အပိုင်း (၁၉၅)
နဂါးမျက်လုံး ဂူသင်္ချိုင်း (၁)
ကျန်းလော့သည် မက်ဆေ့ချ်များကို ဖတ်နေရင်း မျက်မှောင်ကုတ်သွားသည်။
ဝမ်ယမ်လန်သည်လည်း လူများခေါ်၍ တဝူတောင်သို့ လာခဲ့သည်။ သူသည် တစ်ယောက်ထဲ မလာသည့်အပြင် တဝူတောင်ကို စစ်ဆေးရန် ပြည်နယ်မှ ချပေးသော အထူးတပ်ဖွဲ့ကိုပါ တစ်ပါတည်း ခေါ်လာသည်။
အထူးတပ်ဖွဲ့အပြင် ကျန်းလော့ ဒဏ်ရာရသည့် သတင်းကိုကြားသော ချီယယ်၊ ကောကျူ၊ ယယ်ရွှင်နှင့် လုယုံရိတို့သည်လည်း သူ့ကိုတွေ့ရန် လိုက်လာကြသည်။ သူတို့သည် ကျန်းလော့တို့ထက် အရင်တစ်ရက် စောရောက်လာပြီး တဝူတောင်ကို လျင်မြန်စွာ စစ်ဆေးခဲ့ကြသည်။
နဂါးမျက်လုံးသည် အလွန်ခန့်မှန်းရခက်ပြီး သာမန်လူများနှင့် ဖွဲ့စည်းထားသော အထူးတပ်ဖွဲ့သည် ဘာကိုမှ ရှာမတွေ့ခဲ့ကြပေ။ သို့သော် တပ်ဖွဲ့ကတော့ တောအုပ်ထဲတွင်ပုန်းအောင်းနေဆဲဖြစ်ပြီး ကျန်းလော့ကို ထောက်ပံ့ပေးဖို့ မပြန်သွားဘဲ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
ကျန်းလော့က
“ငါတို့ တဝူတောင်ကို မနက်ဖြန် ညနေ ငါးနာရီလောက်ရောက်မယ်”
ပြည်နယ်အစိုးရကို တင်ပြချက်ရေးပို့တုန်းက ကျန်းလော့သည် သူ့အခြေအနေကို တိကျစွာ ရေးပေးခဲ့သည်။ ကိစ္စအကြောင်း ဆွေးနွေးပြီးကြပြီးနောက် အထက်ပိုင်းမှ အကြီးအကဲများသည် သူ့ကို အပြည့်အဝ ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ကျန်းလော့သည် ပြည်နယ်သုတေတသနဌာန၏ ဌာနမှူးဖြစ်ပြီး သူသန်မာအားကောင်းလာလေလေ ပြည်နယ်အတွက် အကျိုးအမြတ်ပိုများလေ ဖြစ်ကာ ရွှမ်ရွှီလောကကို အစီအစဉ်အတိုင်း သေချာရှင်းလင်း အုပ်ချုပ်နိုင်ပေမည်။
ကျန်းလော့၏ တင်ပြချက်အရ ရွှမ်ရွှီလောကသည် အမည်မသိ ဟောကိန်းတစ်ခုကိ ရင်ဆိုင်ရနိုင်ချေရှိသည်။ ဤဟောကိန်းမှ ရှင်သန်နိုင်ရန် ပြည်နယ်အစိုးရသည် ကျန်းလော့ကို တတ်နိုင်သမျှ အကောင်းဆုံးပံ့ပိုးသွားမှာ ဖြစ်ပြီး အထူးသဖြင့် ဟောကိန်းကို တားဆီးနေဆဲ ကာလတွင် ဖြစ်သည်။
ဝမ်ယမ်လန်သည် သူ့ကို မြန်မြန် မက်ဆေ့ချ်ပြန်ပို့လာသည်။
“တပ်ဖွဲ့က နဂါးမျက်လုံးရဲ့ တည်နေရာကို မတွေ့ခဲ့ကြပေမဲ့ ငါတို့ကတော့ အနီးစပ်ဆုံး နေရာကို တွေ့ခဲ့တယ် သုတေသနဌာနကို မင်း ချီယယ်ကို ဖိတ်ခေါ်ခဲ့တာ တကယ်မှန်တဲ့ ဆုံးဖြတ်ချက်ပဲကွာ”
ဝမ်ယမ်လန်သည် နဂါးမျက်လုံး၏ အနီးစပ်ဆုံး တည်နေရာကို ပို့လိုက်သည်။ နဂါးမျက်လုံးရှိရာနှင့် အချင်းဝက် မီတာနှစ်ရာသည် သူတို့ရှာဖွေနိုင်သည့် အနီးစပ်ဆုံး တည်နေရာဖြစ်သည်။
အချင်းဝက် မီတာနှစ်ရာကို မကြည့်ပါနှင့် ထိုတည်နေရာကို ရရန်မှာ လုံးဝမလွယ်ကူသည့် ကိစ္စကြီးဖြစ်သည်။
နဂါးမျက်လုံးသည် နဂါးသွေးကြော တစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအား အများဆုံးသော နေရာဖြစ်ပြီး တစ်ချိန်လုံး ပြောင်းလဲနေကာ နေရာအတိအကျမရှိဘဲ ပြောင်းလဲလျှင်လည်း ခန့်မှန်းမရနိုင်အောင် ကျပန်းနေရာစုံ ပြောင်းလဲသွားတတ်သည်။
တစ်ချိန်တုန်းက ခွန်လွန်တောင် နဂါးသွေးကြောမှ နဂါးမျက်လုံးကို ရှာရန် လူသုံးဆယ်ပါသော အုပ်စုဖွဲ့၍ တစ်နှစ်နီးပါး ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ကြပေ။
ကျန်းလော့သည် အံ့ဩဝမ်းသာနေကာ သူတို့ကို ထပ်ခါထပ်ခါ ချီးမွမ်းမိသည်။
သူ့သူငယ်ချင်းများနှင့် နိုင်ငံတော်၏ အကူအညီဖြင့် ကျန်းလော့သည် တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့လေသည်။ မနက်ငါးနာရီထိုးခါနီးမှ နိုးလာတော့သည်။
