Chapter : 78 ( လက်လှမ်းမမှီသောဆန္ဒ [1] )
Viewers 3k

ဗဟိုမျှော်စင်ရှိ မော်နီတာရှေ့၌ ပေါ့ပေါ့ဆဆထိုင်နေသည့် တံခါးစောင့်သည် မော်နီတာအား မျက်လုံးမှုန်မှုန်ဖြင့် စိုက်ကြည့်နေရင်း သမ်းလိုက်သည်။

ယီဝေ: "ကောင်းကောင်းမအိပ်ခဲ့ဘူးလား"

"မအိပ်ခဲ့ပါဘူး"

တံခါးစောင့်က ပြန်ဖြေ၏။

"အလှည့်ကျ အလုပ်လုပ်ရတာ"

ယီဝေ: "မင်းအလုပ်ဘယ်နှစ်ခုလုပ်နေတာလဲ"

"နှစ်လှည့်လုံး အလုပ်လုပ်ပါတယ်"

တံခါးစောင့်က ပြောသည်။

"ဒါ...ဒါ...ဒါ...ဒါ...ဒါ ရက်စက်တယ် မဟုတ်လား"

ယီဝေ သူ၏စကားများကို ဂရုမစိုက်ဟန်ဖြင့် ထပ်ပြောသည်။

"ရက်စက်တယ်...ဘာလို့ ကိုယ့်ကိုယ်ကို ဒီလောက်ထိ ခက်ခက်ခဲခဲ လုပ်နေရတာလဲ"

"လူသားမျိုးနွယ်ရဲ့ ပျော်ရွှင်မှုအတွက်ပေါ့"

တံခါးစောင့်က သူ၏လျှာကို ကျွတ်တစ်ချက်ခေါက်လိုက်၏။

သူတို့၏ အကြည့်များသည် မော်နီတာပေါ်တွင် ကပ်ညှိနေသည်။ မျက်နှာပြင်ပေါ်ရှိ ကစားသမားများ နေရာယူပြီး တီးတိုးပြောဆိုသံများ ရပ်သွားသောအခါ တံခါးစောင့်သည် မိုက်ခရိုဖုန်းကို ဂရုမစိုက်သည့် မျက်နှာဖြင့် ဆွဲကာ ဖွင့်လိုက်ပြီး

"ရဲအုပ်ရွေးချယ်မှု စတင်ပါပြီ၊ ရဲအုပ်ရာထူးအတွက် အရွေးခံချင်သူများ ကျေးဇူးပြု၍ ရဲမီးပြတိုက်ကို နှိပ်ပါ"

မျက်နှာပြင်ပေါ်တွင် ရှန့်ချန့်ယန် အပါအဝင် ကစားသမား ဆယ်ဦးတို့သည် ရဲမီးပြတိုက်ကို နှိပ်လိုက်ကြသည်။


တံခါးစောင့်တစ်ယောက် သမ်းဝေလိုက်ပြီး မျက်လုံးများ မကြည်မလင်ဖြင့် မေးလိုက်၏။

"သူပြောင်းမယ်လို့ထင်လား"

သူတို့နှစ်ဦးစလုံးသည် ဤမေးခွန်း၏ အဓိပ္ပာယ်ကို နားလည်ကြသည်။ ရှန့်ချန့်ယန်က နတ်ဆရာဖြစ်၏၊ သူ‌ပြောင်းမလား။

"သူပြောင်းမှာမဟုတ်ဘူး"

ယီဝေက ပြောသည်။

"သူလုပ်ခဲ့ရင်တော့ သူ့ကို ပြောင်းနိုင်တဲ့ နည်းလမ်းတစ်ခုကို စဥ်းစားရုံပဲ"

"ဘာမှမစဉ်းစားနိုင်ဘူး"

