အပိုင်း (၁၄၈)
အရမ်းလွန်မလာနဲ့
ကျန်းလော့သည် ကံကြမ္မာယုံသူသည် ထိတ်တိုက် စကားပြောနေရချိန်တွင် တစ်ချိန်လုံးသိမ်မွေ့သော အပြုံးကို ဆင်မြန်းထားသော်လည်း နောက်လှည့်လိုက်သည်နှင့် ပြန်ပြီး အမူအယာမဲ့သွားသည်။ သူသည် ချီယုံ့နားသို့ အပြုံးဖြင့် တစ်လှမ်းထဲနှင့် ရောက်သွားအောင် လှမ်းသွားလိုက်သည်။
ရည်းစားစာကို လူကြားထဲတွင် မကြားကြားအောင် အသံကုန်အော်ပြီး ဖတ်ခြင်းသည် ရည်းစားဖြစ်ရန် လိုက်တာမဟုတ်ဘဲ နှာဘူးကျတာဖြစ်သွားပြီ ဖြစ်သည်။ အထူးသဖြင့် နောက်ကွယ်မှလူသည် ချီယုံဖြစ်နေသောအခါ ကျန်းလော့ မည်သို့မှ ဖြည့်မတွေးပေးနိုင်တော့ပေ။
‘ချီယုံ့လိုလူတစ်ယောက်က ဘယ်လိုများ ဒီလို အရူးအလုပ်ကို လုပ်နိုင်ရတာလဲကွာ’
‘သူ့မှာ သေချာပေါက် တခြားအဓိပ္ပာယ်တစ်ခု ရှိလိမ့်ဦးမယ်’
သူ့အကြောင်းပြချက်က ဘာကြီးပဲ ဖြစ်နေပါစေ ကျန်းလော့သည် သူ့ကို ကောင်းကင်ကို ယစ်ပူဇော်ပစ်မည်။
ကျန်းလော့က အဘယ့်ကြောင့် ရှေ့တံခါးဂိတ်ကို ရောက်ထဲက ချီယုံ့ကို လှမ်းမမြင်ရပါမည်နည်း။ သူသည် တမင်တကာကို ကံကြမ္မာယုံသူကို လှည့်စားချင်သောကြောင့် မသိချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ချီယုံ့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်ပြီး ကံကြမ္မာယုံသူ၏ ယုံကြည်မှုကို ယူလိုခြင်းဖြစ်သည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ် အကြံအစည်ကို တွေးနိုင်သည့် သူ့ကိုယ်သူ ချီးကျူးမိသည်။
ကောဝူချန်သည် ကျန်းလော့ သူတို့နားသို့ရောက်လာတာ မြင်သည်နှင့် ကျေနပ်စွာခေါင်းညိတ်၍ ချီယုံ့နားသို့ ပြေးကပ်သွားကာ
“သခင် သခင်ကျန်း လာနေပြီ”
ချီယုံက ပြောသည်။
“ငါမြင်တယ်”
သူ့နှုတ်ခမ်းသည် ကျေနပ်စွာ ကော့တက်သွားပြီး
“မင်းတော်တယ်”
ကောဝူချန်သည် ပျော်ရွှင်စွာပြုံးလိုက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်၍ လေးစားစွာ ပြောလိုက်သည်။
“သခင့်ကို ကူညီရမှာ ကျွန်တော့်အလုပ်ပါ”
သူတို့နောက်မှ ကြမ်းပြင်ပေါ်တွင် ထိုင်၍ ချိုချဉ်စုပ်လုံးစားနေသော လီရှားသည် သူတို့ကို ကြီးမားပြီးရွှန်းလက်သော မျက်လုံးဝိုင်းကြီးများဖြင့် လိုက်ကြည့်နေကာ သူတို့စကားပြောပြီးသည်ကို စောင့်၍ သူမပါးစပ်ထဲမှ စုတ်လုံးကို ထုတ်လိုက်ကာ
“ကိုကိုလှလှက လီရှားတို့နဲ့ အတူတူလာနေမှာလား”
ယနေ့လုပ်ရပ်ကို ကြည့်၍ သူမသူဌေးက သူမလိုပင် ကျန်းလော့ကို သူ့ဘက်သို့ပါလာအောင် သိမ်းသွင်းမည်ဟု ထင်နေသည်။ ပင်လယ်နက်ထဲမှ ငါးတစ်ကောင်အနေဖြင့် လီရှားသည် ဤသို့သော အခမ်းအနားများကို တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ပေ။
လီရှား၏ မျက်လုံးများထဲတွင် ရိုးရှင်းသော သံသယအချို့ ထင်ဟပ်နေသည်။ ကောဝူချန်သည် လီရှားကို မြင်တိုင်း သူ့ညီငယ် ကလေးလေး ကောကျူကို မြင်ယောင်မိလာတတ်သည်။ သူသည် သူ့အိပ်ကတ်ထဲမှ နောက်ထပ် စုတ်လုံးတစ်လုံးထုတ်ကာ လီရှားကိုပေးလိုက်သည်။
“ဟုတ်တယ် ငါဖြစ်အောင်လုပ်မှာ”
သူ့သခင်ကို တစ္ဆေတစ်ရာဖြင့် သတို့သမီးကြိုဆိုခြင်းအကြောင်း ပြောပြပြီးနောက် ကောဝူချန်သည် သူ့နောက်လိုက်များ အားလုံးနီးပါးကို ဆင့်ခေါ်ခဲ့သည်။ ထိုသို့ ပြသခြင်းဖြင့် ကျန်းလော့သည် ချီယုံ့၏ ရိုးသားမှုကို မြင်လာကာ သူ့နှလုံးသားကို သခင့်အတွက် ဖွင့်ပေးမည်ဖြစ်သည်။