မြေညီထပ်မှ စားသောက်ဆိုင်တွင် လူအပြည့်ဖြစ်နေပြီး စားပွဲပေါ်တွင် မနက်စာ ပွဲများ အများအပြား ရှိလေသည်။ ကျန်းလော့သည် စားပွဲတွင် ဝင်ထိုင်က မနက်စာ စားပြီး စားပွဲဘေးတွင် တင်ထားသော ဖောင်းကားနေသော ကျောပိုးအိတ်ကြီးများကို တွေ့ပြီးမေးလိုက်သည်။
“ဒါတွေက ကျွန်တော်တို့ဟာတွေလား”
ကောဝူချန်သည် မန်ထိုကို ပါးစပ်အပြည့်ဝါးနေရင်း မျိုချလိုက်ကာ
“ဟုတ်ပါတယ် အားလုံး သခင်ကျန်းဟာတွေပါ မနက်စာစားပြီးရင် အားလုံး ခွဲသယ်ဖို့ လုပ်မှာပါ”
သူတို့အားလုံး မနက်စာ စားပြီးကြကာမှ မကောင်းဆိုးဝါးသည် နောက်ကျပြီး ရောက်လာသည်။ သူရောက်လာသည်ကို မြင်သည်နှင့် အုပ်စုလိုက်သည် ပစ္စည်းများကို ခွဲဝေထုပ်ပိုးပြီး ခရီးထွက်ရန် ပြင်ဆင်တော့သည်။
တဝူတောင်ခရီးသည် ဧည့်လမ်းညွှန်ဝမ် ပြောသည့်အတိုင်း အလွန်ကြမ်းတမ်းသည်။ လှိုင်းမမူးတတ်သော ကျန်းလော့သည် သူ့ဗိုက်တစ်ခုလုံး အထက်အောက် ပြောင်းပြန်လှန်နေသလို ခံစားရသည်။ သူတို့သည် ဘက်စ်ကား စီးပြီးနောက် တဝူတောင်သို့ သွားရန် နောက်ထပ် လှေထပ်စီးရသေးသည်။ ညနေလေးနာရီ ကျော်သွားသည့်တိုင် တဝူတောင်သို့ မရောက်သေးပေ။
တဝူတောင်သည် တောင်တန်းကြီး၏ အစမှ အဆုံးအထိ မြင်နိုင်သော တောင်ထွက်ကြီးများ အများအပြားရှိလေသည်။ မြင်ရသည်မှာ အံ့မခန်း ကြီးကျယ်ခမ်းနားသော်လညး် ဤကဲ့သို့ ကြီးမားလှသော တောင်တန်းကြီးတွင် နဂါးမျက်လုံး ရှာတွေ့ရန်မှာ ဖြစ်နိုင်ချေနည်းလွန်းသည်။
နဂါးမျက်လုံးကို ရှာဖွေလျှင် လောလို့မရကြောင်း လူတိုင်းသိကြသောကြောင့် အားလုံးသည် တောင်ခြေတွင် ယာယီတဲများ ထိုးပြီး နားလိုက်ကြသည်။ နောက်တစ်နေ့ မနက်အာရုံတက်သည်နှင့် တောင်ခြေမှ လူတစ်စုသည် ပစ္စည်းအပြည့်အစုံ တပ်ဆင်၍ တောင်ပေါ်တက်ဖို့ အဆင်သင့် ဖြစ်နေလေပြီ။
မကောင်းဆိုးဝါးသည် ရှေ့ဆုံးတွင် ရပ်နေပြီး တဝူတောင်ကို ခန့်မှန်းမရနိုင်သော မျက်နှာထားဖြင့် မော့ကြည့်နေသည်။ နဂါးသွးကြောသည် မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်သုတ်သင်ပြီး တဝူတောင်လည်း ချွင်းချက်မဟုတ်ပေ။
တဝူတောင်နှင့် နီးလာလေ ချီယုံသည် သူ့စွမ်းအားများကို နဂါးသွေးကြောက ဖိနှိပ်လာတာကို ခံစားမိလေ ဖြစ်လာသည်။
ယခုမှ တောင်ခြေတွင်သာ ရှိသေးသော်လည်း တောင်ပေါ်တက်သည်နှင့် မည်မျှ ဖိနှိပ်ခံရမည်ဆိုတာ တွေးကြည့်စရာပင် မလိုတော့ပေ။
ဤအကြောင်းအရင်းကြောင့်သာ သူသည် ကျန်းလော့ကို နဂါးမျက်လုံးရှာဖွေရာတွင် အဖော်ပြုလိုက်မပေးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးသည် သူတို့နှင့်အတူ ကောဝူချန်၊ ထန်ပိနှင့် လိရှားတို့ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။
သူတို့သုံးယောက်သည် ဘုန်းကြီး၊ စီဝမ်ကွေး နှင့် ပင်လယ်နက်ငါးတို့ ဖြစ်သည်။ ထန်ပိသည် ရှင်သန်ရန် အသက်သွင်းပေးထားရခြင်း ဖြစ်သော်လည်း မကောင်းဆိုးဝါးများလောက် ဖိနှိပ်မခံရပေ။
ချီယုံသည် ဤတစ်ကြိမ်တွင် လုံးဝ အသုံးမဝင်လုနီးပါး အဖွဲ့ဝင်ဖြစ်လာသည်။ သို့သော် သွားဖို့ အချိန်ရောက်သောအခါ ချီယုံသည် နှေးကွေးစွာ လှုပ်ရှားလာသည်။
ကောဝူချန်သည် ရှေ့တစ်လှမ်းတိုးလာပြီး မေးလိုက်သည်။
“သခင်”
ချီယုံသည် ရုတ်တရက် ပြုံး၍ သူ့နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားကာ စိတ်ဝင်စားစွာ ပြောလိုက်သည်။
“ဒီတောင်က စိတ်ဝင်စားစရာကောင်းသားပဲ”
ထိုစကားများပြောပြီး သူသည်ရုတ်တရက် တောင်တက်လမ်းပေါ်သို့ သွားလိုက်သည်။
ဤလှုပ်ရှားမှုသည် လူတိုင်းကို အံ့ဩသွားစေပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ချီယုံ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
