းကားဖွင့်ပေးရန် သွားပြောလိုက်သည်။ 


သူမ ဒီနေ့ ရှာထားသည့် ကာတွန်းကားမှာ သယ်ယူ‌ပို့ဆောင်ရေးအကြောင်း ဖြစ်သည်။ ချစ်စဖွယ် ယုန်ဇာတ်လိုက်လေးများက ပို့ဆောင်ရေးယာဉ် အမျိုးမျိုးကို စီးနင်းကာ ထူးဆန်းအံ့ဩဖွယ်တို့ ဖ့စ်ပေါ်လာသည်ကို ကြည့်ရှုရင်း ရမ်ရှန့်လည်း အတော်ပင် ပျော်ရွှင်လာတော့သည်။ 


"ဘယ်လိုနေလဲ ..." 


ကြည့်ပြီးချိန်တွင်တော့ သူမက ခပ်ပြုံးပြုံး မေးလိုက်သည်။ 


"အရမ်းကောင်းတယ် ..." 


သူက မသွယ်ဝှက်စတမ်း ပြောလိုက်သည်။

13.2


"စိတ်ဝင်စားစရာ ကောင်းတယ်မလား နောက်တစ်ခေါက်ကျ အဲ့ဒီ့နေရာတွေကို လိုက်ပို့ပေးမယ်နော် ဟုတ်ပြီလား အခုတော့ မောလ်ကို ‌ဈေးဝယ်ထွက်ကြရအောင်  ..." 


သူမက ပြောလိုက်သည်။ 


အစောပိုင်းရက်များ၌မူ သူမသည်  စိတ်ဓာတ်ကျနေသည့်အတွက် အပြင်ထွက်လိုစိတ် မရှိခဲ့သော်ငြား ယခုတော့ မတူတော့ပေ။ 


ခင်ပွန်းသည်က ပိုပြီး ‌သက်သာလာကာ သားဖြစ်သူ၏ အခြေအနေမှာလည်း တစ်ဖြေးဖြေး တိုးတက်လာသည်။ သူမဘဝတွင် မျှော်လင့်ချက် ရောင်ခြည်တို့ ပြန်လည်ထွက်ပေါ်လာပြီဖြစ်သည့်အတွက် အောင်ပွဲခံ ဈေးဝယ်ထွက်ရန် မစောင့်နိုင်တော့။ သို့သော် သူမအတွက် ဝယ်ရန်မဟုတ်ဘဲ ရမ်ရှန့်အတွက်သာ ဖြစ်သည်။


ဒီလို ချစ်စရာကောင်းတဲ့ကလေးလေးကို အပျံစား ဆင်ပေးလိုက်ရင်း အရမ်းကို ကြည့်လို့ကောင်းမှာပဲ ... 


"ကောင်းသားပဲ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်လိုက်သည်။ 


"ဟုတ်သားပဲ ..." 


သူက တစ်ခါ ခေါင်းငြိမ့်ပြလိုက်ပြန်သည်။ 


"ဒီနိုပြော‌တာတော့ မြို့တော်ကြယ်မှာ လည်စရာနေရာတွေ အများကြီးတဲ့ အဲ့ကို ခေါ်သွားပေးမှာလားဟင် ..." 


"ဒါပေါ့ ... တို့တွေ စားစရာတွေရော၊ အရုပ်တွေရော၊ အဝတ်အစားတွေရော ဝယ်ကြမယ်လေ ..." 


သူမက ပြောလိုက်သည်။ 


"လင်းယွီအတွက်လည်း နည်းနည်းလောက် ဝယ်မယ်နော် ..." 


ရမ်ရှန့်က အလေးအနက်ထား ပြောလိုက်သည်။ 


"ဘာလို့ သူ့အတွက်ပါ ဝယ်ချင်ရတာလဲ ..." 


သူမက ခပ်ပြုံးပြုံး မေးလိုက်သည်။ လူငယ်လေး၏ ဖွင့်ဟချက်ကို နားထောင်ရန် အဆင်သင့်ပင်။ 


"သူက ကျွန်တော့်လူလေ  သူ့ကို အရသာရှိတာတွေ အများကြီး ဝယ်ကျွေးမလို့ ..." 