နေမကောင်းနေသော လျောင်စီနှင့် ကျန်းလော့ကိုစောင့်ကြည့်ဖို့ ဒလန်လုပ်ထားသောကြောင့် ထွက်လာ၍ မရသော ထန်ပိတို့မှလွဲ၍ တခြားသူများအားလုံး ဒီနေရာမှ စုဝေးနေကြသည်။
ကောဝူချန်သည် ဘယ်တုန်းကမှ ရည်းစားမထားဖူးသော်လည်း သူ၏အင်တာနက်သုံးသည့် စွမ်းရည်နှင့် လူများကို ကြည့်တတ်သည့် စွမ်းရည်တို့ကို အသုံးချခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ ရိုမန့်တစ်ဆန်ပြီး ခမ်းနားကြီးကျယ်သော အခမ်းအနားကို ကြည့်ပြီး ကျန်းလော့သည် မျက်နှာသာရကာ ဝံ့ကြွားဂုဏ်ယူ နိုင်လိမ့်မည်ဖြစ်ကာ ထပ်ထည့်ထားသော ပြင်ပအခမ်းအနားများကို ကောဝူချန်သည် ယုံကြည်မှုအပြည့်ရှိသည်။ ထိုအခမ်းအနားကို ကြည့်ပြီး ကျန်းလော့စိတ် မနူးညှံလာမည်မှာ လုံးဝမဖြစ်နိုင်ဟု ယုံကြည်ထားသည်။
ကောဝူချန်သည် ကျန်းလော့ဆီက အဖြေထက်ကို သူကြိုတင်ခန့်မှန်းထားသည့်အတိုင်း တောင်ထိပ်တွင် ရပ်နေသော ကံကြမ္မာယုံသူကို ပိုစိတ်ပူနေသည်။
သူသည် အဝေးကြီးတွင် ရပ်နေသော လူကို ရှုပ်ထွေးသော အမူအယာဖြင့် မျှော်ကြည့်နေပြီး အနည်းငယ် အထင်သေးစွာ ပြောလိုက်သည်။
“သခင် သခင်မသေမချင်း ကျွန်တော်တို့ ဒီလူကို ရှာလို့ရမှာ မဟုတ်ဘူးဆိုတာ သခင်ပြောတာမှန်ပါတယ် အခု ကံကြမ္မာယုံသူက ကျွန်တော်ရှေ့ရောက်လာပြီ”
ဟွာပိသည် ရှေ့တိုးလာပြီး အေးစက်စွာ ပြုံးလိုက်သည်။
“ကြွက်က နောက်ဆုံးတော့ ပုန်းနေရာကနေ ထွက်လာပြီ”
ထိုသို့ပြောနေရင်း ဟွာပိသည် တစ်ကိုယ်လုံးကြွက်သားများ တင်းကျပ်လာနေပြီး သူ့ဆံပင်များသည်ပင် အေးစက်လို့နေသည်။ ကောဝူချန်သည်လည်း သူနှင့် တစ်ပုံစံထဲ ဖြစ်နေသည်။
ကံကြမ္မာယုံသူ မည်မျှ သန်မာကြောင်း မည်သူကမှ မသိကြသလို ထိုသူ၏ စွမ်းရည်အကန့်အသတ်ကိုလည်း မသိကြပေ။
ထိုသို့သော သူနှင့် ရန်သူဖြစ်ရခြင်းသည် အနက်မသိသော ပင်လယ်အောက်ခြေသို့ နှစ်မြုပ်သွားသည်နှင့်တူပြီး မကြောက်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ချီယုံသည် ကံကြမ္မာယုံသူကို စိတ်မပါလက်မပါ တစ်ချက်ကြည့်လိုက်ပြီး သူ့အာရုံအလုံးစုံသည် ကျန်းလော့ဆီသို့ ပြန်ရောက်သွားလေသည်။
“အခုက သူ့ကိုသွားဆန့်ကျင်ရမဲ့ အချိန်မဟုတ်ဘူး”
ဟွာပိနှင့် ကောဝူချန်တို့သည် သူ၏တည်ငြိမ်သော စကားသံတွင် နှစ်ယောက်လုံး ငြိမ်ကျသွားသည်။ ကောဝူချန်သည် ဗုဒ္ဓပုတီးကုံးကို ဆွဲကိုင်ထားပြီး သနားကြင်နာစွာပြုံး၍ ခေါင်းလှည့်ပြီးပြောလိုက်သည်။
“အစတုန်းက ချီ(ချီယုံ)မိသားစုနဲ့ ချီ(ချီယယ်)မိသားစုကို သုံးပြီး ကံကြမ္မာယုံသူကို ရှာဖို့ပဲ အခုကျတော့ ဒီကံကြမ္မာယုံသူက ဒီတိုင်းပေါ်လာပြီဆိုတော့ သခင်က ရှေ့ဆက်လုပ်ဖို့ အစီအစဉ်ချပါလိမ့်မယ် ဒါပေမဲ့ ချီ(ချီယယ်)မိသားစုကိုတော့ ကျွန်တော်တို့ အရင်က စာရင်းတွေ ရှင်းသင့်ပြီမလား”
ဟွာပိသည် လက်ပိုက်ပြီး ခေါင်းညိတ်လိုက်ကာ
“လျောင်စီက ချီအိမ်မှာ ကျွန်တော်တို့ကို စောင့်နေတုန်းပဲ”
ကောဝူချန်သည် လွယ်ကူအေးဆေးစွာပြောလိုက်သည်။
“ကျွန်တော်ကြားတာတော့ လျောင်စီက ချီယယ်ရဲ့ ခန္ဓာကိုယ်ကို မျက်စိကျနေတယ်ဆိုပဲ ပြီးတော့ သူက လိုချင်....”