တံခါးစောင့်က ငြီးငွေ့စွာ ပြောသည်။

"သူကြောက်လို့ မပြောင်းခဲ့ရင် ဘယ်သူက အတင်းအကြပ်လုပ်နိုင်မှာလဲ၊ မနေ့က ဝံပုလွေကို သူစစ်ဆေးခဲ့တာ မဟုတ်ဘူးလား၊ ဝံပုလွေရှိနေတာဆိုရင် ဒီလမ်းကို သူလိုက်သင့်တာပဲ၊ သူဘာကို ဒီလောက်ထိ ကြောက်နေတာလဲ"

ယီဝေ: "ဘာဖြစ်လို့လဲဆိုတော့ သူတတိယနေ့ထက် ကျော်လွန်ပြီး အသက်ရှင်နိုင်မှာ မဟုတ်လို့ပဲ၊ စုန်းမက ဘာလို့ ဆေးကို သုံးခဲ့တာလဲ၊ ဘာလို့ ဘယ်သူမှ သူ့ကို မသုံးဖို့ မလမ်းညွှန်ခဲ့တာလဲ"

"သူတို့လုပ်တာ"

တံခါးစောင့်က ငြင်းခုံသည်။

"စုန်းမမှာ သူ့ကိုယ်ပိုင် အတွေးအခေါ်ရှိတယ်၊ ငါတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အရမ်းသိသာလို့ မရဘူး"

ယီဝေ အတွေးနယ်ချဲ့နေစဉ် တံခါးစောင့်က ပြောလိုက်၏။

"ဘာကိစ္စကို အလျင်လိုနေတာလဲ၊ ငါတို့ အများစုကို မထိန်းထားခဲ့ဘူးလား၊ အရမ်းစောနေသေးလို့ သူ့ကို မလွှတ်နိုင်သေးဘူး၊ လွှတ်လိုက်ရင်တောင် သူပြန်လာရဦးမှာ၊ မင်းယုံလား"


သူသည် မိုက်ခရိုဖုန်းကို ဆွဲချပြီး ပြောလိုက်သည်။

"အခု မနက် ၈ နာရီ ၃ မိနစ် ရှိပြီ... ကစားသမားနံပါတ် ၁ က အရင်ပြောပါလိမ့်မယ်"

ယီဝေ သူ့လက်များကို ချိတ်လိုက်ပြီး မေးစေ့ကို မြှောက်ကာ မျက်နှာပြင်ပေါ်ရှိ သူ့အကြည့်ကို စူးစိုက်လိုက်သည်။ သူ့မျက်နှာတွင် အနည်းငယ်လေးနက်သော အမူအရာရှိ၏။ သူ့အသွင်အပြင်သည် အမြဲတမ်း ညှိုးငယ်သည့်ဘက်သို့ ပိုရောက်နေခဲ့သောကြောင့် ဤအမူအရာမျိုးသည် သူ့ကို အနည်းငယ် ကြောက်စရာကောင်းအောင် ပြုလုပ်ခဲ့သည်။ သူ့ကို အနည်းငယ် ကြောက်ရွံ့နေသည့် တံခါးစောင့်က ပြန်ဖြေလိုက်၏။

"အဲဒီဘက်က ကိစ္စတွေကို ငါစိတ်မဝင်စားဘူး...မင်းတို့ ဘာပြောပြော အတူတူပဲ၊ ငါက ကျပန်းမှတ်ချက်ပေးရုံပဲ"

ယီဝေသည် သူ့အကြည့်ကို ပြန်မလှည့်မီ သူ့ကို ငုံ့ကြည့်လိုက်၏။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အချိန်တွေ ပြောင်းသွားပြီ၊ မင်း ဘယ်နှစ်ရက် ပျော်ရွှင်နိုင်ဦးမယ်လို့ ထင်လဲ"

တံခါးစောင့်၏ မျက်နှာတစ်ပြင်လုံးတွင် မတူညီမှုများ ပေါ်လွင်နေသည်။

"ငါဘယ်တုန်းကမှ မပျော်ခဲ့ဖူးဘူး၊ ငါမြန်မြန်သေပါစေ၊ ငါအသက်ရှင်တာကို ရပ်ချင်နေတာ ကြာပြီ"