‘သူက နဂါးသွေးကြောကို မကြောက်ဘူးလား နဂါးသွေးကြောက သူ့ကိုများ သက်ရောက်မှု မရှိတာလား’
သို့သော် ထင်မှတ်ထားသည့်အတိုင်း မကောင်းဆိုးဝါးသည် နှစ်လှမ်းလောက် သွားပြီးနောက် ရပ်သွားလေသည်။
သူသည် တဝူတောင်ကို မော့ကြည့်ပြီး သူ့မျက်လုံးများသည် မသိမသာ ကျဉ်းမြောင်းသွားကာ မကောင်းဆိုးဝါးသည် ဂရုမစိုက်သော အပြုံးဖြင့် ဘေးသို့ လှည့်လိုက်ပြီး
“ထန်ပိ”
ထန်ပိသည် လျင်မြန်စွာ လမ်းလျှောက်သွားပြီး’ မကောင်းဆိုးဝါးရှေ့သို့ တိတ်ဆိတ်စွာ သွားရပ်သည်။ မကောင်းဆိုးဝါး၏ အသံသည် အလွန်တိုးပြီး ထန်ပိမှလွဲ၍ မည်သူမျှ မကြားရပေ။
သူကပြောသည်။
“သူ့ကို လုံလုံခြုံခြုံ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာအောင် ခေါ်လာခဲ့ ကြားလား”
ချီယုံက ထိုသို့ မမှာလျှင်တောင် ထန်ပိသည် ကျန်းလော့ကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားမှာ ဖြစ်သည်။
သူသည် ရိုးသားတည်ကြည်စွာပြောသည်။
“ဟုတ်ကဲ့”
ထန်ပိသည် အနည်းငယ်ကြာအောင် စောင့်နေပြီး မကောင်းဆိုးဝါး စကားဆက်မပြောတော့သည်ကို မြင်ပြီးနောက် ပြောပြီးသွားပြီဟု ထင်သွားသည်။ သို့သော် သူမော့ကြည့်လိုက်သောအခါ မကောင်းဆိုးဝါး၏ နှုတ်ခမ်းထောင့်များသည် မကျေနပ်စွာ အောက်သို့ ကိုင်းနေလေသည်။
အကြာကြီးကြာပြီးနောက် မကောင်းဆိုးဝါးက ပြောသည်။
“မင်း သူ့နောက်ကို တစ်ချိန်လုံး လိုက်နေရမယ် ကောဝူချန်ဖြစ်နေရင်တောင် ကျန်းလော့နားကို မကပ်စေနဲ့”
ထန်ပိက ပြောသည်။
“ဟုတ်ကဲ့ပါ”
မကောင်းဆိုးဝါးသည် တဝူတောင်ကို နောက်တစ်ခေါက် မော့ကြည့်လိုက်ပြန်သည်။
“သွားတော့”
ဝေ့ဟယ်နှင့် ကျန်းလော့တို့သည် အုပ်စုအလယ်တွင်နေပြီး ရှေ့ဆုံးမှ ဧည့်လမ်းညွှန်က သွားကာ သူတို့အုပ်စုသည် လျင်မြန်သော အရှိန်နှုန်းဖြင့် တက်သွားကြသောကြောင့် ခနလေးအတွင်းမှာပင် သူတို့ကို မမြင်ရတော့ပေ။
မီတာနှစ်ရာဝေးကွာသော နေရာ တောအုပ်အလယ်နားတွင် ဝမ်ယမ်လန်သည် သစ်ပင်နောက်တွင် ပုန်းကွယ်၍ သူတို့ကို မှန်ဘီလူးဖြင့် ကြည့်နေသည်။ ဝမ်ယမ်လန်သည် ကျန်းလော့၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်ပြီး ကျန်းလော့ အဆင်ပြေနေကာမှ သက်ပြင်းချလိုက်သည်။
မှန်ပြောင်းဖြင့် ကျန်းလော့နောက်ဘက်သို့ ကြည့်လိုက်ရာ အံ့ဩသွားပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
“သူကလည်း ချီယုံ့လူတွေထဲက တစ်ယောက်လားဟ..”
ယယ်ရွှင်က မေးသည်။
“ဘယ်သူလဲ”
ဝမ်ယမ်လန်သည် လေသံလေးနှင့် ပြောလိုက်သည်။
“ကောဝူချန်နဲ့ ရပ်နေတဲ့ စီဝမ်ကွေးလေ.....”
သူ့စကားများသည် ချက်ချင်း ရပ်သွားပြီး ကောကျူကို လှည့်ကြည့်လိုက်သည်။
ကောကျူသည် နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်နေပြီး ဝမ်ယမ်လန်ကို ဗလာဖြစ်နေသော အကြည့်ဖြင့် စိုက်ကြည့်နေကာ ချက်ချင်းဆိုသလို နောက်ထပ် မှန်ပြောင်းတစ်ခု ယူလိုက်ပြီး ကျန်းလော့တို့အုပ်စုကို ကြည့်လိုက်သည်။
မှန်ပြောင်းသေးသေးလေးထဲတွင် သန့်ရှင်းသပ်ရပ်နေသော ဘုန်းတော်ကြီး သင်္ကန်းနှင့် ကောဝူချန်သည် အပြုံးမျက်နှာဖြင့် လျှောက်သွားနေသည်။ သူ့လက်ထဲတွင် ဗုဒ္ဓပုတီးကုံးတစ်ခု ကိုင်ထားပြီး သူ့ရှေ့တွင် ဓားကြီးတစ်ချောင်းနှင့် ကျန်းလော့ကို ကာကွယ်နေသော စီကွေးရှိကာ နောက်ဆုံးတွင် ကလေးမလေးတစ်ယောက် ရှိလေသည်။
ကောကျူ၏ မျက်နှာထားသည် ချက်ချင်း ရှုုံ့မဲ့လာပြီး ကြောက်ရွံ့မှုနှင့် မုန်းတီးမှုတို့ ထင်ဟပ်လာကာ မျက်နှာသည် အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။ သူသည် အံတင်းတင်းကြိတ်လိုက်ပြီး
“ကော ဝူ ချန်း..”
