အပိုင်း (၂၁၄)
Viewers 31k

Chapter 214


ယွမ်ရှက အနီးနားမှ အိမ်များကို လိုက်ကြည့်ပြီးသောအခါ သူမလည်း ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

ဒီသူဌေးက ချမ်းသာလွန်းတာပဲ ...


ထိုလူက စုန့်ထင်ရှန်းခန့်နီးနီး ချမ်းသာသည်ဟုတ်မဟုတ် သူမ မသိတော့ပေ။


နေဦး ရပ်လိုက် ... အရာရာကို စုန့်ထင်ရှန်းနဲ့ မနှိုင်းနေနဲ့ ...


ထိုနေ့ညက ကုမ္ပဏီမှ ဝန်ထမ်းများအတွက် ပင်လယ်စာများဖြင့် ညစာတည်ခင်း‌ပေးခဲ့သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များက ရေကူးကန်နားတွင် စုဝေးနေပြီး ညစာကို စောင့်ဆိုင်းနေခဲ့ကြသည်။ လူနှစ်ဆယ်ခန့်ရှိ၍ သက်ဝင်လှုပ်ရှားသော လူစုလူဝေးကြီးဖြစ်နေခဲ့သည်။ ယွမ်ရှကို အသက်ရှုကျပ်ပြီး စိတ်မသက်မသာဖြစ်အောင်ပြုလုပ်နေသည်မှာ လူအများစုက သူတို့၏ မိသားစုဝင်များကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမ ဝမ်လေးကိုခေါ်လာခဲ့နိုင်ပါက ပိုကောင်းလိမ့်မည်။ သူမက မိသားစုနှင့်တစ်ရက်သာ ခွဲနေရသေးသော်လည်း ဝဝကစ်ကစ်ကလေးလေးကို လွမ်းနေမိပြီဖြစ်သည်။


ထိုနေရာတွင် လတ်ဆတ်သောပင်လယ်စာများရှိပြီး ကိုယ်တိုင်လည်း အသားကင်စားနိုင်သည်။ အားလုံးခြုံကြည့်လိုက်ပါက စားကောင်းသောက်ဖွယ်များက များပြားလွန်းလှသည်။


ယွမ်ရှက အသားကင်သည့်တာဝန်ကိုယူရန်ပြင်လိုက်သော်လည်း သူမ မန်နေဂျာနှင့် HRဌာန မန်နေဂျာက တားမြစ်လိုက်သည်။ သူတို့အားလုံး ပုံမှန်ထက်ပို၍ သက်တောင့်သက်သာဖြစ်ကာ ပျော်ရွှင်နေကြသောကြောင့် သူမကဲ့သို့ မိန်းမလှလေးက အကင်မကင်နေသင့်ဟု စနောက်နေကြသည်။


သူမ ညစာစားမည်အပြုတွင် လုပ်ဖော်ကိုင်ဖက်များက သူဌေးလာသည့်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသည်။


ယွမ်ရှ၏ အမြင်အာရုံက အလွန်မကောင်းလှပေ။ ယနေ့တွင သူမက ရောင်စုံမျက်ကပ်မှန်နှင့် ပုံမှန်မျက်ကပ်မှန်များကိုလည်း မတပ်လာခဲ့မိပေ။ သူက တံခါးရှိရာသို့ ကြည့်လိုက်သော်လည်း ထိုနေရာတွင် ရပ်နေသူကို သဲကွဲစွာ မမြင်ရပေ။ သူဌေးက အခန်းထဲဝင်လာပြီး သူမနားကပ်လာသည့်အခါမှ သူမ အော်မိမတတ်ဖြစ်သွားသည်။


ဘာလို့ အရမ်းတိုက်ဆိုင်နေရတာလဲ ...


ချမ်းသာပေမဲ့ ငတုံးနဲ့တူတယ်လို့ ငါထင်ထားမိတဲ့သူဌေးက လေယာဉ်ပေါ်မှာ ငါ့ဘေးနားထိုင်ခဲ့တဲ့ လူကြီးလူကောင်း ဖြစ်နေပါလား ...


" စီအီးအိုချင် ကျေးဇူးပြုပြီး ဒီမှာထိုင်ပါ ..."