ရွှေရောင်တောက်ပသော အလင်းရောင်သည် ကောဝူချန်နှင့် ဟွာပိတို့ထံ ဦးတည်လာပြီး ကောဝူချန်သည် သူ့ရှေ့တည့်တည့်ရောက်လာသော အလင်းတန်းကို ကြည့်၍ ထိတ်လန့်စွာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ သင်္ကန်းသည် အကြီးကြီး ပြဲထွက်သွားသည်။ သူ့လက်မောင်းကို ကြည့်လိုက်သောအခါ သူ့မျက်နှာသည် နာကျင်မည်းမှောင်သွားသည်။ သူသာ ရှောင်တိမ်းတာ စက္ကန့်ဝက်လောက် နောက်ကျခဲ့လျှင် သူ့လက်မောင်း ရှိတော့မည် မဟုတ်ပေ။
ကောဝူချန်သည် အလင်းတန်းလာရာကို ကြည့်လိုက်သောအခါ ဂါထာမန္တာန်တို့မှ ဖန်ဆင်းထားသော ကျားဖြူကြီးသည် သွားစွယ်များနှင့် ပါးစပ်ကြီးကိုဟကာ မျက်လုံးများသည် တကယ့်သက်ရှိကျားတစ်ကောင်ကဲ့သို့ ခက်ထန်အသက်ဝင်နေသည်။ ကောဝူချန်သည် တကယ့်အလင်းတန်းလာရာ အရပ်သို့ လှည့်ကြည့်လိုက်ရာ ဆံပင်အနက်ရောင်နှင့် ပိန်ပါးသော ကောင်လေးသည် ဖြောင့်မတ်စွာ ရပ်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဆံပင်ရှည်အနက်ရောင်များသည် မျက်နှာကို ကြာပွင့်သဏ္ဍာန် ဝိုင်းရံထားပြီး ကောင်လေးသည် သိမ်မွေ့စွာပြုံးနေသော်လည်း ပုံစံမျက်နှာထားသည် တမင်သက်သက် လှောင်ရယ်နေသလို ထင်ရသည်။
“ငါ မင်းမျက်စိရှေ့ တည့်တည့်ရောက်အောင် လာတွေ့ပြီလေ ဘာလို့ အခုထိ ဒီတိုင်းကြည့်နေသေးတာလဲ”
ယင်းဟူသည် ကောင်းကင်ပင်တုန်ဟီးသွားလောက်သော ဟိန်းဟောက်သံအကျယ်ကြီး ပေးလိုက်သည်။ ထို့နောက် ယင်းဟူသည် ကောဝူချန်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့ဖို့ မမေ့ဘဲ ကျန်းလော့ဘေးသို့ ပြန်သွားလိုက်သည်။
ကောဝူချန်သည် နောက်ထပ် အကန်ခံလိုက်ရပြီးနောက်တွင် သတိလစ်မလို မူးမိုက်သွားတော့သည်။ ကျန်းလော့သည် သူ့ကိုဆက်၍ အာရုံမစိုက်တော့ပဲ ချီယုံ့ဘက်သို့ လက်ညှိုးထိုးလိုက်ပြီး
“ခွေးတစ်ကောင်က အရိုက်ခံသင့်နေပြီမှန်း သူ့သခင်က သိသလိုပဲ ငါက အကျိုးအကြောင်းသင့်တဲ့ လူတစ်ယောက်ပါ”
ကောဝူချန်သည် မနည်းပြန်ထရပ်ကာ မည်းမှောင်နေသော မျက်နှာဖြင့် သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။
ကျန်းလော့မျက်နှာထားသည် ဖုန်းတုတစ္ဆေမြို့တော်ထဲမှ ပလ္လင်ထက်တွင် ထိုင်နေခဲ့သော မျက်နှာထားနှင့် တစ်ထပ်ထဲဖြစ်သည်။ တစ္ဆေသတ်ကွင်းကို တစ်ယောက်မှမသတ်ဘဲ ဖွင့်လိုက်နိုင်သောသူကို သူမည်သို့ မေ့နိုင်ပါမည်နည်း။ ထိုသူသည် သခင့်ကိုပင် ခက်ခဲအောင် အကျပ်အတည်းထဲကျအောင် လုပ်နိုင်သောသူဖြစ်ကာ ယနေ့မြင်မိသလောက် ဤကောင်လေးသည် သူထင်ထားသလို ညှိနှိုင်းဖို့ မလွယ်ကြောင်း သိလိုက်ရသည်။
အမြန်ရှောင်ထွက်သွားသော ဟွာပိသည် ဝမ်းသာနေကာ
“ကောဝူချန်ရာ… ငါပြောသားပဲ မင်းသူ့ကို လျော့တွက်ရင် မင်းပဲ ခံလာရမယ်လို့..”