‘သူ ဗုဒ္ဓသားတော် တစ်ပါးလုပ်နေပြီး မကောင်းဆိုးဝါးရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာရဲတယ်’
ကောကျူ၏ မျက်နှာသည် အေးခဲနေပြီး သူသည် မက်မွန်သားဓားကို ချက်ချင်း လူသတ်ချင်သော အရှိန်အဝါတို့ ထုတ်ဖော်ပြီး ကိုင်လိုက်သည်။
“မရဘူး ငါ သူ့ကို ကျန်းလော့နဲ့ ကောင်မလေးကို သတ်ခွင့်မပေးနိုင်ဘူး သူ ကျန်းလော့နဲ့ ကလေးမလေးကို သတ်တော့မယ် သူသတ်တော့မှာ”
ယယ်ရွှင်နှင့် လုယုံရိတို့သည် သူ့ကို အချိန်မှီဆွဲထားလိုက်ပြီး ကလေးချော့သလို ချော့ကာ
“အဆင်ပြေတယ် ကောကျူ မကြောက်နဲ့ ကျန်းလော့နဲ့ တခြားသူတွေ အဆင်ပြေနေတယ်လေ”
“ကောဝူချန်က ကျန်းလော့ကို မရိုက်နိုင်ဘူး ပြီးတော့ သူလုပ်လဲ လုပ်ရဲမှာ မဟုတ်ဘူး မစိုးရိမ်နဲ့ သူဘာတစ်ခု မလုပ်ရဲဘူးရယ်”
ဝမ်ယမ်လန်သည်လည်း တီးတိုးပြောလိုက်သည်။
“ကောကျူ အဲဒီကလေးမသေးသေးလေးက သာမန်လူမဟုတ်ဘူး သူမက ငါတို့လက်က ပင်လယ်ထဲမှာလွတ်သွားတဲ့ သွေးငါးရှဉ့်ခေါင်းဆောင်လေကွာ ကောဝူချန် သူမကို အန္တာရာယ် မပေးနိုင်ဘူး”
ကောကျူ၏ ဦးနှောက်သည် ထုံထိုင်းနာကျင်နေသည်။ သူသည် ကောဝူချန် လုပ်ခဲ့သည်များကို မရပ်မနား တွေးတောနေမိသည်။ သူအပေါင်းအသင်းများ၏ အသံများသည် နားပိတ်ထားရင်တောင် ကြားနေရသည်။ သူသည် မထိန်းချုပ်နိုင်ဘဲ ထိုနေ့ကအကြောင်း တွေးတောနေသည်။
“သူ ဘယ်လိုများ ရယ်နေနိုင်သေးတာလဲ”
ဒီလိုအလုပ်မျိုး လုပ်ထားပြီးတာတောင် သူ့ကို သတ်မိလုနီးပါးဖြစ်ခဲ့တာတောင် ဘာလို့များ ဘာမှမဖြစ်သလို ရယ်နေနိုင်ရပါသနည်း။
ကောကျူ၏ အသံသည် တုန်ယင်နေပြီး
“ကျန်းလော့ သူနဲ့အတူ တောင်ပေါ် သွားလို့ မဖြစ်ဘူး ကောဝူချန်က ရက်စက်ပြီး ကောက်ကျစ်တယ် သူ သေချာပေါက် ကျန်းလော့ကို သတ်မှာ.. မင်းတို့ ငါ့ကို ယုံစမ်းပါကွာ ငါသူ့ကို သတ်မယ် ငါသူ့ကို သတ်မယ်”
ဝမ်ယမ်လန်သည် မထိန်းနိုင်စွာ သက်ပြင်းချလိုက်သည်။
ကောကျူ ကောဝူချန်ကို မြင်လိုက်တိုင်း အသိစိတ်ပျောက်သွားတတ်ပြီး အမုန်းတရားကြောင့် ရူးသွပ်သွားတတ်သည်။ ဝမ်ယမ်လန်သည်လည်း ကောဝူချန်ကို မကြိုက်ပေ။ သို့သော် ဤအချိန်တွင် လူလုံးထွက်ပြလိုက်လို့ မဖြစ်ပေ။
ကောကျူသာ ကောဝူချန်ကို မြင်သွားလျှင် ကောကျူ ဘာမှမလုပ်လိုက်နိုင်ခင် ဟိုကသူ့ကို သေလုမျောပါးဖြစ်အောင် အရင်ဆော်သွားမှာ ကို ကြောက်မိသည်။
ဝမ်ယမ်လန်သည် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“ကောကျူ တော်တော့ မင်းအခုလုပ်နေတာ ငါတို့ကို ကံဆိုးအောင် လုပ်နေတာပဲကွ”
ကောကျူ၏ တုန်ယင်နေသော လက်များသည် ဝမ်ယမ်လန်၏ စကားများကြောင့် အေးခဲသွားသည်။ သူ့မျက်နှာပေါ်မှ အကြည့်သည် မိခင်ပျောက်သွားသော စိတ်ဒဏ်ရာရနေသည့် သားပေါက်တစ်ကောင်လို သနားစရာကောင်းနေသည်။ သို့သော် ကောကျူသည် သက်ပြင်းချလိုက်ပြီး တည်ငြိမ်သွားသည်။
“ငါတောင်းပန်ပါတယ်”
သူသည် အသံသေးသေးလေးဖြင့် ပြောလိုက်သည်။
“ငါ စိတ်ထိန်းပါ့မယ်”
လုယုံရိသည် နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး တင်းမာနေသော လေထုကို ပြေလျော့သွားစေရန် တမင်သက်သက် စကားလမ်းကြောင်း လွှဲလိုက်သည်။ ထို့နောက် သိချင်စွာ မေးလိုက်သည်။
“ဝမ်ယမ် မင်းပြောတဲ့ သူဆိုတာ ဘယ်သူလဲ ကောဝူချန်ကလွဲလို့ နောက်ထပ် ချီယုံလူတွေထဲမှာ မင်းသိတဲ့သူ ရှိသေးလို့လား”
သူသည် ပြောရင်း မှန်ပြောင်းကို ကောက်ကိုင်လိုကပြီး ကျန်းလော့ကို ကြည့်ရန် လုပ်လိုက်သည်။ သို့သော် ဝမ်ယမ်လန်သည် မှန်ပြောင်းမှ မှန်ကို လက်နှင့်အုပ်လိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“လုယုံရိ မင်းနောက်မှာ နဂျီသိုက်ကြီးကွ”