မျက်နှာပြင်ပေါ်တွင် လူတိုင်းစတင်ပြောဆိုကြသဖြင့် ယီဝေ စကားရပ်သွား၏။

ကစားသမား နံပါတ် ၁ သည် ၁၈၀ စင်တီမီတာထက် မမြင့်သည့် ဝဖြိုးသော အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ထူထဲသော မျက်ခုံးများနှင့် မျက်ခုံးနှင့် မျက်လုံးကြားတွင် ကြမ်းတမ်းသည့် သွင်ပြင်ရှိသော အတော်အတန် ခန့်ညားသည့် ဝဖြိုးသူတစ်ဦးဖြစ်သည်။ သူက ပြောလိုက်၏။

"နတ်ဆရာ...နံပါတ် ၂ က ဝံပုလွေပဲ"

"မနေ့ညက ငါတို့ရဲ့ ရာထူးတွေ ချပေးတုန်းက လူတိုင်းရဲ့ တုံ့ပြန်မှုတွေကို ငါခိုးကြည့်ခဲ့တယ်"

ဝဖြိုးသူက ရှင်းပြသည်။

"ငါက နံပါတ် ၂ နဲ့ အနီးဆုံးဖြစ်ခဲ့တော့ သူ့ကို နည်းနည်းပိုပြီး လေ့လာခဲ့တယ်၊ သူက ကောင်းတဲ့လူတစ်ယောက်လို ဟန်ဆောင်နေတယ်လို့ ငါခံစားရလို့ မနေ့ညက သူ့ကတ်ကို လှန်ကြည့်လိုက်တော့ အနီရောင်ပဲ"

ဝဖြိုးသူ၏ အခြေအနေ သို့မဟုတ် ခံစားချက်တွင် ပြောင်းလဲမှု မရှိခဲ့ပေ။ သူ့ထံမှ ယုံကြည်မှုများ ပျံ့လွင့်လာပုံရပြီး ဝံပုလွေကို သိရှိလိုက်ရခြင်းအတွက် အလွန်ကျေနပ်နေပုံရသည်။ သူက လက်ကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်၏။


"ရဲအုပ်တံဆိပ်စီးဆင်းမှုအတွက် ရဲအုပ်ရွေးကောက်ပွဲမှာ မပါဝင်တဲ့သူတွေကို ဖိအားပေးရမယ်၊ ငါနောက်ထပ် နံပါတ် ၆ နဲ့ ၁၂ ကို စစ်ဆေးမယ်၊ ကျန်တဲ့သူတွေရဲ့ စကားကို နားထောင်မယ်"

လူတိုင်းထဲမှ နံပါတ် ၆ နှင့် ၁၂ တို့သာ ရဲအုပ်ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိခဲ့ကြပေ။ ကျန်သူများသည် အခြေအနေကိုတိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြ၏။ ထိုအချိန်တွင် ကောင်းမွန်သော လူ ခုနစ်ဦးတို့သည် ဤနတ်ဆရာ၏ ကိုယ်ပိုင်လက္ခဏာကို မှန်းဆနေခဲ့ကြသည်။ ရှန့်ချန့်ယန်သည် အချိန်ဖြုန်းနေပြီး သူ့စိတ်သည် လေထဲ လွင့်မျောနေပုံရ၏။

ဝဖြိုးသူသည် နံပါတ် ၂ ၏ မျက်နှာထားကို ကြည့်လိုက်ပြီး အနည်းငယ်မျှ နောင်တမရသည့် လေသံဖြင့် ပြောလိုက်၏။