ကောဝူချန်သည် သက်ပြင်းရှိုက်လိုက်ပြီး
“သခင် ကျွန်တော် တောင်းပန်ပါတယ်...”
ချီယုံသည် ကျန်းလော့နားသို့ အားရကျေနပ်သော မျက်နှာနှင့် အလျင်အမြန်ချည်းကပ်သွားသောအခါ သူပြောမည့် နောက်ကျန်နေသော စကားလုံးများကို ပြန်မျိုချထားလိုက်ရသည်။ ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် မကောင်းဆိုးဝါးကို ငါးမျှားချိတ်မှာ ချိတ်မိထားသော ငါးတစ်ကောင်လို လက်ညှိုးကို ကွေး၍ ခေါ်နေသည်။ (ငယ်ငယ်က ပြောတဲ့ ကရော်ကရော် ရှက်ပါတယ်ဆိုပြီး လက်ညှိုးကွေးလိုက်ဆန့်လိုက်လုပ်ပြတာမျိုးလေ )
မကောင်းဆိုးဝါးသည် ကျန်းလော့လက်ကို ကိုင်လိုက်ပြီး သူ့လက်ဖဝါးထဲသို့ ကျန်းလော့လက်ချောင်းများကို အသာအယာဆွဲကိုင်ထားကာ ကျန်းလော့၏ တစ်ကိုယ်လုံးကို တစ်လက်မမကျန် စူးစိုက်ကြည့်ပြီး အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်။
“မင်းဘယ်လိုလဲ ကံကြမ္မာယုံသူရဲ့ခွေး ဖြစ်သွားပြီလား”
ကျန်းလော့သည် မျက်နှာထားမပြောင်းဘဲ ချီယုံ့ကို စိတ်မဝင်စားသလို ကြည့်နေသည်။
ချီယုံသည် စိတ်မောစွာ သက်ပြင်းရှည်ကြီးချလိုက်ပြီး
“လွန်ခဲ့တဲ့ နှစ်ညကမှာ ကိုယ်မင်းကို အသိပြန်ဝင်လာအောင် နှိုးပေးခဲ့တာ အခု ဒီနေ့ကျတော့ မင်းက ဒီပုံစံပြန်ဖြစ်သွားပြန်ပြီ ကျန်းလော့ မင်းကို ကိုယ် တကယ်စိတ်ပျက်မိတယ်ကွာ သိလား”
သူ့အသံသည် ပိုပိုပြီး တိုးလာပြီး အနည်းငယ် ပိုပြီး စိတ်လှုပ်ရှားလာပုံပေါက်ကာ
“မင်းကို ထပ်ပြီးညစ်ညမ်းသွားအောင် သင်ခန်းစာတစ်ခု ထပ်သင်ပေးရတော့မှာပေါ့”
“ကိုယ်အကြိုက်ဆုံးနည်းလမ်းနဲ့ သင်ပေးမှာ”
ကျန်းလော့သည် တံတောင်နှင့် အငိုက်ဖမ်း၍ ထိုးလိုက်ကာ ယင်းဟူသည် သခင်ဖြစ်သူ လှုပ်ရှားသည်နှင့် ထပ်တူလှုပ်ရှားခါပြီး မကောင်းဆိုးဝါးကို ထပ်ကာထပ်ကာ တိုက်ခိုက်သည်။ မြူများထဲတွင် အလင်းတန်းများသည် ဖြတ်ခနဲ ဖြတ်ခနဲသာ မြင်နေရသည်။ ဆံပင်အနက်နှင့် ကောင်လေးသည် မကောင်းဆိုးဝါး၏ သေကွင်းသေကွက်များကို ဓားမြှောင်တစ်ချောင်း ကိုင်၍ ဆက်တိုက်တိုက်ခိုက်နေသည်။
ကျန်းလော့၏ တိုက်ခိုက်မှု အမြန်နှုန်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသန်မာလှသည်။ မကောင်းဆိုးဝါးသည် ယင်းဟူ၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သော်လည်း ယင်းဟူသည် သူ့နောက်ကျောတွင် ရွှေရောင်စပါးအုံမြွေကြီးအဖြစ် ပြောင်းသွားကာ မကောင်းဆိုးဝါး၏ လည်ပင်းကို ရုတ်ချည်း ရစ်ပတ်ပစ်သည်။
ညနက်ကြီးတွင် သူတို့၏တိုက်ပွဲသည် အကြင်နာကင်းမဲ့သော မီးတောက်နှစ်ခု၏ အချင်းချင်း အားပြိုင်နေသည်နှင့် တူနေသည်။ လီရှားသည် တိုက်ပွဲကို ကြောင်တောင်တောင်လေးကြည့်နေပြီး သူမလက်ထဲမှ စုတ်လုံးကို ဆက်မစားနိုင်တော့စွာ အေးခဲနေပြီး