လုယုံရိသည် ခုန်လိုက်ပြီး ဂျက်ကတ်ကို ချွတ်၍ ခေါင်းပေါ်အုပ်လိုက်ကာ ကြောက်ရွံ့စွာ ပြောလိုက်သည်။
“ဖက် ဖက် ဖက် ဘာလို့ ဒီမှာ နဂျီကောင်တွေ ရှိနေရတာတုန်း”
ဝမ်ယမ်လန်သည် သူ၏ မှန်ပြောင်းကို ယူလိုက်ပြီး ထန်ပိ ပုံရိပ်ပျောက်သွားသည်အထိ စောင့်ကြည့်လိုက်ကာ
“အိုက်ယား ငါမှားသွားတယ် အဲ့ဒါ ငှက်သိုက်လေးပဲပါလား”
အပိုင်း (၁၉၅) နဂါးမျက်လုံး ဂူသင်္ချိုင်း (၂)
လုယုံရိအား ထန်ပိကို မြင်ခွင့်ပြု၍ မဖြစ်ပေ။
လုယုံရိသည် စိတ်သဘောထား နူးညံ့သောသူဖြစ်ပြီး ထန်ပိကို ဤနေရာတွင် မြင်လိုက်လျှင် အလွန် ဝမ်းနည်းသွားပေလိမ့်မည်။
လုယုံရိ၏ ဝမ်းနည်းနေသည့် ဘက်ခြမ်းကို မမြင်ချင်ကြပါနဲ့ ကိုယ့်လူတို့..။
သူတို့ အာရုံပြောင်းနေကြပြီကို မြင်သော ကောကျူသည် တိတ်တိတ်လေး အသံမကြားအောင် နောက်ဆုတ်သွားကာ သူတို့ သတိမထားမိအောင် ဖြည်းဖြည်းချင်း သွားသည်။ မည်သူမှ ကြည့်မနေကြသောအခါ နောက်လှည့်ပြီး တောထဲ ဝင်ပြေးသွားတော့သည်။
ကောကျူသည် ကောဝူချန်ကို စိတ်မပူပါချေ။
သူသည် ထိုကံဆိုးမိုးမှောင်ကျသည့် ဖြစ်ရပ်ကြီး ထပ်ဖြစ်လာမှာကို ကြောက်သည်။ အနည်းဆုံးတော့ ကောကျူသည် သူတို့နောက်ကို ပုန်း၍ လိုက်ပြီး ကျန်းလော့ကို နောက်မှ လိုက်စောင့်ရှောက်မည်။ ကျန်းလော့ရှေ့သွားပြီး အနှောက်အယှက်မဖြစ်စေရပေ။ သူသည် ကောဝူချန်က မိသားစုလိုသတ်မှတ်ထားသည့်သူ့သူငယ်ချင်းကို သတ်လိုက်မည်ကို စိုးရိမ်နေသောကြောင့် နောက်က လိုက်သွားချင်ခြင်း ဖြစ်သည်။
သူ့ရှေ့တွင် ကောဝူချန် သတ်သွားသော ညီအစ်ကို သုံးယောက်ကဲ့သို့ ကျန်းလော့ကို ထပ်မဖြစ်စေချင်ပေ။
...............
တောင်သည် အလွန်မက်စောက်ပြီး တောင်ပေါ်ရောက်လေ လမ်းကြမ်းလေဖြစ်ကာ ရာသီဥတုသည်လည်း ပိုအေးလာလေသည်။
နဂါးမျက်လုံး မည်သည့်နေရာတွင် ရှိမှန်း မသိကြသော်လည်း နဂါးခေါင်းရှိရာ အရပ်သို့ အရင်သွားကြသည်။ ဧည့်လမ်းညွှန်သည် သူတို့ကို ဦးဆောင်၍ ခေါ်သွားသည်။ သူသည် တောင်ပေါ်တွင် ကြီးလာပြီး လမ်းကြောင်းများကို ကောင်းကောင်း သိသည်၊
သုံးနာရီလောက် လမ်းလျှောက်လာကြပြီးနောက် နောက်ဆုံးတွင် သူတို့အုပ်စုသည် နေမြင့်ချိန်တွင် နဂါးခေါင်းသို့ ရောက်သွားပြီဖြစ်သည်။
တာအိုဆရာတော် ဝေ့ဟယ်သည် မြေပုံကို ကြည့်လိုက်ပြီး နဂါးမျက်လုံးသည် ရှာ၍ မလွယ်ပေ။ သူတို့သည် လူနှစ်စုခွဲလိုက်ပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ဧည့်လမ်းညွှန်ဝမ်နှင့် မြောက်ဘက်သို့ သွားလိုက်သည်။
ကျန်းလော့သည် ကျန်သူများနှင့် တောင်ဘက်သို့ သွားသည်။ ကောဝူချန်သည် တာအိုဆရာတော် ဝေ့ဟယ်တို့နှင့် မြောက်ဘက်သို့ လိုက်သွားသင့်သည် မှန်သော်လည်း ကျန်းလော့နှင့် လိရှားတို့နောက်သို့သာ လိုက်လာသည်။
တစ်ချိန်လုံး သူတို့ကို လျစ်လျူရှုထားသော လိရှားသည် သူအလောတကြီး လိုက်လာသည်ကို မြင်သည်နှင့်
“တာအိုဆရာတော် ဝေ့ဟယ် ထွက်ပြေးသွားမှာ မကြောက်ဘူးလား”
ကောဝူချန်သည် ပြုံးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“ဒါက ဒီလိုလေကွာ ထွက်ပြေးရင် နှစ်ဖက်လုံးကို စိတ်ဒုက္ခပေးရာပဲ ရောက်မှာလေ တာအိုဆရာတော် ဝေ့ဟယ် လျန်မိသားစုကို ဂရုစိုက်နေသ၍ နဂါးမျက်လုံးကို ရှာဖို့ အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်”
ကျန်းလော့သည် ဒီတိုင်း ပုံမှန် စကားတစ်ခွန်းစ နှစ်ခွန်းစသာ ပြောပြီး သံလိုက်အိမ်မြှောင်ကိုသာ ဆက်ကြည့်နေကာ ဝမ်ယမ်လန်နှင့် တခြားသူများပို့ထားသည့် နဂါးမျက်လုံး တည်နေရာနှင့် နီးကပ်သည့် ဘက်သို့ ဆက်လျှောက်လာသည်။
