အပိုင်း (၂၁၃)
Viewers 31k

Chapter 213


ကုမ္ပဏီက သွားလာရန်အတွက်ယာဉ်ကို ကြိုတင်စီစဉ်ပေးထားသဖြင့် ယွမ်ရှ ၊ ဧည့်ကြိုမိန်းကလေးနှင့် သူမ၏ကောင်လေးတို့က တစ်တန်းတည်းထိုင်ကြရသည်။ သူမက သမီးရည်းစားနှစ်ယောက်၏ စိတ်ကူးယဉ်ဆန်သော အခြေအနေကို ဖျက်ဆီးနေသည့် အလင်းထိန်ဆုံးမီးသီးတစ်လုံး ဖြစ်နေသည်။


(T/N: တရုတ်မှာ third wheelကို မီးသီးဆိုတဲ့ ဘန်းစကားသုံးတာပါ )


ဧည့်ကြိုမလေးက အတော်လေး ထောက်ထားတတ်သော လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်သည်။ သူမ၏ ကောင်လေးနှင့် စကားပြောရမည့်အစား သူမနှင့်သာ တစ်လမ်းလုံး စကားပြောလာခဲ့သည်။


" ဒီတစ်ခါ ကျွန်မတို့သူဌေးလည်း ပါလာတယ်လေ ... ဒါပေမဲ့ ကျွန်မတို့နဲ့ ကားတစ်စီးတည်း မဟုတ်ဘူး ..."


ယွမ်ရှက အလွန်ချမ်းသာသော်လည်း IQ မမြင့်သော သူဌေးအကြောင်းကို သိချင်နေမိဆဲဖြစ်သည်။ 

" သူဌေးရောလာတာလား ... သူ့ကို တစ်ခါမှ မမြင်ဖူးဘူး ..."


သူမ ထိုစကားများပြောလိုက်သောအခါ ဧည့်ကြိုမိန်းကလေးက သူမထက်ပို၍ အံ့အားသင့်သွားသည်။

" သူဌေးနဲ့ မတွေ့ခဲ့ဘူးလား ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..."


ဘာလို့တုန်း ...


ယွမ်ရှ၏ ပဟေဠိဖြစ်သွားပုံကြောင့် ဧည့်ကိုမိန်းကလေးက သူမစကားများကို အလျင်စလိုပြောင်းလိုက်သည်။

" ဪ မဟုတ်ပါဘူး ... ရှင်က ကုမ္ပဏီမှာ အလုပ်လုပ်တာ တစ်လလောက်ရှိပြီဆိုတော့ သူ့ကို မြင်ဖူးပြီးပြီလို့ ထင်လိုက်မိလို့ပါ ..."


" ကုမ္ပဏီမှာ သူဌေးကို မမြင်ဖူးတဲ့သူ မရှိဘူးလားဟင် ... သူက ရုံးကို ဘယ်အချိန်လာတာလဲ ..."

ယွမ်ရှ၏လက်ထဲမှ ဖုန်းက တုန်ခါလာသည်။ သူမ ငုံ့ကြည့်လိုက်သည့်အခါ စုန့်ထင်ရှန်းထံမှ wechatမက်ဆေ့ဖြစ်နေသည်။


စုန့်ထင်ရှန်း [ ကိုယ် အမှားတစ်ခုခု လုပ်မိလို့လား ]


အရွယ်ရောက်ပြီးသူများက Wechatတွင် မည်သည့်ကိစ္စကိုမဆို ဆွေးနွေးကြသော်လည်း လူလူချင်းစကားပြောရန် ခက်ခဲနေကြသည်။


စုန့်ထင်ရှန်းက အမှားတစ်ခုခု လုပ်မိလို့လား ...


ထိုမေးခွန်း၏အဖြေကို ယွမ်ရှ မသိသော်လည်း သူတို့နှစ်ယောက်က ဤအခြေအနေအတိုင်း ဆက်နေ၍ မရတော့ကြောင်းကို သူမ သိသည်။


လူအားလုံးက မိမိကိုယ်ကို ကာကွယ်ရန်အတွက် မွေးရာပါ သိမြင်နိုင်စွမ်းများ ရှိကြသည်။ သူမသည်လည်း အလားတူပင်ဖြစ်သည်။ ယခုအခါတွင် သူမက စုန့်ထင်ရှန်းကြောင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ ဖြစ်နေပြီး စိတ်ကူးယဉ်နေမိသည့်အဆင့်သို့ပင် ရောက်နေသည်။ အကယ်၍ ယခုချိန်တွင် မရပ်တန့်ပါက စုန့်ထင်ရှန်းက တည်ငြိမ်စွာဖြင့် မလှုပ်မရှားရပ်ပြီး သူမကို ကြည့်နေချိန်တွင် ယွမ်ရှက သူ့ကိုသဘောကျမိတော့မည်ဖြစ်သည်။