“ဒါက ဘော့စ်ပြောတဲ့ လူသားတွေ အားနည်းတယ်ဆိုတာလား”
‘ဘယ်နားက အားနည်းတာတုန်း’
တိုက်ပွဲသည် အပြင်လူများအမြင်တွင် အလွန်ပြင်းထန်နေသော်လည်း ဇာတ်လိုက်နှစ်ယောက်အတွက်ကတော့ အရင်ကထက်စာလျှင် အနည်းငယ် သွေးထွက်သံယိုဖြစ်ရုံလောက်သာ ဖြစ်သည်။
ထပ်၍ ကျန်းလော့၏ အင်္ကျီကော်လာသည် စုတ်ပြဲသွားပြန်သည်။ သူ့မျက်လုံးများသည် ထိုကော်လာကြောင့် မည်သို့မျှ လှုပ်ရှားမသွားဘဲ မကောင်းဆိုးဝါးကသာ သူ့ကို တစ်ခုပြီးတစ်ခု ပြောပြီး ရန်စနေသည်။
“အိုး သနားစရာကောင်းလိုက်တာ မင်းသာ ဒီနေ့ အဝတ်နည်းနည်းပဲ ဝတ်လာရင် အခုဆို ဝတ်လစ်စားလစ် ဖြစ်နေလောက်ပြီနော် ဝေါင်းဝ်..”
‘ငါပြောတာမှန်တယ်’ //ချီယုံ
ကျန်းလော့၏ အပေါ်အင်္ကျီသည် ခါးနားအထိ အရှည်လိုက်ပြဲထွက်နေပြီး သူ့ပုခုံးနှင့် လိပ်ပြာရိုးများနားမှ အဝတ်များသည်လည်း စုတ်ပြဲသွားကြသည်။ ကျန်းလော့ ကိုယ်ပေါ်မှာ တစ်စစီပြုတ်ကျလာမှာကိုတောင် ကြောက်ရအောင် အဝတ်များသည် ရစရာကို မရှိတော့ပေ။
ကျန်းလော့သည် မကောင်းဆိုးဝါးမှ ထိုသို့ ပြောလာသော်လည်း မည်သို့မှ ပြန်မပြောသော်လည်း သူ့လှုပ်ရှားမှုများကတော့ ပိုပိုပြီး ကြမ်းတမ်းလာသည်။ ထို့နောက် သူ့ခြေထောက်တွင် အားများစု၍ မကောင်းဆိုးဝါးကို အားကုန် ဆောင့်ကန်ထည့်လိုက်သည်။ လည်ပင်းတည့်တည့်ကို ကြမ်းတမ်းစွာ ကန်မိသွားသည်။
မကောင်းဆိုးဝါး၏ ကျောက်တုံးကဲ့သို့ ကြွက်သားများသည် နည်းနည်းမှ မလှုပ်ရှားသွားသော်လည်း ကျန်းလော့၏ ခြေထောက်ကတော့ ပိန့်သွားသော စတီးချောင်းကဲ့သို့ အသည်းခိုက်အောင် နာကျင်သွားသည်။
လက်သီးလက်သီးချင်း တိုက်ခိုက်မှုသည် ကျန်းလော့အတွက်တော့ ချီယုံနှင့် ရင်ဆိုင်ရာတွင် လုံးဝအလုပ်မဖြစ်ပေ။ မကောင်းဆိုးဝါးသည် သူတိုက်ခိုက်သည့် အကွက်တိုင်းကို ရှောင်နိုင်နေသောကြောင့် ကျန်းလော့သည် စိတ်မရှည်တော့ပဲ ရွှေရောင်ဓားမြှောင်ဖြင့် မကောင်းဆိုးဝါး၏ လည်ပင်းကို ထောက်၍ ခြိမ်းခြောက်လိုက်သည်။
မကောင်းဆိုးဝါးသည် သူ့ကို ဓားထောက်ထားသော လက်ကို ပုတ်ထုတ်၍ ကျန်းလော့၏ လက်ကောက်ဝတ်နှစ်ဖက်လုံးကို ဆွဲချုပ်လိုက်သည်။ သူသည် ကျန်းလော့၏ လက်ကောက်ဝတ်နှစ်ဖက်ကို ဆုပ်ခြေပစ်ချင်သည့်အလား
“သွေးပူလေ့ကျင့်ခန်းလုပ်တာ တော်ပြီကွာ မင်းကိုယ့်ကို မရိုက်နိုင်မှန်း သိရဲ့သားနဲ့”
“တကယ်ကြီးလား”
ကျန်းလော့သည် စဉ်းလဲစွာပြုံး၍
“ဒါနဲ့ဆိုရင်ရော”