သူရှေ့ဆက်သွားလေလေ ငှက်များ သားရဲများ နည်းပါးလာလေဖြစ်ပြီး ကျန်းလော့သည် မသိလိုက်မသိဘာသာ နဂါးမျက်လုံး နယ်မြေထဲ ရောက်နေလေပြီ။
သူသည် ခနရပ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီး သူတို့ရောက်နေသော နေရာသည် သေချာပေါက် တဝူတောင် တောနက်ကြီး၏ အနက်ရှိုင်းဆုံး နေရာဖြစ်ကြောင်း သိလိုက်သည်။
ကောဝူချန်က မေးသည်။
“နဂါးမျက်လုံးက ဒီနားတစ်ဝိုက်မှာလို့ ထင်လား”
ကျန်းလော့က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
“အဲလိုမျိုးပဲ”
ကောဝူချန်သည် ပတ်ဝန်းကျင်တွင် နဂါးမျက်လုံး၏ ခြေရာလက်ရာများကို ကြိုးစားပြီး ရှာကြည့်နေသည်။ လိရှားသည် သူ့လက်ကို ကိုင်ထားပြီး သူမ၏ မျက်လုံးဝိုင်းကြီးများကို မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ကျန်းလော့ကို ကြည့်လိုက်ကာ စုပ်လုံးဝါးနေရင်း
“လိရှား ဒီနားမှာ ဂူတစ်ဂူရှိတာ သိထားတယ် အိုး ပြီးတော့ အဲဒီဂူထဲမှာ နဂါးမျက်လုံး ရှိတယ်”
ကျန်းလော့သည် သူမကို လှည့်ကြည့်လိုက်ပြီး သူမစကားကို နားထောင်လိုက်ကာ လိရှားသည် ပြုံး၍
“ကိုကိုလှလှ တကယ်လို့ ကိုကိုသာ လိရှားကို ကျားဖြူကြီး ထုတ်ပေးမယ်ဆိုရင် လိရှား ကိုကို့ကို ဂူရှိတဲ့ နေရာ ပြောပြမယ်လေ”
ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး စိတ်မပါတပါပုံဖမ်း၍
“အဲဒါက နဂါးမျက်လုံးဆိုတာ မင်းဘယ်လိုလုပ် သိလဲ ငါက မင်းပြောတာကို ဘာလို့ ယုံရမှာလဲ မင်းလိမ်နေတယ်လို့ အာရုံရနေတယ်နော်”
လိရှားသည် ဆွေ့ဆွေ့ခုန်သွားပြီး
“လိရှား လိရှားက အမှန်ပြောနေတာ အဲဒီဂူအပြင်ဘက်မှာ မြစ်သေးသေးလေး ရှိတယ် ပြီးတော့ အဲဒီမြစ်ထဲမှာ အသားစားငါးသေးသေးလေးတွေ အများကြီးပဲ သူတို့ သူတို့က ပြောပြတာ”
ကျန်းလော့သည် လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်ပြီး
“အသားစားငါး ဟုတ်လား ဟားဟားဟားဟား မင်းက ပင်လယ်နက်ထဲက ငါးလေ ဒါတောင် သွေးငါးရှဉ့်တွေရဲ့ စကားကို နားလည်နေတာလား ငါးတွေရဲ့ အများသုံး စကားလားကွ ဟားဟား”
သူထိုသို့လုပ်လေ လိရှား ဒေါသထွက်လာလေဖြစ်ကာ ဂူအကြောင်း သတင်းအချက်အလက်များ သူမပါးစပ်မှ ဆက်တိုက်ထွက်လာတော့သည်။ ရွှံ့များသည် စိုစွတ်နေပြီး ထိုနေရာ ဂူအဝင်ဝတွင် လှပသော တောက်ပသည့် အနီရောင်မှိုပွင့်များ ပေါက်နေသည်။
ထိုသို့ အသေးစိတ်ကျသော သတင်းအချက်အလက်များသည် ရုတ်ချည်း ခေါင်းထဲပေါ်လာသော ဗြောက်သောက် စကားများ မဟုတ်နိုင်တာ သေချာသည်။
ကျန်းလော့သည် လိရှား၏ စကားများကို သေချာနားထောင်ကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး မြေကြီးကို တူးကြည့်သည်။ မည်မျှ စိုစွတ်မှုရှိလဲ သိချင်သောကြောင့် ဖြစ်သည်။
အနည်းငယ် တူးကြည့်ပြီးနောက် မြေပြင်မှ စိုစွတ်မှုကို ခံစားမိကာ ကျန်းလော့သည် အနီးနားပတ်လည်ကို လိုက်ကြည့်သည်။
ယခုသည် နွေဦးရာသီစတင်ဆဲကာလဖြစ်သောကြောင့် ရွက်ဟောင်းများသည် တောအုပ်တစ်ခွင်တွင် ပျံ့ကျဲ ကြွေကျနေသည်။ သို့သော် သစ်ပင်များသည် ပြောင်ရှင်းမနေဘဲ စိမ်းဖန့်ဖန့် ရွက်သစ်များ စထွက်နေပြီဖြစ်သည်။
သို့သော် သေချာအနီးကပ်ကြည့်လိုက်လျှင် အနောက်တောင်ဘက်တွင် ရွက်သစ်များ ပို၍ စိမ်းစိုနေတာကို မြင်ရမည်ဖြစ်သည်။ မည်သည့်ဘက်မှ ကြည့်ကြည့် အနောက်တောင်ဘက်သည်သာ အစိုပြည်ဆုံး နေရာဖြစ်သည်။
ဤသည်မှာ မြေအောက်ရေရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်ပြီး မြေအောက်ရေသည် အနောက်တောင်ဘက်မှ လာလေသည်။
ကျန်းလော့သည် ကျေနပ်သော အပြုံးဖြင့် ထရပ်လိုက်ပြီး သူ့ကိုယ်သူ အကြံပိုင်ပြီဟု တွက်ဆနေသော လိရှားခေါင်းကို ပွတ်ပေးလိုက်သည်။