ကျွန်တော် သူ့ကို သဘောကျလို့ဟု အော်မပြောတော့ဘဲ သူ့ရင်ဘတ်လေးကို ဆက်တိုက်ပုတ်ကာ ပြောလိုက်တော့သည်။ 


"သူက မင်းလူလို့ သူကိုယ်တိုင် ပြောခဲ့တာလား ..." 


သူမက တအံ့တဩ မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ကျောက်ဖမ်း သူမကို လိုက်ခဲ့တုန်းကလည်း သူက သူမအပိုင်ပါဆိုပြီး အော်ပြောခဲ့တာလေ ... အခု သားအလှည့်ကျလည်း ဒီလို ပြောလာပြန်ပြီ ... ဒီကောင်လေးက ဘယ်လို ချစ်ရေးဆိုရမလဲ သိလာတာက ဂုဏ်ပြုစရာဆိုပေမယ့် သူ့ရဲ့ ချစ်သူသေးသေးလေးက အရမ်းငယ်နေသေးတယ်လေ ... 


သူမကတော့ ဖက်ဒရယ်က ပန်းပွင့်လေးတွေ မထိခိုက်စေဖို့အတွက် ကျောက်လင်းယွီကို မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်မှ ရတော့မယ် ... 


သူမက ရမ်ရှန့်ကို မနက်ဖြန် အပြင်လိုက်ပို့ရန် စီစဉ်လိုက်သည်။ 


ထိုသတင်းကို ကြားလိုက်ရသည့် ကျောက်ဖမ်းက အပြင်ဘက်တွင် ဇနီးနှင့် ချွေးမလေးတို့ အခက်ကြုံမည်ကို စိုးရိမ်သဖြင့် သူလည်း လိုက်ချင်ကြောင်း ‌ပြောလိုက်သော်ငြား ရှန်းချိုးရှစ်၏ မစာမနာ ငြင်းပယ်မှုကိုသာ ခံလိုက်ရသည်။ 


"ရှင်က ရုတ်တရက်ကြီး ပြန်နုပျိုသွားတာလေ အပြင်ရောက်ရင် လူတွေကို ဘယ်လို ရှင်းပြမှာလဲ လျှို့ဝှက်လက်နက်တစ်ခုလိုမျိုး အိမ်မှာပဲ နေနေနော် အနာဂတ်ကျ လူတွေ မျက်စိမှောက်သွားအောင် စွမ်းရည်ကိုပဲ ပြန်လေ့ကျင့်နေဦး ..." 


အတိတ်ကာလများတွင် ကျောက်ဖမ်းက သူမကို သေခြင်းတရားထံမှ အကာအကွယ်ပေးခဲ့သည်။ ယခုတော့ သူမကတစ်ပြန် ကာကွယ်နိုင်နေပြီဖြစ်ကာ ထိုသို့ ကာကွယ်ရခြင်းကပင်လျှင် သူမအတွက်တော့ ပျော်မွေ့ဖွယ်ရာ ဖြစ်နေတော့သည်။ 


"အန်ကယ်ကျောက် ကြိုးစားထားနော် ..." 


ရမ်ရှန့်က လက်သီးကို တင်းတင်း‌ဆုပ်ကာ အားပေးလိုက်သည်။ 


နောက်တစ်နေ့မနက် ရှန်းချိုးရှစ်၏ အသံကို ကြားလိုက်ရချိန်တွင် သူသည် ကျောက်လင်းယွီနှင့်အတူ အိပ်မောကျနေဆဲဖြစ်သည်။ သူမအသံ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်သို့ အူယားဖားယား ပြေးထွက်သွားတော့သည်။ 


ကျောက်လင်းယွီက သူ့ကို အိပ်ယာခင်းလို သဘောထားသ‌ည့် ကလေးလေး ပြေးထွက်သွားသည်ကို ကြည့်ရင်း သူ့လက်ကောက်ဝတ်နားရှိ စောင်ကို တိတ်တိတ်လေး ဆွဲယူလိုက်သည်။ 


ထိုကလေးမှာ အိပ်ရေးဆိုးလှသည့်အပြင် သူ့ကို တစ်ချိန်လုံး ပွတ်သပ်ထိတွေ့နေသေးသည်။ သူ့အခြေအနေက ဆိုးရွား၍သာ မဟုတ်ပါလျှင် တစ်ချိန်လုံး ထောင်မတ်နေကာ သူ့ကိုယ်သူ အရူးလုပ်မိမည် ဖြစ်သည်။ 


သူ့ခန္ဓာကိုယ်က မတုန့်ပြန်နိုင်တော့မှာနဲ့စာရင် သူ့ကိုယ်သူ အရူးလုပ်ဖို့ကိုပဲ ဆန္ဒရှိတာပေါ့ ... အမျိုးသားတစ်ယောက်အနေနဲ့ဆို မထောင်ဘဲ နေတော့မှာက သူအကြောက်ဆုံးကိစ္စပဲလေ ...