"မနေ့က ရာထူးတွေ ချပြီးတဲ့နောက် နံပါတ် ၂ အလှလေးက နည်းနည်း စိတ်ပူနေပုံရတယ်၊ အဲဒါက ငါ့ကို စဉ်းစားစေတယ်၊ သူဘာရာထူးကို ရလို့ ဒီလောက် စိတ်ပူနေတာလဲ၊ ငါက နတ်ဆရာပါ...သူက စုန်းမဖြစ်နိုင်သလား၊ ဒါပေမဲ့ သူက အဲဒီလိုမျိုး မဟုတ်ပုံရလို့ ငါသူ့ကတ်ကို စစ်ကြည့်လိုက်တယ်၊ ဆောရီး... နံပါတ် ၂ အလှလေး၊ ငါတမင်လုပ်ခဲ့တာ မဟုတ်ဘူး၊ တစ်ယောက်က တခြားတစ်ယောက်ရဲ့ ရှုထောင့်ကနေ အရာတွေကို ထည့်မစဉ်းစားဘူး… ဒါက ရှောင်လွှဲလို့မရတဲ့ အရာပါပဲ၊ ငါမင်းကို ကောင်းတဲ့လူလို့ ထင်ခဲ့ပေမဲ့ မင်းက ဝံပုလွေဖြစ်နေတာ၊ ငါတို့ရဲ့ ရာထူးတွေ မတူကြဘူး"

နံပါတ် ၂ က သူ့ကို ရွံရှာဖွယ်ရာ အကြည့်ဖြင့် ကြည့်လိုက်ရာ သူမ၏ မျက်နှာထားသည် အလွန်တရာ အရုပ်ဆိုးနေ၏။

ဝဖြိုးသူက လက်များကို ဖြန့်ပြီး ဆက်ပြောသည်။

"နံပါတ် ၂ က ကောင်းတဲ့သူတွေထဲက တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်မထားခဲ့တာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ဝံပုလွေတစ်ယောက်က နောက်ပိုင်းမှာ ပေါ်လာပြီး နတ်ဆရာလို့ ကြွေးကြော်နိုင်တယ်၊ ငါ့မှာ ပြောစရာသိပ်မရှိတော့ဘူး၊ ငါပြောနိုင်တာ နည်းနည်းပဲ ကျန်တော့တယ်၊ ငါကတ်အနည်းငယ်ကို ကျပန်း ရွေးလိုက်မယ်၊ သူတို့ ဝံပုလွေတွေပါလို့ ငါမပြောဘူး၊ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖုံးကွယ်ထားတယ်လို့ပဲ ငါထင်တယ်၊ ၅၊ ၆၊ ၉…မင်းတို့သုံးယောက်က မင်းတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖုံးကွယ်ထားကြတယ်၊ မဟုတ်လား"

ဗဟိုမျှော်စင်၊ မျက်နှာပြင်ရှေ့၌...

တံခါးစောင့်သည် စာအုပ်တစ်အုပ်ကို လှန်လှောကြည့်လိုက်သည်။

"ဒီဝတုတ်က ဝံပုလွေတစ်ယောက်နဲ့ နတ်ဘုရားနှစ်ယောက်ကို ခေါ်ထုတ်ခဲ့တာပဲ၊ သူ့နောက်ခံက ဘာလဲ"

"သူ့မှာ ဘာနောက်ခံ ရှိနိုင်မှာလဲ"


ယီဝေက မှုန်ကုပ်ကုပ် ပြန်ဖြေသည်။

"ရှန့်ချန့်ယန်က နတ်ဘုရားနေရာကနေ ကစားနေတာ...သူ့ကို သေဖို့အတွက် အဖွဲ့အစည်းက ဘယ်လိုလူမျိုးကို စေလွှတ်မယ်လို့ မင်းထင်လဲ"

တံခါးစောင့်: ...

"အဖွဲ့အစည်းက စေလွှတ်တာလား"

တံခါးစောင့်သည် တိတ်ဆိတ်သွားပြီးမှ ပြန်လည်တည်ငြိမ်လာသည်။

"လိုအပ်လို့လား"

ယီဝေက သူ့မေးခွန်းကို မဖြေဘဲ ပြန်ပစ်လိုက်၏။

"မင်းဘယ်လိုထင်လဲ"

မျက်နှာပြင်ပေါ်တွင်...