မကောင်းဆိုးဝါး၏နောက်ဘက်တွင် ယင်ယန်လက်ကောက်မှ မန္တာန်များအားလုံးသည် ဓားမြှောင်များအဖြစ် အသွင်ပြောင်းသွားကာ မကောင်းဆိုးဝါးကို ချိန်ရွယ်ထားကြပြီး သူ့ခန္ဓာကိုယ်ကို အချိန်မရွေး ထိုးဖောက်ပစ်ရန် အဆင်သင့် ဖြစ်နေကြသည်။ ထိုဓားမြှောင်များသာ သူ့ကိုယ်ပေါ်သို့ တစ်ပြိုင်ထဲ စိုက်ဝင်သွားလျှင် မသေလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမည် ဖြစ်သည်။
ချီယုံသည် သူ့နောက်သို့ လှည်ပင်မကြည့်ပေ။ သူ့မျက်လုံးများသည် ပို၍ မှောင်မိုက်လာပြီး အန္တာရာယ်များလာကာ
“မင်း တကယ် ရေကန်ရဲ့ သက်ရောက်မှု မခံရဘူးပဲ”
ကျန်းလော့ လက်ကောက်ဝတ်တို့သည် ညစ်ထားခံရသော်လည်း သူ့လက်ချောင်းများကတော့ လှုပ်လို့ ရနေသေးသောကြောင့် လက်ချောင်းနှစ်ချောင်းနှင့် ဓားရိုးကို ညှစ်၍ ဓားမြှောင်ထိပ်ဖျားကို ချီယုံ့ ရင်ဘတ်ကို ချိန်ထားကာ
“မင်းက အရမ်းအံ့ဩမသွားပါလား”
ချီယုံသည် နှုတ်ခမ်းစေ့လိုက်ပြီး သူ့ခေါင်းကို ကျန်းလော့နား ကပ်လာသည်။
“မလှုပ်နဲ့”
ကျန်းလော့သည် မသိလိုက်မသိဘာသာ ဓားမြှောင်ကိုနောက်ဆုတ်လိုက်မိသွားပြီး
“ချီယုံ ငါတို့ ပူးပေါင်းမဲ့အကြောင်း ပြောကြရင် ဘယ်လိုလဲ”
ချီယုံ “ပူးပေါင်းမှာလား”
ကျန်းလော့သည် ပတ်ဝန်းကျင်ကို မသိမသာ လှည့်ပတ်ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် မြူနက်များသည် သူတို့နှစ်ယောက်ကို ရစ်ပတ်သွားတော့သည်။ လေထုထဲတွင် မြူနက်များ ပျံ့လွှင့်သွားကာ အသည်းအသန်တိုက်ခိုက်နေကြသော ရန်သူနှစ်ယောက်ကို လူမြင်ကွင်းမှ ဖယ်ထုတ်သွားသည်။
ဟွာပိသည် တောင့်ခနဲဖြစ်သွားပြီး ရှေ့တိုး၍
“သခင်”
ကောဝူချန်သည် သူ့ကို အချိန်မှီ တားလိုက်ပြီး
“ဟွာပိ အဲ့လို စိတ်လိုက်မာန်ပါ မလှုပ်ရှားစမ်းနဲ့ သခင်အဆင်ပြေပါလိမ့်မယ်”
တောင်ထိပ်တွင် ဖုန်းလီသည် ဆက်၍ ရပ်ကြည့်မနေနိုင်တော့သော်လည်း ကံကြမ္မာယုံသူက ပြောလိုက်သည်။
“ကောင်းကင်သခင် ဒီမှာပဲ စောင့်ကြည့်ပါ”
ဖုန်းလီသည် ကံကြမ္မာယုံသူ၏ စကားကို မကြားခဲ့သလို ရှေ့တစ်လှမ်းတိုးလိုက်သည်။ ကံကြမ္မာယုံသူက ပြောသည်။
“ဖုန်းလီ”
ဖုန်းလီသည် ရပ်တန့်သွားသည်။ တာအိုဆရာတော် ဝေ့ဟယ်သည်လည်း ကျန်းလော့ကို စိတ်ပူနေသည်။ သို့သော် မွန်းကြပ်စွာပြုံး၍ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ
“ကောင်းကင်သခင် စိတ်မပူပါနဲ့ ကံကြမ္မာယုံသူက မင်းကို ဒီမှာပဲ နေဖို့ပြောထဲက ကျန်းလော့ သေချာပေါက် အဆင်ပြေမှာပါ”
မြူနက်ထဲတွင် လူသားနှင့် မကောင်းဆိုးဝါးသည် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိနေကြသော်လည်း မထင်မှတ်ထားစွာပင် လူသားသည် ရွှေရောင်ဓားမြှောင်ဖြင့် မကောင်းဆိုးဝါးကို ချက်ချင်း သတ်မပစ်သလို မကောင်းဆိုးဝါးသည်လည်း လူသားကို မြူနက်ထဲတွင် မသတ်သေးပေ။