(ထောင်= hard) 


သူ့ခန္ဓာကိုယ်မှာ ဘယ်အချိန်မှ ပြန်သက်သာမည် မသိရသေး။ ကျောက်လင်းယွီက မျက်လုံးကိုမှိတ်ကာ ရမ်ရှန့်သင်ပေးထားသည်တို့ကိုသာ လေ့ကျင့်နေလိုက်သည်။ 


ထိုအချိန်တွင် ရမ်ရှန့်ကတော့ ရှန်းချိုးရှစ်၏ ယာဉ်မောင်း ဦးဆောင်မောင်းနှင်လာသည့် ယာဉ်ပျံနှင့်အတူ မြို့တော်ကြယ်၏ စီးပွားရေးခရိုင်သို့ ထွက်လာလိုက်သည်။ 


ယာဉ်၏ ပျံသန်းနှုန်းမှာ မြန်ဆန်သည့်အပြင် အလိုအလျောက် ပျံသန်းနိုင်သည့်အတွက် စီးပွားရေးခရိုင်မှာ ကျောက်အိမ်တော်နှင့် အနည်းငယ် လှမ်းသော်ငြား အချိန်သိပ်မကြာလိုက်ပေ။ 


စီးပွားရေးခရိုင်တွင် ကျောက်မိသားစု၏ ပိုင်ဆိုင်မှုများ ရှိနေသေးသည့်အတွက် ရှန်းချိုးရှစ်သည် ယာဉ်ပျံကို သူမတို့အပိုင် လေလံအိမ်တွင် ရပ်ကာ ရမ်ရှန့်ကို တာဝန်ရှိသူနှင့် တွေ့ပေးရန် ခေါ်လာလိုက်သည်။ 


"ဒါက ရမ်ရှန့်တဲ့ သူကလည်း ကျောက်မိသားစုဝင်ပဲ သူ့ရဲ့  မျက်လုံးစကင်ကို ယူထားပြီး အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ပေးထားလိုက် ..." 


သူမက ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


လေလံအိမ်၏ တာဝန်ရှိသူက ရမ်ရှန့်ကို တလေးတစား ကြည့်လိုက်သည်။ သူမက ထိုသို့ ပြောလိုက်သည်မှာ ရမ်ရှန့်ကို ကျောက်မိသားစုဝင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။ ဒီကေးရဲ့ကံကတော့ တကယ်ကို‌ ကောင်းတာပဲ ... 


သူမ  ဒီတစ်ခေါက် လာခဲ့သည်မှာ ကုမ္ပဏီကို စစ်ဆေးရန်မဟုတ်။ ထို့ကြောင့် လေလံအိမ်မှ ထွက်လာပြီးချိန်တွင် သူ့ကို အနီးဆုံး ဈေးဝယ်စင်တာရှိ ကလေးအထည်တန်းကို ခေါ်သွားလိုက်သည်။ 


တိရစ္ဆာန်အရုပ်မျိုးစုံဖြင့် ချစ်ဖို့ကောင်းသည့် ကလေးအင်္ကျီလေးများကို ကျောက်လင်းယွီအား ဝတ်စေခဲ့လိုသော်ငြား သူက ဆန္ဒမရှိသဖြင့် မဝယ်ပေးခဲ့ရပေ။ခု ရမ်ရှန့်ရှိနေပြီဖြစ်ရာ ...


သူမက သူ ကာတွန်းကား ကြည့်နေစဉ်ကတည်းက ဒါမျိုးကို သဘောကျလားဟု မေးဖူးပြီး သူကလည်း သဘောကျသည်ဟု ပြောခဲ့ဖူးသည်။ 


xxxxxx