သွေးငါးရှဉ့်ခေါင်းဆောင်၍ ခေါင်းကို ပုတ်ပေးပြီးနောက် ကျန်းလော့သည် အနောက်မြောက်ဘက်သို့ ဦးတည်သွားတော့သည်။
“သွားစို့ ဂူက ဒီဘက်မှာပဲ”
ထန်ပိသည် တစ်စက်ကလေးမှ ပြန်မမေး မတုံ့ဆိုင်းပဲ နောက်က လိုက်သွားပြီး လိရှားသည် ပါးစပ်အဟောင်းသားဖြစ်သွားကာ မယုံနိုင်စွာ တီးတိုးပြောလိုက်သည်။
“သူက အဲဒီလမ်းကို ဘယ်ကဘယ်လို သိသွားရတာလဲ”
အနောက်တောင်ဘက်သို့ ဆယ်မိနစ်ကြာအောင် လမ်းလျှောက်ပြီးနောက် ကျန်းလော့၏ နှာခေါင်းထဲတွင် မြေသင်းနံ့လို ရနံ့မျိုး ရကာ သူတို့သည် လိရှားပြောသော ဂူသို့ မကြာခင် ရောက်သွားကြသည်။
ဂူရှေ့တွင် တကယ်ကို ရေစီးသန်သော မြစ်တစ်စင်း ရှိနေလေသည်။ မြစ်သည် နှစ်မီတာသာ ကျယ်ပြီး မည်မျှ နက်မှန်းတော့ မမြင်ရပေ။ ထန်ပိသည် သစ်ကိုင်းတစ်ကိုင်းကို ယူ၍ မြစ်ထဲသို့ ချပြီး နောက်ဆုတ်လိုက်သည်။ သူနောက်ဆုတ်သွားသည်နှင့် သစ်ကိုင်းတွင် ကိုက်ရာနက်နက်များ ပေါ်လာလေသည်။
မြစ်အကျယ်သည် ယောက်ျားလေးများအတွက် ခုန်ကျော်ရန် အဆင်ပြေသော်လည်း လိရှားကတော့ ခက်ခဲသော အချိန်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သို့သော် လိရှားတွင် သူမ၏ ကိုယ်ပိုင်နည်းလမ်း ရှိလေသည်။ သူမသည် မြစ်ဘေးတွင် မက်တပ်ရပ်လိုက်ပြီး လေချွန်လိုက်ရာ မြစ်ထဲမှ အသားစားငါးများသည် မျက်စိတစ်မှိတ်အတွင်း ခုန်ထွက်လာပြီး ငါးများအကုန်ပူးကုန်ကာ ငါးတံတားကြီးဖြစ်သွားသည်။
လိရှားသည် ငါးတံတားပေါ်သို့ ပေါ့ပါးသော ခြေလှမ်းများနှင့် တက်သွားကာ တစ်ဖက်ကမ်းသို့ ကူးသွားသေလသည်။ သူမဖြတ်သွားပြီးသော်လည်း ငါးတံတားသည် ပျက်မသွားသေးပေ။
သို့သော် ကျန်းလော့ကတော့ ကြောက်မက်ဖွယ်အသားငါးများနှင့် လုပ်ထားသော တံတားပေါ် ဖြတ်သွားဖို့ ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး မြစ်ကို ခုန်ကျော်လိုက်သည်။
မြစ်တစ်ဖက်ကမ်းမှ ဂူသည် သစ်ကိုင်းခြောက်များ နွယ်ပင်များနှင့် အလွှာအထပ်ထပ် အုပ်ထားပြီး သေချာဖုန်းကွယ်ထားသည်။ ထို့ကြောင့် သေချာနီးနီးကပ်ကပ် မကြည့်လျှင် ဂူရှိမှန်းတောင် သိရမှာ မဟုတ်ပေ။
ကျန်းလော့သည် ဤဂူထဲတွင် နဂါးမျက်လုံးရှိကြောင်း သေချာသွားသည်။ ထို့ကြောင့် သူသည် သူငယ်ချင်းများဆီသို့ တည်နေရာပို့ရန် လုပ်သော်လည်း ဖုန်းထုတ်ကြည့်လိုက်သောအခါ လိုင်းတစ်တုံးမှ မရှိပေ။
သူသည် အံ့ဩမသွားဘဲ ဓာတ်မီးနှင့် ဓားမြှောင်ကို ထုတ်လိုက်ကာ ဂူဆီသို့ ဦးတည်လိုက်သည်။
ကောဝူချန်သည် အချိန်မှီ ရှေ့တိုးလာပြီး ကျန်းလော့ရှေ့တွင် ရပ်ကာ ဦးဆောင်လိုက်ပြီး မထူးခြားသလို ပြောလိုက်သည်။
“သခင်ကျန်း ဒီလို ကင်းထောက်ရမဲ့ ကိစ္စသေးသေးလေးတွေကို ကျွန်တော်တို့နဲ့ပဲ အပ်ထားလိုက်ပါ သခင်ကျန်းက ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ပါ ဘာမတော်တဆမှုမှ မဖြစ်အောင် ဂရုစိုက်ပေးပါဗျာ”
ဂူထဲတွင် မှောင်မိုက်နေပြီး အတွင်းဘက်သို့ ရောက်လေလေ လမ်းကြောင်းကျဉ်းလာလေဖြစ်ပြီး ထန်ပိသည် ကျန်းလော့ကို ကျန်းလော့ကို ကောင်းစွာ ကာကွယ်ထားပြီး ကောဝူချနသည် ရှေ့ဆုံးမှ သွားနေကာ သက်တောင့်သက်သာ ရှိပုံပေါ်နေသည်။
သို့သော် ထန်ပိကတော့ ချီယုံ့စကားများကို မှတ်ထားကာ လိရှားကို နောက်ဆုံးတွင်ထား၍ သူကတော့ ကျန်းလော့နှင့် ကပ်လိုက်သည်။ အသက်ငယ်ငယ် ကလေးမသော ဘာသော နားမလည်စွာ သခင့်စကားကိုသာ နာခံသော ငယ်ကျွန်ကြီးပါပေ။
လိရှားသည် မကျေနပ်စွာ ဆူပုတ်ထားပြီး ဘာမှမပြောသော်လည်း နောက်ဆုံးမှ တာဝန်ကျေစွာ လိုက်လာသည်။