နံပါတ် ၉၊ ရှန့်ချန့်ယန်သည် ခေါ်ထုတ်ခံရသော်လည်း မော့ပင်မကြည့်ခဲ့ပေ။ ဝဖြိုးသူက ပြုံးလိုက်သည်။

"နံပါတ် ၉ မှာ တစ်ခုခုဖြစ်နေတာလား"

ထိုအခါမှသာ ရှန့်ချန့်ယန်က သူ့ကို ပင်ပန်းနွမ်းနယ်စွာ တစ်ချက်ကြည့်ပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ဝဖြိုးသူ: "အဲဒီ၊ ရဲအုပ်တံဆိပ်စီးဆင်းမှုကို ပြောင်းရအောင်၊ ငါနံပါတ် ၉၊ ၆၊ ၁၂ တို့ကို အဲဒီအစီအစဉ်အတိုင်း စစ်ဆေးမယ်၊ ဘယ်လိုလဲ"

( ရဲအုပ်တံဆိပ်စီးဆင်းမှုအတွက် ရွေးလိုက်တာက သံသယရှိသူတွေလို့ ပြောချင်တာပါ )

သူသည် ဤမေးခွန်းကို လူတိုင်းကို မေးလိုက်သော်လည်း မည်သူမျှ သူ့ကို ပြန်မဖြေခဲ့ပေ။ တိတ်ဆိတ်မှုသာ သူ့ကို နှုတ်ဆက်သည်။


ဝဖြိုးသူက ဆက်ပြောလိုက်ပြီး သူသည် အလွန်အေးဆေးပုံရသည်။

"နတ်ဆရာတွေ အားလုံးက သက်တမ်းအရမ်းတိုတာ မဟုတ်ဘူးလား၊ ငါ့ကို နောက်နှစ်လှည့်အတွက် အသက်ရှင်နေအောင် ကူညီဖို့ ဝံပုလွေတွေကို ဒုက္ခပေးရလိမ့်မယ်၊ ကာကွယ်သူက တစ်လှည့်တာအတွက် ငါ့ကို ကာကွယ်ပေးဖို့လဲ လိုတယ်၊ ဒါက နတ်ဆရာတစ်ယောက်အတွက် တရားမျှတပါတယ်၊ 'သေခြင်း' ကို ရင်ဆိုင်ပြီး ခုန်ထွက်ခဲ့တာ၊ လူတိုင်း ငါ့ကို နည်းနည်းတော့ လျှော့ပေးသင့်တယ်၊ မဟုတ်လား"

"ဒါတွေအားလုံးပဲ၊ ဒါတွေအားလုံးပဲ"

ဝဖြိုးသူက သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

"ငါ နတ်ဆရာလို့ ဟန်ဆောင်ပြီး လူတိုင်းရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို စုံစမ်းနေတာ မဟုတ်ဘူး၊ နံပါတ် ၂ က ဝံပုလွေပါ၊ သူပြောင်းနိုင်မှာ မဟုတ်ပါဘူး၊ ငါလူတိုင်းအတွက် ဝံပုလွေနှစ်ယောက်ကိုလည်း တူးဖော်ပြီးပြီ၊ ငါကူညီပေးပြီးပြီလို့ သတ်မှတ်နိုင်ပါတယ်၊ ရှေ့ဆက်ရအောင်၊ ငါနေရာမသိမ်းချင်ဘူး၊ ရှေ့ဆက်ရအောင်"

တံခါးစောင့်သည် မိုက်ခရိုဖုန်းကို ဆွဲချလိုက်သည်။

"ကစားသမား နံပါတ် ၂၊ ကျေးဇူးပြု၍ ပြောပါ"

နံပါတ် ၂ သည် မော်ဒယ်တစ်ဦးကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်နှင့် ဆံပင်ဝါရောင် ဆိုးထားသော လှပသော မိန်းကလေးတစ်ဦးဖြစ်၏။ သူမ၏ မျက်နှာသွင်ပြင်သည် ဟိုင်ရိနှင့် အနည်းငယ် ဆင်တူနေသည်။ ရှန့်ချန့်ယန်သည် သူမကို နောက်ထပ်အကြိမ်အနည်းငယ် ကြည့်လိုက်သည်။ သူမ ထိုင်လိုက်သည်။