HRမန်နေဂျာက သူဌေးကို ထိုင်ခိုင်းလိုက်သည်။ ပို၍တိုက်ဆိုင်သွားသည်မှာ မန်နေဂျာထိုင်ခိုင်းလိုက်သောနေရာက ယွမ်ရှ၏ဘေးမှခုံဖြစ်နေသည်။


ယွမ်ရှ နေရခက်သွားမိသည်။ သူ့ကို မသိချင်ယောင်ဆောင်ရမည်လား တည်တည်ငြိမ်ငြိမ်နှင့်နှုတ်ဆက်လိုက်သင့်သည်လားကို ဝေခွဲမရ ဖြစ်နေသညိ။


စီအီးအိုချင်က သူမကို သတိပြုမိသွားသည်။ သူ့ပုံစံက သူမလောက် အံ့အားသင့်မနေပေ။ သူက ယွမ်ရှကို တည်ငြိမ်စွာပင် ပြုံးပြလိုက်သေးသည်။

" ကျွန်တော်တို့ ထပ်ဆုံကြပြန်ပြီနော် ..."


" စီအီးအိုချင် မင်္ဂလာပါ ..."

သူမ ကတိုက်ကရိုက်ဖြင့် ပြောလိုက်သည်။


ချင်ယွီက သူမရှေ့တွင် သူဌေးတစ်ယောက်ကဲ့သို့ မပြုမူနေပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်က လေယာဉ်ပေါ်တွင် တွေ့ခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ သူက သူမကို ကင်းမွန်ကင်တစ်ချောင်းပင် ပေးလိုက်သေးသည်။


သူမ အံ့အားသင့်နေရာမှ အသိပြန်ဝင်လာချိန်၌ တစ်စုံတစ်ခုကို တွေးမိသွားသည်။

ချင်း ... အဲ့ဒီ ချင်းလား ...


သူမ သန့်စင်ခန်းသို့သွားပြီး ဧည့်ကြိုမိန်းကလေး၏လက်ကိုဆွဲကာ မေးလိုက်သည်။

" ကျွန်မတို့ သူဌေးနာမည်ကဘာလဲ ..."


သူမ အံ့ဩသွားသည်။

" ရှင် တကယ်မသိတာလား ..."


သူမ ခဏတာရပ်ပြီး မေးလိုက်သည်။

" ဘာလို့ မေးတာလဲဟင် ..."


ယွမ်ရှ စိတ်မတည်ငြိမ်ဖြစ်နေဆဲပင်။

" ဒီတိုင်းသိချင်လို့ပါ ... ဒီနေ့ သူနဲ့ လေယာဉ်ပေါ်မှ တွေ့ခဲ့တယ်လေ ... အဲ့တော့မှ သူဌေးနာမည်ကို မသိသေးတာ ရုတ်တရက် တွေးမိသွားလို့လေ ရှက်ဖို့ကောင်းလိုက်တာ ..."


ဧည့်ကြိုမိန်းကလေး၏ အမူအယာက အနည်းငယ်ထူးဆန်းသွားသော်လည်း သူမ ပြန်ဖြေလိုက်သည်။

" ချင်က ချင်ရှီဟွမ်ရဲ့နာမည်က ချင် ... ယွီက ယွီကျန်းက ယွီပါ ..."


(T/N: ချင်ရှီဟွမ်က တရုတ်နိုင်ငံ၏ ပထမဆုံးသော ဧကရာဇ်ရဲ့နာမည်ပါ ၊ ယွီကျန်းကတော့ တွေ့ဆုံခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ )


ဘုရားရေ ...


ယွမ်ရှ စိတ်ထဲမသက်မသာဖြစ်သွားကာ ဆိုဖာပေါ် ထိုင်ချလိုက်မိသည်။


ဘာလို့ ဇာတ်ကွက်က အရမ်းအားပြင်းနေရတာလဲ ... စုန့်ထင်ရှန်းက မသေတဲ့အပြင် သူမကလည်း တခြားနေရာကို ခရီးမထွက်ခဲ့ဘူးလေ ... ဘာလို့ ချင်ယွီနဲ့ တွေနေရသေးတာလဲ ... အဆိုးရွားဆုံးကတော့ ဇာတ်ကွက်ကို ပြောင်းလိုက်ရာကနေ လိပ်ပြာအကျိုးသက်ရောက်မှု ဖြစ်သွားတာပဲ ... အဲ့အကျိုးသက်ရောက်မှုကြောင့် ချင်ယွီရဲ့ ကုမ္ပဏီမှာ အင်တာဗျူးလာဖြေမိပြီး သူ့ဝန်ယမ်းဖြစ်လာခဲ့ရတာပေါ့ ...


ချင်ယွီက ဘယ်သူလဲတဲ့လား ...


သူက ဝတ္ထုစာအုပ်ထဲက မူလပိုင်ရှင်ရဲ့ ဒုတိယမြောက်ယောက်ျားပဲ ... သူက သူမအပေါ်မှာ ခွေးတစ်ကောင်လို သစ္စာရှိတဲ့လူလေ ...