ကျန်းလော့သည် စီးကရတ် နောက်တစ်လိပ်ပင် ထပ်လိုချင်လာသည်။ သူ့ကို ပစ္စည်းတစ်ခုလို အတင်းကာကွယ်နေကြသော သုံးယောက်ကို ကြည့်လိုက်တိုင်း အာခြောက်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ကို အားလုံးကဝိုင်းပြီး အကာအကွယ်ပေးနေကြခြင်းသည် တစ်စုံတစ်ယောက်၏ အမိန့်ကြောင့် ဖြစ်သည်။
လမ်းအဆုံးတွင် လမ်းကြောင်းသည် ကျောက်လှေကားထစ်များဖြစ်လာပြီး မြေအောက်ဘက်သို့ ဖောက်ထားသည်။ လှေကားထပ်ဆုံးထစ်သည် အလွန်နိမ့်ပြီး လူတစ်ယောက်၏ ခေါင်းပင် ကောင်းကောင်းမလွတ်ပေ။
ကျန်းလော့သည် နံရံကို လက်ဖြင့် ပွတ်၍ သွားလိုက်ရာ သူ့လက်ချောင်းများတွင် အဝါရောင်ဖုန်မှုန့်များ ပေလာလေသည်။
သူသည် ဓာတ်မီးဖြင့် နေရာပေါင်းစုံကို ထိုးကြည့်လိုက်ပြီး လှေကားခန်းသည် တိတ်ဆိတ်ပြီး သပ်ရပ်သည်ဟု ပြောလို့ရနိုင်သည်။
သူတို့ခြေသံများမှ လွဲ၍ မည်သည့်အသံကိုမှ မကြားရပေ။
ထိုသို့သော တိတ်ဆိတ်မှုမျိုးသည် သက်တောင့်သက်သာ မဖြစ်ပေ။ သက်တောင့်သက်သာ မဖြစ်ရုံသာမကပေ သူတို့သည် နားကန်းသွားသလိုပင် ခံစားရသည်။
ကျန်းလော့သည် အသံတိုးတိုးဖြင့် မေးသည်။
“ကောဝူချန် ငါတို့ လမ်းအဆုံးကို ဘယ်တော့ ရောက်မှာလဲ”
ကောဝူချန်သည် တိတ်ဆိတ်နေသည်။
ကျန်းလော့သည် အနည်းငယ် အံ့ဩသွားပြီး
“ကောဝူချန်”
ကောဝူချန်က ရုတ်တရက် ထပြောသည်။
“ကောကျူ “
‘ကောကျူ’
ကျန်းလော့သည် ပြင်းထန်စွာ မျက်မှောင်ကုတ်သွားပြီး သူ့ဓာတ်မီးဖြင့် ကောဝူချန်မျက်နှာကို ထိုးလိုက်သည်။ သို့သော် ထိုနေရာတွင် ဘာမှ မရှိပေ။ အမှောင်ထုကြီးကိုသာ မြင်ရပြီး တိတ်ဆိတ်နေဆဲဖြစ်လေသည်။
သို့သော် ကောဝူချန်သည် အိပ်မက်ဆိုးထဲတွင် ပိတ်မိနေသလို ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး ခက်ထန်စွာ အော်ဟစ်နေသည်။
“ကောကျူ အဲဒီလမ်းကို မသွားရဘူးဆိုနေ”
တခြားသူများ မတုံ့ပြန်လိုက်နိုင်ခင် ကောဝူချန်သည် အမှောင်ထုကြီးထဲသို့ ပြေးဝင်သွားနှင့်ပြီးဖြစ်ကာ မည်သည့်နေရာသို့ ရောက်သွားပြီမှန်း မသိပေ။
ထန်ပိသည် ရုတ်တရက် ကျန်းလော့ကို ဆွဲ၍ သူ့နောက်သို့ပို့လိုက်ပြီး မျက်နှာသေဖြင့် အမှောင်ထုထဲကို ကြည့်ကာ တင်းမာသော အသံဖြင့်
“ကောဝူချန်”
ကျောက်တုံးလှေကားခန်းထဲတွင် အသံသည် ပဲ့တင်ထပ်သွားသော်လည်း ကောဝူချန်သည် လုံးဝကို တုံ့ပြန်မလာခဲ့ပေ။
ထန်ပိသည် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်၍ အော်ရန်ပြင်လိုက်သော်လည်း ကျန်းလော့က သူ့ကို တားလိုက်သည်။
“မအော်နဲ့တော့ ဒီမှာ တစ်လမ်းပဲရှိတာ သူက ရှေ့ဆက်ပြေးသွားလိုက်တာဆိုတော့ ငါတို့ ဆက်သွားကြည့်ရင် သူ့ကို အနှေးနဲ့အမြန် ပြန်တွေ့မှာပဲ”
ထန်ပိသည် မှောင်မိုက်နေသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
ထိရှားသည် သူ့ခေါင်းနောက်ကို လာပုတ်၍ သိချင်စွာ မေးသည်။
“သူက ရူးသွားတာလား ကောကျူက ဘယ်သူလဲ”
“သူက ထင်ယောင်ထင်မှား ဖြစ်သွားတာ”
ကျန်းလော့သည် သူ့လက်ချောင်းပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး
“ပြီးတော့ ငါကတော့ ဒီဟာကြီးက ရှေးဟောင်းဂူသင်္ချိုင်းလို့ သံသယရှိလာပြီ”
လိရှားသည် ရှုပ်ထွေးစွာ ပြောသည်။
“ရှေးဟောင်းသင်္ချိုင်းလား”
“ဒီလှေကားက ချိတ်ဆွဲထားတဲ့ လှေကားအမျိုးအစားပဲ”
ကျန်းလော့သည် ရှေ့ကို ကြည့်လိုက်ပြီး
“ရှေးဟောင်းဂူသင်္ချိုင်း တည်ဆောက်သူတွေက ထင်ယောင်ထင်မှားဖြစ်စေတဲ့ လူတွေကို လှည့်စားနိုင်တဲ့ ယန္တရားတွေကို သင်္ချိုင်းဆောက်ရင် ထည့်ဆောက်လေ့ရှိတယ်”
“ဒီလမ်းအဆုံးမရောက်ခင်ထိ ငါတို့ ဂရုစိုက်မှ ရမယ် နောက်ကလူတွေက ရှေ့ကလူတွေရဲ့ ကျောပိုးအိတ်ကို ဆွဲပြီး ရှေ့ကလူက နံရံကိုကိုင်ပြီး မျက်လုံးမှိတ်ပြီး စမ်းစမ်းပြီး သွားကြမယ်”
#################