"ငါက လူရူး”

ရှန့်ချန့်ယန် စဉ်းစားခန်းဝင်သွားသည်။

သူမက

"ငါတို့မှာ နောက်ထပ်ရက်အနည်းငယ် ကျန်သေးတယ်၊ ဒါကြောင့် ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပါရစေ၊ ငါ့နာမည်က ဝမ်ထင်ပါ၊ မင်းငါ့ကို ရှောင်ထင်လို့ ခေါ်လို့ရတယ်။ ငါဒီကိုရောက်တာ သိပ်မကြာသေးဘူး၊ ငါတစ်ခုခုမှားခဲ့ရင် ခွင့်လွှတ်ပေးပါ"

"ငါအခုမှ ရောက်သေးတာကို ဒါတွေက အရမ်းလှုံ့ဆော်မှု ဖြစ်နေပြီ..."

သူမက ဒီအကြောင်းကို လုံးဝနားမလည်သေးပုံရသည်။


ရှန့်ချန့်ယန်က သူမသည် ဟိုင်ရိနှင့် ဆင်တူသည်ဟု မခံစားရတော့ပေ။ သူမသည် သူ့ထက်ပို၍ ဉာဏ်ကောင်းပြီး ပါးနပ်နိုင်၏။

သူမ စကားစပြောရုံရှိသေးသော်လည်း ဂိမ်းနှင့် မသက်ဆိုင်သည့် အရာများကို ပြောဆိုနေပြီဖြစ်သည်။

"ငါအခုမှ ရောက်တာဖြစ်ပြီး ဘယ်လိုကစားရမှန်း မသိသေးလို့ ငါလိမ်မှာမဟုတ်ဘူး"

ရှန့်ချန့်ယန်သည် ဟိုင်ရိ မည်သည့်ကတ်ကို ဆွဲထားသည်ကို တစ်ချက်ကြည့်ရုံဖြင့် အမြဲခန့်မှန်းနိုင်ခဲ့သည်။

အထောက်အကူပြုသည့်အချက်တစ်ချက်မှာ သူတို့အချင်းချင်း ရင်းနှီးမှုသည် နေ့စဉ်နှင့်အမျှ တိုးလာခြင်းဖြစ်ပြီး၊ နောက်တစ်ချက်မှာ ဟိုင်ရိသည် ရှန့်ချန့်ယန်နှင့် အစောပိုင်းကတည်းက ထိတွေ့မှုရှိခဲ့ပြီး အန္တရာယ်အတွက် အာရုံခံနိုင်စွမ်းသိပ်မရှိခြင်းကြောင့် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ရှန့်ချန့်ယန်က သူ့ကို ကာကွယ်ပေးမည်ဖြစ်ရာ ဟိုင်ရိသည် သူ့ကိုယ်သူ ကာကွယ်ရာတွင် ကျွမ်းကျင်ခြင်းမရှိပေ။

နံပါတ် ၂: "ဒီလိုဆိုရင်တော့ ငါပြောင်းမှပဲရတော့မယ်၊ ကတ်တွေဆွဲတုန်းက ငါနည်းနည်း စိုးရိမ်ခဲ့တာ အမှန်ပဲ၊ နတ်ဘုရားကတ်ကို ကိုင်ထားရတော့ ဖိအားများပြီး ငါ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ဘူး၊ ဒါကို ကူညီလို့မရဘူး၊ ငါပြောင်းရတော့မယ်"

မည်သူမျှ ရှန့်ချန့်ယန်၏ ရယ်သံကို သတိမထားမိကြပေ။

မျက်နှာပြင်ရှေ့တွင်...