“ပူးပေါင်းတာအကြောင်း မပြောခင်”
မကောင်းဆိုးဝါးသည် စိတ်လှုပ်ရှားလောက်သော အပြုံးအကြီးကြီးပြုံးလိုက်ကာ သူ့အပြုံးထဲတွင် အေးစက်ပြီး ရန်လိုသည် အငွေ့အသက်များ နက်ရှိုင်းစွာသိသာနေပြီး ကျန်းလော့၏ ပါးနှစ်ဖက်ကို အုပ်ကိုင်၍
“မင်းရဲ့ပြောင်းလဲသွားတာတွေ အကြောင်း အရင်ပြောကြရအောင်”
“နားဆွဲတစ်ခုတဲ့လား”
သူ့လက်သည် ကျန်းလော့၏ နားဆွဲကို ပွတ်သပ်သွားပြီး နားဆွဲရှည်ကို အပေါ်မှအောက်သို့ အသေးစိတ် စေ့စေ့ပေါက်ပေါက် လိုက်ကြည့်သည်။ မကောင်းဆိုးဝါးသည် ရေခဲရိုက်ထားသော အသံဖြင့်
“ဘယ်လောက်တောင်လှလိုက်တဲ့ နားဆွဲလေးလဲ.. ဒါပေမဲ့ မင်းရဲ့အသွေးအသားတွေ အကုန်လုံးကိုယ့်အပိုင်လို့ ကိုယ်ပြောခဲ့တယ် ထင်တယ်နော် ”
“ကိုယ့်ခွင့်ပြုချက်မရဘဲ မင်းရဲ့ နားကို အပေါက်ဖောက်လိုက်တယ်နော်”
လူသားသည် သဘောတကျပြုံးသွားပြီး ဘောက်ဆတ်ဆတ်ပြောလိုက်သည်။
“ဘာလို့ မင်းပုံစံက ကိုယ့်မြေနေရာပေါ် သေးပန်းနေတဲ့ ခွေးနဲ့တူနေရတာလဲ”
ကျန်းလော့နှလုံးသားသည် ဝိညာဉ်စုပ်ဆွဲပြားကို တစ်ရက်သုံးပြီး ဖြစ်သည်ကို စိတ်ပျက်သွားရကာ ချီယုံအတွင်းနယ်မြေထဲ ဝင်ကြည့်ဖို့ အခွင့်အရေး မရှိတော့ပေ။ မကောင်းဆိုးဝါးသည် အေးစက်စွာ ရယ်လိုက်ပြီး ခေါင်းငုံ၍ ကျန်းလော့၏ နားပေါက်မရှိသော နားရွက်ကို ကိုက်ပစ်လိုက်သည်။
သူ့သွားသည် ကျောက်တုံးထက်ပင် မာကျောသောကြေင့် ကျန်းလော့နားသည် သွေးထွက်လာကာ အသားကို ကိုက်ဖြတ်ခံလိုက်ရသောကြောင့် နာကျင်လာသည်။
ကျန်းလော့သည် နာကျင်မှုကြောင့် မျက်မှောင်ကုတ်သွားပြီး လက်မြှောက်၍ ချီယုံ့ဆံပင်ကို ဆောင့်ဆွဲလိုက်ကာ သူ့ကို တွန်းထုတ်လိုက်သည်။
“လွတ်စမ်း”
မြူနက်များသည် သူတို့အသံကို အပြင်မှလူများ မကြားအောင် ကာကွယ်ပေးထားပြီး အေးစက်မှုနှင့် လေပြင်းတချို့မှ လည်း ကာကွယ်ထားသည်။ ဆက်ပြီး ဟန်ဆောင်စရာမလိုတော့သော ကျန်းလော့သည် မကောင်းဆိုးဝါးကို အော်၍ ကြမ်းတမ်းစွာ တွန်းထုတ်ပြီး မကောင်းဆိုးဝါးကို ကော်လာမှပြန်ဆွဲ၍ သူ့နားကို ပြန်ဆွဲကိုက်လိုက်သည်။
သို့သော် ချီယုံ့ကို သေးသေးလေးမှ မကိုက်နိုင်ခဲ့ပေ။ မကောင်းဆိုးဝါးသည် ခပ်နိမ့်နိမ့် ရယ်မောလိုက်ပြီး ကျန်းလော့ကို ဆွဲဖက်၍ သူ့ဆံပင်များကို ချောမွေ့အောင် လက်ဖြင့် သပ်ပေးကာ..။
“မင်း ကိုယ်စိတ်ဆိုးအောင် တစ်ခုခုလုပ်ထားသေးတယ်နော်”
သူသည် သီချင်းညည်းနေသလို သူ့လက်ချောင်းများသည် ကျန်းလော့၏ ဆံပင်နက်နက်များကြား တိုးဝင်သွားပြီး ကျန်းလော့ဂုတ်ကို ကိုင်၍
“မင်းပြန်မှတ်မိလာအောင် ကိုယ်မင်းကို အပြစ်နည်းနည်းပေးရတော့မှာပဲ”
“အပြစ်ပေးမှာလား”
ကျန်းလော့သည် နှာမှုတ်လိုက်သည်။