ထိုအကြောင်းကို တွေးကြည့်လိုက်ရုံဖြင့် သူမကိုယ်သူမ  masochisticဇာတ်လမ်းထဲမှ ဇာတ်လိုက်မင်းသမီးတစ်ယောက်ဟု ထင်လာမိသည်။

( T/N - masochistဆိုတာ နာကျင်မှုတွေမှာ သာယာတတ်တဲ့ လူမျိုးတွေပါ )


မဟုတ်သေးဘူးလေ ... သူမက နှိပ်စက်ခံရတဲ့ မင်းသမီး မဖြစ်ချင်ဘူး ... ချိုမြိန်တဲ့ ဇာတ်လမ်းထဲက မင်းသမီးပဲ ဖြစ်ချင်တာ ...


ထိုသို့တွေးမိပြီး ယွမ်ရှက ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်သည်။

[ မလုပ်မိပါဘူး ]


အံ့ဩစရာကောင်းသည်မှာ စုန့်ထင်ရှန်းက ချက်ချင်းပင် စာပြန်ပို့လာသည်။

[ တကယ်လား ]


ဒီအရူးကတော့ ...


ထိတ်ထိတ်ပြာပြာဖြစ်သွားသော ယွမ်ရှက သူ့ကိုလျစ်လျူရှု့ပြီး အိတ်ထဲသို့ ဖုန်းကိုပြန်ထည့်ထားလိုက်သည်။

ဒီလောက် သိသာနေတာတောင်မှ သူမ စိတ်မဆိုးဘူးဆိုတာ သူတကယ်ယုံတယ်ပေါ့ ...


ကောင်းပြီလေ လှိုင်းအလျားချင်း မတူမှတော့ စကားဆက်မပြောတာပဲကောင်းတယ် ...


အချစ်ရေးဆိုတာ တကယ်ကို အဓိပ္ပါယ်မရှိဘူး ... ဒီလို ဆက်ဆံရေးမျိုးကို သူမ မလိုချင်တော့ဘူး ... မူလ လမ်းကြောင်းအတိုင်းဆက်လျှောက်ပြီး ဘဝမှာ အောင်နိုင်သူ ဆက်လုပ်တော့မယ် ... သူမမှာ ငွေရှိတယ် ၊ အချိန်တွေရှိတယ် ၊ ချစ်စရာကောင်းတဲ့ ကလေးလေးလည်းရှိတယ် ... စုန့်ထင်ရှန်းဆိုတဲ့လူနဲ့ကတော့ ဒီအတိုင်း အခန်းဖော်ပေါ့ ...



ကုမ္ပဏီက တည်းခိုရန်နေရာများ စီစဉ်ပေးထားသည်မှာလည်း ရက်ရောလှသည်။ ၎င်းက ဝန်ထမ်းများအတွက် ပင်လယ်ပြင်ဘက်သို့ မျက်နှာမူထားသည့် အိမ်အနည်းငယ် စီစဉ်ပေးထားသည်။ ဤကဲ့သို့သော ရက်ရောသည့် ငွေကြေးသုံးစွဲမှုမှာ ယွမ်ရှတွေးထားသည်နှင့် တစ်ထပ်တည်းကျနေသည်။ ဒုတိယထပ်တွင် ရပ်နေလျက် အဝေးမှာပင်လယ်ကြီးကို မြင်နိုင်သည်။


" သူဌေးက ဒီအိမ်ပိုင်ရှင်လေ ... ချမ်းသာတဲ့လူတွေကို မနာလိုဘူး ... ဒီလို အပန်းဖြေခရီးထွက်ရမည့် မြို့တွေမှာတောင် ကိုယ်ပိုင်အိမ်ရှိကြတယ် ... သူတို့ ဒီနေရာကို ကြိုက်တဲ့အချိန်လာလို့လည်းရတယ် .... ကျွန်မကတော့ အဲ့လိုမဟုတ်ဘူး ... လေယာဉ်လက်မှတ်၊ ဟိုတယ်ခန်းတွေနဲ့ အားလုံးဈေးကြီးနေတဲ့ ဆောင်းရာသီမှာတော့ ဒီကိုမလာရဲဘူး ... တကယ်လို့ ဒီနေရာကို ဆောင်းတွင်းမှာလာမိရင် လပေါင်းများစွာစုထားရတဲ့ လစာလေးတွေ ပြောင်သွားမှာပဲ ..."

ဧည့်ကြိုမိန်းကလေးက ဝမ်းနည်းစွာပြောလိုက်သည်။


အတိတ်ကဆိုလျှင် ယွမ်ရှက ဧည့်ကြိုမိန်းကလေး၏ စကားများကို ကိုယ်ချင်းစာမိပြီး ထိုသို့ပြန်ပြောမိမည်ဖြစ်သော်လည်းယခုချိန်တွင် အခြေအနေများက မတူညီတော့ပေ။


xxxxxxx