တံခါးစောင့်: "သူဘာကို ရယ်နေတာလဲ"

"ငါဘယ်သိမှာလဲ"

ယီဝေက စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေ၏။

တံခါးစောင့်: "သူ မင်းတို့ စီစဉ်နေတဲ့အရာတွေကို သိသွားမှာစိုးတယ်"

"သူက ပါးနပ်ရုံသက်သက်ပါ"

ယီဝေက လျစ်လျူရှုစွာ ပြောသည်။


"သူက ဘုရားသခင် မဟုတ်ဘူး၊ မင်းက သူ့ကို အရမ်းကို ထူးခြားတယ်လို့ ထင်နေတာ"

တံခါးစောင့်က ပခုံးတွန့်လိုက်သည်။

"တကယ်လို့ အဲဒီလိုဆိုရင်၊ မင်းတို့အားလုံးက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ"

တံခါးစောင့်: "ဗဟိုမျှော်စင်မှာ သူတို့ကို ဘယ်သူက ထပ်စောင့်ကြည့်နေသေးလဲ၊ ဒီဗီဒီယိုကို ဘယ်နှယောက် ကြည့်နေလဲ"

ယီဝေက အေးစက်စက် ပြန်ဖြေသည်။

"တစ်ယောက်ပဲ"

တံခါးစောင့် ဆက်မပြောတော့ပေ။

မျက်နှာပြင်ပေါ်တွင်...

နံပါတ် ၂ သည် နံပါတ် ၁ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"သူက နတ်ဘုရားမဟုတ်ဘူး၊ သူစကားပြောနေတုန်းက သူ့ကိုယ်သူ ပေါ်မသွားခဲ့ဘူးလား၊ ငါ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားတယ်လို့ သူထင်နေတာ၊ ဒါကြောင့် သူငါ့ကတ်ကို လှန်ကြည့်လိုက်တာ၊ အဲဒါက ငါ ဝံပုလွေလို့ သူခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ...ဒါဆို သူငါ့ကို တစ်ခါမှ ဝံပုလွေဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ"

ရှောင်ထင်: "မင်းငါ့ကို နတ်ဘုရားလို့ ခံစားရပြီး ငါ့ကိုယ်ပိုင်လက္ခဏာကို သက်သေပြနိုင်ရင် မင်းငါ့ကတ်ကို လှန်ကြည့်မလား"

မျက်နှာပြင်ရှေ့တွင်...

တံခါးစောင့်: "အဲဒါ တကယ်ပဲ အမှားပဲ"

ယီဝေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သလိုမျိုး မျက်မှောင်ကြုတ်လိုက်သည်။

တံခါးစောင့်သည် စားပွဲပေါ်ရှိ စာအုပ်ကို လှန်လှောကြည့်လိုက်၏။ ဤမိန်းကလေးသည် လူသစ်နှင့်မတူပေ။


သူမ၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေတွေ့ရှိပြီးနောက် သူတစ်ချက်ကြည့်လိုက်သည်နှင့် ချက်ချင်းနားလည်သွားသည်။

ယီဝေက သူ့ကို တစ်စောင်းကြည့်လိုက်၏။

"မင်းနားလည်ရင် ပါးစပ်ပိတ်ထား"

မျက်နှာပြင်ပေါ်တွင်...

ရှောင်ထင်: "ငါ့ကတ်ကို လှန်ပြပြီး ငါ့ကိုယ်ပိုင်လက္ခဏာကို သက်သေပြဖို့ စိတ်မဝင်စားဘူး၊ ငါအဲဒီလိုလုပ်ရင် စုန်းမက ဒီည နံပါတ် ၁ ကို သဘာဝအတိုင်း အဆိပ်ခတ်လိမ့်မယ်၊ ဒါပေမဲ့ တကယ့် နတ်ဆရာက နောက်ပိုင်းမှာ ရဲရဲဝံ့ဝံ့ ထွက်လာပြီး ကောင်းတဲ့သူတွေအတွက် ယုတ္တိဆန်တဲ့ကွင်းဆက်ကို ဝိုင်းဖွဲ့နိုင်မယ်လို့ ငါမျှော်လင့်တယ်"

"ငါဘာပြောရမှန်း မသိတော့ဘူး"