“တိုက်ဆိုင်လိုက်တာ မင်းလဲ ဒီနေ့ ငါ့ကို စိတ်ဆိုးအောင် လုပ်ခဲ့တာပဲ”
သူတို့လက်နက်များကို လွှင့်ပစ်လိုက်ပြီး သူတို့၏ ကိုယ်ခံပညာများဖြင့် ရုတ်တရက် ထနပန်းလုံးကြကာ သူတို့ပုံစံသည် နှင်းပြင်ပေါ်မှ သားရဲနှစ်ကောင်ကဲ့သို့ အချင်းချင်း ဆုတ်ဖြဲနေကြသည်။
နပန်းလုံးနေကြရင် ကျန်းလော့၏ ဘောင်းလီရှည်တစ်ဖက်ကို မကောင်းဆိုးဝါးက ဆွဲဖြဲပစ်လိုက်သည်။ ရှည်လျားပြီး ဖြောင့်ဆင်းနေသော သွယ်လျလုံးဝန်းသော ခြေထောက်သည် မြူနက်ထဲတွင် ထင်းထင်းကြီး ဖြူဝင်းနေကာ မျက်စိကြိမ်းအောင် တောက်ပနေသည်။
မကောင်းဆိုးဝါး၏ လက်သည် ထိုခြေတံရှည်ပေါ်သို့ သိမ်မွေ့စွာ ကိုင်ထားသည်။ သူ့လည်ပင်းမှ လည်စိသည် အနည်းငယ် လှုပ်ရှားနေပြီး သူ့အောက်မှ ကောင်လေး၏ နားရွက်နားထိကုန်း၍
“ဘယ်လိုလုပ်မလဲ မင်းမြုနက်ထဲထွက်သွားလို့ သူတို့မင်းကို ဒီလိုမြင်သွားရင် .....”
ရွှင်မြူးစွာ ရယ်နေပြီး
“မကောင်းဆိုးဝါးဆီက အနိုင်ကျင့်ခံလိုက်ပြီး ဘောင်းဘီတစ်ဖက်ပြဲပြီး ခြေထောက်တစ်ချောင်း တုံးလုံးဖြစ်သွားမှာ မှန်းကြည့် သူတို့ ဘယ်လိုထင်ကြမလဲလို့”
ကျန်းလော့သည် ရုန်းကန်နေရာမှ မောပန်းလာပြီး နဖူးမှ ချွေးများစီးကျလာကာ သူ့ရင်ဘတ်သည် ပြင်းထန်စွာ မောက်လိုက်ပိန်လိုက်ဖြစ်လာသည်။
မကောင်းဆိုးဝါး၏လက်သည် ဆက်တိုက်ပွတ်နေကာ ထိုလက်ချောင်းများကြောင့် ယားယံလာက ခါးထက်တွင် တောင့်ခနဲဖြစ်သွားပြီး ရယ်ချင်စိတ်ကို ခုခံရန် ကျန်းလော့သည် ခန္ဓာကိုယ်ကို ကလေးသေးသေးလေးများကဲ့သို့ နောက်သို့ ကော့ပစ်လိုက်သည်။
ဆံပင်အနက်နှင့် လူငယ်လေး၏ မျက်လုံးများသည် မကောင်းဆိုးဝါး၏ အထိအတွေ့ကြောင့် နီရဲနေပြီး သူသည် အသံတုန်တုန်ဖြင့် သတိပေးခြိမ်းခြောက်လိုက်သည်။
“ချီယုံ မင်းလွန်မလာနဲ့နော်”
“ဒါပေမဲ့ ကိုယ့်မှာ သေချာတဲ့ ဖြေရှင်းနည်းတစ်ခုရှိတယ်”
မကောင်းဆိုးဝါး၏ စကားများသည် ပြောင်းလဲသွားတော့သည်။
“မင်းသာ တော်တော်များများကို မီးရှို့ပစ်လိုက်ရင်”
“မင်းအဝတ်အစားတွေ ကိုယ့်အဝတ်အစားတွေ”
သူခုနလေးကမှ ကိုက်ထားသော ဒဏ်ရာပေါ်သို့ တစ်ချက်လျက်လိုက်သည်။
“အဲဒါတွေအားလုံးသာ လောင်ကျွမ်းသွားရင် အရာအားလုံးအတွက် ဖြစ်လာမဲ့ အကျိုးဆက်အတွက် အပြစ်တင်ခံရမှာက ကိုယ်ဖြစ်သွားမယ်လေ”
မကောင်းဆိုးဝါးသည် ရိသဲ့သဲ့ ရယ်မောလိုက်ပြီး
“မင်းရဲ့ ရှပ်အင်္ကျီ မင်းရဲ့ ဘောင်းဘီရှည် မင်းရဲ့ အထပ်ထပ် အဝတ်စတွေ မင်းရဲ့ အပေါ်ထပ်…”
သူ၏ ခန့်ညားသော မျက်နှာတွင် ဆိုးယုတ်သော အပြုံးတစ်ခု ဆင်မြန်းထားကာ သူ့လက်ချောင်းရှည်ရှည်များသည် ကျန်းလော့ကိုယ်ပေါ်မှ နောက်ဆုံးသော အဝတ်လွှာကို ဆွဲဖြဲပစ်လိုက်ကာ
“မင်းရဲ့ အတွင်းခံ”
#####