စိတ်မအေးပုံရသည့် ရှောင်ထင်သည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာထားများကို ကြည့်လိုက်သည်။

"လူတိုင်း ငါ့ကို ကောင်းတဲ့သူလို့ ယုံအောင် ငါဘာပြောရမလဲ၊ ငါ ဝံပုလွေလို့ အမှတ်အသားခံရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး၊ ငါရောက်နေတဲ့ အခြေအနေက အရမ်းအကူအညီမဲ့တယ်"

ထိုကဲ့သို့သော ထုတ်ပြန်ချက်အနည်းငယ် ထပ်ထွက်လာပြီးနောက် ရှိနေကြသည့် အမျိုးသားများအားလုံးသည် သူမကို နူးညံ့မှုနှင့် သနားကြင်နာမှုဖြင့် ပွတ်သပ်ချင်စိတ် ဖြစ်ပေါ်နေကြ၏။ ထို့ကြောင့် နံပါတ် ၂ ၏ ပြောဆိုချိန်သည် ထိုခံစားချက်များဖြင့် ကုန်ဆုံးသွားသည်။

တရားသူကြီး၏ အသံထွက်ပေါ်လာ၏။

"ကစားသမား နံပါတ် ၃၊ ကျေးဇူးပြု၍ ပြောပါ"

ကစားသမား နံပါတ် ၃ သည် ရှန့်ချန့်ယန် ဘတ်စ်ကားပေါ်တွင် တွေ့ခဲ့သည့် ကင်မိုနိုဝတ်စုံနှင့် ဆံပင်ဝါ အမျိုးစုံအရောင်ခြယ်ထားသည့် မိန်းကလေးဖြစ်သည်။

သူမ တုံ့ဆိုင်းနေပြီး မရေရာမှုများ ထင်ရှားသည်။


"နံပါတ် ၂... ရှောင်ထင်က လူရူးနဲ့ မတူဘူး၊ လူရူးက ဝံပု‌လွေ အမှတ်အသားခံရတာကို မပျော်သင့်ဘူးလား၊ ရဲအုပ်ရွေးကောက်ပွဲမှာ လူရူးတွေ ပါဝင်တာက သူတို့ ဝံပုလွေအမှတ်အသားခံရအောင်လို့ မဟုတ်ဘူးလား၊ အဲဒီလိုဆိုရင် ဝံပုလွေကို နတ်ဆရာလို့ ဟန်ဆောင်နေတာကို သေခြင်းလမ်းကို တိုက်ရိုက်တွန်းပို့နိုင်မယ်"

"ဝံပုလွေလို့ အမှတ်အသားခံထားရတဲ့ နတ်ဘုရားတစ်ယောက်အနေနဲ့..."

သူမက ပြောသည်။

"မင်းဒီလောက် အားနည်းမနေသင့်ဘူး၊ ဟုတ်တယ်မလား၊ ငါဒီမှာ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်၊ နံပါတ် ၁ က အဆင်ပြေသေးတယ်၊ ဒါပေမဲ့ နံပါတ် ၂ က သိပ်ကောင်းကောင်း မပြောဘူး"

ဒါက ကစားနည်းကို နားမလည်သည့် ကစားသမားတစ်ယောက်၏ ပုံပန်းသဏ္ဍာန် ဖြစ်လေ့ရှိသည်။ သူတို့ ဝံပုလွေဖြစ်နေသည်ဖြစ်စေ၊ ကောင်းသည့်လူဖြစ်နေသည်ဖြစ်စေ၊ သူတို့စကားပြောရန် သို့မဟုတ် ဘက်လိုက်ရန် မရဲဝံ့ကြချေ။ လူတိုင်းကို သံသယဝင်ခြင်းးက ပုံမှန်ပင်ဖြစ်သည်။

တံခါးစောင့်က စိတ်မဝင်စားဘဲ နားထောင်နေသည်။ သူ အမြန်ကျော်သွားချင်ပေမယ့် ကံမကောင်းစွာပင် ဒါက တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေ၏။

🌟🌟🌟